Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts
Friday, November 30, 2018
စီးပွားရေးဒဏ်ခတ်ခံရခြင်း
တွေးမိတာလေးတော့ပြောပါရစေ--အရပ်သားအစိုးရလက်ထက်မှာစီးပွားရေးတိုးတက်လာလိမ့်မယ်လိုအစကမျှော်လင့်ထားခဲ့ပါတယ်--အကြောင်းကြောင်းကြောင့်take off position တောင်ရောက်မလာတော့--အင်းလေ-- ၃နှစ်ခွဲတောင်ကျန်သေးတာပဲဆိုပြီး ကိုယ့်မျှော်လင့်ချက်ကိုပြန်အားတင်းခဲ့ပါတယ်--ဟောတစ်ခါ-- ခေါတောကုလားတွေကိစ္စပေါ်လာတော့ UN အပါအဝင်ကမ္ဘာနဲ့ချီပြီးမြန်မာကိုဝိုင်းတွယ် နေကြပါတယ်--နောက်ပြည်တွင်းမှာလည်းညီညွတ်ရေးက fragile ဖြစ်တဲ့အနေအထားကြောင့် နုနယ်သေးတဲ့ မြန်မာ့ဒီမိုကရေစီဟာလည်းအချိန် မရွေး fragile ဖြစ်နေပြီလားလို့သံသယဖြစ်မိတယ်--
တစ်ခုတော့ရှိတယ်--စိန်ခေါ်မှုတွေအများကြီးဖြစ်ပေါ်လျှက်ရှိတယ်--တစ်ဖက်ဖက်ကလှုပ်လို့တော့မရဘူး-- လှုပ်တာနဲ့တိုင်းပြည်ကြီးစုံးစုံးမြုပ်သွားမဲ့အနေအထားတစ်ခုရောက်နေသလိုခံစားနေရတယ်--ဒီအချိန်မှာ နိုင်ငံရေး-စစ်ရေး-လုံခြုံရေး ဘယ်လိုကစားမလဲ--ပြည်တွင်းအခြေအနေတွေ- ပြည်ပကထိုးနှက်ချက်အခြေအနေတွေ-- မိတ်ဆွေနိုင်ငံလို့ယူဆထားတဲ့နိုင်ငံတွေကသမာသမတ်ကျတဲ့အပြုအမူမျိုးတွေမတွေ့ရတော့တာတွေ ဟာကြီးမားတဲ့စိန်ခေါ်မှုတွေပါ-- မြန်မာနိုင်ငံသားမှန်လျှင်ခံစားနေရတဲ့ အမြင်အယူအဆနဲ့ ကမ္ဘာကမြင်တဲ့အယူအဆမတူညီနိုင်မှုဟာ မြန်မာနိုင်ငံအတွက်အန္တရာယ်ကြီးမားပါတယ်--မြန်မာလူထုနဲ့နီးစပ်ခဲ့ဘူးသူတွေကမြန်မာလူထုခံစားချက်ကိုသဘောပေါက် နားလယ်ခဲ့ပေမဲ့ ကမ္ဘာတစ်ခုလုံးကမြင်နေတဲ့ ယူဆနေတဲ့ အမြင်ကိုပြောင်းလဲအောင်မလုပ်နိုင်သေးတာအန္တရာယ်တစ်ခုပါ--ဒီအခြေအနေကိုနားလယ်သဘောပေါက်နေတဲ့ ခေါင်းဆောင်တွေကကမ္ဘာကအမြင်သဘောထားတွေကိုဘယ်လိုပြောင်း လဲပေးနိုင်ပါမလားဆိုတာသေးငယ်သောမျှော်လင့်ချက်လေးပါ-- ကမ္ဘာတစ်ခုလုံးက မူစလင်radicalism အားကောင်း နေချိန်နဲ့တိုက်ဆိုင်နေတော့ မမျှော်လင့်ရဲတာပါ--
ဒီလက်ရှိအစိုးရတစ်နည်းနည်းနဲ့ ပြုတ်ကျပြီးနောက်ဘယ်သူပဲတက်တက်ဒီနေ့ဖြစ်နေတဲ့ အခြေအနေကိုပိုကောင်းလာအောင်လုပ်နိုင်လိမ့်မယ်လို့မထင်ပါ--အဆိုးဆုံးကတော့ တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာဖို့အတွက်ဦးစားပေးနေရာမပေးနိုင်တာကိုစိတ်မကောင်းမိပါတယ်--it makes politically difficult to invest in Myanmar because of Rakhine conflict and every leader had condemned Myanmar —ဆိုတော့ ရင်းနှီးမြုပ်နှံမှုလည်းလျော့သွားဖို့ပဲရှိနေတော့မယ်--ဆန်၊ပဲမျိုးစုံ၊ငါးပုဇွန်၊သစ်၊စတဲ့ export မှာလောက်လောက်လားလား ဆန်တစ်ခုကလွဲလို့ တိုးတက်မှုကမရှိတော့ပါ--ဒီခေါတောကုလား ကိစ္စကို မြန်မာဘက်ကဆက်ပြီးခေါင်းမာနေမယ်ဆိရင်
မြန်မာ့စီးပွားရေးကိုဒဏ်ခပ်ပိတ်ဆို့ဖို့ လုပ်လာနိုင်ဖွယ်ရှိပါတယ်--
ခေါတောကုလားကိစ္စကြောင့် မြန်မာလူထုဟာ ဘယ်သူကကိုယ့်ဖက်မှာရှိတယ်--ဆိုတာထင်ထင်ရှားရှားသိလာရတယ်--မြန်မာတွေစည်းစည်းလုံးလုံးဖြစ်လာစေနိုင်တဲ့အပြုအမူတစ်ခုခေါင်းဆောင်ပိုင်းကလုပ်ဖို့လိုနေပါပြီ-- တစ်ယောက်ယောက်က  ကြောင်တဲ့ လုပ်ရပ်များအပြောအဆိုအပြုအမူများတော့သတိထားစေချင်တယ် အခက်အခဲအကြပ်အတည်းကြားက မြန်မာပြည်သူအများစုစည်းစည်းလုံးလုံးဖြစ်မယ်ဆိုရင်အားလုံးကိုတွန်းလှန် နိုင်လိမ့်မယ်လို့ယူဆပါတယ်--
Wednesday, November 28, 2018
What's in your mind ?
