Showing posts with label ဘဏ်အကြောင်း. Show all posts
Showing posts with label ဘဏ်အကြောင်း. Show all posts
Thursday, November 29, 2018
ဘဏ်တိုးနှုန်းတွေလျော့ချသင့်ပြီလား
ခေါင်းစဉ်နဲ့ပတ်သက်ပြီး DVB debate အစီအစဉ်ကြည့်တော့ ဒေါက်တာနိုင်ကိုကို ဆွေးနွေးချက်ကကောင်းပါတယ်--သူဖြတ်သန်းခဲ့ရာလမ်းကကြမ်းတမ်းလို့လားမသိဗဟိုဘဏ်ကပုဂ္ဂိုလ်တွေကိုတော့ကြမ်းကြမ်းတမ်းတမ်းပြစ်ပြစ်နှစ်နှစ်ကို ဝေဖန်သွားပါတယ်၊ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်တွေကိုလည်းဝမ်းစာမပြည့်တဲ့အတွက်နှုတ်ထွက်ပေးဖို့တောင်ပြောသွားပါတယ်၊ ရှက်တတ်ကြရင်တော့ကောင်းတာပေါ့ဗျာ၊ ကိုနိုင်ကိုကိုကတော့ ပရိသတ်ဆီကလက်ခုတ်သံအပြည့်တော့ မကြာခဏရခဲ့ပါတယ်---- ဦးဆက်အောင်တော့ မရှိတော့ဘူးလို moderator အမျိုးသမီးဆီကပြောသံကြားတော့ သူလည်းလစ်ပြီနဲ့တူပါတယ်--နိုင်ငံရေးကိုလည်းအားမလိုအားမရဝေဖန်သွားပါတယ်--ဝမ်းစာပြည့်တဲ့ကိုကျော်မျိုးထွန်းကတော့ ခေါင်းစဉ်နဲ့တင်မကဘူးတိုင်းပြည်စီးပွားရေးတိုးတက်ဖို့လုပ်သင့်လုပ်ထိုက်တာကိုချက်ကျလက်ကျထောက်ပြပြောဆိုသွားပါတယ်--
တစ်ခုထူးထူးခြားခြားသိလိုက်ရတာကထိုင်းကကပ်စီကန်ဘဏ်ကပြောသွားတာပါ--သူတို့ဆီမှာဘဏ်ထောင်တာကိုယ့်ငွေနဲ့ကိုယ်တည်ထောင်တယ်ဆိုတဲ့အချက်ပါ--ဒါမှမဟုတ်ပြည်ပကရင်းနှီးမြုပ်နှံမှုတွေဖိတ်ခေါ်ပြီးထူထောင်ကြပါတယ် လို့ပြောသွားပါတယ်။ မြန်မာမှာကတော့ပုဂ္ဂလိကဘဏ်တွေတည်ထောင်တာကဟိုမကျဒီမကျဖြစ်နေပါသလား  ပြည်သူလာအပ်တဲ့ငွေကိုပဲချေးနိုင်တယ် -- ဘဏ်ထောင်တဲ့ပိုင်ရှင်ရဲ့ရင်းနှီးငွေကတော့ ဘဏ် asset ထူထောင်ရာမှာသုံးနိုင်ပါတယ်၊ ထိုင်းမှာကတော့ ဘဏ်ပိုင်တဲ့ငွေတွေကိုချေးနိုင်တယ်ဆိုတဲ့သဘောမျိုးပြောသွားတာကြားလိုက်ရပါတယ် အဲတော့ ဘဏ်တစ်ခုကို ငွေရေးကြေးရေးအချိုးတွေနဲ့ ထိန်းချုပ်ထားတာမျိုးမရှိတောဘူးလားလို့ သဘောပေါက်မိပါတယ်  မှားရင်လည်းပြင်ပေးကြပါ----ဒေါက်တာနိုင်ကိုကိုကတော့ အရင်စစ်အစိုးရလက်ထက်ကတည်းကဘဏ်ထောင်ခွင့်ပြုတဲ့အခါ မှာ လုံးဝ ethic ရှိမရှိ စစ်ဆေးခြင်းတောင်မရှိပါဘူး တဲ့ --ဟုတ်ပါတယ်-- သူတို့ဆီမှာ banker ဟာ ဘယ်စီးပွားရေးမှ တွဲဖက်ဆက်စပ်လုပ်လို့မရပါဘူး-- ဒီမှာတော့ banker တွေဟာတခြားလုပ်ငန်းတွေအများကြီးတွဲလုပ်ပါတယ်  ဒေါက်တာစိန်မောင်ရဲ့ပထမပုဂ္ဂလိကဘဏ်လောက်ပဲ banker အစစ်ဖြစ်တာတွေ့ပါတယ်--
ကိုကျော်မျိုးထွန်းကတော့မြန်မာဗဟိုဘဏ်သဘောတူညီချက်နဲ့ Credit Bureau ထူထောင်ဖို့ လုပ်နေတဲ့အကြောင်းပြောသွားပါတယ်-- credit rating တွေလုပ်နိုင်ရင် ငွေချေးမဲ့သူရဲ့ credit history ကို
