Showing posts with label စင်ကာပူ အတွေ့အကြုံ. Show all posts
Showing posts with label စင်ကာပူ အတွေ့အကြုံ. Show all posts

Friday, March 8, 2013

စင်ကာပူ M1 တယ်လီဖုန်းလိုင်းပေါ်ကအကြံအဖန်




အားလုံးသိကြတဲ့အတိုင်းစင်ကာပူမှာ StarHub, SingTel, M1 တို့ဟာ Service Provider တွေဖြစ်ကြပြီး
တစ်ဦးနှင့်တစ်ဦးအပြိုင်အဆိုင်ရှိကြပါတယ်။ မောင်တိုင်ပင်ကတော့သမီးလုပ်ပေးတဲ့အတိုင်း M1မှာ ဆင်းမ်ကဒ် လုပ်ထားပြီး အိမ်အတွက် fibre optic broadbandကို subscribe လုပ်ထားပါတယ်။ စုစုပေါင်း ၂ နှစ်ရှိပါပြီ။ ပထမနှစ်မှာတော့ ဘာပြသာနာမှ မရှိပါဘူး။ မောင်တိုင်ပင်လည်း ဖုန်းခေါ်ရင်
viber ရှိ ရင် viber ပဲသုံးပါတယ်။ sms ပို့လည်း viber ကပဲပို့ပါတယ်။

တစ်ရက်သမီးရုံးကပြန်လာတော့ M1 ရဲ့တယ်လီဖုန်းဘေလ်စာရွက်ကြီးကိုင်ပြီး ဖေဖေ ဘာတွေခေါ်ထားတာ
လဲဆိုပြီး လာမေးပါတယ်။မောင်တိုင်ပင်လည်း ဘေလ်စာရွက်ကြည့်ပြီး ဦးနှောက်တော်တော်စားသွားတယ်။ သူတို့ charge လုပ်တာက Value Added Services MFusion Atlc Pte Ltd, Chapamobile Playwin Service (Tel: 31581242)အတွက် 5 sms access SGD 25.00 တွေ့ပါတယ်။ မောင်တိုင်ပင်ကအားနေရင် ကွန်ပျူတာနှိုပ်တာများပါတယ်၊ဖုံးကို မကလိပါဘူး။ ဂိမ်းလည်းမကစားဘူး၊ G mail, Facebook လောက်
ပဲအပြင်ထွက်ရင်ကြည့်တာ။ သမီးကတော့ ဖေဖေ ဖုံးကို မျက်စေ့မမြင်ပဲလျှောက်လျှောက်မနှိပ် နဲ့လေ လို့ပဲပြောပါတယ်။

ကြုံဘူးကြမှာပါ။မောင်တိုင်ပင်ရင်ထဲမှာ တနုံနုံ နဲ့လေ။ ထမင်းတောင်ကောင်းကောင်းမစားနိုင်ဘူး။ဒါနဲ့ဖုံးကိုဖင်ပြန်ခေါင်းပြန်ကြည့်တော့မှ message မှာအဲဒီကုမ္ဗဏီက ဖိတ်ခေါ်လာတယ်။ မောင်တိုင်ပင်က
ဖတ်တောင်မကြည့်ဘူး၊လိုက်ဖျက်တာ ဟိုနိုပ် ဒီနိုပ် နိုပ်မိမှာပေါ့၊ ဘာသွားနိုပ်မိမှန်း လည်းမသိဘူး။မေ့မေ့ပျောက်ပျောက်ပဲထားလိုက်တယ်၊ နောက်ရက်တွေဆက်ဆက်လာပြန်ကော၊မောင်တိုင်ပင်
စိတ်ရှုပ်ပေမဲ့ ignore လုပ်ထားလိုက်တယ်။ ၅ရက်လောက်ကြာတော့ဒီလိုခဏခဏလာရင်အလုပ်ရှုပ်
တယ်ဆိုပြီး သူတို့ပို့တဲ့ sms ကိုဖတ်ကြည့်တယ်။ မပို့စေချင်ရင် STOP ဆိုပြီး sms ပို့လို့ဆိုတာနဲ့ ပိုက်ဆံ ကုန်ရင်လည်းကုန်ဆိုပြီး ပို့လိုက်တယ်၊ အံမယ်--ပြန်လာသေးတယ်၊ နောက်တခါဒေါသသံပါတဲ့ I SAID STOP ဆိုပြီးပို့လိုက်တယ်။ အဲတော့မှ ရပ်တော့တယ်။သူတို့ နံပါတ်က 146079193--- နောက်တစ်နေ့က
လာသေးသဗျာ-- 146079192 ကနေ Free MSG ဆိုပြီးလာသေးသဗျ-- အဖြစ်ကတော့အဲဒါပဲ--
ကျန်သေးတယ်၊ မပြီးသေးဘူး၊

စိတ်ထဲမှာ ၂၅ ဒေါ်လာပေမဲ့ မြန်မာငွေ ၁၇၅၀၀ ကျပ် ရန်ကုန် ခိုင်ခိုင်ကျော် မှာသူငယ်ချင်း ၃-၄ ယောက်လောက်ထမင်းစားလို့ရမယ်။ဘေလ်နဲ့ပတ်သက်ပြီး complant ကို အဲဒီ sms address ဆီ ပြန်ပို့တယ်၊ မရဘူး၊ နောက်တယ်လီဖုန်းကိုခေါ်တယ်၊ စာတို ပို့တယ်၊ မရဘူး။ နောက် M1 customer service
ကိုခေါ်တယ်၊ မပြောခင် အိုင်စီ နံပါတ်တောင်းတယ်၊ သမီး ကဈေးသွားနေတော့နောက်မှ ပြန်ခေါ်မယ်ဆိုပြီး လုပ်ရတယ်။ ညနက်သွားတော့တနုံနံနဲ့ အိပ်ရာဝင်လိုက်ရပေမဲ့ အိပ်မပျော်ဘူး၊ ထပြီး မြေးနဲ့သွားဆော့နေလိုက်တယ်။ ညသန်းခေါင်လောက်ထိ အင်တာနက်မှာM1 ကိုဘယ်လို အီးမေလ
ပို့လို့ရမလဲဆိုတာ လိုက်ရှာတာ နောက်ဆုံးတော့ တွေ့တယ်၊ အကျိုးအကြောင်းဖေါ်ပြပြီး အီးမေလ်ရိုက်လိုက်တယ်၊ ချက်ချင်းပဲစာရကြောင်းပြန်လာပါတယ်၊ ကိုယ်လုပ်ချင်တာ
လုပ်လိုက်ရတော့မနက် ၁ချက်ထိုးမှ အိပ်ရင်ဝင်ဖြစ်တယ်။

ဒီကနေ့ M1 customer service ကနေ မလေးအသံနဲ့ မလေးမ ဖုန်းဆက်လာတယ်။ အရင် အိုင်စီနံပါတ်၊ မွေးနေ့၊နေရပ်လိပ်စာတွေမေးပြီးမှဆက်ပြောတယ်။ အဲဒီကုမ္ဗဏီအကြောင်းမေးတယ်။စစ်စစ်ပေါက်ပေါက်မေးတော့ ကိုယ်က တင်း နေပြီ။ ငါဘာမှအဲဒီကုမ္ဗဏီ
နဲ့မသိဘူး၊ sms ရောက်လာလို့ လိုက်ဖျက်တာ ဘာခလုတ်နှိပ်မိသွားမှန်းမသိဘူး။ နောက်ဆက်တိုက် ပို့လာတယ်၊ငါ ဘာမှမပြန်ဘူး၊နောက်ဆုံး I SAID STOP ဆိုမှရပ်သွားတယ်။ မင်းတို့ M1 ကဒီလိုမလိမ့်တစ်ပတ် လုပ်တဲ့ကောင်တွေ ရဲ့ sms ကိုဘာလို့လက်ခံရတာ
လဲ၊ ငါ့ဖုံးမှာအထောက်အထားတွေရှိတယ်၊ screen shot လည်းရိုက်ထားပြီးပြီ၊ ငါ့ တိုက်အောက်ထပ်မှာ Clemeti ရဲ စခန်းရှိတယ်၊ငါ report သွားလုပ်မယ် ဆိုပြီးသူဘာပြောနေမှန်းမသိဘူးကိုယ်က ဒေါနဲ့မောနဲ့ ကိုပြောပလိုက်တယ်။ မလေး မ ကသူပြောနေတယ်။ ၂၅ ဒေါ်လာကို waive လုပ်ပေးပါမယ်၊ ဒါပေမဲ့ မင်းရဲ့ April bill ကိုကြည့်လိုက်တော့ လည်း အဲဒီကုမ္ဗဏီကပဲ နောက်ထပ် ၁၀ဒေါ်လာတောင်း
ထားတာတွေ့တယ်။ အဲဒီအတွက်လည်းစိတ်မပူပါနဲ့ 3 working days အတွင်းပြန် ပြီး waive လုပ်ပေးပါမယ်၊ လို့ပြောပါတယ်၊အဲဒါကြားတော့ ပိုဒေါသထွက်ရော၊ဒါပေမဲ့ ထိန်း လိုက်ပါတယ်၊ ဘာအတွက် ၁၀ဒေါလာ တောင်းမှန်းမသိဘူး၊ မလေး မ ကအစကတည်းက waive လုပ်ပေးပါမယ်ပြောနေတာ ကိုယ်တော်ချောက ဒေါသထွက်နေတော့ အကုန်စိတ်ထဲရှိတာပြောပစ်လိုက်မိရော--ဒေါသများ မကောင်းလိုက်တာ--တာတောင် တော်ယုံတန်ယုံ သည်းညည်းခံတတ်တဲ့ကောင်-- April ဘေလ်ရောက်လာရင်သမီးနဲ့စကားများရအုံးမယ်၊ ဖုံးတောင်မကိုင်ချင်လောက်အောင်ပဲ၊ သမီး ပြောတာလည်းမှန်တယ်၊မျက်စေ့ ကမျက်မှန်မပါရင် ဘာမှ မတွေ့တော့ဘူး၊ အို နေပြီလေ--ဘာမှ မကောင်းတော့ဘူး-၂၅ဒေါ်လာကမများပေမဲ့လူလည်လုပ်ခံရရင်တော့ တနုံနုံ နဲ့ဖြစ်တာပေါ့--


သမီး ကမောင်တိုင်ပင် လိုမဟုတ်ဘူး၊ ငယ်ငယ်လေးကတည်းက အထုအထောင်းခံရတော့ အရမ်းစွာလန်ကျဲတယ်၊ အမေ မရှိတဲ့သမီးသူများကျောမှာခံရမှာ စိုးလို့ စွာလန်ကျဲအောင်မြှောက်ပေးခဲ့တာ အခုတော့ထိမ်းမရဘူး၊ အဲလိုဘဏ်တွေ ကုမ္ဗဏီတွေက သူဆီဖုံးဆက်လာရင် မဆဲယုံတမည်ပဲ အကုန်ကောလွှတ်တာ၊ အခုတော့ သမီးပြောတာလက်ခံရမလိုပဲ-- အခုလည်း M1 ကို သူအမျိုးမျိုးရစ် ပြီးကောနေတာ သူပြောတာမှန်နေပြန်ရော--ခေတ်ကာလသားသမီးတွေနဲ့ ပြိုင်မငြင်းတာကောင်းတယ်ဗျိုး--သူတို့ခေတ်ကလူတွေသူတို့ပဲသိတယ်၊ M1 M1 M1 ဒီလို crooked co: တွေကိုဘာလို့များလက်ခံလုပ်ပေးနေ
ပါလိမ့်--သူရဲ့ customer တွေကို လာထိခိုက်ရင်အကာအကွယ်ပေးဖို့မကောင်းပေဘူးလား--

Monday, March 28, 2011

What is Withholding Tax? Singapore experience

For tax purposes in Singapore, Inland Revenue Authority of Singapore (IRAS) has categorized individuals and companies into two types of tax entity: Resident and Non-resident. A company is considered a Singapore tax resident if the employment activities and management of business operations are conducted in Singapore. A branch office of a foreign company is a non-resident tax entity because the management of the business operations comes from the parent company overseas.

Withholding Tax is a form of levy placed on payments made to non-resident tax entities including employees, business partners and overseas agents. In accordance with IRAS tax rules, a person has a legal obligation to withhold a percentage of the payment, when he makes payments of a specified nature under the Singapore Income Tax Act, to a non-resident, and hence the Withholding Tax.

Types of Payment Subject to Withholding Tax

The types of payments that are subject to Withholding Tax are any payments listed under 45 of the Singapore Income Tax Act, which include:
  • Payment of commission fees to overseas agents
  • Payment of director's fees to non-resident directors
  • Payment of professional fees to offshore accountants

Below is a list of payments and fees subject to Withholding Tax under Singapore Income Tax Act: Section 45

45, 45A, 45B & 45D

  • Interest
  • Royalties
  • Management fees and service fees
  • Rental from use of movable properties;
  • Non-resident director's remuneration;
  • Gains from real property transaction

45E

  • Supplementary Retirement Scheme (SRS) withdrawal made by foreigners and Singapore permanent residents.

45F

  • Professional service fees for non-resident professionals.

Withholding Tax Amount

The amount of Withholding Tax to pay would depend of the type of payment is to be made and to whom. Below is a general outline for amount to withhold:

  • For management fees, technical and other service fees paid to a non-resident company, the Withholding Tax rate is the same as corporate tax rates, which is 17% for 2010. However, for payments made to non-resident individuals, the Withholding Tax is 20% of the gross payment.
  • For time charter fees, voyage charter fees and bareboat charter fees, the Withholding Tax rate is 1% – 3%.

For other types of payments, the Withholding Tax rate is 10% or 15%.
  • Where a double tax agreement is applicable, the rates specified in the agreements of the respective countries would apply.

Withholding Tax Deadline

All Withholding Tax must be paid by the 15th of the month following the date of payment.


စင်ကာပူသံရုံးအကြောင်းနည်းနည်းလောက်တော့ပြောချင်တယ်

ကျောင်းသားလေးတစ်ဦးရင်ဖွင့် ထားတာကို share လုပ် လိုက်တာပါ။

ဟဲလို မင်္ဂလာပါ ...

ကျနော်လည်း ကိုယ်တွေ့ကြုံခဲ့တဲ့ စင်ကာပူသံရုံးအကြောင်း နည်းနည်းလောက်တော့ ပြောချင်တယ်။ ကျနော် က စင်ကာပူမှာ အချိန်ပြည့် ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ပါ။ ကျောင်းခဏပိတ်လို့ ရန်ကုန်ကို ခဏပြန်လိုတာနဲ့ ထုံးစံအတိုင်း သံရုံးမှာ ထောက်ခံစာသွားတောင်းတာမှာ ဇာတ်လမ်းစတာ ပါပဲ။ ကျောင်းသား ဖြစ်ကြောင်း ထောက်ခံစာတောင်းရင် ...

၁။ ကျောင်းမှ ထောက်ခံစာ
၂။ ကျောင်းသားကတ် မိတ္တူ/မူရင်း
၃။ pass port copy

နဲ့ သံရုံးက ထုတ်ပေးတဲ့ ဖောင်ရယ် တွဲတင်ရင် အခမဲ့ (အခမဲ့) ဆိုပြီး notice ကပ်ထားတယ်။ ဒါပေမယ့် အ ထက်မှာပါတဲ့ နံပါတ် (၁) အချက် ကျောင်းထောက်ခံစာမှာ ကျောင်းက ကျနော်တို့ကို ပေးနေကျ ပုံစံအတိုင်းပဲ (ကျောင်းသား မောင်တင်ဝင်းသည် ကျောင်းစတက်တဲ့အချိန်မှ ယခုအချိန်အထိ အချိန်ပြည့် ကျောင်းသားဖြစ် ကြောင်း မှန်ကန်ပါသည်) ဆိုပြီး အရင်လူတွေ ကို ပေးနေကျ အတိုင်းပဲ ပေးလိုက် တယ်။

အဲဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ (မင်းတို့က ဥပမာ - ၃၀ ရက်အထိပဲ ကျောင်းသား၊ ၁ ရက်နေ့ကျရင် ကျောင်းသားမဟုတ်တော့ဘူး၊ အဲဒီတော့ ကျောင်းသားထောက်ခံစာ မပေးနိုင်ဘူး၊ အလုပ်မလုပ်ကြောင်း ထောက်ခံစာပဲ ရမယ်ဆိုပြီး ညစ်ပါလေရော (အလုပ်မလုပ်ကြောင်း ထောက်ခံစာဆိုရင် ၈ ဒေါ်လာ ပေးရ တယ်။ ဒါက နောက်မှ သိတာ)။ အဲဒါနဲ့ စကားတွေ ပြောရတော့တာပေါ့ဗျာ။ ကျောင်းသားကတ်၊ ICA - အင်မီ ဂရေးရှင်းကတ်တွေ ပြလည်း မရနဲ့ပေါ့ဗျာ။ နောက်ဆုံးတော့ ဒီကိစ္စ သူနဲ့ မပြီးတော့ဘူးတဲ့။ သံအမတ်ကြီးဆီ တင်မှ ရမယ်ဆိုပြီး ဖြစ်ရောဗျာ။

ကျနော်တို့လည်း “ကဲ တင်ဆိုလည်း တင်” ဆိုပြီးတော့ ပေးခဲ့တယ်။ ရရင် ဖုန်းဆက်မယ်ဆိုလို့ ဖုန်းနံပါတ်ပါ ပေးခဲ့ရသေးတယ်။ (၂) ရက်လောက်ကြာတော့ ဖုန်းမဆက်တာနဲ့ ကျနော်တို့ သူငယ်ချင်းတွေ တိုင်ပင်တယ်။ ကျောင်းထောက်ခံစာကို အသစ် သွားတောင်းမယ်။ အဲဒီထဲမှာ ကျောင်းရဲ့ duration ကိုလည်း ဖြည့်ခိုင်းမယ် ဆိုပြီး ကျောင်းမှာ သွားတောင်းကြတာပေါ့ဗျာ (ပထမ ထောက်ခံစာမှာ ကျောင်းချိန် duration မပါသွားဘူး။ ဒါကလည်း ရှေ့က နောင်တော်တွေက မလိုဘူး ပြောလို့ မဖြည့်ကြတာ)။ ဒီတခါတော့ ပြည့်စုံစွာ ရခဲ့တယ်။

အဲဒါနဲ့ပဲ သံရုံးကို ချီတက်ပြီး အသစ် ထပ်တင်တာပေါ့ဗျာ။ အဲဒီလို တင်လည်းတင်ရော လျှောက်လွှာလက်ခံတဲ့ အမျိုးကောင်းသမီးလေးက မှတ်မိနေတယ်ဗျာ (အော် တဲ့ duration ထပ်ဖြည့်လာတာပဲ တဲ့)။ တင်ပြီးတော့ ညနေကို ချိန်းလိုက်တယ်။ ညနေ ချိန်းထားတဲ့ အချိန်က ၄း၃၀။ အဲဒါ ၅း၃၀ အထိ မရသေးဘူး။ တအောင့်နေ တော့ ကျနော်တို့ နာမည်ခေါ်တော့ ၀မ်းသာအားရာ သွားယူတာပေါ့။ ယူလည်းယူရော စလုံး (၈) ဒေါ်လာ တောင်းတော့တာပဲဗျာ။ မနက်က တင်လိုက်တဲ့ ဖောင်ကို ဖျောက်ပြီးတော့ ဟို ပထမနေ့က တင်တဲ့ ဖောင်ကို အလုပ်မလုပ်ကြောင်းအနေနဲ့ charge လုပ်လိုက်တာ။

ဒါ ကျနော်တို့ကို သက်သက်ဆော်ထည့်လိုက်တာ။ မနက်က တင်တဲ့ ဖောင်နဲ့ဆိုရင် သူတို့ ပိုက်ဆံမရဘူးလေ။ စာရွက်ကလည်းစုံတယ်၊ ကျောင်းသားလည်း ကျောင်းသားဆိုတော့ ပိုက်ဆံမရဘူးလေ။ ဒါတောင် ပြောလိုက် သေးတယ် (မင်းတို့ကလည်း ၈ ဒေါ်လာကို ကြည့်မနေပါနဲ့ တဲ့လေ)။ သူတောင်းစားကို ပေးရင်တောင် စေတ နာရှိမှ ပေးချင်တာပဲ။

ကိုယ်က မှန်မှန်ကန်ကန် လုပ်ပေမယ့် မလိမ့်တပတ်နဲ့ ယူတာကို ဘယ်သူက ပေးချင်မလဲ၊ စဉ်းစားကြည့်လေ။ နောက်တခုကလည်း အဲဒီသံရုံးမှာ လာပြီးလုပ်တဲ့ လူ (၁၀) ဦး ရှိရင် (၇) ဦးက ပွဲစားတွေ။ နောက်တခုက ပွဲ စားတွေကို ဆက်ဆံတာကျတော့ တမျိုး၊ အမှန်တကယ် လူကိုယ်တိုင်သွားလုပ်တဲ့ သူတွေကိုကျတော့ နည်း မျိုးစုံနဲ့ ညစ်နေတာတော့ ဟို အဆိုတော် ဆိုထားတဲ့ သီချင်းလိုပဲ ...

