Friday, June 15, 2012

အများပိုင်ကုမ္မဏီနှင့်အရင်းအနှီးဈေးကွက်

ဒီလ၁၃ရက်နေ့ထုတ် The Strait Times သတင်းစာမှာ စင်ကာပူမှာအပေါင်ဆိုင်လုပ်ငန်း၌အကြီး
ဆုံးဖြစ်သည့် Maxi-Cash Financial Service Corporation Ltd  ကုမ္ဗဏီ၏ IPO ကြော်ငြာကိုဖတ်
လိုက်ရပါတယ်။Maxi-cash သည်စင်ကာပူတစ်ဝှမ်းအပေါင်ဆိုင်လုပ်ငန်းဖွင့်လှစ်လုပ်ကိုင်လျှက်ရှိပါ
တယ်။Maxi-Cash ကုမ္ဗဏီဟာလုပ်ငန်းတိုးချဲ့ရန်အတွက်အရင်းအနှီးစုဆောင်းလိုသောကြောင့် The Strait Times သတင်းစာနောက်ကျောမှနေ၍ Initial Public Offering( IPO) မိမိပိုင်ကုမ္ဗဏီမှာအမျုားပြည်သူ
သို့ရှယ်ယာစတင်ရောင်းချခြင်းကိုဆောင်ရွက်မည်ဖြစ်ကြောင်းမျက်နှာပြည့်ကြော်ငြာတာ ဖြစ်ပါတယ်။ရှယ်
ယာပေါင်း၅၆၀၀၀၀၀၀ကိုစင်ကာပူဒေါ်လာဝ.၃၀ဖြင့်ထုတ်ရောင်းမည်ဟုကြော်ငြာထားပါတယ်။ နို်င်ငံတကာ
တွင်အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲလုပ်ကိုင်ရန်အတွက် ရှယ်ယာများစတင်ထုတ်ရောင်းပါ က”IPOလုပ်သည်”ဟုသုံးနှုန်းပါတယ်။အဲဒီသတင်းစာမှာပဲအရှေ့တောင်အာရှ IPOဈေးကွက်ဟာအတော်
အားကောင်းနေတယ်လို့ဆိုထားပါတယ်။ မလေးရှားကFelda Global Venturing Holdings ဟာ IPO ပေါင်းအမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံခန့် မကြာခင်မှာရောင်းချမယ်လိုသိရပါတယ်။အဲဒီလိုပဲအရှေ့တောင်
အာရှနိုင်ငံရှိကုမ္ဗဏီများရဲ့ IPO ရောင်းချရမှုဟာသိသိသာသာတိုးတက်လာခဲ့တယ်လို့ Deutsche Bank ကခန့်မှန်းပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲလွန်ခဲ့သောအပတ် Voice ဂျာနယ်မှာမန္တလေးမှာမြို့သစ်စီမံကိန်းလုပ်ကိုင်ရန်အတွက်
နံမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဦးဆောင်ပြီး မန္တလေးဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ဗဏီ
အဖြစ်ဖွဲ့စည်းလုပ်ကိုင်မှာဖြစ်တဲ့အတွက် IPO ရှယ်ယာတစ်စုလျှင်၁၀၀၀၀ကျပ်ထည့်ဝင်နိုင်ကြောင်း၊
၂၀၁၂ နှစ်ကုန်လျှင်IPO ကိုစတင်ရောင်းချမှာဖြစ်ကြောင်း၊အမေရိကန်ဒေါ်လာ ၂ ဘီလီယံ
( မြန်မာကျပ် ၁၇၀၀ ဘီလီယံ)ကုန်ကျမည်ဟုခန်မှန်းထားကြောင်းပြောကြားခဲ့တယ် လို့ The Voice ၈ျာနယ်
မှာ ဖတ် လိုက်ရပါတယ်။ဒါလောက်များတဲ့ငွေကြေးဆိုတော့စနစ်တကျစည်းကမ်းနဲ့လုပ်သင့်သလိုသိသာမြင်သာ
ထင်သာစေရမှာဖြစ်ပါတယ်။

 IPO ရောင်းပြီဆိုရင် ကုမ္ဗဏီအကြောင်း(coporate profile)ဘယ်အပိုင်းမှာရင်းနှီးမြုပ်နှံမယ်( investment highlights)ဘာတွေအကျိုးခံစားရမယ်(prospectous)ဆိုတာတွေကိုအကျဉ်းလောက်ဖြစ်ဖြစ်ဖေါ်ပြပေးရမှာ
ဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ခြင်းဟာအများပိုင်ကုမ္ဗဏီတည်ထောင်ခြင်းရဲ့အစပိုင်းသိသာမြင်သာထင်သာ
အောင်လုပ်ခြင်းဖြစ်ပါတယ်။စင်ကာပူမှာတော့ဒီလိုကိစ္စတွေဆောင်ရွက်နိုင်ဖို့ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း
စည်းကမ်းတွေအသေအချာရေးဆွဲထားပြီးစည်းကမ်းလည်းအင်မတန်တင်းကြပ်ပါတယ်။အခုဆိုရင်ကုန်
သွယ်မှုဆိုင်ရာအငြင်းပွားမှု( arbitration)အတွက်စင်ကာပူဟာနိုင်ငံတကာမှာအကောင်းဆုံးလို့အ
သိအမှတ်ပြု ထားပြီးတောတော်များများ ကစင်ကာပူဥပဒေကိုလက်ခံပြီးပဲလုပ်တာကိုင်တာဟာတရား
မျှတတယ်လို့ယူဆလာကြပါတယ်။


၂၀၁၅ခုနှစ်၌မြန်မာနို်င်ငံတွင်စတော့အိတ်ချိန်းများရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင်တည်ထောင်ရန်
၁၉၉၆ခုနှစ်ကတည်းကမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ဒိုင်ဝါသုတေသနဌာန၊တိုကျိုစတော့အိတ်ချိန်း
နှင့်မြန်မာနိုင်ငံဗဟိုဘဏ်တို့အကြားနားလည်မှုစာချွန်လွှာကိုသဘောတူလက်မှတ်ရေးထိုးခဲ့သည့်သတင်း
များ မကြာသေးမီကထွက်ပေါ်ခဲ့ပါတယ်။အများပိုင်ကုမ္မဏီ၊စတော့အိတ်ချိန်း၊အရင်းအနှီးဈေးကွက်
များမြန်မာနိုင်ငံတွင်ပေါ်ပေါက်လာရေးကိုကြွေးကျော်နေခဲ့သည်မှာဆယ်စုနှစ်တစ်စုကျော်လောက်ကြာ
ခဲ့ပြီထင်ပါတယ်။၁၉၉၆ ခုနှစ်ကဒိုင်ဝါသုတေသန Securities နဲ့မြန်မာစီးပွားရေးဘဏ်တို့အကြားစာချုပ် ချုပ်ဆိုပြီး Myanmar Securities Exchange Centre ထူထောင်ခဲ့သော်လည်း အများပိုင်စာရင်းဝင်ကုမ္မဏီသည်ယနေ့ထိ
 ၂ ခုသာရှိခဲ့ပါတယ်။ အများပိုင်စာရင်းဝင်ကုမ္မဏီများများမရှိသည့်အတွက် အရင်းအနှီးဈေးကွက်
လည်းမြန်မာတွင်ပေါ်ပေါက်မလာခဲ့ပါ။သက်ဆိုင်ရာကဆန္ဒမစောပါနှင့်လို့တွင်တွင်ပြောလာခဲ့သည်မှာဆယ်
စုနှစ်တစ်စုသာကျော်လာခဲ့သည်၊ဘာမှဖြစ်မလာခဲ့ပါ။လုပ်လည်းမလုပ်၊နားလည်တဲ့သူကိုလည်းဆရာမတင်ပဲနေခဲ့တယ်။ အတိုးများများပေးပြီးတရားမ၀င် အရင်းအနှီးစုဆောင်းခဲ့သည့်ကုမ္မဏီများပေါ်ပေါက်လာခဲ့ရာပြည်သူများ
သည်ခဲမှန်ဘူးသည့်စာသူငယ်ကဲ့သို့ အယုံသွင်း ခံရကာမရှိမဲ့ရှိမဲ့စုဆောင်းထား
သောငွေများအလိမ်ခံရမည်ကိုစိုးရိမ်ပူပန်နေသောကြောင့်အများပိုင်ကုမ္ဗဏီဆိုလျှင်ခပ်လန့်လန့်ဖြစ်နေကြ
ပါတယ်။

အဲဒီလိုကုမ္မဏီတွေမဟုတ်တာလုပ်ခဲ့တော့ထုံးစံအတိုင်းပြောစရာကရသွားပြီး လိမ်တဲ့ကုမ္မဏီတွေပေါ်လာ
မှာစိုးလို့ဆိုကာ အများပို်င်ကုမ္မဏီပေါ်ပေါက်လာရေး ကိုအားမထုတ်တော့ ပဲချောင်ထိုးခဲ့ပါတယ်။
ဒါအပြင်အကြောင်းရင်းကိုမရှာ သိမ်းကျူံးပြီးဘာမလုပ်ရညာမလုပ်ရနဲ့ ပိတ်ပင်တဲ့စည်းမျဉ်း(barriers) တွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာလွယ်နေတာအားလုံးခက်သွားပြီးပြည်သူတွေမညည်းရဲ မညူရဲ နဲ့ လုပ် ခဲ့ကြရတာတွေကိုစာဖတ်သူများမေ့လိမ့် ကြအုံးမယ်မထင်ပါ။

မောင်တိုင်ပင်တို့ ကိုတစ်ဖွဖွပြောနေတာက ပြည်သူတွေရဲ့ဖျာအောက်ကငွေတွေကိုအရင်းအနှီးဈေးကွက်
ထဲရောက်အောင်လုပ်ရမယ်ဆိုသော်လည်း  လုပ်ငန်းရှင်တွေကတော့   ဆာလာအိတ်တွေနဲ့ တစ်နေရာ
မှတစ်နေရာကိုငွေတွေသယ်၊ဘဏ်တွေရှေ့မှာဆာလာအိတ်တွေကိုဘဏ်အစောင့်တွေကသယ်၊အသွင်း
အထုတ်လုပ်ပြီးထရန်ဆက်ရှင်တွေလုပ်ကြရပါတယ်။ဒေသတွင်းမှာ ဘယ်နိုင်ငံမှာ မှ မတွေ့ရတဲ့မြင်ကွင်း
တွေကို ယနေ့တိုင်တွေ့နေရဆဲပါ။(တစ်သောင်းတန်ထုတ်လိုက်တော့ငွေတွေကျစ်သွားလိမ့်ထင်ပါတယ်)
သူဌေးတွေသူကြွယ်တွေရဲ့ငွေတွေလည်းရွှေဖက်ရောက်လိုက်၊ကားဖက်ရောက်လိုက်၊အိမ်ခြံမြေတိုက်ခန်း
ဈေးကွက်ရောက်လိုက်နဲ့ငါးပွက်ရာငါးစာချခဲ့ကြပြီး မတည်ငြိမ်သောဈေးကွက်များဖန်တီးခြင်းသာ
အဖတ်တင်ခဲ့ပါတယ်။

တလောကဆိုပါကအစိုးရရဲ့မူဝါဒအလွှဲအပြောင်းကိုမခန်းမှန်းနိုင်တဲ့အတွက်(သို့မဟုတ်အငိုက်မိသွား
သည့်အတွက်) လုပ်ငန်းရှင်များကားဈေးကွက်မှာ သိန်းပေါင်းသောင်းချီရှုံးခဲ့ကြခြင်းဟာ ဈေးကွက်ပုံပျက်
သွားခြင်းရဲ့အကျိုးဆက်တစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။လုပ်ငန်းရှင်တွေနစ်နာခြင်းဟာတိုင်းပြည်နစ်နာခြင်းပါပဲ။ တာကိုတော့နောင်ကာလတွေမှာသတိထားသင့်ပါတယ်။နောက်တစ်ခုကခိုင်မာသောပေါ်လစီတစ်ရပ်
မချမှတ်နိုင်ပဲလက်တန်းလျှောက်လုပ်နေတဲ့သဘောများပါဝင်နေ တာကိုတွေ့ရပါတယ်။

