မြန်မာနိုင်ငံတွင် breakdown of wealth နှင့်ပတ်သက်၍လေ့လာဆန်းစစ်မှုများမရှိသေးပါ။တရုတ်လူမျိုး
စီးပွားရေးလုပ်ငန်းရှင်များ၏ငွေကြေးပိုင်ဆိုင်မှုသည်အင်ဒိုနီးရှားတွင် ၆၀%၊မလေးရှားတွင်၃၀%၊ထိုင်းတွင်၇၀%အ
သီးသီးရှိကြောင်းလေ့လာသိရှိရပါတယ်။မြန်မာအနေဖြင့် နိုင်ငံအတွင်းလှည့် ပတ်သုံးစွဲနေသောငွေကြေးမည်မျှရှိနေ
သည်ကိုပင် မထုတ်ပြန်တော့ပါ။လက်လီရောင်းချမှုအပိုင်း၊စက်မှုလက်မှုအပိုင်း၊အိမ်ခြံမြေအပိုင်း၊ကျောက်မျက်အပိုင်း၊
ဆောက်လုပ်ရေးပိုင်း၊သီးနှံရောင်းဝယ်မှုအပိုင်း၊စသည့် အပိုင်းများ၌ မည်ရွေ့မည်မျှလှည့်ပတ်သုံးစွဲနေသည်ကိုမသိရပါ။
ငွေကြေးဆိုင်ရာအဖွဲအစည်းများ၊သုတေသနလုပ်သူများ၊တက္ကသိုလ်များအနေဖြင့်လုပ်သင့်သောစစ်တမ်း (survey) တစ်ခုဖြစ်ပါတယ်။ အလွတ်ပြောကြဆိုကြရာ၌”ဖျာအောက်ကငွေ” တွေရင်းနှီးမြုပ်နှံမှု အပိုင်း၊ကုန်သွယ်မှုအပိုင်းတွေ
ထဲရောက်လာစေလိုကြပါတယ်။
ဗဟိုဘဏ်များကငွေရေးကြေးရေးကဏ္ဍ၌လုပ်ငန်းများဆောင်ရွက်စေရာတွင်ဥပဒေများပြဌါန်း၍လည်းကောင်း၊အမိန့်
ကြော်ငြာစာများထုတ်ပြန်၌လည်းကောင်းဆောင်ရွက်ခြင်းသည် နိုင်ငံတကာစံလုပ်နည်းလုပ်ဟန်များဖြစ်ပါတယ်။ဒါ
ပေမဲ့မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍမှာ”လက်တန်းညွှန်ကြားချက်များ”ဖြင့် ဘဏ်များမှလုပ် ကိုင်နေရပါတယ်။ဥ
ပမာပြရလျှင်ရန်ကုန်၊မန္တလေးမြို့များ၌ဘဏ်ခွဲများဖွင့်ခွင့်မပြုတော့ ခြင်း၊လုံခြုံရေးအရအများပြည်သူဝင်ထွက်သွား
လာနေသည့် shopping mall များတွင်ဖွင့်ခွင့်မပြုခြင်း၊ဘဏ်ခွဲများကိုမြေငှား၊အဆောက်အဦးငှား၍ဖွင့်ခွင့်မပြုခြင်း၊
စသည်တို့သည်”လက်တန်းညွှန်ကြားချက်”များဖြစ်နေပါတယ်။ဥပဒေစာအုပ်ထဲတွင်မပါ၊လွှတ်တော်တွင်မဆွေးနွေး
ပဲဘဏ်များကလိုက်နာဆောင်ရွက်နေရပါတယ်။
လွန်ခဲ့သော၂၀၀၃ ဘဏ်များပြဿနာပေါ်ပေါက်ခဲ့ပြီးဘဏ်များ ကိုဗဟိုဘဏ်ကတင်းကြပ်ရာတွင်စစချင်း၌
paid up capital ၏ ၇ဆ သာအပ်ငွေလက်ခံရပါတယ်။အဆိုပါအချိန်ကာလက ဘဏ်သို့လာရောက်ငွေအပ်
နှံချင်ကြတဲ့ပြည်သူများကို ဘဏ်တော်တော်များများကမျက်နှာပူစွာဖြင့်ငြင်းလွှတ်ခဲ့ရပါတယ်။အခုတော့သက်
