Saturday, June 10, 2017
ဝန်ဆောင်မှု
Weekend Friday night birthday အထိမ်းအမှတ်မိသားစု dinner စားရအောင် JEM ကိုသွားကြတာ Songfa  Bak Kut Teh ; Din Tan Fung; Soup restaurant; Thai Express စတဲ့နံမည်ကြီးဆိုင်တွေလိုက်ကြည့်တာတစ်ခုမှ အဆင်မပြေဘူး--
ဒါနဲ့ လူနည်းနည်း နဲမယ်ထင်တဲ့ ဗီယက်နမ်ဆိုင်SOPHO မှာ နာရီဝက်လောက်စောင့်ပြီးတန်းစီရတယ်--ဗီယက်နမ်အမဲသားစားချင်တာနဲ့အတော်ပဲဖြစ်သွားတယ်--စောင့်နေရင်းဘာစဉ်းစားမိလဲ?  သက်လား?
အခုတလောရန်ကုန်မှာကော ၁၁၅မိုင်မှာကော ကိုစိုးညီဆိုင် Feel နဲ့ပတ်သက်ပြီး all sort of complaints တွေပိုစ်တင်လာကြတာတွေကို ဦးနောကသူ့မန်နေဂျာတွေဆီ ကိုထပ်ဆင့် relay လုပ်လာတာတွေ့ရပါတယ်-- ပြဿနာကတော့ အစားအစာမှာတာကြာတာ အစားအစာတွေဈေးကြီးတာ ငွေမှားတွက်တာ  ခေါ်ရင်မကြားချင်ယောင်ဆောင်နေတာ စသည်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ complaint တွေများပါတယ်--
ဦးနောလည်းတပည့်တွေ ဝန်ဆောင်မှုမှာညံ့ လာတော့စားသုံးသူတွေကိုအားနာလာတယ်နဲ့တူတယ်--မျက်နှာလည်းမကောင်းရှာဘူး--မောင်တိုင်ပင်လည်းဦးနောဆိုင်မရောက်တာကြာလှပေါ့--လွမ်း လိုက်တာ--အရင်ကဆိုရင် သူကိုယ်တိုင်ထမင်းကြော်ကျွေးတယ်။ မီးဖိုချောင်--cashier-- စားပွဲထိုး စသည်တို့အကြား Interaction စနစ်တကျမရှိတာလည်းပါလိမ့်မယ်ထင်တယ်--
တစ်ခုပြောချင်တာက ဦးနောရဲ့ restaurant size က လူတွေကျလာချိန်ကြရင်မနိုင်မနင်းဖြစ်နေတာလားတော့မသိဘူး-- ၁၀ မိုင်က Feel ဆိုရင် size သေးသွားအောင် split လုပ်သင့်လားမသိပါ--peak hour ဆိုတာတော့ရှိမှာပါ-- breakfast အချိန် lunch အချိန် စသည်ဖြင့်လူကျချိန်ရောက်လာရင် ဝန်ဆောင်မှု ကို မလစ်ဟင်းရအောင်ဘယ်လိုလုပ်သင့်လဲဆိုတာအဖြေရှာဖို့ပါပဲ--ဥပမာ Feel Gandamar;  Feel Kumudra စသည်ဖြင့် အခန်းကိုပိုင်းခြားပြီး ဝန်ဆောင်မှုကိုဆောင်ရွက်စေဖို့လိုမလား--အင်းပြောသာပြောရတယ်-- စဆရက  လုပ်တယ်လည်းထင်မှာစိုးတယ်--ဦးနောရဲ့ အတွေအကြုံတွေဟာအဖိုးမဖြတ် နိုင်ပေမဲ့ ဆိုင်အရေအတွက်များလာတဲ့အခါ မနိုင်မနင်းများဖြစ်နေသလား လို့ပါ။
အရင်တစ်ရက်ကမြေးအကြီးကျောင်းပိတ်လို့ McDonald မှာhappy meal စားချင်တယ်ဆိုလို့လိုက်ပို့တာ ခုံအမြင့်ပေါ်မှာထိုင်စားနေတုံး ဆော့လိုက်တော့ချော်ကျတာ--ဒလိမ့်ခေါက်ကွေးပဲ-- လက်ကျိုးထားတာမကြာသေးတော့ အဖိုးပါ shock ရသွားတယ် ခလေးလည်းဘာမှမဖြစ်ပေမဲ့သူလည်း shock ရသွားတယ်--ဆိုင်ကဝန်ထမ်းတစ်ယောက်ရောက်လာပြီး ခလေးကို ဘာဖြစ်သွားလဲဂရုတစိုက်မေးတယ် -- အိုက်စကရင်လည်းတစ်ဖက်စားပွဲပါရောက်သွားပြီးပေပွကုန်ရော-- ချက်ချင်းခလေးကို ရေတိုက်တယ်-- အိုက်စကရင်တစ်ခု ထပ်လာပေးတယ် -- ခလေးက shock ရသွားပြီးထပ်မစားတော့ ပါဘူး--အမှန်တော့ ကိုယ့်ခလေးက hyper-active child ဆိုတော့ တစ်စက္ကန့်အငြိမ်မနေနိုင်ဘူးလေ--အဖိုးကဆူမှာစိုးလို့It's okay it's okay နဲ့တဖွဖွပြောသေးတယ်--ဒါကကြုံ လို့ပြောတာပါ-- ဝန်ဆောင်မှု service ဆိုတာ customer တိုင်းကိုရာနှုန်းပြည့် ကျေနပ်အောင် လုပ်ပေးဖို့ ဆိုတာမဖြစ် နိုင်ပါ--Singapore Airlines ဆိုရင် customers တွေကိုကောင်းမွန်သော ဝန်ဆောင်မှုများပေးမည်ဖြစ်သော်လည်း customers ဖက်ကလွန်ကဲစွာတောင်းဆိုမှုများပြုလုပ်လာမည်ဆိုရင်ပြုလုပ်ပေးလိမ့်မည် မဟုတ် ဟု ကြိုကန်ထားသော slogan ကိုပင်အသုံးပြုအသိပေးထားပါတယ်--
ဝန်ဆောင်မှု ဆိုလျှင်စားသောက်ဆိုင်များတွင်မကပါဘဏ်များလေကြောင်းလိုင်းများကားလိုင်းများအားလုံးပါဝင်ပါတယ်-- စားသောက်ဆိုင်ကတော့ ခေါင်းအစားဆုံးဖြစ်ပါလိမ့်မည်-- ဆိုင်တွေ သိပ်များနေလျှင်လည်း Pareto theory အရ ဘယ်ဆိုင်ကိုကိုယ်ကသေချာစွာအာရုံထားလုပ်ဖို့ လည်းတစ်ဖက်မှာစဉ်းစားနိုင်ပါတယ်--
မောင်တိုင်ပင်
၀၉-၀၆-၂၀၁၇
Sunday, June 4, 2017
Facebook ရောက်တတ်ရာရာများ
YBS ဘတ်စ်ကား
YBS ဘတ်စ်ကားစီးတာ ရန်ကုန်သားတွေမြို့ ကြီးသားပီသဖို့ လေ့ကျင့်ရေး ကွင်းဆင်းနေတာပဲလို့မှတ်ယူပါတယ်။ အချင်းချင်းထိန်းကျောင်းကြဖို့ပါ။ မိတ်ဆွေတစ်ယောက်ကပြောတယ်-- YBS ဘတ်စ်ကားစီးရင် ၅၀၀၀ ဖိုးလောက်အကြွေလဲသွားတယ်--တဲ့ အကြွေမပါတဲ့ သူလဲပေးနေတာ။ကိုယ်ဆင်းမဲ့မှတ်တိုင်မရောက်ခင် ကုန်ရောပဲတဲ့--ငွေစက္ကူထုတ်တဲ့ ဗဟိုဘဏ်ကလည်းကြည့်ကောင်းကောင်းနဲ့ သူနဲ့မဆိုင်သလိုလုပ်နေတယ်။မသကာ ၁၀၀ တန် ၂၀၀ တန်တွေ ပြည်သူလက်ထဲ များများရောက်အောင်တနည်းနည်းနဲ့လုပ်ပါလား-- သိတတ်ရင်ဘဏ်တွေက အဓိက ဘတ်စ် ကားမှတ်တိုင်မှာ ၁၀၀ တန် ၂၀၀ တန်ငွေအကြွေလဲပေးဖို့ ၂-၃ နာရီလောက် ဝန်ထမ်း၂-၃ ဦးမလဲပေးသင့်ဘူလား--ဘဏ်တွေကကူညီလုပ်ပေးသင့်တာပေါ့--ကျနော့် မိတ်ဆွေ ဆိုသူ့ အသိစိတ်ဓါတ်နဲ့သူ ငွေအကြွေတွေယူသွားတာပဲ။
၃၁-၀၅-၂၀၁၇
လေဆိပ်စီမံခန့်ခွဲမှု
နိုင်ငံတကာလေဆိပ်ကော ပြည်တွင်းလေဆိပ်ကော ကားများလေဆိပ်အဝင်အထွက် နှင့်ရပ်နားခြင်း နှင့်ပတ်သက်၍ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းပြီးယခင် ထောက်လှန်းရေးဟောင်းများကို လုံခြုံရေးခန့်ပြီး လိုရင်လိုသလိုလုပ်နေတာကြာပါပြီ။ ရှေ့ပတ်ကင်နေရာနှင့် လေဆိပ်အတွင်းပိုင်းကိုလမ်းလျှောက်စက် အပေါ်အောက်လုပ်ပေးထားနိုင်လျှင်ဝန်စည်စလယ်နှင့်ကားရှိရာထိသွားနိုင်မည်ဖြစ်ပါသည်။
လေဆိပ်တစ်နေရာတွင် taxi stand လုပ်ပေးထားသင့်ပြီးလူပို့ပြီးကားများအလှည့်ကျ လာရောက်တန်းစီခရီးသည်တင်လျှင် ၂ ဦး ၂ ဖက်အဆင်ပြေနိုင်ပါမည်။ရှေ့ နောက်တန်းစီရန်ဖြစ်ပါတယ်--
လေဆိပ်တွင်းရှိ taxi service ကို limousine serviceပြောင်းပြီးပိုက်ဆံတတ် နိုင်သူများစီးနိုင်အောင်စီစဉ်းပေးထားနိုင်ပါသည်။
လေဆိပ်ရှေ့တွင်ရပ်တင်ထွက်သာဖြစ်သင်ပြီးမည့်သည့်ကားမှ ရပ်ခွင့်မပြုသင့်ပါ။ car parking တွင်ရပ်နားပြီး အမိုးပါသောစင်္ကြန်လျှောက်လမ်းမှတဆင်. travelator ဖြင့် လေဆိပ်ထဲဝင်လာနိုင်ပါတယ်။
၃၁-၀၅-၂၀၁၇
ဘတ်စ် EZ card
စလုံးဘတ်စ်ကားတွေမှာလည်း RFID ကဒ် ကတွိကနဲ မြည်မမြည် ကိုBus captain ကားမောင်းသူက မျက်စေ့ဒေါက်ထောက်ကြည့်နေတာပါပဲ။ အသံတစ်မျိုးထွက်လာရင်ကဒ်ထဲမှာပိုက်ဆံမရှိတော့ဘူးဆိုတာသိတယ်။ ယဉ်မောင်းက စီးသူကိုကဒ်ထဲပိုက်ဆံ ပြန်သွင်းခိုင်းလို့လည်းမရတော့ဘူး။ ပိုက်ဆံအကြွေလာထည့်မှာကိုပဲ စောင့်ကြည့်နေမယ်။ ဘယ်လောက်ထည့်ရမလဲဆိုတာလာမေးတာကိုလည်းစောင့်နေမယ်။
အကြွေလည်းမပါဘူးဆိုရင်ကော? ပြန်ဆင်းရမှာလား ?
ပြန်ဆင်းပြီးအနီးဆုံးဘူတာ ရှိ Add machine မှာ ကဒ်ထဲသို့ငွေသွင်းရပါမည်။ လက်မှတ်မပါပဲ စီးပါက ဒဏ်ငွေ ၅၀ ပေးရပါမည်--အဖွားကြီးတွေအဖိုးကြီးတွေဆိုရင် bus captain ကဘာမှမပြောပဲအနီးဆုံး MRT station တွင်ရပ်ပေးပါတယ်။ အချို့ အဖိုးကြီးအဖွားကြီးများကငွေအများကြီးမသွင်းနိုင်ပေမဲ့ senior concession rate တော့ ရနိုင်ပါတယ်။
Top of Form
Bottom of Form
၂၉-၀၅-၂၀၁၇
သစ်ပင်ကိုဦးစားပေး
ဒီနေ့သူငယ်ချင်း၅ယောက် Bukit Batok Community Club မှာ high tea သောက်ပြီးအပြန်အသစ်ဆောက်ထားတဲ့ လျှောက်လမ်းတစ်လျှောက်လမ်းလျှောက်လာရင်း civil engineer ဘတ်ခွက လက်ညှိုးထိုးပြတယ်-ခေါင်မိုးနဲ့မလွတ်တဲ့သစ်ကိုင်းကိုခုတ်မပစ်ဘူး-- အမိုးကိုပဲဝိုက်ပြီးဒိုင်းမျှားတန်းကိုဆွဲထားတယ်-- သစ်ပင်တစ်ပင်ရဲ့ဖြစ်တည်ရှိနေမှုကို တန်ဖိုးထားတဲ့သဘောကိုပြနေတယ်-- ကျနော်တို့ ရွှေနိုင်ငံမှာဆိုရင် ဘာဘာညာညာ စဉ်းစားမနေပါဘူး -- သစ်ကိုင်းကိုခုတ်ပစ်မှာပါပဲ-- သစ်ပင်တွေ pruning လုပ်ရင်တောင်ဖြစ်သလို မခုတ်ဘူး-- သစ်ပင်ရဲ့အလှ ကိုမပျက်စေရဘူး-- ဘယ်ကိုင်းကိုဘယ်လိုခုတ်ဆိုတာ သက်ဆိုင်ရာဌာနက ပြောတဲ့ အတိုင်းခုတ်ရတယ်--တလောက ကျနော်တို့ဆီမှာ လမ်းမလွတ်ဘူးဆိုပြီး နှစ်ရှည်သစ်ပင်တွေကိုခုတ်ပစ်မယ်လုပ်သေးမဟုတ်ပါလား--
၂၉-၀၅-၂၀၁၇
ဒါတွေလုပ်နိုင်ရမယ်
Mochi တဲ့-- မလေးမှာလုပ်ပြီးဂျပန်ကိုသွင်းတာ--စိန်တလုံးသရက် နဲ့ ဒူးရင်းပေါတဲ့ မြန်မာနိုင်ငံ မှာ ဘာလို့မလုပ်နိုင်ကြသလဲ ??
