Tuesday, February 24, 2015
ကိုယ့်ဘဝကိုယ့်အကြောင်း
Sunday, July 18, 2010
blog ရေးလာတာတစ်နှစ်ပြည့်ပါပြီ
တစ်ခုတော့ ရှိတယ်၊ နိုင်ငံရေးမပါတောင် စာပေစီစစ်ရေး က ဆင်ဆာ လုပ်တာတော့မခံ ရတော့ဘူး။ ကိုယ်စိတ်ထဲ မတွေ့ တာရေးနိုင်တယ်၊သရော်နိုင်တယ်။ ပေါက်ကွဲတော့မဲ့ စိတ် အတွက် စိတ် ဖြေရာပေါ့ လေ။ blog ရေးချင် ရင် ကွန်ပျူတာတော့ နည်း နည်း နားလယ် ဖို့ လိုပါတယ်။
Saturday, August 29, 2009
ခေတ်ဟောင်းက ပညာတော်သင် ခရီး
မောင်တိုင်ပင်ရဲ့ IELTS အမှတ်က ၆.၅ ဖြစ်တော့ အင်္ဂလိပ်စာသင်တန်းး ကင်းလွတ် ခဲ့တယ်။ နောက်မှ သိရ တယ်၊ အင်္ဂလိပ်စာ သင်တန်း တက်ရရင် အင်္ဂလိပ်မိသားစုအိမ်တွေမှာ၃ လ လောက် နေရမှာနော်။ home stay ပေါ့။ အဲဒီအခွင့်အရေးတော့လွတ်သွားပါတယ်။ ၁၉၈၃ခုနှစ် စက်တင်ဘာလလယ်လောက် ကျောင်းဖွင်ခါနှီး ၅ရက် လောက်အလိုမှာ ရန်ကုန်က ထွက်ခွာခဲ့ရတယ်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ အလုပ်ဝင်မဲ့ ဒေါ်ရင်ရင် မေနဲ့ လေယာဉ်ပျံတစ်စီးတည်းပဲ။ British Airways ကိုဘန်ကောက် ကနေဆက်စီးရတာပါ။ နယူးဒေလီမှာ လေယာဉ်ဆီ ဖြည့် ဖို့ရပ်နားနေတုံးဒေါ်ရင်ရင်မေ နဲ့စကားစမြည်ပြော ရင်းဘီဘီစီကိုလာလည်ဖို့ သူမက ကြို တင်ဘိတ်ခဲ့ပါတယ်။မောင်တိုင်ပင် ရဲ့ဇနီး က ဒေါ်ရင်ရင်မေနဲ့တစ်ကျောင်းတည်းထွက်လေ။
ဟိုတယ်မှာ ပစ္စည်းတွေနေရာချထား ပြီး ကားကိုတစ်နေရာမှာရပ်ထားခဲ့တယ်။ ယောက်ဖတွေ
jet lag ဖြစ်ပြီး အရမ်း အိပ်ချင်တာနဲ့ ဟိုတယ်မှာ စောစောအိပ်ရာဝင်ခဲ့ပါတယ်။
နောက်တစ်နေ့ မိုးလင်းတော့ လန်ဒန်မြို့ ထဲ ရှောက်ကြည့်ရင်း McDonald ဟန်ဘာဂါ နဲ့ အင်္ဂလိပ်အစားအစာ fish and chips ကိုပထမ ဆုံးဝယ်စားမိတယ်။ fish and chips အနံ့
ထုံးစံအတိုင်းပဲ ဟိုကြည့် ဒီကြည့်နဲ့ အားငယ်တဲ့စိတ်ကို ဖုံးဖိရင်း ဘာမှ မဖြစ်သလို ဟန်ဆောင်
Wednesday, August 26, 2009
ဘ၀၏ ပုံရိပ်ကို ပြန်စောင်း ကြည့်မိခြင်း
