Showing posts with label စီပွားရေး. Show all posts
Showing posts with label စီပွားရေး. Show all posts
Thursday, November 29, 2018
စီးပွားရေးတိုးတက်ရန်လူပိန်းတွေးတွေးမိခြင်း
စီးပွားရေးအောင်မြင်ရန် data သတင်းအချက်အလက် တွေကိုအခြေခံ ဆိုတဲ့ အချက်ဟာ အရေးပါပေမဲ့  ဒီနေ့ စီးပွားရေး မကောင်းဘူး  မကောင်းဘူး ပြောနေတဲ့ အချိန်မှာ ဒီအပိုင်းကိုသိပ်ပြီးဦးစားမပေးကြတာကိုတွေ့နေရပါတယ်။
ကဲ--စီးပွားရေးတက်လာအောင်ဘာလုပ်ကြမလဲ-- လူပိန်းတွေးလေး တွေးကြည့်ကြရအောင်--သတင်းတွေအရအခု ဖိဖိစီးစီးလုပ်နေတာက အခွန် ကိုဒေါက်စေ့အောင်ကောက်ဖို့ပြင်ဆင်နေကြတယ် --သို့သော်စီးပွားရေးအဝန်းအဝိုင်းထဲကလူတွေကသူတို့အလုပ်မလုပ်ရသေးခင် အခွန်ဖိစီးမှုတွေကြောင့်မတိုးတက်လာဘူးလို့ ပြောနေကြတယ်--အခွန်ကအလုပ်လုပ်တဲ့သူတိုင်းပေးချင်လာအောင်ဘယ်လိုလုပ်ထားသလဲ--စင်ကာပူမှာ လူတိုင်းအခွန်ပေးကြရတယ်--ပေးတဲ့အခါလွယ်ကူအောင်လုပ်ထားတယ်-- အခွန်ထမ်းတဲ့သူစိတ်ထဲမှာ ငါ ကလည်းပေးရသေးတယ် -- သူတို့စောက်ခွက်က သူလုပ်စာထိုင်စားနေရသလို အချိုးမျိုး နဲ့တော့ မတောင်းကြနဲ့လေ-- ပေးချင်လာအောင်လွယ်ကူမြန်ဆန်ဖို့ လိုတယ်--ဆွဲဆောင်တတ်ရမယ်-- 
ဘဏ်စနစ်တွေပြင်တယ်တဲ့   ဘာတွေပြင်တယ် ဆိုတာပွင့်လင်းမြင်သာမှုတော့ မရှိသေးဘူး   ကောမာစ် ဂျာနယ်ကဖေါ်ထုတ်သင့်တယ်-- ဗဟိုဘဏ်လည်း transparency ဖြစ်မှု အနည်းဆုံးပဲ-- အစိုးရငွေတိုက်စာချုပ်တွေလွတ်လပ်စွာဝယ်ယူခွင့်ရှိသလား လို့ ဆွေမျိုးတစ်ယောက်က မေးလာတော့ ကိုယ် လည်းချက်ချင်းမဖြေနိုင်ဘူး--ဘဏ်စနစ်ပြည်သူတွေလိုလိုလားလာသုံးနိုင်အောင်ဆယ်စုနှစ်ပေါင်းများစွာကြိုးစားနေကြတာ ဘာမှဟုတ်တိပတ်တိ မပြောနိုင်ဘူး-- ပြည်သူတွေ transaction မှာငွေစက္ကူတွေအကိုင်ရနည်းလာလေလေ ငွေစက္ကူအသစ်ရိုက်ရတဲ့ စရိတ်သက်သာလေလေ မဟုတ်ပါလား--၁သောင်းတန်အတု ကလည်းတလောကဆိုတော်တော် ဂယက်ရိုက်ခဲ့တယ်-- 
ဒီလိုအောက်ခြေသိမ်းအလုပ်လေးတွေ   လိုက်လုပ်ယုံပဲ--လုပ်နိုင်အောင်လည်း အန်တီ လူ တွေ က ဖန်တီးပေး ရမယ်--မစားရဝခမန်း   ဒီနှစ်မှာ လေပျံကြီး take off လုပ်နေပြီ တို့--Export ၃ဆ တက် ရမယ် တို့ ဘာညာတွေ လုပ်မနေပါနဲ့ --အခု ဆို ဆန် export ကအလားအလာ အကောင်းဆုံး   Export တက်လာအောင် ဘယ်လို လုပ်ပေးရမလဲ-- ဆန် exporter တွေ ခေါ်မေးဘူးလား    ဘာကူညီရမလဲ  မေးဘူးလား-- ပဲ စားခိုင်းတဲ့ ကန်ပိန်း တွေဘာတွေ လူရီစရာဖြစ်အောင် လုပ်မနေကြနဲ့-- ဘယ်သူလုပ်ခိုင်းလဲတော့မသိဘူး -- စီးပွားရေး တိုးတက်ချင်တာ က ရေတိုကာလ အတွင်း-- ပဲစားလာအောင် လုပ်ရတာက ရေရှည် လုပ်ရမှာ--ဒါကိုသဘောပေါက်နားလည်နေတဲ့ ကျုပ်တို့တတွေကတော့ ဝါးလုံးကွဲအောင်ရီချင် လိုက်ပေမဲ့  လူကြီးဖြစ်နေတော့ ထိန်းနေရပါတယ်     Value adding. အရှိန် ရနေပါပြီ    အိန္ဒိယ နွယ်ဖွားတွေ အနောက်နိုင်ငံတွေမှာ အများကြီး ပါ သူတို့ ဈေးကွက်တွေ ဝင်ယှဉ် နိုင်ဖို့ လုပ်ကြပါ    ဈေးကွက် marketing ဆိုတာ သတင်းအချက်အလက်တွေ အခြေခံပါတယ်--
ဒါကလူပိန်းတွေး တွေးကြည့်တာပါ--
Saturday, March 11, 2017
မြင်တာလေးတော့ပြောပါရစေ
မြင်တာလေးတော့ပြောချင်တယ်--
ဒေါ်လာအကြောင်းရေးကြသူတွေလည်းများနေပြီ။အကြံပေးသူတွေလည်းအမျိုးမျိုး အကြံပေးကြပေမဲ့နိုင်ငံခြားသားပညာရှင်ကြီးတွေရှေ့ မှာခံနေတော့ ငါပေးတဲ့ အကြံသူတို့ လောက်မနိပ်ရင်ဖုန်းဘီလ်ဖိုးသာကုန်သွားမယ်။ဘာမှထိရောက်မှာမဟုတ်ဘူး။ ပြောတော့နေကြတာပဲ၊စီးပွားကူးသန်းအပါအဝင်ဗဟိုဘဏ်နဲ့ စီးပွားရေးဝန်ကြီးတွေခေါင်းချင်းဆိုင်နေကြတယ် တဲ့။ဘာမှ result ထွက်မလာရင်တော့
ပြည်သူတွေခမျာမျှော်သာမျှော်ရတယ်၊ လက်သန်းလေးကြည့် လိုက်ဆန်ဈေးဆီဈေး ဘဲဥကြက်ဥဈေးလေးမေးလိုက်နဲ့ --ကြက်ဥဘဲဥတောင်နပ်မှန်အောင်မစားနိုင်တော့ဘူး။ဆောင်းတွင်းမှာပေါများတဲ့ဂေါ်ဖီပန်းလေးကိုဆီနည်းနည်းနဲ့ ကျော်လိုက်--အမယ်တစ်အိမ်လုံးစားဖို့ ဘဲဥ တောင်တစ်လုံးလောက်ပဲရောကျော်နိုင်တော့တယ်။