သိနိုင်တာကြောင့် ဒီပုဂ္ဂိုလ်ကို ယုံကြည်ရသလား  မယုံကြည်ရဘူးလားဆိုတာ rating A, A+, B, B+စသည်ဖြင့် rating လုပ်နိုင်တာကြောင့် အတိုးနှုန်းကို flexible လုပ်လို့ရနိုင်မယ်လို့ ယူဆကြပါတယ်--အိမ်ခြံမြေတွေသွက်သွက်လက်လက်ရောင်းဝယ်ကြလာအောင် အခွန်ကို %လျှော့ လိုက်တာဟာဘဏ်အတိုးနှုန်းချသင့် တာနဲ့ဆက်စပ်မလားဆိုပြီးဆွေးနွေးကြပါသေးတယ်--
ကိုရဲမင်းဦးအကြံပြုသလိုအတိုးနှုန်းဟာ ဘဏ်ချေးတဲ့သူအပေါ်လိုက်၍flexible ဖြစ်သင့်တယ်ဆိုတာကတော့ကောင်းပါတယ်-- ဒါပေမဲ့ ဘဏ်တွေမှာ risk management နဲ့ပတ်သက်ပြီး HR တည်ဆောက်ဖို့ လိုပါတယ်-- တချို့ဘဏ်တွေကတော့ ပြည်ပက ဘဏ်ဆိုင်ရာ risk management ကျွမ်းကျင်သူတွေငှားရမ်းပြီးအစပျိုး လုပ်ဆောင်နေကြတာတွေ့ရပါတယ်။
ကိုကျော်မျိုးထွန်းကတော့ဘဏ်အတိုးနှုန်းချယုံနဲ့မဖြစ်ဘူး-- ဆက်စပ်လုပ်ကိုင်ရမဲ့အလုပ်တွေအများကြီးရှိပါသေးတယ်ဆို ပြီးသိုင်းဝိုင်းဆက်စပ်ပြောသွားတာကတော့ NLD အတွက်စဉ်းစားစရာတွေ
ဖြစ်သ လို ငါတို့ဘာဆက်လုပ်သင့်နေပြီဆိုတာ အမြန်ဆုံးဆွေးနွေးသင့်ပါပြီ-- ဘဏ်ကိုပြည်သူအများစုကငွေတွေအပ်ထားတာဟာ လူတွေဘဏ်တိုးထိုင်စားပြီးစောက်ပျင်းကြီးလို့မဟုတ်ဘူး-- နိုင်ငံခြား
သားပညာရှင်တစ်ယောက်ကပြောဘူးတယ်-- မင်းတို့ဆီမှာ sustainable business လုပ်ငန်းတွေမရှိလို့ တဲ့--ရန်ကုန်မှာ မြန်မာပြည်မှာ   လုပ်ငန်းတစ်ခုတည်ထောင်ဖို့  လုပ်ဖို့ဆိုတာ process လမ်း
ကိုယ်တိုင်ကိုကမသိကြတော့တာပါ--
ဒီပွဲမှာ ဒေါက်တာနိုင်ကိုကို ကမှတ်မှတ်သားသားတစ်ခုပြောသွားပါတယ်-- လက်ရှိမြန်မာမှာ ဗဟိုဘဏ်ဥက္ကဠဖြစ်ထိုက်သူတစ်ဦးပဲမြင်တဲ့အကြောင်းပါ- Thuya Swiss ကCEO ဒေါက်တာအောင်ကိုကို
ပါ တဲ့ -- ဟုတ်ပါတယ်-- လက်ရှိဗဟိုဘဏ်ဥက္ကဠဟာ ခေတ်နဲ့ အံမဝင်တော့တဲ့အတွက်တော့ဒီပုဂ္ဂိုလ်ကိုပြောင်းသင့်နေတာကြာပါပြီ--
ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းကလာတက်တဲ့သူကလည်းသူ့အခန်းကဏ္ဍကိုဆက်စပ်ပြီးပြောဆိုဆွေးနွေးသွားပါတယ်--အလားတူ SME အပိုင်းကိုလည်း consultant လုပ်သူကဆွေးနွေးရာမှာပြည်သူတွေဟာငွေချေးပြီး မဆိုင်တဲ့နေရာတွေမှာသုံးတာကိုထောက်ပြပြောဆိုသွားပါတယ်--
တကယ်တော့ဘဏ်အတိုးနှုန်းလျှော့ချဖို့စဉ်းစားတဲ့အခါလျှော့ချလိုက်လို့ဖြစ်ပေါ်လာမဲ့ impact ကိုပဲစဉ်းစားလို့မရပါဘူး--ကိုကျော်မျိုးထွန်းဆွေးနွေးသလိုဘဏ်အတိုးနှုန်းချလိုက်ရင်လူတွေကငွေတွေ
ဘဏ်ကထုတ်ပြီးရွှေတွေဝယ်ကြတယ်ဆိုတာမျိုးဖြစ်လာနိုင်တယ်--အဲလိုဖြစ်လာရင်ကိုနိုင်ကိုကိုကကြိုက်တယ်--သူ terminology တစ်ခုပြောသွားပါတယ်--
ဆွေးနွေးငြင်းခုံကြတာကတော့ကောင်းပါတယ်-- အချိန်တော့မလောက်ပါ-- moderator အမျိုးသမီးလည်း debate ကိုထိမ်းသိမ်းရာမှာအားနည်းသလားလို့ ထင်ပါတယ် -- subject နိုင်အောင်ကြိုတင်လေ့လာဖို့လိုပါတယ် -- တက်ရောက်လာသူတွေလည်းဘာမေးခွန်းမှမမေးနိုင်ပါ  subject ကအများပြည်သူတွေအတွက်မြင့်ပါတယ်  terminology ကိုအင်္ဂလိပ် လိုသုံးကြတာကိုထောက်ပြကြပါတယ် -- လာရောက်နားထောင်မယ်ဆိုကတည်းကသိအောင်လုပ်ထားသင့်ပါတယ်  ကျနော်ကိုယ် တိုင်တောင်ကိုနိုင်ကိုကိုပြောတဲ့ terminology တစ်ခုကိုမသိပါ--ကောင်းပါတယ် -- banking sector အခြေအနေကိုမြန်မာနိုင်ငံကအောက်ခြေလူတန်းစားများဂဃနဏမသိကြသေးပါ--
