Monday, July 23, 2012

ကွန်ပျူတာတက္ကသိုလ်များကိုပြုပြင်ပြောင်းလဲခြင်း

မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်များ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် တင်ပြခဲ့သည့် အစီရင်ခံစာ (ပထမ မူကြမ်း ဖြစ်ပြီး ပြည့်စုံအောင် ဆက်လက် ဖြည့်စွက်သွားပါမည်)

ရက်စွဲ၊ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၂ရက်

အကြောင်းအရာ ။ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာရပ်များ မြင့်မားတိုးတက်ရေးအတွက် အကြံပြု တင်ပြခြင်း
ရည်ညွန်းချက် ။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ၁၃.၇.၂၀၁၂ ရက်စွဲပါ စာအမှတ် ဆသန/စမ/ ၁၁၆/၂၀၁၂ (၁၉၁၈)

နိဒါန်း
၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် ကွန်ပျူတာပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေသူ Professional ပညာရှင်များ၊ လုပ်သားများ၊ ကွန်ပျူတာပညာ လေ့လာလိုက်စားနေသူ ကျောင်းသားများ စုစုပေါင်း တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသော အကျိုးအမြတ်အတွက် မရည်ရွယ်သည့် အစိုးရမဟုတ်သော အသင်းအဖွဲ့ တစ်ခု ဖြစ်ပါသည်။

၂။ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ကို ကွန်ပျူတာတက္ကသိုလ်များမှ ဘွဲ့ရထားသည့် ကျောင်းသားကျောင်းသူဟောင်းများ အပါအဝင် ကွန်ပျူတာပညာရပ်တစ်မျိုးမျိုးကို အသုံးချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသော Computer Professional ကွန်ပျူတာပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။

အစီရင်ခံစာ၏ ရည်ရွယ်ချက်
၃။ မိမိတို့ အသင်းသားများနှင့် တိုက်ရိုက်သက်ဆိုင်သော ကဏ္ဍတစ်ခုဖြစ်ပါ၍ ရည်ညွှန်းစာပါ ရန်ကုန်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များကို Centers of Excellence အဖြစ်သတ်မှတ်၍ တိုးတက်လာစေရန် သော်လည်းကောင်း၊ ကျန် ကွန်ပျူတာတက္ကသိုလ်များကိုလည်း တိုးတက်လာစေရန် သော်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရ ကွန်ပျူတာပညာရှင်များ၏ အရည်အသွေးကို ပိုမိုတိုးတက်မြင့်မားလာစေရန် သော်လည်းကောင်း စသည့်ရည်မှန်းချက်များဖြင့် ခေတ်နှင့် ဆီလျော်သင့်မြတ်သော ပြုပြင်ပြောင်းလဲမှုများတွင် ဤအသင်း၏ အလုပ်အမှုဆောင်အဖွဲ့နှင့် အသင်းသားများ၏ စွမ်းအားတို့ဖြင့် တတ်အားသရွေ့ ပါဝင်ကူညီ ဆောင်ရွက်လိုပါကြောင်း ကနဦး တင်ပြလိုပါသည်။

၎။ တိုတောင်းသော ကာလအတွင်း ပြုစုခဲ့ရခြင်း ဖြစ်၍ ဤအစီရင်ခံစာသည် စာတမ်းတစ်စောင်သဖွယ် Background Information, Survey Data, Analysis, Expert Opinions စသည့် အင်္ဂါရပ်များဖြင့် ပြည့်စုံခြင်း ရှိမည် မဟုတ်သော်လည်း ပါမောက္ခချုပ်ဟောင်းများ၊ ပါမောက္ခနှင့် ကထိကနည်းပြ ဆရာဆရာမဟောင်းများ၊ ကျောင်းသားကျောင်းသူဟောင်းများတို့၏ ထင်မြင် အကြံပြုချက်များစွာကို ပေါင်းစပ်ရေးသားထားသည့် အစီရင်ခံစာ တစ်စောင် ဖြစ်ပါသည်။ လက်ရှိ တာဝန်ယူထားသည့် ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသားများထံမှ ထင်မြင်ချက်များကိုပါ ဖြည့်စွက်လျှင် ပိုမို ပြည့်စုံသည့် မြင်ကွင်းတစ်ခုကို ရရှိမည် ဖြစ်ပါသည်။

၅။ ဤအစီရင်ခံစာကို တင်ပြရသည့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် မြန်မာနိုင်ငံ၏ ကွန်ပျူတာတက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လိုကြောင်းနှင့် ပါဝင်ဆောင်ရွက်ပေးနိုင်သည့် စွမ်းအား ရှိကြောင်း တင်ပြခြင်း၊
(ခ) ကွန်ပျူတာတက္ကသိုလ်များနှင့် ပုဂ္ဂလိက ကွန်ပျူတာလုပ်ငန်းကဏ္ဍများအကြား ပေါင်းကူးတံတား (Bridge between Academic and Industry) အဖြစ် ဆောင်ရွက်ပေးခြင်း၊
(ဂ) မြန်မာနိုင်ငံ၏ နည်းပညာဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှ တစ်ဆင့် ရရှိလာမည့် နိုင်ငံတကာ အကူအညီများကို တက္ကသိုလ်များ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းနယ်ပယ်များ စနစ်တကျ ပူးပေါင်း၍ လက်ခံဆောင်ရွက်ပေးခြင်း။


အခြေခံပညာမှစ၍
၆။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ပြည်နယ်တိုင်းဒေသကြီး ကွန်ပျူတာအသင်းများသည် အခြေခံပညာကဏ္ဍမှစ၍ အခြေခံကွန်ပျူတာပညာ သင်ကြားပို့ချနိုင်ရေး၊ လေ့လာနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနကို ကူညီပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ အောက်ပါ လုပ်ငန်းများအတိုင်း ဖြစ်ပါသည်-
(က) ဆရာအတတ်သင်ကျောင်းများ (Teachers Training Colleges) များကို ကွန်ပျူတာနှင့် ဆက်စပ်ကိရိယာများ ထောက်ပံ့ခြင်း၊ ကွန်ပျူတာပညာကို သင်ကြားပို့ချနိုင်သည့် နည်းပြများ ဖြစ်လာရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်း၊
(ခ) အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများကို အခြေခံကွန်ပျူတာတတ်မြောက်ရေး စီမံကိန်းများ ရေးဆွဲ၍ (ကွန်ပျူတာတက္ကသိုလ်များ၏ ပံ့ပိုးကူညီမှုဖြင့်) လေ့ကျင့်သင်ကြားပေးခြင်း၊
(ဂ) ပညာရေးနယ်ပယ်တွင် ကွန်ပျူတာအသုံးချမှုများကို ပြိုင်ပွဲများပြုလုပ်၍ ဆုပေးခြင်း။

၇။ ယခုအခါ ပညာရေးဝန်ကြီးဌာနသည် အလယ်တန်းမှစ၍ အခြေခံကွန်ပျူတာကို သင်ကြားသွားရန် စီစဉ်လျက် ရှိသည်ဖြစ်ရာ ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ရောက်လာမည့် ကျောင်းသားများ၏ အရည်အသွေး မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာဌာနများသို့ အောက်ပါအတိုင်း အကြံပြုလိုပါသည်-
(က) အလယ်တန်းမှစ၍ သင်ကြားမည့် အခြေခံကွန်ပျူတာဘာသာရပ်များကို သင်ရိုးညွှန်းတန်း ရေးဆွဲရာတွင် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ကွန်ပျူတာအသင်းမှ တာဝန်ရှိသူများနှင့် ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားရေးမှူးများတို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့၏ အကြံပြုချက်များကို ရယူခြင်း၊
(ခ) ကွန်ပျူတာပညာသည် အင်္ဂလိပ်စာနှင့် သင်္ချာကို အခြေခံထားသည် ဖြစ်သောကြောင့် ၎င်းဘာသာရပ်နှစ်ခုကို ခေတ်နှင့် ဆီလျော်စွာ ကွန်ပျူတာ၊ အင်ဂျင်နီယာ အစရှိသည့် သိပ္ပံဘာသာရပ်များသို့ ဦးတည်ထားသည့် ကျောင်းသားများကို တိုးမြှင့်သင်ကြားပေးခြင်း။

တက္ကသိုလ်ဝင်ခွင့်လက်ခံရေး
၈။ ကွန်ပျူတာတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-
(က) တက္ကသိုလ်ဝင်တန်းအောင်မှတ်ကို သတ်မှတ်ခြင်း၊
(ခ) အောင်မှတ် မှီထားသူများကို ထပ်မံ၍ ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေခြင်း (Defence Service Academy ဝင်ခွင့်ကဲ့သို့)၊ ထိုသို့ စစ်ဆေးရာတွင် ကွန်ပျူတာအသင်းများမှ ပညာရှင်များ၊ ပါမောက္ခချုပ်ဟောင်းများ၊ ဆရာ/ဆရာမဟောင်းများ၊ လက်ရှိ ဆရာ/ဆရာမများ ပူးပေါင်း စစ်ဆေးခြင်း၊
(ဂ) တက္ကသိုလ်တစ်ခုချင်းစီတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် သင်ကြားရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ စာသင်ခန်းများ၊ စာသင်ကြားမှု ထောက်ကူပစ္စည်းများ စသည့် ပံ့ပိုးမှု Facilities အပေါ် အခြေခံ၍ ဝင်ခွင့်လက်ခံမည့် Intake အရေအတွက်ကို သတ်မှတ်ခြင်း။