အိမ်ခြံမြေဈေးမှာလည်းအာဆီယံနိုင်ငံများအနက်အမြင့်ဆုံးအဆင့်၌ရောက်ရှိခဲ့ပြီးနို်င်ငံခြားရင်းနှီးမြုပ်နှံမှုများကိုအဟန့်အတားသဖွယ်ဖြစ်စေခဲ့ပါတယ်။စတော့ဈေးကွက်ပေါ်ပေါက်လာရေးအတွက်မောင်တိုင်ပင်မဆွေး
နွေးလိုပါ။အများပိုင်ကုမ္မဏီမရှိရင်စတော့ဈေးကွက်ကြီးဘယ်လိုမှမပီပြင်နိုင်ပါ။ ဒါကြောင့်မောင်တိုင်ပင်
အနေနဲ့စတော့ဈေးကွက်ကိုအသာထား-ပညာရှင်တွေအများကြီးပဲ၊သူတို့ဆွေးနွေးကြလိမ့်မယ်။မောင်တိုင်ပင်
ကတော့အများပိုင်ကုမ္မဏီများ စနစ်တကျပေါ်ပေါက်လာရေးကိုပဲတင်ပြလိုပါတယ်။

မြန်မာကုမ္မဏီများသည်မိသားစုစီးပွားရေးလုပ်ငန်များဖြစ်ကြပြီးအချို့မှာအစုစပ်ပုဂ္ဂလိကကုမ္မဏီများ (private company)ဖြစ်ကြပါတယ်။ ကုမ္မဏီများလုပ်ငန်းတိုးချဲ့လိုသည့်အခါ ရန်ပုံငွေ (fund) ရရှိရေးအတွက်ပြင်ပမှ
အတိုးနှုန်းမြင့်မြင့် ဖြင့်ချေးငှားကြရသလိုအချို့ မရွှေ့မပြောင်းနိုင်သောအိမ်တိုက်တာမြေများ
ရှိပါကဘဏ်တွင်အပေါင်ထား၍ငွေချေးကြရပါတယ်။ သို့သော်အိမ်ခြံမြေဈေးနှုန်း valuation သည်book value မဟုတ်ပဲ market value ပေါ်အခြေခံချေးရပါတယ်။ ဘဏ်များအနေဖြင့် risk အလွန်များပြီး NPL (non performing loan) များဖြစ်သွားနိုင်ချေရှိပါတယ်။ စင်ကာပူကဲ့သို့နိုင်ငံ၌ အရင်းအနှီးရရှိရေး (fund raising) အတွက် ပုဂ္ဂလိကကုမ္မဏီ (private )များသည် အများပိုင်ကုမ္မဏီ (public listed company)အဖြစ်သို့ စနစ်တကျပြောင်းလဲ
ကြရပါတယ်။ဤသို့ပြောင်းလဲရာတွင်လုပ်ငန်းစဉ်များသည်ရှုပ်ထွေးလှပါတယ်။သတ်မှတ်ထားသည့်ပုံစံ
ဝင်စေရန်ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်းများ(financial advisory firms ) ကော်ပိုရိတ်ဥပဒေအကြံပေးအဖွဲအစည်းများ( coporate law firms)၏အကြံဥာဏ်ကိုရယူပြီးစတော့အိတ်ချိန်းတွင်မိမိကုမ္မဏီဈေးကွက်ဝင်စေရန်
လုပ်ဆောင်ရပါတယ်။

 ကနဦးရှယ်ယာများကိုမည်မျှနှင့်ရောင်းချသင့်သည်(initial public offering, IPO)ကိုလည်းအဆိုပါအဖွဲအ
စည်းများထံမှာအကြံဥာဏ်များရယူဆောင်ရွက်ရပါတယ်။စတော့အိတ်ချိန်းတွင်အခြေအနေကောင်းပါက
ရှယ်ယာများကိုအလုအယက်ဝယ်ယူခြင်းကြောင့်ကုမ္မဏီဟာ၆လ မှ၉ လအတွင်းမိမိလိုချင်သည့်အရင်း
အနှီးများရရှိလာနိုင်ပါတယ်။

မြန်မာကုမ္မဏီအများအပြားအနေဖြင့် အများပိုင်ကုမ္မဏီအဖြစ်ပြောင်းလဲလုပ်ကိုင်လိုကြသော်လည်းမည်
သို့ဆောင်ရွက်ရမည်ကို သိရှိနားလည်သည့်ကုမ္မဏီအတော်နည်းပါလိမ့်မည်။ တစ်ဖက်၌လည်းသက်ဆိုင်ရာ
ဥပဒေ၊နည်းဥပဒေများပြဌါန်းသတ်မှတ်ထားခြင်းမရှိသေးသည့်ပြင်ခို်င်မာတိကျသောလုပ်ငန်းစဉ် (well established procedures)လည်းမရှိသေးပါ။ ယင်းနှင့်သက်ဆိုင်သောအဖွဲအစည်းများပြည်တွင်း၌ ဖွဲ့စည်းတည်ထောင်ရေးအတွက်ယခုအချိန်ကတည်းကအားပေးဆောင်ရွက်သင့်ပါတယ်။ယင်းသို့ဆောင်
ရွက်ရာတွင် Financial advisory Firms, Corporate law firms, Audit firms များစသည့် နိုင်ငံတကာအဆင့်မီ အထောက်အကူပြုကုမ္မဏီများ များများစားစားပေါ်ပေါက်လာရန် လိုပါတယ်။
မြန်မာနိုင်ငံ၌ကုမ္မဏီတော်တော်များများသည် စာရင်း(book)နှစ်ခုထားကြတာကိုဒေသတွင်းနိုင်ငံ
တော်တော်များများကသိနေကြပါတယ်။ အခွန်ပေးရဖို့သက်သာအောင်စာရင်းနှစ်ခုထားနိုင်အောင်လည်း
Audit firms များကလုပ်ပေးကြပါတယ်။(နံမည်ရှိပြီးAudit firmsများမပါဝင်ပါ)။

 မြန်မာနိုင်ငံမှာကုမ္မဏီများနှင့်ပတ်သက်၍တိတိကျကျလုပ်ကိုင်နိုင်သည့်အလေ့အကျင့်များရလာမှသာလျှင် အများပိုင်ကုမ္မဏီများအဖြစ်ပြောင်းလဲလုပ်ကိုင်ရာတွင်ဒေသတွင်းနို်င်ငံများရှိကုမ္မဏီများနည်းတူရင်ဘောင်တန်း
လုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ အများပိုင်ကုမ္မဏီပြောင်းလဲခြင်း (go public) ကိုဆောင်ရွက်ရာတွင်မည်သည့်အစိုးရ
အဖွဲ့အစည်းမှတာဝန်ယူဆောင်ရွက်ပေးမည်ကိုပီပီပြင်ပြင်ကျေညာထားသင့်ပါတယ်။ အဆိုပါအပိုင်း၌
 အစိုးရကဖြစ်စေ၊UMFCCI ကဲ့သို့ civil societies တွေကဖြစ်စေ အာဆီယံနိုင်ငံအတွင်းမှ အဆိုပါအဖွဲ့အစည်းများကို မြန်မာနိုင်ငံတွင်ရုံးခွဲများလာရောက်ဖွင့်လှစ်၍လုပ်ငန်းများဆောင်ရွက်နိုင်ရန်အခွင့် အလန်းများဖွင့်
 ပေးချိန်တန်ပါပြီ။ ဥပဒေမရှိသေးဘူး၊လုပ်မဲ့ကုမ္မဏီမရှိသေးဘူး ဆိုသည့်ဆင်ခြေတွေပေးမနေသင့်တော့ပါ။

ဒါပြီးမှ ဒါလုပ်မယ်ဆိုပြီး sequencing ကိုစဉ်းစားနေလို့ကတော့ မောင်တိုင်ပင်အကြောက်ဆုံးမှာ စတော့အိတ်ချိန်း ကြီးပီပီပြင်ပြင်ဖွင့်ပြီးခါ မှ listed companies သည်တစ်ခု နှစ်ခုသာရှိနေမည်ဆိုလျှင် တို့ရွှေတွေတော်တော်ညံ့ရာကျပေတော့မည်။ကမ္ဘောဒီးယားစတော့အိတ်ချိန်းသည် listed companies အလွန်နည်းပါးနေသည်ဟုသတင်းကြားသိနေရပါတယ်။

 ယခုအချိန်ကတည်းက family business companies တွေကို ဘယ်လိုpublic listed companies သို့ဘယ်လိုပြောင်းလဲမလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ? နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကကောမြန်မာ public listed companies တွေရဲ့ရှယ်ယာတွေကိုဝယ်ခွင့်ပြုမှာ လား ?Myanmar stock exchange တည်ထောင်တာနဲ့တပြိုင်နက်တည်းအခြား ဆက်စပ်လုပ်ငန်းတွေကိုတည်ထောင်ဖို့အတွက်ယခုအချိန်မှာ
 မြန်မာ၌ capacity မရှိပါ။ ရှိ လျှင်လည်းအလွန်နည်းပါတယ်။ တခြားမကြည့်ပါနဲ့ corporate law firms, audit firms တွေကိုကြည့်ပါ၊နိုင်ငံတကာအဆင့်မှီတာတွေဘယ်လောက်ရှိပါသလဲ ?

၂၀၁၅ ရောက်လျှင်မြန်မာ SME တွေဟာအာဆီယံနို်င်ငံက၀င်လာမဲ့ SME တွေနဲ့မယှဉ်နိုင်တော့ပဲပျောက်
ကွယ်သွားလိမ့်မယ်လို့ပြောနေကြပါတယ်။ တချို့နိုင်ငံခြား ကုမ္မဏီတွေကလည်းပြည်တွင်းမှာ local partnerတွေရှာပြီး joint venture လုပ်ဖို့ကိုစိုင်းပြင်းနေကြပါတယ်။ နိုင်ငံခြားကုမ္မဏီများဟာ ကုန်သွယ်မှုကိုခွင့်မပြုထားတော့ ပြည်တွင်းမှာပဲ local partners တွေရှာပြီး ထုတ်လုပ်ရရှိတဲ့ပစ္စည်းတွေကို ရောင်းချနိုင်ဖို့အတွက်ကြံဆ
ကြခြင်းဖြစ်ပါတယ်။ရင်းနှီးမြုပ်နှံမဲ့နိုင်ငံခြားကုမ္မဏီတွေကို တော့ကုန်သွယ်မှုလုပ်ငန်းခွင့်ပြု တယ်လို့သိရပါတယ်။

ဒါပေမဲ့ ဒီအချက်အလက်တွေအားလုံးဟာအခုအချိန်မှာပြင်ဖို့ လိုပြီလား ? ဒေသတွင်းနို်င်ငံတွေမှာ ဘာတွေလုပ်နေလဲ ? စတာတွေကိုတစေ့တစောင်းကြည့်ပြီးပြင်စရာရှိရင် (အရင်ကဘယ်လိုရှိရှိ)ပြင်ဖို့တော့ကောင်းနေပါပြီ။
ကုန်သွယ်မှုမူဝါဒ ကိုတခြား က့ဏ္ဍတွေ ပြုပြင်ပြောင်းလဲတဲ့ reform များအတိုင်းပြောင်းလဲကျင့်သုံးဖို့ လိုနေပါပြီ။ ကုန်သွယ်မှုမူဝါဒကောင်စီ လက်ထက်က မူဝါဒအတိုင်းမပြင်မဆင်ဆက်လက်ကျင့်သုံးနေလို့ကတော့ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်ဖို့ အများကြီးလုပ် ရအုံးမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာဒေသတွင်းရှိကုမ္ဗဏီများသာမက
နိုင်ငံတကာကုမ္ဗဏီကြီးများအပါအ၀င် IPO ဈေးကွက်များဖြစ်ပေါ်လာခဲ့ကြောင်းMorgan Stanley ကတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။ ၂၀၁၂ခုနှစ်အတွင်းကမ္ဘာအဆင့်မီကုမ္ဗဏီများဟာစင်ကာပူ၊
မလေးရှားအင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာ IPO များရောင်းချပြီးအရင်းအနှီးများစုဆောင်းလျက်ရှိပါတယ် လို့သူဆက်လက်ပြောပြပါတယ်။ အဆိုပါဒေသတွင်းနိုင်ငံတွေမှာ ကုမ္ဗဏီအများအပြားဟာအများပိုင်
ကုမ္ဗဏီကြီးတွေအဖြစ်ပြောင်းလဲလုပ်ကိုင်နေကြာတာ အားရစရာကောင်းလှပါတယ်။