တစ်နေ့ကတော့ KBZ ဘဏ်ရောက်တယ်။မသိချင်ယောင်ဆောင်ပြီးဒေါ်လာ၂၀၀ လောက်များဝယ်လို့ရမလားလို့ ကောင်တာကသမီးကိုမေးကြည့်လိုက်တယ်။ အန်ကယ်ကိုရောင်းပေးချင်ပါတယ်။ ရောင်းတဲ့ သူကိုမလာလို့ပါတဲ့ ။အပြောလေးကိုသင်ပေးထားပုံရတယ်။ ရောင်းတဲ့သူလာတဲ့အထိအန်ကယ်ထိုင်စောင့်နေမယ်လေ ဆိုရင်ဒီသမီးတွေမျက်ကလူးဆန်ပြာဖြစ်နေကြမှာသေချာတယ်။မောင်တိုင်ပင်ခေါင်းထဲမှာတော့ အတွေးပေါင်းစုံ နဲ့ ပဲ။မောင်တိုင်ပင်တို့ ကြားရတာကတော့ ဘဏ်တွေမှာဒေါ်လာမရှိဘူးလို့ ပြောသံတွေကြားနေရပါတယ်။တကယ်တော့ ဒေါ်လာတွေဘယ်ရောက်ကုန်သွားပြီလဲ?? ဘဏ်တော်တော်များများဟာအခြားစီးပွားရေးလုပ်ငန်းတွေနဲ့  တွဲ လုပ်နေတာဖြစ်လို့ ဒီလိုDollar crisis ပေါ်လာရင်ဘဏ်အများစုဟာသူတို့ ရဲ့ function ကိုပီပီပြင်ပြင်မလုပ်နိုင်တော့ ကြတာကိုတွေ့ လာရတာ မဆန်းတော့ သလိုပါပဲ။
ဘာကြောင့်လဲ သိလား?---မြန်မာပြည်ကပုဂ္ဂလိကဘဏ်တွေဟာခရိုနီတွေဖွင့်ထားတာများတယ်။သူတို့ အားလုံးဘဏ်လုပ်ငန်းတစ်ခုထဲလုပ်ကြတာမဟုတ်ဘူး။စက်သုံးဆီ စီးပွားရေးလုပ်ငန်းတွေ၊လေကြောင်းပို့ ဆောင်ရေးစီးပွားရေးလုပ်ငန်းတွေစသည်ဖြင့်လုပ်ငန်းကြီးကြီးမားမားတွေနဲ့တွဲ လုပ်နေကြတာ။ (ဘဏ်တစ်ခုဆိုရင် ပဲ တောင်လှောင်ပြီးဝယ်ရောင်းလုပ်လိုက်သေးတယ်)--အကျိုးစီးပွားဆိုတာရောထွေးနေမှာအသေချာဆုံးပဲ။ နိုင်ငံခြားမှာ banker ဆိုရင်ဘဏ်လုပ်ငန်းတစ်ခုပဲလုပ်ရတယ်။ဘဏ်ဆိုတာအများပြည်သူတွေအပ်ငွေ (deposit) တွေနဲ့ပဲအလုပ်လုပ်ခွင့်ရှိတယ်။ ကိုယ်ပိုင်ငွေကြေးကတော့ဘဏ်ရဲ့ assets အနေနဲ့ ပဲရင်းနှီးမြုပ်နှံနိုင်တယ်။ဒါကြောင့် banker တွေကိုအခြားစီးပွားရေးလုပ်ငန်းတွေလုပ်ခွင့်မရှိဘူး။ရှိလာတဲ့အခါတော့ ဘာဖြစ်လာနိုင်လဲ? Money laundering မျိုးရှိလာနိုင်တယ်။ဘဏ်ကအများပြည်သူအပ်ငွေတွေကိုတစ်ဖက်လှည့်နဲ့ထုတ်ယူသုံးချင်သုံးနိုင်တယ်။ သူရဲ့ အခြားစီးပွားရေးလုပ်ငန်းပြိုလဲလာရင်ဘဏ် ကိုတစ်နည်းနည်းနဲ့ ထိခိုက်လာနိုင်တယ်။ အခုဆိုရင်ဗဟိုဘဏ်က ဘဏ်တွေအနေနဲ့ ပြည်ပကဘဏ်တစ်ခုခုမှာအကောင့်ဖွင့်ထားတာရှိသလား လို့ မေးနေပြီ။ ဒေါ်လာကိုရောင်းသူလာရောင်းရင်ဝယ်ထားလိုက်ပြီးဝယ်သူလာရင်မရောင်းပဲ နေတဲ့ money changer တွေ bank တွေကိုအရေးယူမယ်။ဒဏ်တပ်မယ်နဲ့ တာဝန်ရှိသူတွေက အော်လာကြပြီ။(အခုမှသာမေးနေကြတာ--investment, trade data, cash flow monitoring စတဲ့ data base တွေဗဟိုဘဏ်မှာရှိနေဖို့ ကောင်းပေမဲ့ ရှိသလား မရှိသလား လုပ်သလား မလုပ်သလား မသိရပေမဲ့  လွှတ်တော်မှာ တာဝန်ရှိသူဖြေတာကတော့ economic data base တွေပေါ်အခြေခံတာတော့မရှိတာသေချာနေတယ်)
ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တွေမှာ IMF, World Bank စတဲ့ အင်တာနေရှင်နယ် အဖွဲ့ အစည်းတွေမှာပူးပေါင်းလုပ်ကိုင်တဲ့အဖွဲ့အစည်းတွေအရင်အစိုးရလက်ထက်ကတည်းကရှိတယ်။ စီမံကိန်း+ဘဏ္ဍာရေး+စီးပွားကူးသန်း+အခွန်ဌာန+ ဗဟိုဘဏ်+UMFCCIတွေအနေနဲ့  task force တွေဖွဲ့ စည်းအကြောင်းရင်းကိုရှာ (ယုတ်စွအဆုံး မောင်တိုင်ပင်တို့ ဆိုရင်ဒေါ်လာလုပ်ငန်းမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့ ပုဂ္ဂလိက က ပုဂ္ဂိုလ်တွေနဲ့လ္ဘက်ရည်ဆိုင်မှာ အလွတ်သဘောတွေ့ ဆုံဆွေးနွေးအဖြေကိုတောင်ရှာခဲ့ ကြရ ဘူးပါတယ်။ ပထမတော့ စိမ်းနေပေမဲ့ သူတို့ကိုအန္တရာယ်မပြုနိုင်ဘူးဆိုတာ သေချာသိလာတော့ လွတ်လွတ် လပ်လပ်ဆွေးနွေးအဖြေရှာနိုင်ခဲ့ကြပါတယ်) အဖြေကိုရှာရင်းလစဉ်ပုံမှန် monitoring လုပ်နိုင်ဖို့ လိုပါတယ်။