ကွန်ပျူတာတက္ကသိုလ်များ
၉။ Center of Excellence များအဖြစ် ရန်ကုန်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များကို သတ်မှတ်ခြင်းမှာ သင့်မြတ်ပါသည်။ အောက်ပါအတိုင်း ၎င်း COE များကို ပြုပြင် ပြောင်းလဲသွားခြင်းဖြင့် အဆင့်မြင့် ကွန်ပျူတာပညာရပ်များနှင့် ဘွဲ့များ ပို့ချသင်ကြားနိုင်ပါသည်-
(က) အကန့်အသတ်ရှိသော resource များဖြစ်သည့် နည်းပြများ၊ ပစ္စည်းကိရိယာများကို နှစ်နေရာထဲတွင် စုစည်းထားပြီး အရည်အသွေးမြင့်မားသော ကွန်ပျူတာတက္ကသိုလ်ကြီးများ ဖြစ်အောင် ဆောင်ရွက်ခြင်း၊
(ခ) ယခင်က ရှိခဲ့ဖူးသော London Guild Hall University နှင့် ပူးပေါင်းပြီး BCSc Hons degree များ ချီးမြှင့်ခဲ့သကဲ့သို့ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) နိုင်ငံတကာမှ အကောင်းဆုံး ၅၀ စာရင်းဝင် တက္ကသိုလ်များနှင့် ပူးပေါင်းပြီး ယင်းတို့၏ နည်းပြများကို ဖိတ်ခေါ်ခြင်း၊ သင်ရိုးညွှန်းတန်းများ ညှိနှိုင်းပြီး ပူးတွဲဘွဲ့များ ပေးအပ်ခြင်း၊

၁၀။ ကျန် ကွန်ပျူတာတက္ကသိုလ်များအနက်မှ ပုသိမ်၊ မော်လမြိုင်နှင့် တောင်ကြီးတက္ကသိုလ်များ ကိုလည်း ဒုတိယဦးစားပေး အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သင့်ပါသည်။ အခြား ကွန်ပျူတာတက္ကသိုလ်များကို တတိယဦးစားပေး အဆင့်မြှင့်တင်ပြီး အချိန်ကာလတစ်ခု သတ်မှတ်၍ ဆောင်ရွက်သင့်ပါသည်။

၁၁။ တက္ကသိုလ်များသည် ၎င်းတို့၏ resource များ၊ staff များ၊ facilities များ စသည့် အရင်းအမြစ်များအပေါ် အခြေခံ၍ specialized area များကို ရွေးချယ် သတ်မှတ်ထားသင့်ပါသည်။ ဥပမာ - research based, application based, applied technology based, career based စသည်ဖြင့် ဖြစ်ပါသည်။

သင်ကြားပို့ချရေးဆိုင်ရာ တတ်မြောက်မှု
၁၂။ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ/ဆရာမ အများစုသည် Bachelor of Education (B.Ed.) ဘွဲ့ရများ မဟုတ်သဖြင့် သင်ကြားရေးပိုင်းတွင် လိုအပ်ချက် အနည်းငယ် ရှိကောင်းရှိနိုင်ပြီး အတွေ့အကြုံ ရင့်ကျက်လာမှသာ အတွေ့အကြုံအရ သင်ကြားပို့ချရေးဆိုင်ရာ ကျွမ်းကျင်မှုကို တည်ဆောက်သွားနိုင်ခြင်း တွေ့ရပါသည်။

၁၃။ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များအားလုံး စုပေါင်း၍ အင်ဂျင်နီယာဘာသာရပ်များနှင့် ကွန်ပျူတာဘာသာရပ် များကို အဆင့်မြှင့်တင် သင်ကြားပို့ချနိုင်ရေးအတွက် Science Teachers Training College များ ဖွင့်လှစ်၍ Train the Trainers အစီအစဉ်များ ဆောင်ရွက်သွားနိုင်ပါသည်။

ဆရာ/ဆရာမများ၏ နည်းပညာ အစဉ်အမြဲ update ဖြစ်နေစေရန်
၁၄။ ကွန်ပျူတာတက္ကသိုလ်များ (အထူးသဖြင့် ရန်ကုန်နှင့် မန္တလေး)တွင် သင်ကြားပို့ချနေသည့် ဆရာ / ဆရာမများသည် နည်းပညာပိုင်းတွင် အထူးပြု သင်ယူခဲ့သူများ ဖြစ်သဖြင့် နည်းပညာ တတ်ကျွမ်းနားလည်မှုမှာ ဆိုစရာ မရှိသော်လည်း ဆရာဝန်များသည်လည်း အစဉ်အမြဲ ဆေးပညာနှင့် ကုသမှု အတွေ့အကြုံ ယူနေရသကဲ့သို့ ကွန်ပျူတာတက္ကသိုလ်ဆရာ/ဆရာမများသည်လည်း နည်းပညာနှင့် အသုံးချမှု အတွေ့အကြုံများ အစဉ်အမြဲ update ဖြစ်နေရန် လိုအပ်ပါသည်။

၁၅။ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာမများကို အောက်ပါနည်းလမ်းများဖြင့် အစဉ်အမြဲ တိုးတက်နေသည့် ဆရာမများအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ပါသည်-
(က) နိုင်ငံခြားတက္ကသိုလ်များတွင် ပြုလုပ်လေ့ ရှိသည့် Sabbatical Leave (ကျောင်းမှ ၁-၂နှစ် ခွင့်) များပေး၍ ပါမောက္ခများကို ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပတွင် သော်လည်းကောင်း သုတေသနလုပ်ငန်းများ လုပ်ကိုင်စေခြင်း၊ နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင် သုတေသနပြုခြင်း၊ ဧည့်ကထိကအဖြစ် သွားရောက် သင်ကြားပို့ချခြင်း၊
(ခ) ကထိကများ၊ နည်းပြများကို နိုင်ငံခြားသို့ စေလွှတ်၍ ပညာသင်ယူစေခြင်း၊
(ဂ) ကွန်ပျူတာအသုံးချမှု မြင့်မားသော အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းနယ်ပယ်များတွင် အချိန်ပိုင်း အကြံပေးများအဖြစ် ဝင်ရောက် ဆောင်ရွက်ခွင့်ပြုခြင်း၊
(ဃ) အုပ်ချုပ်ရေးအဖွဲ့နှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများကသာ ကြီးကြပ်၍ တက္ကသိုလ်၏ လုံခြုံရေး၊ သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အစရှိသည့် စီမံကိစ္စရပ်များကို ဆောင်ရွက်ခြင်းအားဖြင့် သင်ကြားရေးပိုင်းမှ ဆရာမများအား သင်ကြားရေးနှင့် မိမိတို့ ကိုယ်တိုင် update ဖြစ်စေရန် သင်ယူမှုများတွင် အာရုံစိုက်စေခြင်း၊
(င) Student-centered teaching, two-way interactive teaching စသည့် teaching method များကို ဆရာမများအား လေ့ကျင့်သင်ကြားပေးပြီး လက်တွေ့ပိုမို အသုံးချရန် အားပေးခြင်း၊
(စ) ဆရာမများ၏ သင်ကြားမှုကို ခံယူနေသော ကျောင်းသားများထံမှ Feedback များ တောင်းခံခြင်းဖြင့် မိမိတို့၏ သင်ကြားမှုစနစ်များ ပြုပြင်ပြောင်းလဲ တိုးတက်စေနိုင်ခြင်း။

Syllabus နှင့် Curriculum ပြန်လည်သုံးသပ်သတ်မှတ်ခြင်း
၁၆။ ယခင်က ငါးနှစ် သင်ကြားခဲ့ရာမှ သုံးနှစ်သို့ ပြောင်းလဲခဲ့ခြင်း၊ ယခုအခါ ယခင်အတိုင်း ငါးနှစ် ပြန်လည် ပြောင်းလဲ သတ်မှတ်ခြင်းမှာ သင့်မြတ်ပါသည်။

၁၇။ ပထမ ၂နှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ အခြေခံဘာသာရပ်များ ပူးတွဲသင်ကြားပြီးလျှင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Civil, Mechanical, Architect စသည်တို့ ခွဲပြီး တက်ကြသကဲ့သို့ ကွန်ပျူတာတက္ကသိုလ်များတွင်လည်း Specialization track များ Degree များ သတ်မှတ်သင့်ပါသည်။ ထို့အပြင် အောက်ပါများကို ထည့်သွင်း စဉ်းစားသင့်ပါသည်-
(က) ပထမနှစ်တွင် compulsory အဖြစ် Pseudo Language ကို ထည့်သွင်း သင်ကြားခြင်း၊
(ခ) Programming language များဖြစ်သော C++, VB, Java စသည်တို့ကို ကျောင်းသားနှင့် ဆရာများအပေါ် မူတည်၍ ရွေးချယ်သင်ကြားခြင်း၊

၁၈။ သင်ရိုးညွှန်းတန်းများ ရေးဆွဲရာတွင် ပညာရပ်ဆိုင်ရာ လိုအပ်ချက်အပြင် လုပ်ငန်းခွင် လိုအပ်ချက်များလည်း ပါဝင်နိုင်မှသာ ခေတ်နှင့် ဆီလျော်သည့် ပညာရပ်များကို ပို့ချဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ကွန်ပျူတာအသင်းများမှ ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

တက္ကသိုလ်များ၏ အကွာအဝေး
၁၉။ ကွန်ပျူတာတက္ကသိုလ် အများစုမှာ မြို့နှင့် အလှမ်းဝေးသည့် အရပ်များတွင် တည်ရှိနေသောကြောင့် အောက်ပါအခက်အခဲများကို ကြုံတွေ့ရပါသည်-
(က) နေ့စဉ် သွားလာနေရသည့် ခရီးအတွက် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ ငွေကုန်ခြင်း၊
(ခ) လျှပ်စစ်မီး ခက်ခဲခြင်း၊
(ဂ) လုံခြုံရေး စိတ်မချရခြင်း၊
(ဃ) အဆောင်နေလိုသော ကျောင်းသားကျောင်းသူများ ခက်ခဲခြင်း၊
(င) တက္ကသိုလ်တစ်ခုနှင့် ထိုက်တန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန် ခက်ခဲခြင်း။

၂၀။ ရန်ကုန်ကဲ့သို့ မြို့ထဲသို့ ပြန်လည် ရွှေ့ပြောင်းနိုင်သော တက္ကသိုလ်များကို ရွှေ့ပြောင်းပေးပြီး မရွှေ့ပြောင်းနိုင်သော တက္ကသိုလ်များအတွက် လမ်းပန်းဆက်သွယ်ရေး၊ နေထိုင်နိုင်ရန် အဆောင်များနှင့် အခြားကိစ္စရပ်များ အဆင်ပြေအောင် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ စီစဉ် ဆောင်ရွက်ပေးသင့်ပါသည်။