ကောက်ညှင်းမှုန့်၊ အာလူး starch, corn starch မုန့် လုံးကြီးကို သရက် နှင့် ဒူးရင်း ဌာပနာ ထားတာပါ-- လုပ်တဲ့စက် ဂျပန်ကဝယ်လိုက်ရင်ရတာပဲနော်--
၂၈-၀၅-၂၀၁၇
ငွေစက္ကူအတု
လက်ရှိသုံးစွဲနေသော ၅၀၀၀ တန် နှင့် ၁၀၀၀၀ တန်ကို polymer ပလတ်စတစ်စက္ကူ ဖြင့်ပုံနိုပ်သင့်ပါတယ်-- အတုလုပ်ရန်မလွယ်ကူဟုသိရပါတယ်--စင်ကာပူ ၂-ဒေါ်လာ ၅-ဒေါ်လာ ၁၀-ဒေါ်လာ တန်ငွေစက္ကူများ ကိုကိုင်ကြည့်ပါ --ပေါ်လီမာစက္ကူ ဖြင့်ပုံနိုပ်ထားပါတယ်--အာဆီယံနိုင်ငံတော်တော်များများ၏တန်ဖိုးကြီးငွေစက္ကူများကို polymer စက္ကူဖြင့်ပုံနိုပ်ထားသည်ကိုတွေ့ရပါတယ်--ငွေစက္ကူများ ပုံနိုပ်သည့် ဝါဇီငွေစက္ကူပုံနိုပ်စက် နှင့်ပတ်သက်၍ information များမထုတ်ပြန်ပါ-- မသိရပါ--သက်တမ်းအတော်အိုနေလောက်ပါပြီ--အာဏာရှင်နေဝင်းသည် စတာလင်ငွေကြေးနယ်ပယ်မှထွက်ပြီး ငွေစက္ကူများကိုလိုသလို ပုံနိုပ် နိုင်ရန်ဝါဇီငွေစက္ကူ ပုံနိုပ်စက်ကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်-- De La Ru ပုံနိုပ်စက် တွင် နိုပ်ပါက ငွေကြေးနှင့်ပတ်သက်၍သတင်းအချက်အလက်များပေးရသည်နှင့်တူပါတယ်-
၂၅-၀၅-၂၀၁၇
လျှပ်စစ်လား ပတ်ဝန်းကျင်ထိန်းသိမ်းရေးလား
Clean air for smaller cities ဟာလိုအပ်ပေမဲ့coal fired power generating plant တွေ ကမြို့ နဲ့ဝေးရာမှာ တည်ထောင်ကြတာ များပါတယ်CFPGP ကကျနော်တို့ မှာတီကျစ်ပဲရှိတာ။လျာထားတာပဲရှိသေးတယ်။ ရွေးစရာပေးရတော့မယ်-- မြစ်ဆုံအစား alternative option စဉ်းစားတဲ့အခါ ဒါလည်း option တစ်ခုဖြစ်လာလိမ့်မယ်ထင်တယ်။ တခြားမကြည့်ပါနဲ့ ရန်ကုန် အမှိုက်မီးရှို ပြီးpower generate လုပ်တာ complete combustion ဖြစ်သလား မသိပါ မဖြစ်လို့ ရှိရင် toxins ဖြစ် နိုင်တဲ့ gas တွေထွက်လာနိုင်တာပဲ- အဲဒါတော့ လူတွေ သိပ်မသိလို့ issue အနေနဲ့ ထွက်မလာသေးတာပါ။ ဆန်စက်တွေဆောက်တော့ husk fired PGU တွေက prime mover အဖြစ်တာဘိုင်း-- လျှပ်စစ်မော်တာ -- တွေသုံးတယ် furnace တွေကို complete combustion ဖြစ်အောင် design အမျိုးမျိုး စမ်းကြတယ် ထိုင်းက fluidized bed furnace သုံးတယ် ဂျပန် က super heated steam ထွက်လာအောင် secondary air blower တွေသုံးတယ် white ash ရာခိုင်နှုန်းတော်တော်များများရကြတယ်။ result ကတော super heated steam ထွက်မယ် husk လောင်တာ complete combustion ဖြစ်တယ် white ash ကို သေချာ collect လုပ်ပြီး silica ထုတ် ဖို့ တောင်စဉ်းစားထားကြတယ်။ ဖိလစ်ပိုင်မှာ rice husk ကနေ gasification နဲ့ power plant ဆောက်ပြီး အနီးအနားရွာတွေ မီးပေးတယ် လွန်ခဲ့ သော ၂၀ နှစ်ကတည်းက လုပ်နေတာ အခု ကျုပ်တို့ မှာ misleading ဖြစ်စေတဲ့ ဒီအစီရင်ခံစာတွေ နဲ့ သို့လောသို့လောဖြစ်နေရတယ်- ဒါရဲ့ ရလဒ်ကတိုင်းပြည်တိုးတက်မှု ကို နှောင့်နှေးစေပါတယ် environment effect ဖြစ်တယ် လို့ သူတို့  proof လုပ်တာ own experience မဟုတ်ပဲ other country ရဲ့ experience တွေများပါတယ်-- တချို့ လည်း နှစ် ၂၀ လောက်ကြာမှ ဆိုးကျိုး ဆိုပြီးတွေ့ တာပါ Who knows ? အဲဒီအချိန်ကြရင်ကျုပ်တို့ တိုးတက်နေလို့ ဒီဟာ pollution ကို ထိခိုက်စေတယ်ဆိုရင် discard လုပ် လိုက်ယုံပဲ-- ကျနော်တို့ အရမ်းအရမ်းကို နောက်ကျနေပါပြီ take off position မှာ လျှပ်စစ်ဓါတ် လိုပါတယ် ဒါကိုအန်တီစု သဘောပေါက်ပြီး သတ္တိရှိ ဖို့ လိုပါတယ် ဆုံးဖြတ်ချက်မှန်ကန် ဖို့ နဲ့ သတ္တိရှိ ဖို့ ပါပဲ၊မလုပ်နဲ့ဆိုလည်း ဒီလိုပဲနေသွားယုံပါပဲ--
၀၉-၀၅-၂၀၁၇
သီးနှံအာမခံဈေး
သီးနှံအာမခံဈေး Guaranteed Minimum Price ကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ ရည်ရွယ်ချက် ကဘာလဲဆိုတာအလွန်အရေးကြီးပါတယ်-- အမေစု ပြောပြသွားတဲ့ မအောင်မြင်တဲ့ စပါးသီးနှံအာမခံဈေးဟာထိုင်းနိုင်ငံသက်ဆင်လက်ထက်ကစပြီးယင်းလတ်လက်ထက်ထိဖြစ်ပျက်ခဲ့တာပါ။ နိုင်ငံရေးနဲ့ဆက်စပ်ထားတဲ့ သီးနှံအာမခံဈေးနှုန်းဖြစ်တာကြောင့်မအောင်မမြင်ဖြစ်ရတာပါ။
နှစ်စဉ်နှစ်တိုင်းတစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်၊ပြည်တွင်းပြည်ပပေါက်ဈေး၊ထိုက်သင့်သောအမြတ်၊စသည်တို့ကိုတွက်ချက်၍ ဒီနှစ်မှာတော့ တောင်သူလယ်သမားဆီကဝယ်တဲ့အခါ အာမခံဈေးနှုန်းဘယ်လောက်တော့ဖြစ်သင့်တယ် ဆိုတာထုတ်ပြန်ပေးခြင်းဖြင့်တောင်သူလယ်သမားအကျိုးစီးပွားကို ထိန်းပေးရာရောက်ပါတယ်-- ဒီလိုမျိုးကိုအမြဲတန်းလေ့လာနေတဲ့ institution တစ်ခုလိုပါတယ်--pricing policy ချမှတ်ပြီး အကောင်အထည်ဖေါ်ပေးရမှာဖြစ်ပါတယ်--
မောင်တိုင်ပင်ဒါလောက်ပဲပြောချင်ပါတယ်--ကိုယ့်ထက်တတ်သိနားလည်သူတွေအများကြီးရှိပါတယ်---
Top of Form
L
Bottom of Form
၁၁-၀၄-၂၀၁၇
စက်ရုံ automation
ASEAN Economic Community AEC အရ မြန်မာနိုင်ငံမှာ ဒီလိုစက်ရုံမျိုး ပြည်ပကလာရင်းနှီးမြုပ်နှံရင်ခွင့်ပြုရမှာဖြစ်ပါတယ်။ Good Morning နဲ့ အပြိုင်အခုဆိုရင် စင်ကာပူ က Bread Talk လိုမျိုးဝင်လာပါပြီ။ထိုင်း၊ကိုရီးယား၊ စတဲ့ နိုင်ငံတွေက ဂျုံ လုပ်ငန်းနဲ့ ပတ်သက်တဲ့ SMEတွေဝင်လာတော့မှာပါ။အဲတော့ ကျော်မြင့် တစ်ယောက် ဘာလုပ်ပါမလဲ?
စက်ရုံရဲ့ ထုတ်လုပ်မှုကို modernization ခေတ်မီအောင်လုပ်ရပါတော့မယ်။ productivity ကိုတက်လာအောင်လုပ်ရပါတော့မယ်။ အဲတော့ ခေတ်မမီတော့ တဲ့ စက်တွေဖြုတ်လဲရပါတော့မယ်။ အရည်အသွေးပိုင်လည်း ISO standard နဲ့ ညီ အောင် HACCP နဲ့ ကိုက်ညီအောင်စက်ရုံကိုအစစ်ဆေးခံရပါမယ်။ ကျော်မြင့် တစ်ယောက် ဘရူနိုင်းက သန်းထွန်း နဲ့ ဆက်သွယ်ပြီးလုပ်နေပါတယ်။ နောက်တစ်ခု HRD ပါ။ အဲဒါလုပ်တော့မှပဲ စက်ရုံကိုပိတ်ရတော့မဲ့ အခြေအနေရောက်ရတော့မှာပါလား။automation စက်တွေကိုင်တွယ်တဲ့ အခါ နည်းပညာ လိုအပ်ပါတယ်။အလုပ်သမား တွေကို skilled labour ဖြစ်အောင် training ပေးရပါတော့မယ်။ဒါကနောက်အဆင့်ပါ။ ကဲ-- ဒါကတော့ လက်ရှိအခြေအနေပါ။
ကျော်မြင့် ကိုဝင်းထိန်ဦးက လည်းအကြံပေးနေပါတယ်။ ကျော်မြင့်ကိုတော့ မြှောက်ပေးနေတာတော့ မဟုတ်ပါဘူး။တရားနည်းလမ်းမှန်ကန်စွာဆောင်ရွက်ထားတယ်ဆိုတာလည်းသိနေတော့ မင်းလျှော့ မပေးနဲ့ လို့တော့ ဝိုင်းပြောကြပါတယ်။ သူကလည်းအမြင့်ဆုံး
အဆင့်ထိတက်မည်ဟု သံဓိဌါန် ချမှတ်ထားပြီး စက်ရုံပိတ်ပစ်ရင်ပိတ်ရပါစေ--ရှေ့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသူငယ်ချင်းတွေ ကိုပြောပြပါတယ်။
၀၆-၀၅-၂၀၁၇
 အပြောင်းအလဲ
အခုလူပြောများနေတဲ့လက်ရှိအားမရမှုတွေကိုပြောင်းလဲနှိုးပြောင်းလဲနှိုးနဲ့NLD လူကြီးတွေလက်တန်းပြောဆိုနေတာတွေအပေါ်မှီငြမ်းပြီး သူတို့ကိုယ်သူတို့စီးပွားရေးပညာရှင်လို့မှတ်ယူထားတဲ့ပုဂ္ဂိုလ် တွေဆီကအမျိုးမျိုးကောက် ချက်တွေကြားရတဲ့အခါဒီလူတွေဟာဖြစ်ချင်တာတစ်ခုပဲခေါင်းထဲမှာရှိပြီးကိုယ့်တိုင်းပြည်ရဲ့အဖက်ဖက်ကမပြည့်စုံမှုတွေကိုစဉ်းစားဖို့ဘာကြောင့်ပျက်ကွက်နေတာလဲလို့ --
NLD ထိပ်ပိုင်းပုဂ္ဂိုလ်တွေဟာသင့်လျော်မယ်လို့ထင်တဲ့ပြည်တွင်းက ပုဂ္ဂိုလ်တွေကိုချဉ်းကပ်ခဲ့ပေမဲ့အများစုကငြင်းပယ်နေကြတာကိုကြုံနေရပါတယ်--နောက်တစ်ခုကသင့်လျော်တဲ့ပုဂ္ဂိုလ်ကိုတွေ့သော်လည်းကြိုက်သော်လည်း ဇက်မထိန်းနိုင်မှာကိုစိုးရိမ်တဲ့စိတ်နဲ့ အသာကိုယ်ရှိန်သတ်နေတာကိုလည်းတွေ့ရပါတယ်--
အရင်လူရွေးချယ်ခဲ့စဉ်ကဘယ်လိုမူသတ်မှတ်ခဲ့သလဲဆိုတာမသိခဲ့ပေမဲ့ အခုလက်ရှိလုပ်ကိုင်နေသူတွေဟာအများပြည်သူတွေက strong မဖြစ်ဘူး လို့ယူဆကြပါတယ်-- ဝန်ကြီးဌာနကိုကိုယ်ကိုတိုင်က မူဝါဒ အပေါ်အခြေခံပြီး ဦးဆောင်ရမှာ ဖြစ်သော်လည်းအောက်ကလူတွေကောင်းနိုးရာရာတင်ပြချက်တွေကိုအခြေခံလုပ်ဆောင်နေကြပုံရပါတယ်--NLD စီးပွားရေးမူဝါဒ ၁၂ ချက်အပေါ်အခြေခံပြီးမိမိ ဝန်ကြီးဌာနဆိုင်ရာမူဝါဒတွေပြန်လည်ရေးဆွဲထုတ်ပြန်နေကြတဲ့ ဝန်ကြီးဌာန ဘယ်လောက်ရှိသလဲ မသိပါ--
အဓိက ကတော့ ပြည်သူတွေခံစားနေရတဲ့ဒုက္ခ သုက္ခတွေကိုဖြေရှင်းဖို့မကြိုးစားပဲ မိမိ တို့ clean ဖြစ်တာကိုပဲဂုဏ်ယူနေလို့ကတော့ လူကြိုက်နည်းသထက်နည်းလာမှာဖြစ်ပါတယ်--အမှန်တော့ သက်ဆိုင်ရာဝန်ကြီးဌာန (အထူးသဖြင့် စီးပွားရေးလုပ်နေတဲ့ဝန်ကြီးဌာန) တွေရဲ့အကြောင်းကိုဂဃနဏသိသူတွေဖြစ်နေရင်လုပ်ငန်းတည်ငြိမ်မှုရှိနိုင်ပါတယ်--
၀၃-၀၅-၂၀၁၇
၃၃ချက်နဲ့ဝန်ထမ်း
တော်လှန်ရေးနေ့ ဝန်ထမ်းဘဝမှာအမှတ်တရဖြစ်မိတာကတော့ ၃၃ ချက်ပါ--ဝန်ထမ်းတွေပေါ်မှာ ဘယ်လောက်အထိအငြိုးတကြီးရက်စက်ခဲ့သလဲဆိုတာဒီနေ့နှောင်းလူတွေသိကြမှာမဟုတ်ပါဘူး။ ကုန်သွယ်လယ်ယာက ဖွဲနုဆီစက်က DGM တစ်ယောက်အပါအဝင်ဝန်ထမ်းအချို့ ၃၃ ချက်ရေးသားဖြေဆိုတဲ့အပေါ်မနှစ်ခြိုက်လို့ အဖြုတ်ခံရပါတယ်။အဓိကကတော့ဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံသလားဆိုတဲ့အချက်ပေါ်မှာသတ္တိရှိတဲ့ဝန်ထမ်းတွေက လက်ခံပါတယ် လို့ ဖြေလိုက်ရင်အဖြုတ်ခံလိုက်ရတာပါ။ဝန်ကြီးဌာပေါ်တော့မူတည်ပါတယ်။ တချို့ ကသတိလောက်ပဲပေးပါတယ်။ ဖြုတ်တဲ့အထဲ မိုးကျရွှေကိုယ်တွေတောင်ပါပါတယ်။ ကဲဒီနေ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတထက်မြင့် တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေပါပြီ-လွန်ခဲ့ သော ၂၇ နှစ်ကျော်ကမှားတယ်လို့ ယူဆတဲ့မေးခွန်းဟာဒီနေ့မှန်နေတဲ့ အပြင်နိုင်ငံအကြီးအကဲနေရာတောင်ရနေပြီးကမ္ဘာကလေးစားတဲ့ ပုဂ္ဂိုလ်တောင်ဖြစ်နေပါပြီ--
