Saturday, December 1, 2018

ဒေါ်လါဘာကြောင့်တက်ရသလဲ?

ဒေါ်လာကိစ္စကိုသုံးသပ်ရတာ မရေရာပါဘူး၊မြန်မာနဲ့ကမ္ဘာကိုခွဲခြားသုံးသပ်နိုင်ရင်ပိုကောင်းပါတယ်--အထိနာဆုံးကတော့ importers တွေပဲပေါ့ ရှင်းပါတယ်-- အခုခရီးသွားရာသီစတော့မယ်-- မြန်မာတွေခရီးတော်တော်ထွက်လာတယ်--ရုံးပိတ်ရက်ကလည်းခရီးသွားဖို့အတွက် ဆွဲဆောင်စရာပဲ--လူလတ် တန်းစား ခရီးသွားချင်သူတွေအတွက်ဒေါ်လာဈေးကနည်းနည်းအဟန့်အတားဖြစ်စေတာပေါ့--

ရေရှည်သွားနေမယ်ထင်တယ် ၂၀၁၉ အထိရောက်သွားလိမ့်မယ် ဘာကြောင့်လဲဆိုတော့ တရုတ် နဲ့ ယူအက်စ် စောင်နေတဲ့ပွဲ ကရေရှည်စစ်ပွဲလိုဖြစ်နေတယ် တရုတ်က မီးရထား ကြီးလိုပဲ  ချက်ချင်းပြန် လှည့် ပြင်ဆင်ဖို့ အချိန်ယူတယ်--တရုတ် manufacturing goods တွေကမ္ဘာအနှံ့ မှာရှိတယ်  သူစက်ရုံတွေအပြင်ထုတ်ဖို့ အချိန်ယူမယ်--

လောလောဆယ်မြန်မာစီးပွားရေး က export နည်းနေတယ် import များနေတယ် non essentials ဘာတွေလဲ သုံးသပ်ပြီးခဏ ပိတ်ထားနိုင်ရင်ကောင်းမယ် export တက်ဖို့ အစိုးရ အားပေးမှု အများကြီးလိုတယ်-- ဘာကစားပေးရမလဲဆို  အခွန် ပဲပေါ့  ယူအက်စ် လည်း အခွန် နဲ့ ကစားတယ်  တရုတ်လည်းတူတူပဲ  အခု မြန်မာလက်ရှိအစိုးရကတော့ ငါတို့ အခွန် ပြဌါန်းထားပြီးပြီ   လျှော့ ဖို့တော့ ဘယ်လိုနည်းနဲ့မှ မစဉ်းစားဆိုတဲ့အထဲကပဲ-- အခွန်ဆိုတာ စီးပွားရေးနဲ့ ဆက်နွယ်နေတဲ့ အခွန်ပြောတာ with holding tax  တို့ ကုန်သွယ်ခွန်တို့ ပြောတာ--ရေရှည်မှာ manufacturing goods တွေ export လုပ်နိုင်ဖို့ အားပေးရမယ်  ပြည်တွင်းထုတ် manufacturing goods တွေကို ပြည်ပပို့အတွက် ပြောင်းလဲနိုင်စွမ်းရှိရမယ်--ကုန်ကြမ်းထွက်ရှိမှုနဲ့ ဆက်နွယ် နေရမယ် packaging ပြောင်းနိုင်ရမယ်--labelling အဆင့်မှီရမယ်ဥပမာပြရရင် ဇီးသီး ဒီဇင်ဘာဆိုလှိုင်လှိုင်ပေါ်တော့မယ်  preserved plum ဘူးလေးတွေနဲ့ပြည်တွင်းဈေးကွက်အတွက်ထုတ်တယ်  ပြည်ပအတွက်ဈေးကွက်မရှာသင့်ဘူးလား  အဆက်အသွယ်နဲ့ marketing ကိုနိုင်ရမယ်။ တစ် နိုင်တစ်ပိုင်လုပ်လို့ရတယ် ဒီလို small scale manufacturing industry တွေကို private ကလုပ်လာနိုင်အောင်အစိုးရကိုယ်တိုင်အားပေးရမယ်--