Sunday, June 4, 2017
နိုင်ငံခြားဘဏ်၊ ပြည်တွင်းဘဏ်ဖက်စပ်လုပ်ကိုင်ခွင့်သတင်းအပေါ်သုံးသပ်ချက်အမြင်--
ပြည်တွင်းပုဂ္ဂလိကဘဏ်များရဲ့အခြေအနေကိုအရင်လေ့လာကြည့်ရှုသင့်ပါတယ်-- ဘဏ်များmerging လုပ်တဲ့အခါ သူ့ role ကိုယ့် role မပျောက်ဖို့လိုသလို အတွင်းစည်းမှာလည်း ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဘဏ်လုပ်ငန်းဆိုင်ရာအလုပ်မျာကိုပူးတွဲလုပ်ကိုင်ဖို့လိုပါတယ်--
အခုဘဏ်အချို့ မှာ နိုင်ငံခြားသားတွေဝင်ရောက်လုပ်ကိုင်ခွင့် ကို ဗဟိုဘဏ်ကခွင့် ပြုထားပါတယ်-- ဘယ်အဆင့် ဘယ်လောက်ထိခွင့်ပြု သင့်သလဲ ? လက်ရှိဝန်ထမ်းများရဲ့ ပုံရိပ်ကိုမထိခိုက်အောင် မသတ်မှတ်သင့် ဘူးလား ? ပြည်တွင်းဝန်ထမ်းတွေဖက်က 'မင်းတို့ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အလေ့အကျင့်တွေ၊ အခြေအနေကိုဘာသိလို့ လဲ-- အပြင်ကလာမဲ့ ဘဏ်ဝန်ထမ်းကလည်း ' မင်းတို့ အင်တာနေရှင်နယ် ဘဏ်စနစ်ဘယ်လိုလုပ်သလဲဆိုတာတွေ့အကြုံ မရှိဘူးမဟုတ်လား? ဘဏ်ဝန်ထမ်းတွေအကျွမ်းတဝင်မရှိသေးတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အီး စကားလုံးတွေနဲ့ပြောဆိုကိုင်ပေါက်ကြလေတော့အထင်မကြီးတဲ့အပြင်တစ်စောင်စောင်ဖြစ်သွားကြတဲ့ရလဒ်သာရသွားတတ်ပါတယ်--လက်ရှိဘဏ်အချို့ မှာကြုံနေရတာပါ -- ခက်တာက ပုဂ္ဂလိကဘဏ်တွေ ကို how far they will let them grow ? ဘယ်အဆင့်ထိသွားမယ်--လုပ်ပိုင်ခွင့် ဘာတွေရှိမယ် -- customer တွေကို easy banking ဖြစ်လာအောင်ဘယ်လိုမက်လုံးတွေသုံးပြီး ဆွဲဆောင်မလဲ ?-- ဘဏ်ခွဲတွေ များများဖွင့်နိုင်တာက တိုးတက်မှုလား ? service တွေကောင်းတာက အမှန်တိုးတက်မှုဆိုရင်ဘယ်လိုကောင်းလာစေချင်သလဲ ? ဘဏ်အကောင့် များများဖွင့်သူ ကုန်သည်မဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် transaction လုပ်လာကြအောင် ( cashless ) ဖြစ်လာအောင် ဘယ်လိုလုပ်သင့်သလဲ ? Mobile banking လုပ်ခြင်းဖြင့်အကောင့်ဖွင့်သူတွေတိုးပွားလာသလား ? စိတ်ချရမှုဘယ်လောက်ရှိသလဲ ? တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရတော့ အလုပ်အကိုင်အခွင့်အလန်းတိုးပွားလာသလား? ဘဏ်ကိုငွေတွေဆာလာအိတ်တွေနဲ့ သယ်လာမဲ့အစား ချက် နှင့်ရှင်းလင်းလာအောင်ဘယ်လိုလုပ်ကြမလဲ ? CBM ကော ဘဏ်အချင်းချင်းကော Clearing ကို computer button တစ်ချက်နိုပ်လိုက်ယုံ နှင့်အလုပ်ဖြစ်သွားအောင်ဘယ်လို လုပ်သင့်သလဲ ? 