ဆိုင်ရာကခွင့်ပြုနေပါပြီ။ paid up capital ရဲ့ ၁၀ဆ၊၁၅ဆ၊၂၀ဆအထိအပ်ငွေကိုလက်ခံနိုင်ပါပြီ။သို့သော်တစ်
ဖက်၌ reserve ထားရမဲ့ငွေနဲ့ ပြန်ထိန်းထားပါတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တွေအနေနဲ့အသက်ရှုတော်တော်
ချောင်သွားခဲ့ပါတယ်။
banking products တော်တော်များများ ကိုဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်တွေကို ခွင့်ပြုပေးခဲ့ပါတယ်။ရွှေအ
ပေါင်ခံခြင်း၊အချိန်ပိုင်းအပ်ငွေကိုဘဏ်မှာအပေါင်ထားပြီးငွေချေးခွင့်ပြုခြင်း၊သီးနှံ (၃) မျိုးကိုpledging လက်ရောက်အ
ပေါင်စနစ်ဖြင့်ဘဏ်များမှာငွေချေးနိုင်ခြင်း၊hire purchase လုပ်ခွင့်ပြုခြင်း၊ စည်တို့သည် လတ်တလောခွင့်ပြု
ခဲ့သော banking products များဖြစ်ပါတယ်။ သီးနှံ ၃ မျိုး(တန်၊ပဲမျိုးစုံ၊နှမ်း) အပြင်စပါးရာဘာ တို့ကို လည်း
တိုးချဲ့ခွင့်ပြုစေလိုပါတယ်။ အမှန်းပေါင်စနစ် (hypothecation)ကို လည်းဘဏ်များ ကလုပ်လိုကြပါတယ်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက်ပုဂ္ဂလိကဘဏ်များမှငွေလွှဲစာတမ်း (letter of credit) အပေါင်ခံ
ခွင့်ပြုခြင်း၊earning ဒေါ်လာကိုအပေါင်ခံခွင့်ပြုခြင်းတို့ကိုဆောင်ရွက်ပေးစေချင်ပါတယ်။
မြန်မာစီးပွားရေးကိုပျက်စီးစေဖို့အမေရိကန်ဒေါ်လာဟာခေါင်းမြီးခြုံဝင်ရောက်လာတယ် လို့ ပြောကြပါတယ်။
ဒေါ်လာတွေ emerging markets တွေဆီဝင်ရောက် လာတော့မယ်ဆိုတဲ့အကြောင်းလွန်ခဲ့သော ၃-၄ လ လောက်
ကတည်းကပညာရှင်တွေ၊ငွေကြေးနှင့်ပတ်သက်၍ကျွမ်းကျင်သူတွေကသတိပေးကြပါတယ်။ဒေါ်လာဈေးကျပြီးမြန်
မာကျပ်ငွေမာလာတယ်လို့ယျေဘူယျအားဖြင့်သုံးသပ်၍ရသော်လည်းမြန်မာငွေ မာ လာသည်ဆိုသည့်အချက်အပေါ်
သံသယဖြစ်ဖွယ်ပင်။ CPI ကတက်မလာပါ။ပြည်ပကသွင်းတဲ့ပစ္စည်း၊ပြည်တွင်းမှာ ထုတ် လုပ်သောပစ္စည်းတွေဈေး
မကျပါ။မြန်မာငွေ မာ လာလျှင်ပစ္စည်းဈေးနှုန်းတော့ကျဖို့ကောင်းပါတယ်။ မြန်မာငွေ မာ လာသောကြောင့် ယေဘူ
ယျအားဖြင့် ပြည်ပပို့ကုန်များတင်ပိုမှု ကို ထိ ခိုက်ခဲ့သည်သာမက အောက်ခြေလူတန်းစားဖြစ်သော လယ်သမား လူ
တန်းစားအထိပင် ထိခိုက်မှုများ ရှိ ခဲ့ ပါတယ်။ ”ရှုံးချင်ရင် အရောင်းအ၀ယ်လုပ်၊မြတ်ချင်ရင်ဘဏ်မှာ ငွေစု“ ဆိုတဲ့စ