ပြည်တွင်းထဲမှာနိုင်ငံအသီးသီးကဘဏ်တွေရဲ့ ကိုယ်စားလှယ်ရုံးတွေဖွင့်ခွင့်ပြုထားတာလည်းအရင်အစိုးရလက်ထက်ကတည်းကဆိုတော့ တော်တော်တောင်ကြာပေါ့။ ၁၄-၁၅ ခုလောက်ရှိမယ်ထင်တယ်။သူတို့ကမြန်မာနိုင်ငံထဲလာပြီးဘာငွေကြေးလုပ်ငန်းတွေလုပ်ဖို့ လာရုံးဖွင့်ထားကြပါလိမ့်?? ဟိုးအရင်ထဲကဘာလုပ်လုပ်တိုင်းရင်းသားလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကိုအစိုးရအဆက်ဆက်အကာအကွယ်ပေးထားတဲ့အလေ့အကျင့်လေးတွေရှိကြတယ်။ယုတ်စွအဆုံးမီးချောင်းထုတ်လုပ်မှုမှာပြည်တွင်းမှာထုတ်လုပ်တဲ့မီးချောင်းတွေရောင်းရအောင် ထိုစဉ်က Trade Council လိုမျိုးကတောင်ပိတ်ပေးထားတယ်။ ဒါပေမဲ့တရားဝင်တင်သွင်းတာပဲ ပိတ်လို့ ရမယ်။ မှောင်ခိုကတော့ အကုန်ဝင်နေတာပဲ။ ပြည်တွင်းထုတ်က quality ကောဈေးနှုန်းကော မယှဉ်နိုင်ဘူး။အဲတော့ ဗီယက်နမ်ကအရေးဆိုဆုံး-- သူတို့ သမ္မတလာလည်းဒီမီးချောင်းပိတ်ထားတာပြော-- ဝန်ကြီးလာလည်းပြော-- နောက်ဆုံးတော့ ဝန်ကြီးချုပ်ကအကန့်အသတ်နဲ့ ခွင့်ပြုလိုက်ရတယ်။ဒါပြောရတာ-- အခုလက်ရှိ NLD အစိုးရသိအောင်ပြောပြချင်တာပါ။အများပြည်သူဈေးသက်သက်သာသာ နဲ့ ဝယ်ယူအသုံးပြု နိုင်အောင်လုပ်ပေးမလား? ၁-၂ ယောက်သောလုပ်ငန်းရှင်ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ မျက်စေ့မှိတ်ပြီးအကာအကွယ်ပေးမလား ?ဒါကိုစဉ်းစားစေချင်လို့ သိုင်းဝိုင်းပြီး ပြောလာရတာပါ။
ကဲ-- ဘဏ်တွေ-- ဘဏ်လုပ်ငန်းသက်သက်ပဲလုပ်တဲ့ ဘဏ်တွေ ၃-၄ ခုပဲရှိတယ်။အားလုံးခရိုနီဘဏ်တွေပဲ။ ဒေါ်လာ exchange rate တက်လာရတဲ့အကြောင်းတွေဟာအများကြီးရှိပါတယ်။ မြန်မာတစ်ခုတည်းလည်းမဟုတ်ပါဘူး ဆိုတာလည်းမှန်ပါတယ်။ တချို့ ကမူးယစ်ဆေးနဲ့ ဆက်နွယ်ပြီးတော့တောင်ပြောကြတယ်။ဒါလည်းသေချာလေ့လာထားသင့်တာပေါ့။ UOB တို့ လိုနိုင်ငံခြားဘဏ်တွေမြန်မာနိုင်ငံထဲမှာလာဖွင့်ထားကြပြီ။ ရင်းနှီးမြုပ်နှံ မဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အကောင့်ဖွင့် နိုင်တယ်၊ဒေါ်လာချေးနိုင်တယ်။ကဲ-- ပြည်တွင်းက ကုမ္ပဏီတွေကော အကောင့်ဖွင့်ခွင့်မပြု သင့်ဘူးလား ?? ဒေါ်လာ credit line (track record ကောင်းရင်) မပေးသင့်ဘူးလား?? ငွေရေးကြေးရေးကဏ္ဍမှာ ပြည်တွင်းဘဏ်တွေကို ကိုယ်ကျိုးစီးပွားအကာအကွယ်ပေးထား တဲ့ အလေ့အကျင့်ကိုဆက်ကျင့် သုံးဖို့ သင့်ပါသလား?? ရလာဒ်ကတော့ exchange rate တွေကမောက်ကမဖြစ်ပြီး ကုန်ဈေးနှုန်းတွေတက်-- သာမန်လူတန်းစားတွေအော်နေရဲ့ အဖြစ်မျိုးကို ကြည့်သင့်ပါသလား ဆိုတာတော့ လေးလေးနက်နက်စဉ်းစားသင့်ပါပြီ---
နောက်တစ်ခု ၂၀၀၄-၅ ခုနှစ်လောက်ကစပြီး(အတိအကျတော့ မမှတ်မိတော့ဘူး) နိုင်ငံခြားကုမ္ပဏီအားလုံးကို permit to trade ပိတ်ထားခဲ့တယ်။ ဒီနေ့ ထိပဲ။ ရင်းနှီးမြုပ်နှံမှု လာလုပ်တဲ့ ကုမ္ပဏီအချို့ ကိုတော့ သူတို့ ထုတ်လုပ်တဲ့ပစ္စည်းတွေကိုရောင်းဝယ်ခွင့် ပြုထားပါတယ်။ ဒါလည်း မြန်မာလုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ ဘောင်ထဲကနေစဉ်းစားဆောင်ရွက်ချက်
တစ်ခုပါပဲ။ကဲ -- ဒီနေရာမှာ မောင်တိုင်ပင်ပြောချင်တာက export တစ်ခုပဲ နိုင်ငံခြားကုမ္ပဏီတွေကိုပြည်တွင်းထဲမှာ permit to trade ပေးဖို့  သင့် မသင့် ကျိုးကြောင်း ကိုသုံးသပ်ခွင့် ပြု ဖို့ ပါပဲ။ နမူနာနာတစ်ခုပြောရရင် ကမ္ဘာတစ်လွှားမှာ animal feed ကိုထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခု ကပြည်တွင်းက animal feed အတွက်ကုန်ကြမ်း (ပုဇွန်ဖွဲ၊ ဖွဲနု၊ ပြောင်း၊ ဆန်ကွဲ၊ နွားစားဖွဲ၊ ပဲအခွံကြမ်း etc:) တွေဝယ်မယ်။ အစာစပ်စက်ရုံထောင်မယ်။ animal feed ထုတ်မယ်။ ပြည်ပ ပို့ မယ်။ ဒါဆိုခွင့်မပြုသင့်ဘူးလား?? ပြည်တွင်းက ကုမ္ပဏီတွေလည်းအပြိုင်လုပ် နိုင်တယ်။ဒါပေမဲ့ multinationalဆိုတော့ အရင်းအနှီးတတ်နိုင်မယ်။ export ရှိ လာမယ်။ အလုပ်အကိုင်အခွင့် အလန်းတွေပေါ်လာမယ်။import မပါဘူးနော်-- အသေးစိပ်ကတော့ ခင်ဗျားတို့ စဉ်းစားပေါ့ဗျာ။ ကျုပ်က အကြမ်းဖျင်းလောက်ပဲပြောနိုင်မယ်။( trade မှာလိုင်စင်ထိုင်ပေးနေယုံနဲ့ မပြီးဘူးဗျ။အရင် ၂၀၀၃-၂၀၀၄ လောက်ကဆိုရင်လိုင်စင်ပေးတာက ဒုညွှန်လောက်ကပဲ လုပ်ခဲ့ တာ။လူကြီးတွေ က permit to trade ဘယ်အမျိုးအစား။၊ ဘယ်သူကိုပေးမယ်၊ဘာတွေကိုတော့ ထိန်းထားမယ်ဒါတွေစဉ်းစားနေရမှာ၊ transit trade, Re-export ဆိုရင်ဘာကုန်ပစ္စည်းတွေပေးမယ်၊ sanction မရှိတော့ ဘူးဆိုရင် transaction ကဘယ်
