Showing posts with label ပြောင်းလဲမှု. Show all posts
Showing posts with label ပြောင်းလဲမှု. Show all posts

Saturday, March 11, 2017

ရန်ကုန်ဘတ်စ်စနစ်ပြောင်းမယ်

ကုမ္ပဏီ ၈ ခုကိုဘယ်သူတွေဦးဆောင်နေသလဲ ? နံမည်တွေကဘာတွေလဲ ? Public transport လုပ်နေတာဖြစ်လို့ public ကိုတော့အသိပေးရပါမယ်။ ငွေမရှိပဲနဲ့ ဒါမှမဟုတ်ငွေရင်းနည်းနည်းလေးနဲ့ အဆက်အသွယ်ကြောင့် ကုမ္ပဏီထောင်ဝင်လာတာလား ? အခု ၅ စီးပိုင် ၈ စီးပိုင်တဲ့ပိုင်ရှင်တွေဆီက အသံထွက်လာပြီ -- စနစ်ကတော့ ဒါလုပ်မယ်ဆိုတာဝကခ ကိုယ်တိုင်ပြောနေပြီ-- public transport ဆိုတာ အရင်ခေတ် ကလိုကိုယ်ရကိုယ်ယူ မဟုတ်တော့ လောက်လောက်လားလာ မြတ်ဖို့ ဆိုတာမရှိနိုင်တော့ ဘူး။ဒီနိုင်ငံမှာပဲလူကြီးတွေဘတ်စ်ထောင်ထားတော့ မီးဖိုချောင်စါးရိတ်ကာမိချင်ကာမိမယ်--ဒါက ကတော်တွေအလုပ်-- ဘယ်နိုင်ငံမှာမှ ဘတ်စ်ကားထောင်ရင်မမြတ်ဘူး--ဗမာပြည်မှာပဲ စည်းပျက်ကမ်းပျက်နဲ့ ပြည်သူတွေခေါင်းပေါ်တက်နင်းပြီးပါးစပ်ကနေ ဆွဲထုတ်တာ ကြောင့် မြတ်တာ--ဒီ မထသ ပဲရှိတယ်-- အခု မရှိတော့ ဘူး-- နောက်ဆုတ်ကြတော့-- စေတနာသန့်သန့် နဲ့ ရေရှည် အကျိုး ကြည့်တတ်တဲ့ လူတွေပဲ အစိုးရ နဲ့ ပေါင်းလုပ်လိမ့်မယ်--မိမိပိုင်ကားတွေထည့်မယ်။ ရှယ်ယာအနေနဲ့ ပဲကုမ္ပဏီမှာသတ်မှတ်မယ်။ ရှယ်ယာပေါ်က dividend ရမယ်။ တစ်နှစ်နေမှရချင်ရမယ်။ ဒရိုင်ဘာ၊စပယ်ယာ၊ဆီဘိုး၊ကားပြင်တာ ကကုမ္ပဏီကကျခံရမှာ-- ကိုယ်ကကျခံရမှာမဟုတ်ဘူး။ ကား၁၀စီးထည့်ထားရင် တစ်နှစ်နေလို့ အရှုံးအမြတ်ရှင်းရင် ကား၁၀ စီးအတွက်dividend ရမယ်။ အခု ဟာက transistion period မို့ လို့ ကိုယ်လူတွေဖြစ်နေတာ။ တကယ်က သူတို့ ကကုမ္ပဏီရဲ့ ဝန်ထမ်းပဲ--
ဒီလိုသာကန့်လန့် တိုက်နေရင်ကညနဥပဒေ ကိုပြင်ပစ်သင့်တယ်-- နိုင်ငံတိုင်းလိုလို မှာ public transport ထဲမှာ ပြေးဆွဲနေတဲ့ ကားမှန်သမျှ individual တစ်ဦးတည်းပိုင် မရှိရပါ--အများပိုင်ကုမ္ပဏီအောက် အစိုးရ institution တစ်ခုခု အောက်မှာပဲရှိရပါမယ် YBS အနေနဲ့ ဘတ်စ်ကားအစီး ၁၀၀၀ ပြည်ပက မှာ ထားလို့ မရောက်သေးရင် ကန့်လန့် တိုက်နေသောကားများနေရာတွင် ကုန်းလမ်းပို့ဆောင်ရေးက ဘတ်စ်ကားတွေ TE ကားတွေ FAW ကားတွေ အစားထိုးနိုင်တယ် ပုဂ္ဂလိက တစ်ဦးချင်းပိုင် ကားပိုင်ရှင်တွေအောက် မှာ ဦးမကျိုး မိပါစေနဲ့ ပြည်သူလူထု က ဘာလုပ်လုပ် ထောက်ခံနေပါတယ် ဒါပေမဲ့ ကွီးဖြိုး အနေနဲ့ နေ့စဉ် ပြည်သူနဲ့  ထိတွေ့ ပါ ဘာ လုပ်နေလဲ ဘယ် အချိန်ဖြစ်ဖြစ် တွေ့ နေ ပါ ဒီကိစ္စ အောင်မြင်ရပါမယ် ကညန ဥပဒေ ကိုပြင်ပစ်ပြီး ကားပိုင်ရှင်တွေ လူပါးမ ဝ အောင် လုပ် နိုင်ပါတယ်--CNG ဖြတ်ပါ -- လိုင်စင်ကန့်သန့်ပါ--လမ်းပေါ်မှာထားရင် နေ့ စဉ် ဒဏ်ရိုက်ပါ--နောက်ဆုံးအရည်ကြို ရောက် ရင်တစ်ဝက်ဈေးပဲပေးပါ--