ဒီနေ့ဒီမိုကရက်တစ်အစိုးရလက်ထက်မှာစီးပွားရေး မူဝါဒ ၁၂ ချက်တော့ရေးဆွဲထားပါတယ်-- မြန်မာ စီးပွားရေးဝန်းကျင်ကိုကြည့်လိုက် မယ်ဆိုရင်လူငယ်လူလတ်တွေအများစုဖ္ဆြစ်နေပါတယ် -- ကျနော်ကုန်သွယ်ရေးမှာ လုပ်ခဲ့စဉ်က ချာတိတ် လို့သတ်မှတ်ထားတဲ့လူငယ်တွေဟာယနေ့ စီးပွားရေးဦးဆောင်မှုအပိုင်းမှာ လူလတ်နေရာကဦးဆောင်နေကြပါတယ်-- အသစ်အသစ်သောလူငယ်တွေလည်းတစ်နေ့ တစ်ခြားပေါ်လာနေပါတယ်--UMFCCI လည်းယနေ့ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာ ကျနော်တို့ လုပ်ခဲ့စဉ်အချိန်ကလို သွက်သွက်လက်လက်မရှိပဲ ထိုင်းမှိုင်းနေသလား ခံစားရပါတယ်--သူ့ role တောင်ပျောက်နေ သလောက်ပါပဲ--
လူငယ်လူလတ်စီးပွားရေးသမားတွေ ဘာလုပ်ချင်ပါသလဲ  သူတို့အာသီသတွေကို နားလည်ထားမိဖို့ လိုပါတယ်--ကျနော်တို့တုံးက စီးပွားရေးသမားတွေအနက် cash flow နဲ့ပတ်သက်ပြီး million USD ပြောနိုင်တဲ့ပုဂ္ဂိုလ်တော်တော်နည်းတာကိုသတိပြုမိပါတယ် -- ဒီကနေ့ လူလတ်စီးပွားရေးသမားတွေ နှုတ်ဖျားမှာတော့ cash flow နဲ့ပတ်သက်ပြီး million USD ဟာလူတိုင်းနီးပါးပြောနိုင်နေတယ်ဆိုတာတွေ့နေရပါတယ်--ဆိုလိုတာကတော့ cash flow ကြီးမားလာပါတယ် --
မြန်မာမှာ manufacturing sector ကတော့တိုးတက်ဖွံဖြိုးလာဖို့ အားယူနေဆဲပါ-- MNC ကုမ္ပဏီတွေလာရောက်ရင်းနှီးမြုပ်နှံတဲ့အခါ ပြည်တွင်း manufacturing ကုမ္ပဏီတွေဟာသူတို့ကိုအထောက်အကူပြုမဲ့ downstream Industry တွေအဖြစ်ပြောင်းလဲဖို့ပြင်ဆင်ရပါမယ်-- ပြင်ဆင်မယ်ဆိုတာ အကုန်ပါပဲ--HR ပါမယ် လျှပ်စစ်ပါမယ် logistic ပါမယ် ဒါတွေကိုလူငယ် စီးပွားရေးပညာရှင်တွေပြင်ဆင် ထားကြလိမ့်မယ်ထင်ပါတယ်-- 
သမ္မတကြီးဦးဝင်းမြင့် လက်ထက်မှာ တော့ trend တွေပြောင်းလိမ့်မယ်ထင်ပါတယ်-- mind set အဓိကပြောင်းကြဖို့ပါ-- နေရာတိုင်းနေရာတိုင်းမှာ လူကြီးတွေက ကုလားထိုင်ကဖယ်မပေးချင်ကြတာအဆိုးဆုံးပါ--ကြည့်တတ်ရင်မြင်ပါတယ်--လူငယ်လူလတ်စီးပွားရေးသမားတွေ ကြိုက်တဲ့စီးပွားရေး model ကဘာလဲ?  phase by phase ဘယ်လိုပြောင်းလဲအသုံးပြုကြမလဲ ? သဘောထားကွဲနိုင်ပါတယ်  ဆွေးနွေးရင်းအဖြေရှာကြပါမယ်--
ကျန်းမာပါစေ   ချမ်းသာပါစေ
Outsourcing လုပ်ခြင်း
မန်မာမှာပုဂ္ဂလိကအပိုင်းကတော့ outsourcing ကိုတွင်တွင်ကျယ်ကျယ်လုပ်နေပါပြီ--ရင်းနှီးမြုပ်နှံမှု
လုပ်လာကြတဲ့နိုင်ငံခြားကုမ္ပဏီတွေကလည်းသူတို့ လိုတဲ့ပစ္စည်းတွေထုတ်လုပ်ပေးမဲ့ ပြည်တွင်းကုမ္ပဏီတွေတည်ထောင်ပေါ်ထွက်လာဖို့မျှော်မှန်းနေကြပါပြီ--ယခုလက်ရှိရွှေပြည်သာ၊လှိုင်သာယာ၊စတဲ့စက်မှုဇုန်တွေကပြည်တွင်းစက်ရုံတွေဟာမူလစက်ရုံလုပ်ငန်းတွေမှရင်းနှီးမြုပ်နှံလာသူတွေရဲ့ downstream industry စက်ရုံတွေအဖြစ်မကြာခင်သောကာလအတွင်းမှာပဲပြောင်းလဲလုပ်ကိုင်မှုတွေ တွေ့ လာရတော့မှာပါ--
တလောကလုပ်ငန်းရှင်တစ်ယောက်နဲ့နေ့လည်စာစားရင်းပြောပြတာကတော့ တချို့စက်ရုံတွေထုတ်လုပ်ကြတဲ့အခါ သူတို့က outsourcing ကိုထိုင်း နဲ့ တရုတ်မှာသွားလုပ်တဲ့အတွက် ဒေါ်လာတွေအပြင်ထွက်သွားရပါကြောင်း၊သူတို့လိုချင်တဲ့ quality မျိုးပြည်တွင်းမှာပဲ outsourcing လုပ်မယ်ဆိုရင် သူတို့ထုတ်လုပ်တဲ့စက်တွေကိုအဆင့်မီအောင်လုပ်သွားမှာဖြစ်ကြောင်း၊ဈေးကွက်မသေချာသေးပဲ စက်တွေကိုအဆင့်မြှင့်မယ်ဆိုပါကရင်းနှီးရမဲ့ငွေကြေးပမာဏကများပြားသည့်အတွက်သေချာချိန်ဆရမှာဖြစ်ကြောင်းပြောပြပါတယ်--
ကျနော်ပြောချင်တာက အစိုးရဌာနများရဲ့ outsourcing လုပ်တာကိုပါ။ အများသိကြတဲ့အတိုင်း အစိုးရဌာနတွေကို E government စနစ်ဖေါ်ဆောင်ဖို့စိုင်းပြင်းနေကြတာတော်တော်ကြာလှပါပြီ--
outsourcing အဖြစ်ဘာလို့မငှားနိုင်ကြတာလဲ? အခုကိုသန်းဝင်းတင်ထားတဲ့ ပိုစ် ဟာအရပ်သားအစိုးရ လုပ်သင့် လုပ်ထိုက်တာတွေကို မီးမောင်းထိုးပြနေတာပါ။
Outsourcing is a business practice in which a company hires another company or an individual to perform tasks, handle operations or provide services that are either usually executed or had previously been done by the company's own employees.