ဘဏ်တွေမှာ corporate account personal account ပဲပြောင်းလဲခေါ်ဝေါ်ကဏ္ဍခွဲ ခြားထားသုံးသင့်သလား ? -စတဲ့ စိန်ခေါ်မှုတွေဟာ ဘဏ်အာဏာပိုင်တွေ management ကိုင်သူတွေအတွက် အသေးအဖွဲစိန်ခေါ်မှုတွေ ဖြစ်ပေမဲ့ ဘဏ်တွေရဲ့ image ကိုပြောင်းလဲစေတတ်ပါတယ်--ဘဏ် အပိုင်းမှာ တိုးတက်ဖွံဖြိုးလာမှုတွေပေါ့ဗျာ -- အသေးအဖွဲပေမဲ့ အရေးကြီးပါတယ်။--ကမ္ဘာမှာ on line transaction လုပ်ကြတဲ့အခါ လူလိမ်တွေများပါတယ်-- စင်ကာပူဘဏ်တွေက အစဉ်တစိုက် fraud အလုပ်မခံရအောင်သတိပေးပါတယ်--၊အလုပ်ခံထိခဲ့လို့ ရှိရင်လည်း investigated လုပ်ပြီးကာယကံရှင်အကောင့်ထဲ ပြန်ထည့်ပေးတတ်ပါတယ်-- security systemကို လည်းမြှင့်ထားပါတယ်-ဘဏ်ကcustomer ကိုတာဝန်ယူတာပေါ့-ဒါအလေ့အကျင့်ကောင်းပါ။ ဒါလည်း hacker တွေကဝင်တတ်ပါတယ် --နောက်ပိုင်း ဘဏ်တွေက ငွေ အနည်းငယ် လောက် လွှဲပြောင်းထုတ်ယူ ပေးသွင်း ရင် ဖုန်းမှာ SMS alert လုပ်ပါတယ်-- ဒါလည်း fraud တွေများလာတာကြောင့်အကာအကွယ်ပေးထားတာပါ-- မြန်မာဘဏ်တွေကတော့ ၁သောင်းတန် ငွေစက္ကူထုတ်ထဲမှာ အတုတွေ့ရင် လုပ်ထုံးလုပ်နည်းနဲ့ ညီအောင်မလုပ်တဲ့အတွက် customer တွေ အောင့်သက်သက်နဲ့ ခံရတတ်ပါတယ်-ဘဏ်ထုတ်တွေမှာ ငွေကိုင်က လက်မှတ်ထိုးထားရပါတယ်။ ဘယ်သူလက်ကလွတ်လာတာလဲဆိုတာပေါ်လွင်ပါတယ်။ ဗဟိုဘဏ်ကလည်းငါနဲ့မဆိုင်ကြည့် နေလို့ မသင့်ပါဘူး-- အတုမလုပ် နိုင်အောင် ကိုယ်ကဘာလုပ်သင့်သလဲ စဉ်းစားရပါတော့မယ်--နောက်ပြီးတော့-ဘဏ်တွေမှာကဒါမျိုးတွေစိုက်ရော်ဖို့ အတွက် reserve fund ရန်ပုံငွေသီးသန့် မထားသင့်ဘူး လား ? 
ဒါကဘဏ်အပိုင်းပဲရှိပါသေးတယ် --ဝန်ထမ်းအပိုင်းရောက်လာတဲ့အခါ merging လုပ်ရင်-management ကိုဘယ်လိုတွဲလုပ်မှာလဲ--merging လုပ်တာ နိုင်ငံတကာမှာ model တွေအများကြီးရှိပါတယ်။--အားကြီးသူနဲ့ merging လုပ်ရင် အမျိုမခံရအောင်ဘယ်လို ကာထားရမလဲ ? ဘယ်အပိုင်းကိုငါတို့ လုပ်မယ် -- ဘယ်အပိုင်းကိုမင်းတို့ လုပ်ဆိုပြီးအစပိုင်းမှာ ကတည်းကညှိရမယ်- အသားကျလာတော့မှ အလုပ်ချင်းဖလှယ်နိုင်ပါမည်-- ဒါမှလည်း on the job training လုပ်ငန်းပိုင်းမှာပီပြင်လာပါမယ်--မောင်တိုင်ပင်အမြင်မှာ စလုံးကဘဏ်တွေနဲ့ မြန်မာပြည်ဘဏ်တွေကွာခြားတာကတော့ facilities, systems, IT computer application, services(လိုင်းကျနေတယ်လို့ မပြောကြပါ) training, MAS ကထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို ဝန်ထမ်းတိုင်းကျေညက်နေသလို CBM ရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကျေညက်နေသင့်ပါတယ်-- မြန်မာဘဏ်အချို့ မှာ လည်း စင်ကာပူဘဏ်တွေမှာ မန်နေဂျာ အဆင့်ထိ လုပ်ခဲ့ဘူးသူတွေ ဂျီအမ် အဆင့်လောက်နဲ့ လုပ်နေကြတာတွေတွေ့ ဘူးပါတယ်--