ဘဏ်ဖက်ရောက်လာပါပြီ--မြန်မာမှာ ပုဂ္ဂလိကဘဏ်တွေများနေပြီ ဟုထင်ပါတယ်--banker ဆိုတာ နိုင်ငံတကာမှာ ဘဏ်လုပ်ငန်းတစ်ခုပဲသီးသန့်လုပ်ကိုင်ရပါတယ် စင်ကာပူမှာ UOB. DBS  OCBC အကုန်လုံး ဘဏ်လုပ်ငန်း ငွေကြေး လုပ်ငန်းပဲလုပ်ပါတယ်။အခြားစီးပွားရေး လုပ်ငန်းများမရှိကြပါ။-- တခြားစီးပွားရေးလုပ်ငန်းတွေ လည်း လုပ်ကိုင်ခွင့်မရှိပါ--ဆက်စပ်ခွင့်မရှိပါ-ထိုင်း စင်ကာပူ မလေးရှား ဘဏ်ကြီးတွေဟာ ငွေကြေးလုပ်ငန်းပဲသီးသန့် လုပ်ပါတယ်  မြန်မာ မှာ အောင်မြင်လာတဲ့ ခရိုနီဆိုရင် ဘဏ်ထောင်ဖို့ ကြိုးစားလာကြပါတယ်--ဘာကြောင့်လဲဆိုတော့ ဘဏ်လုပ်ငန်းဟာအမြတ်အစွန်းရှိပါတယ်။ သေချာပေါက်မြတ်ပါတယ်။ ဒီအချက်ကလည်း ဒေါ်လာဈေးတက်လာရင် တခြားနိုင်ငံတွေနဲ့ မတူတာဖြစ်လိမ့်မယ် ထင်ပါတယ်-- စဉ်းစားကြည့်ပါ- ဒေါ်လာဈေးတက်လာရင် banker သည် တခြားသူ၏စီးပွားရေးလုပ်ငန်းတွေကိုပါ ထည့်သွင်းစဉ်းစားမှာအသေအချာပါ ဗဟိုဘဏ်မှာ အင်တာဗျူး မေးခွင့်ကြုံရင် အဆိုပါအချက်ကိုဗဟို ဘဏ်ကတာဝန်ရှိသူတွေကို မေးကြည့်စေ လိုပါတယ်။ဘာပြန်ဖြေမလဲသိရအောင်ပါ--ယူဆချက်ရှင်းရှင်းလေးပါ- ဘဏ်တွေဆိုတာ အများပြည်သူ အပ်ငွေတွေနဲ့ပဲ  ဘဏ် လုပ်ငန်း ငွေကြေးလုပ်ငန်း လုပ်ရတာပါ သူပိုင်ဆိုင်တဲ့ ငွေ နဲ့ လုပ်လို့မရပါသူပိုင်ငွေက ဘဏ်ရဲ့ asset အတွက်ပဲသုံးနိုင်ပါတယ်  နာမည်ကြီးဘဏ်တွေလိုက်ကြည့်ပါ   သူတို့ဆီမှာ အခြားစီးပွားရေး လုပ်ငန်းတွေရှိပါတယ်  တခြားမကြည့်ပါနဲ့ စက်သုံးဆီ လက်လီရောင်းနေသူတွေ ဘဏ် ကြီးတွေပိုင်ပါတယ် ဒေါ်လာတက်လာတဲ့အခါ သူတို့အခြားလုပ်ငန်းတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုရမှာပါ ဒါဟာ logic တစ်ခု ပါပဲ. ဗဟိုဘဏ်ကလူတွေ မသိကျိုးကျင်ပြုနေတာကြာပါပြီ   အများပြည်သူအပ်ငွေတွေနဲ့ ငွေကြေးလုပ်ငန်းလုပ်နေတဲ့ ဘဏ်တွေအနေနဲ့ နေစဉ် လုပ်ငန်းတွေမှာ သတ်မှတ် အချိုး ratio တွေပြင်ပမရောက်အောင်သူတို့ ထိန်းကြောင်းရမဲ့ တာဝန်ရှိပါတယ်--

ဒေါ်လာဈေးတက်တယ် ကျတယ်ဆိုတဲ့အပေါ် panic ဖြစ်စရာမလိုပါ--တလောကအဖမ်းအဆီးတွေရှိနေတာတောင်ဒေါ်လာဈေးကတက်လာတာတွေ့ရပါတယ် စောင့်ကြည့် ကြပ်မတ်ထိမ်းသိမ်းနေတာ ဆက်လုပ်နေသင့်ပါတယ်  transparency ဖြစ်သင့်တယ်  ထင်ပါတယ်--panic ဖြစ်ရင် ကျားငစဉ်းလဲတွေအစာဖြစ်သွားပါလိမ့်မယ်--