PSC ကခေါ်သမျှအင်တာဗျုးကိုဖြေရင်း ကုန်သွယ်ရေး (၁) က လက်ထောက်အင်ဂျင်နီယာ ရာထူးကိုလျှောက် လိုက်မိတော့တယ်။ အဖေ အစ်ကို ဘကြီးစံမင်း ကဆန်စက်မှာ စက်ပတ်ကြိုးနဲ့ ချိတ်မိပြီး ခေါင်းနဲ့ သမံတလင်း နဲ့ဆောင့်မိပြီး ကွယ်လွန်သွားတာပါ။ အဲတော့ အဖေ ကဆန်စက်အင်ဂျင်နီယာ လုပ်ရမှာဆိုတော့  သိပ်တော့ ဘ၀င်မကျဘူးပေါ့။ ဒါပေမဲ့ စာရေးသူက တမင်းသာစားနေတာ ဆန်ဘယ်လိုကြိတ်သလဲဆိုတာဘာမှ မသိဘူး။ PSC မှာ အင်တာဗျူးဖြေရမယ်ဆိုတော့ (စာရေးသူတို့ခေတ်ကရေးဖြေမရှိဘူး) ဆန်စက်ဟာဘယ်လိုလုပ်စပါး ကြိတ်သလဲဆိုတာသိအောင်လုပ်ရမယ်ဆိုပြီး ဟာဂျီခင်မောင်ဦး ( Textile ကမလှသီ မူစလင်ကုလားမနဲ့ စချင် လို့ ကျောင်းမှာနောက်ခေါ်တာ၊ အမှန်တော့ ဗုဒ္ဓဘာသာပါ) နဲ့တိုင်ပင်တော့ အဘိုးကြီး ထွန်းလှိုင် ယောက်ဖ ဆန်စက် ကိုသွားကြည့်မယ် ဆိုပြီး ထွန်းလှိုင်ဆီသွားကြတယ်။ အဲဒီတုံး က အဖေရဲ့ မောရစ်မိုင်နာကားလေး မောင်းပြီး မြစ်ငယ်ကို ၃ ယောက်သားသွားကြတာပေါ့။ ထွန်းလှိုင်ယောက်ဖ ကတော့ ဆန်စက်ဘယ်လိုကြိတ် သလဲ ဆိုတာ ရှင်းပြပါတယ်။ အဲဒီရောက်တော့မှ ဘကြီး ချိတ် မိပြီးအသက်သေဆုံးတဲ့အထိဖြစ် ခဲ့ ရတဲ့ စက်ပတ်ကြိုးဆိုတာ ဒီလို ရှိတာပါလားလို့သိခဲ့ရတာပါ။
သေချာပြင်ဆင်သွားပေမဲ့ PSC မှာ ဘာမှ ဆန်စက်အကြောင်းမမေးပါဘူး။မန္တလေးပြန်လာပြီး မေ့မေ့ပျောက်ပဲ နေနေတုံး ကုန်သွယ်ရေး (၁) မှာ အလုပ်ဝင်ဖို့ ခေါ်စာရောက်လာပါလေရော။ အလုပ်ဝင်ဖို့ ရန်ကုန် မလာခင် အဖေ ကယနေ့ ထက်တိုင်မမေ့ နိုင်တဲ့ စကားတစ် ကိုဆိုပါတယ်။ သူလည်းနှစ်ပေါင်း၃၀ ကျော် တက္ကသိုလ်မှာ ဆရာလုပ်လာတော့ ၀န်ထမ်းအတွေ့အကြုံဆိုတာရှိမှာပါ။ အဖေ က " ငါ့သားအလုပ်လုပ် ရင် အလုပ်ကို ဘယ် တော့မှ မျက်ချေမပြတ်စေနဲ့ " သူကတော့ အတွေ့အကြုံ အရ သားကို ဆုံးမနှစ်သိမ့် စကားဆိုလိုက်တာ ဖြစ်ပေမဲ့ စာရေးသူ ၀န်ထမ်းဘ၀ ဖြတ်သန်းလာခဲ့ ရတဲ့ ခရီးကို ပြန်စဉ်းစားမိတိုင်း အဲဒီစကားစုဟာ စိတ်ထဲမှာ အမြဲပဲပေါ် လာတတ်ပါတယ်။ အဲတာကြောင့် ပဲ အရပ်သားဝန်ထမ်းဘ၀မှာ ဒုတိယအမြင့်ဆုံး ရောက်ခဲ့ရတာပါ လား လို့ ထင်မိပါတယ်။