လိုဖြစ်သင့်သလဲ?? TT ဆိုတာအရေးပေါ် အရေးကြီးမှသာ နိုင်ငံတကာ trading terms တွေအရ လုပ်ကြရတာ-- LC နဲ့ ဘာလို့ မလုပ်နိုင်ရမှာလဲ?? ရှာကြံစဉ်းစား၊စမ်းသပ်လုပ်ကိုင်လှုပ်ရှားမှုရှိနေမှတော်ယုံကြမှာပါ။အိမ်နီးချင်းတရုတ်ကြီးကဘာမဆိုခြေလှမ်းကသွက်နေတော့ မောင်တိုင်ပင်တို့ ကြံ လိုက်ရင်နောက်ကချည်းပဲ။အဲ လိုပြောလို့ ကျွဲမြီး မတိုကြနဲ့၊ ကြာရင်ကျုပ်တို့ လုပ်စားစရာ ချဉ်ပေါင်ရွက်နဲ့ ကန်စွန်းရွက်ပဲကျန်တော့မယ်)
ကဲ နောက် နောက်တစ်ခု-- US sanction လည်းလွတ်ပြီ။ နိုင်ငံတကာကုန်သွယ်မှု incoterm တွေနဲ့ အလုပ်လုပ်မယ်ဆိုလုပ် လို့ ရနေပြီ။ ဆရာဦးသိန်းလွင်တို့  incoterm တွေကအခုမှအသုံးဝင်နေပြီ။ ခက်တာက မြန်မာက ကုန်ကြမ်းဝယ်သူ buyer တွေက Leter of Credit LC ဆိုတာအချိန်ကြာတယ်။ အလုပ်ရှုပ်တယ် ဆိုပြီးမသုံးချင်ကြတော့ဘူး။ ကိုတိုးတို့ ကိုတိုင်တည်ပြောမယ်။ import မှာ LC
ကိုပြန်အသက်သွင်းပါ။ ၂၀၁၇ ခုနှစ် ဧပြီ လ၁ ရက်ကစပြီး import ကို TT လက်မခံတော့ဘူး။ LC နဲ့ပဲ လုပ်ရတော့မယ်ဆိုပြီးလုပ်ပါ။အထူးသဖြင့် စက်သုံးဆီ၊စားအုံးဆီ၊ သကြား(re-export)ကို LC နဲ့ ပဲ လုပ်ခွင့်ပြုလိုက်ပါ။ အရင်အစိုးရလက်ထက်က US sanction ကြောင့် ၂ ရင်း မရင်း ရအောင်ကုန်သည်တွေ အလိုကိုလိုက်ပြီး ပြင်ခဲ့ တာပါ။ အရေးပေါ်ဖြစ် နိုင်တဲ့ ဆေးဝါးလောက်ပဲ TT ခွင့်ပြုနိုင်ပါတယ်။( ကျုပ်တို့ မြန်မာတွေက ကုန်စည်ရောင်းစရာနည်းလို့ ငွေကြေးအရောင်းအဝယ်ဈေးကွက်ကိုဖေါ်ဆောင်နေတာလားလို့ ထင်မိတယ်။ဉာဏ်ကြီးရှင်တွေလေ။ incoterm နဲ့ မလုပ်တတ်တာမဟုတ်ဘူး။သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီးရူးသလိုပေါသလိုလုပ်နေတာ။ imports ကိုကြည့်-- အစိုးရရဲ့ control အောက်မှာရှိနေသလား-- ဘဏ်၊စီးပွားကူးသန်း၊အကောက်ခွန်အကြားမှာ ငွေကြေးကစားမယ်၊ ဈေးနှုန်းမှန်မှန် မတင်ပြဘူး။အခွန်ရှောင်မယ်။သေချာစနစ်တကျ လုပ်နိုင်ဖို့ အတွက် private sector development reform တွေလုပ်ကိုလုပ်ရမှာဖြစ်တယ်။ private sector institution အားမကောင်းခဲ့တော့ ဈေးကွက်ယန္တရားကို မောင်းနှင် နိုင်တဲ့စွမ်းအား မရှိတော့တာကြောင့်ဒီကနေ့ ဒီ လို အကျိုးဆက်တွေပေါ်လာရတယ်ဆိုတာသိဖို့ ကောင်းပါတယ်။
ဒေါ်လာ exchange rate မြောက်နေပါတယ်ဆိုမှာ စီးပွားကူးသန်းကမော်တော်ယဉ်ကိစ္စကဝင်ပြီးcatalyst လုပ်နေသေးတယ်။ ဒေါ်လာပြခိုင်းရတာနဲ့  ဘယ်မောင်းသွင်းခိုင်းရတာနဲ့ -- အောက်က ကွန်မင့်မှာlink ပေးလိုက်မယ်။ ဖတ်ကြည့် လိုက်ပါ။ အဓိက နဲ့  သာမည ခုထိမခွဲတတ်သေးဘူး။
မြန်မာ exchange rate ကိုလေ့ လာကြည့်ပါ ။ အဝေးလွှဲ (ဟွန်ဒီ) ကထိပ်မှာရောက်နေပါတယ်။ ဈေးနှုန်းလျော့ပြပြီး ခြားနားငွေကို အဝေးလွှဲ နဲ့ ပို့တာ--အခု အပြင်မှာပြောနေကြတာ အဟ ဘယ်လောက်ရှိသလဲဆိုရင် USD billion ၂၀ လောက်တောင်ရှိတယ်လို့ ပြောနေကြတယ်။ ဒါကိုတော့ သေချာပေါက်ပြောရဲပါတယ်။ ကုန်သည်တွေလုံးဝကြိုက်မည်မဟုတ်ပါ။ လွယ်နေတာကို ခက်အောင်လုပ်တယ်။exchange rate ကမောက်ကမ ဖြစ်ရတဲ့ အချက်တွေထဲ မှာ ဒီအချက်လည်း ပါ ပါတယ်။ အခုအကြံပြုချက်ကတော့ အစိုးရ က သွင်းကုန် ကို ထိန်းချုပ် ကြပ်မတ် နိုင်အောင်လုပ်ကြပါ။အရင်အစိုးရလက်ထက်ဝန်ကြီးကတော့ ကုန်သည်တွေအလိုကို လိုက်ခဲ့တယ်။ ဈေးကွက်ယန္တရားက ပျက်သွားပြီးသေချာကိုင်တွယ်မယ်ဆိုရင်ပြန် နလံထူလာနိုင်ပါသေးတယ်။ရေရှည်တော့ လုပ်ရပါအုံးမယ်။အဝေးလွှဲ (ဟွန်ဒီ) ကထိပ်မှာရောက်မဲ့ အစား LC money က exchange rate မှာ ထိပ်ရောက်နေမှာသာ တရားဝင်ကုန်သွယ်မှု လုပ်တယ် လို့ ပြော နိုင်ပါလိမ့်မယ်။
မောင်တိုင်ပင်ရေးတာနဲ့ ပိုစ့်တင်တာနဲ့ တပြိုက်နက်တည်း နေပြည်တော်မှာ အစည်းအဝေးထိုင်တဲ့သတင်းတွေကနေစဉ်ထုတ်သတင်းစာမှာ ပါလာတယ်။ ကောင်းပါတယ်။ sub heading တွေကြည့်ရတာကတော့ ကျုပ်ပြောချင်တာတွေတော့ cover မဖြစ်သေးဘူးဗျ။ အသေးစိတ်စိတ်လေးပြောရရင် သွင်းကုန်အတွက် process လုပ်တဲ့ အခါ ပြည်တွင်းဘဏ်တစ်ခုခု ငွေလွှဲပြီးကြောင်းအထောက်