နိုင်ငံခြားဘဏ်တွေကို 3 phases နဲ့ တစ်ဆင့်ပြီးတစ်ဆင့်  အကန့်အသန့်နဲ့ လုပ်ခွင့်ပြုချိန်တန်ပါပြီနောက်ဆုံး full fledge ဖြစ်တဲ့အထိပေါ့- နိုင်ငံခြားဘဏ်တွေက ပြည်တွင်းက လုပ်ရည်ကိုင်ရည်ရှိတဲ့စီးပွားရေးသမားတွေကို credit လိုင်းပေးပြီး တစ်ဦးချင်းစီးပွားရေးတွေကိုမြှင့်တင်နိုင်စွမ်းရှိရမယ်။ နာမည်ကြီးခရိုနီတွေတောင်စင်ကာပူဘဏ်တွေ credit လိုင်းပေးရဲကြပါတယ်။ ဗဟိုဘဏ်ဘာကြောင့်တုန့်ဆိုင်းနေတာလည်းမသိတော့ပါ။  လူမိုက်စကားနဲ့ပြော ရရင် ထောင်အပြင်တန်းမရှိတော့ပါ-- တိုက်ပိတ်ခံရတာလောက်တော့ မမှုနေပါနဲ့တော့။ do or die ချဖို့ အချိန်ရောက်နေပြီလို့ အန်ကယ်ထင်ပါတယ်။ဒီလိုမှ မလုပ်ရင် ရုန်းထွက်လာဖို့မလွယ်တော့ပါ။

Import ထဲမှာ အကြီးဆုံးထဲပါနေပြီး မသုံးမဖြစ်သုံးနေရတာက စက်သုံးဆီ ဆိုင်တွေပါ။ပြည်ပကကုမ္ပဏီတွေလာခွင့်ပြုထားပြီလို့ ဇော်ဌေးကပြောနေတယ်။ဘယ်လောက်မှန်သလဲမသိ ပါ။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် အစိုးရက သုံးတဲ့ ဒေါ်လာတွေ လျော့စေပါတယ်။ နောက်တစ်ခု က မြန်မာ money basket ထဲမှာ ထိုင်းဘတ် နဲ့ မလေးရှား ရင်းဂစ် လည်းထည့်စေချင်တယ်။ အလုပ်သမားအများစုအဲဒီနိုင်ငံတွေမှာ ရှိနေလို့ ပါ။ ရွှေ့ပြောင်းအလုပ်သမားတွေလွှဲတဲ့ ငွေတွေဟာ GDP ဘယ်လောက်ရှိနေလိမ့်မယ်ဆိုတာ မသိရပါ။ တော်တော်များလိမ့်မယ်ထင်ပါတယ်။ ဘဏ်တွေကနေလွှဲတာ တော်တော်
များများရှိနေပေမဲ့ အွန်ဒီ  လုပ်ငန်းတွေလည်းခေါင်းထောင်နေဆဲပါ။ ရှိနေဆဲပါ။ ဒေါ်လာဈေးတက်နေတယ်ဆိုရင် လွှဲချိန်မတိုင်သေးလဲ ၁၀၀၀ ပိုရရ ၂၀၀၀ ပိုရရ လွှဲကြပါတယ်။

ဒေါ်လာဈေးကဟိုးအရင်က နေရာရောက်အောင်ပြန်ဆင်းဖို့မလွယ်သေးပါ။ဒီအခြေအနေထက်တက်မလာအောင် ထိန်းထားဖို့ လိုပါတယ်။ ယှဉ်ပြိုင်နိုင်စွမ်းတက်လာအောင် ငွေကြေး ကဏ္ဍ အခြား commodity ကဏ္ဍတွေမှာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ဖို့ အစိုးရက လုပ်သင့်နေပါတယ်။ အန်ကယ်အမြင်ပါ။ မှားချင်လည်းမှားနိုင်ပါတယ်။သူများသုံးသပ်ပြီးဖြစ်တာတွေလည်းဖြစ်လိမ့်မယ်ထင်ပါတယ်။

မောင်တိုင်ပင်