ကားရပ်တောင်ခေတ်ကာလအလိုက်ပေါ်လာသေးတယ်။ ဒါကြောင့်ဘဏ်တွေမှာအပ်ငွေတွေလျှံ လာပါတယ်။ပြန်ချေး
ဖို့ကျတော့ဗဟိုဘဏ်ရဲ့တင်းကြပ်သောထိန်းချုပ်ကြားမှာ ကြပ်တည်းစွာလုပ်ကိုင်ခဲ့ ကြ ရပါတယ်။
မြန်မာငွေမာလာတဲ့အချိန်မှာ၁၀၀၀၀ိတန်၊၅၀၀၀၀ိတန်ငွေစက္ကူမျာ ကိုပုံနိုပ်၊ထုတ်ဝေသင့်တယ်လို့ပြောကြပါတယ်။ စင်
ကာပူမှာ ဆိုစင်ကာပူဒေါ်လာ ၁၀၀၀၀၀ တန်အထိပုံနိုပ်ထုတ်ဝေထားတယ်။အလားတူပဲနိုင်ငံကြီးတော်တော်များများမှာ
notesအရွက်ကြီးကြီးတွေထုတ်ထားတယ်လို့ဆိုကြပါတယ်။ဒီလိုထုတ်ထားလိုက်ရင် equalization fund အတွက်လည်း
အဆင်ပြေသွားနိုင်ပါတယ်။ တစ်ယောက်ကတော့ ဦးနေ၀င်းလက်ထက် ဦးဘငြိမ် ကိုင်ခဲ့စဉ်က IMF ကအကူအညီပေးဖို့
ငြင်းဆန်တဲ့အခါ ကိုယ်ဖါသာကိုယ်ရပ်တည်မယ်ဆိုပြီးငွေစက္ကူတွေရိုက်ထုတ်ခဲ့တာကိုလည်းသတိရကြဖို့သတိပေးခဲ့ပါတယ်။
ခက်တာကငွေစက္ကူဟာ ၁ိ တန်ရိုက်တဲ့ ကုန်ကျစရိတ်နဲ့ ၁၀၀၀ိ တန်ရိုက်တဲ့ ကုန်ကျစရိတ်ကတူတူပဲဖြစ်နေတယ်။ တိုင်းပြည်
ပြင်ပမှာရိုက်ဖို့ဆိုတာ မတွေးရဲဘူး။ ၀ါဇီကပုံနိုပ်စက်တွေအတွက် spare parts ၀ယ်တာတောင်အခက်အခဲရှိနေတာ။
ဒါကလည်းmonetary policy နဲ့ ဆိုင်တော့ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ဖို့ လိုတယ်။
ငွေရေးကြေးရေးကဏ္ဍမှာဥပဒေလုပ်ထုံးလုပ်နည်းအချို့မပြည့်စုံတာတွေရှိနေပါသေးတယ်။ငွေမရှိပဲချက်လက်မှတ်
ထုတ်ပေးလိုက်တဲ့အခါဘဏ်များအနေနဲ့ third party ဖြစ်နေလို့ကိုင်ရတွယ်ရခက်ပါတယ်။ bounce cheque နှင့်
ပတ်သက်သောဥပဒေအမိန်ကြော်ငြာစာများထုတ်ပြန်ပေးရန်လိုအပ်နေတယ်လို့ထောက်ပြကြပါတယ်။ အများပိုင်
ကုမ္ဗဏီများနှင့် ဆက်စပ်သည့်ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ ယနေ့ တိုင်ပြဌါန်းသတ်မှတ်ထားခြင်းမရှိသေးသဖြင့်
မြန်မာနိုင်ငံ၌အများ ပိုင်ကုမ္ဗဏီများဖွဲ့စည်းတည်ထောင်လာရေးအလားအလာများမှာမှေးမှိန်နေဆဲဖြစ်ပါတယ်။အများ
ပိုင်ကုမ္ဗဏီများများဖွဲစည်းတည်ထောင်လာနိုင်လျှင် အရင်းအနီှ်းဈေးကွက် capital market ပေါ်ပေါက်လာရေးမှာအ
လားအလာများရှိ လာနိုင်ပါတယ်။
ဒီလိုပြောကြဆိုကြတာတွေဟာပြည်သူလွှတ်တော်၊ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံဖြိုးတိုးတက်ရေးကော်မီတီနှင့်