မောင်တိုင်ပင်မှားချင်လဲမှားမယ်။မောင်တိုင်ပင်အမြင်ကတော့ နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေ merging လုပ်မဲ့အစါး ပြည်တွင်းဘဏ်တွေ အချင်းချင်း merging လုပ်ပြီး authorised capital တိုးလာအောင်လုပ်ကာအင်အားရှိအောင်လုပ်သင့်ပါတယ်-- ၄-၅ ဘဏ်လောက်ဆိုရင်မြန်မာအတွက်အသင့်လျော်ဆုံးဖြစ်သလို ထိန်းသိမ်းကြပ်မတ်ရတာလည်းအဆင်ပြေနိုင်မည်လို့ထင်ပါတယ်--နိုင်ငံခြားဘဏ်တွေကိုတော့သီးခြားလုပ်ကိုင်ခွင့်ပြုသင့်ပြီး ပြည်တွင်းဘဏ်တွေနဲ့ အပြိုင်လုပ်ကိုင်ခွင့်ပြုသင့်ပါတယ်--ပြည်တွင်းဘဏ်တွေကပြိုင်နိုင်ရပါမည်။ဘာပဲပြောပြော ပြည်တွင်းဘဏ်တွေအတွက် CBM ကအသာစီးရအောင်လုပ်ပေးထားမှာပါ။ မြန်မာငွေကြေးကဏ္ဍတိုးတက်လာအောင် ကမ္ဘာဘဏ်အပါအဝင်နိုင်ငံခြားဘဏ်ကြီးတွေကစောင့်ကြည့်နေမှာပါ။ လုပ်ရည်ကိုင်ရည်ကြည့်ပြီးငွေချေးဖို့ အဆင်သင့်ရှိနေမှာပါ။ ပြည်တွင်းမှာ မောင်တိုင်ပင်ကြိုက်တဲ့ဘဏ်တွေကတော့ KBZ , CB စတာတွေဖြစ်ပါတယ်။ ဒါပေမဲ့ တိုးတက်အောင်တော့ service အပိုင်းကအစအများကြီးပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဒီဘဏ်ကြီးတွေမှာ ကိုယ်ပိုင် training wing တွေရှိရင်စဉ်ဆက်မပြတ်သင်ပေးဖို့ ကအခြေအနေကောင်းပါတယ်။ သင်ပေးရမှာကတော့ ဘဏ်လုပ်ငန်းတွေသာမက personal grooming ကအစ social dealing တွေ အဆုံး ပါ ဝင်ပါလိမ့်မည်။
၂၂-၀၃-၂၀၁၇
ဘဏ်တစ်ခုပြိုလဲဖို့ ဆိုတာ
"မြန်မာဘဏ်တွေပြိုလဲတော့မှာလား" ဆိုတဲ့ ပိုစ်ရယ် ဘဏ်ကြီးတစ်ဘဏ် ဒေဝါလီခံရတော့မယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်း WHO ကမင်းဘဏ်မှာလုပ်လာတဲ့ပုဂ္ဂိုလ် ဒီသတင်းမှန်လားမမှန်လား မင်းရေးစမ်းကွာဆိုပြီးပြောလာတော့မရေးချင်ပေမဲ့ရေးလိုက်ရပါတယ်။ဘာကြောင့်မရေးချင်လဲဆိုတော့ ကင်းကင်းနေချင်လို့ --
ဘဏ်လုပ်ငန်းရှင်ခရိုနီတွေအချင်းချင်းအပြန်အလှန်ချေးကြတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ပြောရရင်အတိုးနှုန်း ၁၃% ပေးရတဲ့ ပြည်တွင်းဘဏ်တွေမှာ တကယ့် ခရိုနီအကြီးစားကြီးတွေက မချေးကြပါဘူးဗျာ။ သူတို့ အားလုံးအဆက်အသွယ်အသီးသီးရှိကြလေတော့ UOB, OCBC စတဲ့ နိုင်ငံခြားဘဏ်တွေဆီကပဲချေးကြမှာပါ။ credit line USD ၅ သန်းပေးထားမယ်။ လိုရင်လိုသလို ထပ်ဖြည့်ပေးမယ် ဆိုတဲ့ ဂရန်တီက အပြည့်ရှိနေတဲ့ အပြင် အတိုးကလည်း နည်းနည်းလေးဆိုတော့ ပြည်တွင်းဘဏ်ကိုဘယ်လှည့် ကြည့်ကြမလဲဗျာ။
ဆိုရှယ်လစ်ခေတ်က ဗိုလ်ချုပ်တစ်ယောက်ပြောသလို ဇော်ဂျီ တစ်ယောက် ဆေးစားမှားသွားတော့ အထက်လည်း မပျံ နိုင်မြေလည်းမလျှိုးနိုင်တဲ့ ဇော်ကန့်လန့် တွေပဲပြည်တွင်းဘဏ်တွေပဲအားကိုးနေရတာပါ။ အထက်ကိုပျံနိုင်တဲ့ ဖေဇော်ဂျီကတော့ နိုင်ငံတကာဘဏ်တွေ IFC လိုအဖွဲ့ အစည်းတွေကိုအချိန်မရွေးဝင်နိုင်ထွက်နိုင်တော့ ဒီသတင်းဟာလုပ်ကြံသတင်းကြီးပါ။ 