လက်ရှိမြန်မာစီးပွားရေး
Doing business ranking က နှစ်မပြောင်းမလဲပဲအောက်ဆုံးနားမှာပဲ( ယခုနှစ် ၁၇၁ ) ရှိနေသေးတဲ့အတွက် အားမလိုအားမရဖြစ်သံတွေ ဝေဖန်သံတွေ social media တွေ ဂျာနယ်တွေမှာ ထွက် လာကြပါတယ်၊ ဒါဟာ လက်ရှိအစိုးရကိုနိုပ်ကွက်တယ်လို့မမြင်စေချင်ဘူး---ဝေဖန်သုံးသပ်ချက်တွေအနက် highlight လုပ်ပြရရင် စည်းမျဉ်းစည်းကမ်းချက်သတ်မှတ် ချက်တွေဖြေလျော့ပေးမှုနည်းတာတွေ၊ဥပဒေပိုင်းဆိုင်ရာအားနည်းတာတွေ၊ကျွမ်းကျင်အလုပ်သမားပြည့်စုံလုံလောက်မှု မရှိသေးတာတွေ၊ငွေကြေးနှင်ပတ်သက်၍အခြေခံအဆောက်အဦမရှိသေးတာတွေ၊ဈေးကွက်ထိုးဖေါက်ဝင်ရောက်ဖို့ခက်ခဲတဲ့ အဟန့်အတားတွေရှိနေသေးတာတွေထောက်ပြကြပါတယ်--အရေးကြီးဆုံးကတော့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး protectionism ကိုပြည်တွင်းကုမ္ပဏီတွေကော အစိုးရတာဝန်ရှိသူတွေကောကျင့်သုံး နေကြတယ်လို့ ပြောကြပါတယ်--ဥပမာပြောရရင် ဘဏ်တွေ၊ ငွေကြေးလုပ်ငန်း equity firm တွေ၊ အာမခံလုပ်ငန်းတွေ၊ စက်သုံးဆီဆိုင်လုပ်ငန်းတွေ၊မှာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေကိုလုပ်ကိုင်ခွင့်မပြုသေးပါဘူး။ တလောလေးကမှပဲနိုင်ငံခြားကုမ္ပဏီတွေကို permit to trade ပေးလိုက်တာပါ
Protectionism ကိုနိုင်ငံခြားသားဝေဖန်သူတွေကအဓိကဇောင်းပေးထောက်ပြဝေဖန်ကြပါတယ်။ တိုက်တိုက်ဆိုင်ပါပဲယနေ့ ST ထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကရှန်ဟိုင်းမှာကျင်းပတဲ့ major import trade fair မှာတရုတ်သမ္မတ ရှီကျင်းပင်ကတရုတ်အနေဖြင့်ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကိုဆန့်ကျင်ကြောင်း၊လွတ်လပ်သောကုန်သွယ်မှုကိုဖေါ်ဆောင်မည်ဖြစ်ကြောင်း နိုင်သူအကုန် စားသည့်တောတောင်ဥပဒေ မျိုးမရှိနိုင်တော့ပါကြောင်းပြောကြားသွားတယ်လို့သ တင်း မှာဖတ်ရပါတယ်
တရုတ်ကုမ္ပဏီတွေက intellectual property right ကိုမလေးစားပဲ နည်းပညာတွေခိုးယူတယ်လို့သတင်းတွေထွက်ပေါ်လာချိန်မှာသမ္မတ ရှိရဲ့ သုံးသပ်ချက်တွေထွက်ပေါ်လာဖြစ်ပါတယ်၊သမ္မတရဲ့ပြောကြားချက်က နိုင်ငံခြားကုမ္ပဏီတွေကိုအာမခံချက်ပေးလိုက်သလိုပြည်တွင်းကုမ္ပဏီတွေကိုလည်းတရုတ်အစိုးရရဲ့အာဘော်ကိုအသိပေးလိုက်သလိုဖြစ်သွားပါတယ်--
ကျနော်တို့နိုင်ငံမှာတော့ခေါင်ဆောင်တွေက ကိုယ်ကျိုးစီးပွားကာကွယ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးပြောကြားတာတော့မကြားရသေးပါ--လတ်တလောပေးမဝင်သေးတဲ့ ကဏ္ဍတွေမှာပြည်တွင်းကကုမ္ပဏီတွေကိုပဲလုပ်ခွင့်ပြုထားပြီးဒီတိုင်းရင်းသားကုမ္ပဏီတွေအနေနဲ့အရာရာကိုယှဉ်လိုက်ရင်ပြိုင်နိုင်တဲ့အနေအထားမရှိသေးသဖြင့်အစိုးရမှအဖက်ဖက်ကစဉ်းစားကာတုန့်ဆိုင်းနေဟန်တူပါတယ်-- ပြည်သူတွေဖက်ကအမြင်ကလည်းဒီတိုင်းရင်းသားကုမ္ပဏီတွေဟာရတုန်းရခိုက်မှာကိုယ် ကျိုးစီးပွားအတွက်အသေဝုန်းလိုက်မယ်ဆိုတဲ့စိတ်ထားနဲ့စီးပွားရေးလုပ်နေသူတွေဖြစ်လို့သူတို့ကိုကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်လာစေပြီး