တွေ့ဆုံစဉ်ဘဏ်များဖက်ကသူတိုအမြင်များ ကိုတင်ပြခဲ့ကြသည်များကိုမှတ်သားဖွယ်ရာများပါသဖြင့်ကောင်းနှိုးရာရာ
ကောက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။
Showing posts with label ငွေကြေးဆောင်းပါး. Show all posts

Monday, September 26, 2011
Sunday, August 28, 2011
ယနေ့ငွေကြေးပြဿနာနှင့်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့မှုများ
၂၀၀၈ခုနှစ်အောက်တိုဘာလ၊ သမ္မတ ဘွတ်ရှ်အစိုးရလက်ထက် အိမ်ရာပြဿနာပေါ်ပေါက်ခဲ့
သောကြောင့် Trouble Asset Relief Programme TARP ကိုစီစဉ်ဆောက်ရွက်ခဲ့ပြီး အစိုးရက
ဘဏ်များကိုကယ်တင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံကို ထုတ်သုံးစွဲခဲ့ ရပါတယ်။တ
ကယ်တော့ဒီငွေတွေကိုအမေရိကန်အစိုးရ ၀ါဇီလိုဌာနမျိုးမှာ ရိုက်နှိပ်ခဲ့ရတာပါ။ တစ်ဖန် သမ္မတ
အိုဘားမားလက်ထက်ရောက်တော့လည်းFannie Freddie လို ကုမ္ဗဏီမျိုးအတွက် bailout ဆက်
လုပ်ရတော့ အမေရိကန်ဒေါ်လာတွေရိုက်ထုတ်ရပြန်ရော။ အဲတော့အမေရိကန်ဟာ ဒေါ်လာစက္ကူ
တွေကို ဘီလီယံပေါင်းများစွာဆက်တိုက်လိုလိုရိုက်ထုတ်နေရတော့ ဒီဒေါ်လာတွေဟာကမ္ဘာ
အနှံ့အပြား ရောက်သွားတော့တာပါပဲ။ဒီအမေရိကန်တွေကြောင့် ကျနော်တို့တစ်တွေအားလုံး
ဒီအကျိုးဆက်ကို ခံစားနေရတာပါ။
ဒီဒေါ်လာတွေဟာ emerging markets တွေရှိတဲ့ အာရှနိုင်ငံတော်တော်များများကို ရောက် လာခဲ့
ပါတယ်။အာရှနိုင်ငံတော်တော်များများကလည်းဒီလိုရောက် လာလိမ့်ဆိုတာသိတော့ အကာအ
ကွယ်အစီအမံတွေလုပ်ထားကြပါတယ်။ ဒီအကြောင်း ကို၂၀၁၁ခုနှစ်မေလက UMFCCI ကို လာရောက်ခဲ့တဲ့ စင်ကာပူ Strait Capitals က Dr Wang Yut Fang ကလိုငွေပြမှုကိုဖြေရှင်းဖို့
အမေရိကန်ဟာဒေါ်လာငွေစက္ကူတွေကို ရိုက်ထုတ်နေတာကြောင့် နိုင်ငံတိုင်းလိုလိုဒေါ်လာလဲလှယ်
နှုန်းတွေကျဆင်းလျက်ရှိကြောင်းကိုထောက်ပြဆွေးနွေးခဲ့ပါတယ်။သူတို့နိုင်ငံမှာ ကာကွယ်ရေးအစီအမံတွေဆောင်ရွက်ထားပြီးဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကတွေကတော့ property market ကိုပြောင်းရင်းနှီးမြုပ်နှံနေတာကြောင့် စင်ကာပူမှာ condo, HDB flat တွေဈေးတက်ခဲ့တယ် လို့ ပြောပြပါတယ်။ ဒါကိုသိလို့စင်ကာပူ၊မလေးရှား၊