မောင်တိုင်ပင် ဘာရေးခဲ့ သလဲ ? သက်လား--
၁၀-၀၃-၂၀၁၇
ဘဏ်ထောင်ချင်တိုင်းထောင်လို့ရမလား
ဘဏ်ဆိုတာကိုယ့်ပိုက်ဆံချမ်းသာတိုင်းလုပ်မရဘူး။ ကိုယ့်ပိုက်ဆံက asset အတွက်ပဲလုပ်လို့ ရတာ။ အများကလာအပ်တဲ့ငွေ အပ်ငွေ နဲ့အလုပ်လုပ်ရတာ-- ဘဏ်တွေကပြည်သူတွေအပ်ငွေလာအပ်အောင်အမျိုးမျိုးဆွဲဆောင်ရတယ်-- အတိုးက ၂ မျိုးရှိတယ်။ အပ်ငွေပေါ်အတိုးက ၈%ဆိုပါစို့ -- ချေးငွေယူရင်ပေးရတဲ့အတိုးက ၁၃% -- အဲတော့ ဘဏ်က ခြားနားငွေ ၅% ပေါ်မှာမြတ်အောင်လုပ်ရတာ-- spread လိုဘဏ်အခေါ်ရှိတယ်-- ဘဏ်က လုံးကနဲခဲကနဲ ၅% ရတာမဟုတ်ဘူး။ reserve ထားရတဲ့ amount တွေရှိသေးတယ်--အားလုံးနှုတ်လိုက်ရင် တကယ့် margin ကျဉ်းကျဉ်းလေးပေါ်မှာ လုပ်ရတာပါ။အခု အတိုးယူမယ်ဆိုတဲ့အသံတွေထွက်လာတော့ ဘဏ်တွေအနေနဲ့ deposit ရဖို့ နည်းနည်းခက်သွားနိုင်မလားစဉ်းစားစရာဖြစ်နေပါပြီ-- 
နိုင်ငံခြားမှာဘဏ်တိုးဆိုတာမဖြစ်စလောက်လေးဆိုတော့ small and medium investor တွေကစိတ်မဝင်ကြဘူး။ငွေတွေအမြောက်အများဘဏ်အပ်ငွေအနေနဲ့သွင်းရင်လည်း ငွေကြေးခဝါချမှု ဥပဒေအရစစ်ဆေးမေးမြန်းခံရနိုင်တယ်။ဒါကြောင့် တခြားနည်းလမ်းနဲ့ invest လုပ်ဖို့ စဉ်းစားမယ်။ကမ္ဘာ့ ရွှေ၊ရေနံ၊သီးနှံစသည့် commodities တွေဈေးဝင်ကစားနိုင်အောင် တရားဝင်ဖြစ်အောင်လုပ်ပေးပါလား ? အခုလည်းတချို့ on line နဲ့ကစားနေကြတာပါပဲ။ လောင်းကစားမဟုတ်ပါဘူး--commodity ပေါ်နိုင်ငံတကာဈေးကွက်ကျွမ်းကျင်မှုတွေလိုပါတယ်။ထွက်ပေါက်မရှိရင်လိမ်မဲ့ ကောက်မဲ့ကောင်တွေကြားဝင်လာနိုင်ပါတယ်။
ငွေအမြောက်အများလာအပ်ကြသူများရဲ့အတိုးပေါ်မှာအခွန်ကောက်ခံမယ်ဆိုတော့ဘယ်သူတွေများအပ့်ကြမလဲဆိုတာဆန်းစစ်ကြည့်ဖို့လိုနေပါပြီ။ မိဘဘိုးဘွားအခြေပစ္စည်းတွေရောင်းချပြီး ကျသင့်သောရောင်းခွန်ပေးပြီးသည့်သက်ကြီးရွယ်အိုပင်စင်စားများဘဏ်တိုးနဲ့ထိုင်စားမယ်ဆိုသူများအပ်နိုင်ပါတယ်။ အေးလေ-- သူတို့အတွက်ဘာတတ် နိုင်မှာလဲလို့--ရမဲ့ဝင်ငွေထဲကတော့ လျော့သွားနိုင်တာပေါ့။ နောက် corporate account နဲ့ call deposit ဖြစ်စေ saving accountဖြစ်စေအပ်ထားကြသူများ--သူတို့ကတော့ အပြင်မှာအလုပ်လုပ်ရင် ဘဏ်တိုးလောက်တောင်မကိုက်ကြလို့ ဘဏ်လာအပ်ကြတာဖြစ်ပါတယ်။ စီးပွားရေးမကောင်းတဲ့အချိန် စီးပွားရေးကျဆင်းနေချိန်မှာလုပ်တတ်ကြပါတယ်။ဒါလည်းအခြားနိုင်ငံခြားဘဏ်တွေက corporate account တွေ saving ပြုလုပ်ခွင့်မပေးပါဘူး။
ဘဏ်တိုးပေါ်အခွန်ကောက်မယ်ဆိုရင်ငွေအမြောက်အများအပ်သူတွေသာမက ဘဏ်တွေလည်း deposit လျော့ကျတဲ့ ပြဿနာတွေကြုံရနိုင်ဖွယ်ရှိပါတယ်။ တိုင်းပြည် ဝင်ငွေတော့ တိုးလာနိုင်ပေမဲ့ အခြား side effect တွေဘာဖြစ်လာနိုင်သလဲဆိုတာစဉ်းစားလုပ်ဆောင်သင့်ပါတယ်။
၁၉-၀၂-၂၀၁၇
ဗျူရိုကရက်လည်း သူ့နေရာနှင့်သူ
တိုင်းပြည်တိုးတက်ဖို့ဆိုတာ နိုင်ငံရေးသမားကောင်းတွေရှိတာနဲ့မရဘူးဗျ။ ဗြူရိုကရက်ကောင်းတွေလည်းလိုတယ်-- ဗိုလ်ချုပ်ကိုကြည့်--ICS ဦးတင်ထွတ်ကိုအားကိုးရတယ်။မစ္စတာလီကွမ်ယူကို ကြည့်-သူကမောင်းနှင်တယ်-Philip Yeo လိုဗြူရိုကရက်ကပဲစင်ကာပူကိုတိုးတက်အောင်လုပ်သွားတာ--ဦးနုလက်ထက်မှာကြည့်- ICS တွေ BCS တွေအများကြီးကျန်သေးတယ်- သူတိုပဲလုပ်သွားတာပဲ-ဦးနေ၀င်းကြတော့ပြောင်းသွားပြီ--ဗြူရိုကရက်တွေအချို့  ၀န်ကြီး ဖြစ်လာတယ်---ဗြူရိုကရက်တွေကို နိုင်ငံရေး post ဖြစ်တဲ့ဝန်ကြီးပေးလိုက်ရင် right man in the right post ဖြစ်ပါမလား ? စဉ်းစားပါမိတ်ဆွေ--သင်ကောဘယ်လိုသဘောရပါသလဲ ?
Philip Yeo=Chairman, Economic Development Board of Singapore
၁၁-၀၂-၂၀၁၇
Top of Form
Bottom of Form
Top of Form
Bottom of Form
Top of Form
ခေါင်းထဲရောက်လာသောအတွေးများ
မောင်တိုင်ပင်ကိုဗိုလ်ဆန်သည်ဟုပျက်ရယ်ပြုကြပါတယ်--သိပ်တော့မဆန်းလှပါ-- KG ကနေ ၉ တန်းထိမန္တလေးစိန်ပီတာမှာကျောင်းတက်ခဲ့ပါတယ်--အမှန်တော့ ဘရာသာ တွေကဂျာမန်တွေများပါတယ်--ဒါပေမဲ့ KG တုံးကဆရာမတွေကတော့ ဘီးလတ် ဂျူးအနွယ်တွေများပါတယ်--စည်းကမ်းပေးတတ်ပါတယ်--အလိုလိုစည်းကမ်းကိုလိုက်နာသွားတတ်အောင်လုပ်ပေးတာဖြစ်ပါတယ်--ဗမာတွေကြားအယ်လိုနေတတ်ထိုင်တတ်တော့ စာအုပ်ကြီးသမား--ဇီဇာကြောင်တယ်--ဗိုလ်ဆန်တယ် (စိတ်ထဲမှာတော့ဒီကောင်ဗိုလ်လမ်းနီးတဲ့ကောင်လို့ပြောမှာအသေအချာပါ) ဒါတွေဘာလို့ခေါင်းထဲရောက်လာလဲ? သိလား-- ဒီနေ့ထိမောင်တိုင်ပင် မနက်တိုင် ဘရိတ်ဖတ်စ် ကို ပေါင်မုန့် မီးကင်ထောပတ်သုတ် ကို ကြိုက်နှစ်သက်စွာစားနေဆဲပါပဲ--မုန့်ဟင်းခါးစားစား အုန်းနို့ ခေါက်ဆွဲစားစား ပေါင်မုန့် မီးကင်ထောပတ်သုတ်ကတော့ မပါမနေရပါ-- အဲထောပတ်ကလည်း တူတဆိပ် သြစီ မှ-- ဆိုရယ်လစ်ခေတ် နေဝင်း လက်ထက်က ဘယ် တူတဆိပ် ဘူးကရမှာလဲ? အတော်ဒုက္ခရောက်ခဲ့တာ--
မောင်တိုင်ပင်စိတ်ထဲမှာယခုတိုင်သတိရနေဆဲဆရာဆရာမတွေကတော့ Mrs Rustin, Mrs Hopwood, Teacher Jo Jo, ဆရာ William (senior), ဆရာဦးညီမောင်, ဆရာဦးစံဝ, ဆရာ ဗင်းဆင့်, Brother Conrad, စာအုပ်ဆိုင်တာဝန်ယူရတဲ့ ဘရာသာ ဖက်တီး( ခွင့်လွှတ်ပါ အမည်ရေးတေးတေးဖြစ်နေပါတယ် သတိရပြီ ဘရာသာ ဖူးလ်ဖတ်) တို့အပြင်ကာယဆရာ ဆရာဒေးဗစ်,ပန်းချီဆရာ ဦးလူတင် တို့ဖြစ်ပါတယ်--high school တုံးကဆရာတွေ ဘယ်လိုကြောင့် ခေါင်းထဲရောက်လာလဲဆိုတော့ ဆရာတွေရဲ့ မှတ်ချက်တွေကြောင့်ပဲ--ဆရာ William ဆိုရင် last fellow six cuts ဆိုတဲ့စကား ကိုကျောင်းသားတိုင်းမှတ်မိကြမှာပါ--
၇တန်းလောက်ရောက်တော့အဖေကမောင်တိုင်ပင်တို့ကို စွယ်စုံကျမ်း ၁၀ အုပ်တွဲဝယ်ပေးပါတယ်--မောင်တိုင်ပင်အဖေ က Encyclopaedia Britannicaစာအုပ်ကဈေးအရမ်းကြီးတယ် -- မြန်မာစွယ်စုံကျမ်းလည်းကောင်းပါတယ်ဆိုပီး ဖတ်ပုံဖတ်နည်း အကြောင်းအရာရှာပုံရှာနည်းကိုသင်ပေးပါတယ်--အဲဒီခေတ်အချိန်အခါအရ ဆိုရင်ပညာတတ်မိဘတိုင်းကဝယ်ပေးကြပါလိမ့်မယ်ထင်ပါတယ်--နောက်တော့ အကြောင်းအရာရှာမဖတ်တော့ ဘူး--တစ်အုပ်ချင်းစိတ်တိုင်းကျဖတ်တော့တာပါပဲ--စွယ်စုံကျမ်းတွေအကြောင်းမောင်တိုင်ပင်အတွေးထဲရောက်လာတော့အခုခေတ်နဲ့ မတူပုံ ကိုစဉ်းစားမိလာတယ်လေ--အခုခေတ်က ကွန်ပျူတာအင်တာနက်မှာ goggling ပေါ့-- မသိတဲ့သူတော့မရှိပါဘူးထင်တယ်နော်--
မန်းတက္ကသိုလ်ဝန်းထဲ နတ်သျှင်နောင်လမ်းအိမ်မှာ စာအုပ်စင်ကအဖေ့ကုတင်နောက်မှာရှိတယ်--မတ်ရပ်မီးတိုင်တစ်ခု နဲ့ဂျေးအထပ်ထပ်တက်နေတဲ့ အစွပ်စွပ်ထားတဲ့ပက်လက်ကုလားထိုင်တစ်ခုရှိတယ်-- အဖေကမီးတိုင်ဖွင့် ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီးစာဖတ်တာ--lecture notes တွေလည်းအဲလိုပဲရေးတာ-- နက်ဖြန်အတန်းရှိတယ် ဆိုရင် ညမှာ lecture notes ရေုးပီးမှသင်တာ-- ဝေဖို့ မဟုတ်ဘူး --စနစ်တကျသင်နိုင်ဖို့မှတ်စု မှတ်ထားတာပါ-- ပြီးရင်သူကိုင်နေကြ သားရေအိတ်ထဲထည့် ထား လိုက်တာပဲ-- မောင်တိုင်ပင်အစိုးရအလုပ်ကိုစဝင်ဖို့ ရန်ကုန်မလာခင်ညမှာအဖေပြောခဲ့တဲ့စကား ကိုဘယ်တော့မှ မမေ့ခဲ့ပါ--အလုပ်လုပ်နေရင်းလည်း အစပထမပိုင်းမှာအခက်အခဲတွေ့ ရင်အဖေ့မှာကြားခဲ့တဲ့စကားကိုသတိရမိခဲ့တယ်-- ဘာပြောလဲဆိုတော့ " သားကြီး အလုပ်လုပ်ရင်စနစ်တကျလုပ်ပါ--နောက်ပြီးအလုပ်လုပ်ရင်အလုပ်ကိုဘယ်တော့မှ မျက်ချေမပြတ်စေနဲ့  " ဆိုတဲ့စကားပါ--မျက်ချေလေးများပြတ်မိရင်အလုပ်မှာဝရုံးသုံးကားဖြစ်တတ်တာကိုမကြာခဏကြုံ ခဲ့ရဘူးပါတယ်--ဘာလုပ်လုပ် to do list လေးကိုမနက်တိုင်းလုပ်မိတတ်တာလေးခေါင်းထဲရောက်လာလို့ပါ--
-မောင်တိုင်ပင်တို့ ၁၀ တန်းရောက်တော့ ပြည်သူပိုင်သိမ်းပေမဲ့ အရှိန်ကရှိနေပါသေးတယ် --အင်္ဂလိပ်စာ ပြဌါန်းစာအုပ် က တောင်တက်တဲ့အကြောင်းဖြစ်တဲ့Annapurana စာအုပ်ဖြစ်ပါတယ်-- ဆရာ ရော်ဘင်ကသင်ပါတယ် -- ကျောင်းသားတွေနားလည်သဘောပေါက်အောင်သင်နိုင်ပါတယ်--ဆယ်တန်းမှာ အင်္ဂလိပ် ကဗျာတွေရေးကြပါတယ် -ဆရာကအားပေးပါတယ်- သူငယ်ချင်းဒေါက်တာကျော်စိန်က high-flown rhetoric တွေနဲ့ရေးတော့ ဆရာက simple English နဲ့ရေးခိုင်းပါတယ်-- မောင်တိုင်ပင်က simple English နဲ့ရေးတော့ဖတ်ကောင်းပါတယ်-- အကြောင်းအရာကောင်းဖို့လည်း လိုတယ် လို့ပြောပါတယ် -- မောင်တိုင်ပင် တိမ်တွေအကြောင်းရေးတာတော့ မှတ်မိတယ်--မောင်တိုင်ပင်ဆရာ ဆရာရော်ဘင် အေးအေးဆေးဆေးနဲ့ စာသင်တာ ကိုခေါင်းထဲမှာ အမှတ်ရ လာလို့ ပါ။
ဆယ်တန်းမှာ ရည်စားစာကို အင်္ဂလိပ် လိုရေုးပီးကွန်ဗင့်ကျောင်းသူလေးတစ်ယောက်ကိုပေးဖို့ ချောင်းခဲ့ပေမဲ့ မပေးနိုင်ခဲ့ပါဘူး-- ဒူးတုန်လက်တုန် နဲ့ မောင်တိုင်ပင်က ငကြောက် ကိုး--နောက်ဆုံးကွန်ဗင့်ကျောင်းမှာသူ့ထက်အတန်းငယ်တက်နေတဲ့ ညေး ကိုပေးခိုင်းမလား လို့ကြံသေးတယ်-- ကမ္ဘာကြီးကကျဉ်းကျဉ်းလေးနော်-- စက်ဘီးနင်းခိုင်းပြီး အခွင့်သာရင်စာဆင်းပေးမယ်ဆိုပြီး အိမ်ရှေ့ ခေါက်တုန့် ခေါက်ပြန် ပတ်ပေးခဲ့တဲ့ သူငယ်ချင်းဒေါက်တာ ရဲ့ သားနဲ့သူ့ သမီး အကြောင်းပါသွားတယ်-- မောင်တိုင်ပင် ခုထိ မတွေ့ ရဲဘူး -- ရင်ခုန်သံ မခံနိုင်ဘူး နဲ့ တူတယ်-- ခမီးခမက် တွေကတော့ ငယ်တုံးကအကြောင်းတွေပြောဖြစ်ခဲ့ရင် မောင်တိုင်ပင် ရှေ့ မျက်နှာနောက်ထားတွေ့ ရတော့မဲ့ ပုံပဲ-- အော်ပဉ္စမအရွယ် ရဲ့ရင်ခုန်သံကိုကြားကြလား ဟင်---
၁၀-၀၃-၂၀၁၇
စီးပွားရေးမှာ သိပ်တော်တဲ့သူရှိသလား ?
