Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

Sunday, June 4, 2017

Facebook ရောက်တတ်ရာရာများ


YBS ဘတ်စ်ကား

YBS ဘတ်စ်ကားစီးတာ ရန်ကုန်သားတွေမြို့ ကြီးသားပီသဖို့ လေ့ကျင့်ရေး ကွင်းဆင်းနေတာပဲလို့မှတ်ယူပါတယ်။ အချင်းချင်းထိန်းကျောင်းကြဖို့ပါ။ မိတ်ဆွေတစ်ယောက်ကပြောတယ်-- YBS ဘတ်စ်ကားစီးရင် ၅၀၀၀ ဖိုးလောက်အကြွေလဲသွားတယ်--တဲ့ အကြွေမပါတဲ့ သူလဲပေးနေတာ။ကိုယ်ဆင်းမဲ့မှတ်တိုင်မရောက်ခင် ကုန်ရောပဲတဲ့--ငွေစက္ကူထုတ်တဲ့ ဗဟိုဘဏ်ကလည်းကြည့်ကောင်းကောင်းနဲ့ သူနဲ့မဆိုင်သလိုလုပ်နေတယ်။မသကာ ၁၀၀ တန် ၂၀၀ တန်တွေ ပြည်သူလက်ထဲ များများရောက်အောင်တနည်းနည်းနဲ့လုပ်ပါလား-- သိတတ်ရင်ဘဏ်တွေက အဓိက ဘတ်စ် ကားမှတ်တိုင်မှာ ၁၀၀ တန် ၂၀၀ တန်ငွေအကြွေလဲပေးဖို့ ၂-၃ နာရီလောက် ဝန်ထမ်း၂-၃ ဦးမလဲပေးသင့်ဘူလား--ဘဏ်တွေကကူညီလုပ်ပေးသင့်တာပေါ့--ကျနော့် မိတ်ဆွေ ဆိုသူ့ အသိစိတ်ဓါတ်နဲ့သူ ငွေအကြွေတွေယူသွားတာပဲ။

၃၁-၀၅-၂၀၁၇

လေဆိပ်စီမံခန့်ခွဲမှု

နိုင်ငံတကာလေဆိပ်ကော ပြည်တွင်းလေဆိပ်ကော ကားများလေဆိပ်အဝင်အထွက် နှင့်ရပ်နားခြင်း နှင့်ပတ်သက်၍ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းပြီးယခင် ထောက်လှန်းရေးဟောင်းများကို လုံခြုံရေးခန့်ပြီး လိုရင်လိုသလိုလုပ်နေတာကြာပါပြီ။ ရှေ့ပတ်ကင်နေရာနှင့် လေဆိပ်အတွင်းပိုင်းကိုလမ်းလျှောက်စက် အပေါ်အောက်လုပ်ပေးထားနိုင်လျှင်ဝန်စည်စလယ်နှင့်ကားရှိရာထိသွားနိုင်မည်ဖြစ်ပါသည်။
လေဆိပ်တစ်နေရာတွင် taxi stand လုပ်ပေးထားသင့်ပြီးလူပို့ပြီးကားများအလှည့်ကျ လာရောက်တန်းစီခရီးသည်တင်လျှင် ၂ ဦး ၂ ဖက်အဆင်ပြေနိုင်ပါမည်။ရှေ့ နောက်တန်းစီရန်ဖြစ်ပါတယ်--
လေဆိပ်တွင်းရှိ taxi service ကို limousine serviceပြောင်းပြီးပိုက်ဆံတတ် နိုင်သူများစီးနိုင်အောင်စီစဉ်းပေးထားနိုင်ပါသည်။
လေဆိပ်ရှေ့တွင်ရပ်တင်ထွက်သာဖြစ်သင်ပြီးမည့်သည့်ကားမှ ရပ်ခွင့်မပြုသင့်ပါ။ car parking တွင်ရပ်နားပြီး အမိုးပါသောစင်္ကြန်လျှောက်လမ်းမှတဆင်. travelator ဖြင့် လေဆိပ်ထဲဝင်လာနိုင်ပါတယ်။

၃၁-၀၅-၂၀၁၇

ဘတ်စ် EZ card

စလုံးဘတ်စ်ကားတွေမှာလည်း RFID ကဒ် ကတွိကနဲ မြည်မမြည် ကိုBus captain ကားမောင်းသူက မျက်စေ့ဒေါက်ထောက်ကြည့်နေတာပါပဲ။ အသံတစ်မျိုးထွက်လာရင်ကဒ်ထဲမှာပိုက်ဆံမရှိတော့ဘူးဆိုတာသိတယ်။ ယဉ်မောင်းက စီးသူကိုကဒ်ထဲပိုက်ဆံ ပြန်သွင်းခိုင်းလို့လည်းမရတော့ဘူး။ ပိုက်ဆံအကြွေလာထည့်မှာကိုပဲ စောင့်ကြည့်နေမယ်။ ဘယ်လောက်ထည့်ရမလဲဆိုတာလာမေးတာကိုလည်းစောင့်နေမယ်။
အကြွေလည်းမပါဘူးဆိုရင်ကော? ပြန်ဆင်းရမှာလား ?
ပြန်ဆင်းပြီးအနီးဆုံးဘူတာ ရှိ Add machine မှာ ကဒ်ထဲသို့ငွေသွင်းရပါမည်။ လက်မှတ်မပါပဲ စီးပါက ဒဏ်ငွေ ၅၀ ပေးရပါမည်--အဖွားကြီးတွေအဖိုးကြီးတွေဆိုရင် bus captain ကဘာမှမပြောပဲအနီးဆုံး MRT station တွင်ရပ်ပေးပါတယ်။ အချို့ အဖိုးကြီးအဖွားကြီးများကငွေအများကြီးမသွင်းနိုင်ပေမဲ့ senior concession rate တော့ ရနိုင်ပါတယ်။
Top of Form
Bottom of Form