မြင်အောင်တော့ကြည့်ကြ

ကျော် Facebook ကိုNews feed မှာပေါ်လာတဲ့ ရန်ကုန်ကဘတ်စ်ကား ကိစ္စ posts တွေ အောက်ကနေရေးကြတဲ့ မင့်တွေဖတ်ကြည့်တာ ညဥ့်ကအချိန်တော်တော်ပေးလိုက်ရတယ်--ရန်ကုန်ပြည်သူလူထု ဘတ်စ်ကားကိစ္စနဲ့ပတ်သက်ပြီး အားလုံးလိုလိုကြိုဆိုကြပြီးသည်းခံခွင့်လွှတ်တဲ့စိတ်တွေနဲ့ အကောင်းမြင်ကြတာအများဆုံးတွေ့ နေရပါတယ်-အခုကိစ္စက-နိုင်ငံရေးအားပြိုင်နေတာမဟုတ်ပါ--အချို့  သော ကျော် ရဲ့ friends တွေ pessimistic အမြင်နဲ့ ရေးထားတာဖတ်ရတော့ စနစ်တစ်ခု ကနေကောင်းတဲ့ စနစ်တစ်ခု ပြောင်းတဲ့အခါ သေချာအဆုံးထိစောင့်မကြည့်ပဲ ဝေဖန်ပုတ်ခတ်ကြတာကိုတွေ့ ရပါတယ်-- ဒီတစ်ခုကတော့ ကြည့်တတ်ရင်မြင်ပါတယ်-- ဝန်ကြီးဌာနတွေမှာစနစ်တွေအသေအချာပြောင်းရမှာပါ။ဒီလိုပြောင်းတဲ့အခါမှာလည်းဒီလိုပုဂ္ဂိုလ် မျိုးတွေရင်ဆိုင်ရမှာအသေအချာပါပဲ-- ဒါကြောင့် ဂဏန်းလိုကန့်လန့်တိုက်လျှောက်နေတဲ့ သူတွေကိုဝန်ကြီးဌာနတွေကအကြီးအကဲတွေ မြင်အောင်ကြည့် နိုင်ပါစေ--


စနစ်တစ်ခုပြောင်းနေတာ

စနစ်၏အံချော်မှုကြောင့်လည်းကောင်းတစ်ခုနှင်တစ်ခုချိတ်ဆက်မှုအားနည်းမှုကြောင့်လည်းကောင်း စီစဉ်ထားသည့်အတိုင်းမဖြစ်လာသည်ကို ပြည်သူများကလက်ခံနိုင်ပါလိမ့်မယ်။ သိုသော်လုပ်နေသည့်ပြောင်းလဲမှုကြီးကို ကပျက်ယပျက်လုပ်ပြီးတမင်ဖျက်လိုဖျက်စီးလုပ်နေရင်တော့ ကွီးဖြိုး နှင့်အဖွဲ့ဘယ်လိုအရေးယူလိုက်တယ်ဆိုတဲ့သတင်းတွေလည်းထုတ်ပြန်စေချင်တယ်။

ဒီအလုပ်ဟာနိုင်ငံရေးအားပြိုင်နေတာမဟုတ်ပါ။ ပြည်သူများ၏လူမှုအဖွဲအစည်းအတွင်းစနစ်တစ်ခုမှ နောက်ပိုမိုကောင်းမွန်သောစနစ်တစ်ခုသို့ ပြောင်းလဲနေခြင်းဖြစ်တယ်--

public transport အားကိုးတော့မယ်

ဒီနှစ် ၂၀၁၇ခုနှစ်အတွင်းရန်ကုန်မှာဘတ်စ်နဲ့တက်စီအဆင်ပြေရင်အခုဝယ်ထားတဲ့ကားလေးရောင်းပစ်တော့မယ်။ဝယ်ကြမလား ဟေ့--
ဒီလိုပဲရန်ကုန်မှာ၂၀၁၇ခုနှစ်ကုန်သည်ထိကားကကြပ်နေရင်ရန်ကုန်အိမ်ရောင်းပြီးနေပြည်တော်ပြောင်းနေတော့မယ်။နေပြည်တော် ကျတော့ဈေးသွားဘဏ်သွားကျောင်းသွားဖို့အတွက်ကားကလိုပြန်ရော--ဆိုင်ကယ်တက်စီလည်းမစီးရဲဘူး။ဆိုင်ကယ်လည်းမစီးရဲဘူး။
စလုံးကမြန်မာမိတ်ဆွေတွေကားဝယ်ထားပေမဲ့တခါတလေမှပဲသုံးကြတယ်--MRT စီးမယ်-- ဘတ်စ်ကားစီးမယ်--သူတို့လိုဖြစ်ချင်တယ်-- ဘယ်သွားချင်လည်းဘတ်စ်လမ်းညွှန်ကြည့်လို့ရတယ်-- တခါမှမရောက်ဘူးရင်လည်း smart ဖုံးGPS မြေပုံဖွင့်-- သွားချင်တဲ့နေရာကို ချိန်ထား -- ရောက်ခါနီးရင်ဆင်းလိုက်ယုံပဲ-- လမ်းတော့ လျှောက်ရတယ်-- တစ်နေ့ ကို steps တစ်သောင်းလောက်လျှောက်ရတယ်-- အထုတ်အပိုးမပါရင် အိုကေ ပါတယ်။ ဒါကြောင့် သွားလေရာ ကျောပိုးအိတ်ယူသွားတယ်။
ရန်ကုန်မှာလုပ်နေတဲ့ အပြောင်းအလဲကြီးအောင်မြင်ပါစေ--