“လွန် လွန်လွန်းတယ် ... ဘယ်လိုလူတွေလဲဟေ့ ... ဖုန်းဆက်လိုက်ရမလား ... ဖုန်းဆက်လိုက်ရမလား ...”

ဘယ်ကို ဆက်ရမလဲဟင် ... ။ ။

ပေးပို့သူ - ကိုကို

Sunday, July 18, 2010

လျှပ်တပျက်စင်ကာပူ (ဂ)

သူများအတွေ့ အကြုံလေးတွေပါ၊ ကူးယူဖေါ်ပြ လိုက်ပါတယ်။


စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁၀ နေ့ထုတ်မှာလူထုအာဘော် အတိုလေး တစ်ပုဒ် ဖတ်လိုက်ရတယ်။ ရေးသူက စင်ကာပူလူမျိုး တစ်ယောက်ပါ။ သူက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ တန်းစီစောင့်နေရင်း ကြုံခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုအကြောင်း ရေးထားတာပါ။

အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူအမျိုးသားကြီးတစ်ယောက်ဟာ တန်းစီနေတဲ့ သူ့ရှေ့က ဖိလစ်ပီနိုအမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကို ကျော်ပြီး ရှေ့တိုးသွားတယ်တဲ့။ လူချင်းတွန်း တိုက်မိသွားလို့ အမျိုးသမီးက မကျေမနပ်ပြောတဲ့အခါ အဲဒီ စင်ကာပူလူကြီးက ဖိလစ်ပီနို အမျိုးသမီးကို ဒေါသ တကြီး အော်ကြီးဟစ်ကျယ်ကြိမ်းမောင်းတော့တာပဲတဲ့။ နောက်ဆုံးစကားကတော့ နင်တို့ အလကား လာရှုပ် နေတယ်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်လို့ ပြောတာဖြစ်တယ်တဲ့။ ဖိလစ်ပီနိုအမျိုးသမီးဟာကလေးလေးချီပြီး တန်းစီ တဲ့ထဲက ထွက်သွားရရှာတယ်တဲ့။

ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းတဲ့ စင်ကာပူလူကြီးရဲ့ အပြုအမူဟာ ယဉ်ကျေးတဲ့နိုင်ငံကြီးသား မပီသ ကြောင်း၊ ဖိလစ်ပီနိုတွေကတော့ စင်ကာပူသားတွေအပေါ်အများကြီး ခံစားသွားကြမှာ ဖြစ်ကြောင်းရေးပြီး ရိုင်းပြ တဲ့စင်ကာပူသားတွေအတွက် သူက အားနာနေမိပုံကို ဖော်ပြခဲ့တယ်။ နိဂုံးချုပ်မှာသူရေးလိုက်ပုံက ဒဿန ဆန်တယ်။ ဘယ်လိုလဲဆိုတော့ "ကျွန်တော်ပိုပြီးစိတ်မကောင်းဖြစ်ရတာကတော့ ကလေးလေး ချီထားတဲ့ မိန်းမသားတစ်ယောက်ကိုအဲဒီလူကြီး တရားလက်လွတ် နိုင့်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါ အ၀င်မည်သူကမှ ၀င်ရောက်ဟန့်တားခြင်း မပြုခဲ့ကြတာဖြစ်တယ်။ ၀င်ရောက်ဟန့်တားဖို့မ၀ံ့ရဲခဲ့ကြတာ ဖြစ် တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှက်မိပါတယ်" လို့ရေးထားတာပဲဗျ။

အဲဒီပေးစာရှင်ရဲ့ စိတ်ထားလေးကို သဘောကျလွန်းလို့ ကျွန်တော်က စင်ကာပူမှာအလုပ်လုပ်နေတဲ့ သမီးဆီကို "ဂျီတော့" ပြောတဲ့အခါ ဒီအကြောင်းထည့်ပြောလိုက်တယ်။

သမီးက အဲဒီတော့မှ သူ့အနားမှာရှိတဲ့ သတင်းစာကို ပြန်ဖတ်ကြည့်ပြီးဘယ်လိုပြန်ပြောလဲဆိုတော့ အဲဒီ ပေးစာ ရေးသူဟာ စလုံးတစ်ယောက် ဖြစ်မယ်လို့လုံးဝမထင်ဘူးတဲ့။ ကလေးလေးနဲ့ ဖိလစ်ပီနို အမျိုးသမီးက ပြန်ပြောလို့ သိရတဲ့သူတို့လူမျိုး တစ်ယောက်သော်လည်းကောင်း၊ အဲဒီအချိန်က တန်းစီနေတဲ့ထဲမှာရှိနေတဲ့ စလုံးမဟုတ်သူ တစ်ယောက်ယောက်သော်လည်းကောင်း ဖြစ်ရမယ်လို့ တစ်ထစ်ချပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ သမီးရဲ့ အတွေ့အကြုံအရ အဲသလို နိုင်ငံခြားကအလုပ်လာလုပ်နေသူတွေကို လူလူချင်း စာနာ ထောက်ထား တဲ့စိတ်နဲ့ ရှုမြင်တဲ့စလုံးဆိုလို့ တစ်ယောက်မှ မတွေ့ဖူးလို့ပါပဲတဲ့။

သမီးပြောတာတွေရော၊ ကျွန်တော့်ကိုယ်တွေ့ရော ပေါင်းစပ်ပြောရရင်ဖြင့်စင်ကာပူအတော်များများဟာ မျက်နှာ ထားကိုက အပြောင်းအလဲများတာ တွေ့ရတယ်။အရှေ့တောင်အာရှက သူတို့ဆီ အလုပ်လာလုပ် နေသူ တွေကို ဆက်ဆံရာမှာ အလွန်မောက်မှာရိုင်းပြတယ်။ ဥရောပတို့ အမေရိကန်တို့က လာပြီးအလုပ်လုပ် နေသူအဖြူတွေ ကိုကျတော့ ဖင်လျက်ဆားဖြူး လုပ်လိုက်ကြတာ လွန်ရောပဲ။

စင်ကာပူသားတွေ အခုဖြစ်နေပုံက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ဂျပန်တွေနဲ့တူတယ်။ ၁၉၇၆ ခုမှာ ကျွန်တော် ဂျပန်ကို လေ့လာရေးသွားခဲ့ဖူးတယ်။ ၁၉၇၇ မှာနောက်တစ်ခေါက် ထပ်ရောက်တယ်။

ကျွန်တော်ထိတွေ့ခဲ့ဖူးတဲ့ ဂျပန်တွေထဲက အများစုဟာ အမေရိကန်ကိုအရမ်းအထင်ကြီးတယ်။ ကျန်အာရှတိုက် သားတွေကို အထင်သေးတယ်။ ကိုရီးယားတွေကိုကျတော့ ချိုးချိုးနှိမ်နှိမ်ကို ဆက်ဆံတယ်။ (မကြာခင်တောင်ကို ရီး ယားက သူတို့ကို မယိုးမစွဲ လိုက်ယှဉ်လာတော့တာပါပဲ) ကျွန်တော်နဲ့ နည်းနည်းရင်းနှီးသွားတဲ့ ဂျပန်အရာရှိ တစ်ယောက်ကို ခင်ဗျားရုပ်ရည်ကရုတ်တရက်ကြည့်ရင် ကိုရီးယားလူမျိုးနဲ့ တူတယ်နော်။ ခင်ဗျားတို့ကနိုင်ငံချင်း ကပ်နေသလောက် ရုပ်ချင်းလည်း ဆင်တယ်လို့ ပြောမိတာနဲ့စိတ်ဆိုးသွားလိုက်တာ လန့်တောင် လန့်တယ်။ ဂျပန်တစ်ယောက်ကို ကိုရီးယားနဲ့တူတယ်လို့ပြောတာ အဲဒီဂျပန်ကို မစင်ထုပ်နဲ့ ပေါက်သလိုပဲလို့ သူကပြော တယ်။ ကျွန်တော့်မှာ တောင်းပန်လိုက်ရတာ အာကိုပေါက်ရော။

စင်ကာပူတွေက ခုမှ နီပွန်တွေနောက်က လိုက်တာ။ ဒါပေမယ့် တူတော့မတူပါဘူး။ဂျပန်က လူဦးရေ ၁၂၇ သန်းကျော်၊ စင်ကာပူက ၄ သန်းခွဲလောက်ပဲ ရှိတယ်။ ၁၉၆၅ကျမှ စင်ကာပူဟာ တိုင်းရယ်ပြည်ရယ်လို့ ဖြစ်လာတာ၊ သို့ပေမယ့် ခေါင်းဆောင် လီကွမ်ယူက အကွပ်အညှပ်ကောင်းလို့ စီးပွားတက်လာခဲ့တယ်။ စီးပွားရေး ကောင်းလာ တော့ အိမ်နီးချင်းတွေက အလုပ်လာလုပ်ကြတယ်။ ပထမတော့ သူတို့ဆီမှာ ပရော်ဖက်ရှင် နယ်တွေ ရှားပါးလို့ နိုင်ငံခြားသားတွေကို ကြိုဆိုတယ်။ပျော်အောင်ထားတယ်။ နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံသားတွေကို ဘက်ကန်တယ်။ သူတို့ဆီမှာ မနေချင်အောင် စိတ်ညစ်အောင် လုပ်တယ်။ နောက်တော့ မနေနိုင်အောင် လုပ်လာကြတယ်။

သတင်းစာထဲမှာပါတဲ့ ပေးစာရေးသူဟာ စင်ကာပူမဖြစ်နိုင်ဘူးလို့ ကျွန်တော့်သမီးကယူဆတာက အဲဒီစာထဲပါတဲ့ အတွေးအခေါ်မျိုးဟာ စလုံးတွေအတွက်မြင့်လွန်းနေလို့ပါတဲ့။ မိမိရှေ့မှာ မတော်မတရား ပြောဆိုပြုမူနေတာ ကိုမဟန့်တားဘဲ လက်ပိုက်ကြည့်နေရင် အဲသလို ကြည့်နေသူဟာလည်း အပြစ်မကင်းဘူးဆိုတဲ့အယူအဆဟာ တကယ်ယဉ်ကျေးတဲ့ နိုင်ငံကြီးသားစိတ်ဓာတ် လူကြီးလူကောင်းစိတ်ဓာတ်ဖြစ်တယ် လို့ နားလည်ထားကြ တာကိုး။

စင်ကာပူမှာ ခုနဘတ်စ်ကားဂိတ်မှာ ဖိလစ်ပီနိုအမျိုးသမီး ခံလိုက်ရသလိုစော်ကားမော်ကား ဆက်ဆံခံရတဲ့ ဘ၀တူတွေ အများကြီးပါ။ မြန်မာလူငယ်တွေကတော့ချန်ဂီလေဆိပ် စရောက်ကတည်းက အဲသလိုမျိုးတွေ ဆက်ဆံခံရတာပါပဲလို့ ဆိုပါတယ်။ အဲဒီသတင်းမျိုးတွေကြားရင် ကျွန်တော်တို့ကတော့ ကိုယ့်ပြည်တွင်းမှာ စင်ကာပူလို လုပ်ခလစာပေးနိုင်တဲ့ လုပ်ငန်းတွေ များများပေါ်လာပါစေလို့ပဲဆုတောင်း တယ်။ ကျွန်တော်တို့
ဆီမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ မဝေးတော့တဲ့ကာလအတွင်း မုချဖြစ်လာရမယ်လို့ပဲ ကြုံးဝါးနေမိပါတယ်။

[True News သစ္စာဂျာနယ်၊ အတွဲ-၂၊ အမှတ်-၄၅၊ ၆ ဇူလိုင် ၂၀၁၀၊ စာမျက်နှာ-၂၄]Justify Full

Thursday, July 15, 2010

လျှပ်တပျက်စင်ကာပူ (၇)

စင်ကာပူမှာသမီးနဲ့တူတူနေ နေတုံးတစ်ရက်ကြတော့အိမ်ကိုစာတစ်စောင်ရောက်လာတာတွေ့တယ်။ စပ်စု ကြည့်တော့ ဖေဖေါ်ဝါရီ လ ၁၉ ရက်နေ့ကြရင် ကလင်မန်တီး အဲဗင်နှူး ၃ မှာ ရှိတဲ့ HDB တိုက်တွေအားလုံး လျှပ်စစ်မီးလိုင်းတွေပြင်စရာရှိလို့ မလွှဲမရှောင်သာပဲမီးဖြတ်မဲ့အကြောင်း စာတစ်တန် ပေတစ်တန်နဲ့ အကြောင်း ကြားတောင်းပန် လာပါတယ်။ သမီးကတော့ပြတ်တယ်၊ ဖတ်တောင်ဖတ်မကြည့်ပါဘူး၊ သားမက်ရောက် လာ တော့ လည်း ခဏဖွင့်ဖတ်ကြည့်ပြီးအရေးတောင်မလုပ်ဘူး၊ အင်းငါတော့ ရှားရှားပါးပါး စင်ကာပူမှာ မီး ဖြတ်တာ နဲ့တော့ ကြုံပြီ။ ဒီကောင် ၏တွေ နံနက် ၉ နာရီ ကနေ ညနေ ၅နာရီ ထိမီး ဖြတ် ရင်ခလေးနို့ဘူးဖျော်ဖို့ ရေနွေး တည်ရခက်မယ်။ ရေနွေးဝယ်လို့ ရမဲ့နေရာလည်းရှိ မှာ မဟုတ်ဘူး၊ မနက်၉နာရီ မတိုင်ခင် ရေနွေး ကို နှစ်ခါတည် ဓါတ်ဘူးထဲတခါတည်းဖြည့် ထား လိုက်မယ်လေ လို့အဘိုးဖြစ်သူကတွေးပြီးစိတ်ပူတာပေါ့လေ။

၁၉ ရက်နေ့မနက်ရောက်တော့ လမ်းလျှောက်ပြန်လာပြီးကတည်း ရေနွေးတည် ရေနွေးတွေဓါတ်ဗူးထဲထည့်နဲ့ အဘိုးတစ်ယောက်အလုပ်ရှုပ်တာပေါ့။ မီး လာတုံးရေနွေးနွေးလေးနဲ့ ချိုးလိုက်အုံးမယ် ဆိုပြီးစောစောလည်းရေချိုး လိုက်တယ်။ ၉နာရီထိုးပြီး ၄၅မိနစ်လောက်ကြာတဲ့ အထိ မီးကမပျက်တော့ ဟေ့စင်ကာပူကကောင်တွေအချိန် မလေးစားဘူး၊ ၉နာရီ မီး ဖြတ်မယ်ဆိုပြီးမီး လည်းမပျက်ပါလား လို့ သမီး ကိုမေးတော့မှ ဘာလို့ မီးပျက်မှာ လဲလို့ သူကအအူကြောင်ကြောင်နဲ့ပြန်မေးတယ်လေ။ ဟ စာလာထားတယ်လေ လို့ ဆိုတော့ သမီး ကရီတယ်။ လုပ်သဘောအရသတိပေးတာပါ။မီးမပျက်တတ်ပါဘူး လို့ပြန်ပြောတယ်။

စာရေးသူကသမီးအဖြေကိုသိပ်သဘောမတွေ့ဘူး။ ဒါနဲ့ HDB တိုက်အောက်ဆင်းပြီး လမ်းလျှောက်နေတုံး မီးလိုင်း ပြင်တဲ့အုပ်စုရောက်လာပါလေရော။ ဒါနဲ့ ခတ်လှမ်းလှမ်းကပဲအကဲခတ်ကြည့်နေတာပေါ့။ သူတို့တတွေမီး လိုင်းတွေကိုစစ်ပါတယ်။ Junction box တွေကိုဖွင့် ပြီးစစ်နေတာတွေ့တယ်။ လဲစရာပေါ်လာရင် ချက်ချင်းအစား ထိုးပါတယ်။ မီးဖြတ်တာက အစားထိုးပြင်ဆင်တဲ့ အချိန်လေး ၁၅မိနစ် ၃၀မိနစ်လောက်ပဲ လျှပ်စစ်မီး ကို ဖြတ် လိုက်ပါတယ်။ အားလုံးအဆင်သင့်ဖြစ်မှ ဖြတ် တာ ဆိုတော့ ဖြတ်တဲ့အချိန် ဟာ အလွန် တိုတောင်းပါ တယ်။ စာရေးသူတို့ လုပ်သလို မီးလိုင်းပြင်မယ်ဆိုရင် ပြည်သူတွေဘယ် လိုနေနေ ဖြတ်ချင်တဲ့ အချိန်ရပ်ကွက် တစ် ခုလုံး ဖြတ်ချလိုက်တာမျိုးမဟုတ်တော့ သမီးတို့ တိုက်မှာနေတဲ့သူတွေ ဘယ်အချိန်မီးပျက်သွားသလဲဆိုတာ သိတောင်မသိ လိုက် ကြပါဘူး။ သူတို့စနစ်က ဒီတိုက်ရောက်မှ ဒီတိုက်က လျှပ်စစ် ပိုင်းကှိုပြင်တာကိုး။