လက်တွေ့ချိန် / သင်ထောက်ကူပစ္စည်းပံ့ပိုးခြင်း
၂၁။ ကွန်ပျူတာတက္ကသိုလ်များ စတင်ဖွင့်လှစ်ခဲ့စဉ်က လက်တွေ့ချိန်များ များပြားခဲ့သော်လည်း ယခုအခါ ကျောင်းသားအရေအတွက် များပြားလာခြင်းကြောင့် လက်တွေ့ခန်းများ မလုံလောက်ခြင်း၊ လျှပ်စစ်မီး မလုံလောက်သောကြောင့် လက်တွေ့ချိန်များ လျော့နည်းလာခြင်း စသည့် အခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။

၂၂။ လက်တွေ့သင်ကြားမှုကို အောက်ပါအတိုင်း ပြုပြင်ပြောင်းလဲနိုင်ပါသည်-
(က) လက်တွေ့ချိန်များ တိုးချဲ့သင်ကြားလေ့ကျင့်ပေးခြင်း၊
(ခ) တန်ဖိုး မကြီးသော်လည်း လက်တွေ့သင်ကြားရေးတွင် များစွာ အထောက်အကူ ပြုနိုင်သည့် ကိရိယာများကို အစဉ်အမြဲ ဈေးကွက်မှ ဝယ်ယူတပ်ဆင်ပေးခြင်း၊
(ဂ) အဆင့်မြင့် ကိရိယာများကို နည်းပညာကုမ္ပဏီကြီးများနှင့် ပူးပေါင်း၍ Computer Lab များ၊ ICT Lab များ ဖွင့်လှစ်ပေးခြင်း၊
(ဃ) ကွန်ပျူတာအသင်းများမှ ပညာရှင်များကို ဖိတ်ခေါ်၍ လက်တွေ့ချိန် အချို့ကို ကူညီပို့ချစေခြင်း၊
(င) လက်တွေ့စမ်းသပ်ရန် ရံပုံငွေများ တိုးမြှင့်ပေးခြင်း၊
(စ) မြန်နှုန်းမြင့်မားသော အင်တာနက်ဝန်ဆောင်မှုများကို ချိတ်ဆက်ပေးခြင်း၊
(ဆ) အဆင့်မြင့် စာကြည့်တိုက်ကြီးများ ဖွင့်လှစ်ထားရှိခြင်း။

Internships
၂၃။ ကွန်ပျူတာအသုံးချမှု လက်တွေ့ တတ်မြောက်သွားရန် ကျောင်းသားများကို ကွန်ပျူတာအသင်းများမှ တစ်ဆင့် ချိတ်ဆက်စေ၍ အောက်ပါအတိုင်း Intership များ ဆင်းစေနိုင်ပါသည်-
(က) ကွန်ပျူတာကုမ္ပဏီများ၊ အင်တာနက်ကုမ္ပဏီများ၊ မိုဘိုင်းကုမ္ပဏီများ၊
(ခ) ကွန်ပျူတာအသုံးချမှု မြင့်မားသော အစိုးရဌာနကြီးများ၊
(ဂ) လေကြောင်းလိုင်းများ၊ ဟိုတယ်ကြီးများ၊ စူပါမားကတ်ကြီးများ၊ အခြား စီးပွားရေး လုပ်ငန်းကြီးများ။

၂၄။ Internship ဆင်းရာတွင် လုပ်ငန်းဌာနများ၏ လက်ရှိ စနစ်များကို အနီးကပ်လေ့လာခွင့် ရရှိခြင်း၊ လုပ်ငန်းခွင်သုံး ကွန်ပျူတာ စနစ်များအတိုင်း လိုအပ်ချက်များနှင့် စွမ်းဆောင်ချက်များ လေ့လာပြီး စမ်းသပ် ရေးဆွဲခွင့်ရရှိခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

အကြံပေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားရေးအဖွဲ့များ ပြင်ဆင် ဖွဲ့စည်းခြင်း
၂၅။ ခေတ်နှင့် ဆီလျော်သော တက္ကသိုလ်ကြီးများ ဖြစ်လာရန် Acadamic, Industry, International စသည့် အတွေ့အကြုံ၊ ပညာရပ်များ ပြည့်ဝသည့် ပါချုပ်ဟောင်းများ၊ ပါမောက္ခဟောင်းများ၊ ကွန်ပျူတာအသင်းများမှ ပညာရှင်ကြီးများ၊ လက်ရှိ ပါမောက္ခချုပ်နှင့် ပါမောက္ခများ စသည့် ပုဂ္ဂိုလ်ကြီးများဖြင့် တက္ကသိုလ်၏ သင်ကြားရေး၊ အုပ်ချုပ်ရေး စသည့်အဖွဲ့များတွင် ပါဝင်ဆောင်ရွက်သင့်ပါသည်-
(က) Advisory Board (ကွန်ပျူတာတက္ကသိုလ်မှ ပါချုပ်ဟောင်းများ၊ နိုင်ငံခြားတက္ကသိုလ်များမှ ပါချုပ်ဟောင်းများ၊ ကွန်ပျူတာအသင်းချုပ်မှ ဥက္ကဋ္ဌများ)
(ခ) Management Committee
(ဂ) Supervisory Board
(ဃ) Board of Studies
(င) Board of Administration (ကျောင်းသားများအနက်မှ ကိုယ်စားလှယ်များ ယင်းတို့ စိတ်ကြိုက် ရွေးချယ်ပြီး Board ထဲတွင် ပါဝင်ဆောင်ရွက်စေရန်)
(စ) Faculty (ပြင်ပမှ ပညာရှင်များကိုပါ အချိန်ပိုင်း၊ ဧည့်ကထိက စသည့် ရာထူးတာဝန်များ ပေးအပ်၍ ဖိတ်ခေါ်ရန်)

Enrichment Courses / Seminars & Workshops
၂၆။ ကွန်ပျူတာပညာရပ်များသည် လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေသည် ဖြစ်ရာ ပုံမှန် သင်ရိုးညွှန်းတန်းထဲတွင် မပါရှိသော်လည်း ပြင်ပမှ နည်းပြများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဖိတ်ခေါ်၍ enrichment courses, seminars & workshops များ ပုံမှန် ကျင်းပသင့်ပါသည်။

Core Subjects & Electives
၂၇။ ကွန်ပျူတာတက္ကသိုလ်တွင် အခြားတက္ကသိုလ်များကဲ့သို့ Core Subject နှင့် Elective များ ရွေးချယ် သင်ကြားခွင့် ရှိသည့် စနစ်သို့ ပြောင်းလဲသတ်မှတ်သင့်ပါသည်-
(က) ၇၅% သည် Core (Major) Subject ဖြစ်ပြီး ၂၅% သည် Elective များ ဖြစ်ခြင်း၊
(ခ) Core Subject မှာ မယူမနေရ ဖြစ်ပြီး Pre-Requisites များ သတ်မှတ်ထားသည်မှ လွဲ၍ ကျောင်းသားမှ မိမိစိတ်ကြိုက် အစီအစဉ်အလိုက် ရွေးချယ် သင်ယူနိုင်ခြင်း၊
(ဂ) Elective မှာ Sociology, Pshychology, Environmental Studies, History, Arts, Accounting, Economics စသည်တို့ကို စိတ်ကြိုက် ရွေးချယ်သင်ယူနိုင်ခြင်း၊
(ဃ) Degree တွင် credits ပြည့်မီပါက Minor Subject ကိုပါ ထည့်သွင်းဖော်ပြခြင်း၊ ဥပမာ - Business Administration credits ပြည့်မီပါက Major Computer Science နှင့် Minor Business Administration ဘွဲ့ချီးမြှင့်ခြင်း။

အောင်မှတ်ပေးခြင်း
၂၈။ Pretest နှင့် Exam များ များပြားလွန်းပါက ဆရာ/ဆရာမများနှင့် ကျောင်းသားများအပေါ်တွင် ဝန်များပါသည်။ သို့ဖြစ်ရာ သင့်တော်သည့် Module များတွင် အောင်မှတ်၏ ရာခိုင်နှုန်းတစ်ခုကို ရေးဖြေစာမေးပွဲအမှတ်မှ သော်လည်းကောင်း၊ ကျန်အမှတ်ကို Projects, Assignments & Presentation မှ သော်လည်းကောင်း သတ်မှတ်သည့် စနစ်သို့ သော်လည်းကောင်း၊ အချို့ Module များတွင် Computer-based Examination ပုံစံသို့ သော်လည်းကောင်း ပြောင်းသင့်ပါသည်-
(က) Exam question set များကို တင်းကျပ်စွာ ဆောင်ရွက်ခြင်း၊
(ခ) Group assignments များ ချမှတ်ပေးခြင်း၊ Presentation လုပ်စေခြင်း၊
(ဂ) Individual assignments များ ချမှတ်ပေးခြင်း၊ အကဲဖြတ်အမှတ်ပေးခြင်း၊
(ဃ) ဘာသာရပ်အပေါ်မူတည်၍ တချို့ဘာသာရပ်များတွင် အောင်မှတ်၏ ၆၀% ကို စာမေးပွဲမှ သော်လည်းကောင်း၊ ၄၀% ကို Projects, Assignments & Presentation မှ သော်လည်းကောင်း သတ်မှတ်ခြင်း၊
(င) အချို့ဘာသာရပ်များတွင် စာတမ်းတင်ခြင်းက အမှတ်ပိုများခြင်း၊ Practical Project က အမှတ်ပိုများခြင်း စသည်ဖြင့် သတ်မှတ်ခြင်း၊
(စ) Module များတွင် Participation (classroom discussion, reading assignments) စသည်ကိုလည်း အမှတ်ပေးခြင်း။

၂၉။ Final year project ကို အတွေ့အကြုံရင့်ကျက်သည့် ဆရာမများက ကြီးမှူး၍ ကွန်ပျူတာအသင်းများမှ တစ်ဆင့် ချိတ်ဆက်၍ Industrial Attachment Program နှင့် တွဲ၍ လုပ်ကိုင်နိုင်ပါသည်။