အထားမပြရင် အကောက်ခွန်ကBL ရှိသည့် တိုင် ဖိုင် run မပေးဘူးဗျ။ အခုတော့ run ပေးနေတယ်လို့ သိရတယ်။ ကုန်သွယ်မှုရှင်းတမ်းမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီပဲ ပေါ်ပေါက်လာတဲ့ loop holes တွေကနေလုပ်စားသွားကြတာက နေ့စဉ်အပတ်စဉ်လစဉ် ဆောင်ရွက်နေတဲ့ ကုန်သွယ်ရေးရှင်းတမ်းတွေမှာ အစိုးရအနေနဲ့ ချုပ်ထိန်းမှု မ ရှိတော့ပဲလွတ်နေတဲ့ သဘောတွေရှိနေတာတွေ့ ရပါတယ်။ ဒီအနာ
ကကြီးထွားလာတာနဲ့အမျှ ဆေးမကုနိုင်ဘူးဆိုရင်အခု လိုပြဿနာတွေပေါ်ပေါက်လာတဲ့အချိန်မှာအနာ ပိုယင်းလာနိုင်ပါတယ်။ဒီအကြောင်းတွေလည်းဆွေးနွေးကြတယ်ဆိုလို့ ဝမ်းသာပါတယ်။
ကားတင်သွင်းတာနဲ့ ဒေါ်လာကိစ္စကလည်းဆက်စပ်နေတယ်။ ငြိမ်သက်နေတဲ့ရေပြင် ပေါ်ကိုကျောက်ခဲငယ်လေးပစ်ချလိုက်တဲ့ အခါ ဂယက် ဆိုတာအနည်းနှင့်အမျှပေါ်လာတတ်ပါတယ်။တာဝန်ရှိသူတွေအနေနဲ့ ဂယက်ဆိုတာမရှိအောင်ကြိုတင်လုပ်ထားဖို့ လိုတယ်ဆိုတာပြောစရာမလိုပါဘူး။ကားကိစ္စလည်း
အပြင်မှာထွက်လာတဲ့ သတင်းတွေအတိုင်းဖြစ်လာတာပဲနော်။ ထုံးစံအတိုင်း မြန်မာပြည်မှာ rumor လို့ ဆိုလိုက်ရင်ပေါ့ပေါ့ လေးမနေကြနဲ့ တော့ ၉၉%ကမှန်လွန်းလို့ ဘာလုပ်မယ်ဆိုတာကြိုတင်ပြင်ဆင်ထားကြပေတော့။အဲလိုပဲ ဘဏ်လုပ်ငန်းရှင်တစ်ယောက်က ၁၅၀၀ ကျပ်ရောက်မယ်လို့ ပြောထားတယ်နော်ရူးသလိုလိုပေါသလိုလို နဲ့ အဲဒီ amount ရောက်မလိုလို နဲ့  မရောက်သေးဘူး။ နောက်တော့ ရောက်လာပါလိမ့်မယ်။ ကြည့်နေကြနော်--
Sunday, September 11, 2016
စီးပွားရေး ကျ နေတဲ့ စင်ကာပူ
စင်ကာပူလည်းစီးပွားရေးကျပေမဲ့သူ့မှာinfrastructureလည်းရှိတယ်။ ငွေကြေးလည်းချမ်းသာတယ်။အတွေ့အကြုံရှိတဲ့လူသားအရင်းအမြစ်တွေလည်းရှိတယ်။IT sector မှာ high end products တွေထုတ်လုပ် နိုင်တယ်။ ကမ္ဘာကျော်ကုမ္ပဏီကြီးများလာရောက်အခြေချလုပ်ကိုင်လျှက်ရှိတယ်။အဆင့်မြင့်သောပညာရေးအခြေခံကောင်းများရှိတယ်။
ထိုင်းကောစင်ကာပူကောမြန်မာကိုစိတ်ဝင်စားနေကြတယ်။ မြန်မာစီးပွားရေးမူဝါဒလည်းမကြာခင်ထုတ်ပြန်တော့မယ်။ဘာတွေအခြေခံမယ်။ ဘာတွေလုပ်မယ်ဆိုတာရေတို ရေရှည်စီမံချက်တွေထွက်လာတော့မယ်။ပြည်တွင်းပုဂ္ဂလိကအားတွေကိုဘယ်လိုအသုံးချမလဲ-- ရှုံးနေတဲ့ အစိုးရပိုင်လုပ်ငန်းတွေကို ဘာလုပ်ပစ်မလဲ? အလုပ်အကိုင်အခွင့်အလန်းတွေဘယ်လိုဖန်တီးပေးမလဲ?  လုပ်ရမှာကတော့ ကဏ္ဍပေါင်းစုံတပြိုင်နက်တည်းလုပ်ရမှာဖြစ်ပါတယ်--အရပ်သားအစိုးရအတွက် ဘက်မလိုက်တဲ့ Think Tank တွေပေါ်လာဖို့ အမြန်ဆုံးလိုနေပါပြီ-- အစိုးရခိုင်းခိုင်း မခိုင်းခိုင်း ပြည်တွင်းပြည်ပ sponsor တွေ
နဲ့ကျားကန်ပြီး မိမိ သန်ရာသန်ရာတွေကို ပေါင်းစပ်လုပ်ဖို့ လိုနေပါပြီ။  အစိုးရကတော့ ရွက်ကြမ်းရေကြိုပါပဲ-- နံပါတ်ဝမ်း တွေတော့ မမျှော်ပါနဲ့-- trust and loyalty ကရှိနေပါတယ်။ အဖျက်အမှောက်ဆိုတာနေရာတကာမှာရှိနေတာပါ။
Wednesday, August 31, 2011
စီးပွားရေးပဲ့တင်သံ
အားလုံးသိကြတဲ့ အတိုင်းစီးပွားရေးအသိုက်အ၀န်းထဲမှာအဓိကအော်နေကြတဲ့အ
ကြောင်းအရာကတော့ငွေရေးကြေးရေးနဲ့ အခွန်အခကိစ္စတွေပါပဲ။ ယမန်နေ့ က earning ဒေါ်လာ ၇၆၅အထိရောက်ခဲ့ပေမဲ့လည်းကုန်သည်လုပ်ငန်းရှင်တွေကြိုက်တဲ့
အနေအထားမရောက်သေးပါဘူး။ ကားတင်သွင်းခွင့်ပြုဖို့စဉ်းစားနေတဲ့အကြောင်း
သတင်းတွေဖြစ်ပေါ်နေပါတယ်။ တချို့ကလည်း ၀စ်သောက်ကားတွေကိုကားတန်ဖိုး (ဒေါ်လာ) ရဲ့ ၃ဆဒဏ်ရိုက်ပြီးခွင့် ပြုမယ်ဆိုတဲ့သတင်းကြောင့် အကွက် မြင်သူတွေကနယ်စပ်တွေမှာစိတ်ကြိုက်ကားတွေဝယ်ထားပြီးလမ်းခရီးမှာ သက်ဆိုင်
ရာတွေကိုပေးကမ်းပြီးရန်ကုန်နဲ့မြို့ကြီးတွေအရောက်သယ် ဖို့စီစဉ်နေကြပြီလို့လည်း
ကြားနေရပါတယ်။
နောက်တစ်ခုကစီးပွားကူးသန်း ၀န်ကြီးဌာန မှာယမန်နှစ်တွေက export အများဆုံး ပို့ခဲ့တဲ့ ကုမ္ဗဏီတွေကိုကားတင်သွင်းခွင့်ပေးမယ်၊ top 100 စာရင်း