ထိုင်း၊ဖီလစ်ပိုင်တို့မှာလည်း ကြိုတင်ပြင်ဆင်ကြပါတယ်။ တစ်ခုမြန်မာထက်သာတာက သူတို့ဘဏ်တွေဟာဒေါ်လာဘယ်လောက်ဝင်သလဲထွက်သလဲဆိုတာကိုစာရင်းအင်းရှိတယ်၊သိနေကြတယ်၊တရားဝင်ပဲဝင်တယ်၊တရားဝင်ပဲထွက်တာကိုး၊ ကျနော်တို့မြန်မာကဒါတွေလုပ်ဖို့ပျက်
ကွက်ခဲ့တယ်။ ဒေါ်လာတက်တာကျတာမြန်မာနဲ့မဆိုင်သလိုလုပ်နေကြတယ်။
စာရေးသူတို့မြန်မာမှာတော့ဒေါ်လာ supply / demand ဘယ်လောက်ရှိသလဲဆိုတာမသိပါဘူး။
informal sources တွေကပဲအ၀င်အထွက်ရှိတော့ ဒီအကြောင်းပြောကြရရင်မှန်းဆပြီး ခန့်မှန်း
ပြောနေရတာပါ။ မြန်မာစီးပွားရေးအသိုက်အ၀န်းထဲမှာတော့ ဒေါ်လာ ၁သန်းလောက်အဝေး
လွှဲလုပ်ဖို့ ဘာမှမခဲယဉ်းဘူး လို့ပြောကြတာပဲ။ သွင်းကုန်ကိုကြည့်ပါ။ ပစ္စည်းကဒေါ်လာ၎သိန်း
လောက်ဈေးရှိနေပေမဲ့သွင်းကုန်လိုင်စင်တင်ရင်ဒေါ်လာ၁သိန်းလောက်ပဲတင်ပြကြတယ်။ ၃ သိန်းကိုအဝေးလွှဲ နဲ့ ပို့ပေးလိုက်တယ်။ ဘာလို့ဒီလိုလုပ်သလဲ ? နှစ်ကုန်ရင်အမြတ်တော်ကြေးပေး
ရတာနည်းချင်တယ်။ဒေါ်လာကို earning ဈေးထက်နိမ့်တဲ့ အဝေးလွှဲနှုန်းနဲ့ ၀ယ်ရတော့အတိုင်း
အတာတခုအထိသက်သာတယ်။ risk တော့ရှိတယ်။ ဒါပေမဲ့သက်သာတဲ့ငွေကလောက်လောက်
လားလားဆိုတော့စွန့်စားကြတယ်။ trust နဲ့ လုပ်ကြတယ်။အဲတော့ ကမ္ဘာ့နိုင်ငံတော်တော်များများ မှာဒီကိစ္စကိုကြိုတင်သိထားပြီးအကာအကွယ်လုပ်ထားတော့ မြန်မာလောက်မဆိုးဘူး
လို့ဆိုရမှာ ဖြစ်တယ်။ export tax ကိုဖြုတ်ပစ်ခဲ့တဲ့ ၁-၀ရ-၂၀၁၁ မှ ၂၄-၀၈-၂၀၁၁ အတွင်းဖြစ်
ပေါ်ခဲ့တဲ့ ကမ္ဘာ့ ငွေရေးကြေးရေးအခြေအနေတွေကြည့်ရအောင်။
ငွေကြေး ၁-၇-၂၀၁၁ ၂၄-၈-၂၀၁၁ ပြောင်းလဲမှု
Euro 0.6903 0.6916 (-) 0.19
Pound 0.6228 0.6070 (+)2.54
Yen 80.54 76.55 (+)4.95
Yuan 6.4663 6.3850 (+)1.70
Sing$ 1.2297 1.2059 (+)1.93
Rupee 45.1724 45.9950 (-)1.78
Baht 30.7814 29.9250 (+)2.80
Korea Wan 1069.52 1082.2400 (-)1.19
*KYATS 808 710 (+)12.13
@KYATS 812 680 (+)16.26
မှတ်ချက် *earning dollar ဈေးဖြစ်ပါတယ်။ @green notes ဈေး
တယ်။
အထက်ပါဇယားကိုကြည့် ရင် ဂျပန်ယန်းငွေတစ်ခုပဲ ၅%နီးပါးတက်ခဲ့ပါတယ်။ဒါကလည်းဂျပန်မှာ