၂၉-၀၅-၂၀၁၇

သစ်ပင်ကိုဦးစားပေး

ဒီနေ့သူငယ်ချင်း၅ယောက် Bukit Batok Community Club မှာ high tea သောက်ပြီးအပြန်အသစ်ဆောက်ထားတဲ့ လျှောက်လမ်းတစ်လျှောက်လမ်းလျှောက်လာရင်း civil engineer ဘတ်ခွက လက်ညှိုးထိုးပြတယ်-ခေါင်မိုးနဲ့မလွတ်တဲ့သစ်ကိုင်းကိုခုတ်မပစ်ဘူး-- အမိုးကိုပဲဝိုက်ပြီးဒိုင်းမျှားတန်းကိုဆွဲထားတယ်-- သစ်ပင်တစ်ပင်ရဲ့ဖြစ်တည်ရှိနေမှုကို တန်ဖိုးထားတဲ့သဘောကိုပြနေတယ်-- ကျနော်တို့ ရွှေနိုင်ငံမှာဆိုရင် ဘာဘာညာညာ စဉ်းစားမနေပါဘူး -- သစ်ကိုင်းကိုခုတ်ပစ်မှာပါပဲ-- သစ်ပင်တွေ pruning လုပ်ရင်တောင်ဖြစ်သလို မခုတ်ဘူး-- သစ်ပင်ရဲ့အလှ ကိုမပျက်စေရဘူး-- ဘယ်ကိုင်းကိုဘယ်လိုခုတ်ဆိုတာ သက်ဆိုင်ရာဌာနက ပြောတဲ့ အတိုင်းခုတ်ရတယ်--တလောက ကျနော်တို့ဆီမှာ လမ်းမလွတ်ဘူးဆိုပြီး နှစ်ရှည်သစ်ပင်တွေကိုခုတ်ပစ်မယ်လုပ်သေးမဟုတ်ပါလား--

၂၉-၀၅-၂၀၁၇

ဒါတွေလုပ်နိုင်ရမယ်

Mochi တဲ့-- မလေးမှာလုပ်ပြီးဂျပန်ကိုသွင်းတာ--စိန်တလုံးသရက် နဲ့ ဒူးရင်းပေါတဲ့ မြန်မာနိုင်ငံ မှာ ဘာလို့မလုပ်နိုင်ကြသလဲ ??
ကောက်ညှင်းမှုန့်၊ အာလူး starch, corn starch မုန့် လုံးကြီးကို သရက် နှင့် ဒူးရင်း ဌာပနာ ထားတာပါ-- လုပ်တဲ့စက် ဂျပန်ကဝယ်လိုက်ရင်ရတာပဲနော်--

၂၈-၀၅-၂၀၁၇

ငွေစက္ကူအတု

လက်ရှိသုံးစွဲနေသော ၅၀၀၀ တန် နှင့် ၁၀၀၀၀ တန်ကို polymer ပလတ်စတစ်စက္ကူ ဖြင့်ပုံနိုပ်သင့်ပါတယ်-- အတုလုပ်ရန်မလွယ်ကူဟုသိရပါတယ်--စင်ကာပူ ၂-ဒေါ်လာ ၅-ဒေါ်လာ ၁၀-ဒေါ်လာ တန်ငွေစက္ကူများ ကိုကိုင်ကြည့်ပါ --ပေါ်လီမာစက္ကူ ဖြင့်ပုံနိုပ်ထားပါတယ်--အာဆီယံနိုင်ငံတော်တော်များများ၏တန်ဖိုးကြီးငွေစက္ကူများကို polymer စက္ကူဖြင့်ပုံနိုပ်ထားသည်ကိုတွေ့ရပါတယ်--ငွေစက္ကူများ ပုံနိုပ်သည့် ဝါဇီငွေစက္ကူပုံနိုပ်စက် နှင့်ပတ်သက်၍ information များမထုတ်ပြန်ပါ-- မသိရပါ--သက်တမ်းအတော်အိုနေလောက်ပါပြီ--အာဏာရှင်နေဝင်းသည် စတာလင်ငွေကြေးနယ်ပယ်မှထွက်ပြီး ငွေစက္ကူများကိုလိုသလို ပုံနိုပ် နိုင်ရန်ဝါဇီငွေစက္ကူ ပုံနိုပ်စက်ကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်-- De La Ru ပုံနိုပ်စက် တွင် နိုပ်ပါက ငွေကြေးနှင့်ပတ်သက်၍သတင်းအချက်အလက်များပေးရသည်နှင့်တူပါတယ်-
၂၅-၀၅-၂၀၁၇

လျှပ်စစ်လား ပတ်ဝန်းကျင်ထိန်းသိမ်းရေးလား

Clean air for smaller cities ဟာလိုအပ်ပေမဲ့coal fired power generating plant တွေ ကမြို့ နဲ့ဝေးရာမှာ တည်ထောင်ကြတာ များပါတယ်CFPGP ကကျနော်တို့ မှာတီကျစ်ပဲရှိတာ။လျာထားတာပဲရှိသေးတယ်။ ရွေးစရာပေးရတော့မယ်-- မြစ်ဆုံအစား alternative option စဉ်းစားတဲ့အခါ ဒါလည်း option တစ်ခုဖြစ်လာလိမ့်မယ်ထင်တယ်။ တခြားမကြည့်ပါနဲ့ ရန်ကုန် အမှိုက်မီးရှို ပြီးpower generate လုပ်တာ complete combustion ဖြစ်သလား မသိပါ မဖြစ်လို့ ရှိရင် toxins ဖြစ် နိုင်တဲ့ gas တွေထွက်လာနိုင်တာပဲ- အဲဒါတော့ လူတွေ သိပ်မသိလို့ issue အနေနဲ့ ထွက်မလာသေးတာပါ။ ဆန်စက်တွေဆောက်တော့ husk fired PGU တွေက prime mover အဖြစ်တာဘိုင်း-- လျှပ်စစ်မော်တာ -- တွေသုံးတယ် furnace တွေကို complete combustion ဖြစ်အောင် design အမျိုးမျိုး စမ်းကြတယ် ထိုင်းက fluidized bed furnace သုံးတယ် ဂျပန် က super heated steam ထွက်လာအောင် secondary air blower တွေသုံးတယ် white ash ရာခိုင်နှုန်းတော်တော်များများရကြတယ်။ result ကတော super heated steam ထွက်မယ် husk လောင်တာ complete combustion ဖြစ်တယ် white ash ကို သေချာ collect လုပ်ပြီး silica ထုတ် ဖို့ တောင်စဉ်းစားထားကြတယ်။ ဖိလစ်ပိုင်မှာ rice husk ကနေ gasification နဲ့ power plant ဆောက်ပြီး အနီးအနားရွာတွေ မီးပေးတယ် လွန်ခဲ့ သော ၂၀ နှစ်ကတည်းက လုပ်နေတာ အခု ကျုပ်တို့ မှာ misleading ဖြစ်စေတဲ့ ဒီအစီရင်ခံစာတွေ နဲ့ သို့လောသို့လောဖြစ်နေရတယ်- ဒါရဲ့ ရလဒ်ကတိုင်းပြည်တိုးတက်မှု ကို နှောင့်နှေးစေပါတယ် environment effect ဖြစ်တယ် လို့ သူတို့  proof လုပ်တာ own experience မဟုတ်ပဲ other country ရဲ့ experience တွေများပါတယ်-- တချို့ လည်း နှစ် ၂၀ လောက်ကြာမှ ဆိုးကျိုး ဆိုပြီးတွေ့ တာပါ Who knows ? အဲဒီအချိန်ကြရင်ကျုပ်တို့ တိုးတက်နေလို့ ဒီဟာ pollution ကို ထိခိုက်စေတယ်ဆိုရင် discard လုပ် လိုက်ယုံပဲ-- ကျနော်တို့ အရမ်းအရမ်းကို နောက်ကျနေပါပြီ take off position မှာ လျှပ်စစ်ဓါတ် လိုပါတယ် ဒါကိုအန်တီစု သဘောပေါက်ပြီး သတ္တိရှိ ဖို့ လိုပါတယ် ဆုံးဖြတ်ချက်မှန်ကန် ဖို့ နဲ့ သတ္တိရှိ ဖို့ ပါပဲ၊မလုပ်နဲ့ဆိုလည်း ဒီလိုပဲနေသွားယုံပါပဲ--