၂၀ရာစုစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာလှမြင့်အသက်၉၇နှစ်အရွယ်မှာကွယ်လွန်သွားကြောင်းယခုတစ်ပတ်သတင်းတွေမှာဖတ်ရပါတယ်--အချို့ သောမြန်မာ့စီးပွားရေးပညာရှင်များဟာနိုင်ငံရပ်ခြားမှာပဲနေထိုင်ကြရပြီး စစ်အာဏာရှင်အစိုးရတွေကသူတို့တတ်ကျွမ်းသိနားလည်တဲ့ပညာရပ်တွေကိုအသုံးမချ ခဲ့ကြဘူးလို့ပြောစမှတ်ရှိကြပါတယ်--မြန်မာမှာပဲနေထိုင်ပြီးစီးပွားရေးမှာမိမိတတ်နိုင်တဲ့အပိုင်းကနေမကြာခဏထောက်ပြပြောဆိုခဲ့တဲ့ အီကော်နော်မစ် တွေလည်းရှိကြပါသေးတယ်--
မောင်တိုင်ပင်စဉ်းစားမိတယ်-- ကမ္ဘာသိ အီကော်နော်မစ် တွေပြည်တွင်းမှာရှိနေပေမဲ့ သူတို့ဦးနှောက်ကိုဘယ်လောက်ဖေါက်စားခဲ့ဘူးပါသလဲ? မောင်တိုင်ပင်အနေနဲ့ ခင်မင်ရင်းနှီးတဲ့အရင်အစိုးရအဖွဲ့ဝင်တစ်ယောက်ကိုမေးဘူးပါတယ်--အီကိုကျောင်းကဆင်းလာမှစီးပွားရေးကိုနားလယ်လိမ့်မယ်ထင်ပြီးအစိုးရ အရာထမ်း posts ရာထူကြီးကြီး တွေမှာခန့်ခဲ့တာကတော့အီကိုဆင်းဆိုရင်စီးပွားရေးမှာအကုန်သိဆိုတာမျိုးသဘောပေါက်နေတယ်နဲ့ တူတယ်" လို့စကားစပ်မိလို့ပြောခဲ့ဘူးပါတယ် -- တရုတ်ပြည်မှာရာထူးကြီးကြီး ပိုစ် ယူထားသူ တွေ ရဲ့ဖတ်စ်ဒီဂရီမှာအင်ဂျင်နီယာဘာသာရပ်နဲ့ကျောင်းပြီးခဲ့သူ--နောက်ပညာရပ်မှာ မှ MBA လိုဘွဲ့မျိုးရသူတွေများပါတယ် လို့ ပြောခဲ့ပါတယ်--
စီးပွားရေးပညာရပ်အခြေခံတဲ့ ဒီဂရီ ရထားသူတိုင်းတိုင်းပြည်စီးပွားရေးတိုးတက်ဖွံဖြိုးလာအောင်အကြံပေးနိုင်တယ်ဆိုတဲ့အယူအဆဟာအားလုံးမမှန်ပါဘူး--နိုင်ငံခြားသားစီးပွားရေးပညာရှင်တစ်ယောက်ဟာလည်းသူရင်းရင်းနှီးနှီးမသိသေးတဲ့တိုင်းပြည်တစ်ခုစီးပွားရေးတိုးတက်လာအောင်ဘယ်လိုအကြံပြုနိုင်မလဲ? အပေါ်ရံပဲရပါလိမ့်မယ်--စစ်တပ်ရဲ့လွှမ်းမိုးချုပ်ကိုင်မှု တစ်စုံတစ်ခုသောအတိုင်းအတာထိရှိနေတဲ့ နိုင်ငံမှာလွတ်လပ်သောစီးပွားရေးလုပ်ကိုင်နိုင်မှုအပေါ်သံသယရှိနေပါတယ်--နိုင်ငံတကာအမြင်နဲ့ လုပ်လို့မရသေးဘူးထင်ပါတယ်--အစိုးရအဖွဲ့ မှာ ဝန်ကြီးဌာနအချင်းချင်းအလွန်ညှိနှိုင်းရခက်သောတိုင်းပြည်ဖြစ်၍ ပိုခက်ခဲပါလိမ့်မယ်--
အရင်အစိုးရလက်ထက်အကြံပေးများခန့်ထားခဲ့ပါတယ်--သူတို့ရဲ့ role ကိုစိတ်ဝင်စားတဲ့အတွက်မောင်တိုင်ပင်အမြဲသူတို့သတင်းကိုနားစွင့်ခဲ့ပါတယ်-- တကယ်တော့စိန်ခေါ်မှုတွေဒါလောက်များများရှိနေတော့ team အနေသော်လည်ကောင်း--လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း--ထိရောက်သောအကြံပြုချက်များထွက်မလာပါ--အကြီးအကဲအနေဖြင့်သူ့ အစိုးရအဖွဲ့ မှလူကိုဒီကိစ္စဆိုရင် အကြံပေးအဖွဲ့ ထဲက ဒီလူနဲ့တွေ့ လိုက်ပါဆိုတဲ့ ညွှန်ုကြားချက်ပဲ လာလေ့ရှိပြီး follow up ဘယ်လိုရှိတယ် result ဘာထွက်သွားလဲဆိုတာ ကာယကံရှင်တွေပဲသိခဲ့ပြီး ဒီ issueဟာ မှေးမှိန်ပျောက်ကွယ်သွားတာကများပါတယ်-- micro စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်ကောင်းကျွမ်းကျင် နိုင်ပေမဲ့ တိုင်းပြည်နဲ့ ချီ ပြီးလုပ်ရမှာဖြစ်တဲ့ macro စီးပွားရေးအပိုင်းမှာကန့်သပ်ချက်တွေရှိနေသေးသရွေ့ လုပ်ရကိုင်ရတော်တော်ခက်နေမှာပါ--လုပ်ငန်းလုပ်ရင်းကိုင်ရင်း-- နိုင်ငံတကာနဲ့ exposure ရှိရင်း--နိုင်ငံတကာ cash flow, commodities flow တွေကိုထိတွေ့ လာရင်းနဲ့ macro economic အခြေအနေကိုသဘောပေါက်လာတဲ့ လုပ်ငန်းရှင်တွေလည်းရှိမှာပါ--လူတစ်ယောက်ကိုပြောချင်ဆိုချင် တဲ့စိတ်ဓါတ် ကိုမနိုပ်ကွပ် လိုက်ပါနဲ့ -- မှန်သည်မှားသည် သူ့အယူအဆကိုပြောခွင့်ပြု လိုက်ပါ-- လိုက်ကြည့် လိုက်ပါ--ဒီနေ့စီးပွားရေးမှာ အောင်မြင်နေသူ တော်တော် များများ ဟာအရင်က "ငကြောင်" လို့သတ်မှတ် ခဲ့သူတွေ များပါတယ်--
ဒီအကြောင်းတွေဘာကြောင့်ခေါင်းထဲပေါ်လာသလဲလို့ ပြောရရင်--တလောကရန်ကုန်ပြန်မလာခင်စင်ကာပူ က Popular Book Stores မှာ non-fiction best seller no 1 စာအုပ်တစ်အုပ်ကိုတွေ့တယ်-- ဝယ်မလို့လုပ်နေတုံးသမီးကမြေးကြီးအတွက်စာအုပ်ရွေးနေရာကနေလှမ်းခေါ်တာနဲ့ အော်နောက်မှလာဝယ်မယ်လေ--ဆိုပြီးထားခဲ့တာနောက်ရက်သွားကြည့်တော့ out of stock တဲ့--ဒီနေ့ထိပဲ --အဲဒီစာအုပ် ကို တာကာရှီမာ ကစာအုပ် ဆိုင် ကီနို မှာတောင်မတွေ့ တော့ဘူး--
EDB ဥက္ကဌ လုပ်ခဲ့တဲ့ Mr Philip Yeo ရဲ့ အကြောင်းပါ- Neither civil nor government တဲ့ Philip Yeo က engineering degree တွေရပါတယ် -- Harvard က MBA ရပါတယ်--လီကွမ်ယူ လက်ထက်မှာ Economic Development Board ဥက္ကဌ လုပ်ခဲ့ ပြီးစင်ကာပူကိုဆွဲတင်ခဲ့ သူမို့ သူ့အကြောင်းရေးထားတာကို ဖတ်ချင်စိတ်ပေါ်လာပါတယ်-- အခုထိတော့ စာအုပ်က reprint လုပ်နေတော့ လက်ဝယ်မရောက်သေးပါဘူး ရေးသူက Peh Shing Huei ပါ-- The Strait Times Press ကထုတ်ပါတယ်-- စာအုပ်မဖတ်ရသေးတော့ ဘာတွေပါသလဲဆိုတာမသိရသေးပါ--
တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ဆိုတာလူပုဂ္ဂိုလ်တစ်ဦးချင်းအရည်အသွေးပေါ်မူတည်ပါလိမ့်မယ်-- မိုးကျရွှေကိုယ် မှ အီကိုဆင်းမှ စီးပွားရေးနားလည်တယ်--တိုးတက်အောင်လုပ်နိုင်မယ်ဆိုတာ ရာနှုန်းပြည့် လက် မခံပါဘူး--လုပ်ရဲကိုင်ရဲသူ--determined ဖြစ်သူ-- ယောင်ဝါးဝါး သူများပြောတာလိုက်နားယောင်တာမျိုး မဟုတ်သူ--စသည့်အရည်အသွေးတွေတော့ လိုတာပေါ့ဗျာ-- ကဲစာရှုသူမိတ်ဆွေ -- နောက် ၄ နှစ် ၅ နှစ် စသည်ဖြင့် နိုင်ငံတိုးတက်ဖို့ အတွက် ဘယ်သူကိုရွေးမလဲ ?