ဆူနာမီဖြစ်ရပ်နဲ့ အဏုမြူဓါတ်ပေါင်းဖိုပြဿနာတွေကြောင့် လို့ပြောနိုင်ပါတယ်။ အားလုံးကိုမြန်မာ
ကျပ်နဲ့နိုင်းယှဉ်ကြည့် ရင် မြန်မာငွေတန်ဖိုးမြင့်တက်မှုက ၁၀%ကျော်မှာ ဖြစ်နေပါတယ်။ ကဲ ဒီရက်တွေမှာပဲ တခြား commodities တွေအခြေအနေကြည့် ကြ ရအောင်။
လန်ဒန်ဈေးကွက်မှာ ရွှေ က-------
1-7-2011 1497 ဒေါ်လာ/ရွှေတစ်အောင်စ
24-8-2011 1841 ဒေါ်လာ/ရွှေတစ်အောင်စ
ရာခို်င်နှုန်း 22.89 % (တက်)
ကမ္ဘာရေနံစိမ်း--------
Brent Crude
1-7-2011 111.75 ဒေါ်လာ/စည်
24-8-2011 109.24 ဒေါ်လာ/စည်
ရာခိုင်နှုန်း ၂.၂၅% (ကျ)
WTI crude
1-7-2011 94.67 ဒေါ်လာ/စည်
24-8-2011 85.26 ဒေါ်လာ/စည်
ရာခိုင်နှုန်း ၉ .၉ ၆% (ကျ)
မြန်မာရွှေဈေးကိုကြည့်ရအောင်------
၁-၇-၂၀၁၁ ၆၅၅၅၀၀ ကျပ်/ကျပ်သား
၂၄-၈-၂၀၁၁ ၆၈၇၀၀၀ ကျပ်/ကျပ်သား
ရာခိုင်နှုန်း ၄.၈၅%
အထက်ပါဇယားများအရ မြန်မာရွှေဈေးသည် ၅% ခန့်တက်နေချိန်မှာ ကမ္ဘာရွှေဈေး က ၂၂%ကျော်တက်ခဲ့ပါတယ်။ အဲတော့ မြန်မာရွှေ ဘယ် ကိုစီးဆင်းမလဲဆိုတာသိသာထင်
ရှားပါတယ်။ ပြည်တွင်းမှာ စီးပွားရေးကျ ချိန် ဖြစ်တော့ မြန်မာတွေရွှေမ၀ယ်နိုင်ကြပါ။ ရွှေ ကို လက်ဝတ်ရတနာအတွက်သာမက စီးပွားရေးအတွက် ဒေါ်လာ လိုအရေးပါနေပါပြီ။ တစ်ခုထင်ရှားသည်ကရွှေဈေးတက်ချိန်တွင်ဒေါ်လာဈေးကျသည်ကိုတွေ့ရပါတယ်။မြန်မာ
ရွှေဈေးက ကမ္ဘာရွှေဈေးနဲ့မချိတ်ဆက်ပဲပြည်တွင်းဈေးက နိုင်ငံတကာဈေးထက်လျော့ပါတယ်။
မြန်မာမှာရွှေလည်းထွက်ပါတယ်။ထိန်းချုပ်မှု မရှိပါဘူး၊ လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိပါတယ်။
မြန်မာရွှေဈေးကကမ္ဘာရွှေဈေးထက်နိမ့်နေတော့ နယ်စပ်ကိုစီးဆင်းသွားပါတယ်။အထူးသဖြင့်
တရုတ်နယ်စပ်ကိုပါ။ရွှေရောင်းလို့ရငွေဒေါ်လာကိုဟွန်ဒီနဲ့ ပြည်တွင်းထဲပြန်ပို့ပါတယ်။ဘယ်လောက်
ရောက်သလဲမသိနိုင်ပါ။ ရွှေအသင်းကတရား မ ၀င်ခန့်မှန်းတာကတော့ တစ်နှစ် ဒေါ်လာ သန်း ၂၀၀လောက်ရှိနိုင်တယ် လိုပြောပါတယ်။ ဒီလိုဝင်လာတာဟာ ဒေါ်လာ supply တစ်ခုပါပဲ။
ငွေရေးကြေးရေးအဖွဲ့အစည်းတွေက အစိုးရပိုင်တာကလွဲရင် အပြင်မှာ ဒေါ်လာ supply ဘယ်လောက်ရှိနေလဲဆိုတာ တိတိကျကျမသိကြပါဘူး။ ဒေါ်လာsupplyလာတဲ့ ဇစ်မြစ်တွေကအ