တွေပြုစုထားပြီးပြီ ဆိုတဲ့သတင်းများလည်းပေါ်ထွက်လာခဲ့ပါတယ်။ top exporter ဆိုတာမလုပ်တာကြာပါပြီ။ အခမ်းအနားကြီးတွေနဲ့ လုပ်ရင် ဘေးကလူတွေ၊ကြားတဲ့လူတွေက ပြုံးစေ့စေ့ နဲ့ ကြည့်နေကြတာ မခံနိုင် လို့ပါ။ တချို့ကလည်းဒီ top exporter ကိုကားတွေသွင်းခွင့်ပေးမယ်ဆိုတဲ့
သတင်းတွေကိုမကြိုဆိုကြဘူး။ top exporters ဆိုရင်နယ်စပ်ကုန်သွယ်ရေးမှာဟန်
ပြလုပ်နေတာက ၉ ၀%လောက်ရှိတယ်၊အမှန်ပို့နေတာက ၁၀%လောက်ပဲရှိနိုင်မယ် လို့ပြောကြတယ်။ သူတို့လုပ်နည်းတွေကတရားမ၀င်ဘူးလို့ပြောလိုလည်းမရဘူး။
ဥပမာ ကျနော်က ပဲတီစိမ်း ဒေါ်လာ ၅သိန်းဖိုးလောက် တရုတ်ကို ပို့ချင်ရင် နယ်စပ်
ကုန်သွယ်ရေးကိုအထင်ကရလုပ်နေတဲ့ကုမ္ဗဏီကြီးနဲ့ညှိနိုင်း ရတယ်။ကုမ္ဗဏီကြီးက သဘောတူလက်ခံရင်ရင်နယ်စပ်ကုန်သွယ်ရေးရုံးနေပြည်တော်မှာလိုင်စင်
လျှောက်ပေးတယ်။ တရုတ်ဖက်မှာ ရှိတဲ့သူနဲ့လက်ဝါးရိုက်ထားတဲ့ကုမ္ဗဏီ
သို့မဟုတ်သူ့ကုမ္ဗဏီက မြန်မာဖက်ကသူ့ကုမ္ဗဏီထဲကို TT ဒေါ်လာထည့်ပေး
လိုက်တယ်။ အမှန်တော့သူ့ပိုက်ဆံနဲ့ TT ဒေါ်လာ ထည့်ပေးလိုက်တာပါ။ ပြည်ပပို့ကုန်လုပ်ငန်းလုပ်ကြတဲ့အခါမှာ ၂ ရင်း ရင်း ရတယ်ဆိုတာအဲဒါ
မျိုးဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးရုံးမှာ လိုင်စင်လျှောက်ရင်တစ်ဖက်
ဝယ်မဲ့ကုမ္ဗဏီကနေ TT လှမ်း ထည့်ပေးပြီးမှ လိုင်စင်ကိုထုတ်ပေးဖို့ဆက်
စဉ်းစားတယ်။ ကျနော်က ၂ရင်း မ ရင်းနိုင်ဘူးလေ။ကုမ္ဗဏီကြီး
ကပြည်ပတင်ပို့ရန်ပဲတွေလက်ဝယ်ရှိမရှိစစ်ဆေးမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ
လာမယ်ဆိုတဲ့အကြောင်း ကျနော်ဆီအကြောင်းကြားရင်ပဲတီစိမ်းတွေကို အစစ်ဆေးခံရဖို့ အဆင်သင့်ပြင်ဆင်ပေးထားရတယ်။
အဲတော့ကျနော်ပိုင်ပဲတွေကိုအဲဒီကုမ္ဗဏီကြီးအမည်ခံတင်ပို့ပေးလိုက်တော့ခံစားရ
တဲ့အကျိုးကျေးဇူးတွေက ကျနော် TT ကိုကြိုတင်မထည့် ရတဲ့ အတွက် ၂ရင်း မ ရင်းရတော့ဘူး။ ကုမ္ဗဏီကြီးရတဲ့ အကျိုးကတော့ အဝေးလွှဲ နဲ့ earning ဒေါ်လာ
အဟ ကိုသူစားတာဖြစ်ပါတယ်။ earning ဒေါ်လာ က ၇၆၅ ကျပ် export tax 2%
နှုတ် လိုက်ရင် ၇၅၀ ကျပ်ကျန်မယ်။ အဝေးလွှဲ က ၇၂၀ ကျပ်ဆိုတော့ အဟ ကျပ် ၃၀ ကို သူစားတာပေါ့၊ ဒေါ်လာ ၅သိန်းဖိုးဆိုရင် ကျပ် ၁၅၀ သိန်းလောက် one transaction အတွက်သူစားရတာပေါ့။ နယ်စပ်မှာ အဆက်အသွယ်ရှိ တဲ့ကုမ္ဗဏီကြီး တွေက export ပို့တယ် ဆိုတာနံမည်ခံပဲရှိတာ၊ ဒီလိုနဲ့ ဘာမှမလုပ်ပဲ ထိုင်စားနေတာ၊ most exporter ဆိုပြီးစာရင်းရယူရင်သူတို့နံမည်တွေက ထိပ်ဆုံးကပါနေမှာပဲ လို့ လုပ်ငန်းရှင်တွေကြားမှာ ပြောဆိုနေကြပါတယ်။ ဒါကအဝေးလွှဲနဲ့ earning ဒေါ်လာ အဟ ရှိနေရင်လုပ်စားကြတာ။ အဟ မရှိပဲနီးကပ်သွားရင်ကျနော်ကညှိနိုင်းပြီး
ကုမ္ဗဏီကြီးကိုတစ်ဒေါ်လာဘယ်လောက်ဆိုပြီးပေးရတယ်။ ဒီမှာ ပြောချင်တာက export အများဆုံးတင်ပို့သူဆိုရင် အင် တွေပဲဆိုတာကိုမိတ်ဆွေကပြောချင်တာပါ။
အော်--လုပ်တတ်တဲ့သူများကတော့ လက်တလုံးခြားလုပ်နေကြတာပဲနော်။
ဒီလိုဆိုရင် process လုပ်ငန်းစဉ်မှာ ဘာပြုပြင်မလဲ ? လုပ်လို့မရအောင်လိုက်
ပိတ်ဆို့မလား ? ဒီလိုနဲ့ ကုန်သွယ်ရေးပို့ကုန်သွင်းကုန်စည်းမျဉ်းစည်းကမ်းတွေဟာ ကြပ်သထက်ကြပ်၊ညပ်သထက်ညပ်လာကြပါ။ ပြောစမှတ်ရှိကြတယ်။ စည်းမျဉ်းစည်းကမ်းတွေသတ်မှတ် အခါပြန်ပြီး liberalization လုပ်တယ်
ဆိုပြီးပြန်ဖွင့်ပေးလျော့ပေးနဲ့လုံးခြာ လိုက်နေတာတော်တော်ကြာနေပါပြီ။ withholding tax လိုပေါ့ဗျာ။ အခုတော့ ဖြေလျော့ပေးလိုက်ပြန်ပြီ။ အစကတည်း
ကကောက်ခံသင့်သလား မသင့် လား ဆိုတာမစဉ်းစားခဲ့ကြဘူး။
စင်ကာပူသံရုံးမှာအခွန် ၁၀%ကနေ၂% ပြန်လည်သတ်မှတ် လိုက်တော့ လာစုံစမ်းသူတွေတရုန်းရုန်းပဲလို့ ကြားတယ်။ ဒါပေမဲ့ ကျေညာချက်ထုတ်ပြန်တဲ့
၁၆-၀၈-၂၀၁၁ နောက်ပိုင်းမှ အကြုံးဝင်တယ် လိုသံရုံးကပြောတော့ လူရှင်းသွား
ရောတဲ့။ စိတ်ပျက် လက်ပျက်နဲ့ပြန်ကုန်ကြမှာ ပေါ့။ ဒီနေရာမှာကျနော်မသိတာတစ်
ခုရှိနေပါတယ်။မြန်မာ နဲ့ double taxation agreement ထုတ်ထားတဲ့ နိုင်ငံ ၅ နိုင်ငံ