စာရေးသူဆိုလိုချင်တာက ပြောချင်တာက ရပ်ကွက်နေပြည်သူလူထုတွေအခက်အခဲမဖြစ်အောင် အလေး ထား ကြတာကိုပြောချင်တာပါ။ မြန်မာပြည်မှာ တော့ သိ ကြပါတယ်နော်။ပြည်သူတွေဆိုတာဘာမှ ပြန်ပြောပိုင်ခွင့် မရှိဘူး။ ဖြတ်မယ်ဟေ့ဆိုရင်အဖြတ်ခံလိုက်ရတာပါပဲ။ အဲဒီနေ့တစ်နေ့ လုံးမီး မပျက်ခဲ့ပါဘူးဗျာ၊ စာရေးသူ အစိုး ရိမ် လွန်သွားတာပါ။ ဒါလည်းစာရေးသူကိုအပြစ်တင်မစောနဲ့လေ၊ မြန်မာမှာ တော့မီး လိုင်းပြင်မယ် ဆိုရင် တစ်ရပ်ကွက်လုံး တစ်မြို့ လုံးဖြတ် တာကိုး။ အော် တို့ လူတွေ တို့ စနစ်တွေဘယ်တော့များမှ ပြင်ရကောင်း မှန်း သိကြတော့မှာ လဲ။

Thursday, May 27, 2010

လျှပ်တပျက် စင်ကာပူ (၆)

စင်ကာပူရောက်တုံး ဆေးစစ်သွားပါလား လို့ သမီး ကမလာခင်ကတည်းကအကြံပြုတယ်။ ကောင်းသားပဲ လို့ ပြော လိုက်တော့ မိသားစုမိတ်ဆွေဆရာဝန် ဒေါက်တာမသဇင်ရှိတဲ့ Alexandra Hospital မှာ ရက်ချိန်းယူထား လိုက်ပါတယ်။ စာရေးသူ စင်ကာပူရောက်ပြီး၃- ၄ ရက် အကြာ ရက်ချိန်းယူ ထားတဲ့နေ့ မှာပဲ ဘယ်ကို လာရမလဲ လိုဒေါက်တာ မသဇင် ကိုမေးတော့ နံနက် ၈း၃၀ နာရီ မှာ အခန်း ဘီ ကို လာခဲ့ဖို့ ပြောပါတယ်။

ပထမဆုံးသွားတာဖြစ်လို့ taxi နဲ့သွားပါတယ်။ ၈နာရီ မခွဲခင်ရောက်သွားပြီးအခန်း ဘီ ဖက်လျှောက်လာ ခဲ့ပါ တယ်။ ဆေးရုံ ကသတ်သတ်ရပ်ရပ် ရှိပါ တယ်။ ဒေါက်တာ မသဇင် ကအစာ စားမလာဖို့ မှာ ထားတော့ ဘာမှ မစားခဲ့ ရသေးပါဘူး။ Registration ကောင်တာရှေ့မှာကိုယ်ရေးအချက်အလက်တွေကို ပြောခိုင်းပြီး ကွန်ပျူတာ မှာ ဖြည့် စွက်ပါတယ်။ စာရင်းပေးသွင်းပြီး ခေတ္တစောင့်နေရပါတယ်။ ခဏနေတော့ senior nurse ရောက် လာပြီး အင်္ဂလိပ်လိုပြောနိုင်မပြောနိုင်မေးပါတယ်။ နောက် အခန်းတစ်ခုထဲခေါ်သွားပြီး ကိုယ် အလေးချိန်ပါတယ်။ အရပ်တိုင်း ပါတယ်၊ ပြီးတော့ body mass index ကိုတွက်ပါတယ်။ blood pressure တိုင်းပါတယ်။ မျက်စေ့ အမြင် အာရုံ ကို တိုင်းထွာပါတယ်။ အကြား အာရုံ ကို လည် စစ်ဆေးပါတယ်။ ပြီးတော့မှ သွေးဖေါက်ပါတယ်။ ဆီးထည့်ဖို့ ဗူးလေးနဲ့ ၀မ်းထည့် ဖို့ ဂေါ်ပါတဲ့ ဗူးလေး ကို ပေးလိုက်ပြီး အိမ်သာ ၀င် ခိုင်းပါတယ်။ ဆီးနဲ့ဝမ်း ပါတဲ့ ဗူးလေးတွေကို senior nurse အခန်းထဲ ပြန်သွားထားလိုက်ပြီး ခေတ္တစောင့်နေရပါတယ်။

ခဏနေတော့ senior nurse ကရှေ့ ရောက်လာပါတယ်။ ultra sound နဲ့ x-ray ရိုက် ရမဲ့ အကြောင်းပြောပြီး အခန်းနံပါတ် ဘယ်လောက် ကို သွားပါ ဆိုပြီးပြော ပါတယ်။ imaging unit အခန်းဝမှာ registration လုပ်ရပါတယ်။ shirt ကို ချွတ်ပြီး ဆေးရုံဝတ်စုံ အစိမ်းကိုဝတ်ရပါတယ်။ ပထမ ဆုံး x-ray အခန်းထဲမှာ x-ray အရင် ရိုက် ရပါတယ်။ ultra sound အခန်းရောက်တော့ ခဏစောင့်နေရပါတယ်။ အဆင်သင့်ဖြစ်တော့ ၀င်သွားတဲ့ အခါ ဆရာဝန်မ ကမြန်မာ လိုပြောပါတယ်။အော်- မြန်မာ ဆရာဝန်မ ကိုး၊ ultra sound ကို မြန်မာနိုင်ငံမှာ အကြိမ် ကြိမ် ရိုက်ဘူးပါတယ်။ အလွန်ဆုံးကြာလှ ရင် ၅ မီနစ်ပါ။ ဒီဆရာဝန်မ ကတော့ ၀မ်းဗိုက် တစ်ခုလုံးဖင်ပြန်ခေါင်းပြန် ကို ကြည့်တာပါပဲ။ စုစုပေါင်း ကြာချိန် ၄၅ မိနစ်လောက်တော့ရှိမယ် ထင်တယ်။ ဒါလောက် ကြာတော့ စာရေးသူလည်း လန့်လာတယ်။ ရောဂါကြီးကြီး များတွေ့နေလို့လားလို့။ မြန်မာဆရာဝန်မ ဆိုတော့ ပိတ်ဟောက်လိုက်မှာ လည်း ကြောက်သေး၊ မမေးရဲဘူး။ ပြီးတော့မှ ဦးမျိုးဦး အားလုံကောင်းပါတယ်၊ Fatty Liver တော့ နည်းနည်း ရှိတယ်၊ဒါလည်းစိုးရိမ်စရာမဟုတ်ပါ၊ ဆိုမှ ရင် ထဲကအလုံးကြီး ကျသွားပြီး ဒေါက်တာ ကအကြာကြီးစမ်းနေတော့ကျွန်တော်တော်တော်စိုးရိမ်နေ တာ လို့ပြောတော့ ဆရာဝန်မ ကသေချာ အောင် ထပ်ပြန်တလဲလဲကြည့်နေရလို့ပါ လို့ ဖြေပါတယ်။ ဒါနဲ့ မရဲတရဲ မြန်မာပြည်မှာ ultra sound ရိုက်ရင် ဒါလောက် မကြာဘူးနော် လို့ပြော မိတော့ ဆရာဝန်မ ကပြုံး ပြတယ်။ အဓိပ္ပါယ် ရှိတဲ့ အပြုံးပေါ့။

ultra sound ရိုက်ပြီးတော့ Room B ကို ပြန်သွားပြီး senior nurse နဲ့တွေ့ပါတယ်။ nurse ကနေ့ လည် ၁နာရီ ကြ ရင် tread mill ပြေးရမှာ ဖြစ်ကြောင်းပြောပါတယ်။ အခု ဆရာဝန်တစ်ဦးနဲ့တွေ့ ပြီး prostate စစ်ရမယ်၊ ပြီး ရင် lunch စားနိုင်ပြီ ဖြစ်ကြောင်းပြောပါတယ်။ ခဏနေတော့ ဆရာဝန် ခန်းထဲဝင်ပြီး prostate အစစ်အဆေး ခံပါတယ်။ မြန် မာ ပြည်မှာ လိုပါပဲ။ စအိုထဲလက်နှိုက် စစ်ဆေးတာပါပဲ။ ဆရာဝန်မေးတဲ့ မေးခွန်းတွေဖြေပြီး တဲ့အခါ မနက်ပိုင်းဆေးစစ်တဲ့ လုပ်ငန်းပြီးပါပြီ။

ဒါနဲသမီး နဲ့အတူတူLunch စားဖို့ ဆေးရုံ canteen ကိုသွားပါတယ်။ ၁၁း၄၅ နာရီ ရှိနေပြီ ဖြစ် လို့ lunch စားသူတွေတော်တော်များများ ရှိနေပါပြီ။ဆေးရုံက complimentary lunch လည်းပေးပါတယ်။ ပေါင်မုန့်၊ ကြက်ဥ ကြော် နဲ့ ဘေကင်ပါ။ မနေ့ကည ၁၀ နာရီကထဲ ကအစာ မစားထားတော့ ဗိုက်တော်တော်ဆာနေပါပြီ။ ဆေးရုံ က ပေးတာက breakfast ဆိုတော့ lunch အတွက် ခေါက်ဆွဲပြုတ် ထပ်စား လိုက်ပါသေးတယ်။ ဗိုက်ဖြည့် ပြီး ဆေးရုံ lobby ထဲမှသွားနားနေကြပါတယ်။ အဲဒီ အချိန် က သမီး က ကိုယ်ဝန် ၃ လလောက်လွယ်ထားရတော့ သူလည်း ဖအေနောက် လိုက်သာ လိုက် ရတယ်၊သူလည်းနားချင်ပြီပေါ့။

ဆေးရုံထဲမှာ ဟို ကြည့် ဒီကြည့် နဲ့ အချိန် ၁ နာရီ ထိုးတော့ CARDIC Unit ကိုသွားကြပါတယ်။ အပေါက် ၀မှာ registration လုပ်ပြီးထိုင်စောင့်နေရပါတယ်။ ဆေးရုံမလာခင်ကတည်းက ဘောင်းဘီတိုနဲ့ walking shoes ယူလာဖို့ မှာ ထားပါတယ်။ registration desk ကစာရေးမ က ဘောင်းဘီ လဲထားဖို့ပြောပါတယ်။ ဒါနဲ့ ဘောင်းဘီ နဲ့ ဘိနပ် လဲထားပြီး ထိုင်စောင့်နေပါတယ်။ ခဏနေတော့အထဲဝင်ဖို့ ခေါ်ပါတယ်။ ဗမာ nurse နဲ့ ဗမာ ဆရာဝန် တွေ့ပါတယ်။ nurse ကတော့ အလုပ်လုပ်နေတာ၊ ဆရာဝန်ကတော့ သင်တန်းလာတက်နေတာ။ tread mill ပြေးတဲ့ အတွေ့ အကြုံ ကရှိထားပြီးသားဆိုတော့သိပ်မခက်ပါ။ Stage 3 အထိ ဂ မိနစ် ပြေးနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ resting period မှာ လိုအပ်တဲ့ အချိန် အတွင်း ပုံမှန်နှလုံးခုန်နှုန်း ကို ပြန်မရောက်လာဘူးလို့ ပြောပါတယ်။ဗမာ ဆရာဝန်က သေချာ ရှင်းပြပါတယ်။further examination လုပ်သင့်ကြောင်းအကြံ ပြုကြ ပါတယ်။ ဒါနဲ့ဘာလုပ် သင့် လဲ လို့မေးတော့ angiogram မရိုက်ခင် အဆင့် တစ်ခုရှိကြောင်း exercise stress echocardiography လုပ်သင့်ကြောင်းပြောပါတယ်။ tread mill တော့ပြန်ပြေးရမယ်။ စိတ်ထဲမှာတော့ တော်တော် စိုးရိမ်သွားတယ်။ဒါနဲ့ သမီးနဲ့ တိုင်ပင်ပြီးနက်ဖြန်တစ်ခေါက်လာပြန် အစစ်ခံမယ်ဆိုတော့ နောက်နေ့ ၈း၃၀ နာရီချိန်းလိုက်ပါတယ်။ ထုံးစံအတိုင်းအဲဒီည ကတော့တော်တော်နဲ့ အိပ်မပျော်ခဲ့ ဘူး။

နောက်နေ့သမီးနဲ့တူတူဘတ်စ်ကားစီးပြီးလမ်းလျှောက်သွားကြတယ်။ မနက် ၈း၃၀ ဆိုတော့ဝန်ထမ်းတွေကော လူနာတွေကော တဖွဲဖွဲ ရောက်လာကြတယ်။ ချိန်းတဲ့နေရာမှာ ရောက်တော့ စာရေးမ မရောက်သေးဘူး၊ ထိုင်စောင့် နေရသေးတယ်။ ခဏနေတော့ဘောင်းဘီလဲ၊ ဘိနပ်ဝတ်ပြီး tread millအခန်းထဲဝင် သွားတော့ echo စစ် တဲ့ကိရိယာတွေအဆင်သင့် ဖြစ်နေပြီ။ nurse က မနေ့ကလိုပြေးပြီးတာနဲ့ ချက်ချင်းပဲဘေးက ကုတင်ပေါ် ကိုလှဲချပေးဖို့ ပြောပါတယ်။ timing အကိုက်လုပ်ရမှာ ဖြစ်လို့ အရေးကြီးကြောင်းပြောပါတယ်။ အဲဒီနေ့ ကတော့ ဗမာ nurse ကိုမတွေ့ဘူး၊ ဗမာ ဆရာဝန်ပဲတွေ့တယ်။ nurse တွေကစက်ကိရိယာများကို မိမိကိုယ်ပေါ်မှာ ချိတ်နေတာ ကို ဆရာဝန်ကြီး ကိုယ်တိုင်ကြည့်နေပါတယ်။ ဆရာဝန်ကြီး ဆိုပေမဲ့ အသက် ၄၀ ကျော်လောက်ပဲ ရှိပါသေးတယ်။ စင်ကာပူမှာ ဆရာဝန်တော်တော်များများ ကအသက်သိပ် မကြီးသေးတာ ကိုတွေ့ ရပါတယ်။ ပြီးတော့ tread mill ပြေးပါတယ်။ အဲဒီနေ့ ကလည်း stage 3 အဆင့် အထိပြေးခဲ့ပါတယ်။ ရပ်လိုက်တာနဲ့ ဘေး ကုတင်ပေါ်လှဲချခဲ့ပါတယ်။ nurse တွေကတော့ကြိုးတွေ၊ခလုတ်တွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။

စာရေးသူကတော့မောတာက တစ်ကြောင်း၊ စိုးရိမ်တာကတစ်ကြောင်း၊ သောကဗျာပါဒါများနေပါတယ်။ ပြီးသွားပြီလို့ nurse ကပြောတော့မှ စိတ်ဒုံးဒုံးချ ရပါတယ်။ tread mill တစ်ခါပြန်ပြေးရရင် မလွယ်ပါ။ ဂျင် မှာ ပြေးတာနဲ့ မတူပါ၊ ဂျင်မှာ ပြေးရတာကစိတ်လွတ်ကိုယ်လွတ်ပြေးရတာပါ။ အ၀တ်လဲပြီး registration အခန်းရှေ့ ကခုံမှာ ခြေပစ်လက်ပစ်ထိုင် လိုက်ပါတော့တယ်။ မောပြီး ရင်ထဲမှာတော့ တထိပ်ထိပ်နဲ့ပါ။ နာရီဝက်လောက်ကြာတော့ အခန်းထဲကိုဆရာဝန်ကြီးနဲ့တွေ့ ဖို့ခေါ်ပါတယ်။ ဆရာဝန်ကြီး ကဒုတိယ အကြိမ် echocardiography လုပ်ကြည့် တော့ နှလုံးအခြေအနေကောင်းကြောင်းပြောပါတယ်။ စိတ်ထဲမှာတော့ ၀မ်းသာ လိုက်တာ ၀မ်းသာ လိုက်တာ နဲ့ ထခုန် မိမတတ်ပါပဲ။ ကွန်ပျူတာပေါ်မှာပေါ်နေတဲ့ စာရေးသူ ရဲ့ သွေး အဖြေ ကို ကြည့် ပြီး ကိုလက်စထရော များနေကြောင်း၊ မကောင်းတဲ့ ကိုလက်စထရော HDL ဖြစ်နေကြောင်း၊ အဆီ စားတာလျှော့ ရမှာ ဖြစ်ကြောင်း၊ medication ကို သေချာပေးလိုက်မှာ ဖြစ်ကြောင်း၊ ဆေးမှန်မှန်စားပြီး နောက် ၃ လ နေရင် မြန်မာနိုင်ငံမှာ ကိုလက်စထရော ပြန် စစ် ရမှာ ဖြစ်ကြောင်းစေ့စေ့စပ်စပ်ပြောပါတယ်။

သမီးဘဏ်ကဒ်ထဲက စင်းဒေါ်လာတွေကတော့ လျှောကနဲ လျှောကနဲပေါ့။ စိတ်ထဲမှာ ပေါ့ပါးစွာနဲ့ အခန်းဘီကို သားအဖနှစ်ယောက်ပြန်လာကြပါတယ်။ ဒေါက်တာမသဇင်လည်း ရောက်နေတာနဲ့သူနဲ့ ဆက်တွေ့ရပါတယ်။ သူကလည်း အဖြေတွေကိုကြည့် ပြီး ဘယ်လိုနေရမယ် ထိုင်ရမယ်ဆိုတာပြောပါတယ်။ နောက် စာရေးသူရဲ့ Health Screening Report ကိုသေသပ်လှပစွာချုပ်ထားတဲ့စာအုပ်လေးတစ်အုပ်ပေးပါတယ်။ ဆေးစစ်တာ မြန်မာငွေ ၅-၆ ပုံးလောက်တော့ ကုန်တယ်ထင်ပါတယ်။ ဒါပေမဲ့ ကိုယ်စိတ်ထဲမှာတော့ ပထမနေ့ဆေးစစ်ပြီးအိမ် ပြန်ရောက် ရောက်ချင်း ခရမ်း ဆရာ ဦးချစ်တင် နှလုံးအားတိုးဆေး ၂ လုံးသောက် လိုက်တာရယ်၊ ဒုတိယနေ့ ဆေးရုံမလာခင် ဆေး၂လုံးကြိုတင်သောက်လိုက်တာရယ်ကြောင့် echocardiography ရိုက် တဲ့ အခါ အောင်မြင် သွားတယ်လို့ ယုံ ကြည်မိပါတော့တယ်။