၁၁-၀၃-၂၀၁၇
ပြုပြင်ထိန်းသိမ်းမှု
မောင်တိုင်ပင်တို့မြန်မာတွေပြုပြင်ထိန်းသိမ်းမှု maintenance နဲ့ပတ်သက်ရင်အတော်အားနည်းခဲ့ပါတယ်။ရုံးတွေမှာတခြားမကြည့်ပါနဲ့၊ မော်တော်ယဉ်ပဲကြည့်ပါ။ စုတ်ပြတ်သတ်နေသောမော်တော်ယဉ်တွေလမ်းပေါ်မှာပြေးလွှားနေတာတွေ့ဘူးမှာပါ။ မောင်တိုင်ပင်ကိုယ်တိုင်ရုံးကပေးလိုက်တဲ့တိုယိုတာ ဟိုင်းအေစ်ယဉ်နဲ့တိုင်းရော့ပြုတ်ပြီးမေမြို့ ကပြန်အဆင်းမှာချောက်ထဲပြုတ်ကျဘူးပါတယ်။ ကံကောင်းလွန်း၍ယဉ်ပေါ်ပါသူ ၇ ဦးစလုံးသေကံမရောက်သက်မပျောက်ခဲ့ပါ။ညနေ နေဝင်ရီတရောချိန်မှောက်တော့ အင်ဂျင်ဝိုင်တွေခေါင်းပေါ်ရွှဲနစ်နေတဲ့မောင်တိုင်ပင်ကိုအမှောင်ထဲမှာသွေးတွေနဲ့ဂယောင်ကတမ်းလျှောက်သွားတယ် လိုထင်နေကြတာပေါ့--အောက်ပိုင်းကိုသေချာ ကိုင်ပေးလိုက်တဲ့ကား တဲ့ -- နီပေါကြီးမှတ်မိသေးလား Unipual Unipual
ခေါင်းထဲမှာရှိတာကိုပြောရရင်ဌာနဆိုင်ရာပိုင်စက်ပစ္စည်းတွေကိုသက်တမ်းသတ်မှတ်ပါ။ အပြည့်အဝအသုံးချပါ။ depreciation zero ရောက်ခဲ့ ရင် write off လုပ်ပစ်ပါ။ အသစ်တစ်ခုဝယ်ပြီးတိုင်းနှစ်စဉ်maintenance plan အတွက်ငွေကြေးပါသတ်မှတ်ထားပါ။ log book ထားပါ။ ပြောတော့သာလွယ်တာပါ။ လုပ်သူလည်းမရှိ -- စစ်ဆေးသူလည်းမရှိ ကားအိုကားဟောင်းတွေ accident ဖြစ် ဝန်ထမ်းတွေသေကြေ ဒဏ်ရာ ရကြနဲ့ အော် ငါ့ ကုသိုလ်ကံပဲ လို့သာမှတ်ယူ လိုက်ကြပါတော့တယ်။ ကားအိုကားဟောင်းတွေလမ်းပေါ်မှာပြေးနေတာဟာစက်သုံးဆီလည်းကုန်သလို အပိုပစ္စည်းအတွက်လည်း သုံးနေရတော့ အသစ်ဝယ်တာမှတွက်ချေကိုက်ပါမယ်။
ဒီလောက်စည်းကမ်းစနစ်ကျတဲ့ စင်ကာပူနိုင်ငံမှာတောင် MRT တွေ ဘတ်စ်တွေ breakdown ဖြစ်ကြတာကိုတွေ့ ရပါတယ်။ တခါတရံအင်ဂျင်နီယာ မဟုတ်တဲ့ ဝန်ထမ်းအကြီးအကဲတွေဆို ပြုပြင်ထိန်းသိမ်းရေး တင်ပြလွှာဆိုရင် အာဂျင်ဒါ နောက်ဆုံးပို့ပစ်ပြီး မဆွေးနွေးကြတာတောင်မောင်တိုင်ပင်တွေ့ ကြုံခဲ့ ဘူးပါတယ်။ maintenance ကိုအလေးမထားတဲ့ နိုင်ငံမှာ ဘတ်ဂျက်ဆိုတာ ဂျာအေးသူအမေရိုက် ဆိုသလိုမျိုးဖြစ်နေမှာအသေအချာပါ။
၁၇-၀၅-၂၀၁၇
Sho
နိုင်ငံခြားဘဏ်၊ ပြည်တွင်းဘဏ်ဖက်စပ်လုပ်ကိုင်ခွင့်သတင်းအပေါ်သုံးသပ်ချက်အမြင်--
ပြည်တွင်းပုဂ္ဂလိကဘဏ်များရဲ့အခြေအနေကိုအရင်လေ့လာကြည့်ရှုသင့်ပါတယ်-- ဘဏ်များmerging လုပ်တဲ့အခါ သူ့ role ကိုယ့် role မပျောက်ဖို့လိုသလို အတွင်းစည်းမှာလည်း ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဘဏ်လုပ်ငန်းဆိုင်ရာအလုပ်မျာကိုပူးတွဲလုပ်ကိုင်ဖို့လိုပါတယ်--
အခုဘဏ်အချို့ မှာ နိုင်ငံခြားသားတွေဝင်ရောက်လုပ်ကိုင်ခွင့် ကို ဗဟိုဘဏ်ကခွင့် ပြုထားပါတယ်-- ဘယ်အဆင့် ဘယ်လောက်ထိခွင့်ပြု သင့်သလဲ ? လက်ရှိဝန်ထမ်းများရဲ့ ပုံရိပ်ကိုမထိခိုက်အောင် မသတ်မှတ်သင့် ဘူးလား ? ပြည်တွင်းဝန်ထမ်းတွေဖက်က 'မင်းတို့ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အလေ့အကျင့်တွေ၊ အခြေအနေကိုဘာသိလို့ လဲ-- အပြင်ကလာမဲ့ ဘဏ်ဝန်ထမ်းကလည်း ' မင်းတို့ အင်တာနေရှင်နယ် ဘဏ်စနစ်ဘယ်လိုလုပ်သလဲဆိုတာတွေ့အကြုံ မရှိဘူးမဟုတ်လား? ဘဏ်ဝန်ထမ်းတွေအကျွမ်းတဝင်မရှိသေးတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အီး စကားလုံးတွေနဲ့ပြောဆိုကိုင်ပေါက်ကြလေတော့အထင်မကြီးတဲ့အပြင်တစ်စောင်စောင်ဖြစ်သွားကြတဲ့ရလဒ်သာရသွားတတ်ပါတယ်--လက်ရှိဘဏ်အချို့ မှာကြုံနေရတာပါ -- ခက်တာက ပုဂ္ဂလိကဘဏ်တွေ ကို how far they will let them grow ? ဘယ်အဆင့်ထိသွားမယ်--လုပ်ပိုင်ခွင့် ဘာတွေရှိမယ် -- customer တွေကို easy banking ဖြစ်လာအောင်ဘယ်လိုမက်လုံးတွေသုံးပြီး ဆွဲဆောင်မလဲ ?-- ဘဏ်ခွဲတွေ များများဖွင့်နိုင်တာက တိုးတက်မှုလား ? service တွေကောင်းတာက အမှန်တိုးတက်မှုဆိုရင်ဘယ်လိုကောင်းလာစေချင်သလဲ ? ဘဏ်အကောင့် များများဖွင့်သူ ကုန်သည်မဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် transaction လုပ်လာကြအောင် ( cashless ) ဖြစ်လာအောင် ဘယ်လိုလုပ်သင့်သလဲ ? Mobile banking လုပ်ခြင်းဖြင့်အကောင့်ဖွင့်သူတွေတိုးပွားလာသလား ? စိတ်ချရမှုဘယ်လောက်ရှိသလဲ ? တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရတော့ အလုပ်အကိုင်အခွင့်အလန်းတိုးပွားလာသလား? ဘဏ်ကိုငွေတွေဆာလာအိတ်တွေနဲ့ သယ်လာမဲ့အစား ချက် နှင့်ရှင်းလင်းလာအောင်ဘယ်လိုလုပ်ကြမလဲ ? CBM ကော ဘဏ်အချင်းချင်းကော Clearing ကို computer button တစ်ချက်နိုပ်လိုက်ယုံ နှင့်အလုပ်ဖြစ်သွားအောင်ဘယ်လို လုပ်သင့်သလဲ ? 
ဘဏ်တွေမှာ corporate account personal account ပဲပြောင်းလဲခေါ်ဝေါ်ကဏ္ဍခွဲ ခြားထားသုံးသင့်သလား ? -စတဲ့ စိန်ခေါ်မှုတွေဟာ ဘဏ်အာဏာပိုင်တွေ management ကိုင်သူတွေအတွက် အသေးအဖွဲစိန်ခေါ်မှုတွေ ဖြစ်ပေမဲ့ ဘဏ်တွေရဲ့ image ကိုပြောင်းလဲစေတတ်ပါတယ်--ဘဏ် အပိုင်းမှာ တိုးတက်ဖွံဖြိုးလာမှုတွေပေါ့ဗျာ -- အသေးအဖွဲပေမဲ့ အရေးကြီးပါတယ်။--ကမ္ဘာမှာ on line transaction လုပ်ကြတဲ့အခါ လူလိမ်တွေများပါတယ်-- စင်ကာပူဘဏ်တွေက အစဉ်တစိုက် fraud အလုပ်မခံရအောင်သတိပေးပါတယ်--၊အလုပ်ခံထိခဲ့လို့ ရှိရင်လည်း investigated လုပ်ပြီးကာယကံရှင်အကောင့်ထဲ ပြန်ထည့်ပေးတတ်ပါတယ်-- security systemကို လည်းမြှင့်ထားပါတယ်-ဘဏ်ကcustomer ကိုတာဝန်ယူတာပေါ့-ဒါအလေ့အကျင့်ကောင်းပါ။ ဒါလည်း hacker တွေကဝင်တတ်ပါတယ် --နောက်ပိုင်း ဘဏ်တွေက ငွေ အနည်းငယ် လောက် လွှဲပြောင်းထုတ်ယူ ပေးသွင်း ရင် ဖုန်းမှာ SMS alert လုပ်ပါတယ်-- ဒါလည်း fraud တွေများလာတာကြောင့်အကာအကွယ်ပေးထားတာပါ-- မြန်မာဘဏ်တွေကတော့ ၁သောင်းတန် ငွေစက္ကူထုတ်ထဲမှာ အတုတွေ့ရင် လုပ်ထုံးလုပ်နည်းနဲ့ ညီအောင်မလုပ်တဲ့အတွက် customer တွေ အောင့်သက်သက်နဲ့ ခံရတတ်ပါတယ်-ဘဏ်ထုတ်တွေမှာ ငွေကိုင်က လက်မှတ်ထိုးထားရပါတယ်။ ဘယ်သူလက်ကလွတ်လာတာလဲဆိုတာပေါ်လွင်ပါတယ်။ ဗဟိုဘဏ်ကလည်းငါနဲ့မဆိုင်ကြည့် နေလို့ မသင့်ပါဘူး-- အတုမလုပ် နိုင်အောင် ကိုယ်ကဘာလုပ်သင့်သလဲ စဉ်းစားရပါတော့မယ်--နောက်ပြီးတော့-ဘဏ်တွေမှာကဒါမျိုးတွေစိုက်ရော်ဖို့ အတွက် reserve fund ရန်ပုံငွေသီးသန့် မထားသင့်ဘူး လား ? 
ဒါကဘဏ်အပိုင်းပဲရှိပါသေးတယ် --ဝန်ထမ်းအပိုင်းရောက်လာတဲ့အခါ merging လုပ်ရင်-management ကိုဘယ်လိုတွဲလုပ်မှာလဲ--merging လုပ်တာ နိုင်ငံတကာမှာ model တွေအများကြီးရှိပါတယ်။--အားကြီးသူနဲ့ merging လုပ်ရင် အမျိုမခံရအောင်ဘယ်လို ကာထားရမလဲ ? ဘယ်အပိုင်းကိုငါတို့ လုပ်မယ် -- ဘယ်အပိုင်းကိုမင်းတို့ လုပ်ဆိုပြီးအစပိုင်းမှာ ကတည်းကညှိရမယ်- အသားကျလာတော့မှ အလုပ်ချင်းဖလှယ်နိုင်ပါမည်-- ဒါမှလည်း on the job training လုပ်ငန်းပိုင်းမှာပီပြင်လာပါမယ်--မောင်တိုင်ပင်အမြင်မှာ စလုံးကဘဏ်တွေနဲ့ မြန်မာပြည်ဘဏ်တွေကွာခြားတာကတော့ facilities, systems, IT computer application, services(လိုင်းကျနေတယ်လို့ မပြောကြပါ) training, MAS ကထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို ဝန်ထမ်းတိုင်းကျေညက်နေသလို CBM ရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကျေညက်နေသင့်ပါတယ်-- မြန်မာဘဏ်အချို့ မှာ လည်း စင်ကာပူဘဏ်တွေမှာ မန်နေဂျာ အဆင့်ထိ လုပ်ခဲ့ဘူးသူတွေ ဂျီအမ် အဆင့်လောက်နဲ့ လုပ်နေကြတာတွေတွေ့ ဘူးပါတယ်--
မောင်တိုင်ပင်မှားချင်လဲမှားမယ်။မောင်တိုင်ပင်အမြင်ကတော့ နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေ merging လုပ်မဲ့အစါး ပြည်တွင်းဘဏ်တွေ အချင်းချင်း merging လုပ်ပြီး authorised capital တိုးလာအောင်လုပ်ကာအင်အားရှိအောင်လုပ်သင့်ပါတယ်-- ၄-၅ ဘဏ်လောက်ဆိုရင်မြန်မာအတွက်အသင့်လျော်ဆုံးဖြစ်သလို ထိန်းသိမ်းကြပ်မတ်ရတာလည်းအဆင်ပြေနိုင်မည်လို့ထင်ပါတယ်--နိုင်ငံခြားဘဏ်တွေကိုတော့သီးခြားလုပ်ကိုင်ခွင့်ပြုသင့်ပြီး ပြည်တွင်းဘဏ်တွေနဲ့ အပြိုင်လုပ်ကိုင်ခွင့်ပြုသင့်ပါတယ်--ပြည်တွင်းဘဏ်တွေကပြိုင်နိုင်ရပါမည်။ဘာပဲပြောပြော ပြည်တွင်းဘဏ်တွေအတွက် CBM ကအသာစီးရအောင်လုပ်ပေးထားမှာပါ။ မြန်မာငွေကြေးကဏ္ဍတိုးတက်လာအောင် ကမ္ဘာဘဏ်အပါအဝင်နိုင်ငံခြားဘဏ်ကြီးတွေကစောင့်ကြည့်နေမှာပါ။ လုပ်ရည်ကိုင်ရည်ကြည့်ပြီးငွေချေးဖို့ အဆင်သင့်ရှိနေမှာပါ။ ပြည်တွင်းမှာ မောင်တိုင်ပင်ကြိုက်တဲ့ဘဏ်တွေကတော့ KBZ , CB စတာတွေဖြစ်ပါတယ်။ ဒါပေမဲ့ တိုးတက်အောင်တော့ service အပိုင်းကအစအများကြီးပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဒီဘဏ်ကြီးတွေမှာ ကိုယ်ပိုင် training wing တွေရှိရင်စဉ်ဆက်မပြတ်သင်ပေးဖို့ ကအခြေအနေကောင်းပါတယ်။ သင်ပေးရမှာကတော့ ဘဏ်လုပ်ငန်းတွေသာမက personal grooming ကအစ social dealing တွေ အဆုံး ပါ ဝင်ပါလိမ့်မည်။
၂၂-၀၃-၂၀၁၇
What's in my mind!