ယှဉ်ပြိုင်စေချင်တဲ့ဆန္ဒရှိနေတာပါ-ကျနော်တို့အနေနဲ့နွားခြေရာကွက်လေးထဲမှာပဲရှိနေသေးတဲ့အတွက် global trade ရဲ့သဘောတရားတွေကိုကောင်းစွာသဘောပေါက်ဟန်မတူပါ--ကုန်သွယ်ရေး  ငွေကြေးကဏ္ဍသယ်ယူပို့ဆောင်ရေး ( logistic) စတဲ့ကဏ္ဍတွေဟာတစ်ခုနှင့်တစ်ခုဆက်နွယ်မှုရှိနေပြီး network သဖွယ်တည်ဆောက်အသုံးချနိုင်ပါမှကဏ္ဍတိုင်းမှာအောင်မြင်မှာပါ။ ခက်တာကအသင်းတာဝန်ရှိသူတွေဟာပြည်သူတွေကိုငပိန်းတွေလိုမှတ်ပြီးအင်မတန်ဝေဝါးစေတဲ့အပြောတွေ public မှာပြောတဲ့အခါမခံရပ်နိုင်တဲ့ပြည်သူတွေကပြန်လှန်ထောက်ပြလိုက်တဲ့အခါစကားအဖတ်တင်တာသာကျန်ခဲ့ပါတော့တယ်၊ ကိုယ်ကျိုးစီးပွားကာကွယ်မှု ကျင့်သုံးတာကြောင့် ပြည်သူကိုအနည်းနှင့်အများထိခိုက်စေနေတယ်ဆိုရင် ပြန်မသုံးသပ်သင့်ပါလား?ဖြစ်စေချင်တာတော့ သူများပါးစပ်လမ်းမဆုံးစေချင်ဘူး-- ယုံကြည်စိတ်ချရတဲ့ လူငယ် aide တွေထားပြီးသုံးသပ်ကြည့်စေချင်ပါတယ်
Monday, November 26, 2018
စီးပွားရေးတိုးတက်ဖို့ လူဘိန်းအတွေး
စီးပွားရေးအောင်မြင်ရန် data သတင်းအချက်အလက် တွေကိုအခြေခံ ဆိုတဲ့ အချက်ဟာ အရေးပါပေမဲ့  ဒီနေ့ စီးပွားရေး မကောင်းဘူး  မကောင်းဘူး ပြောနေတဲ့ အချိန်မှာ ဒီအပိုင်းကိုသိပ်ပြီးဦးစားမပေးကြတာကိုတွေ့နေရပါတယ်။
ကဲ--စီးပွားရေးတက်လာအောင်ဘာလုပ်ကြမလဲ-- လူပိန်းတွေးလေး တွေးကြည့်ကြရအောင်--သတင်းတွေအရအခု ဖိဖိစီးစီးလုပ်နေတာက အခွန် ကိုဒေါက်စေ့အောင်ကောက်ဖို့ပြင်ဆင်နေကြတယ် --သို့သော်စီးပွားရေးအဝန်းအဝိုင်းထဲကလူတွေကသူတို့အလုပ်မလုပ်ရသေးခင် အခွန်ဖိစီးမှုတွေကြောင့်မတိုးတက်လာဘူးလို့ ပြောနေကြတယ်--အခွန်ကအလုပ်လုပ်တဲ့သူတိုင်းပေးချင်လာအောင်ဘယ်လိုလုပ်ထားသလဲ--စင်ကာပူမှာ လူတိုင်းအခွန်ပေးကြရတယ်--ပေးတဲ့အခါလွယ်ကူအောင်လုပ်ထားတယ်-- အခွန်ထမ်းတဲ့သူစိတ်ထဲမှာ ငါ ကလည်းပေးရသေးတယ် -- သူတို့စောက်ခွက်က သူလုပ်စာထိုင်စားနေရသလို အချိုးမျိုး နဲ့တော့ မတောင်းကြနဲ့လေ-- ပေးချင်လာအောင်လွယ်ကူမြန်ဆန်ဖို့ လိုတယ်--ဆွဲဆောင်တတ်ရမယ်-- 
ဘဏ်စနစ်တွေပြင်တယ်တဲ့   ဘာတွေပြင်တယ် ဆိုတာပွင့်လင်းမြင်သာမှုတော့ မရှိသေးဘူး   ကောမာစ် ဂျာနယ်ကဖေါ်ထုတ်သင့်တယ်-- ဗဟိုဘဏ်လည်း transparency ဖြစ်မှု အနည်းဆုံးပဲ-- အစိုးရငွေတိုက်စာချုပ်တွေလွတ်လပ်စွာဝယ်ယူခွင့်ရှိသလား လို့ ဆွေမျိုးတစ်ယောက်က မေးလာတော့ ကိုယ် လည်းချက်ချင်းမဖြေနိုင်ဘူး--ဘဏ်စနစ်ပြည်သူတွေလိုလိုလားလာသုံးနိုင်အောင်ဆယ်စုနှစ်ပေါင်းများစွာကြိုးစားနေကြတာ ဘာမှဟုတ်တိပတ်တိ မပြောနိုင်ဘူး-- ပြည်သူတွေ transaction မှာငွေစက္ကူတွေအကိုင်ရနည်းလာလေလေ ငွေစက္ကူအသစ်ရိုက်ရတဲ့ စရိတ်သက်သာလေလေ မဟုတ်ပါလား--၁သောင်းတန်အတု ကလည်းတလောကဆိုတော်တော် ဂယက်ရိုက်ခဲ့တယ်-- 
export အပိုင်းမှာ ပဲကတော့ ပြန်တက်မလာနိုင်သေးဘူး--value adding ကိုဂရုစိုက်သင့်တယ်   သားငါး  လည်းအရင်လို ပြန်မဖြစ်သေးဘူး-- ဘာတွေဖြစ်နေလဲ အဖြေရှာသင့်တယ်--civil society 