အထက်ကိုပျံဖို့အားယူနေတဲ့ မောင်တိုင်ပင်မိတ်ဆွေ ဇော်ဂျီအငယ်စားလေးတောင် ပြည်တွင်းဘဏ်ကအတိုးပိနေမှာစိုးလို့ စလုံးကဘဏ်တစ်ဘဏ်မှာ လာပြီး credit line ဒေါ်လာ ၅ သန်းလောက်ပေးဖို့ စင်ကာပူတောင်လာအုံးမယ် တဲ့-- 
ဗဟိုဘဏ်ကစည်းကမ်းတင်းကြပ်လွန်းလို့ အမြဲတန်းလိုလို အော်နေတဲ့ ပုဂ္ဂလိကဘဏ်တွေဟာစည်းကမ်းဖေါက်ဖျက်လိုက်တာနဲ့ ပင်နယ်လ်တီ တွေအများကြီးပေးရပါတယ်။ ဘဏ်တွေမှာ " အချိုး" တွေနဲ့ ထိန်းထားတာ-- နိုင်ငံတကာမှာလည်းအဲဒီ လိုပဲ ကျင့်သုံးပါတယ်။ နေ့စဉ် စာရင်းတွေ တက်တဲ့ အခါအဲဒီအချိုးတွေ ကိုတွက်ချက်တင်ပြရတယ်။ liquidity ratio ဆို ၂၀% ရှိနေရတယ်။ အယ်လို ပဲ " ratio" တွေအမျိုးမျိုး ရှိ ကြတယ်။ ဗဟိုဘဏ်က နေ့စဉ်တက်လာတဲ့စာရင်းတွေ အချိုး တွေ မျက်စေ့ ဒေါက်ထောက်ကြည့်နေတာပါ။ မဟုတ်တာ လုပ်ဖို့ဆိုတာအတော်မလွယ်တဲ့ ကိစ္စပါ။
ဘဏ်ဆိုတာ ခင်ဗျား ပိုက်ဆံ မောင်တိုင်ပင် ပိုက်ဆံ တွေနဲ့ လှည့်ပတ်နေရတာ--ဘဏ်ပိုင်ရှင်ပိုက်ဆံက assets အတွက်ပဲ။ depositor အနေနဲ့ ဝင်ပါ လို့မရဘူး။ ဘဏ်တွေဟာ depositor တွေရဲ့  trust ပျောက်မှာ အကြောက်ဆုံးပါ။ အခု ခင်ဗျားတို့ အားလုံးသဘောပေါက်ကြတော့ ခင်ဗျားတို့ trust ပျောက်အောင်လုပ်ပြီး ဘဏ်ပြိုလဲအောင် လုပ်နေတာ။ ဘဏ် ပြိုလဲရင် ခင်ဗျားပိုက်ဆံ ကျုပ် ပိုက်ဆံတွေပဲဆုံးရှုံးမှာ--ဒါကြောင့်တတ်ကျွမ်းနားလည်းတဲ့သူတွေ စကားနားထောင်-- panic မဖြစ်ကြနဲ့--
Wednesday, October 22, 2014
ဘဏ်စည်းမျဉ်းစည်းကမ်း
L
ယခုတလောဘဏ်ကိစ္စတွေကသတင်းတစ်ခုပြီးတစ်ခုဖြစ်နေတာကိုတွေ့ရပါတယ်--စိတ်ဝင်စားပြီးရေးကြတာတွေလည်းဖတ်ရပါတယ်--ဘဏ်အတိုးနှုန်းကတော့ကျ ဖို့မမြင်--အနည်းငယ်တောင်တက်လါပါတယ်--အချိန်ပိုင်းအပ်ငွေ နဲ့
ရိုးရိုးအပ်ငွေ အတိုးနှုန်းတွေကိုဒသမအနည်းငယ်စီခွာပြီး customer တွေကိုဆွဲဆောင်နေကြပါတယ်-
မြန်မာမှာ ဘဏ်ဆိုတာကတော့အပ်ငွေ deposit နဲ့ ချေးငွေ loan ကွာခြားတဲ့ gap ဘဏ်အခေါ်
spread ပေါ်မှာကစားပြီး အမြတ်ဖန်တီးရတာပါ--အခုချိန်မှာတော့ spread က ၅% ပဲ--ဘဏ်တွေ ပြိုလဲတော့ သက်ဆိုင်ရာ depositor ငွေတွေကို အချိန်မရွေး ပြန်ပေးနိုင်ဖို့ ဘဏ်တွေကို liquid ဖြစ်အောင်လုပ်ထားခိုင်းရတယ်--အဲတော့ မြတ်တဲ့ငွေထဲ ကနှစ်စဉ် အရံငွေကြေး reserve တွေထားရတယ်--စည်းမျဉ်းတွေပြဌါန်းသတ်မှတ်ပြီးအရမ်းကိုကြပ် ပစ်လိုက်တယ်--အခုမှ တဖြည်းဖြည်းလျှော့ချပေးရတာ---အဲဒီအချိန်ကအစိုးရကလည်းသိပ်မသိသေးဘူးလေ--လူလည်ကြီးတွေက အမျိုးမျိုးသောပညာတွေ ပြပြီး ကိုယ်ကျိုးဖန်းတီးကြတာ--အခုတော့လည်း ဒီခရိုနီတွေဘာမှ မဖြစ်တဲ့ပြင် ပိုတောင်ချမ်းသာလာကြသေးတယ်--
