Saturday, August 31, 2013

ခင်မောင်တိုးအကြောင်း


ပြည်သူချစ်သောအနုပညာရှင်ခင်မောင်တိုးနဲ့လွန်ခဲ့သောနှစ်ပေါင်း၄၀ကျော်အာအိုင်တီပထမနှစ် သမို်င်းအင်းလေးဆောင်မှာပထမဆုံး
ဆုံတွေ့ခဲ့တာပါ။အဲဒီတုံးကမောင်တိုင်ပင်တို့တတွေရှိလှမှ၁၈နှစ်သားလောက်ပဲရှိကြအုံးမယ်။အဲဒီခေတ်တုံးကသထုံခရိုင်အရေးပိုင်သား
ခင်မောင်တိုးခေါ်ငတိုးနဲ့ခင်မင်ခဲ့ရပြီ:သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။ငတိုးငယ်စဉ်ကပိန်ပိန်ပါးပါးပါပဲ။ခင်မောင်တိုးနဲ့သူငယ်ချင်းဖြစ်ပြီးလို့ ၃ - ၄ လလောက်ကြာတဲ့အခါကြတော့ သူငယ်ချင်းအားလုံးကငတိုး လို့ပဲခုံခုံမင်မင် ခေါ်ခဲ့ကြပါတယ်။ စိန်အုန်းကဆိုရင်ရှဉ့် ငတိုးဆိုပြီး
အားရပါးရခေါ်တာ။ကြီးတဲ့အချိန်ပြန်တွေ့တော့လည်းငတိုးလို့ပဲဆက်ခေါ်ခဲ့ကြပါတယ်သူကလည်းငတိုးလို့ခေါ်တာကိုကြိုက်နှစ်သက်လိမ်
့မယ်လို့ထင်ပါတယ်။ကြီးလာတော့ စကားမစပ်မိလို့ မေးတော့မမေးမိဘူး။ဒါပေမဲ့မောင်တိုင်ပင်တို့ စက်မှု ၇၂ အုပ်စုကအချင်းချင်းတွေ
့လို့ ”ခင်ဗျား ကျနော် ” နဲ့များပြောမိရင်ဝိုင်းဆဲကြဖဲ့ကြတော့တာပဲ။ မင်းနဲ့ငါနဲ့ ပြောကြပြီး ငယ်နံမည် နစ်ခ်နိမ် ကိုခေါ်ရတာတော်တော်
အာတွေ့တဲ့အဖွဲ့တွေပါ။နံမည်ရင်းခေါ်တာရှားတယ်။ငတိုးကို၁၉ ၆၆-၆ရ မှာ စ တွေ့လိုက်ကတည်းသူရဲ့ထူးခြားတဲ့လက္ခဏာကိုပထမ
ဆုံးသတိထားမိလိုက်ပါတယ်။  သူရဲ့ လက်ချောင်းတွေပဲဖြစ်ပါတယ်၊မောင်တိုင်ပင်တို့လက်ချောင်းတွေဟာတိုတိုတုတ်တုတ်မဟုတ်ပေ
မဲ့ပုံမှန်လက်ချောင်းလို့ပြောလို့ ရပါတယ်။ သူလက်ချောင်းတွေဟာရှည်ပြီးအလွန်သေးသွယ်လှပပါတယ်၊အနုပညာလက်လို့ပြောရမှာ ဖြစ်တယ်။ ဂီတာတီးတဲ့အချိန်မှာဂီတာပေါ်မှာသူလက်ကွက်ကိုင်ပုံလက်ကွက်ပြေးပုံတွေဟာအရမ်းကိုကျွမ်းကျင်ပြီးကောဒ့်တစ်ခုနှင့်
တစ်ခုပြောင်းတဲ့အခါမှာအလွန်လှပပြီးကြည့်လို့ကောင်းပါတယ်။


အဲဒီတုံးကမောင်တိုင်ပင်တို့အရွယ်တော်တော်များများဂီတာတီးတတ်ပေမဲ့ကီးတို့ရစ်သမ် တို့မှာနားမလည်ပါ၊မထူးချွန်ပါမကျွမ်းကျင်ပါ။
အဲတော့ပထမနှစ်မှာကျောင်းကပြန်ရောက်လာရင်စာမဖတ်နိုင်သေးဘူး၊သူအဆောင်သူ့အခန်းသွားပြီးသူဂီတာတီးတာကိုပဲသွားသွား
နားထောင် ကြပါတယ်။အဲဒီအချိန်ကသူသီချင်းမဆိုသေးဘူး၊သူအသံကောင်းမှန်းလည်းမသိသေးဘူး၊အာအိုင်တီမှာတုံးကတောက
ရောက်လာခါစဆိုတော့ဂီတာကို“ပလပ်ကင်”တီးတာတွေဘာတွေ အထိမကျွမ်းကျင်သေးဘူးအာအိုင်တီမိန်းအဆောင်တွေရောက်