Wednesday, May 26, 2010

လျှပ်တပျက် စင်ကာပူ (၅)

လျှပ်တပျက် စင်ကာပူ (၅) ကတော့ စာရေးသူရေးတာ မဟုတ်ပါဘူး၊ mysing-ning website ကနေ ကူးယူဖေါ်ပြတာပါ။ (Link မှာ ကြည့်ပါ) အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ရန်ကုန်၊မန္တလေး ကကျွတ် ကျွတ်အိတ် ပြသာနာ ကို စင်ကာပူ မှာ ဘယ်လိုရှင်းသလဲ ဆိုတာ ပါနေတော့ အများ သူငါ သိရအောင် post တင် လိုက်တာပါ။ တကယ်တော့ကျွတ်ကျွတ်အိတ်ဟာ မြန်မာတွေ ကြားမှာအသုံးများနေပါပြီ၊ အသုံးလည်း ၀င် နေပါပြီ၊ ဇွတ် အတင်း ပိတ်ပင်မဲ့အစား လူတွေစည်းကမ်းရှိလာအောင် လုပ်ဖို့ ရယ်၊ ကျွတ်ကျွတ်အိတ် ကို အစအန မကျန်ရအောင် မီးရှို့ပစ် လိုက် ဖို့ရယ်၊ ဒါပဲ လိုတာပါလား ဆိုတာသိလာရပါတယ်။ဘယ်သူမှန် တယ် မှားတယ် ဘာမှ မပြောပါ၊ ဥာဏ်ရှိသူတွေဘယ်လိုလုပ် ကြသလဲဆိုတာသိအောင်ပါ။ ကူးယူဖေါ်ပြရတာခွင့်လွှတ်ပါ။

စာဖတ်သူ ပရိတ်သတ်ကြီးကို လေးစားစွာဖြင့်  ဂါဝရပြုလိုက်ပါတယ်။ တကယ်တော့ မောင်စူးစမ်းပာာ စာရေး ဆရာ တစ်ယောက်မပာုတ်ပါဘူး သွင်းကုန်အစားထိုးလုပ်နေတဲ့  လုပ်ငန်းရှင်တစ်ယောက်ပါ။ဒါပေမဲ့  ယနေ့ ကြားနေရတဲ့ မြန်မာပြည်သားတွေရဲ့ ဒုက္ခ နှင့်  ပတ်သတ်ပြီး ထွက်ပေါက်လေးတစ်ခုဖြစ်လေမလားဆိုပြီးရောက်ခဲ့ ဖူးတဲ့ ကျွန်းနိုင်ငံလေးအကြောင်းကိုရေးဖြစ်ခဲ့ပါတယ် ။

၁၉၉၅ ခု ဧပြီလ မှာ ချန်ဂီလေဆိပ်ကြီးကိုရောက်ခဲ့ပါတယ်။ ပြီးတော့အပြင်ကိုထွက်လာပြီးသူငယ်ချင်းရဲ့ လိပ်စာ ကို ခပ်တည်တည် နှင့် ပြပြီး အဌားယာဉ်ကို ( တက္ကစီ ) ကိုဌားစီးခဲ့တယ်။ ဒါပင်မယ့်  ငွေလဲရန် မေ့သွား ခဲ့တယ် ။ US ဒေါ်လာ ပဲပါသွားတာမို့ားပေါ်မှာအခက်ကြုံရတယ် ။ကားသမား ကကိစ္စမရှိပါဘူး ။ ပာိုရောက်မှ ကျသင့် ငွေကို သူငယ်ချင်းထံမှယူပေးလျှင်ရကြောင်း ပြောပါတယ် ။ သြော် စင်္ကာပူ လူမျိုး က ဖြစ်တတ်တဲ့ သဘောနဲ့ တစ်ဖက်သားစိတ်မညစ်ရအောင် ဖြေရှင်းတတ်ပါလားလို့ ကောက်ချက်ချမိတယ်။

စင်္ကာပူ မြေကိုရောက်ရောက်ခြင်း သတိထားမိတာက အရာအားလုံးပာာ သဘာဝ အရောင်အတိုင်း ဖြစ်နေ တာကို တွေ့ ရတယ် ။ နေရာတိုင်းမှာ ဖုန်မှုန့် လေးတွေ မရှိအောင် နေရာတိုင်းမှာ မြေလွတ်တိုင်းကို မြက်ခင်း တွေ စိုက်ထားတာကိုတွေ့ရတယ်။

ဒီလိုနဲ့ သူငယ်ချင်းထံရောက်တော့ လိုတာလေးတွေဝယ်ရအောင် ဈေးကိုသွားကြတယ်။ဈေးရဲ့ ရှေ့ ကားဝင်ထွက်လွယ်မည့် နေရာတစ်နေရာမှာ ပေ (၂၀ ) ပတ်လည် အုတ်နံရံ နဲ့ အမြင့် ပေ (၁၂ ) ပေလောက်ရှိပြီး (၃ ) ဘက်ပိတ်အပေါ် ( ၁ ) ပေ ခန့်  သံဇကာ နဲ့ကာထားတဲ့အဆောက်အဦးလေး တစ်ခု တွေ့ တော့စူးစမ်းကြည့် မိတယ် ။သူတို့ ကအထဲကိုဖွင့်ပြတယ် ။ (၄ )ပေ ပတ်လည် အမြင့် (၄ ) ပေလောက်ရှိတဲ့  ပုံးကြီး တွေ အပြည့် ထည့် ထားတယ် ။ တစ်ချို့ ပုံးတွေကအောက်မှာ ဘီးလေးလုံး တပ်ထားတယ် ။ ဈေးသိမ်းချိန်ရောက်တော့ အဲဒီ့ ပုံးထဲ ကိုဆိုင်ရှင်တိုင်းက သူတို့ရဲ့  အမှိုက်တွေကို ကျွတ်ကျွတ်အိတ်တွေနဲ့လုံအောင်ထုပ်ပြီး လာထည့် ကြတယ် ။ ပုံးသေးကနေ ပုံးကြီးထဲကိုပြောင်းထည့် တယ် ။ပုံးကြီးကနေ ပာိုက်ဒရေလစ် ကားကြီးထဲကို ပြောင်းတယ် ။တစ်နေ့ စာတစ်နေ့ ဆိုတော့ ဘာအနံမှ မထွက်ဘူးပေါ့ ။

ထူးဆန်းတာက ကျွတ်ကျွတ်အိတ်တွေ အမှိုက်တွေ ဘယ်သွားသလဲ ။ ရေမြှောင်းထဲလား ၊အမှိုက်ပုံပေါ်လား ၊ ပင်လယ်ထဲလား ပေါ့ ၊ ရေမြှောင်းတွေ ကြည့် လိုက်တော့မိုးရွာရင်ရေရှိတယ် ၊ မိုးမရွာရင် ရေမရှိဘူး ပြီးတော့ ရေမြှောင်းတွေရဲကြမ်းခင်းကို (ပစောက်)( ပ ) ပုံစံခင်းထားကြတယ် ။အိမ်သုံးတဲ့ရေတွေဘယ်သွားလဲ ဆိုတော့ မြေအောက်ပိုက်လိုင်းကနေ တစ်ဆင့်  ရေသန့် ဌာန ကိုရောက်သွားတယ်။ နိုင်ငံသေးတော့ လုပ်နိုင်တာပေါ့ ။

အဓိက က ကျွတ်ကျွတ်အိတ် တွေ ဘယ်သွားလဲဆိုတာကို လိုက်စူးစမ်းကြည့် တော့ လူနေရပ်ကွက်နဲ့ နည်းနည်း လှမ်းတဲ့ နေရာမှာ ပေ (၅၀ ) ပတ်လည် ( ၅ )ထပ် တိုက်လောက်မြင့် တဲ့ အဆောက်အဦး တစ်ခုကို ရောက်သွား တယ် အပြင်ကနေ လှမ်းကြည့်ရင် စက်ရုံလေးတစ်ရုံလိုပဲ သန့် ရှင်းလှပ နေတယ်။ အလှသစ်ပင် တွေလည်း စိုက် ထားတယ် ။ အဆောက်အဦးရဲ့အလယ်မှာ ခေါင်းတိုင်အရှည်ကြီးတစ်လုံးရှိတယ် ။အဲဒီအဆောက်အဦးရဲ့ လေးထပ် မြောက်အထိ အမှိုက်ကားကြီးကို ပတ်မောင်းရတယ် ။ ပြီးတော့ပာိုက်ဒရောလစ်ပါဝါ နဲ့ လှန်ချလိုက်တာ တစ်မိနစ် အတွင်းမှာ ပဲ ကျွတ်ကျွတ်အိတ်အပါအဝင် အထပ်သား အတိုအစ အမှိုက်ပေါင်းစုံ သံတိုသံစ အစုံ CNG (စီအန်ဂျီ ) ရဲ့ တန်ခိုး နဲ့ ပြာဖြစ်သွားပါတယ် ။ တစ်ဖက်မှာတော့ ဓါတ်မြေသြဇာတွေ ၊ သံခဲ၊သတ္ထုခဲ တွေ ပြောင်း သွားတယ် ။ ကျွတ်ကျွတ်အိတ် ကတော့ လောင်စာ ဖြစ်တာမို့အခိုးအငွေ့ ဘဝ ကိုရောက်သွားတယ် ။ အဓိက ကျွတ်ကျွတ်အိတ် ပြသနာ က လူတွေ စည်းမဲ့ကမ်းမဲ့ ရေမြှောင်းထဲ ကိုစွန်ု့ ပစ်တယ် ။ အမှိုက်ပုံးထဲ ကို မထည့့် ဘူး။ရေမြှောင်းတွေပိတ် ၊ ရေတွေ နစ် ၊ လမ်းတွေရေဖုံး ၊ လမ်းတွေပျက် ၊ ဒါကြောင့် ဆိုးကျိုးတွေ ပေါ်လာတယ်။

အဲဒီတော့ ကူးစက်ရောဂါတွေ ဖြစ်မှာဆိုးလို့ ကျန်းမာရေး ပညာပေးတဲ့ တစ်ခါသုံး လက်အိတ်တွေ အမှိုက်သိမ်းဖို့ ကျွတ်ကျွတ်အိတ် အမဲ အထူတွေ ကုန်မျိုးစုံထုတ်တဲ့ အရွယ်ပေါင်းစုံ ကျွတ်ကျွတ်အိတ်တွေ ဒါတွေ မရှိရင် ကူးစက်ရောဂါ တွေ ပိုလာမှာလား ။ စက္ကူ တွေ အစားထိုးခဲ့ရင်သစ်တောပြုန်းတီးမှုတွေ ပိုလာမှာလား။ စဉ်းစား စရာ ဖြစ်လာတယ်။

ဒါမှမပာုတ် ဈေးရုံကြီးများရှေ့ မှာ ၊ ရပ်ကွက်တိုင်းမှာ အမှိုက်သိမ်းတဲ့ အဆောက်အဦး လေးတွေ စနစ်တကျ ဆောက်ပြီး စနစ်တကျ သယ်ပြာချ ပစ်မလား။ ရေမြှောင်းတိုင်းကို ရေးစီးရေလာကောင်းအောင် သက်ဆိုင်ရာ ပညာရှင်များနှင့် စနစ်တကျ ပြု ပြင်မလား ၊ ကျွတ်ကျွတ်အိတ် တွေနဲ့ အမှိုက်ပုံးထဲကို စနစ်တကျထည့် ၊ အမှိုက်ပုံး ကတစ်ဆင့်စုရပ်ကိုပို့ ၊ လက်ရှိရေမြှောင်းတွေပိတ်ဆို့နေတော့ ကျွတ်ကျွတ်အိတ် များကိုပါ မီးရှို့ ပြာချပစ်ရင် CNG(စီအန်ဂျီ ) ပေါတဲ့ ဒီနိုင်ငံပာာ ကျွတ်ကျွတ်အိတ် ကို ကြောက်ဖို့လိုမှာလား ။ စဉ်းစား စရာတွေ ဖြစ်လာတယ်။ ဒါကြောင့် ဘယ်သူ့ ကိုဘယ်ကစပြီးဘယ်လိုပြောရမှန်းမသိ လို့ အင်တာနက် ထဲကနေ ထည့် ပေးလိုက်ပါတယ် ။။။။။။

အားလုံးကိုလေးစားလျှက်။။။။။
ကိုကြည်ဝင်း ( စ )

Monday, May 24, 2010

လျှပ်တပျက်စင်ကာပူ (၄)

စင်ကာပူရောက်နေတုံး တီဗွီ မှာ ကော Strait Times သတင်းစာမှာ ကော HSBC ဘဏ် က Women’s Champion Golf Tournament ကို Tanah Merah Country Club မှာ ၂၀၁၀ ခု နှစ် ဖေဖေါ်ဝါရီ လ ၂၅ - ၂၈ မှာ ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်းတွေ့ လိုက်ရပါတယ်။ ဒီအခွင့် အရေးကိုမလွတ်ချင်တာနဲ့ ဘယ်ရက်မှာ သွား ကြည့် ရင်ကောင်းမလဲဆိုတာစဉ်း စား လိုက်တော့ စဖွင့် တဲ့ ၂၅ရက် ကို ကျော်ပြီး ဒုတိယနေ့ ၂၆ ရက်မှာ သွား ကြည့်မယ်၊ ၀င်ကြေး ကလည်း စင်းဒေါ်လာ ၂၀ ဆိုတော့သင့်တယ်၊ ၂၇ နဲ့ ၂၈ က စနေ၊တနင်္ဂနွေ ဆိုရင် လူများမယ်၊ ၀င်ကြေးက လည်းဈေးများတယ်၊ စင်းဒေါ်လာ ၄၀ များတောင်ပေးရမယ်၊ ဒါနဲ့ ပဲ ၂၆ ရက် ကို လက်မှတ် ကြိုတင် ၀ယ်ဖို့ ဘယ် လိုလုပ်ရမလဲ ဆိုတာ The Strait Times ကြော်ငြာ မှာ ကြည့် လိုက်တော့ SISTIC မှာဝယ်ရမယ် လို့ ဖေါ်ပြထားတယ်။

SISTIC ဆိုတာ ဘာပါလိမ့် ဆိုတာသိချင် လို့အင်တာနက် ကို ၀င်ကြည့် ရတယ်။ SISTIC က ၁၉၉၁ ခုနှစ်မှာ တည်ထောင်တဲ့ လက်မှတ်ရောင်းပေးတဲ့ ၀န်ဆောင်မှု ကို လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုပဲ၊ သူ့ဆောင်ပုဒ် ကတော့ Connecting people to Entertainment တဲ့။ စင်ကာပူမှာ လုပ်တဲ့ ပွဲ တွေအားလုံးအတွက် လက်မှတ်ရောင်း ပေးတာပါ။ အားကစား၊၊ အနုပညာ၊ ပြဇါတ်၊တေးဂီတဖျော်ဖြေပွဲ၊စသည့် ပွဲအားလုံး ကို on line ကတဆင့် လက်မှတ် ရောင်းတဲ့ ၀န်ဆောင်မှု ကို လုပ်ပါတယ်။ SISTIC ရဲ့ ကွန်ယက်ဟာ မလေးရှား၊ အငိဒိုနီရှား၊မကာအို ထိ ပါဝင်ပါတယ်။ ပြပွဲ လုပ်ဖို့ နေရာထိုင်ခင်းက်ု လည်းစီစဉ်ပေးပါတယ်။ စာရေးသူမရောက်ခင် Singapore Airshow 2-7 Feb 2010 အတွက် SISTIC ကပဲ လက်မှတ်ရောင်းပေးခဲ့တာပါ။

ဒါနဲ့သမီးကွန်ပျူတာနဲ့ SISTIC wesite ကို on line ၀င်ကြည့် ပြီး ၂၆ရက်နေ့လက်မှတ်ကိုဝယ်ဖို့စုံစမ်းကြည့် တော့ credit card လိုပါကော။ ဒါနဲ့ သမီးရဲ့ credit card နပါတ် ကိုပေးလိုက်တော့ အဆင်ပြေ သွားပါတယ်။ လက်မှတ်သွားယူဖို့ ကြတော့ SISTIC ရဲ့ outlets တွေမှာ သွားယူရမှာ၊ ဒါနဲ့အနီးဆုံး outlet ဖြစ်တဲ့ Jurong East Shopping Mall ကိုရွေးလိုက်တယ်။ ယူလာရမဲ့ စာရွက်စာတမ်းတွေကို ကြည့် လိုက်တော့ ဗမာနဲ့တူနေပြန်ရော။ Passport မိတ္တူ၊ သမီး PR reg: ကဒ် မိတ္တူ၊ ငွေလွှဲခဲ့ တဲ့ Master Card ကဒ်မိတ္တူ၊Master Card ကဒ်ပိုင်ရှင်သမီး ကသူ့ Master Card ကဒ် ကနေ ငွေလွှဲပေး လိုက်ကြောင်းထောက်ခံစာ၊ တွေလိုတယ် လို့ ဖေါ်ပြထားပါတယ်။ တကယ်လက်မှတ်သွားထုတ်တဲ့နေ့ ကြတော့ သမီး Master Card ကဒ်မိတ္တူ ကကျန်ရစ်ခဲ့ ရော။ ဒါနဲ့ ကွန်ပျူတာနောက် က ကောင်မလေး သေချာရှင်းပြရတာပေါ့။ ကောင်မလေး ကသူ့ရုံးကို ဖုံးပြန်ဆက်ပြီး လက်မှတ် ထုတ်ပေးရမလား ဆိုတာ စာရေးသူရှေ့ မှာ ပဲ မေးလိုက်တယ်။ရုံး ကထုတ်ပေးလိုက်ဆိုပေမဲ့ မပြီးသေး ဘူး၊ကောင်မလေး က SISTIC ရဲ လက်မှတ် ထုတ်ပေးရေး Rules တွေကိုဖေါ်ပြထားတဲ့ လက်ကမ်းစာစောင် ပေါ်မှာ ယူလာရမဲ့ စာရွက်စာတမ်းတွေကို highlight မှင်နဲ့သေချာ တားပြီးနောက်နောင် ဒီလိုမဖြစ်စေဖို့ ပညာ ပေးခြင်းခံခဲ့ ရပါတယ်။ ကိုယ့်မှာCredit card ရှိနေရင် SISTIC ဟာတော်တော်ကောင်းတဲ့ လက်မှတ်ရောင်းတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