 မြန်မာမှာစတော့အိတ်ချိန်းက ၂၀၁၅ လောက်ပေါ်မယ်လို့မှန်းထားတော့ အမြင်ကျယ်တဲ့မြန်မာကုမ္ဗဏီတွေ
ဟာအရင်းအနှီးရလိုတဲ့အတွက်စင်ကာပူ SGX မှာမှတ်ပုံတင်နိုင်အောင် go public လာလုပ်နေကြပါပြီ။ အဲဒီထဲက Yoma Strategic Holdings ကတော့စင်ကာပူကလူတွေတော်တော်သိနေကြပြီးIPO ဟာ စင်ကာပူဒေါ်လာ ၀.၂၂ ကနေအခုဆိုရင် ၀.၃၂လောက်ထိတဖြည်းဖြည်းတက်လာတာကိုတွေ့ရပါတယ်။မြန်မာလုပ်ငန်းရှင်တွေ
အမြင်ကျယ်ကြစမ်းပါ၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီရှား၊သြစတေးလျစတဲ့နိုင်ငံတွေမှာသူတိုစည်းမျဉ်း
စည်းကမ်းများအရ IPO များရောင်းချပြီး go public လုပ်ကြစမ်းပါ။ မြန်မာမှာresources တွေအများကြီးရှိပါတယ်၊
resources တွေလို့ကြား လိုက်တာနဲ့သူတို့တစ်တွေမျက်လုံးပြူး၊နားစွင့်ခေါင်းထောင်လာမှာသေချာပါတယ်၊ လုပ်တတ်ဖို့ပဲလိုပါတယ်----


စင်ကာပူမှာတစ်နေတာ

မောင်တိုင်ပင်စင်ကာပူရောက်နေတာတစ်လကျော်ပါပြီ၊ အလုပ်အားလုံးကနေဧပြီလ ၁ ရက်နေ့ကနေအနားယူလိုက်တာကိုယ်ပိုင်လုပ်နေတဲ့အလုပ်ပဲကျန်ပါတော့တယ်။အစိုးရအလုပ်မှာလုပ်သက် ၃၇ နှစ်လုပ်ခဲ့ပါ
တယ်။ကြီးမှအလုပ်ကနေတစ်လကိုးသီတင်းတစ်ခါမှအနားမယူခဲ့ဘူးပါဘူး။ယူလို့ရရင်တောင် ၂ ပတ်ဆိုတာ
အလွန်ဆုံးပါပဲ။အမှန်က စင်ကာပူကိုမေလ ၁၂ ရက်လောက်မှ အေးအေးဆေးဆေးလာဖို့ပါပဲ။ ဒီကြားထဲမှာ  
မြေးက foot, hand, mouth disease ဖြစ်တော့ နေ့ခလေးထိန်းကတခြားခလေးတွေကူးမှာ စိုး လို့ကျောင်းက
နေတစ်ပတ်ခွင့်ယူခိုင်းတယ်။မြေးကိုကြည့်မဲ့သူကလည်းမရှိ--အဖေနဲ့အမေကတလှည့်စီခွင့်ယူရမဲ့အဖြစ်မျိုး
 ရောက်နေ--ဒါနဲ့အဖိုးလည်းမနေသာတော့ပဲ ရန်ကုန်ကလေယဉ်ပျံလက်မှတ်ရုံးသွားမေးတဲ့အခါ
“အန်ကယ် ဒီကနေ့ညနေ flight ရမယ်၊ လိုက်မလား“ဆိုတာနဲ့ လိုက်မယ်ပြောပြီးလက်မှတ်
ကောက်ဖြတ်လာခဲ့ပါတော့တယ်။တစ်ပတ်အကြိုဆိုတော့ပြင်ဆင်ထားပြီးသားအသင့်--ဒါတောင်လာခါနီး
မီးပျက်လိုက်တော့အရေးကြီးပစ္စည်း ၂ - ၃ခုမေ့လာခဲ့ပါရော--အသက်ကြီးလာတော့သောက်ဆေးလိမ်းဆေး
ရှုဆေးအဲတာတွေကအရေးကြီးဆုံး မဟုတ်လား၊စင်ကာပူမှာဆေးဝယ်ရတာ OTC မရဘူးလေ--ဒါပေမဲ့နည်း
လမ်းရှိတယ်၊ပြောလို့်မဖြစ်ဘူး၊ တို့ရွှေတွေက ကြံနိုင်ဖန်နိုင်ကြတယ်မဟုတ်လား--

မြေးကနေမကောင်းပေမဲ့ဆော့တာကတော့မျောက်ရှုံးသလားအောင်းမေ့ရတယ်။ပါးစပ်မှာအနာရှိနေတော့
အမေနဲ့အဖေကနို့ပဲတိုက်တယ်။ကိုယ်မှာအနီစက်ခလေးတွေနည်းနည်းတွေ့တယ်။ စင်ကာပူကခလေးတိုင်း
ဒီရောဂါဖြစ်ဖူးကြတယ်။ foot hand mouth disease ဆိုတော့နွားခွာနာလျှာနာဖြစ်သလိုမျိုးလားလို့ ---ဒါနဲ့
အင်္ဂလန်ကသူ့အဖိုးကိုဖုံးဆက်မေးကြည့်တော့စိုးရိမ်စရာမရှိပါဘူး၊ဆရာဝန်ပေးထားတဲ့ဆေးပဲတိုက်ပါဆိုတာ
နဲ့စိတ်အေးသွားရတယ်။အဖိုးရောက်လာတာနဲ့ စီလင်းတို့ အက်ပဲတန် တို့ ကို အချိန်မှန်မှန်တိုက်တော့တာ
ပေါ့။ ဒီကောင်ကိုဆေးတိုက်ရခက်တယ်လို့ပြောပေမဲ့ အဖိုးကချော့ပြီး အတင်းတိုက်တာပဲ-- နောက်ပိုင်း
တိုက်ရတာလွယ်သွားရော--Mickey ကအဖိုးရောက်လာတော့ အမေ ကဆူလိုက် ရင်ထုံးစံအတိုင်းအဖိုးဆီ
ပြေးကပ်တာပေါ့၊ အဖိုးတွေလည်းဒါမျိုးဆိုရင် ရင်ထဲမှာ ခူစ်း ဖြစ်ပြီးသူအမေကို မဆူနဲ့ ဘာညာအော်တော့
ဒီကောင်ကလည်းအဖိုးအားကိုးနဲ့ ဆိုးတော့တာပါပဲ။ အဖေ ကညှင်သာတယ်၊ဆူခဲတယ်၊ အမေကတော့
သူကြားဖူးတဲ့ပုံပြင်အတိုင်းပဲတယူသန်မှတ်ထားတော့တာပဲ၊စင်ကာပူမှာ ယောက်ျားလေးတွေကဆိုးတယ်၊
အခုကတည်းကနို်င်အောင်လုပ်ရမယ်ဆိုပြီး မျက်နှာသာမပေးဘူး၊ တခါတခါတော့လည်း သူ့သား ကိုချစ်
တဲ့စိတ်ပေါ်လာပြီးဘာဘာညာညာနဲ့ချော့တဲ့အခါ ဒီကောင်ကလည်းအမေကိုနိုင်တယ်။ သိတဲ့အတိုင်း အမေ
က Mickey Mouse အရူးဆိုတော့ခလေး ကလည်း မစ်ကီအရူးဖြစ်နေလေရဲ့။ “ ကီကီ“ တဲ့ မစ်ကီမောက်
အရုပ်ကိုခေါ်တာ။သူဘကြီးအင်္ဂလန်ကနေစင်ကာပူလာတုံးက Mickey Mouse Club House အရုပ်၂ရုပ်ကို
ဝယ်လာခဲ့ပေးတာ၊ Mickey and Minnie ပေါ့။

အဲဒီအရုပ် ၂ရုပ်ကိုမျက်စေ့အောက်ကအပျောက်မခံဘူး။ ကျောင်းကနေရောက်လာတာနဲ့ “ကီကီရုပ်ရုပ်“ လို့
အော်တော့တာပဲ။တစ်ပတ်လုံးဒီကောင်ကိုသေသေချာချာ ထိန်းလိုက်တာသောကြာနေ့လောက်ကြတော့
နေကောင်းသွားပြီးအစားတွေစားလာတယ်။မြေးကအိမ်မှာ ဗိုလ် လိုပဲပြောတယ်။မောင်တိုင်ပင်တို့မြန်မာလို
ပြောရင်တော့သူနားလည်တယ်။ ဒါလည်းနိုင်ငံခြားရောက်နေတဲ့ခလေးတော်တော်များများ ကဒီလိုပါပဲ။တ
ခါတရံသူပြောနေတာက အင်္ဂလိပ်လိုလား၊တရုတ်လိုလား အိမ်ကလူတွေမသိဘူး။ ကျောင်းမှာ ဆရာမတွေ
ကတရုတ်လည်းရှိတယ်၊အင်္ဂလိပ် လိုပြောတတ်တဲ့သူလည်းရှိတယ်။ nursery သီချင်းတွေတော့ မပီကလာ
ပီကလာနဲ့ဆိုတတ်တယ်။

တနင်္ဂနွေနေ့ရောက်တော့သူကိုဆေးခန်းပြန်ပြရတယ်။ ဆေးခန်းမှာသေချာစစ်ပြီးကျောင်းပြန်တက်နိုင်ပြီ
ဆိုတဲ့အကြောင်းထောက်ခံစာရေးပေးလိုက်တယ်၊ Mickey ရဲ့နေ့စဉ်အလုပ်ကတော့မနက် ၈း၄၅ ကျောင်း
ကိုသူ့အဖေလိုက်ပို့တယ်။ညညကြရင်တော်တော်နဲ့မအိပ်တော့ မနက်မှာ တော်တော်နှိုးယူရတယ်။ အိပ်
ချင်မူးတူးချည်းနဲ့ကျောင်းကိုလိုက်ပို့ရတယ်။ စောစောအိပ်ဆိုလည်းမရဘူး၊ အဖေအမေအိပ်နေပေမဲ့ သူ
ကအိပ်ရာထဲမှာသီချင်းအော်ဆိုချင်ဆိုနေတာ။ဘယ်အချိန်မှာ အိပ်သလဲဆိုတာ အမေ နဲ့ အဖေ ကမသိဘူး။
အဖိုးအိမ်မှာရှိနေတယ်ဆိုရင်ကျောင်း ကသိပ်မသွားချင်ဘူး၊ဂျီကျတယ်။ကျောင်း ရောက်တော့လည်းအိုကေ
သွားတာပါပဲ။ကျောင်းကိုလွှတ်ရင် မျက်နှာသုတ်ပုဝါ၊ယူနီဖေါင်းတစ်စုံ၊အိမ်ဝတ်တစ်စုံ၊နို့ဘူး၊diaper, wet tissue,ပေါင်ဒါ၊ရေဘူး၊ အကုန်အိတ်နဲ့ထည့်ပေးရတယ်။