၀၉-၀၅-၂၀၁၇

သီးနှံအာမခံဈေး

သီးနှံအာမခံဈေး Guaranteed Minimum Price ကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ ရည်ရွယ်ချက် ကဘာလဲဆိုတာအလွန်အရေးကြီးပါတယ်-- အမေစု ပြောပြသွားတဲ့ မအောင်မြင်တဲ့ စပါးသီးနှံအာမခံဈေးဟာထိုင်းနိုင်ငံသက်ဆင်လက်ထက်ကစပြီးယင်းလတ်လက်ထက်ထိဖြစ်ပျက်ခဲ့တာပါ။ နိုင်ငံရေးနဲ့ဆက်စပ်ထားတဲ့ သီးနှံအာမခံဈေးနှုန်းဖြစ်တာကြောင့်မအောင်မမြင်ဖြစ်ရတာပါ။
နှစ်စဉ်နှစ်တိုင်းတစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်၊ပြည်တွင်းပြည်ပပေါက်ဈေး၊ထိုက်သင့်သောအမြတ်၊စသည်တို့ကိုတွက်ချက်၍ ဒီနှစ်မှာတော့ တောင်သူလယ်သမားဆီကဝယ်တဲ့အခါ အာမခံဈေးနှုန်းဘယ်လောက်တော့ဖြစ်သင့်တယ် ဆိုတာထုတ်ပြန်ပေးခြင်းဖြင့်တောင်သူလယ်သမားအကျိုးစီးပွားကို ထိန်းပေးရာရောက်ပါတယ်-- ဒီလိုမျိုးကိုအမြဲတန်းလေ့လာနေတဲ့ institution တစ်ခုလိုပါတယ်--pricing policy ချမှတ်ပြီး အကောင်အထည်ဖေါ်ပေးရမှာဖြစ်ပါတယ်--
မောင်တိုင်ပင်ဒါလောက်ပဲပြောချင်ပါတယ်--ကိုယ့်ထက်တတ်သိနားလည်သူတွေအများကြီးရှိပါတယ်---
Top of Form
L
Bottom of Form
၁၁-၀၄-၂၀၁၇

စက်ရုံ automation

ASEAN Economic Community AEC အရ မြန်မာနိုင်ငံမှာ ဒီလိုစက်ရုံမျိုး ပြည်ပကလာရင်းနှီးမြုပ်နှံရင်ခွင့်ပြုရမှာဖြစ်ပါတယ်။ Good Morning နဲ့ အပြိုင်အခုဆိုရင် စင်ကာပူ က Bread Talk လိုမျိုးဝင်လာပါပြီ။ထိုင်း၊ကိုရီးယား၊ စတဲ့ နိုင်ငံတွေက ဂျုံ လုပ်ငန်းနဲ့ ပတ်သက်တဲ့ SMEတွေဝင်လာတော့မှာပါ။အဲတော့ ကျော်မြင့် တစ်ယောက် ဘာလုပ်ပါမလဲ?
စက်ရုံရဲ့ ထုတ်လုပ်မှုကို modernization ခေတ်မီအောင်လုပ်ရပါတော့မယ်။ productivity ကိုတက်လာအောင်လုပ်ရပါတော့မယ်။ အဲတော့ ခေတ်မမီတော့ တဲ့ စက်တွေဖြုတ်လဲရပါတော့မယ်။ အရည်အသွေးပိုင်လည်း ISO standard နဲ့ ညီ အောင် HACCP နဲ့ ကိုက်ညီအောင်စက်ရုံကိုအစစ်ဆေးခံရပါမယ်။ ကျော်မြင့် တစ်ယောက် ဘရူနိုင်းက သန်းထွန်း နဲ့ ဆက်သွယ်ပြီးလုပ်နေပါတယ်။ နောက်တစ်ခု HRD ပါ။ အဲဒါလုပ်တော့မှပဲ စက်ရုံကိုပိတ်ရတော့မဲ့ အခြေအနေရောက်ရတော့မှာပါလား။automation စက်တွေကိုင်တွယ်တဲ့ အခါ နည်းပညာ လိုအပ်ပါတယ်။အလုပ်သမား တွေကို skilled labour ဖြစ်အောင် training ပေးရပါတော့မယ်။ဒါကနောက်အဆင့်ပါ။ ကဲ-- ဒါကတော့ လက်ရှိအခြေအနေပါ။
ကျော်မြင့် ကိုဝင်းထိန်ဦးက လည်းအကြံပေးနေပါတယ်။ ကျော်မြင့်ကိုတော့ မြှောက်ပေးနေတာတော့ မဟုတ်ပါဘူး။တရားနည်းလမ်းမှန်ကန်စွာဆောင်ရွက်ထားတယ်ဆိုတာလည်းသိနေတော့ မင်းလျှော့ မပေးနဲ့ လို့တော့ ဝိုင်းပြောကြပါတယ်။ သူကလည်းအမြင့်ဆုံး
အဆင့်ထိတက်မည်ဟု သံဓိဌါန် ချမှတ်ထားပြီး စက်ရုံပိတ်ပစ်ရင်ပိတ်ရပါစေ--ရှေ့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသူငယ်ချင်းတွေ ကိုပြောပြပါတယ်။