တော့မှ သူဟာဂီတာကိုကျွမ်းကျင်လာပြီး”ပလပ်ကင်”ကိုတီးတတ်လာတယ်။ အရမ်းကိုကြည့်လို့ကောင်းတယ်။ကျောင်းသားဘ၀တုံးက
အဆိုမှာ တင်ငွေနဲ့ စိုးဝင်းလှိုင် တို့ကပင်တိုင် ဆိုသွားကြပြီးသူကနောက်ကနေဂီတာတီးတာပဲ။တင်ငွေကမယ်ဒလင် စိုးဝင်းလှိုင်က
တယောတီးတယ်။ ၃ယောက်ပေါင်းပြီး  မန်းမြို့မ ရဲ့ “မန်းတောင်ရိပ်ခို“ များတီးလို့ကတော့ဂျီဟောသူတွေဘယ်စာကျက်နိုင်တော့မလဲ၊
အကုန်ထွက်နားထောင်ကြတာ။အဲဒီအချိန်က ”မန်းတောင်ရိပ်ခို” ဆိုတာမြန်ပြည်တခွင်မှာ နံမည်မကြီးသေးဘူး၊မောင်တိုင်ပင်တောင်မန်းသား မိုလို့သိတာ။ စိုးဝင်းလှိုင် ကမန္တလေးသားလေ။ ငတိုး သီချင်းဆိုတာ ကို မောင်တိုင်ပင်တို့သိတောင်မသိလိုက်ဘူး၊၊အခွေထွက်လာမှ”ဟ --ငတိုးသီချင်းဆိုနေပါလား ”လို့  သာသိရတာပါ။သူကျောင်းမပြီးတာအားလုံးသိကြပါတယ်နော်၊ မောင်တိုင်ပင်တို့
အင်ဂျင်နီယာပေါက်စဘ၀မှာ ရုံးကမြို့ထဲမှာရှိတော့ တခါတလေအပြင် ကိုထမင်းစားထွက်ရင်  ငတိုး နဲ့ဆုံခဲ့ဘူးတယ်။ သူမအောင်မြင်သေးတဲ့အချိန်က ပေါ့၊မြို့ထဲမှာ တွေ့ရင်လည်း”ဟေ့ကောင်--မျိုးဦး ငါတို့ထမင်းမစားရသေးဘူး၊ပါသမျှပေးစမ်း”
ဆိုပြီးအိတ်ထဲက ပါသရွေ့ငွေ ဆွဲယူသွားတော့တာပဲ။ မန်းမှာနေပေမဲ့ရန်ကုန်ခဏခဏတက်လာတယ်၊သူရန်ကုန်ရောက်ရင် ၀ိုင်အမ်စီအေမှာအမြဲတည်းတယ်။သူ့သူငယ်ချင်းဂီတမိတ်ဆွေ ကိုရဲလွင်တို့နဲ့ပဲတွဲတာများတာကိုတွေ့ရတယ်။အစိုးရအလုပ်လုပ်
နေတော့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေပြီးရန်ုကုန်မှာသွားရင်းလာရင်းနဲ့ ပဲတွေ့ကြရတယ်။ အဲဒီအချိန်က ဂီတလောက က တည်တည်ငြိမ်ငြိမ် မရှိသေးဘူး၊ သီချင်းခွေတွေကိုတေသံသွင်းဆိုင်တွေမှာ လိုက်ရောင်းရတာ။ဒါပေမဲ့ မန်းမှာညီတော်မောင်နဲ့သူနဲ့ ကခင်ကြတယ်။ညီတော်မောင်ကလည်းအဲဒီတုံးက မန္တလေးရှဲလ်တီးဝိုင်းမှာရှိနေတော့သူနဲ့ဆုံမိကြတယ်နဲ့တူတယ်။အလုပ်ကနေပင်စင်ယူခါနီး စက်မှု၇၂အုပ်စုက သူငယ်ချင်းတွေနဲ့ကြိုးကြာကြိုးကြာဆုံမိကြတဲ့အခါမှ ငတိုး နဲ့ပြန်ဆုံမိပါတယ်။ဘယ်အချိန်လောက်ကတည်းကသူ ဂီတ မှာအောင်မြင်ခဲ့သလဲဆိုတာသတိတော့မထားလိုက်မိပေမဲ့ သူရဲ့ အခွေတွေကိုတော့
ထွက်တိုင်းအားပေးခဲ့ပါတယ်။စတိတ်ရှိုးတွေ၊နိုင်ငံခြားသွားဖြေဖျော်တာတွေ၊ကိုကြားနေတွေ့နေရတယ်။တစ်ခုသတိ