ညနေ ၆း၁၅ ကျရင်ကျောင်းကိုအမေသွားကြိုတယ်။မောင်တိုင်ပင်လည်းကျောင်းကြိုရင် လိုက်သွားတာပေါ့
၆း၁၅ / ၆း၃၀ ဆိုရင်မောင်တိုင်ပင်တို့ဆီမှာမှောင်နေပြီ။ စင်ကာပူကတော့ အီကွေတာ တဲ့နီးလို့ထင်တယ်၊ အလင်းရောင်ကရှိနေတုံးပဲ။ ရး၃၀ လောက်မှ မှောင်တာ။အဲဒီအချိန်ကြရင် ခလေးအမေ၊အဖေ၊အဖိုး၊အဖွား
ခလေးထိန်းတွေလာကြိုကြပြီ။ အမေ နဲ့ အဖိုးကကျောင်းပြူတင်းပေါက်ကနေ Mickey လို့အော်လိုက်ရင်သူ
များခလေးတွေနဲ့ဆော့နေရာကနေလှမ်းကြည့်ပြုံးပြပြီးသူ့အိတ်နဲ့ရေဗူးကိုပြေးဆွဲတော့တာပဲ။အမေနဲ့အဖိုးလာ
ကြိုတော့မျက်နှာလေးကပြုံးရွှင်နေတာပဲ။ အမေအဖေနဲ့အဖိုးကိုစာရင်းပေးထားမှ  ကျောင်းကခလေးကိုပြန်
ထည့်ပေးတယ်။တစ်ညနေမှာတော့ Mickey ဆိုတဲ့ကောင်--တင်ပလင်ခွေ ထိုင်နေတဲ့ ကောင်မလေးတစ်
ယောက်ပေါင်ပေါ်မှာ အခန့်သားအိပ်လို့--Mickey လို့အော်လိုက်တော့မျက်နှာကပြုံးဖြီးဖြီး နဲ့ထလာပြီးသူ့
အိတ်ကိုပြေးဆွဲတော့တာပဲ-- သူဆရာမကပြောတယ်လေ--Mickey မှာ girl friendsတွေအများကြီးတဲ့--မြေး
လေး Mickey ဖွန်ကြောင်တာလေ--သူကသူထက်ကြီးတဲ့ကောင်မလေးတွေနဲ့ဆိုရင်တည့်တယ်။ကောင်း
ကောင်းဆော့တယ်။ သမီးကိုပြောရတယ်။ကောင်မလေးအမေနဲ့နင်နဲ့တပြိုင်တည်းတွေ့သွားရင်ဘယ်လိုလုပ်
မလဲလို့-- သူတို့ကတော့ခပ်အေးအေးပါပဲလေ--

မြေးလေးကအဖိုးကိုတွယ်တာနေတော့အပြင်ထွက်ရင်သူ့ရှေမှာမထွက်ရဲဘူး၊ပုန်းထွက်ရတယ်။သူအပြင်ထွက်
ရင်လည်းအဖိုးပါရတယ်။သူ့အဖေမပါပဲနဲ့ MRT တို့ဘတ်စ်ကားတို့မစီးရဲဘူး၊ MRTစီးရင်လည်းငြိမ်ငြိမ်မနေ
ဘူး၊သူများတွေကွင်းဆွဲရင်သူလည်းဆွဲချင်တယ်၊အဖေကလှည်းထဲကထုတ်ပြီးချီထားရတယ်။သူများတွေလို
သူကကွင်းဆွဲပြီးMRTလိုက်စီးတာ။ဥာဏ်ရည်မြင့်လာတာနဲ့ဒီကောင်တစ်ခုပြီးတစ်ခုပူဆာတော့မှပဲ။
စင်ကာပူမှာခလေးပစ္စည်းတွေပဲရောင်းတဲ့ဆိုင် Kiddy 's Palace ဆိုတာရှိတယ်။ဆိုင်ထဲဝင်သွားရင်လှည်းပေါ်
မှာခပ်တည်တည်ထိုင်နေသေးတယ်။သူကြိုက်တဲ့ပစ္စည်းလည်းတွေ့ရောလှည်းပေါ်ကဆင်းဆွဲပြီးပြန်တက်ခပ်
တည်တည်နဲ့ထိုင်နေတော့တာပဲ။ငွေရှင်းရင်တောင်အရုပ်ကိုscanရိုက်ဖို့လုံးဝမပေးဘူး။ ဆိုင်မှာ မြန်မာ
ကောင်မလေးတွေရှိတော့ ဘားကုတ်စာရွက်ကိုခွာပြီး scan ဖတ်ရတယ်။အိမ်ရောက်တော့လည်း ၃ ၄ ရက်ပါပဲ။နောက်ကျ အရုပ်သေတ္တာဘူးတွေထဲရောက်သွားရော။ စနေတနင်္ဂနွေဆို ရင် အရုပ်သေတ္တာပုံးကြီး
ဆွဲထုတ်လာပြီးအရုပ်တွေကိုဖွတော့တာပါပဲ။ အဲဒီအချိန်ကျရင်အမေနဲ့တကျက်ကျက်ပေါ့။ခလေးဆိုတာဒီလို
ပဲ၊သူစိတ်ကျေနပ်သွားရင်လိုက်သိမ်းလိုက်ရင်ရတာပေါ့။

http://www.youtube.com/watch?v=OG_OjRJwqzs&feature=youtu.be

အလုပ်ကအနားယူပြီးစင်ကာပူလာ ခလေးထိန်းနေရတော့ကိုယ်စိတ်က stress ဆိုတာမရှိတော့ဘူး။ Mickey ကတစ်နေကုန်ကျောင်းသွားနေတာ။ကိုယ်အချိန်ကို scheduling လုပ်ရတယ်။ရုတ်တရက်ကြည့် လိုက်ရင်
တော့အချိန်တွေပိုနေမှာ ပဲလို့ ထင်စရာပဲ။စင်ကာပူမှာ RIT ကသူငယ်ချင်းပင်စင်စား ၃ - ၄ ယောက်
လောက်ရှိတယ်။ တခါတရံဖုံးဆက်ပြီး လ္ဘက်ရည်သောက်ထမင်းစားပြီးစကားပြောကြတာပေါ့။ ရေလှောင်
ကန်ကြီးကိုပတ်ပြီးလမ်းလျှောက်ကြတယ်။နောက်အင်တာနက်ကကောင်းနေတော့ Australia, US, Canada
 ကသူငယ်ချင်းတွေနဲ့  G talk, Skype တွေနဲ့ပြောကြတယ်။ တခါတရံကိုယ်ဖတ်တဲ့စာအုပ်တွေဖတ်
လို့ကောင်းရင်လက်ဆင့်ကမ်းလိုက်တယ်။ရွှတ်ဆိုရောက်သွားတာပဲလေ။တရားလည်းဘာတရားလိုချင်
လဲ၊နားထောင်ချင်သလဲ၊ Dhamma downloadကနေကြိုက်တဲ့တရားဆွဲနားထောင်လို့ရတယ်။အင်တာနက်
ကလည်း ဘာကြည့်ချင်သလဲ၊ မြန် လိုက်တာမှ မပြောချင်တော့ဘူး။ဗမာပြည်ကရောက်ခါစဆိုတော့အင်တာ
နက်ထိုင်ကြည့်သေးတယ်၊နောက်တော့ပျင်းလာကော၊ဒါနဲ့ClementiMallထဲလျှောက်သွားရင်းစာကြည့်တိုက်
တွေ့လာတယ်။ Sunday တစ်ရက်မှာ သမီးကစာအုပ်ငှားတဲ့ ကဒ် လိုက်လုပ်ပေးတယ်။စာသွားဖတ်ရင်ဖတ်၊
ငှားရင်ငှား ကြိုက်တာ လုပ်လို့ ရတယ်။အဲတော့ကိုယ့်အချိန်တွေကို manage လုပ်တဲ့အခါ တရားထိုင်ဖို့ ကိုတော်တော်လေး အချိန် လုရတယ်။အဲတာကြောင့်သူတော်ကောင်းတွေကဘယ်သူမှ မရှိတဲ့တောရိပ်တောင်ရိပ်တွေမှာ ခိုလှုံပြီးတရားကျင့်ကြံအားထုတ်ကြတာကိုး။စင်ကာပူလာစဉ်က
ငါတရားထိုင်မယ်ဆိုပြီးမောင်းတင်လာတာပဲ။ ဒီမှာကလုပ်ချင်တာတွေများနေတော့မနည်းကို ကိုယ်ရှိန်သတ်နေရတယ်။

ခရိုနီလားတိုင်းရင်းသားလုပ်ငန်းရှင်လား


ဒီကနေ့အချိန်မှာယခင်ကစစ်တပ်ကဗိုလ်ချုပ်တွေနဲ့နီးစပ်ခဲ့ကြတဲ့ မြန်မာနို်င်ငံ ခရိုနီများ ကို အလွှာအသီးသီးမှာ
 ရှိတဲ့ မြန်မာပြည်သူများက အမြင် မကြည်လင်ကြပါဘူး။စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် ကခရိုနီ တွေကို
တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက်တစ်နည်းတစ်ဖုံအသုံးချသင့်တယ်လို့ ဆိုလိုက်တဲ့အခါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။မြန်မာခရိုနီတွေ သူတို့ကို ခရိုနီ လို့ခေါ် ခံကြရတာကိုမနှစ်သက်ကြပါဘူး
နိုင်ငံတော်ကတော့သူတို့ကိုတိုင်းရင်းသားလုပ်ငန်းရှင်ဆိုပြီးခေါ်ဝေါ်ပါတယ်။အမှန်တော့ နိုင်ငံတကာကူးသန်းရောင်း
ဝယ်ရေးမှာဝင်ဆန့်တဲ့တိုင်းရင်းသားစီးပွားရေးသမားတွေကိုမွေးထုတ်ချင်တာပါ။တကယ်လည်း သူတို့ဟာစွမ်းဆောင်
ရည်ရှိတဲ့အတွက်ဒီကနေ့ဒီနေရာကိုရောက်လာတယ်ဆိုတာဘယ်သူမှ မငြင်းနိုင်ပါ။တချို့သောခရိုနီတွေရဲ့အနေအထိုင်
မတတ်မှုလည်းပါ ပါ တယ်။ဒီခေတ်မှာ မီဒီယာ မျက်စေ့မှောက်အောင် မနေသင့်ဘူး၊သာမန်လူမဟုတ်တော့ဘူးဆိုတာ
မေ့လို့မရပါဘူး။သူတို့ဟာအခွင့်အရေးတစ်ခုရသော်လည်းအဲဒီအခွင့်အရေးထက်တူညီသောပေးဆပ်မှုတစ်ခုကိုပေးရ
ပါတယ်။အဲဒီပေးဆပ်မှုဟာအများအတွက်ဖြစ်ကောင်းဖြစ်မယ်၊တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အတွက်ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ အများအတွက်ဆိုရင်တော့ ခရိုနီတွေဟာလိပ်ပြာသန့်နိုင်ပေမဲ့ individual အတွက်ဆိုရင်တော့ ဒီ ခရိုနီ
ဟာဆယ်စုနှစ်ပေါင်းကြာလာတဲ့အခါသူကိုယ်တိုင်ကကို ဘာလုပ်ပေးရတယ်ဆိုတာဖေါ်ထုတ်လာမှာပဲဖြစ်တယ်။