HSBC ကတော့ အမေရိကန် ဂေါက်သီးအားကစားမယ် Paula Creamer လာရောက်ယှဉ်ပြိုင်မဲ့ အကြောင်း တော်တော် ကြော်ငြာထားတာပါ။ ဘာကြောင့်လဲဆိုတော့ Paula Creamer က အမေရိကန်ဂေါက်သီး အားကစား မယ် super star လေ။ ဒါပေမဲ့ HSBC အရင်ကျင်းပတဲ့ Thai Open မှာ Paula Creamer ယှဉ်ပြိုင် ကစား ရင်း လက် ချောင်း ကိုထိခိုက်သွားတော့ အမေရိကန် ကို ပြန်ပြေးပါလေရော။ ပြိုင်ပွ ကျင်း ပဖို့ ၄ ရက် အလိုလောက်မှာနံမည်ကြီး Michelle Wie နဲ့ ကမ္ဘာ့ နံပါတ် ၁ ဂေါက်သီး အားကစားသမား Lorena Ochoa တို့ ၀င်ရောက်ယှဉ်ပြိုင်မဲ့ အကြောင်း တခမ်းတနားဖေါ်ပြလာပါတယ်။

The Strait Times မှာ ဂေါက်ကွင်း ကိုသွား ပုံသွားနည်း road map ကို ဖေါ်ပြထားပါတယ်။ ၂၆ ရက်နေ့ င်္နနက် ၇ နာရီ မှာ စမီး တိုက်ခန်း ကနေထွက် လာပါတယ်။ Clementi ဘူတာ MRT East West Line Pasir Ris ဖက်ကိုစီးလာပါတယ်။ စောသေးတော့ ထိုင်စရာနေရာရပါတယ်။ ရုံးသွား အလုပ်သွား ကြသူတွေများပါတယ်။ Tanah Merah ဘူတာရောက်တဲ့ အထိ ၄၅ မိနစ်လောက်စီးရပါတယ်။ ဘူတာရောက်တော့ တစ်ဖက်မှာ ရှိတဲ့ ဘတ်စ်ဂိတ်ဆီ ကိုဂုံးကျော်တံတားကနေဖြတ်လျှောက်ခဲ့ပါတယ်။ Tanah Merah Country Club ကိုသွားမဲ့ ဘတ်စ်ကား ၈နာရီ ထွက်မယ်လို့ရေးတားပေမဲ့ shuttle bus ကရောက်မလာသေးပါ။ ခဏပဲစောင့် လိုက်ရပြီး shuttle bus ရောက် လာပါတယ်။ခဏနေတော့ လုပ်အားပေးမဲ့ ခလေး တွေ name tags တွေဆွဲ ထားပြီးတက်
လာပါတယ်။

Tanah Merah ဂေါက်ကွင်း က Changi လေယာဉ်ကွင်းနဲ့ ကပ်ရက်ရှိနေပါတယ်။ Land scaping ကောင်းကောင်းနဲ့ တော်တော် ကိုလှ တဲ့ ဂေါက်ကွင်းကြီးပါ။အ၀င်ဝမှာ event registration လုပ်ပြီး security အတွက် လည်ဆွဲ ကဒ် ထုတ်ခဲ့ပါတယ်။ buggy ပြေးလမ်း၊ ရေကန်၊တောအုပ်၊ rough မြက်ခင်း၊ fairway မြက်ခင်း၊ သဲကျင်း၊ ကျင်းစိမ် green တွေနဲ့ ဂေါက်ကွင်း တစ်ကွင်း ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့် ပြည့် စုံစုံ ရှိနေပါတယ်။ လျှောက်လာရင်းမြင်ခင်းတုကျင်းစိမ် green ရှေ့ရောက်တော့ ဂေါက်သီးမယ်တွေ ကျင်းစိမ်လေ့ကျင့်နေတာ တွေ့ရပါတယ်။ Tenah Merah ဂေါက်ကွင်း စရောက်ကတည်း က ကင်မရာ၊ လက်ကိုင်ဖုန်းများ ဖြင့်ဓါတ်ပုံရိုက် ခွင့် မရှိကြောင်း စာတမ်းကြီးကပ်ထားတော့ ကိုယ် hand phone တောင်ထုတ် မကိုင်ရဲတော့ပါ။

Official Draw Sheet ကိုကြည့် လိုက်တော့ Tee 1 ကနေ Michelle Wie က အတွဲ ၇ Lorena Ochoa က အတွဲ ၉ မှာထွက်မယ် လို့ဖေါ် ပြထားတော့ Tee 1 မှာပဲစောင့်နေပါတယ်။ကိုယ် လိုကြည့်သူတွေပါပဲ၊ ဂျပန်တွေထင် တယ်၊ ကင်မရာတွေ ခပ်တည်တည် ထုတ် ကိုင်ပြီးရိုက်ကြပါတော့တယ်။ ဘယ်သူများ လာပြောမလဲဆိုပြီးစောင့် ကြည့်နေတာ အားလုံးက မသိချင်ယောင်ဆောင်နေကြပါတယ်။ ဒါပေမဲ့ flash ၂ခါလောက်ပွင့် လာတော့ အစီအစဉ် ကြေညာသူ ကဓါတ်ပုံမရိုက်ရကြောင်း ကျေညာသွားပါတယ်။ ဂျပန်တွေ ကအင်္ဂလိပ် လိုနားမလယ် လို့ လားမသိပါ။ ကင်မရာတွေ ကိုသိမ်းမပစ် ကြပါ။ သူတိုကင်မရာတွေက tele lens တွေတတ်ထားတာပါ။ စာရေးသူ က အဲဒီအချိန်ထိ Nokia E 72 ကိုပေါ်ပေါ်ထင်ထင်ထုတ်မကိုင်ရဲသေးပါ။ Michelle Wie ရောက်လာတော့ ဂျပန်တွေ လှုပ်လှုပ်ရွရွ ဖြစ်ပြီး ကင်မရာတွေပြင်ကြဆင်ကြတော့တာပါပဲ။

စာရေးသူလည်းအဲဒီ အချိန်ကြမှ Nokia E72 ကိုသေချာထုတ်ကိုင်၊Flash မပွင့်အောင်ချိန်၊ပြီး Michelle Wie ကို မှတ်တမ်းတင်ရဲပါတော့တယ်။ ဂျပန်သကောင့်သားတွေနဲ့ ကိုရီးယားတွေ က Michelle Wie နောက် ကို အသေ အကျေ လိုက်ကြတာကိုး။ စာရေးသူလည်း Michelle Wie ရဲ့  ဓါတ်ပုံ၊ဗီဒီယို မှတ်တမ်းတွေ ကို E72 နဲ့ပဲမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

Monday, April 26, 2010

လျှပ်တပျက် စင်ကာပူ (၃)

စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာများဟာ အလွှာပေါင်းစုံမှာ ရှိလိမ့်မယ်ထင်တယ်။ မြန်မာ နိုင်ငံမှာ ရှိသင့်တဲ့ middle class လူတန်းစားဟာစင်ကာပူမှာအများစုလာရောက်ဖြစ်ထွန်းနေတယ်လို့ ဆိုနိုင်ပါတယ်။ အာအိုင်တီ ဆင်းအင်ဂျင်နီယာကျောင်းသားကျောင်းသူတွေစင်ကာပူမှာ ဘွဲ့လွန်ပညာရပ်တွေဆည်းပူးခဲ့ ကြပြီး စင်ကာပူ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြပါတယ်။ သူတို့ဟာကောင်းကောင်း နေနိုင်စားနိုင်ကြပါတယ်။ ဒါပေမဲ့ စင်ကာပူ ရဲ့ အလုပ်လုပ်ရတဲ့ environment ကိုမြန်မာ ပညာရှင်အများစု ကမကြိုက်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြား သြစတေးလျ လိုနိုင်ငံမျိုးနဲ့ ယှဉ်ရင် stress အရမ်းများတယ်လို့ ဆိုပါတယ်။ အများစုကတော့ PR ဖြစ်ဖို့ ကြိုးစားကြပါတယ်။သမီးတို့ လိုပဲ စင်ကာပူမှာ လင်မယား နှစ်ယောက်လုံးအလုပ်လုပ်နေရင် PR ရအောင် ကြိုးစားကြပါတယ်။ လင်မယား ၂ယောက်လုံး PR ဖြစ်မှစင်ကာပူနိုင်ငံသားတွေပြန်ရောင်းတဲ့ HDB အခန်းတွေ ကို ပြန်ဝယ်ခွင့် ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ HDB အခန်းငှားရမ်းခဟာ ၂ယောက်ပေါင်း ပျမ်းမျှ ၀င်ငွေ ရဲ့ ၃၀-၃၅%လောက်ရှိနေလို့ပါပဲ။ HDB တိုက်ခန်းဝယ်လိုက်ရင်လည်း ငွေချေးလို့ရမယ်။ အတိုးပေးရ တာက အိမ်လခတက်သက်သာတော့ တွက်ချေကိုက်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ နှစ်စေ့ ရင်တိုက်ခန်းကို
ကိုယ်ပဲပိုင်သွားတာပေါ့။

စင်ကာပူမှာ တယ်လီဖုန်း၊လျှပ်စစ်၊အင်တာနက်၊ အခွန်၊အိမ်လခ တွေအားလုံး on line ကပဲ ပေးသွင်းပါတယ်။ bill တွေပေးသွင်းတဲ့ AXS machine တွေကို HDB တိုက်ခန်းအုပ် စု တွေအောက်မှာထားရှိပေးထားပါတယ်။ သမီး က bill တွေသွားပေးမယ်၊ လိုက်ကြည့် ပါလား လို့ ပြောတော့ သမီးနဲ့ တူတူလိုက်သွားကြည့်မိတယ်။ အားလုံး လွယ်လွယ်လေးပဲ။ လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်က စာရေးသူ GSM ဖုန်း ခဏခဏပိတ်ခံရတယ်။ ငွေသွင်းဖို့မေ့မေ့ သွားလို့ပါ။ ဒါနဲ့ MPT ဘတ်ဂျက်ဌာနက အရာရှိမ ကို bill ကုန်ခါနီးကြရင် တယ်လီဖုန်းကို remind လုပ်ပေးပါ လားလို့ပြောမိတယ်။ ဘာပြန်ပြောသလဲ ? GSM တယ်လီဖုန်းတွေ ကအများကြီးအဲဒီလိုလိုက်လုပ်မပေးနိုင်ဘူး။ လုပ်ဖို့ လူလည်းမရှိဘူး၊ငွေလည်းမရှိဘူးတဲ့။ ဒါတောင်စာရေးသူ က ၀န်ကြီးဌာန တစ်ခု က senior level officer တစ်ယောက်မှန်းသိ လို့သာ ဒီလောက်ပြောတာ၊ရိုးရိုး သူလိုငါ လိုပြည်သူ ဆိုရင်စကြာဝဌာ တံတိုင်းအပြင် ဘက်လွင့်လောက်အောင်အော်ထုတ်ပစ်မလားမသိပါ။ MPT က middle level officerတဲ့ဗျာ။ကွန်ပျူတာတွေဒီ
လောက်သုံးနေတဲ့ ဌာန၊ လွယ်လွယ်နဲ့ လုပ်နိုင်တာမလုပ်ပေးပဲ လူမရှိလို့ ငွေ မရှိ လို့ များ ပြောတာကတော့ လွန်လွန်းသဗျာ။ လုပ်ပေးကိုင်ပေးချင်စိတ်ကို မရှိတာလို့ ပြောရင်လက်ခံပါ သေးတယ်ဗျာ။ အခုကြတော့ GSM မှာ sms တစ်ခါတစ်ခါ ပို့ ပေးပါတယ်။ ဒါပေမဲ့ ဖုန်းခေတ္တပိတ်ခံရမှာ စိုးတော့ဖုန်းရုံးသွားသွားစုံစမ်းနေတော့ မနိပ်ပါဘူး။

စာရေးသူဟာ ကုန်သွယ်လယ်ယာမှာ၂၀၀၄ ခု GMဘ၀ထဲကတည်း ကGSM ဖုန်းလျှောက်ခဲ့ပါတယ်။ ကုန်သွယ် /ဦးစီး ကို ဒုတိယညွှန်ကြားရေးမှုးချုပ်နဲ့ ပြောင်းလာသည်အထိမရသေးပဲ ၀န်ကြီးကိုယ်တိုင်ထောက်ခံမှ ၂၀၀၆ ကုန်ခါနီးလောက် ၁၅ သိန်း ဖြစ်သွားချိန်မှာ ဒီကနေ့ ကိုင်နေတဲ့ GSM ဖုန်း ငှားခွင့်ရခဲ့ပါတယ်။ စီးပွား /ကူးသန်း က အရာရှိကြီးတစ်ယောက် GSM ဖုန်းလျှောက်တာ ၃နှစ်လောက် ကြာပါတယ်။ ကိုယ့်လက် အောက်က ဗိုလ်မှုးတစ်ယောက်ကတော့ ခုလျှောက် ခုရ ခဲ့ တယ်လို့ပြောတာပဲ။ ကိုယ်ကတော်တော်ညံ့ တဲ့ အထဲမှာ ပါနေ တယ်နော်။ စင်ကာပူမှာ တယ်လီဖုန်းကုမ္ပဏီကြီး ၃ခုရှိပါတယ်။ SingTel,M1 နဲ့ StarHubပါ။ StarHub နဲ့ကန်ထရိုက်ချုပ်ပါတယ်။ ကနဦးတပ်ဆင်ခက မြန်မာလို၁၅ သိန်း (US ဒေါ်လာ ၁၃၀၀ လောက်) မပေးရပါဘူး။
သမီးကျောင်းတက်နေတုံးက PR တစ်ယောက်ထောက်ခံရင် deposit S$ 200 သွင်းပြီး ဖုန်းလျှောက်လို့ရတယ်။ သမီးPR ဖြစ်တော့ ၂၀၀ ပြန်ရပြီးဖုန်းအတွက် ၂၅၊ roaming အတွက် ၅နဲ့ caller ID အတွက် ၅ ဒေါ်လာ စုစုပေါင်း ၃၅ ဒေါ်လာ (မြန်မာငွေ ၂၅၀၀၀ ကျပ်) ပဲသွင်းရပါတယ်။ ဒီကုမ္ပဏီတွေက တယ်လီဖုန်း ခေါ်ဆိုခပေါ်မှာ ပဲ စားကြပါတယ်။ ခေါ်ဆိုခလည်းဈေးကြီးပါတယ်။ တစ်နေ့မှာ SMS ကို၁၀ခုလောက်အခမဲ့ခွင့် ပြု တော့ ဖုန်းခေါ် တာထက် SMS ပဲပို့ကြပါတယ်။

မြန်မာကနေ Starhub websms သုံးပြီး စင်ကာပူမှာ ရှိတဲ့ သမီးဖုန်း ဆီကိုကွန်ပျူတာကတဆင့် sms ပို့လို့ ရပါတယ်။မြန်မာနိုင်ငံကလူတွေဒီနည်းနဲ့ စင်ကာပူမှာ ရှိတဲ့ သားသမီးတွေနဲ့အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ စင်ကာပူမှာ ရှိနေတုံး သမီး Starhub ဖုန်းက ကန်ထရိုက်ရက်စေ့ပါတယ်။ကန်ထရိုက် အသစ်ချုပ်ရင် အခုကိုင် နေတဲ့ ဖုန်းပြန်သွင်းပြီးသူတို့ကျေညာထားတဲ့နောက်ဆုံးပေါ်ဖုန်း အမျိုးမျိုးထဲ ကကြိုက်တဲ့ဖုန်း ကိုအလိုက်ပေးလဲ လို့ရပါတယ်။ သမီးကလက်ရှိကိုင်နေတဲ့ Nokia N95 ဖုန်းကို Nokia E72 ဖုန်းနဲ့ လဲလိုက်ပါတယ်။ အလိုက်မပေး ရတဲ့ အပြင် ဘောက်ချာ ဒေါ်လာ ၁၀၀ တောင်ပြန်ပေးလိုက်ပါသေးတယ်။ အဲတော့ သမီး တို့ ဆီမှာ ၂ နှစ် တစ်ကြိမ် ဖုန်းအသစ် ကိုင်နိုင်တဲ့ အခွင့် အရေးရှိ ကြပါတယ်။ နိုင်ငံတကာမှာ တစ်ခါသုံးရင် နည်းနည်းပဲကုန်တဲ့ ဖုန်းခေါ်ဆိုခ ပေါ်မှာ ပဲ ရိတ်ပြီး ကနဦးပေးရတာတွေ၊ ဖုန်းတန်ဖိုးတွေကို တတ်နိုင်သမျှဖျောက်ထားကြပါတယ်။ စီးပွားရေးဆိုတာဒီလိုတွေးတတ်ခေါ်တတ်မှ သဘိတ်ဝင်အိတ်ဝင် ကိုယ့်အိတ်ထဲဝင်လာမှာပါ။

မြေးလေးကိုဆေးရုံကပေးဆင်းလိုက်တော့အသားဝါဖြစ်နေသေးတယ်။ peak ကမွေးပြီး ၈ ရက်လောက်မှ ရောက်မှာ ဆိုတော့ poly clinic ကို ၂-၃ ကြိမ်လောက်သွားပြရမယ်လို့ ဆရာဝန်ကမှာ လိုက်ပါတယ်။ Clementi ploy-clinic ကအိမ်နဲ့ သိပ်မဝေးပါဘူး။လမ်းတစ်ဖက်ကူးလိုက်ရင်ရောက်နေ ပါပြီ။ ဒါပေမဲ့ မြေးက ရက်သားလေး ဖြစ်နေပြီး အသားဝါဆိုတော့စိုးရိမ်ပြီး အဘိုးကော၊ အဖေကော။ အမေကောအားလုံးလိုက်လာကြပါတယ်။ poly clinic အ၀ရောက်တော့ registration လုပ်တဲ့ machine ပေါ်မှာ သမီး PR မှတ်ပုံတင်နံပါတ် ကိုရိုက် လိုက်ပါတယ်။ ခလေးကိုပြမှာ ဆိုတဲ့အကြောင်းကိုလည်း registration မှာ ဖေါ်ပြလိုက်ပါတယ်။ သမီးက မှတ်ပုံတင်နံပါတ် ရလာပါတယ်။ မှတ်ပုံတင်တဲ့နေရာရှေ့မှာ စောင့်နေရင်း သမီးမှတ်ပုံတင်နံပါတ်ပေါ်လာတဲ့အခါ အဲဒီကောင်တာရှေ့မှာ သမီးစာရင်းသွင်းပါတယ်။တွေ့ ရမဲ့ ဆရာဝန်အခန်း သိလာရတော့ အဲဒီအခန်းအရှေ့မှာ သွားစောင့် ရပါတယ်။ သမီးမှတ်ပုံတင်ပေါ်လာတော့ အခန်းထဲတခါးခေါက် ၀င်သွားကြပါတယ်။ မြေးလေးကို စမ်းသပ်ကြည့် ပြီးသွေးစစ် ခိုင်းပါတယ်။ result ရလာရင်ပြန်လာခိုင်းပါတယ်။ သွေးစစ်တဲ့နေရာ ရောက်တော့ ဗမာ nurse ဖြစ်နေပါတယ်။ ခလေးကိုသွေးဖေါက်ယူပြီး ဆရာဝန်အခန်းရှေ့ မှာပြန်စောင့်ခိုင်း ပါတယ်။ ခဏ နေတော့ သမီးမှတ်ပုံတင်နံပါတ်ပေါ်လာတာနဲ့ ၀င်သွားလိုက်ပါတယ်။ ဆရာဝန်က ကွန်ပျူတာကို ကြည့်ပြီး နောက် ၂ရက်နေရင်ပြန်လာဖို့ပြောပါတယ်။ ခလေးရဲ့ သွေး result ကသူ့ ကွန်ပျူတာ စကရင်ပေါ် မှာရောက်နေ ပြီလေ။အသားဝါဖြစ်နှုန်းက နဲနဲစောင့်ကြည့်ရမှာ ဖြစ်ကြောင်းပြော ပြပါတယ်။ ပြီးတာနဲ့ သမီးကငွေပေးတဲ့ ကောင်တာမှာ တန်းစီပါတယ်။