မောင်တိုင်ပင်သူငယ်ချင်း Good morning ပေါင်မုန့်ထုတ်လုပ်ရေးစက်ရုံပိုင်ရှင်ကျော်မြင့်ဟာသမားရိုးကျမဟုတ်တဲ့ပြဿနာတစ်ရပ်ကိုရင်ဆိုင်နေရပါတယ်--သူဟာ Heavy Industry မှာအလုပ်လုပ်ခဲ့ဘူးတဲ့ Electrical Engineer ဘွဲ့ရတစ်ယောက်ပါ--သူစက်ရုံကိုလုပ်သားအများကြီးမလိုတော့တဲ့ automation machinery တွေပြောင်းလဲတပ်ဆင်လိုက်ပါတယ် --မလိုတော့တဲ့လုပ်သားတွေကိုလည်းစည်းမျဉ်းစည်းကမ်းနဲ့အညီလုပ်သက်အလိုက် လျော်ကြေးတွေပေးပြီးအလုပ်မှရပ်စဲခဲ့ပါတယ်-- ကျော်မြင့်တစ်ယောက် ဂျုံ နဲ့လုပ်တဲ့ စားစရာတွေကို ရှေးရိုးနည်း primitive method တွေနဲ့ထုတ် လုပ်နေလို့ကတော့ဈေးကွက်ယှဉ်ပြိုင်မှုမှာသူများနောက်ရောက်သွားပါလိမ့်မယ် -- AEC အရဒေသတွင်းနိုင်ငံကသူလိုလုပ်ငန်းတူတွေဝင်လာရင် ကျော်မြင့် ဈေးကွက်ယှဉ်ပြိုင်မှုမှာအခက်တွေ့ပါလိမ့်မယ်--အခုတောင် Bread Talk လုပ်ငန်းကဝင်ရောက်လာနေပြီမဟုတ်ပါလား--မကြာခင်ထိုင်း၊ကိုရီးယားကလုပ်ငန်းတွေဝင်လာပါလိမ့်မယ်--ပြင်ဆင်မှုတွေလုပ်ရာမှာ ISO လက်မှတ်ရဖို့လည်းချဉ်းကပ်ဆောင်ရွက်နေတယ်ဆိုတာသိရပါတယ်။ ကျော်မြင့်ဟာmarketing အတွက်အတော်ခေါင်းခဲနေရတော့ ဒီလိုကိစ္စမျိုးတွေပေါ်လာတာဟာစိန်ခေါ်မှု တစ်ခုပဲလို့မှတ်ယူလိုက်ပါသူငယ်ချင်း၊မင်းရွေးချယ်လျှောက်လှမ်းတဲ့ လမ်းဟာ မှန်ကန်တယ် ဆိုတဲ့အကြောင်းပြောပါရစေ--
ကျော်မြင့်ကိစ္စပေါ်လာတော့ ခေါင်းထဲမှာ မိမိကျင်လည်ခဲ့ဘူးတဲ့ food processing industry ရဲ့ အခြေအနေဟာဘယ်လိုများရှိပါလိမ့်ဆိုပြီးတွေးမိပါတယ်-- Tin Ooမင်းဆီလည်းဒါမျိုးပြဿနာမလာဘူးလို့မပြောနိုင်ဘူး-- ကျော်မြင့် case ဟာ model တစ်ခုဖြစ်လာနိုင်တယ်-- ဒါတောင်သူက secondary processing ပဲဖြစ်ပါတယ်၊primary processing ဖြစ်တဲ့ ဂျုံစက်၊ ဆန်စက်၊ပဲခွဲစက် တွေလည်းဒါမျိုး မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပါ-- ဥပမာဆန်စက်ဆိုရင် အရင်က ဖုန်ချဆန်ကာ၊ငါးပုံ၊ဘိလပ်ဆန်ကာ၊ဆန်ဖြူကျောက်၊ ဆန်ကွဲထုတ်ဆလင်ဒါ၊ ဝိုင်းဆန်ကာ ဘွိုင်လာ တစ်လုံးထိုးအင်ဂျင်တပ်ဆင်ပြီး ဆန်ုကိုကြိတ်ခွဲပါတယ် အခုခေတ်ပေါ် SATAKE , BUHLER ဆန်စက်တွေမှာ လုပ်သားအများအပြားမလိုတော့ ပဲ control station ကနေပဲ ထိန်းချုပ် ကြိတ်ခွဲ ကြရပါတယ် --လူ ၁၅ ယောက်လောက်သုံးနေရာကနေ လူ ၆ ယောက်လောက်ပဲလိုပါလိမ့်မယ်--Hla Sint ရေ ကျနော်ပြောတာမှန်သလားမသိပါ-- 
တစ်ခါတည်းစက်အသစ်ကြီးတည်ရင်ပြဿနာမရှိနိုင်ပေမဲ့ စက်ဟောင်းကို automation သို့မဟုတ် control station ဆောက်ပြီးဆန်စက်ကို upgrade လုပ်ရင်ဒါမျိုးပြဿနာပေါ်လာနိုင်တယ်ဆိုတာ ခေါင်းထဲမှာစဉ်းစားမိလို့ပါ--AEC နောက်ပိုင်းဒေသတွင်းနိုင်ငံတွေက အလားတူလုပ်ငန်းတွေဝင်လာတဲ့ အခါ ကိုယ်စက်ကိုယ်ခေတ်မီအောင်လုပ်ဖို့ လိုပါတယ်-- ဒီလိုလုပ်ဖို့ဆိုတာကလည်း ငွေကြေးအရင်းအနှီး၊နည်းပညာ၊ လူသားအရင်းအမြစ်၊ဈေးကွက် စတဲ့အချက်တွေလည်းတပါတည်းလိုက်ပါလာမှာဖြစ်လို့ SME တွေအတွက် စိန်ခေါ်မှုတစ်ခုအနေနဲ့ ခေတ်သစ်မှာပေါ်လာတော့မှာကိုပြင်ဆင်ထားဖို့ လိုပါတယ်--
သေပြီးတဲ့နောက်
တွေးမိတာလေးတစ်ခုပါ-- ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေ ညီ ဦးလေးတစ်ယောက်ဟာတပ်ကထွက်ပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ ရေးရာအတွင်းရေးမှုးအထိတာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်--၈၈အရေးအခင်းဖြစ်ပြီး မဆလ လည်း ဂန့် သွားတဲ့အချိန်--သူလည်း ပါတီက နှုတ်ထွက်ပြီး လွတ်လွတ်လပ်လပ်သွားလာနေတဲ့အချိန်-- သူပြောတာကြားယောင်နေမိတယ်-- " မောင်မျိုး ဒီအချိန်မှာ ငါဘယ်သူမှကြောက်စရာမလိုတော့ဘူးကွ--တသက်လုံးဟိုလူကြောက်ရ--ဒီလူဆလံပေးရနဲ့ လူအချင်းချင်းအောက်ကြို့ လိုက်ရတာ--အခုငါတကယ်လွတ်လပ်သွားပြီ--ကြောက်တယ်ဆိုတဲ့ ဝေါဟာရ ငါမှာမရှိတော့ ဘူးကွ" လို့ပြောခဲ့ဘူးတာကိုကြားယောင်နေမိတာပါ--
အခုမောင်တိုင်ပင် ဦးလေးသက်တမ်းနားရောက်လုနီးချိန်မှာ သူ့စကားကို ပြန်စဉ်းစားတော့ မှန်တာပဲ လို့ -တစ်သက်လုံးကိုယ်မှန်တယ်ထင်တာလုပ်ခဲ့တာ--အခုချိန်မှာ ဂါရဝတရားအရရိုသေသမှု ပြုတာကလွဲလို့ ဘယ်သူဘယ်သူ မှ ကြောက်စရာမလိုတော့ဘူး-- ဟိုတုံးကဆို --ငါ့သူများပြောစရာများဖြစ်နေမလား ? ငါရာထူးဂုဏ်အရဒီလိုပြော လို့ မဖြစ်သေးပြန်ဘူး လေ ? လို့တွေးမိ ပြီးအရာရာကိုထိန်းချုပ်လာခဲ့ရတာ--
ဒါကြောင့်လားမသိဘူး "အဖေ ပင်စင်ယူပြီး သိပ်ဆဲတာပဲ "တဲ့ -- အခုလည်း ဖွဘုတ်မှာ ဆဲလွန်းလို့ ယဉ်ကျေးလိမ္မာသင်တန်းတက်ခိုင်းနေကြတယ်-- ယုတ်ယုတ်ညစ်ညစ် ဆဲတာတော့ မဟုတ်ဘူး-- ဒါပေမဲ့ လွှတ်ခနဲထွက်သွားတတ် ရာကနေ အခုဆို ပါချုပ်ဆရာတော်တရားနာပြီး ကိုယ့်ဖါသာဆင်ခြင်နေရပါတယ်--
မောင်တိုင်ပင်ယောက္ခမကြီးဆို ဆေးရုံမှာနံမည်ကြီးပဲ-- နာစ်မတွေကအရမ်းကြောက်တယ်-- အဖိုးကြီးကသူ့ရှိတာနဲ့ ဆဲတာမဟုတ်ဘူး- အဲတော့ နာစ်မတွေကြောက်လည်းကြောက်စရာပဲ-- သမီးဖြစ်သူကသူ့အဖေ ကိုပြောတော့ " ငါဘယ်မှာ ဆဲ လို့ လဲ "လို့ပြောတယ်-- လွှတ်ကနဲ ပါးစပ်ကထွက်သွားတာဆိုတော့သတိမထားရင်ထိန်းလို့မရဘူး--
အခုချိန်မှာတော့ မောင်တိုင်ပင်ဘယ်အကလောင်ကိုမှကြောက်စရာမလိုတော့ဘူး--ဝေဖန်စရာရှိရင်သူ့ လူကိုယ့်လူမရှိဘူး ဝေဖန်မှာပဲ--ဟို -- အေရိုးတစ်ကောင်ပြောသလို စိတ်ပုတီးနဲ့ ရိပ်ကြီးလည်းမခို နိုင်ဘူး-- တရားနာလျင်နာမယ် တရားထိုင်ချင်ထိုင်မယ် --သေခါနီးရင်နာမှာပဲ--နာမှာကိုတွေးကြောက်ပြီး အသေတတ်အောင်တွေဘာတွေလည်းမလုပ်ချင်ဘူး-- ဇနီးသည်လိုဖြတ်ခနဲ သေသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့--
ဘဝဆိုတာမွေးဖွားသည်မှသေဆုံးချိန်ထိ အသက်ရှင်နေတုံးပဲ လူတွေမင်းကိုသိနေကြမှာပါ-- မင်းသေသွားရင်တော့ ဗိုလ်ချုပ်လိုဆိုရင်တော့ တစ်နှစ်တစ်ခါသတိရကြမယ်-- အောင်းမေ့ သတိရတာတွေ လုပ်ကြမယ်-- မင်းသာမန်အကလောင်ဆိုရင်တော့ သေသောသူုကြာရင်မေ့ ဆိုသလိုမိသားစုအတွင်းမှာ တောင်နှစ်ပတ်လည်လုပ် ခဏပေါ့-- Facebook ပေါ်လာတာ ပိုတောင်ကောင်းသေး-- လွမ်းချင်းတမ်းချင်းလေးတွေရေးတင်ပြီးသတိရလို့ ရတယ်နော်-- ဟုတ်လား--
L
စင်ကာပူဟော်ကာစင်တာ
စင်ကာပူဟော်ကာစင်တာ တွေမှာအယုတ်အလတ်မရွေးဝယ်စားနိုင်အောင်စီစဉ်ပေးထားပါတယ်--စလုံးငွေ ၃ ဒေါ်လာလောက်ရှိရင်ထမင်းတစ်နပ်လောက်ကောင်းကောင်းဝယ်စားနိုင်ပါတယ်--မြန်မာနိုင်ငံမှာဟော်ကာစင်တာအကြောင်းစကြားဘူးတာနယ်စပ်ကုန်သွယ်ရေးရုံးချုပ်သက်သာဆိုင်တွေရှိတုံးကပါ-- ဗိုလ်မှုးကြီးနေဝင်း ဒီဂျီအဖြစ်လုပ်တုံးကနဲ့တူပါတယ်--
စင်ကာပူဟော်ကာစင်တာတွေကိုလေ့လာကြည့်တဲ့အခါ ချက်ပြီးသားဟင်း cooked food တွေကိုထမင်း၊ဆန်ပြုတ်စတာတွေနဲ့တွဲရောင်းတာပါ--အသားဟင်း ၁မျိုး ဟင်းသီးဟင်းရွက် ၁မျိုးနဲ့ဆိုရင်စလုံးငွေ ၂:၃၀ ဒေါ်လာလောက်ရှိပါတယ်--ငါး ပုဇွန်နဲ့ ဆိုရင်ဈေးနဲနဲကြီးပါတယ်--စလုံးငွေ ၃:၅၀ လောက်ရှိပါတယ်--ရန်ကုန်အခေါ် ပုံစားပေါ့--ဟော်ကာစင်တာတိုင်းမှာဟင်း ၁၅-၂၀မျိုးလောက်ရောင်းတဲ့ထမင်းဆိုင်ကမပါမဖြစ်ပါရှိပါတယ်--နောက်တစ်ခု ကစင်ကာပူနိုင်ငံသားတွေကြိုက်တဲ့ ရောင်တို့ ဟူး ပါ-- ဝက်သားတွေအဆီတွေ မပါပါဘူး-၅-၆ မျိုးလောက်ကိုယ်ကြိုက်တာရွေးပေးလို့ရပါတယ်--ဈေးအနည်းဆုံးပေါ့-- စလုံးငွေ ၄:၀၀ လောက်ရှိပါတယ်-- ထမင်း ခေါက်ဆွဲ ဆန်ခေါက်ဆွဲ ကြာဆံ စတာတွေနဲ့တွဲဖက်စားနိုင်ပါတယ်--
နောက်ဟော်ကာစင်တာတိုင်းမှာမရှိမဖြစ်ဆိုင်တစ်ခုကတော့ လ္ဘက်ရည် ကော်ဖီ အအေးမျိုးစုံ ဘီယာ စသည့် beverage တွေရောင်းတဲ့ဆိုင်ပါ--အဲလိုဆိုင်မျိုးတွေက မနက်စောစောဖွင့်ပါတယ်-- နံနက်၆ နာရီလောက်ဆိုရင်ဖွင့်ပါပြီ-- တချို့ ဆိုင်တွေမှာတော့ စင်ကာပူစတိုင် ကော်ဖီ လ္ဘက်ရည် ကြက်ဥ ပြုတ် နဲ့ ထောပါတ် ကာရား သုတ်ထားတဲ့ ပေါင်မုန့်ပါးပါး ၂ ချပ်ပါ--ဘိုစတိုင်စားချင်ကြတဲ့ စင်ကာပူနိုင်ငံသားအများစု စားကြပါတယ်-- yakun kaya toast ဆိုနံမည်ကြီးပါတယ်-- ရန်ကုန်မှာတောင် ဆိုင် ၃-၄ ဆိုင်လောက်ဖွင့်ထားပါပြီ--ဈေးတော့ ကြီးပါတယ် --စလုံးငွေ ၄-၅ ဒေါ်လာလောက်ရှိပါတယ်--ရိုးရိုး ကိုပီတန် ဆိုင်တွေမှာတော့ စလုံးငွေ ၂:၃၀ ဒေါ်လာလောက်ရှိပါတယ်--
နံနက်စောစောမှာ cooked food ဆိုင်တွေမှာ breakfast အဖြစ် လ္ဘက်ရည် ကော်ဖီတွေနဲ့တွဲဖက်စားကြပါတယ် အဲဒီဆိုင်တွေမှာ တန်းစီနေတဲ့ လူတွေနဲ့ အမြဲအပြည့် ပါ-cooked food ဆိုင်ဆိုတာ ကြာဆံကြော်-(ကွေ့ တယို)ရိုးရိုးခေါက်ဆွဲ ကျော်ပြီးသားတွေနဲ့တွဲဖက်ရောင်းကြတာပါ။ အဲဒီဆိုင်တွေမှာ တန်းစီနေတဲ့ လူတွေနဲ့ အမြဲအပြည့် ပါ-- များသေားအားဖြင့်သတ်သတ် လွတ်ပါတယ် -ဒါပေမဲ့ ကြက်ဥကြော် ငါးချောင်းကြော် အသားချောင်းကြော် ကော်ပြန့်ကြော် ငါးဆုတ်လုံးကြော် အသီးအရွက် ဂေါ်ဖီထုတ်ကြော် တွေနဲ့စားကြပါတယ်-- ထူးခြားတာက အသားတု (ဝက်သားကင်) ကိုလှီးထားတာမျိုးတွေနဲ့ စားကြပပါတယ် Samba လို့ခေါ်တဲ့ မလေးစတိုင်ငရုတ်သီးကြော် မြန်မာမှာ လည်းစားတဲ့ ငရုတ်ချဉ်တွေနဲ့တွဲဖက်စားကြပါတယ် --နောက်မနက်ဆိုရင် အစားများတာ က ဒင်ဆမ်း ဆိုင်တွေပါ-- Lo Mai Gai. ကြက်သားကောက်ညှင်း လော်မိုင် ဂိုင်း။Chee Cheung Fun တရုတ်ဆန်မုန့်လိပ် ချီ ခြုံ ဖန်။ ခုံဘပေါင်းKong Bak Pau. ခုံဘပေါင်း ၊ဝက်၃ထပ်သားပေါက်စီ။Siew Mai ရှု မိုင်၊ ဝက်သားပေါင်း။Fan Choi ဖန်ချွိင်၊ ထမင်းပေါင်း။ Pau. ပေါင်း၊ ဝက်သားပေါက်စီ။ စတဲ့ အစားအစာတွေဟာ စင်ကာပူ အော်ရီဂျင်တော့ မဟုတ်ပါဘူး-- ဟောင်ကောင် အော်ရီဂျင်တွေပါ--ဟော်ကာစင်တာမှာ ရောင်းတာကတော့ သူ့ ဈေးနဲ့ သူရောင်းတာပါ-- တကယ်ကောင်းတဲ့ ဒင်ဆမ်း ဆိုင်တွေ လည်းရှိပါတယ်--