 ”ခရိုနီ”ကိုအင်္ဂလိပ်အဘိဓါန်မှာအဓိပ္ဗါယ်ဖွင့်ဆိုထားတာက" the practice of unfairly giving the best jobs to your friends when you are in a position of power( cronyism) "လို့ဖြစ်ပါတယ်။စီးပွားရေး အင်္ဂလိပ်စာအသင့်အတင့်
သာကြွယ်ဝတဲ့မောင်တိုင်ပင်အဖို့ ဒီစကားလုံးကိုပထမဆုံးကြားဘူးတာက လွန်ခဲ့တဲ့ ၂ - ၃ နှစ်လောက်ကအမေရိကန် Harvard Kennedy School ကပညာရှင်တွေနဲ့ဆန်စပါးအကြောင်းဆွေးနွေးခဲ့စဉ် မြန်မာစီးပွားရေးအခြေအနေကိုသူ
တို့ကိုရှင်းလင်းပြောပြခဲ့တဲ့အခါမောင်တိုင်ပင် ကအစိုးရဆီကအခွင့်အရေးတွေရလေ့ရှိတဲ့စီးပွားရေးသမား  တွေကို tycoons လို့သုံးနှုန်းပြီးပြောခဲ့တာကိုသူတို့က cronies ဆိုပြီးပြင်ပေးခဲ့တာ ကနေ ခရိုနီ ဆိုတဲ့စကားရပ်ကိုအကျွမ်း
တ၀င်ရှိ လာခဲ့ ပါတယ်။

 crony capitalism ကိုကြည့် လိုက်ရင် နိုင်ငံတိုင်းမှာ ရှိနေပါတယ်။ဒုတိယကမ္ဘာစစ်ပြီးစကဂျပန်မှာ keiretus ကိုင်ရီတပ်စ်ဆိုပြီးခရိုနီတွေပေါ်လာဘူးပါတယ်။ မောင်တိုင်ပင်အလုပ်လုပ်တုံးကဆန်စက်တွေတည်ဆောက်ဖို့ မြန်မာကဂျပန်ဆီကနေOECF loanများဆိုရှယ်လစ်ခေတ်ကယူခဲ့ဘူးပါတယ်၊(တစ်နေ့ကလျော်ပစ်လိုက်
တဲ့ကြွေးကအဲဒီတုံးကယူခဲ့တာတွေလည်းပါ လိမ့်မယ်ထင်တယ်) loan ယူခဲ့တော့အဲ့ဒီတုံးကကုန်သွယ်ရေးဝန်ကြီးအ
ပြောကောင်းတာနဲ့ grant ဆိုပြီးဆန်စပါးရိတ်သိမ်းချိန်လွန်နည်းပညာဌာန တစ်ခုကိုတည်ထောင်ဖို့ထောက်
ပံ့ငွေပါပေးခဲ့ပါတယ်။ဌာနတည်ဆောက်ဖို့ ဂျပန်OECF အေဂျင်စီကတာဝန်ရှိတဲ့ အတိုင်းဂျပန်ဆောက်
လုပ်ရေးလုပ်ငန်းရှင်တွေကိုlimited tender ခေါ်ယူပြီးရွေးခဲ့ပါတယ်။၎ - ၅ ဦးလားမသိဝင်ပြိုင်ကြပါတယ်။
တင်ဒါနောက်ဆုံးအဆင့်ရွေးချယ်ပွဲမှာမြန်မာသံရုံးကိုတောင်ဖိတ်ခဲ့သေးတယ်။အဲဒီမှာသူတို့ပေးချင်တဲ့ ခရိုနီ ကုမ္မဏီကိုပဲလျှို့ဝှက်တင်ဒါစနစ်နဲ့ရွေးချယ်ပေးခဲ့တာပါ ပဲ။ အခြားကုမ္ဗဏီတွေ ပါဝင်ခိုင်းတာအိမ်ဖြည့်တဲ့သဘောမျိုး လုပ်တာပါ။အဲဒီအချိန်ကဂျပန်ကစီးပွားရေးတောင့်တင်းနေတဲ့အချိန်ဆိုတော့ပြည်ပ ကိုပေးတဲ့ grant တွေ 
loans တွေအရ အခြေခံအဆောက်အဦတွေတည်ဆောက်ပေးတဲ့အခါ ဂျပန်ဆောက်လုပ်ရေးကုမ္မဏီများဖြစ်တဲ့ Kajima, Mitsui တို့ဟာဂျပန်အာဏာရပါတီတွေရဲ့ ခရိုနီတွေပဲဖြစ်ပါလိမ့်မယ်။

အလားတူပဲကိုးရီးယားမှာဆိုရင်ချေဘိုလ်(chaebol) တွေပေါ်ခဲ့တယ်။Dawoo,Samsung တို့ Hyundai တို့ဆိုတာ
 South Korean conglomerates  (ခရိုနီ)တွေပဲ။တာပေမဲ့ multinationals company တွေဖြစ်ကြပြီးစီးပွားရေး
အင်အားကတော်တော်ခိုင်မာပြီးအားကောင်းကြတယ်။ နိုင်ငံရေးမှာ လည်းတော်တော်သြဇာရှိတဲ့ ကုမ္ဗဏီတွေဖြစ်
တယ်။ အိန္ဒိယမှာလည်း TaTa မိသားစုကုမ္ဗဏီဟာလည်းနိုင်ငံစီးပွားရေးမှာ တော်တော်ကြီးတဲ့ကုမ္ဗဏီကြီးတစ်ခုဖြစ်
တယ်။ စင်ကာပူမှာ ဆိုရင်Temasek Holdings ဟာအစိုးရပိုင်တယ်လို့ဆိုပေမဲ့အများပြောနေကြတာကလီကွမ်ယူမိ
သားစုကပဲရှယ်ယာအများစုကိုချုပ်ကိုင်ထားကြပါတယ်။အဲတော့ခရိုနီကုမ္ဗဏီတွေဟာပုံစံအမျိုးမျိုးနဲ့တိုင်း
ပြည်တိုင်းမှာရှိ ကြပြီးသူတို့တွေရဲ့လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည်တွေကြောင့်သာစီးပွားရေးမှာ ဦးဆောင်ခွင့်ရနေတာပါ။ မြန်မာခရိုနီ ကုမ္ဗဏီတွေဟာမိသားစုတွေများပြီးလုပ်ရည်ကိုင်ရည်မရှိတဲ့ တွေမျိုးတွေ
၊မနိုင်ရင်ကာတပ်ကလာတဲ့ဗိုလ်တွေ၊သူတို့သားသမီးတွေရှိနေပေမဲ့ အရေးပါတဲ့နေရာတွေမှာတော့မရှိဘူးထင်ပါတယ်။
ဒါကြောင့် ခရိုနီကုမ္ဗဏီတွေကို အများပိုင်ကုမ္ဗဏီပြောင်းပစ်ပါ။ go public လုပ်ပါ။မိမိကတော့ရှယ်ယာအများစုကိုင်
ထားပေါ့။ capacity မရှိတဲ့ကောင်တွေဖယ်ရှားပစ်ပါ။ဒီလိုနဲ့တည်ဆောက်ယူရင် ခရိုနီ တွေဟာတိုင်းရင်းသားလုပ်ငန်း
ရှင်အဖြစ်အသိအမှတ်ပြုလာလိမ့်မယ် လို့ယုံကြည်ပါတယ်။

တစ်ချိန်ကမြန်မာမှာအာဏာရလူတန်းစားနဲ့စီးပွားရေးလုပ်ငန်းရှင်များအကြားတစ်ယောက်နဲ့တစ်ယောက်
ယုံကြည်မှုပျက်ပြားခဲ့ပါတယ်။ဒီလိုယုံကြည်မှုပျက်ပြားခဲ့တာဟာခရိုနီတွေလက်ချက်မကင်းဘူးလို့လူတွေက
ထင်ကြပါတယ်။၂၀၀၄ခုနှစ်မတိုင်မီလောက်ထိမြန်မာကုန်သွယ်မှုပို့ကုန်သွင်းကုန်လုပ်ငန်းကိစ္စတွေဟာအ
ဆင်ပြေပြေချောချောမွေ့မွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးသမားတွေထဲမှာရှိတဲ့စုန်းပြူးတွေဟာအာဏာပိုင်တွေ
ဆီကိုအမျိုးမျိုးသောသတင်းမှားတွေ ကိုရည်ရွယ်ချက် ရှိရှိနဲ့ ပို့ခဲ့ ကြတာကြောင့်ကုန်သွယ်မှုလုပ်ငန်းတွေ
 ဆောင်ရွက်တဲ့အခါမှာbarriersတွေတစ်ခုပြီးတစ်ခုပေါ်လာပြီး အများစုအနေနဲ့လုပ်ငန်းအဆင့်တိုင်းလိုလိုမှာ လုပ်ရကိုင်ရတာကြပ်ညှပ်ကုန် ပြီး transaction cost တွေတက်လာခဲ့ပါတယ်။ ဒီအထဲမှာအာဏာပိုင်
တွေနဲ့နီးစပ်တဲ့ ခရိုနီအုပ်စု တွေမပါ ပါဘူး။သူတို့ကတော့ special privileges တွေရကြတာကြောင့် ပုံမှန်လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ဖို့မလိုပါဘူး။အဲဒီခေတ်က၀န်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းရှင်
တွေတွေ့တဲ့အခါ”ခင်ဗျားတို့ပဲသွားသွားပြောကြတာမဟုတ်လား”လို့ပြန်ပြောတာတွေကြားရတော့
သူတို့ထဲမှာအထက်ကိုမျက်နှာလိုအားရသွားသွားတင်ပြသူတွေရှိနေပြီဆိုတာလုပ်ငန်းရှင်တွေသိလာကြရော။ ဒီလိုမဟုတ်တမ်းတရားတင်ပြချက်တွေကိုယုံကြည်ပြီးကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ ပုံမှန်မဟုတ်တဲ့ barriers တွေ ခဏခဏ ပေါ်လာခဲ့တာလို့အများကယုံကြည်နေကြပါတယ်။

တိုင်းပြည်ထဲမှာရှိတဲ့လူတိုင်းမသိနိုင်တဲ့လုပ်ငန်းတွေ၊ ဒီလုပ်ငန်းအကျိုးရှိနိုင်တယ်ဆိုတာ လူအချို့သိနေသော်လည်း အထက်ကိုမပေါက်မရောက်နိုင်တဲ့အတွက်ဒီတိုင်းကြည့်နေရတဲ့လုပ်ငန်းတွေ-ဒီလုပ်ငန်းတွေကိုခရိုနီတွေပဲတိတ်တိတ်
ဆိတ်ဆိတ်လုပ်ကိုင်ခွင့်ရကြပါတယ်။ဒီလိုလုပ်ကိုင်ခွင့်ရတဲ့အခါ ခရိုနီတွေ ဟာ Rule of Lawအတိုင်းမဆောင်ရွက်ကြပဲ
 သိသိသာသာ ကိုစည်းကမ်းဖေါက်ဖျက်လုပ်ကိုင်ခဲ့တာကြောင့် အများအမြင်မှာမျက်စိစပါးမွှေးစူးပြီးလူထူရဲ့အမြင်
ကတ်မှု ကိုခံခဲ့ ရတာဖြစ်ပါတယ်။  နေပြည်တော်ကြီးတည်ဆောက်ချိန်တုံးကဒီသာဓကတွေကိုတွေ့ကြရမှာပါ။
လုပ်ငန်းတော်တော်များများဟာသိသာမြင်သာထင်သာဖြစ်အောင်လုပ်ပြီးပြိုင်ဆိုင်လုပ်ကိုင်ခွင့်ရကြရတာမဟုတ်ပါဘူး။
ဒါပေမဲ့လည်းဒီလိုအဖြစ်အပျက်တွေဟာမဆန်းတော့ပါဘူး၊နို်င်ငံတကာမှာလည်းအစိုးရလုပ်ငန်းကြီးတော်တော်များများကိုအစိုးရယုံကြည်တဲ့သူတွေကိုပဲ limited tender ကန်သတ်တင်ဒါခေါ်ယူပြီး လုပ်ခိုင်းလေ့ရှိပါတယ်။

မျက်မျက်လေးစားရမဲ့ လုပ်ငန်းဆိုရင် လုပ်ငန်းရှင်တိုင်း ရကြတာမဟုတ်ပဲ အာဏာပိုင်တွေကခရိုနီဖြစ်လာမဲ့သူ
တွေကိုအရင်လုပ်ခဲ့ဘူးတဲ့လုပ်ငန်းအတွေအကြုံတွေပေါ်မှာအခြေခံကာလုပ်ငန်းတွေကိုကန်ထရိုက်ပေးခဲ့တာဖြစ်ပါ
တယ်။ကန်ထရိုက်ရကြတဲ့ခရိုနီတွေကပဲနေပြည်တော်မှာ national park မှာသူ့အပိုင်းနဲ့သူအလကားပြန်လုပ်ပေး
ရပါတယ်။ 