ထားမိတာရှိတယ်။ ငတိုး ပေါ်လစီ သီချင်းဆိုတာတခါမှ မကြားမိဘူး၊ဇော်ဝင်းထွဋ် တို့ခိုင်ထူးတို့ တောင်ဆိုရသေးတာမဟုတ်လား၊သူဘယ်လိုပတ်ရှောင်သလဲတော့မသိဘူး၊သူရဲ့အောင်မြင်ကျော်ကြားမှုသတင်းတွေကိုကြားခဲ့ရသလို သူ သတ်သတ်လွတ်စားတဲ့သ
တင်း၊ ဦးဂိုအင်ကာရဲ့ စင်တာမှာတရားပြဆရာအဆင့်အထိရောက်အောင်တရားအားထုတ်တယ်ဆိုတဲ့သတင်း စတဲ့သတင်း
ကောင်းတွေကိုကြားရပြီး အံ့သြ၀မ်းသာမိပါတယ်။အနုပညာသမားတော်တော်များများမလုပ် နိုင်သေးတဲ့အလုပ်ကိုသူလုပ်တာကို
 ပြည်သူတောင် သိပ်မသိဘူးထင်တယ်။သူ့ကိုဆေးသမား အရက်သမား ပဲထင်နေကြတာ။ သူငယ်ချင်းတွေပြန်ဆုံကြတော့ပထမဆုံး ကန်တော်မင်ရွှေဘဲမှာထင်တယ်၊မောင်တိုင်ပင်ကအဲဒီနေ့ကနောက်ကျရောက်လာတော့သူ့ရှေ့မှာ ၀ီစကီ ခွက်က တစ်ဝက်လောက်ရှိ
တယ်။မောင်တိုင်ပင်ကအရက်မသောက်တတ်ဘူး၊ဘီယာတော့ကြိုက်တယ်၊အဲဒီနေ့ကဘီယာလည်းမသောက်ချင်တာနဲ့ ကိုကာကိုလာ မှာသောက်မိတယ်။အဲဒီမှာငတိုးက” ဟေ့ကောင် မျိုးဦး-- ၀ီစကီချလေကွာ”လို့လှမ်းပြောတယ်၊” ဟ--ငါမသောက်ဘူးကွ၊ဘီယာပဲသောက်တာ“လို့ပြန်ပြောရတယ်။ မောင်တိုင်ပင်ကတော့အခြားသူငယ်ချင်းတွေလိုပဲ သူဝီစကီသောက်နေတယ်ထင်တာပေါ့၊
ကိုယ့်ရှေ့မှာထိုင်နေတော့ ရေနွေးကြမ်းခရားကနေသူခွက်ထဲရေနွေးကြမ်းတွေ ထည့်နေတာတွေ့တော့မှ“ ဟေ့ကောင်ငတိုး--မင်းအရက်လည်းမသောက်ပဲနဲ့” လို့ပြောတော့သူငယ်ချင်းအကုန်လုံးက  ၀ိုင်းရီကြတယ်။သူက၀ီစကီသမားသူငယ်ချင်းတွေကြား
မှာဝီစကီခွက်နဲ့ပုံမှားဝင်ရိုက်တာလေ-- အော်သူသတ်သတ်လွတ်စား တရားထိုင်ပေမဲ့ ၀ီစကီ လောက်တော့
သောက်မှာ ပဲ လေလို့ထင်မိတာမှားတာပေါ့၊အဲဒီအချိန်ကတည်းက သူအရက်မသောက်တာ ၁၅ နှစ်လောက်ရှိနေပြီ။
ပင်စင်ယူပြီးတဲ့နောက်ပိုင်း စက်မှု၇၂အုပ်စုတွေတွေ့ကြတိုင်းခင်မောင်တိုးနဲ့ ပြန်ပြန်ဆုံမိကြတယ်။ ကာရာအိုကေ
ဆိုင်ကိုသူတို့သွားကြပေမဲ့ မောင်တိုင်ပင်ကတော့ဝါသနာမပါတာကတကြောင်း၊ ကိုယ့်မျက်လုံးကိုစိတ်မချတာက
တကြောင်း လိုက်လေ့လိုက်ထ မရှိဘူး၊ညဉ့်ပိုင်းကားမောင်းတဲ့အခါ မျက်လုံးကမီးထိုးတာမခံနိုင်ဘူး။ ကာရာအိုကေ
သွားတာကတော့ သူငယ်ချင်းဝင်းထိန်ဦးမှာပြောစရာတွေအများကြီးရှိမှာပါ။နောက်ပိုင်းမောင်တိုင်ပင်လည်းမြေးရှိရာ
စင်ကာပူမှာလာနေတော့ သူငယ်ချင်းတွေနဲ့တွေ့တာနည်းသွားတယ်။

၂၀၁၂ခုနှစ် စင်ကာပူကနေခဏပြန်လာတုံးဝင်းထိန်ဦးတို့ကအာအိုင်တီဆရာဦးစိုးလွင်ဆိုင်မှာထမင်းစု စုစားကြရင်အိမ်နဲ့နီးတဲ့မောင်တိုင်ပင် ကို