ဆိုလားရှိတယ် လို့သိရတယ်။စင်ကာပူနဲ့ ဗြိတိန် တို့  ပါတယ်။ ကျနော်ယောက်ဖက ဗြိတိန်နိုင်ငံမှာ double taxation agreement အရ မြန်မာသံရုံးကို taxမဆောင်ရ
ဘူး လို့သိရပါတယ်။ အခုစင်ကာပူမှာ ကြတော့လာအလုပ်လုပ်ကြသူအားလုံး ၂ နိုင်ငံအစိုးရတွေကို tax တွေပေးနေရတယ် လို့ သိ ရပါတယ်။ဘယ် လိုကွာခြားနေလို့လဲဆိုတာရှင်းရှင်းလင်းလင်းမသိရပါ။စင်ကာပူနေတဲ့သူတွေကတော့
informal sources တွေကနေငွေလွှဲပို့နေတာကိုကျေနပ်နေကြပါတယ်။ မြန်လည်းမြန်တယ်၊အိမ်တိုင်ရာရောက်လာပို့တယ်ဆိုတော့ဝန်ဆောင်မှုအတွက်ကျေနပ်စရာပါ။ ဒီဝန်ဆောင်မှုပေးနေသူတွေကိုတရားဝင်လုပ်ခွင့်ပေးလိုက်ရင်ကော ? ကျနော်တစ်ဦးတည်း အယူအဆကတော့ အခွန် ထက် data အချက်အလက် ကပို
အရေးကြီးမလား လို့ ပါ။
Wednesday, June 1, 2011
စီပွားရေးရာထွေရာလေးပါး
မြန်မာနိုင်ငံ၌ အစိုးရသစ်ကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းပြီးနောက် စီးပွားရေးတံခါးဖွင့်မှုများရှိပါက နေရာဦး ဖျာခင်းနိုင်ရန် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းအသီးသီးမှ မန်နေဂျာများဟာ ရင်းနှီးမြှုပ်နှံရန် အဆိုပြုပုံစံ အမျိုးမျိုးကို ကိုင်စွဲပြီး၊ မြန်မာနိုင်ငံကို ရောက်လာလျက် ရှိနေပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်များရဲ့ အားနည်းချက် များကို အခွင့်ကောင်းယူကာ တစ်နပ်စားအကြံနဲ့ ရွှန်းရွှန်းဝေအောင် ပြောဆိုလုပ်ကိုင်ကြမှာကို စိုးရိမ်မိပါတယ်။ ဒါပေမဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်အများစုကတော့ တခါသေဘူး ပျဉ်ဘိုးနားလည်တဲ့သူ၊ ခဲမှန်ဘူးတဲ့ စာသူငယ်များ ဖြစ်ကြလေတော့ သတိနဲ့ပြောဆို တုန့်ပြန်ကြတာကို တွေ့ရပါတယ်။
စာရေးသူတို့ မြန်မာနိုင်ငံမှာလည်း ဌာနတိုင်းလိုလိုမှာ အပြောင်းအလဲများ လုပ်နေပြီလို့ ကြားရပါတယ်။ ကုမ္ပဏီ မှတ်ပုံတင်ရင် ကြာတယ် ကြာတယ်လို့ ဆိုပေမဲ့ အခုမေလ (၁၈)ရက်နေ့ နောက်ပိုင်းကစပြီး လိုအပ်တဲ့စာရွက်စာတမ်း ပြည့်စုံရင် ၃ နာရီ ပဲ ကြာပါတော့တယ်လို့ လုပ်ငန်းရှင်များ ဝမ်းသာအားရပြောကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဟောင်း သက်တမ်းတိုးရာမှာ တော့ မမြန်သေးဘူးလို့ ဆိုကြပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ Board of Directors မှာ ပါဝင်တဲ့ members တွေနဲ့ ပါတ်သက်ပြီး ရဲစခန်းက betting လိုက်တဲ့အခါ မေးတတ်ဖို့လိုတယ်။ မဆိုင်တာတွေကိုမေးတော့ ကုမ္ပဏီတွေ ကသိကအောက် ဖြစ်ကြရတယ်လို့ ကြားပါတယ်။ ဒါကြောင့် ဘာမေးဘာမေးဆိုပြီး criteria သတ်မှတ်ပေးသင့်တယ်လို့ ပြောကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တုန့်ပြန်ချက်တွေပါ။ ဘာဘဲပြောပြောအရင်က ကုမ္ပဏီမှတ်ပုံတင်ရင်ကြာတယ်ဆိုတဲ့ သမားရိုးကျ သတင်းဟာ မဟုတ်တော့ဘူးဆို တာ ပြန့်နှံ့သွားဖို့ လိုပါတယ်။
စာရေးသူ တစ်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဗလူဘက်က ကျပ်သိန်း (၄ဝဝဝ-၅ဝဝဝ)လောက်တန်ဖိုးရှိတဲ့ လုပ်ငန်း တစ်ခုကို လုပ်နေသူတစ်ဦးနဲ့ စကားပြောကြည့်ရာ သူ့အနေနဲ့ ကုမ္ပဏီမဖွဲ့နိုင်တော့ သူများကုမ္ပဏီနံမည်ခံပြီး စီးပွားရေးကို လျှောက်လုပ်နေရတယ်လို့ ပြောပါတယ်။ သားသမီးတွေက လူငယ်ဘွဲ့ရပညာတတ်တွေပါ။ ဒါနဲ့ စာရေးသူက အဆိုပါ ပုဂ္ဂိုလ်ကို ကုမ္ပဏီထောင်ဖို့ မျိုးဆက်သစ်လူငယ် သားသမီးတွေကိုခိုင်းဖို့ တိုက်တွန်းလိုက်ပြီး၊ export ကို ကိုယ်တိုင်လုပ်ဖို့ ပြောခဲ့ပါတယ်။ သူက ပြန်ပြောတာကတော့ ''ကုမ္ပဏီထောင်ဖို့ဆိုတာ အချိန်အများကြီးကုန်တဲ့အပြင် ငွေလည်းတော်တော်ကုန်တယ်''လို့ ကြားလို့ပါလို့ ပြန်ပြောပါတယ်။ စာရေးသူက ကုမ္ပဏီထောင်ဖို့လိုတဲ့ စာရွက်စာတမ်းတွေကတော့ အဲ့ဒါတွေပဲ။ ကိုယ်တိုင်ရုံးပြင် ကန္နားမသွားချင်ရင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ပေးနေတဲ့ ကုမ္ပဏီတွေရှိတယ်။ မှန်မှန်ကန်ကန်လုပ်ကိုင်ပေးတဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပါလို့ အကြံပြုခဲ့ပါတယ်။