သမီးအလှည့်ရောက်တော့ ငွေဘယ်လောက်ကျသလဲဆိုတာ ကွန်ပျူတာစကရင်ပေါ်မှာပေါ်နေပြီ။ သမီး ကသူ့ ရဲ့ bank cardထုတ်ပေးလိုက်တော့ sensor မှာ ကုန်ကျတဲ့ ပိုက်ဆံကိုနှုတ်ယူလိုက်ပါတယ်။မြေးလေးကို poly-clinic မှာ လာပြတာ အချိန်မှတ်ထားတော့၄၅ မီနစ်လောက်ပဲကြပါတယ်။ အင်မတန်မှ ကို သက်တောင့် သက်သာရှိပါတယ်။ ဆေးရုံအပေါက်စောင့်လည်း ပိုက်ဆံပေးစရာမလိုဘူး။ စမ်းသပ်ခငွေထွက်ယူတဲ့ ဆရာမလည်းမရှိဘူး။အားလုံးကွန်ပျူတာကိုအသုံးပြုပြီးလုပ်သွားကြတာပါ။

မြေးလေးရဲ့ medical record ကလည်း အဲဒီ poly-clinic ကကွန်ပျူတာပေါ်မှာသိမ်းထားပီးပါပြီ။ National University Hospital ဆီ ၂ လပြည့် လို့ follow up သွားပြရင် အဲဒီမှာ ရှိတဲ့ ဆရာဝန်က ကွန်ပျူတာ ပေါ်မှာ ခေါ်ကြည့်ယုံပါပဲ။ ဒါကြောင့် စင်ကာပူ ကပြည်သူတွေရဲ့ လူမှုစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေ အားလုံးဟာ ကွန်ပျူတာတွေပေါ်မှာရှိနေကြပါပြီ။ နောက်၂ရက်နေတော့ ပြန်သွားတဲ့အခါ သွေးတန်းဖေါက်ရ ပါတယ်။ဖေါက်ပြီးတာနဲ့ဆရာဝန်ခန်းရှေ့ စောင့်နေပါတယ်။ ခေါ်တော့ဝင်သွားတော့အသားဝါ ဖြစ်နှုန်း ကျလာ ကြောင်း၊ တစ်ခုခုဖြစ်ခဲ့လျှင်ချက်ချင်း poly-clinic ကိုလာပြရန်မှာ ကြားလိုက်ပါတယ်။အမေနဲ့အဖေတို့ ရင်ထဲက အလုံးကြီးကျသွားပြီးဝမ်းသာပျော်ရွှင်စွာအဘိုးတို့မိသားစုအိမ်ပြန်လာကြပါတယ်။

စင်ကာပူနိုင်ငံဟာကွန်ပျူတာ network စနစ် ကို sectors ပေါင်းစုံမှာ အသုံးပြူနေတာဖြစ်တော့ တကယ်လို့များကွန်ပျူတာ networkစနစ် ချို့ ယွင်းသွားခဲ့ ရင်ဘယ်လိုလုပ်မလဲဆိုတာစာရေးသူခေါင်းထဲမှာ စဉ်းစားနေတာတော်တော် ကြာနေပါပြီ။ ထူးခြားတာက ဒီ networking စနစ် အားလုံး ကို private sector ကပဲလုပ်နေတာပါ။ ဒီအဖြေကို စင်ကာပူ networking ကုမ္ပဏီ တစ်ခုမှာ လုပ်နေတဲ့ တူလေးတစ်ယောက် က စင်ကာပူမှာ networking စနစ် ၄ -၅ ခုလောက် ကိုအရှေ့ နှင့် အနောက်၊ တောင် နှင့် မြောက်ဖြတ်သန်း ပြီး networking ဆွဲထားကြောင်းပြောပါတယ်။တစ်ခုချို့ယွင်းသွားရင်ချက်ချင်းအစားထိုးလို့ ရအောင်လုပ်ထား ကြောင်း ပြောပါတယ်။ဥပမာ မြန်မာ မှာ MPT နဲ့ ရတနာပုံ ရှိနေသလိုပေါ့။ ဒါပေမဲ့ မြန်မာ မှာတော့ failed ဖြစ်သွားလည်း မသိချင်ယောင်ဆောင်နေပါတယ်။တလောက အင်တာနက်တွေ crashed ဖြစ်တော့ လေယာဉ် လက်မှတ်ကုမ္ပဏီတွေ၊ ဟိုတယ်တွေမှာဒုက္ခရောက်ခဲ့ကြတာကြုံဘူးပါပြီ။ MPT တို့ ရတနာပုံ တို့ကတော့ သူတိုနဲ့ မဆိုင်သလိုပါပဲ။ စင်ကာပူမှာတော့ မရပါဘူး။ ဒေါ်လာပေါင်းဘီလီယံနဲ့ ချီ ဆုံးရှုံးနိုင်ပြီး စီးပွားရေးချွတ်ချုံ ကျသွား နိုင်တာကြောင့် တကမ္ဘာလုံး ၀ိုင်းအပြစ်တင်ကြမှာပါ။ တူလေးကလည်းပြောပါတယ်။သူလုပ်ရတာ stress အလွန်များတဲ့ အတွက် အလုပ်ပြောင်းဖို့စီစဉ်နေတယ် လို့ သိရပါတယ်။၈နာရီ shift အချိန်အတွင်း ဖျက်ဆီး ခံရမှုကြောင့်ဖြစ်ဖြစ်၊ system crashed ဖြစ်သွားရင်ဖြစ်ဖြစ် အတော်တာဝန်ကြီးကြောင်းပြောပြပါတယ်။ မြန်မာ system analyst လေးတစ်ယောက်တာဝန်ကြီးမှု ကိုမြန်မာတွေသိအောင်ပြောပြတာပါ။

Sunday, April 25, 2010

လျှပ်တပျက် စင်ကာပူ (၂)

စင်ကာပူမှာ ဘတ်စ်ကားလိုင်းပေါင်း (၁၉၃) ကျော်ရှိပါတယ်။ မီးရထားတွဲ ဆက်သလိုဆက်ထားတဲ့ဘတ်စ်ကား အရှည်ကြီးတွေရှိသလို လန်ဒန်တို့ ဟောင်ကောင်တို့ မှာ တွေ့ ရတဲ့ နှစ်ထပ်ဘတ်စ်ကားတွေလည်း ရှိပါတယ်။ အချို့နေရာတွေမှာ (ဥပမာ ဆေးရုံ၊ shopping mall) သူတို့ဆီလာလို့လွယ်အောင် shuttle bus ‌တွေစီစဉ် ပေးထားပါတယ်။ ဘယ် MRT သို့မဟုတ် ဘတ်စ် ဂိတ် ကနေဘယ် အချိန်တွေမှာထွက်မယ်၊ ပြန်ရောက်မယ် ဆိုတာ Time Table လေးနဲ့ ဖေါ်ပြပေးထားပါတယ်။ အဲဒီ Time Table လေးကိုမှတ်ထားလိုက်ရင် တော်တော် အဆင်ပြေပါတယ်။ ပြည်သူတွေကို ဘယ်လိုနည်းနဲ့ အဆင်ပြေအောင်လုပ်ပေးရမယ်ဆိုတာ အစိုးရကဘက် ပေါင်း စုံကစဉ်းစားပြီး လုပ်ပေးထားတာပဲ။ဒီနေရာမှာ အစိုးရ လို့အလွယ်ပြောလိုက်တာပါ။ သက်ဆိုင်ရာ institution က senior level, middle level staff တွေစီစဉ်လုပ်ကိုင်ပေးတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအသေးစိပ် လေးတွေကို ဘယ်သူ ကစဉ်းစာ လုပ်ကိုင်ပေးတာလဲ၊ စနစ်ကရှိပြီးသားလား၊ စာရေးသူတို့ မြန်မာတွေစဉ်းစား နိုင်ဖို့ပါ။

စင်ကာပူဘတ်စ်ကားတွေဟာအနောက်နိုင်ငံတွေလိုပဲ public convenient အတွက်သေချာစီစဉ်လုပ်ဆောင် ပေးထားတာပါ။ ဘတ်စ်ကားတွေပေါ်မှာကြော်ငြာတီဗီတွေ ပြတဲ့ ကားတွေရှိ သလို မရှိတဲ့ ကားတွေလည်းမရှိ ကြပါဘူး။ air con ကတော့ ဘတ်စ်ကားတိုင်းလိုလို ပါကြပါတယ်။ အင်ဂျင်နီယာ မျက်စေ့နဲ့ ကြည့် ရင် electrical automation system, electronic system တွေတော်တော်သုံးထားပါတယ်။ စင်ကာပူ ဘတ်စ် ကားလိုင်း ရဲ့ network ကို တစ်နေရာက control system နဲ့ ထိန်းချုပ် ထားတယ်လို့ထင်တာပဲ။ အချိန်လည်းတိကျ မှန်ကန် အောင်လုပ်ထားပြီး ဘတ်စ်ဒရိုင်ဘာတွေကလည်း ကွက်တိဝင်အောင် မောင်းနိုင်ကြပါတယ်။ ဘတ်စ်စီးရတာနဲ့ MRT စီးရတာ နိုင်းယှဉ်ရင် MRTစီးရတာကလွယ်တယ်လို့ထင်တာပဲ။ဒါပေမဲ့ ဘတ်စ်ဒရိုင်ဘာကို ဆင်းချင် တဲ့နေရာရောက်ရင်ပြောပါလို့မှာ ထားရင်ဆင်းရမဲ့ မှတ်တိုင်ရောက်ရင် ပြောပါတယ်။ ဒါပေမဲ့ Singlish တော့နားလယ်ဖို့လိုလိမ့်မယ်။ ဘတ်စ်ကားဒရိုင်ဘာတော်တော်များများ ကအင်္ဂလိပ်လိုပြောတတ်ကြပါတယ်။

MRT လိုင်းပေါင်း ၅ခုရှိပါတယ်။ လိုင်းသစ်တွေလည်းပေါ်လာနေဆဲပါ။ စင်ကာပူမှာ HDB တိုက်ခန်းငှားတဲ့ အ ခါ အောက်ဆင်းလိုက်ရင် MRT ပဲဆိုရင်တော်တော်ကြိုက်ကြတယ်။ဒီ အချက်ဟာ အရေးကြီးတဲ့ criteria တစ်ခုပဲ။ နာရီဝက်လောက် လမ်းလျှောက် ရမယ်ဆိုရင်စလုံးတွေကော မြန်မာတွေကော မကြိုက်ချင်ကြ တော့ဘူး။ အဲဒီလိုမျိုး ဖြစ်နေမယ်ဆိုရင် HDB ဈေးကတော်တော် ပေါဆိုပဲ။ကံကောင်းရင် MRT လိုင်းသစ်ဖေါက်တာနဲ့ နီးရင် HDB ဈေးကတက်သွားပါလေရော။ ၀ယ်ထားရင် မြတ်ပေမဲ့ ငှားနေရင်တော့ နောက် တစ်ခါ ကန်ထရိုက် စာချုပ်ချု့ပ် ရင်ဈေးတိုးတောင်းနိုင်တယ်။

MRT စီးတိုင်း တွဲတွေပေါ်မှာ မြန်မာလိုပြောဆိုနေတာတွေကြားရတတ်ပါတယ်။ ကျောင်းသူကျောင်းသားအရွယ် တွေလည်း ကျောင်းသားဘာသာဘာဝဆူညံစွာပြောဆိုနေကြတာလည်းကြားရတတ်ပါတယ်။ ဒါတွေကို မြင်ရ တော့ နိုင်ငံရဲ့အနာဂါတ်အတွက် အားတွေပါပဲလို့တွေး မိပါတယ်။အထဲမှာ ကိုယ်လိုချင်တာ မရရင် အပြင်ထွက် လာပြီး ကိုယ်လိုချင်တာ အရယူကြပါ။ အတောင်အလက်စုံရင်ကိုယ်လုပ်ချင်တာလုပ်လိုရပြီ။ တစ်နေ့ကြ ရင်တော့ အမေ့အိမ် ကိုတော့ ပြန်လာကြရမှာပါပဲ။ မပြန်ချင်ရင်လည်း ကမ္ဘာကြီးဟာရွာ ဖြစ်နေပါပြီ။ လူသား တွေအား လုံးအတွက်အလုပ်လုပ်ပေးယုံမျှ နှင့် တာဝန်ကျေပါပြီ။

လန်ဒန်က underground ကိုအတုယူထားတဲ့ MRT ပါ။စာရေးသူ ယူကေမှာ ကျောင်းတက်တုံးက လန်ဒန်နဲ့ နီးတော့လန်ဒန်ကိုခဏခဏရောက်ပါတယ်။ လန်ဒန်မှာ အေးတော့ သွားရင် လာရင် မြေအောက်ရထား ပဲစီးကြ ပါတယ်။ စင်ကာပူ MRT ကိုလည်းလေ့လာလိုက်တာ နဲ့စီးတတ်သွားပါတယ်။ လမ်းညွှန်တွေက သေချာစွာ ရေးထား ဖေါ်ပြပေးထားတော့ အင်္ဂလိပ်စာတတ်ရင်မှားစရာမရှိနိုင်ပါ။ MRT ပေါ်မှာထိုင်စရာနေရာရဖို့ မလွယ် ပါ။ အမြဲတန်းမတ်တပ် ရပ်ရပါတယ်။ခလေးအမေတွေ၊သက်ကြီးရွယ်အိုတွေဆို နေရာ က ထပေးကြတာ တော် တော်များများကြုံတွေ့ ရပါတယ်။

စင်ကာပူရောက်ပြီး ၁၆ရက်နေ့ပဲ ဟိုသွားဒီသွား လုပ်နိုင်ခဲ့ပါတယ်။ တရုတ်နှစ်ကူးကာလဆို သိန်းအောင် (ကော်ကြီး) လာခေါ်တာနဲ့ ဥာဏ်ဝင်းရွှေအိမ် သွားလည်ကြပါတယ်။ ၂နာရီ လောက်ရှေးဟောင်းနှောင်းဖြစ် တွေ ပြောဖြစ်ကြတယ်။ ၁၇ရက်နေ့အကူး မနက် ၂ နာရီလောက်ကြတော့ သမီးဗိုက်နာလာပါရော။ သမီးဗိုက်ကို National University Hospital မှာ အပ်ထားတာပါ။ ဗိုက်အပ်တာက package ပါ။ မွေးရင် ဘယ်လိုအခန်းမျိုး မှာနေမယ်ဆိုတာက အစပါတယ်။ သမီးစဗိုက်အပ်တဲ့နေ့ အဲဒီအချိန်က စင်ကာပူ ရောက်နေတော့ အဖေါ်လိုက် သွားဖူးတယ်။ ဘာလုပ်ရမလဲဆိုတာ instruction တွေ ရေးပေးထားတယ်။ ရေးပေးထားတဲ့ တယ်လီဖုန်း နံပါတ် ဆက်လိုက်တော့ ဗိုက်နာပုံ နာနည်းကိုမေးတယ်။ ၅မိနစ် တစ်ကြိမ်လောက်ဆက်တိုက်နာမှ ဆေးရုံ ကိုလာပါလို့ တာဝန်ကျဆရာမကပြောတယ်။

ဒါနဲ့ နာတာလည်းဆက်လာရော တက်စီ ကို on call ခေါ်လိုက်ပါတယ်။ အသင့်ထုတ်ထားတဲ့ Suit case သေးလေးကိုယူပြီး ၃ ယောက်သား HDB တိုက်အောက် မှာ တက်စီဆင်းစောင့်နေပါတယ်။ hand phone နဲ့ခေါ် လိုက်တာဖြစ်တော့ တက်စီနံပါတ်ပါတခါတည်းပြောလိုက်တယ်။ ဆေးရုံရောက်တော့ လမ်းညွှန်ထားတဲ့ အတိုင်းပဲ delivery suite ဆီကိုလမ်းညွန်ဆိုင်းဘုတ်အတိုင်းပဲလျှောက်သွားကြပါတယ်။ မွေးခန်းထဲကို ခင်ပွန်း ပဲပေးဝင် ပါတယ်။ ဒါနဲ့ visitor lounge မှာသွားစောင့်နေပါဆို လို့ သွားစောင့်နေပါတယ်။ မနက် ၂း၃၀ လောက်ဆိုတော့ ကိုယ်လိုသူလိုဧည့်သည် တစ်ဦးပဲရှိနေပါတယ်။

စေါင့်နေရင်းကနေ နံနက် နေထွက်လာတော့ ဆေးရုံ ၀န်ထမ်းတွေ တဖွဲဖွဲ ရောက်လာပါတယ်။ Breakfast စားဖို့ လိုက်ရှာတော့ဆေး ရုံအောက် ဆုံးထပ်မှာ food stallလေးတစ်ခုတွေ့ပါတယ်။စားစရာလည်းအစုံရပါတယ်။ ကော်ဖီ၊ ပေါင်မုန့်၊ ကြက်ဥကြော်မှာစားပြီး သမီးကတော်တော်နဲ့မွေးအုံးမှာ မဟုတ်တော့ ဆေးရုံ ကိုလျှောက် ကြည့်ခဲ့တယ်။ wheel chair တွေကဆေးရုံအပေါက်ဝမှာတန်းစီထားတယ်။ ကြိုက်သလိုယူသုံးယုံပဲ။ သမီးနဲ့ တူတူလာကြတော့ ညဆိုတော့ wheel chair သုံးရမှန်း မသိပဲ လမ်းလျှောက်လာခဲ့တာ။ မနက်ရောက်တော့ တက်စီပေါ်က ဗိုက်ကြီး နဲ့ဆင်းလာရင် အပေါက် က တာဝန်ကျ က wheel chair တစ်စီးယူပေး တာပဲ။ အတူ လိုက်လာသူကတွန်းယုံပဲ။