လှမ်းလှမ်းခေါ်တာကြောင့် ၃ - ၄ ခါလောက်ဆုံကြတယ်။သူတို့တတွေသမုဒယကျောင်းဗီဒီယို အခွေ ဖန်တီးနေတာ
လည်းရေးရေးပဲသိတယ်။လုံးစေ့ပတ်စေ့မသိသေးဘူး၊တစ်ရက် အာအိုင်တီမှာ ဆုံကြတော့ ၀င်းထိန်ဦး က တို့သူ
ငယ်ချင်းတွေစုလုပ်ကြတာ မင်းလည်းပါကွာဆိုတာနဲ့ ပါဖြစ်သွားတာပေါ့။ဒါနဲ့ မှတ်မှတ်ရရ သြဂုတ်လ ၃၁ ရက်နေ့ ၀င်းထိန်
ဦးကနေ တို့အာအိုင်တီမှာ သမုဒယကျောင်းအခွေဗီဒီယို ရိုက်မယ်၊ထမင်းစားမယ် ၁၂ နာရီ မင်းလာခဲ့ဆိုတော့ အာအိုင်တီကိုရောက်သွားတာပေါ့၊အဲဒီနေ့ကမိုးတွေရွာနေတယ်။သူငယ်ချင်းတွေတော်တော်လည်းစုံတယ်၊ ထမင်းစားနေရင်း ငတိုး ကစင်ကာပူကိုစက်တင်ဘာလ ၃ ရက်နေ့သွားမယ်၊ ဆေးသွားစစ်မယ် လို့ပဲယေဘူယျ ပဲ သိ
ထားတယ်။သူကနိုင်ငံခြားခရီးကလည်းခဏခဏသွားလေ့ရှိတော့ထူးထူးထွေထွေ မမေးဖြစ် ကြ ဘူး။ ငတိုးပုံကလည်းလုံးဝလူမမာပုံလုံးဝမပေါက်ဘူး၊နောက်မှဝင်းထိန်ဦးက ငတိုး  စီပိုးဖြစ်နေလို့စင်ကာပူသွားကုမှာ ဆိုတာကိုပြောပြတယ်။ အားလုံးကတော့စီပိုး ဆိုတာသေချာကုရင်ပျောက်တာပဲဆိုပြီးဘယ်သူကမှအရေးကြီးတယ်လို့မထင်ကြဘူး၊ မိတ်ဆွေထဲမှာကော အမျိုးထဲမှာ ကော စီ ပိုး ကို ဖိဖိစီစီးစီးကုလိုက်တာပျောက်သွားကြတယ်ဆိုတဲ့ သာဓကတွေလည်းရှိခဲ့တာပဲကိုး။

အဲဒီနေ့က ဒါရိုက်တာလင်းမြတ်ဦးကအာအိုင်တီ ဆင်း တွေကို လိုက်ရိုက်တယ်၊စိန်ဝင်းနဲ့အင်တာဗျူးလုပ်တာကို
ရိုက်တယ်။ငတိုးနဲ့လည်းအင်တာဗျူးလုပ်တာကိုရိုက်တယ်၊ငတိုး စင်ကာပူကပြန်လာမှ ရိုက်ရင်အချိန်မမှီမှာစိုး
လို့ တက်သုတ်ရိုက်ပြီး ရိုက်ရတာပေါ့။သူငယ်ချင်းများကလည်း မိုးလေးတစ်စိမ့်စိမ့် အာအိုင်တီ မိန်းထဲကခွာချင်
ပုံမရကြဘူး၊ အစောင့်တစ်ယောက်ကအဆောက်အဦးရှေ့ က ရေပန်းကိုလာဖွင့်ပေးတယ်။ သူငယ်ချင်းအကုန်လုံး
ကန်ဘောင်ပေါ်မှာ ထိုင်ပြီးဓါတ်ပုံရိုက်ကြသေးတယ်။၂-၃ရက်ဆိုရင်ငတိုးက စလုံးကိုသွားတော့မှာ ဆိုတော့ ဖလင်အကွက်
ကြမ်း ရောရှော့ တွေကို ရိုက်ထားတာပေါ့။ငတိုးနဲ့ ရာသက်ပန်ခွဲရတော့မယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ငတိုးကို
ငါလည်းစလုံးကို စက်တင်ဘာ၅ ရက်နေ့သွားမယ်ဆိုတာပြောပြလိုက်ပြီး စလုံးဖုံးနံပါတ်ကိုပေးလိုက်တယ်။ထုံးစံအတိုင်းသူငယ်ချင်းတစ်ယောက်ယောက်ရောက်လာရင်ထမင်းကျွေးလ္ဘက်ရည်တိုက်ကြတာကိုး။စက်တင်ဘာလ ၂ရက်နေ့ညမှာ ငတိုးမသွားခင်နှုတ်ဆက်ပွဲဆိုပြီးကန်တော်မင်ရွှေဘဲမှာထမင်းစားကြပါတယ်။ဝင်းထိန်ဦးကလှမ်းဖိတ်လို့ အရက်တစ်ပု