၀၆-၀၅-၂၀၁၇

 အပြောင်းအလဲ

အခုလူပြောများနေတဲ့လက်ရှိအားမရမှုတွေကိုပြောင်းလဲနှိုးပြောင်းလဲနှိုးနဲ့NLD လူကြီးတွေလက်တန်းပြောဆိုနေတာတွေအပေါ်မှီငြမ်းပြီး သူတို့ကိုယ်သူတို့စီးပွားရေးပညာရှင်လို့မှတ်ယူထားတဲ့ပုဂ္ဂိုလ် တွေဆီကအမျိုးမျိုးကောက် ချက်တွေကြားရတဲ့အခါဒီလူတွေဟာဖြစ်ချင်တာတစ်ခုပဲခေါင်းထဲမှာရှိပြီးကိုယ့်တိုင်းပြည်ရဲ့အဖက်ဖက်ကမပြည့်စုံမှုတွေကိုစဉ်းစားဖို့ဘာကြောင့်ပျက်ကွက်နေတာလဲလို့ --
NLD ထိပ်ပိုင်းပုဂ္ဂိုလ်တွေဟာသင့်လျော်မယ်လို့ထင်တဲ့ပြည်တွင်းက ပုဂ္ဂိုလ်တွေကိုချဉ်းကပ်ခဲ့ပေမဲ့အများစုကငြင်းပယ်နေကြတာကိုကြုံနေရပါတယ်--နောက်တစ်ခုကသင့်လျော်တဲ့ပုဂ္ဂိုလ်ကိုတွေ့သော်လည်းကြိုက်သော်လည်း ဇက်မထိန်းနိုင်မှာကိုစိုးရိမ်တဲ့စိတ်နဲ့ အသာကိုယ်ရှိန်သတ်နေတာကိုလည်းတွေ့ရပါတယ်--
အရင်လူရွေးချယ်ခဲ့စဉ်ကဘယ်လိုမူသတ်မှတ်ခဲ့သလဲဆိုတာမသိခဲ့ပေမဲ့ အခုလက်ရှိလုပ်ကိုင်နေသူတွေဟာအများပြည်သူတွေက strong မဖြစ်ဘူး လို့ယူဆကြပါတယ်-- ဝန်ကြီးဌာနကိုကိုယ်ကိုတိုင်က မူဝါဒ အပေါ်အခြေခံပြီး ဦးဆောင်ရမှာ ဖြစ်သော်လည်းအောက်ကလူတွေကောင်းနိုးရာရာတင်ပြချက်တွေကိုအခြေခံလုပ်ဆောင်နေကြပုံရပါတယ်--NLD စီးပွားရေးမူဝါဒ ၁၂ ချက်အပေါ်အခြေခံပြီးမိမိ ဝန်ကြီးဌာနဆိုင်ရာမူဝါဒတွေပြန်လည်ရေးဆွဲထုတ်ပြန်နေကြတဲ့ ဝန်ကြီးဌာန ဘယ်လောက်ရှိသလဲ မသိပါ--
အဓိက ကတော့ ပြည်သူတွေခံစားနေရတဲ့ဒုက္ခ သုက္ခတွေကိုဖြေရှင်းဖို့မကြိုးစားပဲ မိမိ တို့ clean ဖြစ်တာကိုပဲဂုဏ်ယူနေလို့ကတော့ လူကြိုက်နည်းသထက်နည်းလာမှာဖြစ်ပါတယ်--အမှန်တော့ သက်ဆိုင်ရာဝန်ကြီးဌာန (အထူးသဖြင့် စီးပွားရေးလုပ်နေတဲ့ဝန်ကြီးဌာန) တွေရဲ့အကြောင်းကိုဂဃနဏသိသူတွေဖြစ်နေရင်လုပ်ငန်းတည်ငြိမ်မှုရှိနိုင်ပါတယ်--

၀၃-၀၅-၂၀၁၇

၃၃ချက်နဲ့ဝန်ထမ်း

တော်လှန်ရေးနေ့ ဝန်ထမ်းဘဝမှာအမှတ်တရဖြစ်မိတာကတော့ ၃၃ ချက်ပါ--ဝန်ထမ်းတွေပေါ်မှာ ဘယ်လောက်အထိအငြိုးတကြီးရက်စက်ခဲ့သလဲဆိုတာဒီနေ့နှောင်းလူတွေသိကြမှာမဟုတ်ပါဘူး။ ကုန်သွယ်လယ်ယာက ဖွဲနုဆီစက်က DGM တစ်ယောက်အပါအဝင်ဝန်ထမ်းအချို့ ၃၃ ချက်ရေးသားဖြေဆိုတဲ့အပေါ်မနှစ်ခြိုက်လို့ အဖြုတ်ခံရပါတယ်။အဓိကကတော့ဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံသလားဆိုတဲ့အချက်ပေါ်မှာသတ္တိရှိတဲ့ဝန်ထမ်းတွေက လက်ခံပါတယ် လို့ ဖြေလိုက်ရင်အဖြုတ်ခံလိုက်ရတာပါ။ဝန်ကြီးဌာပေါ်တော့မူတည်ပါတယ်။ တချို့ ကသတိလောက်ပဲပေးပါတယ်။ ဖြုတ်တဲ့အထဲ မိုးကျရွှေကိုယ်တွေတောင်ပါပါတယ်။ ကဲဒီနေ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတထက်မြင့် တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေပါပြီ-လွန်ခဲ့ သော ၂၇ နှစ်ကျော်ကမှားတယ်လို့ ယူဆတဲ့မေးခွန်းဟာဒီနေ့မှန်နေတဲ့ အပြင်နိုင်ငံအကြီးအကဲနေရာတောင်ရနေပြီးကမ္ဘာကလေးစားတဲ့ ပုဂ္ဂိုလ်တောင်ဖြစ်နေပါပြီ--
မောင်တိုင်ပင် ဘာရေးခဲ့ သလဲ ? သက်လား--