Chicken rice ကြက်ဆီထမင်းကတော့ food court တွေ ဟော်ကာစင်တာတွေမှာရောင်းပါတယ်--ကြက်ကို roast လုပ်တာ steam လုပ်တာ ၂မျိုးလောက်ရှိပါတယ်-- အများဝယ်စား နိုင်အောင် စလုံးငွေ ၃ - ၃:၅၀ ဒေါ်လာလောက်ရှိပါတယ်--အော်ချတ် လမ်းကဆိုင်တွေမှာတော့ ၅ - ၆ ဒေါ်လာလောက်ရောင်းပါတယ်-- ဒါလည်းစင်ကာပူရဲ့ signature dish တစ်ခုပါပဲ-- နောက်တစ်ခုက Laska ခေါ် အုန်းနို့ခေါက်ဆွဲ နဲ့ မလေးအစားအစာတစ်မျိုးဖြစ်တဲ့ Nasi Lamak အုန်းထမင်း ကြက်ဥကြော် ကြက်တောင်ပံကြော် မြေပဲကြော် ငါးကလေးကြော် နဲ့ Samba ပါ ပါတယ်--ဒါကဟော်ကာစင်တာမှာရှိတဲ့ စါးစရာဆိုင်တွေပါ -- ကိုရီးယားစတိုင် ဂျပန်စတိုင် စားစရာတွေ အိန္ဒိယစားစရာတွေ နဲ့ နောက်ဆုံး sea food ကြော်လှော်ရောင်းတဲ့ ဆိုင်တွေပါရှိပါတယ်--အခုနှစ်ပိုင်းတွေမှာဟော်ကာစင်တာမှာ ခေတ်စားလာနေတာက ထိုင်းစားစရာတွေပါ-- mukata ဆိုရင်နံမည်ကြီးပါတယ်နောက်တစ်ခု ကတရုတ် ဆီချွမ်းပြည်နယ် က မာလာဟင်း ပါ--တော်တော် စပ်ပါတယ်--မိသားစု ဝိုင်းဖွဲ့ စားသောက် လို့ရအောင်လည်း စီစဉ်ထားတဲ့အတွက် စင်ကာပူ ဟော်ကာစင်တာ တွေဟာ လူတန်းစားမျိုးစုံအတွက် စားနိုင်သောက် နိုင်အောင်ဖန်တီးပေးထားတာပါ--
မောင်တိုင်ပင်ရေ စလုံးမှာ မြန်မာတွေအများကြီးပဲ-- မြန်မာစားစရာရောင်းတဲ့ဆိုင်တွေကောမရှိဘူးလားဘို့ မေးလာရင် ရှိပါတယ် လို့တော့ ပြောရပါမယ်--ရှိတဲ့လူဦးရေနဲ့ ဆိုင်အချိုးဆိုရင် အတော်နည်းနေတာတွေ့ ရပါတယ်--ရောင်းတဲ့ စားစရာတွေလည်းမြန်မာကြိုက်တွေပါပဲ -- ဒါပေမဲ့ တခြားစားစရာတွေနဲ့ ယှဉ်ရင်ဈေးတော်တော် များနေပါတယ်--တရုတ် vegi ဆိုင်မှာ ၂-၃ ဒေါ်လာလောက်နဲ့ စားလိုရပေမဲ့ မြန်မာဆိုင်မှာ ၄-၅ ဒေါ်လာလောက်ပေးနေရပါတယ်--ပုံစားမှာ မြန်မာဟင်းတွေနဲ့ ဖြစ်ပေမဲ့ ၂-၃ မျိုး ပုံလိုက်ရင် ၄-၅ ဒေါ်လာလောက်ကျနေပါတယ် -- မုံဟင်းခါး ကြာဆံချက် တွေလည်း weekend မှာရောင်းပေမဲ့ ၄-၄:၅၀ ဒေါ်လာလောက်ဆိုတော့ အာသာပြေ ၂ ယောက်ပေါင်းစားရင်တော့ရပါသေးတယ်-- မြန်မာဆိုင်တွေ အရင်ကများပေမဲ့ နောက်အရင်းပြုတ်ပြီး ပျောက်ကုန် ကြပါတယ် --စင်ကာပူ ကမြန်မာတွေကတော့ ကိုစိုးညီ ရဲ့ Feel ဆိုင်များလာဖွင့်စေချင်ကြပါတယ်--ဈေးကတော့ သင့်သင့်ပေါ့နော်-- လုပ်ကြပါ ဦးနော ကို တိုက်တွန်းကြပါအုံး --နောက်တစ်ခုကမြန်မာ မှာလည်း food court တွေ hawker center တွေပေါ်လာစေချင်ပါတယ်--ငွေရှိတဲ့ လုပ်ငန်းရှင်တွေလုပ်ဖို့ စဉ်းစားတာနဲ့တင်ရပ်မထားပဲဖြစ်လာအောင်အကောင်အထည်ဖေါ်ကြပါလို့ တိုက်တွန်းချင်ပါတယ်---
၀၇-၀၄-၂၀၁၇
ကားလောက
ကားလောကမှာအပြီးအပိုင်ပျောက်သွားတဲ့ ကား show room တွေတော်တော်များများရှိပါတယ်-- ကား show room တချို့ က ကားတွေဆိုအပြင်မှာခိုင်းစားထားတာ၃-၄ နှစ်တောင်ရှိနေတာပါတယ်-- အင် နံပါတ်နဲ့ပေါ့-- ဒါပေမဲ့ show room ကုမ္ပဏီသာပျောက်သွားပေမဲ့ အေးဂျင့် တွေလက်ထဲမှာ ကုမ္ပဏီ letter head တံဆိပ်တုံးတွေရှိနေတော့ ဂွင် ရိုက်လို့ ရသေးတယ် တဲ့ ဗျ။ ဒါလည်းသိပ်တော့ မဆန်းဘူးဗျ--ဝင်ငွေခွန်မပေးချင်တော့ လို့ တစ်နှစ်အတွင်း ၂-၃ ခါလောက် import လုပ်ပြီးရင် ကုမ္ပဏီက လိပ်စာမှာမရှိတော့ဘူး--အစဖျောက်သွားရော-- ဒါမျိုးက အရင်ကတည်းကရှိတာ--မောင်တိုင်ပင် ဌာနမှာ လုပ်ကတည်းကရှိခဲ့တာ--racial ဖြစ်တာတော့ မဟုတ်ပါဘူး-- အဲလိုမျိုးဖြစ် လိုက်ရင် ကုလား ကုမ္ပဏီတွေပဲဖြစ်တာများပါတယ်--
အစဖျောက်သွားတဲ့ကား show room ကဝယ်မိလိုက်တဲ့မောင်တိုင်ပင် မိတ်ဆွေတစ်ယောက်ကတော့ သူတိုင်ပတ်နေတုံး အဲဒီကုမ္ပဏီရဲ့ အေးဂျင့် ကုလားတစ်ယောက်နဲ့တွေ့ ပြီး သူဆီက letter head တွေ တံဆိပ်တုံးတွေ ရလိုက်တော့ အိုကေသွားတယ်လို့ ကြားရတယ်--အေးဂျင့် ကတော့ အာရကေ သိန်းချီထောသွားတာပေါ့--ကားလောက ဆိုတာအင်မတန်ရှုပ်တာ--ထီပေါက်လို့ ဖြစ်ဖြစ် အိမ်မြေ ရောင်းလိုက်လို့ ဖြစ်ဖြစ် ကားဝယ်မယ် မလှုပ် လိုက်နဲ့ အချဉ် သံပုရာသီး ရှာနေတဲ့သူနဲ့ တွေ့သွားနိုင်တယ်--တလောကပဲ အမျိုးတစ်ယာက် -- ကောင်းကောင်းကန်းကန်း ဟွန်ဒါ FIT လေးဝယ်လိုက်မိပါတယ် -- နှစ်ပြည့် လို့ လိုင်စင်ဝင်
တော့ လိုင်စင်စာအုပ်က အတု ဖြစ်နေတယ်--ဒါကြောင့်လည်းတော်တော် ရှုပ်တယ် လို့ပြောရတာ-- လည်ပါတယ်-- နပ်ပါတယ် -- ဆိုတဲ့ ဝယ်ရောင်းတစ်ယောက်တောင် မသုံးဖူးသေးတဲ့ trick ကြောင့် ခံလိုက်ရဘူးတယ်--အကောင်းဆုံးကတော့ ကားအသစ် ကို အသစ် ရောင်း တဲ့ show room ဆီ ကဝယ်တာအကောင်းဆုံးပဲ--
သင်္ကြန်ပြီးရင်ကားဈေး လှုပ်မှာကိုမျှော်မှန်းနေကြတယ်--ကားဈေးတက်တယ်ဆိုပေမဲ့ဝယ်သူကမရှိဘူး--ဗိုက်နာသူပဲရောင်းကြတယ်--ရန်ကုန်လိုင်စင်နဲ့ ကားရဖို့ကအတော်ခက်တယ်--ရန်ကုန်မှာ စင်ကာပူ လို COE လုပ်မယ်--ကားတွေမှာ RFID တပ်ခိုင်းပြီး Gantry တွေကတဆင့် အခွန် ကောက်မယ်-- ဒီလိုအစီအမံတွေလုပ်လိုက်ရင် လုပ်ငန်းသစ်တွေပေါ်လာမယ်-- အလုပ်အကိုင်သစ်တွေဖြစ်လာမယ်--တက်စီတွေရန်ကုန် လိုင်စင်နဲ့ ပဲဆွဲရမယ် -- တက်စီကို ၁၅၀၀ စီစီတက်စီပဲအနိမ့်ဆုံးထားပြီး လုပ်ခွင့်ပြုမယ်--စတဲ့ အသံတွေကြားနေရတော့ ရန်ကုန် လိုင်စင်လက်ဝယ် ရှိတဲ့ ယဉ်ပိုင်ရှင်တွေဟာစိတ် ဟာချီတုံချတုံဖြစ်နေကြရပါတယ်--
ဈေးကွက်သဘော
စလုံးမှာ ဘာပစ္စည်းပဲဖြစ်ဖြစ် ခိုးပြီးသွားရောင်းလို့ရတဲ့ သူခိုးလက်ခံဆိုင်မရှိအောင် လုပ်ထားတော့ ပစ္စည်းတွေအပျောက်အရှနည်းတယ် --စလုံးမှာအနေကြာပြီး maintenance ကိုင် တဲ့ မြန်မာအင်ဂျင်နီယာတစ်ယောက်ကပြောဘူးတယ် -- မြောင်းဖုံးသံကျွတ်တွေများ ခိုးချင်စရာ--လူသူုပြတ်တဲ့နေရာမှာတောင် မပျောက်မရှဘူး--ဆိုင်ဖွင့်မရအောင်လုပ်ထားတဲ့စနစ် က ရှိနေတော့ ခိုးရောင်းတာတွေမရှိသလောက်ပဲ-
တယ်လီဖုန်း I pad used ပြန်ဝယ်တဲ့ ဆိုင်တွေရှိတယ်-- သွားရောင်းရင် IC မှတ်ပုံတင်ပြရတယ်-- မပြနိုင်ရင်ဘယ်သူမှမဝယ်ရဲဘူး--cash converter လိုပစ္စည်း အဟောင်းဝယ်ရောင်းတဲ့ဆိုင်တွေရှိတယ် -တရားဝင်ဖွင့်ထားတာ--အပေါင်ဆိုင်သဘောမျိုး ပဲ--ကင်မရာတို့ဘာတို့ ပြန်ရောင်းချင်ရင်ဈေးအရမ်းနှိမ်တယ် --ပစ္စည်းအသစ်တွေလည်းဈေးပေါပေါ နဲ့ရောင်းတယ်--model တို့ date တို့ အောက်တဲ့ ပစ္စည်းတွေ lot လိုက် လက်ကားဝယ်ပြီးပြန်ရောင်းတော့ ဈေးသက်သာတယ်-- Daiso လိုဘာယူယူ ၂ ဒေါ်လာဆိုင်မှာလည်းအိမ်သုံးပစ္စည်းလေးရောင်းတော့ စလုံးကသာမန်လူတန်းစားအများစုကလာဝယ်ကြတယ်( ရန်ကုန်မှာလည်း Daiso ဖွင့်ထားပါတယ်) ဘာပစ္စည်းဖြစ်ဖြစ် စလုံးတွေ အလုအယက်ဝယ်နေပြီဆိုရင် တကယ်လျှော့ဈေးနဲ့ ရောင်းလို့ပဲ--သူတို့အချင်းချင်းဘယ်ပစ္စည်းဘယ်ဈေးနဲ့ ဘယ်တုံးကဝယ်လို့ ရတယ်ဆိုတာအချင်းချင်း အသိပေးလေ့ရှိတယ်-- ဒါကြောင့်ထင်တယ်-- စလုံးက နံမည် ကြီး branded ဆိုင်တွေက တခါတရံ ၁ ရက်ထဲပဲ လျှော့ဈေးနဲ့ ရောင်းတယ်-- နောက်နေ့ အပြေးအလွှားသွားကြည့် အရင်ဈေး ပြန်ဖြစ်သွားရော--branded ဆိုင်ကြီးတွေက လျှော့ဈေးနဲ့ ရောင်းခဲတယ်-- သူတို့ marketing strategy ကရောင်းလိုက်တဲ့ပစ္စည်း ဟာအစစ်အမှန်ဖြစ်ကြောင်း authentication ပေးတာပါပဲ-- တချိန် မွဲသွားလို့ pawn shop မှာသွားပေါင်ရင် authentication ရှိရင် ငွေပိုရတာပေါ့--
မောင်တိုင်ပင်နေတဲ့ ကလင်မင်တီ က အပေါင်ဆိုင် မှာအပေါင်ဆုံးပစ္စည်းတွေက ရွှေ ငွေ စိန်ထည်လက်ဝတ် လက်စားတွေသာမက အမျိုးသမီး ကိုင် LV အိတ် Chanel အိတ် တွေကို showcase ပြထားပါတယ် -- ဈေးကလည်းမသေးဘူး-- နှစ်တစ်နှစ်ကုန်ခါနီးရင် ဥပမာ နှစ်စပိုင်းမှာ model အောက်တော့မဲ့ ပစ္စည်းတွေကိုဈေးလျော့ရောင်းပါတယ်--shopping spree လို့ပြောလို့ရတဲ့ ကာလက စင်ကာပူမှာ ဇွန် လ တစ်လလုံးဖြစ်ပါတယ် GSS Great Singapore Sales ပေါ့-- တချို့  မြန်မာက ဘောစိတွေကအဲဒီအချိန်နဲ့ ကိုက်ပြီး စင်ကာပူ ကိုဈေးလာဝယ်ကြတယ်-- အောချတ်လမ်းတစ်လျှောက်လူအစည် ကားဆုံးအချိန်ပေါ့--လူသဘောကိုနားလယ်ကြတဲ့ သူတွေက ဈေးကွက် ကိုဖန်တီးကြတယ်-market promotion တို့ ဆိုတာထုတ်လုပ်လာတဲ့ ပစ္စည်းတစ်ခုကို ပေါက်အောင်ရောင်းနိုင်တာပဲ-- အမေရိကန်က ကုမ္ပဏီတွေဆိုရင် တစ်နှစ်မှာ ပစ္စည်း အသစ် တစ်ခုခု တော့ ထုတ် လုပ်ကြတာပဲ--မထုတ်နိုင်ရင် ကုမ္ပဏီက ကြာကြာမခံ တော့ဘူး--ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာလူကြိုက်များအောင် ဘာထည့်မလဲ ဒါဟာ marketing strategy ပဲ-- တက္ကသိုလ်တွေမှာ marketing နဲ့ပတ်သက်တဲ့ module ကိုလူအများစိတ်ဝင်စားကြတယ်-- ဆိုင်အသစ်အသစ် တွေပေါ်လာတယ်-- နောက်ပျောက်သွားတယ်-- မိမိ brand တစ်ခု အရှည်သဖြင့် ရပ်တည်နေအောင် လုပ်ရတာမလွယ်ပါဘူး-- advertising agency တွေကလည်း ပစ္စည်းတစ်ခု ဘယ်လိုပေါက်အောင်ကြော်ငြာ ရမလဲဆိုတာ ခေါင်းအစားဆုံး ပဲ- ပေါက်သွားတဲ့ ကြော်ငြာတွေ မှတ်မိကြမှာပါ-- ဈေးကွက်တစ်ခုရဲ့ အခြေခံသဘောတရားမှာ advertising လည်းပါတယ် -- တခါမှာ ထုတ်လုပ်သူတစ်ယောက်က သူ့ ပစ္စည်း ကိုလူတွေသိနေပါပြီ-- ကြော်ငြာဖို့ သိပ်မလိုတော့ ဘူးထင်တယ်ဆိုပြီး ကြော်ငာ ပိုင်းကို လျှော့ လိုက်တာ ဈေးကွက် ဝေစု အတော်ဆုံးရှုံးသွားလို့ မနည်းပြန်တင်ရတာ အရင်ထက်တောင်ပိုမိုကုန် ကျသွားသေးတယ်--ဈေးကွက်သဘော ဆိုတာ ဒီလိုမျိုး--