Athletics & Recreation Activities
၃၀။ အားကစားအသင်းများ၊ အနုပညာအသင်းများ၊ ဘာသာရပ်အသင်းများ၊ မဂ္ဂဇင်းကော်မတီများကို ကျောင်းသားများကိုယ်တိုင် ဦးဆောင်၍ ပြန်လည်ဖွဲ့စည်းခွင့်ပြုပြီး သင်ရိုးပြင်ပ လှုပ်ရှားမှုများကို တက္ကသိုလ်၏ ပရဝဏ်အတွင်းတွင် တရားဝင် အားပေးခွင့်ပြု ဆောင်ရွက်သင့်ပါသည်။

Incubation / Business / Entrepreneurship
၃၁။ တက္ကသိုလ်၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် နည်းပညာကုမ္ပဏီများ ပူးပေါင်း၍ Research Project များ ပြုလုပ်ခြင်း၊ Research Project မှ တစ်ဆင့်တက်၍ Startup Business များ ပူးပေါင်း ထူထောင်ခြင်း၊ ဈေးကွက်သို့ ထုတ်ဝေဖြန့်ချိခြင်း စသည့် Incubation Center လုပ်ငန်းများကို ဆောင်ရွက်သင့်ပါသည်။

၃၂။ လုပ်ငန်း တည်ထောင်ခြင်း၊ စွန့်ဦးတီထွင်ခြင်း စသည့် အလေ့အထများ ကျောင်းသားများအကြား ကျယ်ပြန့်လာစေရန် Entrepreneurship ဘာသာရပ်များကိုပါ ထည့်သွင်း သင်ကြားသင့်ပါသည်။

နိဂုံး
၃၃။ ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာအသင်းများသည် အစဉ်အမြဲ လက်တွဲ ဆောင်ရွက်နေကြရမည် ဖြစ်ရာ အသင်းများ၏ နည်းပညာပြန့်ပွားမှု ဆိုင်ရာ လှုပ်ရှားမှုများကို ကွန်ပျူတာတက္ကသိုလ်များတွင် လာရောက် ဆောင်ရွက်ခွင့်ပြုခြင်း၊ ကွန်ပျူတာတက္ကသိုလ်များ၏ သုတေသနနှင့် ပညာရပ်များကိုလည်း ကွန်ပျူတာအသင်းများ၏ လှုပ်ရှားမှုများသို့ စေလွှတ် ဆောင်ရွက်စေခြင်းများကို ခွင့်ပြုသင့်ပါသည်။ အောက်ပါကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်-
(က) BarCamp
(ခ) BarCampX (Extended BarCamps)
(ဂ) Developer Conference
(ဃ) MCPA Mashup
(င) MCPA ပညာချွန်ဆု
(စ) နည်းပညာပြိုင်ပွဲများ
(ဆ) IT Business Plan Contests

၃၄။ သို့ဖြစ်ပါ၍ ကွန်ပျူတာတက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အရေးအကြီးဆုံး ကဏ္ဍတစ်ခု ဖြစ်နေရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အပါအဝင် မိမိတို့ ကွန်ပျူတာအသင်းများမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

Sunday, July 15, 2012

စင်ကာပူမှာမှန်မှန်သွားသောနေရာတစ်ခု



စင်ကာပူကသမီးထံအလည်ရောက်နေတာ ၃ လ နီးပါးတောင်ရှိပါရော့မယ်၊စင်ကာပူမှာနေစဉ် တစ်ပတ်မှာ မ ရောက်ဘူးဆိုရင်အနည်းဆုံး၃-၄ကြိမ် လောက် ရောက်သောနေရာတစ်ခုရှိပါတယ်။
စင်ကာပူမှာ မောင်တိုင်ပင်မရောက်ဘူးသေးသောနေရာများစွာရှိပါတယ်။ အပတ်စဉ်သမီးကတော့
ဘယ်သွားမယ်ဘယ်လာမယ်ပို့ပေးပေမဲ့ မောင်တိုင်ပင်အတွက်ကတော့တစ်ခေါက်ရောက်ဘူးတယ်
ဆိုရင်ကျေနပ်တဲ့နေရာတွေချည်းပါ။ မြေးက NTUC daycare ကိုသူ့မိဘတွေကပို့ထားတော့သူကျောင်း
သွားပြီ ဆိုရင်မောင်တိုင်ပင် အတွက်တစ်နေတာအလုပ်စပါတော့တယ်။ပင်စင်စားသူငယ်ချင်း အချင်းချင်း
 hawker centre မှာ ထိုင်ပြီးလ္ဘက်ရေသောက်မယ်၊ထမင်းစားမယ်၊ဟိုအကြောင်းဒီအကြောင်းပြောကြမယ်။ အိမ်
နားက Food stall တစ်ခုမှာမြန်မာဆိုင်တစ်ဆိုင်ရှိတော့အဲဒီမှာ ဆုံကြတာများပါတယ်။ နောက်လုပ်ဖြစ်
တဲ့အလုပ်က စင်ကာပူ ကတောအုပ်တွေလိုဖန်တီးထားတဲ့ park တွေမှာ လမ်းလျှောက်ရင်းလေပစ်ကြ
တာပါ။ ဒါကတော့ကျန်းမာရေးနဲ့ဆိုင်တယ်။များသောအားဖြင့် ကားရှိတဲ့ သူငယ်ချင်း အော်လီဗာ နဲ့သွားကြ
တာများပါတယ်။ လမ်းလျှောက်ပြီးရင်မောမောနဲ့ Serangoon ကကုလားဆိုင်မှာ ပူရီ၊ချာပါတီ သတ်သတ်
လွတ်သွားစားကြတာကတော့ တစ်နေတာအပမ်းဖြေမှု တစ်ခုဖြစ်ပြီး ညကြရင် အတုန်းအရုန်းပဲ အိပ်လို့ အလွန်ကောင်းပါတယ်။ တစ်ခါလျှောက်ရင် ၅ ကီလိုမီတာလောက်တော့လမ်းလျှောက်ဖြစ်ကြတယ်။ 
အကြိုက်ဆုံးကတော့ MatRichie Central Catchment Natural Reserve ဖြစ်ပြီး ရေကန်ကြီးကို
ပတ်ထားတဲ့ boardwalk မှာ လျှောက်တာပါပဲ။ ဒီတစ်ပတ်တော့ treetop walking trail ကိုလျှောက်ဖို့စီမံထားတယ်။အဲဒီနေရာတွေက တောအုပ်ထဲလျှောက်ရသလိုဖန်တီးထားတယ်၊
မျောက်တွေလည်းရှိတယ်။လူတော့အနှောက်အယှက်မပေးပါဘူး။ တောင်ဆိုပေမဲ့ မောင်တိုင်ပင်ထင်တယ်၊
မန္တလေးတောင်လောက်တောင်မမြင့်ပါဘူး။ရှိတဲ့နေရာလေး ကိုကြံဖန်ပြီးလူတွေနှင့်တောတောင်ရေမြေသ
ဘာဝပတ်ဝန်းကျင်ကိုသဟဇာတဖြစ်အောင်လုပ်ထားတော့ ကျန်းမာရေးအတွက်လမ်းလျှောက်သူတွေ၊
jogging လုပ်သူတွေတော်တော်များပါတယ်။ မောင်တိုင်ပင်ကတော့ မနက်တိုင်းအိမ်ဘေး က stadium မှာ လမ်းလျှောက်တာတော်တော်ကြိုက်ပါတယ်။ တနင်္ဂနွေတစ်ရက်ပဲနားပါတယ်။ ပြေးလမ်း ကပျော့ပျော့ညီညီ
ညာညာဆိုတော့အနည်းဆုံး ၅ ပတ်လျှောက် ရင် ၃-၄ ကီလိုမီတာ လျှောက်ဖြစ်ပါတယ်။ Samsung
ဖုံးမှာ sport tracker သွင်းထားပြီးလျှောက်တော့ ကိုယ်ရဲ့လျှောက်နှုန်း၊ကီလိုမီတာ၊နှလုံးခုံမြန်လာရင်
heart beat ၊ကုန်ဆုံးသွားသော caloriesစတဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့အချက်တွေကို record လုပ်ပေးပါတယ်။ GPS ဖွင့်ထားရင်လျှောက်တဲ့လမ်းကြောင်းတောင်သိနေရတယ်။ တစ်ခါတစ်လေ လမ်းမသိပဲလျှောက်ရင်
 GPS  အကူအညီယူရတယ်။ဒါတွေအားလုံးဟာ ၂၁ ရာစုနှစ်ရဲ့ အသီးအပွင့်တွေကို ငွေလည်းသိပ်မကုန်ပဲအ
ကျိုးရှိရှိအသုံးချတာဖြစ်ပါတယ်။ ကဲမောင်တိုင်ပင်အဓီကပြောချင်တဲ့ အချက်ကိုမရောက်တော့ဘူး။


မောင်တိုင်ပင်ခဏခဏရောက်တဲ့နေရာကမောင်တိုင်ပင်နေတဲ့ရပ်ကွက်က စာကြည့်တိုက်ဖြစ်ပါတယ်။
မောင်တိုင်ပင်ရဲ့ IC နဲ့ဆိုရင် ၅၄ ဒေါ်လာလောက်ပေးရမှာဖြစ်တော့ သမီး ကသူ IC အသုံးပြုပြီးလုပ်ပေး
တာ ၁၀ ဒေါ်လာပဲကျတယ်။life long ပဲ။ စာကြည့်တိုက်က shopping mall ၄ထပ်မှာပါ။ နေရာလည်းတော်တော်
ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ မောင်တိုင်ပင်များသောအားဖြင့်ငှားတာကတော့ business, finance, IT
စာအုပ်တွေဖြစ်ပါတယ်။ စင်ကာပူမှာထုတ်သမျှ ဂျာနယ်၊မဂ္ဂဇင်း၊သတင်းစာ၊အထူးသဖြင့်ခလေးတွေအ
တွက်စာအုပ်တွေအကုန်ရှိပါတယ်။နိုင်ငံခြားက သတင်းစာ၊ဂျာနယ်တွေလည်းရှိပါတယ်။ ၀န်ထမ်းတွေက
စာအုပ်တွေကိုစာအုပ်စင်မှာ သူ့ decimal classification အလိုက်ပြန်ထားတာပဲရှိပါတယ်။ကျန်တာကစာ
အုပ်ငှားသူကိုယ်တိုင် စာအုပ်ရှာ၊ ငှားမဲ့စာအုပ် register လုပ်၊ ပြန်လာပို့ ရင်လည်း book drop ကနေပို့
လိုက်ယုံပဲ။ စာအုပ်ရက်လွန်နေရင် ရက်မဆိုင်းဘူး အီးမေလ်ရောက်တာတာပါ ပဲ။