များကြီးရှိနေပါတယ်။ မြန်မာအလုပ်သမားတွေဘယ်လောက်ပြန်လွှဲနေသလဲ ဘဏ္ဍာအခွန်ကတိ
တိကျကျမသိပါ။လွှဲလို့လွယ်အောင်လည်းဖန်တီးမပေးထားပါဘူး။ အခွန်ကတော့အခုဆိုရင်သက်
သာသွားလို့တော်သေးရဲ့။ နိုင်ငံတကာဘဏ်ကနေလွှဲရင် ဘဏ်ကယူတဲ့လွှဲခ ကဈေးကြီးတယ်။
money changer ကလွှဲရင်သက်သာတယ်။ အစိုးရက ဘယ်လိုလုပ်ပေးရင်ရနိုင်သလဲ ? initiative ယူလုပ်ရမယ်ထင်တယ်။စင်ကာပူ Lucky Centre Shopping Mall အောက်မှာ ဖီလစ်ပိုင် maid တွေ တနင်္ဂနွေနေ့ ဆိုရင် money changer ကနေငွေလွှဲနေတာတရုံးရုံးပဲ။
အဲတော့ဒေါ်လာsupply ဘယ်လောက်ဝင်သလဲဆိုတာ နိုင်ငံတော်ကဘယ်လိုသိအောင်လုပ်မလဲ?
macro အဆင့်ငွေကြေးဆိုင်ရာပေါ်လစီ mechanism တစ်ခုတော့လိုနေပြီ။ စနစ်တကျထူထောင်မှု
မရှို၍အခု ထိန်းမနိုင်သိမ်းမရဖြစ်နေခြင်းဖြစ်ကြောင်းသိသာထင်ရှားလှသည်။ ဒီအချက် တွေ ရေးသားတင်ပြနေခြင်း ဟာဗဟိုဘဏ်ဒုဥက္ကဌပြောသလို ပေါက်လွှတ်ပန်းစား media တစ်ခုအနေနဲ့ ထောက်ပြပြောဆိုနေတာမဟုတ်ပါ။ နှစ် ၃၀ ကျော်အတွေ့အကြုံတွေပေါ်အခြေခံပြီး
ထောက်ပြပြောဆိုနေခြင်း ဖြစ်ပါတယ်။ macro level ငွေကြေးဆိုတာဗဟိုဘဏ်
တစ်ခုတည်းနဲ့ဆိုင် တာမဟုတ်ပါဘူး။ ဘဏ်တွေ၊စီးပွားရေးလုပ်ငန်းတွေ၊ပြည်သူတွေ
အားလုံးနဲ့ဆိုင်ပါတယ်။
ဒီအချိန်ဟာအမြန်တစ်ခုခုတော့ဆောင်ရွက်သင့်နေပြီ၊ ကျပ်နဲ့ပတ်သက်လို့တစ်ခုခုလုပ်သင့်ပြီ
လို့အားလုံးကမြင်ပါတယ်။ကဲ ဒေါ်လာdemand နဲ့ပတ်သက် လို့ဘာလုပ်သင့်သလဲ။ ဒေါ်လာ demand ဆိုတာ earning ဒေါ်လာပဲဖြစ်သင့်တယ်။ ဒါမှာမဟုတ်ရင်အပြင် ကအစိမ်းတွေဝင်
လာနိုင်တယ်။ အပြင်မှာ အစိမ်းကလည်းပေါ နေတယ်မဟုတ်လား။စက်မှုဇုန်က ထုတ်လုပ်တဲ့ကားတွေမမှန်မကန် လုပ်ထားတာကြောင့် ကျပ်သိန်း၁၀၀ ဒဏ်တပ်တဲ့အခါ မြန်မာငွေမသွင်းခိုင်းတော့ပဲearning ဒေါ်လာသွင်း ခိုင်းတာမျိုး ဟာကောင်းတဲ့အကြံဥာဏ်တစ်ခု
လို့မြင်ပါတယ်။ကျပ်ငွေနဲ့သွင်းရမဲ့ကိစ္စရပ်တွေမှာ ပြောင်းပြီး earning ဒေါ်လာ ပြောင်းသွင်းခိုင်း
သင့်နေပါပြီ။
ကျနော်တို့အားလုံးဈေးကွက်စီးပွားရေးစနစ်ဆောင်ရွက်နေချိန်မှာ လူလားမြောက် လာတာပါ။ ၂၃
နှစ်ကြာပါပြီ။ ကုန်သွယ်မှု၊ရင်နှီးမြုပ်နှံမှုအတွက်နိုင်ငံတကာကအသိအမှတ်ပြုသည့်ငွေလဲနှုန်းတစ်