ရှယ်ယာတွေကနေ BOD သဘောတူရင် မြေ၀ယ်ထားရင်းနှီးနိုင်တယ်-ဘဏ်ခွဲတွေလည်းဖွင့် နိုင်တယ်--deposit ငွေတွေကနေ ရင်းနှီုးမြုပ်နှံမှု အဖြစ်မြေတွေဝယ်ထား လို့မရပါဘူး-- ယခုအချိန်ထိကတော့ ဘဏ်တစ်ခုကို နှစ်ကုန်လို့ ရှယ်ယာ ၀ယ်ထားတာကနေ divident ဘယ်လောက်ပေးနိုင်သလဲ ဆိုတဲ့ ပေတံ နဲ့ပဲတိုင်းတာပါတယ်--CBM ကတော့ဘဏ်တွေကို banking product တွေအတော်များများထုတ်ခွင့်ပြုထားပေမဲ့လည်း customers အများစုကို ဆွဲဆောင်တဲ့ ဘက်မှာအားနည်းနေပါတယ်-- infra-structure လည်းနိုင်ငံတကာပေတံနဲ့ တိုင်းရင်အတော်ကို နောက်
တန်းရောက်နေတော့လုပ်သလိုမဖြစ်ပဲ ဖြစ်သလိုလုပ်နေရပါတယ်--CBM ကမလိုတဲ့ထိန်းချုပ်မှု
တွေပယ်ဖျက်ပေးဖို့တောင်းဆိုတာလည်းကြားရပါတယ်--အကုန်လုံးတော့ဖျက်မရဘူးထင်တယ်--
ဥပမာ saving account ကိုတစ်ပတ်မှာတစ်ကြိမ်ပဲ ထုတ်ရမယ်ဆိုတဲ့ ထိန်းချုပ်မှု မျိုးကတော့ မ
ရှိသင့်တော့ပါဘူး--ATM card ဆိုတာ saving account နဲ့ချိတ်ထားရမှာ Card account ဆိုပြီး
သီးခြားထားနေရတာ customer အတွက်အလုပ်တော်တော်ရှုပ်ပါတယ်--ATM card ဆိုတာလူ
ပုဂ္ဂိုလ်တစ်ဦးချင်းထားကြတာပါ--ATM မှာတစ်ရက်ငွေထုတ်ကန့်သပ်ချက်ထားရပါတယ်--ဥပမာ
၁ သိန်း ၂ သိန်း ၃ သိန်း စသည်ဖြင့်ပေါ့--corporate account ဆိုတာရှင်းပါတယ် --current account ပဲပေါ့--တခါတရံ customers တွေရဲ့ အလိုကို ဘဏ်တွေကလိုက်ကြတယ်-- coporateaccount ကို saving မှာ ပြောင်းထားခွင့်ပြုတာမျိုးပေါ့-- ဒီအချက်ကြောင့်လည်း CBM က saving ကနေတစ်ပတ်မှာ တစ်ကြိမ်ထုတ်ခွင့်ပြုမယ်ဆိုတဲ့ ကန့်သပ်ချက်ပေါ်လာတာနဲ့တူတယ်--ဒါပေမဲ့saving ကလူတစ်ဦးချင်းထားတာများတယ်လေ--ဒါကိုတော့ CBM ကဘယ်လိုလုပ်သင့်လဲဆိုတာစဉ်းစားသင့်တာပေါ့--
မောင်တိုင်ပင်တို့အကြီးဆုံးဘဏ်ကြီးရဲ့ authorised capital ထက် အလယ်အလတ် ထိုင်းဘဏ်တွေ စင်ကာပူဘဏ်တွေဟာ ၄ - ၅ - ၆ဆလောက်ရှိမယ်ထင်တယ်--ဘဏ်ပေါင်း ၂၀ ကျော်နေပါပြီ--ဘဏ်အချင်းချင်း merging လုပ်ဖို့ မစဉ်းစားကြဘူးလား--ဥပမာ စလုံးဆိုရင် POSB နဲ့ DBS တို့ merging လုပ်ထားတယ်--DBS ATM card နဲ့ POSB မှာ ထုပ်လို့ရတယ်--ကျနော်တို့ဆီမှာကတော့ MPU အောက်မှာရှိနေလို့ MCB ATM card နဲ့ KBZ ATM machine
မှာ ထုတ်လို့ရတယ်--ဘဏ်တွေအနေနဲ့ အများနှင်သက်ဆိုင်သောကုမ္ဗဏီပြောင်းလဲဖွဲ့ စည်းဖို့ကြိုးစားနေကြတယ်--တချို့
သောဘဏ်တွေကအရင်ကတည်းကအများပိုင်ဘဏ်ဖြစ်ပြီးသား--ရန်ကုန်စတော့ အိတ်ချိန်းပေါ်လာရင် listed ဖြစ်ဖို့က ပိုက်ဆံဒေါ်လာ ၁သန်းလောက်အကုန်ခံရအုံးမယ်ဆိုတော့အများပိုင်ဖြစ်ပြီးသားဘဏ်တွေကYSX ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာမသိသေးဘူး--မသေချာသေးဘူး-- ဒေါ်လာ ၁သန်းလောက်စိုက်ထုတ်ကျခံရမယ်ဆိုရင်တော့ လက်တွန့်ကြတာအပြစ်မဆိုသာဘူး။အဲတော့ ဘယ်ဘဏ်တွေများ full fledge public listed ဖြစ်လာမလဲဆိုတာ
ကလည်းအများစိတ်ဝင်စား စရာပါ--အရင်းအနှီးစုတာဖြစ်ပေမဲ့ ပြည်ပ equity firm တွေကလည်း