ဝန်ထမ်း ဘ၀မှာဒီအဆင့်အထိရောက်ခဲ့ ရတာဟာ အခြားမြင်ဆရာ၊ကြားဆရာ၊ သင်ဆရာတွေ ကြောင့်လည်း အများကြီးပါပါတယ်။ စည်းကမ်းစနစ်ကြီး ပြီးစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့ ဆရာတွေအောက်မှာ လုပ်ကိုင် ခွင့် ရပေမဲ့ အကျင့်ကောင်းတွေကို အတုခိုးလုပ်တတ်ဖို့တော့လိုပါတယ်။ ကွယ်လွန်သူ ဆရာဦးစောအောင် ရဲ့လုပ်နည်းလုပ်ဟန်တွေကိုစာရေးသူအများဆုံးအတုခိုးပါတယ်။ ဒါပေမဲ့ ဆက်ဆံရေး (dealing) ကိုတော့ သူ့ ထက်ပိုကောင်းအောင် လုပ်ခဲ့နိုင်ပါတယ်။ စည်းကမ်းစနစ်ကျတော့ အင်္ဂလိပ်လူမျိုး consultant ဖြစ်တဲ့ Dr. Deny ကတောင်ဦးစောအောင်ကို ရှိန်ပါတယ်။
ဆန်စက်တွေရှိရာကို မော်တော်၊ ကားတွေစီးပြီးသွားရတာပျော်စရာအလွန်ကောင်းပါတယ်။ ဇုန်မန်နေဂျာ ဦးတင် စိုးနဲ့ သံလျှင်ဇုန်မှာ ၂ - ၃ နှစ်လောက်တွဲလုပ်ခဲ့ ရတာတွေကိုသတိရနေဆဲပါ။ ၀မ်းနည်းစရာတစ်ခုကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက် ခရမ်းချောင်းထဲ မော်တော်နဲ့ စုန်ဆန်သွားလာခဲ့ကြတယ်။ စပါးအ၀ယ်ဒိုင် (ကွင်းဒိုင်) တွေ မှာလည်းညအိပ်ခဲ့ဘူးတယ်။တောသူတောင်သားတွေဟာတော်တော်ဆင်းရဲတာ ကိုအဲဒီအချိန် ကတည်း က သတိပြုမိတယ်။ အချို့ အင်္ကျီတောင်မ၀တ်နိုင်ကြဘူး။ ရင်လျှားနဲ့ ပဲနေကြရတယ်။ခလေးတွေဆိုတာ ကိုယ်တုံးလုံးတွေပဲ။ ၂၀၀၈ ခုနှစ်လောက် က မိုဃ်းတွင်းကြီး ခရမ်းချောင်းကိုမော်တော်စီးပြီး ဘုရားပျို ရွာ ကို ဂိုဒေါင် အခြေအနေတွေကိုစစ်ဆေးဖို့သွားခဲ့တော့ ချောင်းတစ်လျှောက်မှာ နှစ်ပေါင်း ၃၀ က အတိုင်းပဲ၊ မိန်းမ တွေဟာရင်လျှားနဲ့ ယောင်္ကျား တွေခလေးတွေဟာအရင်အတိုင်းပဲ။ဘာမှ ပြောင်းလဲတိုးတက်တာ မတွေ့ရ တော့ ရင်ထဲမှာ မချိတင်ကဲဖြစ်ရပါတယ်။ချောင်းဘေးကတဲတွေဟာလည်းနှစ်ပေါင်း ၃၀ ကအတိုင်းပဲ။ သို့ပေမဲ့ ဘုရား ပျိုရွာရောက်တော့ ရွာသူရွာသားတွေရဲ့စေတနာကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကအတိုင်း ပဲဆိုတာ ၀မ်းသာအားရစွာ တွေ့ကြုံရပါတယ်။