Showing posts with label မိသားစုဘ၀. Show all posts
Showing posts with label မိသားစုဘ၀. Show all posts

Monday, November 26, 2018

စကားပြောဖေါ်

ဘော်ဘော်တို့ရေ  စင်ကာပူမှာ ကိုယ့်အတွက်အကောင်းဆုံးစကားပြောဖေါ်က မြေးအကြီး ဖြစ်နေတယ်။မြေးကြီးက ၂၀၁၈ ဒီဇင်ဘာကုန်ရင် Clementi Primary School မှာ P3 တက်ရတော့မယ်။သူ့ကိုတတိယတန်းမြန်မာဖတ်စာအုပ်ထဲက ရှေးမြန်မာပုဂံသူရဲကောင်းတွေအကြောင်းဖတ်ပြရသလို အင်္ဂလိပ်လိုလည်းရှင်းပြရတယ်။ သူ့မှာ ဖတ်စာအုပ်ထဲမှာပါတဲ့ မြန်မာစာတွေ ရဲ့အနက် အင်္ဂလိပ် လိုရေးထားတဲ့ကိုယ်ပိုင်အဘိဓါန်လေးလည်းရှိတယ်။သူကလည်းသူ့ကျောင်းကဆရာမပြောတဲ့ food hygiene အကြောင်းပြောပြတယ်။ ကျောင်းမှာ fast food တွေမရောင်းဘူး။အပြင်မှာဝယ်မစားဖိုလည့်းပြောတယ်။ သူ့ရေဘူးကိုဆိုအဖိုးမသောက်ရဘူး။ရေဘူးထဲကရေကို အဖိုးသောက်တဲ့ရေဘူးထဲထည့်ပြီးမှသောက်ရတယ်။personal hygiene လေ။

ပုဂံအကြောင်းကို သူ့တီတီချော ရဲ့ I write I travel ဘလော့ ကိုပြပြီး ရှေးကမြန်မာလူမျိုးတွေဘယ်လိုယဉ်ကျေးမှုတွေရှိခဲ့တယ်ဆိုတာ ပြရတယ်။ ပုဂံဆေးရေပန်းချီတွေ တွေ့တော့ စိတ်ဝင်စားတယ်။မြေးကြီးက arts ဝါသနာပါတာကိုး။ တီတီချောရိုက်ထားတဲ့ ပုဂံဘုရားဓါတ်ပုံတွေနဲ့ ရှင်းပြရင်တော်တော်စိတ်ဝင်စားတယ်။တီတီချောကလည်းပုဂံဘုရားတွေကိုအရမ်း ရူးသွတ်တယ်မဟုတ်လား-- အခုတစ်ခေါက်မြန်မာပြည်ပြန်ရင် အဖိုး ပုဂံကိုလိုက်ပြချင်တယ် လို့ပြောရတယ်။

Google photo မှာရှာပြီးသူငယ်ငယ် ကလည်ခဲ့ဘူးတဲ့ ပုဂံခရီးစဉ်ကို လည်းရှာပြီးပြရတယ်။တကယ်တော့မြေးကြီးကို  I pad မသုံးစေချင်လို့ သူသုံးမဲ့ အချိန်ထဲက မသိမသာယူပြီး ကိုယ်ရိုက်သွင်းချင်တာတွေကိုရိုက်သွင်းရတယ်။