UNIQLO ဆိုရင် လူလတ်တန်းစားတွေဝတ် နိုင်တဲ့အဝတ်အထည်တွေရောင်းတယ် -- တစ်ရက်တစ်ရက်ကို ယောက်ျား မိန်းမ အဝတ်အထည်တစ်ခုခု ကို limited sales ဆိုပြီးဈေးနည်းနည်းလျော့ရောင်းတယ်--လူငယ်ကြိုက်တွေများတယ်-- ချုပ်ပြီးအထည်တွေဈေးကွက်ကနိုင်ငံတိုင်းမှာရှိတယ် -- ချုပ်စက်တွေကဖြုတ်ရတပ်ရလွယ်တော့ အခြေအနေပေးရင်ပေးသလို ဖွံဖြိုးဆဲ နိုင်ငံတွေမှာပြောင်းပြောင်းပြီးရင်းနှီးမြုပ် နှံကြတယ်--ဒီဇိုင်း၊ ချုပ်ခ၊ အချိန်မီပြီးစီးမှု၊ export import operation လုပ်ရတာလွယ်ကူမှု တွေပေါ်မူတည်ပြီး branded ကုမ္ပဏီတွေဟာ ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမှု တွေလုပ်ကြရပါတယ် -- ဒီလို labour intensive industry တွေဟာအရင်စစ်အာဏာရှင်လက်ထက်ကခက်ခက်ခဲခဲ နဲ့ ရုန်းကန်ခဲ့ရပြီး US sanction ကြောင့်အပြင်မိမိဖါသာ ပိတ်တဲ့sanction တွေကြောင့် လုပ်ငန်းလုပ်ကိုင်ရတာအတော်ကိုခက်ခဲသွားတဲ့အခြေအနေမျိုး ကြုံ တွေ့ခဲ့ရပါတယ်-မိမိလုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိတဲ့အခြေအနေမျိုး ဖန်တီးမပေးဘူး--ခိုးလိမ့်မယ်--ဝှက်လိမ့်မယ် -- အမြင်တွေနဲ့ barrier တွေ တိုးပြီးရင်းတိုးလာလိုက်တာ နောက်ပိုင်း ပြည်တွင်း က impose လုပ်တဲ့ sanction ကပိုဆိုးတယ်ဆိုပြီးပြောစမှတ်ဖြစ်ခဲ့တာပါ--ကုန်သွယ်ရေး မှာ operation ကို လွယ်ကူအောင်လုပ်ပေးတာဆိုရင် တပ်ပိုင်တဲ့ စီးပွားရေးအင်အားစုတွေ နဲ့ သူတို့ အခေါ် တိုင်းရင်းသား လုပ်ငန်းရှင် ( ပြည်သူကတော့ ခရိုနီ) တွေအတွက်ပဲ-- ခွဲခြားဆက်ဆံမှုတွေ ကျင့်သုံးခဲ့ပါတယ်--အခုချိန်မှာတော့ labour intensive industry တွေပဲတွင်တွင်ကျယ်ကျယ်လုပ် ရမဲ့ အချိန်ဖြစ်ပေမဲ့မြန်မာအလုပ်သမားတွေရဲ့ capacity တွေ skill တွေဟာ သူများနိုင်ငံတွေ ကအလုပ်သမားတွေနဲ့ ယှဉ် လိုက်ရင်အတော်ကျိုးစားရမဲ့အနေအထားပါ-- ဒီလိုင်းတွင်မဟုတ်ပါဘူး-- လိုင်းပေါင်းစုံမှာ skilled labour ဆိုရင် တကယ်ကျွမ်းကျင်တဲ့သူတွေများများထွက်လာအောင်လုပ်ဖို့ လိုနေပါတယ်--
ကဲ-- ဈေးကွက်တွေရဲ့ သဘောတရားတွေကိုပြောရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ကုန်သွယ်မှုဘက်ရောက်ကုန်ပါပြီ -- စဆရက လုပ်တာတော့ မဟုတ်ပါဘူး-- သင်္ကြန်တွင်း မှာ နားနားနေနေ နေရင်း ငါ့တိုင်းပြည် ငါကြိုက်တဲ့ အစိုးရ တစ်ရပ်တင်လိုက်တာ ဘာလို့ တိုင်းပြည် စီးပွားရေး က overall မှာ အဆင်မပြေဖြစ်ရတာလဲ ကိုတွေးမိလို့ ပါ--ပစ္စည်းတွေကို ဈေးရအောင် စားသုံးသူတွေအလုအယက်ဝယ်အောင် လုပ်ရတာ ဟာ marketing ပဲ--demand and supply မှာdemand မရှိရင်ဘာမှလုပ်လို့ မရနိုင်ပါ--demand တွေ တက် လာအောင် လုပ်ရမဲ့ အလုပ်ကsupply ဘက်မှာသူ့အပိုင်းနဲ့သူရှိနေတော့ အားလုံးကိုလုပ်နိုင်မှအောင်မြင်နိုင်မှာဖြစ်ပါတယ်--ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ကော်ဖီ၊လက်ဘက်၊စတဲ့ထုတ်ကုန်တွေကို value adding လုပ်ပြီးဘယ်လိုရောင်းကြမလဲ စတဲ့ အလုပ်တွေဟာစိတ်ဝင်စားစရာလည်းကောင်းပါတယ် -- စိန်ခေါ်မှု လည်းဖြစ်ပါတယ်--
စင်ကာပူပညာရေး
တစ်နေ့က Voice ထဲမှာကျောင်းတွေက စာမေးပွဲအောင်စာရင်း အစားအတန်းကူးပြောင်းမှုစာရင်းဟုပြောင်းလဲခေါ်ဝေါ်မည်ဆိုသည့် သတင်းပါလာပါတယ်။မောင်တိုင်ပင်ကတော့ ပညာရေးစနစ်ကြီးပြောင်းလဲသွားပါလားလို့ သရော်စာ ပိုစ့်တင်ခဲ့ပါတယ်--
အရင်ကပညာရေးကိစ္စတွေထဲထဲဝင်ဝင်လုပ်ခဲ့တဲ့ လူကြီးတစ်ယောက်နဲ့တွေ့မှ ပညာရေးက ပြည်သူကိုအကုန်အစင်အသိမပေးပဲဖြတ်ကျေညာလိုက်လို့ လူတွေနားလည်မှုလွဲကုန်တာပါလို့ ရှင်းပြတော့မှ မောင်တိုင်ပင်လည်းစင်ကာပူကပညာရေးနဲ့ယှဉ်ကြည့် လိုက်တဲ့ အခါ အော်ဒီလိုကိုးဆိုပြီးသဘောပေါက်ခဲ့ ပါတယ်--
စင်ကာပူမှာဘယ်နှစ်ဖွားတွေ အသက်ဘယ်လောက်ရောက်ရင်ဘယ်အတန်းတွေတက်ရမယ်ဆိုတာခြုံငုံသတ်မှတထားပါတယ်။ Play group, Toddler, Kindergarten 1, Kindergarten 2 စသည်ဖြင့်ကျောင်းနေရွယ်ခလေးကစခွဲခြားထားပါတယ်။ နောက် Primary School, Secondary School စသည်ဖြင့်ရှိကြပါတယ်။ စင်ကာပူနိုင်ငံသားတိုင်း Primary ပညာရေး ကိုမဖြစ်မနေတက်ရောက်ရပါတယ်။ foundation က ၄ နှစ် orientation က ၂ နှစ် စုစုပေါင်း ၆ နှစ်ပါ။ Primary school ကိုနှစ်တစ်နှစ်အစမှာလျှောက်လွှာတင်ရပါတယ်။ မြန်မာမိသားစုတွေ ရဲ့ခလေးတွေအဲဒီမှာရွာလည်ကြရတော့တာပါပဲ။အစိုးရကျောင်းတွေမှာ ဝင်ခွင့်မရကြပါဘူး။ စင်ကာပူ ပီအာ မိဘ ၂ ပါးဖြစ်နေရင်တောင် ခလေးက အစိုးရကျောင်းဝင်ခွင့် ရကြပါဘူး။ နောက်ဆုံး ဈေးကြီးတဲ့ international primary school တွေမှာသွားထားရပါတယ်။ ထားလိုက်ပါတော့-- ဒါပြောချင်တာမဟုတ်ပါ။
Primary school မှာ စတက်တာတော့ P1 class ပါ။ နှစ်ပြည့်ရင်အရည်အချင်း ကိုအကဲဖြတ်ပြီး P2ကိုကူးပြောင်းပေးပါတယ်။အဲဒီလိုမျိုး ကိုအတန်းကူးပြောင်းမှု လို့ပြောနိုင်ပါတယ်-- Primary classes တွေမှာ တစ်နှစ်တစ်တန်းမှန်မှန်ကူးပြောင်းပါတယ်။ P6 ရောက်တဲ့အခါအရေးကြီးလာပါပြီ။PSLE စာမေးပွဲဖြေရပါတော့မယ်။ Primary School Leaving Examination ပါ။အရင်မောင်တိုင်ပင်တို့ လက်ထက်က High School Final Examination လိုပါ။ကျောင်းကောင်းကောင်း ကို အမှတ်စာရင်းကြည့် လက်ခံတာဖြစ်လို့ P6 မှာ PSLE အတွက်အသေအကြေ ကျိုးစားကြရပါတယ်။ မောင်တိုင်ပင်ထင်ပါတယ်။ အတန်းကူးပြောင်းမှုစာရင်းနဲ့ စာမေးပွဲအောင်စာရင်း အကြောင်းကို ဒါလောက်ဆိုရင်သဘောပေါက်ကြပါလိမ့်မယ်။
မြန်မာမှာလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း အသီးသီးရှိကြတာပါပဲ။မူလတန်းကနေအလယ်တန်ကူးပြောင်းတဲ့အခါ စာမေးပွဲ exam ရှိပါမယ်။ ရှစ်တန်းအောင်စာရင်း၊ ဆယ်တန်းအောင်စာရင်းအသီးသီးရှိနေကြမှာပါ။ စဆရက လုပ်တာမဟုတ်ပါ။ မောင်တိုင်ပင်ကိုယ်တိုင်အကြောင်းမသိတော့သရော်မိခဲ့ ၍အပြည့်အစုံရှင်းပြတဲ့သူဆီကရတဲ့သတင်းကိုဖေါက်သည်ချခြင်းဖြစ်ပါတယ်-
မှန်တာပြောတာပြောပလေ့စေ
တရံရောအခါကအင်မတန်မှမြှောက်တတ်ပင့်တတ်တဲ့ကျောင်းသားတစ်ယောက်ဟာအာအိုင်တီမှာကျောင်းလာတက်ပြီးအက်ဖ်ထိတာကြောင့်ကျောင်းကနေထွက်သွားရပါတယ်။နှစ်ပေါင်းများစွာကြာသွားတဲ့အခါအဲဒီကျောင်းသားဟာသူဌေးဖြစ်နေတာတွေ့ရတဲ့အပြင်သူရဲ့မြှောက်တတ်တဲ့အကျင့်ကလည်းမပျောက်တဲ့အပြင်ပိုတောင်ဆိုးလာသေးသဗျ။
တစ်ရက်ကြဆြာဂျီးနဲ့တွေ့ တော့ဟေ့ကောင်ဂျပုမင်းငါ့မှတ်မိလား၊ငါဘယ်သူဘယ်သူလေကွာ၊မင်းငါကြိုက်နေတဲ့တို့အရပ်ကကောင်မလေးမင်းစာလိုက်ပေးတုံးကငါနဲ့ ပက်ပင်းမိတာလေကွာ လို့ပြောတော့ဆြာဂျီး ကချက်ချင်းမှတ်မိလိုက်တယ်။ဟာ-- ဟေ့ကောင်မင်းဘယ်ရောက်နေလဲကွ။မင်းတို့မြို့ ကဘယ်သူဘယ်သူနဲ့တွေ့ တော့မင်းအကြောင်းတောင်ငါမေးပါသေးတယ်ကွာ" လို့ပြန်ပြောပါတယ်။မြှောက်ပေးတတ်တဲ့အကျင့်မဖျောက်နိုင်တဲ့ကောင်က--" ဟေ့ကောင်ငါအခုအစိုးရကလူကြီးတွေနဲ့ပဏ္ဍာစားတယ်ကွ။မင်းသတင်းတွေငါကြားတယ်။မင်းတစ်နေရာရာမှာဝင်လုပ်ပါလာကွာ။မင်းလိုလူမျိုးလိုအပ်နေတာကွ။ငါမင်းနဲ့ကွဲသွားပေမဲ့မင်းတော်တဲ့အကြောင်းတတ်တဲ့အကြောင်းတွေအမြဲကြားနေရတာ။မင်းနဲ့ အသင့်လျော်ဆုံးပဲကွာ။တိုင်းပြည်တရှိန်ထိုးတက်သွားမယ်" လို့မြှောက်ပြောပေမဲ့ဆြာဂျီးကတော့ဒီကောင်အကြောင်းသိနေတော့ ပြုံးပဲနေ လိုက်ပါတော့တယ်။
ဒါနဲ့တစ်ရက်ရန်ကုန်မှာနေကလည်းအရမ်းပူ မီးတွေကလည်းပျက်ဆိုတော့ မြှောက်တတ်ပင့်တတ်တဲ့အကောင်ဟာအရက်အလွန်အကျွံသောက်မိတာကြောင့်မာလကီးယားသွားပါလေရော။သေပြီးတဲ့နောက်ယာမမင်းဆီရောက်သွားပါတယ်။ယာမမင်းကလူ့ပြည်ကသေပြီးသူဆီရောက်လာတဲ့ကောင်တွေကိုအင်တာဗျူးရတာကိုး။ထုံးစံအတိုင်းတစ်ဦးချင်းကိုအင်တာဗျူးလုပ်--မင်းကတော့ဘယ်သွားဘာလုပ်ပေါ့အမိန့်တွေချရတယ်။ မြှောက်တတ်တဲ့အကောင်အလှဲ့ ရောက်တော့ ယာမမင်းတပည့်တွေကသတိပေးတယ်--အရှင်ဘုရား ဒီကောင်ဟာလူ့ ပြည်မှာတုံးကအင်မတန် မြှောက်တတ်ပင့်တတ်ပါတယ်ဘုရားလို့သတိပေးထားတာပေါ့--ဒီကောင်ကယာမမင်းကြီးကိုတွေ့တာနဲ့"အရှင်ဘုရား လူ့ပြည်မှာတုံးကယာမမင်းဆိုတာအသားမဲမဲ ပုံဆိုးပန်းဆိုးနဲ့ ကျက်သရေ လုံးဝမရှိဘူး လို့ တပည့်သိထားရပါတယ် ဘုရား။အခုယာမမင်ကြီးကိုတွေ့ လိုက်ရတဲ့အခါ့ ဖြူဖြူခန့်ခန့်ချောချောကြီး မင်းသားနေတိုးထက်တောင် ရူပါဖြူးနေတာကိုတွေ့လိုက်ရလို့ တပည့်တော်တော်အံ့သြမိပါတယ် ဖျာ့" ပြောလိုက်တော့ ယာမမင်းကြီးတပည့်တွေက " အရှင်ဘုရားဒီသတ္တဝါ မြှောက်နေပါပြီဘုရား--သတိထားတော်မူပါဘုရား လိုသတိပေးပါတယ်။ ယာမမင်းကြီးက သူ့ တပည့်တွေကို " ဟေ့ကောင်တွေ မှန်တာပြောတာပြောပစေ" လို့ပြန်ပြောလိုက်ပါတယ်ခမျာ--
ဟဲဟဲ -- အယ်လိုပဲဗျ-- မှန်တာတွေပြောနေတာ ပြောပလိစေ--
မှတ်ချက်/ ပျင်းလွန်းလို့ အတည်ပေါက်တွေမရေးချင်တော့ဘူး-- တိုက်ဆိုင်မှုများရှိနေရင် သူ့ကိုရည်ညွှန်းတာပါပဲခမျာ။
၂၃-၀၄-၂၀၁၇
မောင်တိုင်ပင်
L