                                           စင်ကာပူစာကြည့်တိုက် စာအုပ်ပြန်အပ်သောနေရာ drop box
စာကြည့်တိုက်တွင်း business, finance စာအုပ်စင်

                                                ခလေးတစ်ယောက် ခလေးနှင့်ဆိုင်သောစာအုပ်ကိုဖတ်နေပုံ


 
ဒီနေရာ မှာ မောင်တိုင်ပင်သဘောကျတာကကျောင်းသားကျောင်းသူခလေးတွေပါပဲ။စာဖတ် တတ်ချိန်က
စပြီး စာကြည့်တိုက်ကိုမိဘတွေကဦးဆောင်ခေါ်လာတာပဲ။ တချို့နည်းနည်းကြီးတဲ့ခလေးတွေက maid တွေနဲ့လာကြတယ်။ မှီငြမ်းအတွက်ထားတဲ့စာအုပ်တွေကိုကုလားထိုင်မှာ ကျကျနန ထိုင်ဖတ်နေတာတွေ
ကိုတွေ့တော့ကိုယ့် နိုင်ငံမှာ လည်းအဲဒီလိုဖြစ်စေချင်လိုက်တာ။ အမေတွေအဖေတွေက စာအုပ်ငှားရင်စက်မှာ
ဘယ်လိုလုပ်ရတယ်ဆိုတာသင်ပေးနေတာကိုလည်းတွေ့ရတယ်။

ကိုယ်ငှားချင်တဲ့စာအုပ် ၂-၃ အုပ်ဆိုရင်ကွန်ပျူတာပုံသဏ္ဍာန် စက်ရှေ့မှာပုံလိုက်၊ နောက် ကိုယ့် ကဒ်ကိုslotထဲ
ထည့်လိုက် ဖန်သားပြင်မှာ ဘာစာအုပ်လည်းဆိုတာပေါ်လာတယ်။ ကိုယ်က အိုကေ လုပ်လိုက်ပြီးကဒ်
ကိုပြန်ဆွဲထုတ်လိုက်ရင် ဘာစာအုပ်ငှားတယ်ဆိုတဲ့ slip လေးထွက်လာတယ်။အဲဒီ slip လေးစာအုပ်ကြား
ညှပ်ထွက်လာယုံပဲ။ စာအုပ်ပြန်အပ်ချင်ရင်စာကြည့်တိုက်ရှေ့ မှာ book drop ဆိုတာရှိတယ်။ စာအုပ်
ထည့် လိုက်ရင် returned ဆိုပြီးမီးလင်းလာတယ်။ ဒါပဲလုပ်ယုံပဲ။ အကြောင်းကိစ္စကြီးငယ်မရှိရင် စာ
ကြည့် တိုက်ဝန်ထမ်းကိုတွေ့စရာမလိုဘူး။ အဲ --စာအုပ်ရှာလို့မရရင်သူ တို့လိုက်ကြည့်ပေးတယ်။ ငှားထား
တဲ့စာအုပ်ဆိုရင် ကိုယ် ကဒ်နံပါတ်ပြောထားရတယ်။ စာအုပ် စာကြည်တိုက်ကိုပြန်ရောက်လာရင် ကိုယ့်ဆီကို အီးမေးလ်နဲ့အကြောင်းကြားပေးပါတယ်။

                                   စာအုပ်များသပ်သပ်ရပ်ရပ်စီထားပုံ--လိုချင်သောစာအုပ်ကိုအညွှန်းနဲ့လိုက်
                                                                        ရှာနိုင်ပါတယ်




စင်ကာပူမှာရပ်ကွက်တိုင်းလိုလိုဒီလိုခန့်ညားတဲ့စာကြည့်တိုက်တွေရှိပါတယ်။ National Library Board
အောက်မှာ public libraries ဆိုတာလည်း ရှိပါသေးတယ်။အားလုံး ၃၁ ခုရှိတယ်။ အသေးစိပ်သိချင်ရင်တော့အောက် က websiteaddress မှာကြည့်ပါ။

http://www.nlb.gov.sg/page/Corporate_portal_page_home


                                                   စာအုပ်စင်များ၌စာအုပ်များအစီအရီ စီထားပုံ




                                    ငှားမည့်စာအုပ်ကိုစာအုပ်အငှားကွန်ပျူတာပေါ်တင်ပြီးမှတ်ပုံတင်နေပုံ

မောင်တိုင်ပင်ပြောချင်တာစင်ကာပူဟာသူ့ပြည်သူတွေဗဟုသုတကြွယ်ဝကြဖို့လုပ်ပေးကိုင်ပေးထားတာ
ကိုအားကျပြီးအတုခိုးရအောင်ပြောချင်တာပါ။ဒါတောင် မောင်တိုင်ပင် NUS, NTU ကစာကြည့်တိုက်တွေ
ကိုမရောက်ဘူးသေးဘူး။ ရန်ကုန်တက္ကသိုလ်ကစာကြည့်တိုက်ဆိုရင်မောင်တိုင်ပင်တို့ကျောင်းသားဘ၀အထိ
တော်တော်ကိုအဆင့်မြင့်ပြည့်စုံတဲ့ စာကြည်တိုက်ကြီးပါ။ Facebook ထဲမှာ ဆရာဦးသော်ကောင်းနဲ့ အင်တာဗျူးကိုဖတ်လိုက်ရတယ်။ဆရာစာကြည့်တိုက်ကိုကိုင်ခဲ့တုံးကမြန်မာစာပေ၊ပရပိုက်တွေကအစ
မိုက်ခရိုဖစ်ခ်ျကော်ပီတွေနဲ့ထားနိုင်ပြီးရှေးဟောင်းစာအုပ်အများအပြားကိုလည်း မှီငြမ်းစာအုပ်တွေအဖြစ်
ထားနိုင်ခဲ့ပါတယ်။ မောင်တိုင်ပင်တို့ အာအိုင်တီ တက်စဉ်က စာကြည့်တိုက်မှုးဒေါ်မြင့်မြင့်ခင်ဆိုရင် US
ကစာကြည့်တိုက်ပညာရပ်နဲ့ဘွဲ့လွန်ရလာခဲ့တာပါ။နောက်ပိုင်းစာကြည့်တိုက်ကသေးတော့သီးခြားဆောက်
ခဲ့တယ်လို့သိရပါတယ်။ ဆရာတွေကအစ စာကြည့်တိုက်မှုးအဆုံး မနေနိုင်အောင်လုပ်တော့ရာခိုင်နှုန်း ၈၀
လောက်ကသူတို့ပညာသင်ခဲ တဲ့ကျောင်းတွေမှာ ဆရာသွားလုပ်ကြတာအခုဆိုရင်ပင်စင်ယူပြီးတဲ့ဆရာအိုကြီး
ဘ၀ကိုရောက်နေပါပြီ။ လာမဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကြရင် ကြို့ကုန်း အာအိုင်တီမှာ တစ်ကမ္ဘာလုံးမှာရောက်
နေတဲ့ ဆရာဆရာမတွေကို ကန်တော့ကြမယ်။ မောင်တိုင်ပင်လည်းစာကြည့်တိုက်ကနေ ဟိုရောက်ဒီ
ရောက်ပဲ။

 ၂၀၀၆ခုနှစ် ရုံးတွေနေပြည်တော်ပြောင်းတော့ တာမွေမှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ကြီး
ဆောက်နေတာ  ဘာမှတော့မလုပ်လိုက်ပါဘူးထင်နေတာ၊ နောက်လေလံပစ်တယ်ကြားတယ်။ အဲဒီတုံး
ကတော့အစိုးရရုံး ဘာဖြစ်ဖြစ်နေပြည်တော်ရွှေ့ရမယ်ဆိုတဲ့ရောဂါကမသေးဘူး။ ရန်ကုန်မြစ်ဝကနေ
နေပြည်တော် အထိ တူးမြောင်းဖေါက်ပြီး နေပြည်တော်ဆိပ်ကမ်းလုပ်မှာဖြစ်လို့ ဆိပ်ကမ်းအာဏာပိုင်
ရုံးတောင်နေပြည်တော်ရွှေ့ရမယ်ဖြစ်တာ။ ဘတ်ဂျက်မရှိလို့ပေါ့တော်သေးရဲ့--(ငေါ့တာနော်)

နောက်အမျိုးသားစာကြည့်တိုက်ကြီးဟာနောက်ဆုံးတော့ ဘုံပျောက်ပြီး စိုက်ပျိုးရေးဌာနရုံးဟောင်း အဆောက်အသီးတွေ
ဆီရောက်သွားပါရော။ အဲဒီလောက်ထိအောင်ပြည်သူတွေပညာတိုးဖို့ကိုအလေးအနက်ထားတာ။အခုတော့
မြန်မာပြည်အနှံကျေးရွာတွေအထိတော့စာကြည့်တိုက်သေးလေးတွေလိုက်ဖွင့်နေပါသေးတယ်။ဒါလည်း
တစ်နိုင်တစ်ပိုင်လုပ်တာဆိုတော့ကောင်းပါတယ်။သစ်မရခင်ဝါးပေါင်းကွပ်တာပေါ့။ စာကြည့်တိုက်နဲ့ပါတ်
သက်ပြီး ပြန်ကြားရေးမှာဌာနတစ်ခုရှိနေပေမဲ့ လုံလောက်သောရန်ပုံငွေတော့ရှိဟန်မတူပါဘူး။ စင်ကာပူမှာ
လည်းအလှုအတန်းတွေနဲ့ပဲ ကျားကန်ထားရတာပါပဲ။ မောင်တိုင်ပင်တို့ဆီမှာ အလုံးအရင်းနဲ့အလှုခံဖို့အား
ထုတ်ကြိုးစားမှုတွေတော့မတွေ့ရဘူး။ စာဖတ်ဝါသနာပါတဲ့ကျောင်းအုပ်ကြီးတွေက ကိုယ်ထူကိုယ်ထနဲ့
ကျောင်းတွေမှာ စာကြည့် တိုက်လေးတွေထောင်ထားကြတယ်။