ဒါတောင်လုပ်ငန်းရှင်တစ်ဦးနေပြည်တော်လမ်းမကြီးတစ်ခုကိုကရော်ကမယ်ခင်းခဲ့တာကြောင့်ပြန်ရော်ရတဲ့အပြင်
နံမည်မပျက်အောင်မနည်းလုပ်ခဲ့ရတယ်။ဒီအဖြစ်အပျက်တွေဟာသိသိသာသာကြီးဖြစ်ခဲ့တာဖြစ်ပါတယ်။အာဏာ
ပိုင်တွေဘက်ကတော့စွမ်းဆောင်ရည်ပြည့်ဝတဲ့ယုံကြည်စိတ်ချရတဲ့တိုင်းရင်သားလုပ်ငန်းရှင်(ခရိုနီ)တွေကိုမွေး
ထုတ်နိုင်ခဲ့ တယ်လို့ဆိုပါတယ်။ပြည်သူတွေဘက်ကကြည့်ရင်ခရိုနီဖြစ်ပေမဲ့အစိုးရဘက်ကကြည့်ရင်နိုင်ငံတကာ
မှာဝင်ဆန့်ပြီးလုပ်ငန်းစွမ်းဆောင်ရည်အပြည့်အ၀ရှိတဲ့တိုင်းရင်းသားလုပ်ငန်းရှင်တွေလို့မြင်ပါတယ်။(တိုင်းရင်းသား
လို့သာဆိုတာပါ၊သူတို့အထဲမှာတရုတ်အနွယ်တွေတစ်မတ်သားငါးမူးသားရှိသူတွေအများကြီးပါနေပါတယ်)

အခုခေတ်ကအဘအဘမလုပ်တတ်ရင်စီးပွားရှာရတာမလွယ်ပါဘူး။ အဲတော့ခရိုနီအသေးစားတွေ၊အလတ်
စားတွေ၊အကြီးစားတွေပေါ်လာပြီးစီးပွားရေးသမားတိုင်းအာဏာပိုင်တွေနဲ့နီးစပ်အောင်ပေါင်းသင်းနေထိုင်ကြ
ရတာပါ။သူတိုအထဲမှာ တောင်ပြောနေကြတာတွေရှိပါတယ်။ဝေးဝေးလည်းမနေနဲ့၊ နီးနီးလည်းမနေနဲ့၊
 ခေါ်ရင်ကြားလောက်တဲ့နေရာကနေပါတဲ့၊မခေါ်မပြောမထိမတွေ့လို့ကတော့မရတာကိုး။ဒါပေမဲ့အနေမှန်ပြီး
အောင်မြင်တဲ့စီးပွားရေးသမားအချို့လည်းရှိပါသေးတယ်။ဒါပေမဲသူတို့လည်းနဲနဲတော့လုပ်ရသေးတယ်လို့နီး
စပ်သူတွေကပြောပါတယ်။ဝင်လို့ကောင်းအောင်လုပ်ရတဲ့အခါအရင်တုံးကသီတင်ကျွတ်လောက်ပဲ“ဂါ”ကြ
တာပါ။အခုခေတ်တော့ခရစ်စမတ်၊နယူးရီးယား၊မြန်မာနှစ်သစ်ကူး၊တရုတ်နှစ်သစ်ကူး၊အကုန်လုံးထွေးပြီး
ဆိုင်ဆိုင်မဆိုင်ဆိုင်”ဂါ”ကြရပါတယ်။ မင်္ဂလာဆောင်တို့၊ happy birthdayတို့ကတော့အကောင်းဆုံး “ဂါ” နိုင်တာပေါ့ဗျာ့။





ရင်းနှီးမြုပ်နှံမှုဘာကြောင့်မလာသလဲ



 မြန်မာနိုင်ငံသို့ နိုင်ငံခြားကုမ္မဏီများမှ စီးပွားရေးလုပ်ငန်းများ လာရောက်စုံစမ်းမှုများ များစွာရှိသော်လည်း လက်တွေ့တွင် မြင်သာသောရင်းနှီးမြုပ်နှံမှုတစ်စုံတစ်ရာမရှိခြင်းနှင့် ပတ်သက်၍ ----

''နိုင်ငံခြားသားတွေလာတယ် အများကြီးပဲ ဒါပေမယ့် ကျွန်တော် တို့ အလုပ်ဖြစ်ခဲ့တာတစ်ခုမှမရှိဘူး ကျွန်တော်တို့ လွဲနေတာတွေ တော့ရှိနေပြီ၊ ဟန်ရေးပြနေလို့ မရတော့ဘူး အနှစ်သာရရှိရှိလုပ်မှ ရမယ် ကျွန်တော်တို့ အခု စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ၊တစ်ခုရှိတာက နိုင်ငံခြား သားတွေတွေ့တိုင်း အလုပ်ဖြစ်တာမဟုတ်ဘူး လာပြီးပြန်သွားကြ တာကြီးပဲ ဒီတော့ ဒီကိစ္စကိုလည်း စဉ်းစားသင့်နေပါပြီ''

အထက်ပါစကားရပ်များကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်နှစ်ပတ်လည်ညီလာခံမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်
ကပြောသွားခြင်းဖြစ်သည်။အမှန်ပြောရရင်ပြည်တွင်းမှာဖြစ်ပေါ်နေသောအခြေအနေများအပေါ်အများကြီးမူတည်နေပါ
သည်။ခေါင်းကရွေ့ပြီးကိုယ်ကလိုက်မရွေ့လာသည့် အဖြစ်မျိုးနေရာတိုင်းမှာ ဖြစ်ပျက်နေသည်ဟုဆိုလျှင်မမှားပါ။

မောင်တိုင်ပင်တို့သည်၂၀၁၁ခုနှစ်အစပိုင်းမှစ၍ မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံရန်အတွက်လာရောက်စုံစမ်းသူ
အများအပြားနှင့်တွေ့ဆုံစကားပြောခွင့်ရခဲ့ရာနို်င်ငံခြားသားများအနေဖြင့်မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဆောင်ရွက်ချက်များ
အပေါ်အမြင်အမျိုးမျိုးရှိနေကြသည်ကိုသိရှိခဲ့ရပါသည်။တစ်ခုသိထားရန်မှာ၎င်းတို့အားလုံးသည်
ကမ္ဘောဒီးယားနိုင်ငံအတွေ့အကြုံများအတော်အတန် ရရှိခဲ့ပြီး ဖြစ်ရာမြန်မာနို်င်ငံအခြေအနေနှင့်အတော်တူ
သည်ဟုပြောကြသည်။တစ်ချို့ကမြန်မာနို်င်ငံအခြေအနေနှင့်နို်င်းယှဉ်သုံးသပ်ပြောဆိုကြသည်။တွေ့ခဲ့
သည့်နို်င်ငံခြားသားတစ်ဦးဆိုလျှင်မောင်တိုင်ပင်တို့နှင့်စလာဆက်သွယ်စဉ်ကပင်မြန်မာနိုင်ငံ၏
နံမည်ကြီးလုပ်ငန်းရှင် အချို့နှင့်အတူတွဲမလုပ်လိုသဖြင့်မဆက်သွယ်ပေးရန်ကြိုတင်ပြောကြားသည်ကို
ထူးခြားစွာတွေ့ခဲ့ရကြောင်း၊သူ့အတွေ့အကြုံကိုပြောပြရာယခင်က နံမည်ကြီးမြန်မာစီးပွားရေးသမား
တစ်ဦး နှင့်  စတင်အဆက်အသွယ်ရရှိ့   ခဲ့သော်လည်းတစ်ခါသာတွေရရပြီးနောက်ပိုင်းလူချင်းပင်မတွေ့ရ
 တော့ပဲဖုန်းဖြင့်သာဆက်သွယ်ပြောဆိုခွင့်ရခဲ့ကြောင်း၊သူတို့တဆင့် တာဝန်ပေးလွှဲလိုက်သည့်သူနှင့်လည်း
တစ်ကြိမ်လောက်သာတွေ့ရပြီးဖုန်းဆက်သည့်အခါတိုင်းမရှိသည်ကများနေပြီးအဆိုပါလူများနှင့်ဆက်သွယ်
လုပ်ကိုင်ခြင်းသည်အချိန်သာကုန်ပြီးအလုပ်ဖြစ်မည်ဟုမထင်သောကြောင့် ကြိုတင်ပြောထား
ရခြင်းဖြစ်ကြောင်းပြောပြပါသည်။ဒီကိစ္စကခရိုနီအပေါ်အထင်ကြီးပြီးမရမကအဆက်အသွယ်ရယူခဲ့သော်လည်း
ခရိုနီဆိုသည်မှာ အချည်ကြီးတွေသာစိတ်ဝင်စားပြီးသေးသေးမွှားမွှားဆိုလျှင်စိတ်မ၀င်စားသဖြင့်ယခုကဲံ့သိုလစ်လျူ
ရှုခြင်းခံရနိုင်ဖွယ်ရာရှိပါသည်။

တချို့ကလေယဉ်လက်မှတ်၊ဟိုတယ်ခ အကုန်ခံပြီးအချဉ်လာရှာသည့်နိုင်ငံခြားသားကိုလည်းလက်ခံတွေ့
ဆုံစကားပြောခဲ့ဘူးပါသည်။ တခါးဖွင့်လိုက်ပြီဆိုတော့လူပေါင်းစုံဝင်လာသည့်သဘောပင်--ကိုယ်နှိုက်က
ဖတ်ထားမှတ်ထားသိထားလို့သာတော်တော့သည်။အချို့ကလာရောက်တွေ့ဆုံခွင့်တောင်းပြီးသတင်းအချက်
အလက်အကုန်ရသမျှနှိုက်ကြသည်။အားမနာကြတော့--နောက်ပိုင်းဆွေးနွေးပြောဆိုခ တစ်နာရီ ဒေါ်လာ ၅၀ ယူပါမည်ဆိုပြီး-- ငွေတောင်းခံလွှာထုတ်ပေးမှ ရပ်တော့သည်။ဗမာပီပီ အားနာတတ်သည်ကိုအခွင့်
ကောင်းယူ၍လက်ကုန်နှိုက်ရာ နောက်ဆုံြးေ့ပာစရာစကားတောင်မကျန်တော့သည့်ဘ၀သို့ရောက်
ရတော့သည်။ကိုယ်နှိုက်ကသတင်းအချက်အလက်အပုံကြီးပေါ်ထိုင်နေသည်ဖြစ်၍တော်ယုံသတင်းအချက်
အလက် ကို လက်တန်းပင်ပြော၍ရသည်။တစ်ခုတော့ကောင်းသည်၊နောက်ပိုင်းလူသတင်းလူချင်ဆောင်ပြီး တကယ်လုပ်မည့်သူတွေနှင့်အဆက်အသွယ်ရခဲ့သည်။နံမည်အရလိုက်လာကြသည်။သူတို့နို်င်ငံမှာ
လည်းမြန်မာသည်ရင်းနှီးမြုပ်နှံလိုသူများအကြားရေပန်းစားလျှက်ရှိနေသောကြောင့်ခါတော်မှီ
လုပ်ငန်းအတိုင်ပင်ခံကုမ္မဏီများထူထောင်၍ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဟုဆိုကာ
နားလည်မှုစာလွှာတွေလက်မှတ်ထိုးခဲ့သော်လည်းအလုပ်မဖြစ်သေးပါ။ အချို့ကဆက်သွယ်လာ
ကြပြီးထိုင်း၊မလေးရှား မှာ အတွေ့အကြုံများကိုလာရောက်ပြောကြားပေးရန်အတွက်စရိတ်ခံပြီးဖိတ်ကြားခဲ့ ပါသည်။
နို်င်ငံခြားသားများ၏ပြောဆိုချက်များကိုတင်ပြရလျှင်-----