ဆေးရုံအောက်ထပ်မှာ pharmacy ဆေးဆိုင်၊ ပန်း၊ get well soon ကဒ်တွေရောင်းတဲ့ ဆိုင်၊တွေ့ရပါတယ်။ အားလုံးသန့်သန့်ရှင်းရှင်းရှိနေကြပါတယ်။ ဒီဆေးရုံမှာ လည်း shuttle bus ရှိတာကိုတွေ့ ရပါတယ်။ နေ့လည် ၁၃း၂၃ နာရီ မှာ သားဦးလေးကိုမွေးပါတယ်။ ၄ နာ ရီလောက်မှ သမီးတို့မွေးခန်းထဲက ထွက်လာပြီး ward 46 ကိုဦးတည်သွားကြပါတယ်။ အသားလေးနီရဲတွတ်နေတဲ့ မြေးလေးကို ပထမဆုံးတွေ့ ရပါတယ်။ အသားအရေက နီတွတ်နေတော့ အသားဖြူမဲ့ကောင် ပဲဆိုတာသိလိုက်ပါတယ်။ သားဦး ရတဲ့ သားမက် ကတော့ မှိုရတဲ့ မျက်နှာပေါ့။

၅နာရီ ကဧည့်ချိန်တဲ့။ အခုက ၄ နာရီပဲရှိသေးတော့ ငါတို့ ၀င်လို့ ရပါမလားတစ်ထိပ်ထိပ်နဲ့ ပေါ့။ ဒါပေမဲ့ စင်ကာပူ ဟာ စည်းကမ်းစနစ်မည်မျှပင် သတ်မှတ်ထားပါစေ။ လူလူချင်းစာနာတတ်ကြပါတယ်။ nurse တွေအားလုံး ပြုံးပြုံးပါပဲ။ ဘယ်သူမှ မောင်းမထုတ်ပါဘူး။ ဗမာဆရာမတွေ ရှိနေတော့ ဘယ်လိုနေရထိုင်ရမလဲ ဆိုတာ ဗမာ လိုပဲလာရှင်းပြပါတယ်။ ၆ ယောက်ခန်းပါ။ ဆေးရုံကုတင်တွေက အစ အားလုံးခေတ်မီ ကြပါတယ်။ ဆေးရှံ မှာ breakfast, lunch, dinner အကုန်ကျွေးပါတယ်။ နောက်တစ်နေ့အတွက် menu selection card မှာ ဖြည့်ပေး ရပါတယ်။Nurse တွေတစ်ယောက်ပြီးတစ်ယောက်လာပြီး သမီး ကို စစ် ကြဆေးကြပါတယ်။ မြေးလေး ကိုလည်း ခေါ်လာပြီး နို့ တိုက်ခိုင်းပါတယ်။

စင်ကာပူ မှာ cesarian case ဗိုက်ခွဲမွေးတာတွေပဲများတော့ normal delivery ဟာရှားပါးတဲ့ case ဖြစ်နေပါ တယ်။ ဒါကြောင့် မွေးခန်းထဲမှာအလုပ်သင်ဆရာဝန်တွေ၊ အလုပ်သင် nurse တွေတော်တော်များများ လာကြည့် ကြတယ်လို့ သမီး ကနောက်မှ ပြောပြပါတယ်။ ၁၇ ရက်နေ့တစ်ရက်ပဲ သမီး မစားချင်မသောက်ချင်ဖြစ်ခဲ့ ပါ တယ်။ ည ၉း၃၀ လောက်ကြတော့ သမီး ဖုံးဆက်ပါတယ်။ မစားချင်မသောက်ချင်ဖြစ်နေတာ ပျောက်သွားပြီ ဖြစ်လို့ nurse မတွေဆီကနေ မိုင်လို နဲ့ဘီစကွတ်တွေ တောင်းစား ရကြောင်းပြောပါတယ်။ ဒါနဲ့နောက်ရက် ဒန်ဒလွန်ရွက်ဟင်းချိုသောက်ချင်ကြောင်းပြောပါတယ်။ သားမက်ကိုပြောပြတော့ ကို လူအေး ကို city hall ကမှာ ထားကြောင်းပြောပါတယ်၊ City hall ဆိုတာ ပင်နာဆူလာ ပလာဇာပါ။ စင်ကာပူ မှာ ရှိတဲ့ မြန်မာ တိုင်းရောက်ဘူးတဲ့ နေရာပါ။

နောက်နေ့ ၁၈ ရက်နေ့ ရောက်တော့ သမီး က စောစော လာခိုင်းပါတယ်။ဆေးရုံရောက်တော့ ခလေးကို တစ်ရက်စောင့်ကြည့် အုံးမှာ ဖြစ်ကြောင်း၊ မအေကိုတော့ ဆင်းချင် ဆင်း နိုင်ကြောင်း ဆရာဝန်ကြီး ရောင်းလှည့် စဉ်က ပြောပါတယ်။ဒါပေမဲ့ စိတ်ပူတတ်တဲ့ သမီးက ခလေးဆင်းခွင့် မပြုသေးလည်းသူပါ ဆေးရုံမှာ ဆက်နေမယ် လို့ ပြောပါတယ်။ ချစ်စရာကောင်းတာက သူငယ်ချင်းတွေ အချင်းချင်း sms ပို့ ပြီး congradulation လုပ်ကြ နဲ့ အလုပ်အားလို့ ကိုယ်တိုင်လာကြည့်တဲ့ သူငယ်ချင်းတွေက လာကြည့်နဲ့ ခလေး ကိုကြည့် ပြီး အမျိုးမျိုးဝေဖန်ပြော ဆိုနေကြတာပေါ့လေ။ အဖေ နဲ့တူ တယ်ဆိုရင် အဖေ ကကျေနပ်၊ အမေနဲ့တူတယ်ဆိုရင် လည်း မအေတူသား ကြီးပွားမယ် ဆိုပြီး နှစ်ယောက်လုံးကကျေနပ်နေကြတာ တော်တော်ပျော်စရာကောင်းပါတယ်။ ရေခြား မြေခြား မှာ သူငယ်ချင်းတွေတစ်ယောက်နဲ့ တစ်ယောက် ယိုင်းပင်းကူညီဖေးမနေကြတာ ဟာ မြန်မာ ရဲ့ ချစ်စရာ ကောင်း တဲ့ စိတ်ဓါတ်လေးပါ။သမီး ကကျန်းမာနေတော့ စိတ်ပူပန်မှုသိပ်မရှိတော့ပါ။ NUH ရဲ့ဆက်ဆံမှု ကလည်း နွေး ထွေးတော့စိတ်ချမ်းသာစရာကောင်းပါတယ်။ သမီးကိုကော ခလေး ကိုကော ဓါတ်ပုံတွေ တဖြတ်ဖြတ်ရိုက် ကြပါတယ်။ ၁၉ရက်နေ့ ကြတော့သက်ဆိုင်ရာက ဆေးရုံကဆင်းခွင့် ပြုပါတယ်။ NUH ကပေးတဲ့ လက်ဆောင် အိတ် လေးဆွဲ လာရင်းဆေးရုံအပေါက်ဝ ဆီလျှောက်လာခဲ့ပါတယ်။ ၁၇ ရက်နေ့ ဆေးရုံ လာစဉ်တုံးက လူသား ၃ ယောက်၊ ၁၉ ရက်နေ့ ဆေးရုံ ကနေ taxi နဲ့ ပြန်လာတော့ကားပေါ်မှာ လူသား ၄ ယောက်ဖြစ်နေပြီလေ။

လျှပ်တပျက် စင်ကာပူ

မြေးလေးမွေးမှာဖြစ်လို့ စင်ကာပူကို ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီ လ တုံးကရောက်ခဲ့ပါတယ်။ စင်ကာပူကို အစိုးရ တာဝန်နဲ့ အကြိမ်ကြိမ်ရောက်ခဲ့ဘူးပါတယ်။ သို့သော်လည်းအစိုးရတာဝန်နဲ့ ဆိုတော့ တည်းရတာက ဟိုတယ်မှာ၊ သွားတော့သံရုံးကစီစဉ်ပေးထားတဲ့ ကား၊ မိုးလင်းမိုးချုပ် တာဝန်နဲ့ပဲအချိန် ကုန်နေရတော့ စင်ကာပူ ရောက်တယ် သာဆိုတယ်၊ စင်ကာပူရဲ့ အတွင်းသဏ္ဍာန်ဘယ်လိုရှိလဲဆိုတာလေ့လာချိန်မရခဲ့ဘူး။ စင်ကာပူကိုစိတ် ၀င်စားနေ တာတော့ကြာပါပြီ။ ကျွန်းနိုင်ငံဖြစ် ပြီး နိုင်ငံသေးသေး လေးဖြစ်ပေမဲ့ သူတို့ ခေါင်းဆောင်တွေ commercial hub ဖြစ်လာအောင် ဘယ်လိုလုပ်ခဲ့ ကြတယ်ဆိုတာ တော်တော်များများလည်းရေးပြီး ကြပါပြီ။ ဖတ်သင့် သလောက် လည်းဖတ်ပီးပါပြီ။ ဒါပေမဲ့ စင်ကာပူနိုင်ငံသားတွေ နေ့တဒူဝ ဘယ်လိုလှုပ်ရှားသွားလာနေထိုင်ကြ တယ်ဆိုတာ ကိုယ်တိုင်မြင်ချင်တွေ့ချင်တဲ့ ဆန္ဒရှိနေပါတယ်။

ပင်စင်ယူပြီးဖြစ်လို့ ဒီတခေါက်စင်ကာပူမှာ ၃ ပါတ်လောက်နေခဲ့ပါတယ်။ သမီးတို့လင်မယားငှားထားတဲ့ Clementi မှာ ရှိတဲ့ HDB တိုက်ခန်းမှာ တည်းခိုခဲ့ရတာပါ။ အသက် ၆၀ကျော်လို့ စင်ကာပူသံရုံးက multiple entry နဲ့ ဗီဇာ ၁ နှစ်ပေးပါတယ်။ ရန်ကုန်လေဆိပ်ကထွက်ကတည်းက လွတ်လပ် ပေါ့ပါးစွာ ထွက်ခဲ့ပါတယ်။ ယခင်အစိုးရတာဝန်နဲ့တုံးက VIP lounge ကနေဗိုလ်လို နက်တိုင်၊business suit စတာတွေဝတ်ပြီး ထွက်ရတာ နဲ့တော့ကွာခြားပါတယ်။ စပို့ရှပ်၊ကာကီဘောင်းဘီရိုးရိုး နဲ့ပြည်သူတွေကြား မှာပြည်သူတွေလိုပဲ လေဆိပ်ထွက်ခွာ ကနေထွက်ခဲ့ပါတယ်။ အရင်က စာရွက်စာတမ်းတွေကိုရုံးက အရာရှိ ကပဲလုပ်ကိုင်ပေးတော့ဘယ်အဆင့်မှာ ဘယ်လိုလုပ်ရသလဲဆိုတာမသိဘူး။ ကိုယ်တိုင်လုပ်ရတော နဲနဲလွဲချော်တာလေးတွေတော့ ရှိတာပေါ့လေ။ ဘာဘဲဖြစ်ဖြစ်စိတ်လက်ပေါ့ပါးစွာ Silk Air လေယာဉ် ပေါ်တက်ခဲ့ရပါတယ်။

ထုံးစံအတိုင်းပါပဲလေယာဉ်ပေါ်မှာ မြန်မာတွေအများကြီးပါ။ တတ်နိုင်သူတွေနဲ့ လူလတ်တန်းစားမြန်မာတွေဟာ စင်ကာပူ ကိုအိမ်ဦးနဲ့ ကြမ်းပြင်သွားလာနေကြပါပြီ။ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဆိုရင် ရန်ကုန် က ညပိုင်း ထိုင်းလေကြောင်းနဲ့လိုက်လာ၊ ထိုင်းလေဆိပ်ထဲမှာရှိတဲ့ဟိုတယ်မှာအိပ်၊ နံနက်စောစောထွက်တဲ့ ဘန်ကောက်-စင်ကာပူလေယာဉ်စီး၊ စင်ကာပူ မှာ ဘဏ်သွားတာ၊အခြားတွေ့စရာလူတွေတွေ့ပြီးတာနဲ့ ညနေပိုင်းစင်ကာပူ-ဘန်ကောက်လေယာဉ်စီး၊ ဘန်ကောက်လေဆိပ်မှာ ဆက်ပြီးဘန်ကောက် - ရန်ကုန်ပျံတဲ့ ညပိုင်းလေယာဉ် ကို ဆက်စီး၊ ညပိုင်း ရန်ကုန်ရောက်၊ နောက်တစ်နေ့ နေပြည်တော်တက်၊ အဲဒီလိုစီးပွားရေးလုပ် နေ တဲ့ မြန်မာလူလတ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တွေလည်းအများအပြားရှိနေပါပြီ။

ဗိုက်ကြီးတကားကားနဲ့ သမီး၊သားမက်ကို ချန်ဂီလေဆိပ်လာကြိုနေတာကို immigration ကအထွက်မှာပဲတွေ့ လိုက်ရပါတယ်။ အိတ်ရွေးတဲ့ belt နားသွားစောင့်နေပြီး အိတ်ရောက်လာတာနဲ့ ဆွဲတင်ပြီးထွက်လာခဲ့ပါတယ်။ သမီးကို suit case သေးသေးလေး ဆွဲလာတာတွေ့ရတော့ ဘာလုပ်ဖို့လဲလိုမေးတော့ အချိန်မရွေးမွေးနိုင်တော့ ဗိုက်နာရင် ဘယ်နေရာကဖြစ်ဖြစ်ဆေးရုံ ပြေးလို့ရအောင်လိုအပ်တာတွေထည့်ထားတာတဲ့။ အဖေ trained လုပ်ထားတဲ့အောက်မှာ ကြီးပြင်းလာ ရတဲ့သမီး၊ အဲဒီ လိုစေ့စပ်သေချာစွာ စီမံထားတော့ စိတ်ထဲ မှာအလွန် ကျေနပ်မိပါတယ်။

သားမက်နဲ့အတူ သူတို့သူယ်ချင်းကိုလူအေးလည်း ပါလာတော့အဖေ နဲ့အတူလေဆိပ်မှာဓါတ်ပုံ ရိုက်လိုက်ကြ သေးတယ်။ ချန်ဂီလေဆိပ် taxi stand မှာ သွားတန်းစီပါတယ်။ စင်ကာပူမှာ စာရေးသူအကြိုက်ဆုံးကတော့ ဘာလုပ်လုပ် တန်းစီရမယ်ဆိုတဲ့ အသိက ပြည်သူအများစုရဲ့ခေါင်းထဲမှာရှိနေတာပါ။ မြန်မာနိုင်ငံမှာတန်းစီနေရင် ကျော်ဖြတ်ဝင်တဲ့အလုပ်ဟာ ထမင်းစားရေသောက်ဖြစ်နေပါတယ်။ဒီအကြောင်း ကိုလည်း စာရေးသူ ရေးဘူးပါ တယ်။လေ့လာကြည့် လိုက်တော့ ဒီလိုလူတွေဟာအများစုကအောင်ခြေလူတန်းစားတွေ များပါတယ်။ စင်ကာပူမှာလည်း Today သတင်းစာဝေနေတုံး ကြားဖြတ်ဝင်ပြီးသတင်းစာယူတာမျိုးတွေ့ ကြုံဘူးပါတယ်။ ဝေနေတုံးဆိုရင်တော့ သတင်းစာဝေနေတဲ့ senior citizen ကမပေးပါဘူး။နောက်မှာသွားတန်းစီခိုင်းပါတယ်။ ဘယ်လောက်ပဲ နောက် ကနေ တရုတ်လိုဆဲနေနေ လုပ်တဲ့သူကတော့ခပ်တည်တည်ပါပဲ။ မကြားချင် ယောင် ဆောင်နေပြီးထွက်သွားတာများပါတယ်။ ကိုယ်ထိ လက်ရောက်လုပ်တာမျိုးတော့ မတွေ့ခဲ့ ရပါဘူး။

သမီးတို့ HDB တိုက်ခန်းက bedroom ၂ ခန်း နဲ့ အခန်းသေးသေးလေးတစ်ခန်း ပါပါတယ်။ မီးဖိုခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း အိမ်သာကတော့ compulsory ပါ။ အိပ်ခန်းသေးလေးတစ်ခုကိုတော့အိမ်ရှင်က သော့ခတ်ထား ပါတယ်။အိမ်လခ ကစင်ကာပူဒေါ်လာ ၁၆၀၀ ပါ။သမီးတို့ကတစ်ခန်းကိုပြန်ငှားထား ပါတယ်။ မြန်မာနိုင်ငံ မှာ မကြာခင်တတ်ပေးတော့မဲ့ အင်တာနက်၊တယ်လီဖုန်း၊တီဗီလိုင်းပါတဲ့လိုင်းလိုမျိုး စင်ကာပူ က HDB တိုက်ခန်း တွေမှာ ရှိတော့ကုန်ကျစရိတ်ကိုshare လုပ်ကြပါတယ်။furnished home လို့ ဆို နိုင်ပါတယ်။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ oven, water heater, air con: စတဲ့ အသုံးအဆောင်ပစ္စည်း တွေထားပေး ပါတယ်။ဒါတောင် full furnished မဟုတ်သေးပါ။ ဧည့်ခန်းသုံး ဆက်တီ၊ တီဗီတွေပါထားပေးရင် ၁၈၀၀ တောင်းတာနဲ့ မယူတော့ ဘူးပြောခဲ့ရတယ်လို့ သမီးက သူ့အတွေ့အကြုံကို ပြန် ပြောပြ ပါတယ်။

Clementi block 427 အောက် လမ်းတစ်ဘက်ကူးလိုက်ရင် wet market, နဲ့ ဆိုင်တွေရှိ ပါတယ်။ ဗမာ စားသောက် ဆိုင်တစ်ဆိုင်ကဗမာ ထမင်းဟင်း ရောင်းပါတယ်။ သမီးတို့အတွက် ဟင်းမချက်နိုင် ရင် ၀ယ် စားလိုက်ယုံပဲ။ တော်တော် အဆင်ပြေပါတယ်။ စင်ကာပူမှာ hawker centre လို့ခေါ်တဲ့ စားသောက် ဆိုင်တွေ HDB အဆောက်အဦး တွေအောက်မှာ ရှိပါတယ်။ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ အစား အသောက်မျိုးစုံ ကိုရောင်းချပါတယ်။ တရုတ်စာ၊ကုလားစာ၊မလေးစာ၊အကုန်ရတယ်။အချို့သော hawker centre တွေဟာ ၂၄ နာရီ ညလုံးပေါက် ဖွင့်ပါတယ်။နောက်စင်ကာပူသားတွေအမြဲဝယ် လေ့ရှိ တဲ့ FairPrice ဆိုင်တွေကလည်း နေရာတကာမှာရှိပါတယ်။