တစ်ခုဖြစ်တဲ့ UMFCCI  လည်းသူ့ လှုပ်ရှားမှုတွေဟာအားရစရာမကောင်းလာပါဘူး-- ဝန်ကြီးဌာနတွေနဲ့ interaction တွေရှိပြီး ပုဂ္ဂလိက ကဏ္ဍကလိုအပ်တာတွေကိုတင်ပြ နိုင်ရပါမယ်--
အရင်က ငါးပုဇွန်  export ကအားရစရာကောင်းသလောက်အခု မှိန်နေပါတယ်--သစ်ကတော့ ထားလိုက်ပါတော့ ကမ္ဘာကျော် IKEA လို MNC နဲ့ သစ်အချောထည် furniture တွေဘယ်လိုထုတ် မလဲဆိုတာဆွေးနွေး လို့ ရတာပါပဲ
ဒီလိုအောက်ခြေသိမ်းအလုပ်လေးတွေ   လိုက်လုပ်ယုံပဲ--လုပ်နိုင်အောင်လည်း အန်တီ လူ တွေ က ဖန်တီးပေး ရမယ်--မစားရဝခမန်း   ဒီနှစ်မှာ လေပျံကြီး take off လုပ်နေပြီ တို့--Export ၃ဆ တက် ရမယ် တို့ ဘာညာတွေ လုပ်မနေပါနဲ့ --အခု ဆို ဆန် export အလားအလာ အကောင်းဆုံး   Export တက်လာအောင် ဘယ်လို လုပ်ပေးရမလဲ-- ဆန် exporter တွေ ခေါ်မေးဘူးလား    ဘာကူညီရမလဲ  မေးဘူးလား-- ပဲ စားခိုင်းတဲ့ ကန်ပိန်း တွေဘာတွေ လူရီစရာဖြစ်အောင် လုပ်မနေကြနဲ့-- ဘယ်သူလုပ်ခိုင်းလဲတော့မသိဘူး -- စီးပွားရေး တိုးတက်ချင်တာ က ရေတိုကာလ အတွင်း-- ပဲစားလာအောင် လုပ်ရတာက ရေရှည် လုပ်ရမှာ--ဒါကိုသဘောပေါက်နားလည်နေတဲ့ ကျုပ်တို့တတွေကတော့ ဝါးလုံးကွဲအောင်ရီချင် လိုက်ပေမဲ့  လူကြီးဖြစ်နေတော့ ထိန်းနေရပါတယ်     Value adding. အရှိန် ရနေပါပြီ    အိန္ဒိယ နွယ်ဖွားတွေ အနောက်နိုင်ငံတွေမှာ အများကြီး ပါ သူတို့ ဈေးကွက်တွေ ဝင်ယှဉ် နိုင်ဖို့ လုပ်ကြပါ    ဈေးကွက် marketing ဆိုတာ သတင်းအချက်အလက်တွေ အခြေခံပါတယ်--
ဒါကလူပိန်းတွေး တွေးကြည့်တာပါ--
Saturday, August 19, 2017
'Food Emperor' အိမ်မက်
ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ Unique Quality ကကိုတင်ဦးကသူတည်ထောင်ထားတဲ့Food Emperorကိုလိုက်ကြည့်ပါဟုဖိတ်ခေါ်ပါတယ်။ စံရိပ်ငြိမ်ဖက်မှာမြေ၁.၅ဧကပေါ်မှာဆောက်ထားတဲ့ ၄ ထပ်အဆောက်အဦးရှိရာကိုခေါ်သွားပါတယ်။ ကားပတ်ကင်အပြည့်နှင့်မြေယာရှုခင်းပါလုပ်ထားသဖြင့်လှပခန့်ညားနေပါတယ်။ အောက်ထပ်ကတော့ စင်ကာပူ၊ဘန်ကောက် စတိုင် food court ဖြစ်ပါတယ်။ ၃ ဖက်မှာ food stall စားသောက်ဆိုင်များအပြည့်ရှိနေပြီးအလယ်ခေါင်မှာတော့အပူအအေးကော်ဖီလက်ဘက်ရည် နှင့် snack အချို့ ရောင်းချပေးပါတယ်။ နောက်အလယ်မှာ customers များထိုင်စားသောက်နိုင်တဲ့အရွယ်အစားမျိုးစုံ ပရိဘောဂများလုပ်ပေးထားပါတယ်--
Food stall ဆိုင်တွေလိုက်ကြည့်လိုက်တော့ခေတ်မီပြီးကျစ်ကျစ်လစ်လစ်ရှိသောဒီဇိုင်း food grade steel ပစ္စည်းများဖြင့်ဆိုင်ခန်းများကိုဖွဲ့စည်းတည်ဆောက်ထားပါတယ်။ကိုတင်ဦးက " stall တစ်ခုကိုအစားအသောက် မျိုးမတူ ၅ မျိုးပဲရောင်းချခွင့်ပြုထားတယ် " လို့ပြောပါတယ်။ဝင်ဝင်ချင်း ပထမဆုံးဆိုင်က " မန္တလေးမြီးရှည်" ဆိုင်ပါ။ ဒီ food court မှာ အစားအသောက် ကိုပဲဆိုင်းဘုတ်တင်ခွင့်ပြုထားပါတယ်။ ဘယ်ဆိုင်လဲစပ်စုကြည့်ချင်လိုက်တော့မန္တလေး ဗထူးကွင်းမြီးရှည်ဆိုင်ကိုခေါ်ဖွင့်ခိုင်းထားတာကိုး။ ဆန်ညှပ်ခေါက်ဆွဲ၊ ဝက်အူစုံသဲစုံအသုတ်၊ဝက်မြီးသုတ်၊ တွေလည်းရပါတယ်။