၁၀-၀၃-၂၀၁၇

ဘဏ်ထောင်ချင်တိုင်းထောင်လို့ရမလား



ဘဏ်ဆိုတာကိုယ့်ပိုက်ဆံချမ်းသာတိုင်းလုပ်မရဘူး။ ကိုယ့်ပိုက်ဆံက asset အတွက်ပဲလုပ်လို့ ရတာ။ အများကလာအပ်တဲ့ငွေ အပ်ငွေ နဲ့အလုပ်လုပ်ရတာ-- ဘဏ်တွေကပြည်သူတွေအပ်ငွေလာအပ်အောင်အမျိုးမျိုးဆွဲဆောင်ရတယ်-- အတိုးက ၂ မျိုးရှိတယ်။ အပ်ငွေပေါ်အတိုးက ၈%ဆိုပါစို့ -- ချေးငွေယူရင်ပေးရတဲ့အတိုးက ၁၃% -- အဲတော့ ဘဏ်က ခြားနားငွေ ၅% ပေါ်မှာမြတ်အောင်လုပ်ရတာ-- spread လိုဘဏ်အခေါ်ရှိတယ်-- ဘဏ်က လုံးကနဲခဲကနဲ ၅% ရတာမဟုတ်ဘူး။ reserve ထားရတဲ့ amount တွေရှိသေးတယ်--အားလုံးနှုတ်လိုက်ရင် တကယ့် margin ကျဉ်းကျဉ်းလေးပေါ်မှာ လုပ်ရတာပါ။အခု အတိုးယူမယ်ဆိုတဲ့အသံတွေထွက်လာတော့ ဘဏ်တွေအနေနဲ့ deposit ရဖို့ နည်းနည်းခက်သွားနိုင်မလားစဉ်းစားစရာဖြစ်နေပါပြီ-- 
နိုင်ငံခြားမှာဘဏ်တိုးဆိုတာမဖြစ်စလောက်လေးဆိုတော့ small and medium investor တွေကစိတ်မဝင်ကြဘူး။ငွေတွေအမြောက်အများဘဏ်အပ်ငွေအနေနဲ့သွင်းရင်လည်း ငွေကြေးခဝါချမှု ဥပဒေအရစစ်ဆေးမေးမြန်းခံရနိုင်တယ်။ဒါကြောင့် တခြားနည်းလမ်းနဲ့ invest လုပ်ဖို့ စဉ်းစားမယ်။ကမ္ဘာ့ ရွှေ၊ရေနံ၊သီးနှံစသည့် commodities တွေဈေးဝင်ကစားနိုင်အောင် တရားဝင်ဖြစ်အောင်လုပ်ပေးပါလား ? အခုလည်းတချို့ on line နဲ့ကစားနေကြတာပါပဲ။ လောင်းကစားမဟုတ်ပါဘူး--commodity ပေါ်နိုင်ငံတကာဈေးကွက်ကျွမ်းကျင်မှုတွေလိုပါတယ်။ထွက်ပေါက်မရှိရင်လိမ်မဲ့ ကောက်မဲ့ကောင်တွေကြားဝင်လာနိုင်ပါတယ်။
ငွေအမြောက်အများလာအပ်ကြသူများရဲ့အတိုးပေါ်မှာအခွန်ကောက်ခံမယ်ဆိုတော့ဘယ်သူတွေများအပ့်ကြမလဲဆိုတာဆန်းစစ်ကြည့်ဖို့လိုနေပါပြီ။ မိဘဘိုးဘွားအခြေပစ္စည်းတွေရောင်းချပြီး ကျသင့်သောရောင်းခွန်ပေးပြီးသည့်သက်ကြီးရွယ်အိုပင်စင်စားများဘဏ်တိုးနဲ့ထိုင်စားမယ်ဆိုသူများအပ်နိုင်ပါတယ်။ အေးလေ-- သူတို့အတွက်ဘာတတ် နိုင်မှာလဲလို့--ရမဲ့ဝင်ငွေထဲကတော့ လျော့သွားနိုင်တာပေါ့။ နောက် corporate account နဲ့ call deposit ဖြစ်စေ saving accountဖြစ်စေအပ်ထားကြသူများ--သူတို့ကတော့ အပြင်မှာအလုပ်လုပ်ရင် ဘဏ်တိုးလောက်တောင်မကိုက်ကြလို့ ဘဏ်လာအပ်ကြတာဖြစ်ပါတယ်။ စီးပွားရေးမကောင်းတဲ့အချိန် စီးပွားရေးကျဆင်းနေချိန်မှာလုပ်တတ်ကြပါတယ်။ဒါလည်းအခြားနိုင်ငံခြားဘဏ်တွေက corporate account တွေ saving ပြုလုပ်ခွင့်မပေးပါဘူး။
ဘဏ်တိုးပေါ်အခွန်ကောက်မယ်ဆိုရင်ငွေအမြောက်အများအပ်သူတွေသာမက ဘဏ်တွေလည်း deposit လျော့ကျတဲ့ ပြဿနာတွေကြုံရနိုင်ဖွယ်ရှိပါတယ်။ တိုင်းပြည် ဝင်ငွေတော့ တိုးလာနိုင်ပေမဲ့ အခြား side effect တွေဘာဖြစ်လာနိုင်သလဲဆိုတာစဉ်းစားလုပ်ဆောင်သင့်ပါတယ်။
၁၉-၀၂-၂၀၁၇

ဗျူရိုကရက်လည်း သူ့နေရာနှင့်သူ

တိုင်းပြည်တိုးတက်ဖို့ဆိုတာ နိုင်ငံရေးသမားကောင်းတွေရှိတာနဲ့မရဘူးဗျ။ ဗြူရိုကရက်ကောင်းတွေလည်းလိုတယ်-- ဗိုလ်ချုပ်ကိုကြည့်--ICS ဦးတင်ထွတ်ကိုအားကိုးရတယ်။မစ္စတာလီကွမ်ယူကို ကြည့်-သူကမောင်းနှင်တယ်-Philip Yeo လိုဗြူရိုကရက်ကပဲစင်ကာပူကိုတိုးတက်အောင်လုပ်သွားတာ--ဦးနုလက်ထက်မှာကြည့်- ICS တွေ BCS တွေအများကြီးကျန်သေးတယ်- သူတိုပဲလုပ်သွားတာပဲ-ဦးနေ၀င်းကြတော့ပြောင်းသွားပြီ--ဗြူရိုကရက်တွေအချို့  ၀န်ကြီး ဖြစ်လာတယ်---ဗြူရိုကရက်တွေကို နိုင်ငံရေး post ဖြစ်တဲ့ဝန်ကြီးပေးလိုက်ရင် right man in the right post ဖြစ်ပါမလား ? စဉ်းစားပါမိတ်ဆွေ--သင်ကောဘယ်လိုသဘောရပါသလဲ ?
Philip Yeo=Chairman, Economic Development Board of Singapore

၁၁-၀၂-၂၀၁၇
Top of Form

Bottom of Form


Top of Form


Bottom of Form

Top of Form



Saturday, March 11, 2017

What's in my mind !