လင်းလက်ဆောင်ရထားတာဆွဲပြီးသွားခဲ့ပါတယ်။ရောက်တော့ဝိုင်းမှာလူတော်တော်စုံနေပြီ၊ဒါနဲ့ “ငါယူလာတဲ့အရက်
ကလက်ဆောင်ရထားတာ၊တန်ဖိုးကြီးတယ်“လို့ပြောတာပဲ လို့ပြောပြီး ၀ိုင်းပေါ်တင်လိုက်တယ်။အရက်ကရှန်ပိန်
အရက် -- ဘူးကလည်းမိုက်သလားမမေးနဲ့၊အသေအချာကိုလှလှပပထုပ်ပိုးထားတာ။Dom Pe'rignon Champagne အရက်ပါ။သူငယ်ချင်းတွေကတော့“ ဟာမိုက်တယ်ကွာ” ဆိုပြီးရှန်ပိန်ခွက်အသီးသီးတောင်းကြတော့တာပဲ။ ငတိုးရှေ့မှာတော့ရှန်ပိန်ခွက်ရောက်လာပေမဲ့လုံးဝမမြီးဘူး၊ဘေးကမျောက်ဖြူစိုးမြင့်လားမသိဘူး၊ “ငါသောက်မယ်“ ဆိုပြီးယူသောက်လိုက်ကော။တိုတိုပြောရရင်ဘော်ဘော်တွေဆုံကြတုံးဟိုအကြောင်းဒီအကြောင်းပြောကြ၊ငြင်းကြခုံကြနဲ့ အရက်ဝိုင်းကစိုစိုပြေပြေပါပဲ။ ဒါပေမဲ့အားလုံးကတော့ ထာဝရခွဲခွာသွားရတော့မဲ့ငတိုးကိုနှုတ်ဆက်လိုက်တာပဲလို့ ဘယ်သူမှမထင်ကြဘူး။စက်တင်ဘာ ၃ ရက်နေ့မနက်ဖြန်ဆိုရင်ငတိုး စလုံးကိုသွားတော့မှာလေ။

 စက်တင်ဘာ ၅ ရက်နေ့ရောက်တော့ စင်ကာပူ ကိုကူးခဲ့တယ်။မြေးက အဲဒီအချိန်Foot and Mouth Disease FMDဖြစ်နေတော့ ကျောင်းမသွားရဘူး၊တစ်ပတ်လောက်အိမ်မှာ နားနေရတယ်။မြေးကိုဆရာဝန်ပြပြီးဆေးမှန်မှန်တိုက်
ရတယ်။အလုပ်ရှုပ်နေပြီးစလုံးကသူငယ်ချင်းတွေနဲ့တောင်မတွေဖြစ်သေးဘူး၊ဖုံးနဲ့တော့ပြောဖြစ်တယ်။ ဥာဏ်ဝင်းရွှေနဲ့သိန်းအောင်တို့ကတော့ ငတိုးတည်းတဲ့ Woodland ကအိမ်ကိုသတင်းသွားမေးကြပေမဲ့မတွေ့ခဲ့ကြဘူး။
ဒါနဲ့ငတိုးဆီဖုံးဆက်ပြီးအခြေအနေတွေမေးတော့ဆေးသွင်းနေတယ်၊ဆေးရုံတော့မတက်ရသေးဘူး၊ဆေးသွင်းတဲ့ဒဏ်
ကြောင့်နည်းနည်းတော့မအီမသာဖြစ်တဲ့အကြောင်းပြောတယ်။ဝင်းထိန်ဦးမှာတဲ့သူ့သီချင်းကိုဗီဒီယိုမှာယူသုံးတဲ့အ
တွက်သူကိုယ်တိုင်လက်မှတ်ထိုးရမှာဖြစ်ကြောင်းသူလာမှလုပ်မယ်လုပ်စရာရှိတာသာလုပ်ထားလိုက်ပါ လို့မှာတယ်။သမုဒယ
ကျောင်း ဗီဒီယိုရိုက်ဖို့နန်းခင်ဇေယျာနဲ့မော်ဒယ်လ်၂ဦးကိုသုံးခွင့်ရတာကိုဝင်းထိန်ဦးကသဘောခွေ့နေတာကို ငတိုးက ၀င်းထိန်ဦးကို
ဟားလိုက်သေးတယ်။ဒီကောင်သမုဒယကျောင်းနဲ့ပဲစားလည်းဒီစိတ်၊သွားလည်းဟိုစိတ်ဖြစ်နေပြီ  လို့ ပြောတယ်လို့ ပြောလိုက်ကွာ
လို့တောင်ပြောခိုင်းလိုက်သေးတယ်။