စကားမစပ် စာရေးသူတို့နိုင်ငံမှTrade in serivice လို့ခေါ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလုပ်ငန်းတွေကို အများအမြင်မှာတော့ ''ပွဲစား''တွေလို့ မြင်ကြပါတယ်။ လာရောက်ဆက် သွယ်တဲ့ သူတွေထဲမှာလည်း ''ဝန်ဆောင်မှုလုပ်ငန်း''တန်ဘိုးကို သိတဲ့သူရှိသလို တခိျု့က ဝန်ဆောင်ခအတွက် သတ်မှတ်ကြေး ပေးရမှာကို နှမျောတွန့်တိုကြတယ်။ ဒီအချိန်မှာ ကုမ္ပဏီမှတ်ပုံတင်ဖို့ ဝန်ဆောင်ခပေးနေတဲ့ ကုမ္ပဏီတွေလည်း သူတို့ရဲ့ ''ဝန်ဆောင်ခ'' တွေ လျှော့ယူဖို့ ကောင်းနေပါပြီ။ နေပြည်တော် ခဏခဏမသွားရတော့ဘူး မဟုတ်လား ၊
ကုမ္ပဏီမှတ်ပုံတင်တာကို on line နဲ့လုပ်လို့ရအောင်တောင် ကြိုးစားနေပြီလို့ သတင်းကြားသိရပါတယ်။ ဒါကလည်း အင်မတန်မှ တိုးတက်တဲ့အမြင်ပါ။ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ ''on line '' နဲ့လုပ်လို့ ငါတို့လုပ်ငန်းတော့ ''အ''သွား တော့မှာပဲလို့ မမြင်ပါနဲ့။ ပိုပြီးတော့ လုပ်ငန်းတွေသွက်လက်မြန်ဆန်လာမှာ ဖြစ်တယ်လို့ ယုံကြည်ပါ။ ပို့ကုန်သွင်းကုန် လိုင်စင်ကို on line ကနေ လျှောက်လို့ရအောင် ဒီလိုပဲလုပ်ခဲ့ကြတာပါ၊ D form ကလည်း အဲ့ဒီလိုပါပဲ။ အခုဆိုရင် အဆင်ပြေနေပါပြီ။
on line က ငွေသွင်းနိုင်အောင် လုပ်ပေးဖို့ပဲ ကျန်ပါတော့တယ်။
အစပိုင်းမှာ ပြောခဲ့တဲ့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာကိုလာပြီး model ပုံစံအမျိုးမျိုးနဲ့ ဖက်စပ် လုပ်ငန်းတွေ တင်ပြဆွဲဆောင်လုပ်ကိုင်ဖို့ တာစူနေတာကို သတိနဲ့ ဆက်ဆံဆောင်ရွက်ကြဖို့ ပြောလိုပါတယ်။ တလောက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး countrywise risk analysis တွေရှာဖွေတင်ပြဖို့ countrywise rating တွေ ရှာဖွေတင်ပြဖို့ ပြောခဲ့ပါတယ်။ ငွေအရင်းအနှီးကြီးမားတဲ့ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေမှာ ရင်းနှီးမြှုပ်နှံသူတွေဖက်က ပြည်တွင်းမှာ ဘယ်လိုဆောင်ရွက်သလဲဆိုတာ စီးပွားရေးလုပ်ငန်းရှင် အငယ်စား၊ အလတ်စားတွေ မသိကြပါဘူး။ သူတို့ကလည်း သူတို့လုပ်ငန်း အများသိမှာစိုးလို့ လှိျု့လှိျု့ဝှက် ဝှက် လုပ်ကြပါတယ်။ စပ်စပ်စုစုနဲ့ မေးမြန်းသူတွေလောက်သာ အပေါ်ရံသိကြပါတယ်။ ဒီကုမ္ပဏီတွေကလည်း ဖေါ်ထုတ်မပြော ကြပါဘူး။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုလာရင် သူတို့ရဲ့ management ပုံစံ တွေ့ ရ ပါ မယ်။ technology-know-how တွေ ရလာမယ်။ အလုပ်သမားပိုင်းမှာ စည်းကမ်း၊ စနစ်ကျနစွာ ဆောင်ရွက်တတ်တဲ့ အသိတရားတွေရလာမယ် (ဒီနေရာကို နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ပြည်တွင်းမှာတောင် အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာ၊ တင်စီးတာတွေ မရှိဖို့ လိုပါတယ်။)နောက်တစ်ခု အကြံပြုချင်တာက ပြည်တွင်းလုပ်ငန်းရှင်များအနေနဲ့ မိမိဖက်စပ်ပူးပေါင်းဆောင်ရွက် လိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်အားလုံးကို (ဘယ်နှစ်နှစ်နဲ့ အရင်းကျေနိုင်မယ်ဆိုတာကအစ နောက်ဘယ်လောက် ထိ တိုးချဲ့နိုင်မယ်ဆိုတာအဆုံး)ပြုစုထားဖို့ လိုပါတယ်။ investment proposal ကိုလည်း သပ်သပ်ရပ်ရပ် သေသေသပ်သပ်နဲ့ ပြုစုထားသင့်ပါတယ်။ power point presentation လည်း လိုအပ်ရင် ပြုစုထားသင့်ပါတယ်။ စာရေးသူ ဘာကြောင့်ပြောရသလဲဆိုရင် တွေ့ရသမျှ အလတ်စား ပြည်ပလုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာ ဘယ်အပိုင်းကို ရင်းနှီးမြှုပ်နှံရင် ကောင်းမလဲဆိုတဲ့ မေးခွန်းကိုပဲ အမြဲမေးခံနေရလို့ပါပဲ။ သူတို့နဲ့ တွေ့တဲ့အခါ မြန်မာငွေ exchange rate ကိစ္စ လတ်တလော ဖြစ်ပျက်နေမှုကို တတ်နိုင်သမျှ ရှင်းပြပါတယ်။ သူတို့အားလုံး လက်ခံသလိုလိုရှိပေမဲ့ အပြည့်အဝ နားမလယ်ကြပါ။ သံသယနဲ့ပဲ လက်ခံကြပါတယ်။ ဒါကြောင့် ဒီအချက်ဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုလို့ စာရေးသူ ခံစားနားလည်ရပါတယ်။