၂၀ရာစုစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာလှမြင့်အသက်၉၇နှစ်အရွယ်မှာကွယ်လွန်သွားကြောင်းယခုတစ်ပတ်သတင်းတွေမှာဖတ်ရပါတယ်--အချို့ သောမြန်မာ့စီးပွားရေးပညာရှင်များဟာနိုင်ငံရပ်ခြားမှာပဲနေထိုင်ကြရပြီး စစ်အာဏာရှင်အစိုးရတွေကသူတို့တတ်ကျွမ်းသိနားလည်တဲ့ပညာရပ်တွေကိုအသုံးမချ ခဲ့ကြဘူးလို့ပြောစမှတ်ရှိကြပါတယ်--မြန်မာမှာပဲနေထိုင်ပြီးစီးပွားရေးမှာမိမိတတ်နိုင်တဲ့အပိုင်းကနေမကြာခဏထောက်ပြပြောဆိုခဲ့တဲ့ အီကော်နော်မစ် တွေလည်းရှိကြပါသေးတယ်--
မောင်တိုင်ပင်စဉ်းစားမိတယ်-- ကမ္ဘာသိ အီကော်နော်မစ် တွေပြည်တွင်းမှာရှိနေပေမဲ့ သူတို့ဦးနှောက်ကိုဘယ်လောက်ဖေါက်စားခဲ့ဘူးပါသလဲ? မောင်တိုင်ပင်အနေနဲ့ ခင်မင်ရင်းနှီးတဲ့အရင်အစိုးရအဖွဲ့ဝင်တစ်ယောက်ကိုမေးဘူးပါတယ်--အီကိုကျောင်းကဆင်းလာမှစီးပွားရေးကိုနားလယ်လိမ့်မယ်ထင်ပြီးအစိုးရ အရာထမ်း posts ရာထူကြီးကြီး တွေမှာခန့်ခဲ့တာကတော့အီကိုဆင်းဆိုရင်စီးပွားရေးမှာအကုန်သိဆိုတာမျိုးသဘောပေါက်နေတယ်နဲ့ တူတယ်" လို့စကားစပ်မိလို့ပြောခဲ့ဘူးပါတယ် -- တရုတ်ပြည်မှာရာထူးကြီးကြီး ပိုစ် ယူထားသူ တွေ ရဲ့ဖတ်စ်ဒီဂရီမှာအင်ဂျင်နီယာဘာသာရပ်နဲ့ကျောင်းပြီးခဲ့သူ--နောက်ပညာရပ်မှာ မှ MBA လိုဘွဲ့မျိုးရသူတွေများပါတယ် လို့ ပြောခဲ့ပါတယ်--
စီးပွားရေးပညာရပ်အခြေခံတဲ့ ဒီဂရီ ရထားသူတိုင်းတိုင်းပြည်စီးပွားရေးတိုးတက်ဖွံဖြိုးလာအောင်အကြံပေးနိုင်တယ်ဆိုတဲ့အယူအဆဟာအားလုံးမမှန်ပါဘူး--နိုင်ငံခြားသားစီးပွားရေးပညာရှင်တစ်ယောက်ဟာလည်းသူရင်းရင်းနှီးနှီးမသိသေးတဲ့တိုင်းပြည်တစ်ခုစီးပွားရေးတိုးတက်လာအောင်ဘယ်လိုအကြံပြုနိုင်မလဲ? အပေါ်ရံပဲရပါလိမ့်မယ်--စစ်တပ်ရဲ့လွှမ်းမိုးချုပ်ကိုင်မှု တစ်စုံတစ်ခုသောအတိုင်းအတာထိရှိနေတဲ့ နိုင်ငံမှာလွတ်လပ်သောစီးပွားရေးလုပ်ကိုင်နိုင်မှုအပေါ်သံသယရှိနေပါတယ်--နိုင်ငံတကာအမြင်နဲ့ လုပ်လို့မရသေးဘူးထင်ပါတယ်--အစိုးရအဖွဲ့ မှာ ဝန်ကြီးဌာနအချင်းချင်းအလွန်ညှိနှိုင်းရခက်သောတိုင်းပြည်ဖြစ်၍ ပိုခက်ခဲပါလိမ့်မယ်--
အရင်အစိုးရလက်ထက်အကြံပေးများခန့်ထားခဲ့ပါတယ်--သူတို့ရဲ့ role ကိုစိတ်ဝင်စားတဲ့အတွက်မောင်တိုင်ပင်အမြဲသူတို့သတင်းကိုနားစွင့်ခဲ့ပါတယ်-- တကယ်တော့စိန်ခေါ်မှုတွေဒါလောက်များများရှိနေတော့ team အနေသော်လည်ကောင်း--လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း--ထိရောက်သောအကြံပြုချက်များထွက်မလာပါ--အကြီးအကဲအနေဖြင့်သူ့ အစိုးရအဖွဲ့ မှလူကိုဒီကိစ္စဆိုရင် အကြံပေးအဖွဲ့ ထဲက ဒီလူနဲ့တွေ့ လိုက်ပါဆိုတဲ့ ညွှန်ုကြားချက်ပဲ လာလေ့ရှိပြီး follow up ဘယ်လိုရှိတယ် result ဘာထွက်သွားလဲဆိုတာ ကာယကံရှင်တွေပဲသိခဲ့ပြီး ဒီ issueဟာ မှေးမှိန်ပျောက်ကွယ်သွားတာကများပါတယ်-- micro စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်ကောင်းကျွမ်းကျင် နိုင်ပေမဲ့ တိုင်းပြည်နဲ့ ချီ ပြီးလုပ်ရမှာဖြစ်တဲ့ macro စီးပွားရေးအပိုင်းမှာကန့်သပ်ချက်တွေရှိနေသေးသရွေ့ လုပ်ရကိုင်ရတော်တော်ခက်နေမှာပါ--လုပ်ငန်းလုပ်ရင်းကိုင်ရင်း-- နိုင်ငံတကာနဲ့ exposure ရှိရင်း--နိုင်ငံတကာ cash flow, commodities flow တွေကိုထိတွေ့ လာရင်းနဲ့ macro economic အခြေအနေကိုသဘောပေါက်လာတဲ့ လုပ်ငန်းရှင်တွေလည်းရှိမှာပါ--လူတစ်ယောက်ကိုပြောချင်ဆိုချင် တဲ့စိတ်ဓါတ် ကိုမနိုပ်ကွပ် လိုက်ပါနဲ့ -- မှန်သည်မှားသည် သူ့အယူအဆကိုပြောခွင့်ပြု လိုက်ပါ-- လိုက်ကြည့် လိုက်ပါ--ဒီနေ့စီးပွားရေးမှာ အောင်မြင်နေသူ တော်တော် များများ ဟာအရင်က "ငကြောင်" လို့သတ်မှတ် ခဲ့သူတွေ များပါတယ်--
ဒီအကြောင်းတွေဘာကြောင့်ခေါင်းထဲပေါ်လာသလဲလို့ ပြောရရင်--တလောကရန်ကုန်ပြန်မလာခင်စင်ကာပူ က Popular Book Stores မှာ non-fiction best seller no 1 စာအုပ်တစ်အုပ်ကိုတွေ့တယ်-- ဝယ်မလို့လုပ်နေတုံးသမီးကမြေးကြီးအတွက်စာအုပ်ရွေးနေရာကနေလှမ်းခေါ်တာနဲ့ အော်နောက်မှလာဝယ်မယ်လေ--ဆိုပြီးထားခဲ့တာနောက်ရက်သွားကြည့်တော့ out of stock တဲ့--ဒီနေ့ထိပဲ --အဲဒီစာအုပ် ကို တာကာရှီမာ ကစာအုပ် ဆိုင် ကီနို မှာတောင်မတွေ့ တော့ဘူး--
EDB ဥက္ကဌ လုပ်ခဲ့တဲ့ Mr Philip Yeo ရဲ့ အကြောင်းပါ- Neither civil nor government တဲ့ Philip Yeo က engineering degree တွေရပါတယ် -- Harvard က MBA ရပါတယ်--လီကွမ်ယူ လက်ထက်မှာ Economic Development Board ဥက္ကဌ လုပ်ခဲ့ ပြီးစင်ကာပူကိုဆွဲတင်ခဲ့ သူမို့ သူ့အကြောင်းရေးထားတာကို ဖတ်ချင်စိတ်ပေါ်လာပါတယ်-- အခုထိတော့ စာအုပ်က reprint လုပ်နေတော့ လက်ဝယ်မရောက်သေးပါဘူး ရေးသူက Peh Shing Huei ပါ-- The Strait Times Press ကထုတ်ပါတယ်-- စာအုပ်မဖတ်ရသေးတော့ ဘာတွေပါသလဲဆိုတာမသိရသေးပါ--
တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ဆိုတာလူပုဂ္ဂိုလ်တစ်ဦးချင်းအရည်အသွေးပေါ်မူတည်ပါလိမ့်မယ်-- မိုးကျရွှေကိုယ် မှ အီကိုဆင်းမှ စီးပွားရေးနားလည်တယ်--တိုးတက်အောင်လုပ်နိုင်မယ်ဆိုတာ ရာနှုန်းပြည့် လက် မခံပါဘူး--လုပ်ရဲကိုင်ရဲသူ--determined ဖြစ်သူ-- ယောင်ဝါးဝါး သူများပြောတာလိုက်နားယောင်တာမျိုး မဟုတ်သူ--စသည့်အရည်အသွေးတွေတော့ လိုတာပေါ့ဗျာ-- ကဲစာရှုသူမိတ်ဆွေ -- နောက် ၄ နှစ် ၅ နှစ် စသည်ဖြင့် နိုင်ငံတိုးတက်ဖို့ အတွက် ဘယ်သူကိုရွေးမလဲ ?