နောက်ပိုင်းမြေးကိစ္စတွေရှုပ်နေတာနဲ့ငတိုး နဲ့ဖုံးလည်းမဆက်ဖြစ်ဘူး၊ဥာဏ်ဝင်းရွှေတို့နဲ့တောင်ပုံမှန် မတွေ့ဖြစ်ဘူး။
Facebook ထဲမှာတော့ခင်မောင်တိုးနဲ့မိသားစုပုံတွေကိုတွေ့လိုက်ရတော့ဒီကောင်တော့နေကောင်းနေပြီလို့ပဲထင်
လိုက်မိတယ်။တစ်ရက်အောက်တိုဘာလထဲမှာထင်တယ်။သိန်းအောင် ကော ဥာဏ်ဝင်းရွှေကကော ဖုံးဆက်တယ်၊
ငတိုးတစ်ယောက် Gleneagle ဆေးရုံတင်ထားရကြောင်းတို့သွားမေးကြရအောင်ဆိုပြီးအဖေါ်စပ်လာပါတယ်။သိန်း
အောင်ကတော့ရုံးတက်နေရလို့ လူလွတ်နှစ်ယောက်ပဲသွားကြည့်ကြပါတယ်။Gleneagle ဆေးရုံ အခန်းနံပါတ် (  ) မှာပါ။ဆေးရုံရောက်တော့ ငတိုး ကကောင်းကောင်းစကားပြောနိုင်သေးတယ်။” ဟေ့ကောင်တွေရုံးမတက်ပဲနဲ့ဘာ
လို့လာတာလဲ” လို့ဆီးပြောပါတယ်။”ဟငါတိုနှစ်ယောက်လုံးကပင်စင်စားတွေလေ“ လို့ပြန်ပြောရတယ်။သူစကားပြောတာကိုနားထောင်ရတာဗလုံးဗထွေးဖြစ်နေလို့မနည်းနားထောင်ယူရတယ်။ဘေးနားမှာ
ကတ်ဆက်တစ်လုံးနဲ့ဆရာကြီးဂိုအင်ကာရဲ့တရားတွေဖွင့်ထားတယ်။သူအားရှိအောင် ”  မြန်မြန်နေကောင်း
အောင်လုပ်ကွာ၊ရန်ကုန်မှာ မင်းအပြန်ကိုဟိုကောင်တွေအားလုံးစောင့်နေကြတယ်“ လို့ပြောတော့ ပြုံး ပြီးပြန်ပြောတယ်။ “ဗီဒီယိုအကြမ်းခွေထွက်လာရင်ငါကြည့်ချင်တယ်ကွာ”လို့ပြောတော့“ ငါတို့ဒေါ်သန်းသန်းနုနဲ့ပါဆယ်ပို့ခိုင်းလိုက်မယ်”ပြန်ပြော
လိုက်ရတယ်။

နောက်နေ့လည်စာစားမှာ မို့ လို့အပြင်ကိုခဏထွက်လာတယ်။သူနဲ့တူတူလိုက်လာတဲ့ဒေါက်တာ----ကိုအပြင်မှာ
တွေတော့အကြောင်းစုံကိုမေးကြည့်ခွင့်ရခဲ့တယ်။ငတိုးအခြေအနေကဆေးသွင်းနေတုံးမှာအပြင်ကိုမထွက်သင့်
သေးဘူး။ infection ၀င်သွားတဲ့သဘောလေ။ယခင်ကcancer patient တစ်ယောက်လည်းအဲဒီလိုဖြစ်ဘူးတယ်၊
ပင်နီစူလာကိုသွားလိုက်တာအပြင်ရောဂါပိုးတွေကူးစက်လာတဲ့သဘောပဲ။ဆေးပညာအရဘာမှမသိတဲ့အတွက်
ရမ်းသမ်းပြီးမရေးချင်ဘူး၊အတွင်းမှာရှိတဲ့ကလီဇာတွေကကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက်အဲဒါတွေ
ပြန်ကောင်းလာအောင်လုပ်ပေးနေတဲ့သဘောပါပဲ။နောက်နေ့တွေလည်း Gleneagle ဆေးရုံကိုနေ့တိုင်းလိုလိုပဲ
သွားပြီး ငတိုးအခြေအနေကိုအကဲခတ်ကြည့်ခဲ့တယ်။ဒါပေမဲ့အားမရစရာပါပဲ။ Facebook ထဲမှာ လည်း ငတိုးဆုံး
ပြီဆိုပြီးသတင်းတွေအမျိုးမျိုးတက်လာတော့ ကိုယ်တို့ ဥာဏ်ဝင်းရွှေ တို့ ၀င်းထိန်ဦး တို့ ကဖြေရှင်းရတာပေါ့။ ငတိုး
ကိုကုတဲ့ဆရာဝန်ကြီး ကဘယ်နှစ်နာရီပဲခံတော့မယ် လို့ပြောတော့ကိုယ်တို့လည်းခေါင်းတွေရှုပ်ကုန်တာပေါ့။ သူခန့်