ကိုတင်ဦးကမန္တလေးဆိုင်တွေကိုအားပေးထားတာကိုတွေ့ရတယ်။နောက်တစ်ဆိုင်က" မန္တလေးမုန့်တီ" လို့တွေ့လိုက်ရတော့ ပျော်သွားပါတယ်။ငွေလက်ခံနေသူကိုမေးကြည့် လိုက်တော့မန္တလေးက နံမည်နှစ်လုံး ဆင်တူ ရဲ့ဆိုင်ဖြစ်နေတာတွေ့ရပါတယ်။ မုန့်တီကနန်းကြီး၊နန်းလတ်၊နန်းပြားခေါက်ဆွဲ၊ခနုံထုပ်၊ မတ်ပဲဘယာကြော် စတာတွေလည်းရပါတယ်။သူနဲ့ကပ်ရက်ကတော့"ပလာတာ" လို့ရေးထားပါတယ်။ ခီးမားပလာတာ၊ပဲပလာတာ၊နံပြား၊ဆိတ်ခါးပတ်၊ကြက်ခါးပတ်၊ ပဲပြုတ်၊ပန်းသေးခေါက်ဆွဲ၊တွေရပါတယ်။ဆိုင်နံမည်တော့ မစပ်စုခဲ့ရပါဘူး--နောက်ကပ်ရက်ကတော့ "မုန်ဟင်းခါး" လို့ အမည်ပေးထားပါတယ်--မြောင်းမြမုန်ဟင်းခါး၊ တောင်ငူမုန်ဟင်းခါး၊ရန်ကုန်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊အစုံရပါတယ်။ တွဲဖက်စားသုံးရတဲ့ အကြော်မျိုးစုံ၊ ငါးဖယ်၊ဘဲဥ၊ ကြက်အူ၊ကြက်အချင်းတိုင်ငါးသလောက်ဥ ပါရောင်းချပေးပါတယ်။
အဲဒီဘေးမှာ "မြန်မာထမင်းဟင်း" လို့ရေးထားပြီး မြန်မာဟင်းသားငါးအသီးအရွက်အမျိုးမျိုးရရှိနိုင်ပါတယ်။ ပုံစားစားချင်လည်းရပါတယ်၊တစ်မယ်ချင်းလည်းစားလို့ရပါတယ်။ သူကပ်ရက်ကတော့" တရုတ်ထမင်းဟင်း" ဆိုင်ဖြစ်ပါတယ်။ ထူးခြားတာကမောင်တိုင်ပင်တို့ ငယ်ငယ်က လေဟာပြင်ဈေးမှာရောင်းတဲ့ဟင်း၁ပွဲ ၅မူး တစ်မတ် ဟင်းမျိုးလိုပါပဲ။ ဇောက်ပန်းကန်အသေးလေးတွေနဲ့ တစ်ယောက်စာလေးတွေအများကြီးပြင်ထားပါတယ်။အခုတော့ ၂၀၀ ကျပ်နဲ့ ၃၀၀ကျပ်ယူပါတယ်။ မြန်မာတွေအကြိုက်ချိုချဉ်ကြော်၊ကုန်းဘောင်ကြီးကြော်၊ အစိမ်းကြော်၊ ဝက်နံရိုးကြော်၊ဝက်ခြေထောက်စွပ်ပြုတ်၊ ပြည်ကြီးငါးကန်ဇွန်းရွက်ကြော်၊ဝက်နံကင်၊အခေါက်ကင်၊အသဲကင် ဟင်းရံအစုံရပါတယ်။ မောင်တိုင်ပင်တို့ခေတ်က ၂း၅၀ကျပ်၊ ၃ ကျပ်ဆိုတစ်ယောက်အဝစားနိုင်ပေမဲ့ အခုခေတ်တော့ ၁၅၀၀-၂၀၀၀ ကျပ်လောက်မှဝမယ်ထင်ပါတယ်--
နောက်တစ်ဆိုင်က' ရှမ်း' ဆိုင်ပါ။ရတဲ့အစားအစာတွေမှတ်မိသလောက်ပြောရရင် ရှမ်းခေါက်ဆွဲ၊ အမဲသားလုံးခေါက်ဆွဲ၊ ရှမ်းထမင်းချဉ်၊ ရှမ်းဟင်းထုတ်၊ ဝက်သားချဉ်၊ဝက်ခေါက်ကင်၊ မုန်ညှင်းချဉ် အစုံပါပဲ။ နောက်သူနဲ့ကပ်ရက်ကလည်း ' ရှမ်းထမင်းဟင်း' တဲ့-- ရှမ်းစတိုင် ဟင်းတွေအသုတ်တွေနဲ့ ရှမ်းဆန် နဲ့ ချက်တဲ့ထမင်းစေးစေး လေးလည်းရပါတယ်။ကပ်ရက်ကတော့ ' ချစ်တီးထမင်းဟင်း' ပလပ်စတစ်လင်ပန်းပေါ်မှာ ငှက်ပျောရွက်ခင်းပြီး ချစ်တီးထမင်းဟင်းပုံရောင်းနေတာတွေ့ လို့ စားချင်တဲ့ စိတ်ကိုမြိုသိပ်ထားရပါတယ်။မောင်တိုင်ပင်ကြိုက်တဲ့ သတ်သတ်လွတ်ဟင်းလည်းရပါတယ်။
ကိုရီးယား၊ ဂျပန်၊အစားအစာရောင်းချတဲ့ဆိုင်တွေလည်းတွေ့ တော့ တော်တော်စုံစုံလင်လင်လေးရောင်းချပေးနိုင်တာတွေ့ ရပါတယ်။ ဆိုင်တိုင်းဆိုင်တိုင်းဈေးနှုန်းတွေရေးထားတော့ ဈေးကြီးတယ် မတန်ဘူးဆိုတာစားသုံးသူတွေကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စားသုံးနိုင်ပါတယ်။ လင်ပန်းတွေ စားပြီးသားပန်းကန်တွေထားတဲ့ tray return နေရာ ၂ နေရာလောက်ကိုသတ်သတ်မှတ်ထားပေးထားတဲ့အပြင် စင်ကာပူ food stall တွေမှာ တွေ့ သလိုတွန်းလှည်းနဲ့ပန်းကန်လိုက်သိမ်းစားပွဲကိုရှင်းလင်းပေးတဲ့ အလုပ်သမားကိုလည်းယူနီဖေါင်းသတ်သတ်မှတ်မှတ်နဲ့ တာဝန်ထမ်းဆောင်နေတာလည်းတွေ့ရပါတယ်။