စင်ကာပူရောက်တာနဲ့ မနက်ဖက် ဘယ်မှာလမ်းလျှောက်ရမလဲဆိုတာသားမက် ကိုမေးကြည့် တော့အိမ်နားမှာ ပြေးလမ်း၊ဘောလုံးကွင်းပါတဲ့ stadium တစ်ခုရှိတယ်လို့သိရတယ်။ ဂုံးကျော်တံတားကျော်လိုက်တာနဲ့ stadium ကိုတွေ့နေရတယ်။ ဆရာဝန်က မနက်တိုင်း မှန် မှန်လမ်းလျှောက်ခိုင်းထားတော့ ရန်ကုန်မှာကတည်း ကမှန်မှန်လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ စင်ကာပူ ရောက်ပြီးနောက်တစ်ရက် မနက် ၆ နာရီလောက်ထသွားတော့ ပြေးလမ်း မှာ ပြေးသူတွေပြေး၊ လမ်း လျှောက်သူတွေလျှောက်နေတာတွေ့ရပါတယ်။ stadium ရဲ့ မလွယ် ပေါက်မှာ နံနက် ၄း၃၀ နာရီကစပြီး မလွယ်ပေါက် တံခါးကိုဖွင့်ပေးထားကြောင်း စာရေးထားတာကို ဖတ်ရပါ တယ်။ တံခါးကို timer နဲ့အချိန်ကိုက်ဖွင့်ပေးထားတာနဲ့တူပါတယ်။လူလာဖွင့်တာတော့မဖစ်နိုင်ဘူး။ စင်ကာပူမှာ နေခဲ့တဲ့ ၃ ပတ်လုံးလုံးပဲနနက် ၆ နာရီအရောက်သွားပြီး၁နာရီလမ်းလျှောက် ကျန်းမာရေး လေ့ ကျင့်ခဏ်း လုပ်ဖြစ်ခဲ့ပါတယ်။

သမီးကအဖေ ကို MRT ကော၊ဘတ်စ်ကားကောစီးလို့ရတဲ့ e-link card လုပ်ပေးထားပါတယ်။ လသုံးကတ်လိုမျိုးပေါ့။ ဒါပေမဲ့ ဒီကတ်က ကုန်သွားရင် ပြန်ဖြည့် လို့ရတယ်။ ကုန်မကုန် ကိုလည်း စက်မှာ check လုပ်လို့ ရတယ်။ ၁၅ နှစ် ခံတယ်လို့ ကျေညာထားတယ်။ ဒီကတ်ကိုပိုက်ဆံအိတ်ထဲ ထည့် ထား၊ MRT လိုင်းဝင် တာနဲ့ sensor ပေါ် ပိုက်ဆံအိတ်တင်လိုက်ယုံပဲ။ ကတ် ထုတ်စရာမလိုဘူး။sensorဆွဲအားတော်တော် ကောင်း တယ် လို့ဆိုနိုင်ပါတယ်။ ဘတ်စ်ကားပေါ်တက်လည်း အ၀မှာ ရှိတဲ့ sensor မှာပိုက်ဆံအိတ် ကိုကပ်လိုက်ယုံပဲ။ “တီ” ကနဲအသံထွက်လာရင် ဘတ်စ် ကားခပေး ပြီး ပြီဆိုတာဒရိုင်ဘာ ကသိလိုက်ပြီ။ အဆင်းကြရင်လည်း ပိုက်ဆံအိတ်ကပ်လိုက်ယုံပဲ။ ဘယ်မှာ ဆင်းလဲ ဆိုတာ chips မှာပေါ်နေတော့ ကျသင့်ငွေ ကိုဖြတိ လိုက်ပါတယ်။ လပေးမဟုတ်ပဲ ဘယ်ကနေ ဘယ်သွားမယ်ဆိုရင် တစ်ဒေါ်လာ deposit တင်ပြီး လက်မှတ်ဝယ်လို့ရတယ်။ လမ်းဆုံးကြ ရင် ကိုယ်ပေးထားတဲ့ deposit တစ်ဒေါ်လာ ကိုပြန်ထုတ်လိုက်ယုံပဲ။ အချို့ ကကားပေါ်မှာ လက်မှတ်ရောင်းတဲ့ စက်မှာ ငွေအကြွေတွေထည့်ပြီး လက်မှတ်ဖြတ်ကြတယ်။ ဘတ်ကားကို ဒရိုင်ဘာကပဲ ထိုင်ရာ မထ လက်မှတ်ရောင်းတာဝန် ကောတခါးအဖွင့် အပိတ်၊ စတဲ့ တာဝန်ပေါင်းများစွာကို သူတစ်ယောက် တည်း ကပဲလုပ်ပါ တယ်။

မသန်မစွမ်းသူတစ်ယောက်ကားပေါ်တက်မယ်ဆိုရင် ဒရိုင်ဘာကိုယ်တိုင် ထိုင်ရာက ထပြီး wheel chair ကိုတင်ပေး တယ်၊ခေါက်ပေး ပါတယ်။ ဆင်းတော့ လည်း ထိုင်ရာက ထပြီး ကူညီ လုပ်ကိုင်ပေးကြတာကိုတွေ့ ရပါတယ်။ နိုင်ငံကြီးသားပီသတဲ့ အပြုအမူတွေဟာချစ်စရာအတော်ကောင်းပါတယ်။ စင်ကာပူ ဟာ ပြည်သူ့နီတိ (moral) နဲ့ပတ်သက်လို့ တော်တော်လေ့ကျင့်ထားပြီးဖြစ်တယ်လို့ ထင်ပါတယ်။ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်း ဘယ်လိုရှိသလဲ ဆိုတာစာရေးသူ မသိသေးပေမဲ့ ပြည်သူအများစုကတော့ လိုက်နာလုပ်ဆောင်နေတာကို တွေ့ရ ပါတယ်။ စာရေးသူတို့ ငယ်ငယ်က စိန် ပီတာကျောင်းမှာ moral ဆိုတဲ့ ဘာသာရပ် ကသင်ရိုးအချိန် ဇယား မှာ တစ်ပတ် ၂ - ၃ ကြိမ်လောက်ပါ ပါတယ်။ စာမေးပွဲ မရှိ လို့ကျောင်းသားအများ စုကစိတ်သိပ်မ၀င်စား ကြပေမဲ့ သင်တဲ့ သူကကောင်းရင် ခေါင်းထဲမှာ စွဲသွားပါတယ်။အဲဒီအချိန် ကတော့ moral နဲ့ physical Fitness training တစ်လှည့် စီဆိုတော့ အပြင်ထွက် လတ်ယားလတ်ယားလုပ်ရတဲ့ physical training ကိုကျောင်းသား အများစု ကကြိုက်ကြတာအမှန်ပါ။

နှစ်ပေါင်း ၄၀- ၅၀ ကျော် လုပ်ရကောင်းမှန်းမသိကြပဲ ပြည်သူနီတိ ကိုသင်ရိုး တွေကနေုပစ်ပယ်ထားကြတော့ မြန်မာပြည်သူ အများစုဟာ နိုင်ငံတကာစံချိန်တွေနဲ့ ယှဉ်ရင်သူများနောက်ရောက်နေကြတာကိုတော့ မငြင်းနိုင် ပါ။ ဒါကိုထောက်ပြတော့ အမေကျော်ဒွေးတော်လွမ်းတဲ့ ကောင်လို့များပြောကြမလားမသိပါ။

Monday, July 20, 2009

စင်ကာပူ က သူငယ်ချင်းများ


စင်ကာပူက သမီး၊သားမက်နဲ့မောင်တိုင်ပင် Singapore Orchid Garden ရှေ့မှာတွေ့ရပုံ

စင်ကာပူကို အစိုးရတာဝန်နဲ့ အခေါက်ခေါက် အခါခါရောက်ပေမဲ့ အလုပ်ပဲတချိန်လုံး လုပ်နေရတာကြောင့် ဘယ်မှမသွားနိုင်ခဲ့ဘူး၊ စင်ကာပူမှာ သူငယ်ချင်းတွေရှိပေမဲ့ ဖုန်းနဲ့ ပဲနှုတ်ဆက်ခဲ့ရတယ်။ မြန်မာပြည် ကအင်ဂျင်နီယာ တို့ ရဲ့ ရေကြည်ရာမြက်နု ဒေသတစ်ခုလို့ဆို နိုင်တဲ့ စင်ကာပူမှာ RIT ကျောင်းတော်သားတွေ အများအပြားရှိနေကြတာမဆန်းပါဘူး၊

ဒီတစ်ခေါက်တော့ပင်စင်ယူ ပြီဖြစ်လို့ စင်ကာပူမှာအချိန်အတော်ကြာနေနိုင်ခဲ့ပါတယ်။ PRဖြစ်နေတဲ့ သမီး ကပထမဆုံးကိုယ်ဝန်ရှိနေ၊ သူ့အမေ ကလည်း မရှိတော့ အမေ့ကိုယ်စားသူ့လည်းကြည့်ရင်း တစ်နှစ်တစ်ခါ ဆေးစစ်နေကြ ဖြစ်တော့ ဆေးလည်းစစ် ချင်၊ ဒါနဲ့ပဲ စင်ကာပူ ကို LPR အချိန်ကာလမှာပဲ ပြည်ပထွက်ခွင့် တင်ပြပြီး ရောက်ခဲ့ပါတယ်။

စင်ကာပူမှာအလုပ်လုပ်နေသူ တွေအများဆုံးနေ နေကြတဲ့ Clementi ကHDB တိုက် ၃၆၂ ရဲ့ ၅ထပ်မှာ နေခဲ့ရ
ပါတယ်။စင်ကာပူမှာနေတဲ့မြန်မာတွေရဲ့ life style ကိုလေ့လာရတာပေါ့။ သမီးကလည်း စ လုံးတွေအကြောင်း
ပြောပြပါရဲ့။ဗမာတွေအားနာတတ်တာကို အခွင့်ကောင်းယူပြီး bully လုပ်တယ်။ အထင်သေးတယ်။ သမီး တို့
လိုမြန်မာတွေကတော့ နေသေးသပခြုံထဲကပေါ့။ သူနိုင်ငံမှာနေပြီး သူ့ကျေးဇူးကန်းတာတော့မဟုတ်ဘူး၊ ငါတို့
တိုးတက်လာခဲ့ရင်ဆိုပြီးထားတဲ့စိတ်ကိုပါ။ ကိုယ်တိုင်ကြုံရတာကတော့ စ လုံးကလူငယ်တွေ ဒေါင့် မကျိုးဘူးဆို
တာတော့ တွေ့ ရတယ်။ VOICE က အောင်ထွတ် ရေးသလိုပဲ အနောက်ကိုတော့ တော်တော်ဆရာတင်ပြီး Asia
value ဆိုတာပျောက်နေတယ်။ အခုတော့ တရုတ်က တက်လာတော့ တရုတ်ကို ဆရာကြီးနေရာ မှာ ထားဖို့ ပြင်
နေပြီ။ မန်ဒရင်းလိုပြောရမယ်တို့ ဘာတို့လုပ်နေပြီလေ။ ထားပါတော့။

သမီးကိုစည်းကမ်းနဲ့နေတတ်အောင် ငယ်ငယ်ကတည်းက train လုပ်ထားတော့ စည်းကမ်းဘောင်မှာနေရတာ
သူ့အတွက်အကြောင်းမဟုတ်တော့ဘူး။ဒါပေမဲ့ တာဝန်မကျေဘူးလို့ထင်မှာကိုကြောက်တော့ စ လုံးတွေ ရဲ့
bully လုပ်တာကို တော်တော်ခံရတယ်။ ကိုယ်ဝန်သွားပြတော့ စိတ်ပိုင်းဆိုင်ရာဆရာဝန်ကို စ လုံးတွေ bully လုပ်တာကိုတော်တော် ခံပြင်းကြောင်းပြောပြတော့ ဆရာဝန်က စ လုံးတိုင်းမရိုင်းပါဘူးလိုပြန်ပြောတယ်။ မိတဆိုးသမီးမို့ သူများဗိုလ်ကျတာမခံရအောင် ကိုယ်မှန်တယ် ထင် ရင် fight သာ fight လို့ သင်ထား train လုပ်ထားပေမဲ့ တစ်ခါတစ်ခါ fight လွန်းလို့ ငါသင်ထားတာလွန်နေပြီလားလို့ ကိုယ့် ကိုတောင်သုံးသပ်မိပါရဲ့။

စင်ကာပူမှာ အလုပ်ကသင်ထားတော့ စ လုံးဝန်ထမ်းအချို့  အပါးဝရင် အထက်လူကြီးနဲ့ တွေ့ခွင့်တောင်ပြီး
complaint လုပ်တော့တာပါပဲ။ ဒါတွေကအလုပ်ကသင်ထားတာလေ။ customerကိုလေးစားရမယ်၊
တန်ဖိုးထားရမယ်၊customer က complaint လုပ်ရင် အထက်လူကြီး ကခေါ်ဆူတာခံရမယ်။ ဆိုးဆိုးဝါးဝါး
လုပ်မိ ရင် အလုပ်တောင်ပြုတ်နိုင်တယ်။

စင်ကာပူရောက်တာနဲ့ ဥာဏ်ဝင်းရွှေ ဆီဆက် ကြည့်တယ်။ ဆိုက်ဆိုက် မြိုက်မြိုက်ပါပဲ။ ၀မ်းသာအားရနဲ့ ပြော
တော့တာပါပဲ။ ဒီကောင်လည်းပင်စင်ယူပြီး charity အလုပ်တွေလုပ်နေတယ်။ မြန်မာပြည်နာဂစ်ဖြစ်တော့ စင်
ကာပူကြက်ခြေနီ နဲ့ အတူတူ လာပြီး ဆေးရုံတွေဆောက် cyclone shelter တွေဆောက်နဲ့ မြန်မာပြည် ခဏ ခဏရောက်တယ်။ ဒါနဲ့ Saturday နေ့လည် ၁ နာရီ ပင်နီဆူလာ ပလာဇာ ကတော်ဝင်ဆိုင်ကိုလာဖို့ချိန်း လိုက်တယ်။မြင့်ဖေလည်းရောက်နေတယ်လိုပြောတယ်။MES အင်ဂျင်နီယာအသင်းအစည်းအဝေးလာတက် တာ လို့သိရတယ်။

စနေရောက်တော့ သမီးကအဖေကိုစိတ်ပူလို့ MRT နဲ့ လိုက်ပို့တယ်။ သိန်းအောင်ကော်ကြီး က အရင်ရောက်
လာတယ်။ မတွေ့တာကြာတော့ရောက်တတ်ရာရာတွေ အတော်ပြောဖြစ်ကြတယ်။ လေကြောင် ဥာဏ်ဝင်းရွှေ က နောက်ကျမှ ရောက်လာတယ်။သူငယ်ချင်းတွေ အချင်းချင်း တွေ့ ကြ ရင် ငယ်နံမည်တွေခေါ်ပြီး မင်းနဲ့ ငါနဲ့
ပြောကြရတဲ့ အရသာ ဟာဘယ်ဟာနဲ့မှ မတူဘူးဆိုတာ မျိုးဆက်သစ်တွေကြီးလာရင်သိလိမ့်မယ်။

လေကြောင်ရောက်လာတော့ ဆရာကြီး ကပင်နီဆူလာဘေး က ကော်ဖီဆိုင်ခေါ်သွားတယ်။ ကာတွန်းမြင့်ဖေ
ကတော့မရောက်သေးဘူး၊ ကတ်ပက်ဆီနိုမှာသောက်ရင်း လေကြောင်ကိုမေးရသေးတယ်။ ဗမာပြည်မှာ လို လက်ဘက်ရည်ကြမ်း တစ်တစ်အိုးနဲ့ (အခုတော့ ကတ်ပတ်ဆီနို တစ်ခွက်နဲ့) ကြာကြာထိုင်လို့ ရရဲ့လား လို့--
မြန် မာတွေများတဲ့ ပင်နီဆူလာနဲ့ နီးလို့လားတော့ မသိဘူး NWS ကရတယ်လို့ပြောတာပဲ။ဒါနဲ့ မထူးတော့ပါ
ဘူး၊ နှငိတောမှ ပြန်တော့ မယ်ဆိုပြီး ထိုင်နေတုံး မြင့်ဖေရောက်လာတယ်။ လေးယောက်သားဆုံကြတော့ မြင့်
ဖေလည်း သမီး ဘွဲ့နှင်းသဘင်ကိုလာတာဖြစ်နေရော။ စကားစပ် မိ ကြတော့ သားမက်နဲ့ တစ်နေ့တည်း တစ်ချိန်
တည်း NUS မှာ အတူတူပဲ။
RIT 72 batch ကသူငယ်ချင်း ၄ ယောက်စင်ကာပူ ကော်ဖီဆိုင် မှာ စတိုင်ကျကျနဲ့ ကတ်ပက်ဆီနို သောက်နေကြပုံ

သူငယ်ချင်း ၄ ယောက်တွေ့ RITတုံးကရှေးဖြစ်နှေုာင်းဖြစ်တွေတော်တော်စမြုံ့ ပြန်ခဲ့ ကြတယ်။ ကော်ကြီးသိန်း
အောင်ကစင်ကာပူမှာ ဂျင် ဖြစ်နေပြီ။ ကားတစ်စီးနဲ့ လျှောက်သွားနေတာ စ လုံးကတောင် လမ်း မသိရင်ဆရာ
တင်ရတယ်။ ခက်တာ က ဒီကောင်က မြန်မာပြည် ကအကျင့်မဖျောက်နိုင်ဘူး၊ ကွမ်းတစ်မြုံ့ မြုံ့ဝါးတာရယ်၊ အ
လုပ်ဆိုပြီး ထမင်းစားပြီးရင် ကားကို လမ်းဘေးတစ်နေရာ ထိုးပြီး afternoon nap ယူတာရယ်ပါ။ လေကြောင်က အကြောင်းသိ ဆိုတော့ ဖေါ်ကောင်လုပ်တာပေါ့။သူငယ်ချင်းတွေအကြောင်းဖေါ်ကောင်လုပ်ရတာတော့ မကောင်းပါဘူး၊ မြန်မာပြည် က WTO တို့ ရွှေသွားတို့ မျောက်ဖြူ တို့ အကြောင်းတွေလည်းပါရဲ့။ blog ရေးတတ်ခါစဆိုတော့ မသွက်သေးဘုး၊ ရေးစရာတွေကျန်နေသေးတယ်။