Monday, April 4, 2011

2012 Dec 21 နေ့ ကမ္ဘာပျက်မှာလား...

လူတွေစိတ်သက်သာရာရစေဖို့ပါ

အခုအခါ အင်တာနက်ပေါ်တွင် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကမ္ဘာပျက်မည်ဟု ထူးဆန်းစွာ ဖေါ်ပြထားသည်ကို မြင်တွေ့ နေရပါသည်။ Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။

မာယန် ပရောဖက် တွေရဲ့  The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ်ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြားသော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေအားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခုဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကိုလျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။

1983 ခုနှစ်မှာ NASA ဟာ IRAS(Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့  အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီးတစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာကအရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံးသွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်ဟု ဖေါ်ပြ ထားပါသည်။ အတိုးချုံး ပြောရလျှင် နှစ်ပေါင်း ၃၆၀၀ လျှင် တပတ်လည်လာသည့် Nibiru ဆိုတဲ့ ကြယ်တံခွန်ကြောင့် ကမ္ဘာပျက်မည်ဟု ပညာရှင်များက ခန့်မှန်းပြောဆိုလာကြခြင်း ဖြစ်သည်။ (အကျယ်ကို ဖတ်လိုပါက paranormal.about.com တွင် ဖတ်နိုင်ပါသည်။ ) ထို့အတွက်ကြောင့် ယခု နှစ်ပေါင်း ၂၀၀၀ ကိုနှုတ်၍ BC 1600 အထက်မှ စ၍ရှေးလူတို့၏ နေထိုင် သွားလာတိုးတက်ခဲ့သော သမိုင်းကို ဖေါ်ပြလိုက်ရပါသည်။ ထိုနှစ်များကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ ကျော်က ကမ္ဘာကြီး ဘာမှ မဖြစ်ခဲ့သည် ကို တွေ့ ရမည် ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ အထက်ကိုဖေါ်ပြရသော -
BC 1200 တွင် ဂျေရုသလင်မြို့ ကို တည်ထောင်ခဲ့ကြသည်။
BC 1260 တွင် အီဂျစ်ပြည်ကို ရမ်ဆေး ၂ အုပ်ချုပ်ခဲ့သည်။
BC 1650 - 1450 တွင် စပါတာမြို့ ပြကို တည်ထောင်ခဲ့သည်။ (ဂရိတို့ အတိုးတက်ဆုံး ကာလများဖြစ်သည်။)
BC 2000 တွင် ဒုတိယမြောက် ဘေဘီလုံမြို့ ကို ပြန်လည်တည်ဆောက်ခဲ့ကြသည်။
BC 2000 တွင် ဖိုနီစီယမ်းတို့ အက္ခရာကို စတင်ရေးထိုးအသုံးပြုခဲ့ကြသည်။
BC 2566 တွင် (Pharaoh Khufu) ဖာရိုးဘုရင်မှ ပိရမစ်တည်ဆောက်ခဲ့သည်။
BC 2610 တွင် (Pharaoh Djoser) ဖာရိုးဘုရင်မှ ပိရမစ်ကို တည်ဆောက်ခဲ့သည်။
BC 2953 တွင် တရုပ်နိုင်ငံတွင် ပထမဆုံး အင်ပါယာ ၃ ခု ပေါ်ပေါက်လာသည်။
BC 3000 တွင် အီဂျစ်နိုင်ငံတွင် ပထမဆုံး ဖာရိုးဘုရင်များ စတင်အုပ်ချုပ်သည်။

ထိုခေတ်များကို ကြေးခေတ်(Bronze Age) တွင် ပါဝင်သည်။ ကြေးခေတ်ကို မှ BC 3300BC 1200 ခန့်အထိ သတ်မှတ်ကြသည်။ မာယာပြက္ခဒိန်သည် ကြေးခေတ်တွင် ပေါ်ပေါက်လာခဲ့သော အရာတစ်ခုသာဖြစ်သည်။ BC 5000 မှ BC 3000 အတွင်ကို ကြေးခေတ်ဦးကာလ (Early Bronze Age) ဟု သတ်မှတ်ပါသည်။ ထိုကြေးခေတ်၏ အရှေ့ ကို Neolithic ခေတ် (ကျောက်ခေတ်နှောင်း၊ New Stone Age) ဟု သတ်မှတ်ကြပါသည်။

Neolithic ခေတ်ကို BC 11000 မှ BC 5000 အထိ သတ်မှတ်သည်။
Mesolithic ခေတ်ကို BC 15000 မှ BC 11000 အထိ သတ်မှတ်သည်။
Paleolithic ခေတ်ကို 2.5 million မှ BC 15000 အထိ သတ်မှတ်သည်။

ဖေါ်ပြထားသော ပုံသည် BC 7000 ကျော်က တည်ဆောက်ထားသည့်ပုံဖြစ်သည်။ စကော့တလန်တွင် ရှာဖွေတွေ့ ရှိထားသည့် ပုံဖြစ်သည်။ သမိုင်းများကို လေ့လာကြည့်ပါက လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ အတွင်း ကမ္ဘာတွင် ဘေးဆိုးကြီးကြကာ ကမ္ဘာပျက်ခဲ့ခြင်းမရှိသလို သဘာဝဘေးအန္တရယ်ဆိုးကြောင့် တိုးတက်နေသောခေတ်မှ ပျက်စီးကာ အစပြန် တည်ဆောက်ခဲ့ကြသည်မှာလည်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ကျော်မှ ယနေ့ အချိန်အထိ ခေတ်များသည် အချိန်နှင့်အမျှ တရွေ့ ရွေတိုးတက်လာသည်ကို တွေ့ ရပါ သည်။

ထို့အတွက်ကြောင့် ၂၀၁၂ တွင် ကမ္ဘာပျက်မည်၊ ကမ္ဘာပျက်သလို ဘေးဆိုးများခံစားရမည် ဆိုသည်မှာ လုံးဝမဟုတ်ကြောင်းကို သမိုင်းအထောက်ထားများနှင့်တကွ ဖေါ်ပြလိုက်ရ ပါသည်။

အလင်းစေတမန်မှ ကောက်နုတ်ထားပါသည်....