မှန်းချက်ကတော့ ၂ ခါလောက်လွဲတယ်လို့ မြန်မာ သူနာပြုတွေကပြောတယ်။သူမှန်းရင်လွဲခဲ တယ် လို့လည်းပြောတယ်။
ဒေါက်တာ----နဲ့တိုင်ပင်ကြည့်တော့ ငတိုးကိုအိမ်ပြန်ခေါ်သွားချင်ရင်လေ
ယာဉ်ပျံစီးလုံးငှားလို့ရတယ်၊ဆေးရုံသုံးပစ္စည်း၊သူနာပြုဆရာမ၊ဆရာဝန်တွေပါမယ်။ ငတိုးကို live saving instruments တွေအကုန်တပ်ထားမယ်။ရန်ကုန်ရောက်ရင်အိမ်ဖြစ်ဖြစ်၊ဆေးရုံဖြစ်ဖြစ် ပို့ပေးပြီးကိရိယာတွေဖြုတ်
ပစ်ခဲ့မယ်။ဒါနောက်ဆုံးမရတော့တဲ့လူနာတွေအတွက်လုပ်ပေးတာဖြစ်တယ်။ စလုံးငွေ ၃၀၀၀၀ လောက်ကျမယ်။ဒီအကြောင်းကို ၀င်းထိန်ဦး တို့ဆီပြောလိုက်တော့သူတို့တစ်ဝက်ကျခံမယ်ဆိုပြီးချက်ချင်းအကြောင်း
ပြန်လာတယ်။တာတွေအားလုံးဟာ ကာယကံရှင်မိသားစုကိုမပြောရသေးဘူး။ ဖြစ်နိုင်တာတွေအကုန်စဉ်းစားကြတာလေ။ဆရာဝန်ကြီးရဲ့ အပြောအရကတော့သူဟာခံရလှ ရင် ၄၈နာရီပဲလို့ပြောတယ်။သူသွေး ကိုနေ့တိုင်းစစ်ကြည့်တာ တိုးတက်လာတဲ့လက္ခဏာမတွေ့ရဘူးလို့ဆိုပါတယ်။သူငယ်ချင်းတွေတိုင်ပင်ပြီးပလင်အေ၊ပလင်ဘီ၊ပလင်စီ ဆိုပြီးလုပ်ထားရင်ကောင်းမယ်လို့ဆုံးဖြတ်ကြတယ်။ကိုယ်တို့မှာဝမ်းကလည်းနည်း သူများရပ်ရွာမှာရောက်နေတော့
ငတိုးမိသားစု ခမျာအဆင်ပြေစေရေးကိုစဉ်းစားရတာပေါ့။မလေးရှားမှာ တက္ကသိုလ်တက်နေတဲ့သားလည်းရောက်လာ
တယ်။ဆေးကျောင်းကအငယ်ဆုံးသမီး လည်းစာမေးပွဲပြီးတာနဲ့ရောက်လာတယ်။မန္တလေးကငတိုးဘော်ဒါ ဂျေမောင်မောင်၊ ချို
ကြည်သာ တေသံသွင်းက ကကိုချို မသီတာတို့လင်မယား အားလုံးမိတ်ရင်းဆွေရင်း ဘေးနားမှာရှိနေကြပါတယ်။ ဆရာဝန်က
မရတော့ဘူး လို့လက်လျှော့ထားတော့ငတိုးအတွက်ဘ၀ကူးကောင်းအောင်လုပ်ပေးကြရမယ်လို့ တိုင်ပင်ထားကြတာပေါ့လေ။  စလုံးကငတိုးပရိသတ်တွေလည်းမကြာမကြာသတင်းလာမေးကြပါတယ်။သူနာပြုဆရာမတွေလည်းသူတို့ အလုပ်အားချိန်မှာ သူတိုချစ်တဲ့ကိုတိုးကြီး ကို လာကြည့် သတင်းမေးကြပါတယ်။အသုဘအတွက်လည်းတကယ်လို့အလောင်းကိုပြန်ယူသွားရင်
MAI ပေါ်မှာအဆင်ပြေပြေ တင် နိုင်အောင်မြန်မာပြည်ကသူငယ်ချင်း ရန်ပြေထံဆက်သွယ်ရသေးတယ်။ အမှန်ကဟန်စိန်က
ပို့ဆောင်ရေးကဆိုတော့သူဆီအရင်ဆက်တာ၊သူက ထိုင်းကိုရောက်နေတော့ မျိုးအောင်ဆီဆက်ရပြန်ကော၊သူလည်းထိုင်းကိုရောက်နေတယ်လို့သိရတယ်။ဒါနဲရန်ပြေ ကိုအကူအညီတောင်းရတာပါ၊ ရန်ပြေ က