နိုင်ငံခြားမှရင်းနှီးမြုပ်နှံသူအနေဖြင့်မြန်မာနိုင်ငံ၌ လုပ်ငန်းဆက်ဆံလုပ်ကိုင်ရာတွင်အစကနဦးပိုင်းအဆင့်
ဖြစ်သောကုမ္မဏီတည်ထောင်ခြင်းကအချိန်အတို်င်းအတာတစ်ခုအတွင်းဆောင်ရွက်ပေးနိုင်သောကြောင့် ပြသာနာကြီးကြီးမားမားမရှိပါ။ သို့သော်နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ရာတွင်ပင်တင်ပြရသည့်စာရွက်
စာတမ်းများမှာများပြားပြီးအချိန်ယူသောလုပ်ငန်းစဉ်အပေါ်အလွန်စိတ်ပျက်ညည်းညူကြပါသည်။
ထိုကြောင့်အစိုးရပိုင်ဘဏ်၊ပုဂ္ဂလိကဘဏ်များတွင်ရင်းနှီးမြုပ်နှံမှုလာရောက်ကိုင်သောကုမ္မဏီများအတွက်သီးခြား
လုပ်ကိုင်ပေးသောကောင်တာများဖွင်လှစ်လုပ်ကိုင်ပေးရန်စီစဉ်ထားသင့်သည်။ (ယခုဆောင်းပါး
ရေးသားနေချိန်တွင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်လိုသည့် ဂျပန်ကုမ္မဏီတစ်ခုသည်ဘဏ်၌ငွေစာရင်း
ဖွင့်ရန်တင်ပြရာတွင်စာရင်းဖွင့်ရန်ဆုံးဖြတ်သည့်ရှယ်ယာရှင်ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
ကိုတင်ပြရန်လိုပြီးအဆိုပါမှတ်တမ်းကိုရှယ်ယာရှင်ဒါရိုက်တာအားလုံး ကလက်မှတ်ထိုးရန်လိုအပ်ပြီး
အဆိုပါမှတ်တမ်းကို ဂျပန်ရှိမြန်မာသံရုံးထံမှထောက်ခံချက်ယူရမည်ဟုစည်းကမ်းသတ်မှတ်ချက်ရှိပါသည်။
ဂျပန်ကုမ္မဏီသည်ရှယ်ယာရှင်ဒါရိုက်တာများအားလုံးလက်မှတ်ရရန်အတွက်အချိန် ၃ - ၄ ပတ်
လောက်စောင့်လိုက်ရပါသည်။နောက်အချက်တစ်ခုမှာ မန်နေဂျင်းဒါရိုက်တာ ကိုယ်တိုင်ဘဏ်တွင်
လာရောက်လက်မှတ်ထိုးရန်လိုပါသည်။ဤအချက်များကိုလေ့လာကြည့်ပါကလုပ်ငန်းစဉ်သည်ရင်းနှီးမြုပ်နှံမှုများ
ဝင်ရောက်လာမှုကိုချောမွေ့အောင်လုပ်သလားမချောမွေ့သေးဘူးလားဆိုသည့်အချက်ကိုစာ
ဖတ်သူပဲဆုံးဖြတ်ပါစေ။)

ယခင်ကရင်းနှီးမြုပ်နှုံမှုလုပ်ငန်းများလာလျှင်အချိန်တိုအတွင်းပြီးအောင်ဆောင်ရွက်မည်ဟုလေကြီးမိုးကျယ်
ပြောထားသော်လည်းယခုအခါမသိကျိုးကျင်ပြုထားကြသည်။ ရန်ကုန်၌အစိုးရအဆောက်အဦများ
စွာရှိပါသည်။တော်တော်သင့်သင့်အကျယ်အ၀န်းရှိသောအဆောက်အဦတစ်ခုကိုနို်င်ငံခြားငွေလွှဲပြောင်းပေးနို်င်သော
ဘဏ်အပါအ၀င်ရင်းနှီးမြုပ်မှံမှုနှုင့်သက်ဆိုင်သောဌာနများစုစည်းပြီးဆောင်ရွက်ပေးမည်ဆို
လျှင်အဆင်ပြေနိုင်ဖွယ်ရာရှိနိုင်ပါသည်။ ”တစ်နေရာတည်းတွင်ပြီးသည့်စနစ်”ကိုယခင်ကတော်တော်
များများပြောကြသော်လည်းယခုအခါအဆိုပါဝန်ဆောင်မှုလုပ်ငန်းမျိုးထားဖို့မည်သူမျှ စိတ်ကူးကြခြင်း
မရှိခြင်းမှာ အတော်အံ့သြဖွယ်ရာကောင်းနေသည်။

ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့ရင်းနှီးမြုပ်နှံမှုကော်မရှင်ထံတင်ပြထားသည်မှာ ၄ လ လောက်ကြာပြီဖြစ်သော်
လည်းအဖြူအမဲ သဲသဲကွဲကွဲ မသိရခြင်းအပေါ် နိုင်ငံခြားသားရင်းနှီမြုပ်နှံလိုသူတစ်ဦး မှာအတော်အားမလို
အားမရဖြစ်နေသည်ကိုလည်းတွေ့ရသည်။ နိုင်ငံခြားမှ သတင်းဖေါ်ပြချက်တစ်ခုတွင်သူက
”လက်မှတ်ထိုးဘောနပ်စ်”မည်မျှပေးရမည်ကိုတင်ပြရသည့်အပေါ် ၌လည်းမကျေလည်သည့်သဘော
ကိုပြောပြနေသည်ကိုဖတ်ရပါသည်။ နိုင်ငံခြားမှာ မရှိတော့ဟုသူတို့ကပြောသည်။ ဒါပေမဲ့ မောင်တိုင်ပင်
တို့မသိကြပါ။ တစ်ခုစဉ်းစားမိသည်မှာမောင်တိုင်ပင်တို့နိုင်ငံ၌အထက်အလယ်အောက်အဆင့်များ အနေ
ဖြင့်နို်င်ငံတကာနှင့်ကင်းကွာနေကြသည်မှာအမှန်ပင်ဖြစ်သည်။နို်င်ငံခြားကိုရောက်ဘူးကြပါသည်၊သို့သော်၃-၄-၅ ရက်နှင့်မည်သည့်အတွေ့အကြုံများကိုမှနက်နက်ရှိုင်းရှိုင်းမသိနိုင်မရနိုင်ပါ။သူ့ကိုလာပြောပြတာကို
ပဲဟုတ်သလားမှန်သလားမစောကျောနိုင်ပဲနားထောင်နေရပါသည်။သို့သော်သူတို့အဆိုပြု
လွှာတင်စဉ်ကအသေးစိပ်မဟုတ်သည့်တိုင်အတွေ့အကြုံများအပေါ်အခြေခံတွက်ချက်ခြင်းဖြစ်
သည်ကိုသတိထားမိရာငွေကြေးအကျိုးအမြတ်တင်ပြချက်မှုများသည်လက်တွေ့နှင့်နီးစပ်မှုရှိသည်ဟုထင်ပါသည်။

နောက်တစ်ခုကအသစ်ပြဌွန်းသတ်မှတ်လိုက်သောရင်းနှီးမြုပ်မှုလုပ်ငန်းစဉ်တွေကိုဌာန၌အထက်ဆုံးပု၈္ဂိုလ်က
လူသိရှင်ကြားပြောလိုက်ပြီဆိုပါကအလယ်ကအောက်ကလူတွေကလည်းမှတ်သားထားသင့်ပါသည်။ဒီအ
ချက်သည်မောင်တို်င်ပင်တို့လူတွေပြင်ရမဲ့အချက်ပါ။ မောင်တိုင်ပင်တို့ကြုံရသည့်အချက်အပေါ်အခြေခံပြော
ဆိုခြင်းဖြစ်သည်။အပေါ်ကလူကလူသိရှင်ကြားပြောပြီးသည့်အတွက်ဌာနမှာသွားလုပ်သည့်အခါအလယ်နဲ့
အောက်ကလူက လူကြီးပြောသည်ကိုမသိ--အရင်နည်းစဉ်ဟောင်းကိုပဲကိုင်တွယ်ဆုပ်ကိုင်လုပ်နေသော
ကြောင့်မောင်တိုင်ပင်တို့မှာနို်င်ငံခြားသားများနှင့်ဆက်စပ်လုပ်ကိုင်နေရရာအတော်ကသိကအောက်နိုင်
ပါသည်။ရင်းနှီးမြုပ်နှံမှုလုပ်ငန်းနှုင့်ဆက်စပ်သောဌာနများသတိထားနိုင်ပါရန်ဖေါ်ပြခြင်းဖြစ်ပါသည်။

မြန်မာနို်င်ငံတွင်မော်တော်ယဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတည်ထောင်လိုသည့်နိုင်ငံခြားသားတစ်ဦး
နှင့်မောင်တိုင်ပင်စကားပြောကြည့်ရာသူကသူ၏အဖြစ်ကိုအများသိသောဥပမာတစ်ခုနှင့် နှိုင်းပြောပါသည်။
ကြက်ဥနှင့်ကြက်ဘယ်သူအရင်စဖြစ်သလဲဆိုသည့်ပြသာနာမျိုးဖြစ်သည်။ သူပြသာနာ အရင်းအမြစ်က
ရင်းနှီးမြုပ်နှံမှုကော်မရှင်မှာစုံစမ်းသောအခါမည်သည့်နေရာဒေသတွင်တည်ဆောက်လိုသည်ကိုဖေါ်ပြရန်လိုသည်
ဟုပြောလိုက်ပါသည်။နေရာဒေသမြေရရှိရေးနှင့်ပတ်သက်၍သက်ဆိုင်သည့်ဒေသဆိုင်ရာအစိုးရထံ တင်ပြသည့်အခါ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ပါရှိရမည်ဟုဆိုပါသည်။ထိုအခါရင်းနှီးမြုပ်နှံလို
သူသည်ခေါင်းရှုပ်သွားပြီးမောင်တိုင်ပင်တို့ထံရောက်လာခြင်းဖြစ်ပါသည်။သို့ရာတွင် သူ၏ ကြက်နှင့်ကြက်ဥ
အစရှာမရသည့် ပြသာနာကိုရှင်းပေးလိုက်သည့်နောက်သူတို့သည် ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွာ
 တင်ပြရန်ပြင်ဆင်နေပြီဖြစ်ပါသည်။

ဖွင့်ပေးထားသည့်ကြားထဲမှ ရင်းနှီးမြုပ်နှံမှုများထင်သလောက်မလာကြခြင်းမှာသိသာထင်ရှားပါသည်။အား
လုံးကစောင့်ကြည့်နေကြပါသည်။ပြသာနာများမှာ---

-အဓိကပြသာနာဖြစ်သည့်လျှပ်စစ်မီးဖြစ်သည်၊ စက်မှုဇုန်တွေမှာအလှည့်ကျမီးဖြတ်ခံရပြီးထုတ်လုပ်မှုကျ
ဆင်းခဲ့သည်။တရုတ်၏တကောင်းတောင်နိကယ်လ်စက်ရုံ၌လျှပ်စစ်ဘယ်လိုရသလဲ--ကနဦးထဲကဘယ်လို
စီမံထားသလဲ--ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းတွေကိုလက်ခံမည်ဆိုလျှင်မည်သည့်အစီအစဉ်ဖြင့်လျပ်စစ်မီး
ပေးရအောင်လုပ်မလဲဆိုသည့်အချက်ကိုဦးစားပေးစဉ်းစားရန်လိုမည်။မောင်တိုင်ပင်ဗီယက်နမ်စက်မှုဇုန်
များသို့သွားရောက်လေ့လာခဲ့စဉ်ကဒီဇယ်မီးပေးစက်ရုံများ ဇုန်တိုင်းလိုလိုတည်ဆောက်ထားရှိပါသည်။
ဘေးမှာဒီဇယ်လှောင်ကန်ကြီးလည်းဆောက်ထားသည်။ ဇုန်အတွင်းမှာလျှပ်စစ်မီးပေးနိုင်အောင်စီစဉ်
ထားနိုင်လျှင်အကောင်းဆုံးဖြစ်သည်။(ထားဝယ်အထူးစီးပွားရေးဇုန်)

