Showing posts with label ဆန်စက်အင်ဂျင်နီယာ. Show all posts
Showing posts with label ဆန်စက်အင်ဂျင်နီယာ. Show all posts
Friday, November 30, 2018
ဆန်စက်အင်ဂျင်နီယာ
၁၉၈၁ခုနှစ်ကမောင်တိုင်ပင်ဟာအိန္ဒိယနိုင်ငံ Indian Institute of Technology, Rice Processing Center မှာ Rice Milling Engineer’s Training Program ကိုဗြိတိသျှ အစိုးရစကော်လားရှစ်ဖြင့်တက်ရောက်ခဲ့ပါတယ်--ဒီသင်တန်းဟာ မောင်တိုင်ပင်အတွက် tailor made သင်တန်းဖြစ်ပါတယ်--ပထမတော့ သီရိလင်္ကာနိုင်ငံကအင်ဂျင်နီယာ ယောက်နဲ့အတူတွဲပြီးသူတို့အတွက်ရေးဆွဲထားတဲ့Training Program ကိုတက်ရောက်ခဲ့ပါတယ်-- အဲဒီအချိန်က မြန်မာနိုင်ငံက Rice Milling Engineer တွေဟာသင်တန်းတက်ကြတဲ့အခါ ဂျပန်နိုင်ငံ နဲ့ အမေရိကန်ပြည်ထောင်စုကတက္ကသိုလ်တွေမှာသွားရောက်သင်ကြားကြပါတယ်--
Rice Process Engineering Center မှာ Dr N.G. Bhole. Mr Satish Bal, စတဲ့ပါမောက္ခဆရာတွေဟာဝမ်းစာပြည့်ကြပါတယ်--ဆန်စက်အင်ဂျင်နီယာဆိုင်ရာပညာရပ်သာမက အခြားဆက်စပ်တဲ့ပညာ
ရပ်တွေလည်းသင်ကြားပေးနိုင်ပါတယ်-- ဤသင်ခမ်းစာကို ဆရာတွေသင်ကြားပြသတဲ့ lecture notes တွေကနေထုတ်နှုတ်ရေးထားခြင်းဖြစ်ပါတယ်--သင်တန်းကာလ လမှာမောင်တိုင်ပင်တစ်ဦး
ကျောင်းတက်နေရင်းသိရိလင်္ကာက Ph D လာလုပ်နေတဲ့ကျောင်းသားတစ်ယောက်နဲ့လည်း သူအတွက်စပယ်ရှယ်လုပ်ပေးခဲ့တဲ့သင်တန်းလည်းတူတူတက်ခဲ့ရဘူးပါတယ်--နောက်ဆုံး တမိလ်နာဒူး ပြည်နယ် Thiruvarur မှာရှိတဲ့ Rice Research Institute မှာ ဆန်စပါးနဲ့ ပတ်သက်တဲ့သုတေသနလုပ်ငန်းတွေကိုလည်းသွားရောက်လေ့လာခဲ့ရပါတယ်--
ပြန်လာပြီး မောင်တိုင်ပင် ပီတီအေစီ မှာတာဝန်ထမ်းဆောင်တဲ့အခါ ဆန်စပါးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေရေးခဲ့ပါတယ် --ယနေ့အထိ လက်ကမ်းစာစောင်တွေကို ဆန်စပါးရိတ်သိမ်းချိန်လွန် လုပ်ငန်းလုပ်နေသူတွေမှီငြမ်းပြုနေဆဲပါ--ဆန်စက်စစ်ဆေးနည်းလက်စွဲ ကိုရေးခဲ့တာတော်တော်ကြာပါပြီ-- MAPCO ကဆန်စက်အင်ဂျင်နီယာသင်တန်းဖွင့်တော့မယ်ဆိုတော့ ပြန်သတိရလာပြီး ပီတီအေစီက တပည့် ယဉ်ယဉ်ဆွေဆီအကူအညီတောင်းပြီး စါကြည့်တိုက်မှာ ရှာခိုင်းရပါတယ်--တွေ့တာနဲ့ဖေါ်မြူလာတွေပါနေတာကြောင့် ULS ကတပည့် ဇော်ဝင်းနိုင်ကို ကွန်ပျူတာစာစီခိုင်းရပါတယ်-- ပြီးတဲ့အခါ သင်တန်း Resource Person တွေဖြစ်တဲ့ ကိုလှဆင့် နဲ့ ကိုအောင်သန်းဦးဆီပို့လိုက်ရပါတယ်--သင်တန်းမှာသင်သလား  မသင်ဘူးလား တော့ မသိပါ-- အခုဆန်စက်တွေတော်တော်များများမြန်မာမှာတည်ဆောက် လာတဲ့အခါအသုံးဝင်လိမ့်မယ်လို့ ထင်တဲ့အတွက် Facebook မှာပြန် လည်ဆန်းသစ်လိုက်ပါတယ်-- SATAKE က ကို  Kyaw Tun BUHLER က ကို   Htin Aung တို့ ကိုမေတ္တာရပ်ခံချင်တာကတော့ ဆန်စက် machinery တွေရဲ့ performance index တွေကိုအချိန်ရရင်စမ်သပ်ကြည့်ကြပါလို့ မှာချင်ပါတယ်-- မှားနေရင်လည်းပြင်ပေးပါ လို့မှာချင်ပါတယ်---
အားလုံးကျန်းမာချမ်းသာကြပါစေ--