ရပ်မရှိပဲ လက်တန်းတွေလုပ်နေကြတာပါ။ တခါတရံ မသိသားဆိးုရွားတာလား တမင် လုပ်တာလား ကိုယ်ကျိုးစီးပွားရှေ့တန်းတင်တာလား မသိနိုင်ပါ။ ငွေကြေးပေါ်လစီနှင့်ဘဏ္ဍာရေး
ပေါ်လစီကိုတစ်ခြားစီကျင့်သုံးခဲ့ခြင်း(သမ္မတကြီးပြောသည့်ဝန်ကြီးဌာနများ coordination ပိုင်းမှာ
အားနည်းခြင်း) ဥပမာ ပြရရင် ကျပ်ငွေတန်ဖိုးမြင့်တက်၍ပို့ကုန်လုပ်ငန်းများထိခိုက်နစ်နာနေချိန်
တွင်နိုင်ငံတော်အဆောက်အအုံများလေလံပစ်ပြီးပြည်တွင်းလှည့်ပတ်ငွေများကိုနိုင်ငံတော်မှပြန်
သိမ်းနေခြင်း များဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ပူပေါ်တစ်ပူဆင့် withholding tax 3.5%
ကောက်ခံခြင်းဖြစ်ပါတယ်။နောက်တစ်ခုကပြည်တွင်းမှာ ကျပ်ငွေရှားပါးချိန်မှာ နိုင်ငံတော်ဆောက် လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းခြင်းသည် public spending မရှိအောင် လုပ်ခြင်းပင်ဖြစ်ပါတယ်။
နေပြည်တော်ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်စဉ်က public spending လွန်စွာမြင့်တက်ခဲ့
ပြီးယခုအခါ နိုင်ငံတော်မှာရပ်ဆိုင်းခဲ့သဖြင့်ငွေလှည့်ပတ်မှုအပိုင်းတွင်တုံ့ဆိုင်းသွား ခဲ့ပါတယ်။
ကုန်သွယ်မှု လုပ်ငန်းတွင် ဟွန်ဒီ ခေါ်တရားမ၀င်ငွေလွှဲ လုပ်ငန်းကြီးသည်ခိုင်မာစွာအမြစ်တွယ်
နေပြီ ဖြစ်ပြီးပြဿနာပေါ်ပေါက်မှသာခဏတာကိုင်တွယ်ဖြေရှုင်းခဲ့ပါတယ်။ နိုင်ငံခြားငွေမည်မျှဝင် လာသည်မည်မျှထွက်သွားသည်ကိုမသိနိုင်၍ကျပ်ငွေတန်ဖိုး ကို ထိထိရောက်ရောက် တည် ငြိမ်
အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ယခုအခါမြန်မာသည် recession အဆင့်သို့တဖြည်းဖြည်း
ရောက် လာကာစီပွားရေးကို ထိခိုက်ရန်ခြမ်းခြောက်နေပြီဖြစ်ပါတယ်။
၅နှစ်ကျော်အတွင်းရရှိခဲ့သည့် ကုန်သွယ်မှု ပိုငွေသည် ဒေါ်လာဘီလီယံ နှင် ချီ၍ရှိခဲ့သော် လည်း
အဆိုပါဒေါ်လာများ ကို ကုန်သွယ်မှု၊ရင်နှီးမြုပ်နှံမှု၊ ငွေကြေးဈေးကွက်တည်ငြိမ်ရေး အပိုင်းတို့တွင်
ထိထိရောက်ရောက်စီမံခန့်ခွဲရန်ပျက်ကွက် ရခြင်းသည်ယနေ့ပေါ်ပေါက် ပြဿနာ၏အဓိက အကြောင်းဖြစ်သည် ဆိုရင်မမှား နိုင်ပါ။

Subscribe to:
Posts (Atom)