-တိုးတက်ဖွံဖြိုးမှုမှာယခုမှအရှိန်ယူစဖြစ်သော်လည်းမြေဈေးတွေမှာခေါင်ခိုက်နေသည့်အတွက်စုစုပေါင်းရင်း
နှီးမြုပ်နှံမှုပမာဏ၏ ၅၀% ခန့်သုံးစွဲရမည်ဆိုလျှင်မည်သည့်လုပ်ငန်းရှင်မှမကြိုက်ကြပါ။မြေဈေးတွေခေါင်
ခိုက်သွားခြင်းသည်ရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်သည့်ကိစ္စဖြစ်သည့်အတွက်မဝေဖန်
လိုတော့--ဤအခြေအနေသည်ကမ္ဘောဒီးယားနိုင်ငံအခြေအနေနှင့်တူသည်ဟုနိုင်ငံခြားသားများ
ကပြောပြကြသည်။အကောင်းဆုံးမှာအစိုးရကလွတ်လွတ်ကင်းကင်းရှိသည့်ရန်ကုန်မန္တလေးအဝေးပြေးလမ်း
ရန်ကုန်-ပဲခူးလမ်းဟောင်းများဘေး၂ဖက်ရှိမြေနေရာဖေါ်ထုတ်သတ်မှတ်ပေးနိုင်လျှင်ရှဉ့်လည်း
လျှောက်သာစေပျားလည်းစွဲစေကိန်းဆိုက်ပါမည်။ယင်းသို့ဆိုသည့်တိုင်ရာဘာစိုက်ခင်း၊သရက်စိုက်ခင်း
တွေရှိနေသေးသည်။အစိုးရမင်းများစဉ်းစားကြပါကုန်။

-ဘဏ်ကိစ္စကိုအထက်မှာတင်ပြပြီးဖြစ်ပါသည်။ရင်းနှီးမြုပ်နှံသူများ၏ငွေရေးကြေးရေးကိုသာသီးသန့်ကိုင်
တွယ်ရန်အတွက်နိုင်ငံခြားဘဏ်ကို ”ရေခြားမြေခြားဘဏ်”အနေဖြင်ဖွင့်ခွင့်ပေးလျှင်ရနိုင်မရနိုင်စဉ်းစား
သင့်ပါသည်။

-ရင်းနှီးမြုပ်မှံမှုမူဝါဒ၊ကဏ္ဍအလိုက်သက်ဆိုင်သောမူဝါဒကိုတွေ့သောနို်င်ငံခြားပု၈္ဂိုလ်တိုင်းကမောင်တိုင်ပင်
တို့ကိုမေးကြသည်။ မူဝါဒဆိုတာ တို့အလုပ်မဟုတ်ဟုထင်နေကြသောမောင်တိုင်ပင်တို့နိုင်ငံကဌာနဆိုင်ရာ
ကလူတွေအနေနဲ့အတွေးအခေါ်စိတ်သဏ္ဍာန်များ ပြောင်းဖို့လိုနေပြီ။ဆယ်စုနှစ်ပေါင်းများစွာမောင်တိုင်ပင်
တို့နို်င်ငံ၌”မူဝါဒဆိုင်ရာအဖွဲအစည်း”ပင်လောက်လောက်လားလားစဉ်းစားပြီးဖွဲ့စည်းထားခြင်းမရှိသေးပါ။
ကဏ္ဍအလိုက်မူဝါဒများကိုနှစ်အလိုက်ရေးဆွဲထားခြင်းရှိပါသလား ? ဥပမာပြောရပါကမော်တော်ယဉ်
နှင့် ပတ်သက်၍တစ်နေ့ကအလုပ်ရုံဆွေးနွေူပွဲလုပ်ကြသည်။ မူဝါဒထွက်လာသည်အထိဦးတည်ထားသ
လားတော့မသိပါ။ ရင်းနှီးမြုပ်နှံရန်စိတ်ဝင်စားသူတိုင်းက၎င်းတို့ရင်းနှီးမြုပ်နှံလိုသည့်ကဏ္ဍ၌မည်သို့သော
မူဝါဒများရေးဆွဲထားရှိသည်ကိုသိလိုကြသည်။ မူဝါဒကိုဖေါ်ထုတ်ခြင်းသည် ”နိုင်ငံစာရွက်စာတမ်းများ
လျှိ့ဝှက်ဥပဒေ” နှင့်ညှိနိုင်သည်ဆိုသည့်အတွေအခေါ်များရှိ၍လားမသိပါ။

-အလားတူတယ်လီဖုန်းအင်တာနက်သည်ရင်းနှီးမြုပ်နှံမှု၏အသက်သွေးကြောဖြစ်သည်။ အစိုးရဌာနက
လက်ဝါးကြီးအုပ်ကိုင်ထားဆဲဖြစ်သည်။ အင်တာနက်ဆိုလျှင်တိုင်းပြည်ဖွံဖြိုးရေးလမ်းကြောင်းပေါ်မှာ
အဓိကကျသောအမြုတေအဖြစ်ပါဝင်ပါသည် ဤအခြေအနေတွေအားလုံးကိုရင်းနှီးမြုပ်နှံလိုသူများက
စောင့်ကြည့်နေကြသည်။မောင်တိုင်ပင်တို့မြန်မာမှာလုပ်မရတော့ဘူးဆိုလျှင်တခြားနိုင်ငံသွားလုပ်ယုံ
ပဲရှိတော့သည်။ဘာလုပ်သင့်သလဲဆိုသည်ကိုတော်တော်များများက ဂျာနယ်တွေမှာရေးနေပြောနေကြ
သည့်အတွက်မောင်တိုင်ပင်အကျယ်မပြောလိုတော့ပါ။

-အလုပ်သမားဥပဒေဘယ်သို့ရှိသည်၊လုပ်ခကြေးငွေနှင့်ပတ်သက်၍မည်သို့ရှိသည်ကိုအသေးစိပ်မေးမြန်းကြ
ပါသည်။ လုပ်သက်အတွေ့အကြုံအတော်ရင့်ကျက်ပြီး”ပရိုဖက်ရှင်နယ်လ်ဘာသာရပ်ကျွမ်းကျင်သည့်အင်ဂျင်
နီယာ”တစ်ဦးရဖို့မလွယ်ပါ။ စင်ကာပူမှာ မြန်မာပြည်၌ဆောက်လုပ်ရေးကန်ထရိုက်ရသည့်စင်ကာပူကုမ္မဏီ
များကအင်ဂျင်နီယာများကိုသူတို့ စထရိတ်တိုင်းသတင်းစာကတဆင့်အလုပ်ခေါ်ယူရာတွင်”မြန်မာနိုင်ငံသား”
 ဖြစ်ရမည်၊မြန်မာနိုင်ငံတွင်လုပ်ကိုင်ရမည်ဟုဖေါ်ပြပါရှိပါသည်။ သို့သော်လစာမှာစင်ကာပူအဆင်အတန်း
အတိုင်းပင်ဖြစ်သည်။စင်ကာပူနိုင်ငံသားကိုခေါ်ယူခြင်းထက်သက်သာပါသည်။အဘယ်ကြောင့်ဆိုသော်
စင်ကာပူနိုင်ငံသားသည်အဆင့်တူဖြစ်လျှင်နိုင်ငံခြားသားထက်လစာပိုပါသည်။ဤအချက်များသည်သူတို့စဉ်း
စားသောအချက်များဖြစ်သောကြောင့် မြန်မာနို်ငငံရှိသက်ဆိုင်ရာဌာနများကလည်းကြိုပြီးစဉ်းစားထား
ဖို့ကောင်းသည်။တရုတ်ရင်းနှီးမြုပ်နှံ့မှုပရိုဂျက်များ၌အလုပ်သမားများကိုတရုတ်မှခေါ်လာခြင်းသည်မဖြစ်သင့်သော
ကိစ္စဖြစ်သည်။ပြည်တွင်းပြည်ပအလုပ်သမားအချိုးမေးသည့်အခါ မောင်တိုင်ပင် ကရင်းနှီးမြုပ်နှံမှု ဥပဒေကိုစောင့်ပါဟုပြောထားရသည်။

-ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍သိသာမြင်သာမဖြစ်မှုသည်လည်းအကြောင်းအချက်တစ်ရပ်ဖြစ်နေဆဲပါ။
ဒီအချက်ကမောင်တိုင်ပင်သုံးသပ်တာမှားချင်မှားနိုင်ပါမည်။ကိုယ့်ဌာနမှာလာရောက်ဆက်သွယ်သူများ
ကိုလွယ်ကူရှင်းလင်းသောလုပ်ငန်းစဉ်ကိုသိသာမြင်သာအောင်လုပ်ထားခြင်းထက်သိုသိုဝှက်ဝှက်ထား
ကာအဂတိတရားပျက်ပြားပြီးဘယ်လောက်ပေးမှလုပ်ပေးမည်မျိုးလုပ်ခြင်းဖြစ်သည်။မောင်တိုင်ပင်ကိုယ်
တွေ့ကြုံဘူးပါသည်။ပါးစပ်ကပြောထွက်တာကိုပဲအံ့သြမိပါသည်။

လက်တွေ့၌ရင်းနှီးမြုပ်နှံမှုများထင်သလောက်မလာခြင်းတော့မဟုတ်ပါ။သူတို့ကိုစိတ်ရင်းမှန်မှန်ဖြင့်ကူ
ညီဆောင်ရွက်ပေးနေသောအဖွဲအစည်းများရှိနေသေးသည့်အတွက်အထိုက်အလျောက်တော့လုပ်ကိုင်
နေဆဲဟုဆို၍ရပါသည်။ တခါတရံကောင်းမွန်သောရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်၍အကျိုးအကြောင်းရှင်းပြရန်
လူကြီးများတွေ့ခွင့်တောင်းသည့်အခါသူတို့အနေဖြင့်လမ်းကြောင်းလွဲသွား၍လားမသိ ၂လ ၃လကြာသည်
အထိတွေ့ခွင့်မရသည့်အခါအတော်စိတ်ပျက်ညည်းညူကြပါသည်။ထိုကြောင့်ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍
အခြားနိုင်ငံများမှာလည်းနည်းလည်းကောင်းများရှိနေသည့်အတွက် မြန်မာအဖို့ သိသာမြင်သာထင်သာ အောင်ဆောင်ရွက်ပေးပြောဆိုပေးမည်ဆိုပါကတဖြည်းဖြည်းလာရောက်ကြလိမ့်မည်ဟု
ယုံကြည်ပါသည်။
ဗီယက်နမ်၌ပါတီအဆင့်အလယ်အလတ်ရှိသူကရင်းနှီးမြုပ်နှံမှုဇုန်တွေကိုဦးဆောင်သည်။သူပြီးလျှင်
အကုန်ပြီးသည်။သူနှင်တွေ့လျှင်အားလုံးပြီးနိုင်သောကြောင့်ရင်းနှးီမြုပ်နှံသူများကအလုအယက်သူနှင့်
တွေ့ရန်ကြိုးစားကြသည်။ဒါကလွန်ခဲ့သော၁၀နှစ်လောက်ကအခြေအနေပါ။ ဒီပုဂ္ဂိုလ်တွေလည်းစားကြ
ဝါးကြသောကြောင့်ကြာကြာမခံဟုသိရသည်။ပါးစပ်ပါတာကိုး။မြန်မာမှာတော့ အားလုံး က”ရင်းနှီးမြုပ်
နှံမှုဥပဒေ”ကိုသမ္မတကြီးလက်မှတ်ရေးထိုးထုတ်ပြန်မည့်နေ့ကိုစိတ်ရှည်လက်ရှည်စောင့်စားနေကြပါသည်။