ရှယ်ယာထည့်ဝင်ချင်ကြပေမဲ့ ဥပဒေ စည်းမျဉ်းကမရှိသေးဘူး--ဘဏ်တွေက အဆိုပါ equity firm
ဆီကငွေချေးချင်တယ်--ဥပဒေစည်းမျဉ်းတွေက ရေးဆွဲနေတုံး--လုပ်ချင်တာတွေကများတယ်--ငွေ
ရေးကြေးရေးဆိုတာ အထိန်းအကွပ်ရှိရတယ်--စည်းကမ်းလိုက်နာလား မနာဘူးလား စစ်ဆေးရမဲ့
authority တွေလည်းဖွဲ့ စည်းထားရမယ်--ဘဏ်တွေက အပြိုင်လုပ်နေကြတာလေ-- သူထက်
သာအောင်လုပ်ဖို့ အတွက် မသိ မသာစည်းဖေါက်ဖို့ ၀န်မလေးကြဘူး--ငွေကြေးလုပ်ငန်းမှာ ratio
အချိုးတွေနဲ့ ထိန်းထားရတာ--ဒီမိုခေတ် နှစ်စပိုင်းလောက်က နိုင်ငံခြားသားတစ်ယောက်ကမေးဘူး
တယ်--မြန်မာ မှာငွေကြေးပိုင်း monitor လုပ်ဖို့အတွက် ratio တွေရှိလားလို့--“ ဟ--မြန်မာမှာလည်း
ရှိတာပေါ့ --နိုမို့ရင် ဘဏ်တွေကို အစိုးရကဘယ်လိုချုပ်ကိုင်မလဲ“ လို့ ပြန်မေး လိုက်ရတယ်--Liquidity ratio ဆိုရင်ဘဏ်တိုင်းကအမြဲကြည့်နေရတယ်-- ၂၀%အောက်မရောက်ရဘူး--ရောက်
ရင် CBM ကဒဏ်တပ်တာပဲ--တော်တော်များများ ကိုပေးရတာ--အဲလိုစည်းကမ်းတွေရှိနေလို့သာ
ဘဏ်တွေကမှန်မှန်ကန်ကန် နဲ့ ရပ်တည် နိုင်တာပေါ့--BOD အဖွဲ့ ၀င်တွေကဘဏ်ကနေငွေချေး
လို့မရဘူး--နားမလယ်တဲ့ အဖွဲ့ဝင်တွေကငွေချေးချင်ကြတယ်--ဘဏ်ကြီးတစ်ဘဏ်က depositor
ငွေတွေကို တစ်ဖက်လှည့် နဲ့ယူပြီး သူ့လုပ်ငန်းတွေမှာ သုံးလိုက်တော့ ဘဏ်တွေကမောက်ကမဖြစ်
တဲ့အချိန်မှာ depositor တွေကိုငွေပြန်ထုတ်မပေးနိုင်တော့ဘူး--ဘဏ်ဟာ liquidအမြဲဖြစ်နေ
အောင်လုပ်ထားရတယ်--ဒါကြောင့်ဘဏ်က liquidity ratio ဟာ ၂၀% အောက်မရောက်ရဘူး---
နိုင်ငံခြားမှာဘဏ်ဆိုရင် banker အလုပ်ပဲလုပ်ရမယ်--အခုကျနော်တို့ဆီမှာတော့ ဘဏ်လုပ်ငန်း
ပဲလုပ်တဲ့ ဘဏ်ဘယ်နှစ်ခုရှိလဲ -- ခရိုနီတွေဆိုတော့ ဘယ်သူမှ မထောက်ပြရဲဘူး--money laundering လုပ်ချင်လည်းလုပ်နိုင်မှာပဲ--သူတို့ရဲ့ တခြားစီးပွားရေးလုပ်ငန်းပြိုလဲသွားရင် ဘဏ်ကို
impact မဖြစ်နိုင်ဘူးလား--ဘဏ်ဆိုတာ trust နဲ့ဆက်စပ်တယ်--trust ပျက်သွားရင်ဘာဖြစ်မလဲ---အရင်က
ဖွံ့ ဖြိုးပြီး နိုင်ငံတွေမှာခဏခဏဖြစ်ခဲ့ တာကိုကြားကြမှာပေါ့---ဘဏ်လုပ်ငန်းကမြတ်တယ်ဗျ--ဒါ
ကြောင့်ခရိုနီ တိုင်းကဘဏ်ဖွင့်နေချင်ကြတာ---လူတွေကလည်းအတိုးနှုန်းမကျစေချင်ဘူး-- တခြားလုပ်စရာမရှိတော့ ဘဏ်တိုးလေးနဲ့ စားချင်ကြတာ--စီးပွားရေးလုပ်သူတွေကတော့ ဘဏ်တိုးတွေကျစေချင်တယ်--အတိုးတွေများတယ်ပြောကြတယ် --ဒီတော့ ဘဏ်တွေဟာနေချင်းညချင်း နိုင်ငံခြားဘဏ်တွေလို လုပ်နိုင်ဖို့ဆိုတာကန့်သပ်ချက်တွေရှိတယ် စိန်ခေါ်မှုတွေလည်းအများကြီးပဲ--လူတွေကလည်း ဘဏ်ဆိုတာ အတိုးလေးနဲ့ ထိုင်စားချင်တော့ အခုချိန်ထိဘဏ်ဆိုတာ သူတို့အတွက်ရင်းနှီးမြုပ်နှံစရာတစ်ခုလိုမှတ်ယူနေကြမှာပဲ--နောက်ပိုင်းတော့ လုပ်စရာတွေပေါ်လာရင်တော့ ဘဏ်အစားတခြားရင်းနှီးမြုပ်နှံမှုတွေမှာ ရင်းနှီးလာကြမှာပဲ--
L