မောင်တိုင်ပင်တို့ငယ်ငယ်ကအဖေအိမ်မှာစာကြည့်တိုက်ငယ်လေးတောင်ရှိတယ်။အဖေကစာအုပ်လည်း
စုတယ်။လူထုဦးလှဆိုရင်သူ့တိုက်ကထုတ်သမျှစာအုပ်အကုန် လက်မှတ်ထိုးပြီးလက်ဆောင်ပေးတယ်။
မောင်တိုင်ပင်လည်းအကုန်ဖတ်တာပဲ။ မှတ်မိသေးတယ်။အဖေ က ဈေးချို မှာရှိတဲ့ သူငယ်ချင်းမောင်
မောင်ဌေးတိုအဖိုးဆိုင်မှာစာအုပ်အမြဲဝယ်တယ်။တခါတခါဝယ်ရင် ၁၅အုပ် အုပ်၂၀လောက်ဝယ်တယ်။
မောရစ်မိုင်နာ ကာအစိမ်းလေးနောက်မှာ ထိုင်လိုက်ရင်းစာအုပ်တွေတစ်ခုပြီးတစ်ခုမြီးတောတာပါပဲ။ စာဖတ်တာကိုဝါသနာ
ပါတဲ့မောင်တိုင်ပင်အဖို့ စာကြည့်တိုက်ဆိုတာစိတ်ဝင်စားစရာတစ်ခုပါ။ စာကြီးပေကြီးတင်မကပါဘူး။ ရှေ့
ေ၇ာက်လာရင်ဘာဖြစ်ဖြစ်ဖတ်ဖြစ်ပါတယ်။စာတွေများများဖတ်ထားရင် negotiation skill အတွက်အများ
ကြီးအထောက်အကူရပါတယ်။ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးတဲ့လူကြီးတစ်ယောက်ကို ကိုယ်ကစာ
ဖတ်ထားရင် common ground ကိုအရင်စကားစမြီ ပြောလို့ရတယ်။ခေတ်စကားနဲ့ပြောရရင် ရွှီး နိုင်တယ်။
common ground မှာတူညီမှုတွေတော်တော်များများပြောရင်းကနေရင်းနှီးမှု ရလာပြီးကိုယ်ပြောချင်တာကို
ထည့်လို့ရနိုင်တာပေါ့။ အဲတာ စာများများဖတ်တဲ့အကျိုးကျေးဇူးပဲ။








ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်





(တချို့တွေက တွေးတယ် ...အရိုင်းစကားမပြောစမ်းနဲ့
တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး ... တဲ့)
ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း
ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း
ဒါပေမဲ့
လွဲနေတဲ့အတွေးလွဲ
ကျုပ်တို့တိုင်းတပါး
ထွက်ခဲ့ရတဲ့အကြောင်းရင်းက
ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး ...။

ကိုယ့်နိုင်ငံကိုယ့်လူမျိုးစင်စစ်
ဘုရင်ရူးရူးနေတဲ့
အာဏာရှင်ရူးတွေကြောင့်
ပျက်သုန်းခဲ့ရတဲ့ဘဝတွေ
ကြမ်းတမ်းခဲ့ရတဲ့ဘဝတွေ
မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ဘဝတေ
တစ်နေကုန် ကြုံးရုန်းလုပ်
ဆန်အိုးထဲ ဆန်မရှိတဲ့ဘဝတွေ
ရင်နာနာနဲ့
ကျုပ်တို့ချစ်တဲ့တိုင်းပြည်
ကျုပ်တို့ချစ်တဲ့လူမျိုး
စွန့်ခွာခဲ့ရ ...။

ရောက်ရာအရပ်ရောက်ရာနေရာ
ကျရာအလုပ်ကျရာတာဝန်
ရိုးသားစွာရှာဖွေ
ရသမျှအသပြာငွေဖြူကို
မြန်မာငွေမည်းနဲ့ လဲလှယ်လို့

အမေ့ရဲ့ဆန်အိုးထဲဆန်ရှိဖို့
အဖေ့ရဲ့ကျန်းမာရေးဆေးဝယ်ဖို့
တစ်နေကုန်ကြုံးရုန်းလုပ်
ပေးပို့နေရတဲ့ဘဝ
ဒါတရားတဲ့အလုပ်ပါ။

တိုင်းတပါးမှာ
ကျုပ်တို့ ရှင်ဘုရင်မဖြစ်နိုင်ပေမဲ့
ကျုပ်တို့မြေ ကျုပ်တို့ရေ မဟုတ်ပေမဲ့
တရားဥပဒေဟာ ကျုပ်တို့အောက်မှာရှိတယ်
ကျုပ်ဘိုးဘွားအိမ် ကျုပ်တစ်ညပြန်အိပ်ဖို့
ဧည့်စာရင်းတိုင်စရာမလိုဘူး
ဘာညာသာဓကာတွေအတွက်
အန်းဒါတေဘယ်ပေးစရာမလိုဘူး
ညအိပ် ညနေ ဘယ်သွားသွားလာလာ
ယူနီဖောင်းဝတ်ခေတ်သစ်ဓမြ
ကြောက်စရာမလိုဘူး။

ဒီလိုမလိုခြင်းတရားတွေ
ပြီးပြည့်စုံတဲ့တစ်နေ့
ကျုပ်တို့ရဲ့အမိမြေ
သယံဇာတတွေကုန်ကုန်
တောင်တွေဂတုံးဘဲဖြစ်ဖြစ်
 မြစ်ကြီးတွေ ချောင်းငယ်ဖြစ်သွားသွား
ဆူနာမီနာဂစ်မြေငလျှင်တွေလှုပ်လှုပ်

နေပူတာခြေပူခံနိုင်တယ်
အာဏာရှင်ပူတာ ရင်ပူမခံနိုင်ဘူး
တစ်နေ့လုပ်စာ တစ်နေ့စားလို့ဝရင်
တစ်နေ့လုပ်စာ တစ်နေ့စားလို့ဝရင်
ကျုပ်တို့နိုင်ငံ
ကျုပ်တို့ပြန်မလာရင်
ကျုပ်တို့ကိုပြော။


နိုင်ဦးညို (ဖိုးဇီးရိုး) ဧပြီ ၄၊ ၂၀၁၂

ကဗျာရေးသူထံခွင့်မတောင်းပဲဖေါ်ပြမိသည်ကိုတောင်းပန်ပါတယ်

အများပိုင်ကုမ္ဗဏီနှင့်အရင်းအနှီးဈေးကွက် (၂)




အရင်အပတ်ကစင်ကာပူမှာ Pte Ltd ကုမ္ဗဏီတွေဘယ်လိုစာရင်းဝင်အများပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲ
ခဲ့ကြတယ်ဆိုတာ မောင်တိုင်ပင် နားလည်သလောက်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ The Strait Times သတင်းစာကိုကြည့်လိုက်ရင် စီးပွားရေးကဏ္ဍတွေမှာ multinational ကုမ္ဗဏီကြီးတွေဟာစင်ကာပူ၊ မလေးရှား၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေမှာIPO တွေရောင်းချမယ်ဆိုတဲ့သတင်း တွေဟာထိပ်တန်းကပါနေ
ပါတယ်။

စင်ကာပူမှာ ယနေလုပ်ငန်းလုပ်ကိုင်နေတဲ့ အလတ်စားပုဂ္ဂလိကကုမ္ဗဏီ ( Pte.Ltd) တစ်ခုဟာအများ
ပိုင်ကုမ္ဗဏီအဖြစ်ပြောင်းလဲလိုတဲ့အကြောင်းရင်းများစွာရှိပါတယ်။ အမြဲတန်းအသစ်သစ်တွေပေါ်နေတဲ့ဒီက
နေ့ခေတ်မှာ ဒီဇိုင်းအသစ်တွေထုတ်လုပ်နိုင်ဖို့ငွေကြေးအရင်းအနှီးလိုအပ် လာပါတယ်။ကုမ္ဗဏီ ဟာ turn over ဘယ်လောက်ပေါ်မှာလုပ်နေပါတယ်ဆိုတဲ့ငွေကြေးပိုင်းဆိုင်ရာရပ်တည်မှုလည်းမြင့် မားလာချင်ကြ
ပါတယ်။

စားသုံးသူပြည်သူအများစုအနေနှဲ့ ကုမ္ဗဏီကိုဖြစ်စေ၊ ကုမ္ဗဏီကထုတ်လုပ်သောပစ္စည်းကိုဖြစ်စေ စိတ်ပါဝင်စားမှုနှင့် အာရုံစို်က်မှု များကိုရရှိ လိုကြပါတယ်။ ဒီအချက်တွေကြောင့်စာရင်းဝင်အများပိုင်ကုမ္ဗဏီ ( public listed company) ဖြစ်လိုကြတယ်လို့သုံးသပ်ကြ ပါတယ်။ သို့သော်ပုဂ္ဂလိကကုမ္ဗဏီအများစု
ကတော့ public listed ကုမ္ဗဏီ တွေဖြစ်လာဖို့ အတွက်အရည်အသွေးတွေလိုအပ်နေဆဲပါ။ အချို့သော
ပုဂ္ဂလိကကုမ္ဗဏီများဟာ အများပိုင်ကုမ္ဗဏီအဖြစ်မပြောင်း လဲလိုပေမဲ့ သူတို့ကုမ္ဗဏီရဲ့အစုရှယ်ယာ ဟာ ၅၀ ဦးထက်ကျော်လာပြီဖြစ်တဲ့အတွက် ကုမ္ဗဏီမှတ်ပုံတင်ရုံးကပြောင်းခိုင်းလို့ပြောင်းရတာဖြစ်ပါတယ်။