ခေါင်းထဲရောက်လာသောအတွေးများ



မောင်တိုင်ပင်ကိုဗိုလ်ဆန်သည်ဟုပျက်ရယ်ပြုကြပါတယ်--သိပ်တော့မဆန်းလှပါ-- KG ကနေ ၉ တန်းထိမန္တလေးစိန်ပီတာမှာကျောင်းတက်ခဲ့ပါတယ်--အမှန်တော့ ဘရာသာ တွေကဂျာမန်တွေများပါတယ်--ဒါပေမဲ့ KG တုံးကဆရာမတွေကတော့ ဘီးလတ် ဂျူးအနွယ်တွေများပါတယ်--စည်းကမ်းပေးတတ်ပါတယ်--အလိုလိုစည်းကမ်းကိုလိုက်နာသွားတတ်အောင်လုပ်ပေးတာဖြစ်ပါတယ်--ဗမာတွေကြားအယ်လိုနေတတ်ထိုင်တတ်တော့ စာအုပ်ကြီးသမား--ဇီဇာကြောင်တယ်--ဗိုလ်ဆန်တယ် (စိတ်ထဲမှာတော့ဒီကောင်ဗိုလ်လမ်းနီးတဲ့ကောင်လို့ပြောမှာအသေအချာပါ) ဒါတွေဘာလို့ခေါင်းထဲရောက်လာလဲ? သိလား-- ဒီနေ့ထိမောင်တိုင်ပင် မနက်တိုင် ဘရိတ်ဖတ်စ် ကို ပေါင်မုန့် မီးကင်ထောပတ်သုတ် ကို ကြိုက်နှစ်သက်စွာစားနေဆဲပါပဲ--မုန့်ဟင်းခါးစားစား အုန်းနို့ ခေါက်ဆွဲစားစား ပေါင်မုန့် မီးကင်ထောပတ်သုတ်ကတော့ မပါမနေရပါ-- အဲထောပတ်ကလည်း တူတဆိပ် သြစီ မှ-- ဆိုရယ်လစ်ခေတ် နေဝင်း လက်ထက်က ဘယ် တူတဆိပ် ဘူးကရမှာလဲ? အတော်ဒုက္ခရောက်ခဲ့တာ--
မောင်တိုင်ပင်စိတ်ထဲမှာယခုတိုင်သတိရနေဆဲဆရာဆရာမတွေကတော့ Mrs Rustin, Mrs Hopwood, Teacher Jo Jo, ဆရာ William (senior), ဆရာဦးညီမောင်, ဆရာဦးစံဝ, ဆရာ ဗင်းဆင့်, Brother Conrad, စာအုပ်ဆိုင်တာဝန်ယူရတဲ့ ဘရာသာ ဖက်တီး( ခွင့်လွှတ်ပါ အမည်ရေးတေးတေးဖြစ်နေပါတယ် သတိရပြီ ဘရာသာ ဖူးလ်ဖတ်) တို့အပြင်ကာယဆရာ ဆရာဒေးဗစ်,ပန်းချီဆရာ ဦးလူတင် တို့ဖြစ်ပါတယ်--high school တုံးကဆရာတွေ ဘယ်လိုကြောင့် ခေါင်းထဲရောက်လာလဲဆိုတော့ ဆရာတွေရဲ့ မှတ်ချက်တွေကြောင့်ပဲ--ဆရာ William ဆိုရင် last fellow six cuts ဆိုတဲ့စကား ကိုကျောင်းသားတိုင်းမှတ်မိကြမှာပါ--
၇တန်းလောက်ရောက်တော့အဖေကမောင်တိုင်ပင်တို့ကို စွယ်စုံကျမ်း ၁၀ အုပ်တွဲဝယ်ပေးပါတယ်--မောင်တိုင်ပင်အဖေ က Encyclopaedia Britannicaစာအုပ်ကဈေးအရမ်းကြီးတယ် -- မြန်မာစွယ်စုံကျမ်းလည်းကောင်းပါတယ်ဆိုပီး ဖတ်ပုံဖတ်နည်း အကြောင်းအရာရှာပုံရှာနည်းကိုသင်ပေးပါတယ်--အဲဒီခေတ်အချိန်အခါအရ ဆိုရင်ပညာတတ်မိဘတိုင်းကဝယ်ပေးကြပါလိမ့်မယ်ထင်ပါတယ်--နောက်တော့ အကြောင်းအရာရှာမဖတ်တော့ ဘူး--တစ်အုပ်ချင်းစိတ်တိုင်းကျဖတ်တော့တာပါပဲ--စွယ်စုံကျမ်းတွေအကြောင်းမောင်တိုင်ပင်အတွေးထဲရောက်လာတော့အခုခေတ်နဲ့ မတူပုံ ကိုစဉ်းစားမိလာတယ်လေ--အခုခေတ်က ကွန်ပျူတာအင်တာနက်မှာ goggling ပေါ့-- မသိတဲ့သူတော့မရှိပါဘူးထင်တယ်နော်--