နောက်ဆုံးပြောချင်တဲ့ နွေးအေး သောက်စရာ စားစရာ snack ရောင်းပေးတဲ့ beverage ဆိုင်ပါ။ ပြင်ပလက်ဘက်ရည်ဆိုင်တွေမှာရတတ်တဲ့ လက်ဘက်ရည်ပေါ့ ဆိမ့်၊ကျဆိမ့်၊ပုံမှန်၊ နို့စိမ်းတီး၊ ကော်ဖီ၊မိုင်လို၊ အိုဗာတင်း၊ ကိုကာကိုလာ၊ပက်စီ၊ မက်စ်ကအစ ဆိုင်ဖျော်သစ်သီးဖျော်ရည်၊ရွှေရင်အေး၊ဖါလူဒါ၊ကူလ်ဖီ ရေခဲသုတ်စတာတွေရတဲ့ အတွက်ဘယ်လိုများရောင်းပါလိမ့် လို့မောင်တိုင်ပင် စဉ်းစားနေမိပါတယ်။ အတွင်းပိုင်းဝိုင်းတွေမှာ အေးအေးလူလူ စကားပြောလို့ရတဲ့နေရာတွေမဟုတ်ပါဘူး။ စားစရာကိုအမြန်စားနောက်လူတွေကိုနေရာပေးရမှာဖြစ်ပါတယ်။ကိုတင်ဦးကတော့ဆိုင်တိုင်းလိုလို self service ဖြစ်ပါတယ်။ ကိုယ်တိုင်ယူစနစ်ပါ။ စာကြွင်းစားကျန်ပန်းကန် နဲ့ လင်ပန်းနေရာတွေထားဖို့နေရာဖန်တီးပေးထားပေမဲ့ ပန်းကန်တွေလာသိမ်းပြီး ရေဆေးတဲ့နေရာပို့ပေးပြီးဆေးကြောပြီးတဲ့ပန်းကန် နဲ့ လင်ပန်းတွေကိုလည်းဆိုင်တွေကိုသူလိုအပ်ချက်အလိုက်ပြန်ထပ်ပေးကြပါတယ်။ဒါတွေကိုစီမံကြီးကြပ်ပေးဖို့ catering service manager အမျိုးသမီးတွေလည်းသူ့အချိန်ပိုင်းအလိုက်ကြီးကြပ်ပေးရန်ခန့်အပ်ပေးထာ။တယ်လို့ပြောပါတယ်။စားနေသောက်နေကြသူတွေကိုကြည့်လိုက်တော့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရုံးသူရုံးသားတွေတကူးတကလာစားသောက်ကြတဲ့မိသားစုတွေများပါတယ်။ ကိုတင်ဦးကို မြန်မာရိုးရာမုန့်ပဲသရေစာတွေမရောင်ဘူးလားလို့မေးတော့ ရန်ကင်းနားမှာရောင်းတဲ့မြန်မာ traditional snacks ဆိုင်ကမကြာခင်လာဆိုင်ဖွင့်မယ် လို့သိရပါတယ်။
အချိန်ရှိတုံး အလယ်ထပ်ကဆိုင်တွေလိုက်ကြည့်ပါအုံးဆိုလို့ အပေါ်ထပ်ကို escalator နဲ့ တက်ခဲ့ပါတယ်။အပေါ်ထပ်ကိုတော့ sq ft နဲ့ငှားတယ်။ KFC နဲ့စကားပြောနေတယ်။ ဗီယက်နမ်ဆိုင် So Pro ဆိုင်၊ Baker Choice ကတော့ ကိုတင်ဦး ရဲ့ CSI ကသင်တန်ဆင်းတွေနဲ့ စင်ကာပူက Baker Talent တို့ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဂျုံနဲ့ ပတ်သက်တဲ့ snacks တွေရောင်းချပေးပါတယ်။ ဆိုင်နဲ့အတူ ကော်ဖီဆိုင်ကျဉ်းကျဉ်းလေးလည်းဖွင့်ထားပါတယ်။
နောက်တစ်ဆိုင်ကတော့ Cafe Burma ကော်ဖီဆိုင်ပါ။ မြန်မာမုန့်အချို့ နဲ့ ကော်ရည်ခေါက်ဆွဲစတဲ့ အဆာပြေစားနိုင်တဲ့ snacks တွေရောင်းချပေးပါတယ်။ ဒီနေရာမှာ မှန်ခန်းဖြစ်တော့ အပြင်ဖက်ပတ်ဝန်းကျင်ရှုခင်းကိုကြည့်ရင်း ကွန်ပျုတာ laptop နဲ့အလုပ်လုပ်နေတဲ့ လူငယ်အချို့ လည်းတွေ့ပါတယ်။ Star Bucks တို့ Ban Khun Mae restaurant တို့စတဲ့ ဆိုင်တွေလည်းနေရာထိုင်ခင်းကိုလာကြည့်ပြီးစကားပြောနေဆဲလို့သိရပါတယ်။ ဒီအထပ်မှာ လား လား လား သိဒ္ဓိရှင်မြန်မာထမင်းဆိုင် ကိုတွေ့ လိုက်ရတာပါ။ အရင်က ၄ လမ်းထိပ်မှာ ကိုတင်ဦးတို့ ညီအစ်ကိုယ် တတွေဖွင့်ခဲ့တဲ့ ဆိုင်ပါ။နေရာထိုင်ခင်းအသစ်၊ chef အသစ် နဲ့ တကယ့် မြန်မာထမင်းဟင်းတွေကိုသန့်သန့်ရှင်းရှင်း အရသာရှိရှိ နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ဒီဒုတိယထပ်ကတော့ မိသားစုနဲ့ အေးအေးလူလူ ဆိုင်မှာ လာရောက်စားသောက်လို့ကောင်းတဲ့ ဆိုင်တွေဖြစ်ပါတယ်။ ဈေးလည်းသင့်တင့်မျှတတဲ့ အတွက်လာရောက်စားသုံးသူတွေများပြားတဲ့ အပြင်ပြည်တွင်းပြည်ပကဆိုင်ဖွင့်လိုသူတွေလည်းလာရောက်စုံစမ်းဆွေးနွေးနေကြဆြဲဖစ်ပါတယ်။
နောက်ထပ်တစ်ထပ်ကတော့ တစ်နိုင်တစ်ပိုင်ရုံးခန်းတွေအပြင် ကုမ္ပဏီရုံးခန်းတွေလည်းရှိပါတယ်။ မောင်တိုင်ပင်တို့ ULS ရုံးကိုတောင်အပေါ်ထပ် ၂ ထပ်အနက် ဈေးသင့်လျှော်တဲ့အခန်းကိုရွှေ့  ဖို့ ညှိနှိုင်းနေဆဲလို့သိရပါတယ်။အပေါ်ဆုံးထပ်ကိုတော့ လူ ၇၀ လောက်ဆန့်ဝင်နိုင်တဲ့ခန်းမ တစ်ခုရှိပြီး ဆွေးနွေးပွဲတွေကျင်းပဖို့ လုပ်ထားပါတယ်။လူနည်းပြီး မွန်းကျပ်တဲ့ မြို့ ထဲမှာ မလုပ်ချင်ပါက လှည်းကူး က C Point မှာသွားရောက်လုပ်ကိုင်ဖို့ လည်းချိတ်ဆက်ထားပါတယ်။
စီးပွားရေးမကောင်းဘူးမကောင်ဘူးပြောနေပေမဲ့ လုပ်ငန်းရှင်လေး ကိုတင်ဦးခမျာ လုပ်စရာအလုပ်တွေတန်းစီနေပါတယ်။သူ့ လုပ်ငန်းတွေကိုအကြမ်းဖျင်းကြည့်ပြီး အောက်ဆုံးထပ် ကိုပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးမုန်တီဆိုင်ရှေ့ မှာ ကိုတင်ဦး နဲ့ ၂ ယောက်သွားတန်းစီပြီး ခေါက်ဆွဲ နန်ပြားသုတ် ၂ ပွဲ မတ်ပဲ ဘယာကြော် ၁ ပွဲမှာလိုက်ပါတယ်-- ထုံးစံအတိုင်း ကိုတင်ဦး က ဆီလျှော့ ထည့်ဖို့ မှာကြားနေပါတယ်။ ကိုတင်ဦး ကိုပိုင်ရှင်မှန်းလည်းမသိပါဘူး-- ပိုက်ဆံကို တင်ဦး မပေးစေပဲ မောင်တိုင်ပင် ပဲရှင်းလိုက်ပါတယ်။ မုန့်ပွဲ ကိုလင်ပန်းနဲ့သယ်ယူလာပြီးလွတ်နေတဲ့ စားပွဲခုံပေါ်တင်လိုက်ပြီးတဲ့ အချိန်မှာ ဘေးကစားနေသူကိုကြည့်လိုက်တော့ ကိုအောင်သူ နဲ့ မသင်းထွဋ် တို့ဇနီးမောင်နှံဖြစ်နေတာတွေ့ လိုက်ရပါတယ်။တစ်ယောက်နဲ့ တစ်ယောက်အံ့ အားသင့်နေကြပြီး ကိုအောင်သူကထိုင်ရာကထကာ ' အကိုသံပုရာရေ သောက်မယ်မဟုတ်လား ကိုတင်ဦးကော' ဆိုပြီးတစ်ဆက်တည်းမေးလိုက်တော့ တူတူပဲပြောလိုက်ပါတယ်။ သူတို့ လည်း မန္တလေး မုန့်တီလာစားကြတာပါ။
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
----
" ဖိုးဖိုး ဖိုးဖိုး ဖိုးဖိုး-- ချော ချော " ဆိုပြီး မြေးငယ် ဘေးနားမှာ လာအော်တော့ မှ စင်ကာပူမှာ မိုးလေးတစိမ့်စိမ့် ရွာနေတာနဲ့ နေ့ခင်းကြီးမှာ အိပ်ပျော်သွားလိုက်တာ ရန်ကုန် က ဘီလီယံနာ ကိုတင်ဦး ရဲ့ food emperor တည်ထောင်မယ်လို့ပြောတဲ့အပေါ်စိတ်စွဲပြီး အိပ်ပျော်သွား လိုက်တာကိုး-- ရန်ကုန်မှာ H1N1 ဗိုင်းရပ်စ်ကြောင့် လူတုပ်ကွေးတွေအဖြစ်များနေလို့ ဆိုင်မှာ လူမလာမှာကိုစိုးရိမ်မိတာလည်းပါသေး-- ဘာတွေမက်မှန်း ကိုမသိတော့ပါဘူး-- မိုးတွင်း နေ့ လည်ခင်းအိမ်မက်ရယ်--
မောင်တိုင်ပင်
၂၆-၀၇-၂၀၁၇