IPO ရောင်းပြီးအများပိုင်ကုမ္ဗဏီလုပ်တာကအချိန်ကြာပါတယ်။၁-၂နှစ်လောက်ကြာပေမဲ့လိုချင်တဲ့အရင်း
အနှီးကိုရောက်မလာနိုင်ဘူး။ နောက်လုပ်နည်းတစ်ခုကမြန်တယ်။အဲဒါကို Reverse Takeover RTO လို့ခေါ်ကြတယ်။လက်ရှိစာရင်းဝင်အများပိုင်ကုမ္ဗဏီနဲ့ Pte Ltd ကုမ္ဗဏီ တို့ပေါင်းလိုက်ကြတာပဲ။ merging
and acquistionလို့ခေါ်ကြတယ်။ စာရင်းဝင်အများပိုင်ကုမ္ဗဏီကို shell company လိုခေါ်တယ်။ဆိုလိုတာ
ကခရုခွံ လိုမျိုးပေါ့။ပေါင်းလိုက်ကြတဲ့အခါတော့ Pte Ltd ကုမ္ဗဏီဟာ စာရင်းဝင်အများပိုင်ကုမ္ဗဏီ
 ( public listed co) ဖြစ်သွားပါတယ်။ အဲလိုလုပ်တော့ဘာအကျိုးကျေးဇူးတွေရလာလဲ ? public listed co ဖြစ်သွားတော့ အလိုလိုတန်ဖိုးတက်လာတယ်။ အရင်းအနှီးစုစည်းရတာလွယ်ကူလာတယ်။ ပေါင်းတာ၊
ရယူတာကို ရှယ်ယာအလွှဲအပြောင်းနဲ့လုပ်လိုရတယ်။ ငွေကြေးအများကြီးမလိုအပ်ဘူး၊ IPOလုပ်ပြီးအရင်း
အနှီးစုရတာထက်အချိန်ကုန်သက်သာတယ်၊IPOလုပ်တာထက်ကုန်ကျစရိတ်အများကြီးသက်သာတယ်၊
IPO မှာရှယ်ယာဝယ်ယူမှုဟာဈေးကွက်အခြေအနေပေါ်မူတည်ပြီးအချိန်မရွေးနောက်ဆုတ်သွားနိုင်တော့
 RTO ကစွန့်စားရမှုနည်းတယ်။ မြန်မာနိုင်ငံမှာတော့ IPO တောင်ပီပီပြင်ပြင်ဖြစ်မလာသေးပါ။

မြန်မာနိုင်ငံမှာအများပိုင်ကုမ္ဗဏီတွေဖွဲ့စည်းဖို့ဆောင်ရွက်တဲ့အခါလျော့ရဲရဲရှိပါတယ်။ဒါကလည်းအပြစ်ပြော
လို့မရပါဘူး။စည်းမျဉ်းစည်းကမ်းလည်းတိတိပပ ထင်သာမြင်သာအောင်ရေးဆွဲထားတာမရှိ တဲ့အပြင်ဆိုင်ရာ
ဌာနတွေကစနစ်တကျကွပ်ကဲမှုတွေကိုမလုပ် နိုင်ကြပါဘူး။ MMSX (Myanmar Stock Exchange) ပေါ်လာ
တဲ့အချိန်ဆိုရင်တော့စည်းမျဉ်းစည်းကမ်းတွေရေးဆွဲပြီးလောက်ပါပြီ။အဲဒီကြရင်အများပိုင်ကုမ္ဗဏီတွေစနစ်တကျဖွဲ့စည်းနိုင်လိမ့်မယ်ထင်ပါတယ်။

public listed ကုမ္ဗဏီတစ်ခုဖြစ်ပြီးမောင်တိုင်ပင်လုပ်ခဲ့တဲ့ဘဏ်ကိုပဲနမုနာပြပါစေ။ ဒီဘဏ်ဟာအစိုးရနဲ့ပြည်
သူရှယ်ယာတစ်ဝက်စီပိုင်ကြ ပါတယ်။ စာရင်းဝင် (listed) ဆိုတာ စတော့အိတ်ချိန်းရှိနေလို့မဟုတ်ပါဘူး။
Myanmar Security Exchange Centre MSEC မှာစာရင်းဝင်တာကိုပြောတာပါ။ အဲဒီ MSEC အကြောင်း
အရင်အပတ်ကပြောပြ ပြီးပြီ။ စါရင်းဝင် (listed) က သစ်တောဖက်စပ်နဲ့ ဘဏ်နှစ်ခုပဲရှိပါတယ်။

ဘဏ်ရဲ့ authorised capital ကိုယခုနှစ်ဘဏ္ဍာနှစ်စမှာ တိုးမြှင့် ခဲ့ပါတယ်။ အမှန်တော့ paid- up capital ကိုတဖြည်းဖြည်းချင်းတိုးသွားရမှာပါ။ ဘဏ်ကအရင်းအနှီးတိုးလာအောင်လုပ်တော့ ဘာလုပ်မလဲဆိုတဲ့ prospectus ကိုကျေညာရပါတယ်။ နိုင်ငံခြားငွေ authorised dealer license လျှောက်ဖို့အတွက်
အရင်းအနှီးလိုပါတယ်။အမေရိကန်ဒေါ်လာ ၅ သန်းပါ။ နိုင်ငံခြားငွေကိုင်တွယ်လုပ်ကိုင်ခွင့်ရပါ
ကနိုင်ငံခြားဘဏ်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလန်းများရလာနိုင် ပြီးလုပ်ငန်းများတိုးချဲ့ နိုင်ပါတယ်။လက်ရှိဘဏ်အဆောက်အဦဟာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့အတွက်ဟောင်းနေပြီဖြစ်ပါတယ်။ဘဏ်ကိုဖြိုဖျက်ပြီးဘဏ်နှင့်အတူနိုင်ငံတကာအဆင့်မှီအထပ်မြင့်ရုံးခန်းများပါဝင်သော ၁၈ ထပ်ရှိ tower
ဆောက်လုပ်ရန်အရင်းအနှီးလိုပါတယ်။

နိုင်ငံတကာမှ လာရောက်မည့်ကုမ္ဗဏီများကို ၇ုံးခန်းများငှားရမ်းခြင်းဖြင့်ဝင်ငွေရရှိနိုင်ပါတယ်။ စီးပွားရေး
အချက်အချာကျသည့်ဒေသများတွင်ဘဏ်ခွဲများဖွင့်လှစ်ရန်ဖြစ်ပါတယ်။ဘဏ်၏၀န်ဆောင်မှုလုပ်ငန်ကိုနိုင်ငံတကာအဆင့်မှီအောင်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ဒီအချက်တွေဟာ မောင်တိုင်ပင်ဘဏ်က အနားမယူခင်
ကဆောင်ရွက်ခဲ့တာကိုနမူနာအဖြစ်တင်ပြခြင်းဖြစ်ပါတယ်။

ဘဏ်ရဲ့ ရှယ်ယာကိုထုတ်ရောင်းခဲ့တာ ၂-၃ လလောက်အတွင်းကုန်သွားခဲ့ပြီးနောက်ထပ် authorised
capital ထပ်တိုးဖို့တောင်လုပ်နေကြတယ်လို့သတင်းတွေကြားနေရပါတယ်။ ဘဏ်မှာအရင်တုံးကတော့ dividend ဘယ်လောက်ပေးသလဲဆိုတာ ရင်းနှီးချင်တဲ့သူတွေ ပထမဆုံးစုံစမ်းတဲ့အချက်ပါ။ ဒီဘဏ်ဟာ
ဘဏ်တိုး၁၂%ဖြစ်တုံးက dividend ၂၅% လောက်ပေးနိုင်ခဲ့ပါတယ်။ဘဏ်တိုးထက် ၂ဆလောက်ဖြစ်နေ
တော့ဒီဘဏ်ရဲ့ရှယ်ယာကိုဝယ်ချင်သူတွေများခဲ့ပါတယ်။ အခုတော့အတိုးနှုန်းလည်းလျော့လာတော့ အဲဒီပမာဏ ကိုမပေးနို်င်တော့ပါ။ မောင်တိုင်ပင်တို့မြန်မာပြည်သူတွေဟာငွေပိုငွေလျံလေးတွေရှိနေရင်ဘဏ်
တိုးတွေကောင်းခဲ့တုံးကဘဏ်မှာ saving account ဖွင့်ပြီးအပ်နှံထားကြပါတယ်။သိန်း၁၀၀၀လောက်အပ်
ထားလို့ကတော့ဘဏ်တိုးကောင်းတုံးကဆိုရင်အိမ်ထောင်စုတစ်စုအနေနဲ့ကောင်းကောင်းထိုင်စားနိုင်ပါ
တယ်။အပေါင်နဲ့ ၃ိတိုး အပေါင်မပါ ၅ိ တိုးတို့ဆိုတာအချိန်မရွေးဆုံးသွားနိုင်ပါတယ်။

တခြားရင်းနှီးမြုပ်နှံမှုအခွင့်အလန်းတွေမရှိတော့ ပြည်သူတွေဟာရှယ်ယာခေါ် ပြီဆိုရင်ခေါင်းထောင်ကြည့်
ကြပါတယ်။ ဒီဘဏ်ရဲ့IPOနှင့်ပတ်သက်ပြီးနောက်မှသိလာရတာကတော့ဘဏ်ရဲ့ရှယ်ယာတန်ဖိုးဟာ
အနိမ့်ဆုံးမှာဖြစ်သင့်တာကိုပါ။ဘဏ်ရဲ့ ယခင်ရှယ်ယာတန်ဖိုးက ၅၀၀၀ ကျပ် ပါ။ နောက်တစ်သိန်းကျပ်
ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ အမှန်တော့ရှယ်ယာတန်ဖိုးကိုအနိမ့်ဆုံးထားတာ အကောင်းဆုံးဖြစ်
ပါတယ်။စင်ကာပူမှာ IPO စရောင်းပြီဆိုရင် ဆင့်၂၀ မှ ၃၀ အတွင်း (မြန်မာကျပ်ဆိုရင် ၁၃၀ ကျပ် -၁၈၀ ကျပ်)မှာပဲသတ်မှတ်ကြပါတယ်။ MMSX ပေါ်လာရင်ရှယ်ယာဟာ ၅၀၀၀ကျပ်ကနေ ၇၀၀၀ - ၈၀၀၀ လောက်အထိဝယ်လိုအားပေါ်မူတည်တက်သွားရင်ရာခိုင်နှုန်းကများပါတယ်။ အခုရှယ်ယာက
 ၁ သိန်းကျပ်ဆိုတော့ ၁၀၀၀၀ ကျပ်လောက်တက်တောင်မှ ရာခိုင်နှုန်း ကနည်းနည်းပဲတက်လာနိုင်တယ်။ ဒါတွေဘာကြောင့်ပြောနေရသလဲဆိုတော့ သင်္ခဏ်းစာယူနိုင်အောင်ပါ။ အတွေ့အကြုံတွေအရလက်တွေ့ လုပ်ရင်းကိုင်ရင်းနဲ့ သိလာတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တော့ဒီဘဏ်ဟာ public listed co ဖြစ်တဲ့အတွက် public listed မဖြစ်သေးတဲ့ အခြားဘဏ်တစ်ခုခု က RTO စနစ်နဲ့ merger and acquistion လာလုပ်နိုင်ပါတယ်။ IPO ရောင်းပြီ:လုပ်တဲ့စနစ် ထက်မြန်နိုင်တာပေါ့။                        