မန်းတက္ကသိုလ်ဝန်းထဲ နတ်သျှင်နောင်လမ်းအိမ်မှာ စာအုပ်စင်ကအဖေ့ကုတင်နောက်မှာရှိတယ်--မတ်ရပ်မီးတိုင်တစ်ခု နဲ့ဂျေးအထပ်ထပ်တက်နေတဲ့ အစွပ်စွပ်ထားတဲ့ပက်လက်ကုလားထိုင်တစ်ခုရှိတယ်-- အဖေကမီးတိုင်ဖွင့် ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီးစာဖတ်တာ--lecture notes တွေလည်းအဲလိုပဲရေးတာ-- နက်ဖြန်အတန်းရှိတယ် ဆိုရင် ညမှာ lecture notes ရေုးပီးမှသင်တာ-- ဝေဖို့ မဟုတ်ဘူး --စနစ်တကျသင်နိုင်ဖို့မှတ်စု မှတ်ထားတာပါ-- ပြီးရင်သူကိုင်နေကြ သားရေအိတ်ထဲထည့် ထား လိုက်တာပဲ-- မောင်တိုင်ပင်အစိုးရအလုပ်ကိုစဝင်ဖို့ ရန်ကုန်မလာခင်ညမှာအဖေပြောခဲ့တဲ့စကား ကိုဘယ်တော့မှ မမေ့ခဲ့ပါ--အလုပ်လုပ်နေရင်းလည်း အစပထမပိုင်းမှာအခက်အခဲတွေ့ ရင်အဖေ့မှာကြားခဲ့တဲ့စကားကိုသတိရမိခဲ့တယ်-- ဘာပြောလဲဆိုတော့ " သားကြီး အလုပ်လုပ်ရင်စနစ်တကျလုပ်ပါ--နောက်ပြီးအလုပ်လုပ်ရင်အလုပ်ကိုဘယ်တော့မှ မျက်ချေမပြတ်စေနဲ့  " ဆိုတဲ့စကားပါ--မျက်ချေလေးများပြတ်မိရင်အလုပ်မှာဝရုံးသုံးကားဖြစ်တတ်တာကိုမကြာခဏကြုံ ခဲ့ရဘူးပါတယ်--ဘာလုပ်လုပ် to do list လေးကိုမနက်တိုင်းလုပ်မိတတ်တာလေးခေါင်းထဲရောက်လာလို့ပါ--
-မောင်တိုင်ပင်တို့ ၁၀ တန်းရောက်တော့ ပြည်သူပိုင်သိမ်းပေမဲ့ အရှိန်ကရှိနေပါသေးတယ် --အင်္ဂလိပ်စာ ပြဌါန်းစာအုပ် က တောင်တက်တဲ့အကြောင်းဖြစ်တဲ့Annapurana စာအုပ်ဖြစ်ပါတယ်-- ဆရာ ရော်ဘင်ကသင်ပါတယ် -- ကျောင်းသားတွေနားလည်သဘောပေါက်အောင်သင်နိုင်ပါတယ်--ဆယ်တန်းမှာ အင်္ဂလိပ် ကဗျာတွေရေးကြပါတယ် -ဆရာကအားပေးပါတယ်- သူငယ်ချင်းဒေါက်တာကျော်စိန်က high-flown rhetoric တွေနဲ့ရေးတော့ ဆရာက simple English နဲ့ရေးခိုင်းပါတယ်-- မောင်တိုင်ပင်က simple English နဲ့ရေးတော့ဖတ်ကောင်းပါတယ်-- အကြောင်းအရာကောင်းဖို့လည်း လိုတယ် လို့ပြောပါတယ် -- မောင်တိုင်ပင် တိမ်တွေအကြောင်းရေးတာတော့ မှတ်မိတယ်--မောင်တိုင်ပင်ဆရာ ဆရာရော်ဘင် အေးအေးဆေးဆေးနဲ့ စာသင်တာ ကိုခေါင်းထဲမှာ အမှတ်ရ လာလို့ ပါ။
ဆယ်တန်းမှာ ရည်စားစာကို အင်္ဂလိပ် လိုရေုးပီးကွန်ဗင့်ကျောင်းသူလေးတစ်ယောက်ကိုပေးဖို့ ချောင်းခဲ့ပေမဲ့ မပေးနိုင်ခဲ့ပါဘူး-- ဒူးတုန်လက်တုန် နဲ့ မောင်တိုင်ပင်က ငကြောက် ကိုး--နောက်ဆုံးကွန်ဗင့်ကျောင်းမှာသူ့ထက်အတန်းငယ်တက်နေတဲ့ ညေး ကိုပေးခိုင်းမလား လို့ကြံသေးတယ်-- ကမ္ဘာကြီးကကျဉ်းကျဉ်းလေးနော်-- စက်ဘီးနင်းခိုင်းပြီး အခွင့်သာရင်စာဆင်းပေးမယ်ဆိုပြီး အိမ်ရှေ့ ခေါက်တုန့် ခေါက်ပြန် ပတ်ပေးခဲ့တဲ့ သူငယ်ချင်းဒေါက်တာ ရဲ့ သားနဲ့သူ့ သမီး အကြောင်းပါသွားတယ်-- မောင်တိုင်ပင် ခုထိ မတွေ့ ရဲဘူး -- ရင်ခုန်သံ မခံနိုင်ဘူး နဲ့ တူတယ်-- ခမီးခမက် တွေကတော့ ငယ်တုံးကအကြောင်းတွေပြောဖြစ်ခဲ့ရင် မောင်တိုင်ပင် ရှေ့ မျက်နှာနောက်ထားတွေ့ ရတော့မဲ့ ပုံပဲ-- အော်ပဉ္စမအရွယ် ရဲ့ရင်ခုန်သံကိုကြားကြလား ဟင်---