ပြည်သူတွေဟာကုမ္ဗဏီတွေရှယ်ယာရောင်းမယ်ဆိုရင်နီးစပ်ရာကျွမ်းကျင်တဲ့သူတွေကိုဒီရှယ်ယာဝယ်ထား
ရင်ကောင်းမလားနဲ့တိုင်ပင်ကြပါတယ်။  အခုလိုရှယ်ယာခေါ်တယ်၊အများပိုင်ကုမ္ဗဏီတွေထောင်မယ်
 ဆိုရင် လူလတ်တန်းစားတွေကရင်းနှီးဖို့စဉ်းစားကြပါတယ်။ ဘယ်သူကိုမေးရမလဲ၊ ဘယ်အချက်အလက်
တွေကိုကြည့်ရမလဲ၊အကျိုးရှိပါမလား၊အစုပေါ်ကအမြတ်ငွေနှစ်ကုန်တဲ့အခါအစုပေါ်က ၀င်ငွေ ဘယ်လောက်
ရမလဲ၊ အဲလိုကျေညာတဲ့အချိန်ကြရင်မစားရ၀မခန်းပါ။ လွန်ခဲ့သော နှစ်တော်တော်ကြာကြာက ယနေ့နံမည်
ကြီးစီးပွားရေးသမား ဦး ဆောင်တဲ့အများပိုင်ကုမ္ဗဏီမှာအစုရှယ်ယာကိုမောင်တိုင်ပင်ဝယ်ထား ဘူးပါတယ်။

ပထမတစ်နှစ်တော့အစုအပေါ်အမြတ်ငွေခွဲဝေပေးမှုရခဲ့ပါတယ်။နောက်တစ်နှစ်ဘဏ်တိုးလောက်တောင်
မရခဲ့ပါ။နောက်ပိုင်းမရခဲ့တဲ့နှစ်တွေလည်းရှိပါတယ်။လူလည်ကြီးသားသမီးများကတော့ချမ်းသာပြီးရင်းချမ်း
သာခဲ့ပေမဲ့မောင်တိုင်ပင်တို့ခမျာများမှာတော့--- အမယ်အဆောက်အဦနေရာထိုင်ခင်းကတော့အပျံစားပဲ၊
အဲတော့မောင်တိုင်ပင်အထင်ကြီးမိတာပေါ့လေ၊နောက်တော့လုပ်ငန်းရှင်တစ်ယောက်ကိုရှယ်ယာပြန်လွှဲ
ပြောင်းရောင်းချလိုက်လို့ အရှုံးနည်းနည်းသက်သာခဲ့ပါတယ်။ဒါကိုဘာကြောင့်ပြောနေရလဲဆိုတာ အများပိုင်ကုမ္ဗဏီထောင်မယ်ဆိုရင်ပြည်သူအများစုကစိတ်ဝင်စားကြတယ်။ ရှယ်ယာဝယ်ပြီးရင်း
နှီးမြုပ်နှံချင်ကြတယ်။ အဲဒီလို အများပိုင်ကုမ္ဗဏီထောင်မယ်လို့ကျေညာပြီးထောင်တဲ့အခါစည်း
မျဉ်းစည်းကမ်းနဲ့မဟုတ်ပဲမျက်နှာလွှဲခဲပစ်လုပ်ခဲ့ ရင်ရှယ်ယာရှင်တွေပဲနစ်နာဆုံးရှုံးရတာဖြစ်ပါတယ်။

အခုလည်း ပဲအသင်း၊ရွှေအသင်း ကဦးဆောင်ကာအများပိုင်ကုမ္ဗဏီတွေဖွဲ့ကြမယ်ဆိုပြီးအင်တာနက်သတင်း
တွေမှာဖတ်ရပါတယ်။ ဆန်စပါးအသင်းဆိုရင်လည်းလွန်ခဲ့သော လအနည်းကအများပိုင်ကုမ္ဗဏီဖွဲ့ဖို့စတင်
ကြိုးပမ်းခဲ့ကြပြီးသက်ဆိုင်ရာကုမ္ဗဏီမှတ်ပုံတင်ရုံးမှာတင်ပြထားပြီလို့သိရပါတယ်။MMSX မပေါ်ပေါက်ခင်
မှာအခုလိုအသင်းတွေကနေအများပိုင်ကုမ္ဗဏီတွေဖွဲ့ဖို့ စိုင်းပြင်းလာကြခြင်းဟာဒီအသင်းလုပ်ငန်းမှာပါဝင်
ပတ်သက်နေတဲ့ stakeholdersအားလုံးပါဝင်ခွင့်ရအောင်ဖန်တီးမှာဖြစ်တဲ့အပြင် အသေးစား၊အလတ်စား
အကြီးစားရင်းနှီးမြုပ်နှံမှုပြုလုပ်ချင်ကြတဲ့ပြည်သူအများစုရဲ့ ပြင်းပြတဲ့ဆန္ဒတွေကိုဖြည့်ဆည်းရာရောက်ပါ
တနည်းအားဖြင့်ကိုယ့်ငွေလေးဆုံးရှုံးသွားမှာကြောက်ပြီး ဘဏ်လည်းမအပ်ရဲကိုယ့်အိပ်ရာဖျာအောက်မှာ
သိမ်းဆည်းထားတဲ့ငွေကြေးတွေဟာအကျိုးရှိရှိရှယ်ယာဝယ်ရင်းနှီးမြုပ်နှံနိုင်မှာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေ
ဟာမြန်မာမှာအကြီးဆုံးလုပ်ငန်းတွေလို့ဆိုရင်မမှားပါဘူး။ ဆန်စပါးအများပိုင်ကုမ္ဗဏီဖွဲ့ ဖို့ဆွေးနွေးစဉ်တုံး
ကတော့ နိုင်ငံခြား ကအတွေ့အကြုံရှိပြီးသား CEO တောင်ငှားမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ လုပ်ငန်ကြီးတွေဖြစ်တဲ့အပြင်အသင်းအဖွဲ့တွေကတာဝန်ရှိသူတွေဦးဆောင်လုပ်မှာဆိုတော့ပြည်သူတွေက
ယုံကြည်ပြီးရှယ်ယာတွေဝယ်ကြလိမ့်မယ်လို့ထင်ပါတယ်။ 

Aussino ၏ဆိုင်တစ်ဆိုင်


စင်ကာပူမှာ အများပိုင်ကမ္ဗဏီတွေအကြောင်းဖေါက်သည်ချရရင် The Aussino Groupဟာမျက်နှာသုတ်
ပုဝါ၊အိပ်ရာခင်းစတဲ့လူအသုံးအဆောင်ပစ္စည်းများထုတ်လုပ်တဲ့ကုမ္ဗဏီဖြစ်ပါတယ်။ဒီကုမ္ဗဏီဟာ မြန်မာက ဦးဇော်ဇော် အုပ်စုဖြစ်တဲ့ Max Strategic Investments ကုမ္ဗဏီပိုင်ရှယ်ယာများကိုဝယ်ယူပြီးမြန်မာနို်င်ငံမှာ
 လောင်စာဆီဆိုင်များဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါတယ်။Max Strategic Investments ကုမ္ဗဏီ
ဟာစင်ကာပူမှာpublic listed ကုမ္ဗဏီအဖြစ်မှတ်ပုံတင်ထားရှိပြီးစင်ကာပူ စတော့အိတ်ချိန်းမှာ
ရှယ်ယာအရောင်းအ၀ယ်လုပ်လျှက်ရှိပါတယ်။Aussino ကယင်းသို့ဝယ်ယူရာတွင် Reverse Takeover RTO စနစ်ဖြင့်ဝယ်ယူသွားမှာဖြစ်ပါတယ်။အဲဒီစနစ် ကိုနောက်ပိုင်းမှာ အသေးစိပ်ဆက်လက်ရှင်း
လင်းသွားပါမယ်။Aussino Group ဟာအဆိုပါလုပ်ငန်းအတွက် စင်ကာပူဒေါ်လာ ၆၀ သန်းရင်းနှီးမြုပ်နှံမယ်
လို့ကျေညာပြီးနောက်ပိုင်းမှာ Aussino ရဲ့ရှယ်ယာများဟာ  ၁၅ လကျော်အတွင်း၂၂% တက်လာခဲ့ပါတယ်။

ဒီအချက်ကိုအထူးမီးမောင်းထိုးပြလိုတာက မြန်မာ ဟာ emerging market အဆင့်ကိုရောက်စပြု
နေပြီဆိုတာပါ။မြန်မာရဲ့ သယံဇာတကြွယ်ဝမှုဟာလည်း အခုချိန်မှာနို်င်ငံတကာကုမ္ဗဏီတွေအတွက်စိတ်
ဝင်စားစရာကောင်းနေပါတယ်။ ဒါကြောင့်မြန်မာကုမ္ဗဏီအများစုဟာပြည်တွင်းဈေးကွက်မှာပဲ ကျင်လည်မနေသင့်တော့ပဲပြင်ပကမ္ဘာမှာဘာတွေဖြစ်နေတယ်ဆိုတာထွက်လေ့ လာဖို့ကောင်းနေပါပြီ။