ပင်စင်ယူပြီး MAI မှာ chiefengineer လုပ်နေတာဆိုတော့သူလည်းအကုန်စီစဉ်ပေးပါတယ်။နောက်ဆုံးကြတော့
ကာယကံရှင် မဝေ ဆီကနေသူတိုမိသားစုရဲဆန္ဒကိုသိလာရတယ်။ခင်မောင်တိုးကအမြဲတန်းအေးအေးဆေးဆေးနေ
လိုတယ်။သူဘ၀မှာဘယ်သူကိုမှဒုက္ခမပေးချင်ဘူး၊ဒါကြောင့်စင်ကာပူမှာပဲ သင်္ဂြုလ်ပြီး အရိုးပြာကိုမြန်မာပြည် ပြန်ယူ
သွားမယ်။ သူရပ်သူရွာ မန္တလေး ဧရာဝတီမြစ်  ထဲမှာ အရိုးပြာကိုရေမျောချင်တယ် လို့သူတိုမိသားစုဆန္ဒကိုပြောပြလာ
ပါတယ်။ အဲတော့ကိုယ်တို့ရဲ့ ပလင်စီ ကိုအကောင်အထည်ဖေါ်ရတော့တာပေါ့။ မဆုံးခင် ၂ရက်လောက်အလိုမှာ ဆေးရုံ ကိုသွားတော့ငတိုး ညည်းသံဟာတစ်မူထူးခြားနေသလိုလို အားလုံးကခံစားရတယ်။သူငယ်ချင်းလေးယောက်လုံးကငတိုး
ဝေဒနာခံစားနေရလို့ညည်းတာပဲလို့သုံးသပ်ကြတယ်။ဒါဆိုရင်ဝေဒနာခံစားရသက်သာအောင် ဆေး ပေးဖိုပြော ရင်
ကောင်းမယ်ဆိုပြီး ငတိုး သားအကြီးနဲ့အတူ သူနာပြုတွေကိုပြောလိုက်တော့ လူနာရှင်တွေကမပြောသေးလို့ သူတို့လည်းဘာဆေးမှ မပေးသေးတာပါ လို့ပြောတယ်။မဆုံးခင်နောက်တစ်ရက်သွားတော့ ငတိုး အမြဲပဲ မှိန်းနေတယ်လို့ပြောတယ်။ဝေဒနာခံစားရတာသက်တော့သက်သွားတာပေါ့။ကြားဖူးနားဝရှိတာပြောရရင် အဲဒီလို ဝေဒနာ
သက်သာဆေးတွေ ပေးလိုက်ရင် အနှေးနဲ့အမြန်ပဲသိထားရတော့ငတိုးအတွက်အရမ်းစိတ်မကောင်းဖြစ်မိတယ်။ငတိုးဆေးရုံမှာရှိနေတုံးဇနီးဖြစ်သူမဝေဟာတချိန်လုံးအနား မှာ ရှိနေပြီးဆရာကြီး ဂိုအင်ကာ ရဲ့တရားခွေ တွေ ကိုဖွင့်ပေးထားတဲ့အပြင် အချိန်ရှိသရွေ့ ငတိုး ကို ဘယ်နေရာမှာ ဘယ်တုံးက ဘယ်လို တရားထိုင်ခဲ့တာ၊စတာတွေကိုအမြဲမပြတ်ငတိုးသတိရအောင် ပြောပြနေတာကိုတွေ့ရတော့ “ အော် ငတိုးအတွက် ဇနီးကောင်း အဖေါ်မွန်တစ်ယောက်ပဲလေ၊သေမှာ ကိုသိနေပေမဲ့ ငိုကျွေးမနေပဲ အမြဲ ပဲငတိုးကိုဝိပသာနာတရားကိုစဉ်ဆက်မပြတ်နှလုံးသွင်းနိုင်အောင်ဘေးနားကနေလုပ်ပေးနေရှာ တယ်လို့ မောင်တိုင်ပင် တို့တတွေ ဂရုဏာသက်ခဲ့ကြရပါတယ်။
တချိန်တချိန်မှာတော့  မဝေ ပြောတာကိုနားလယ်တဲ့ အနေနဲ့ ခေါင်းလေးဆတ်တာကိုလည်းတွေ့ရပါတယ်။ငတိုး ဘေးနားမှာ ဇနီးကောသားသမီးတွေကော ကိုယ်လေးလက်ဝန်နဲ့ချွေးမလေးပါရှိနေကြပါတယ်။ရုံးဖွင့်ရက်ဖြစ်နေတော့
ငတိုး ဆီကို  မောင်တိုင်ပင် နဲ့ ဥာဏ်ဝင်းရွှေ ပဲရောက်နိုင်တော့တယ်။ဆုံးမဲ့နေ့ မနက်၇နာရီခွဲလောက်မှာ ဥာဏ်ဝင်းရွှေ စုံစမ်း
ကြည်တော့ မှေးနေတယ်လို့သိခဲ့ရတယ်။ဆေးတွေ အွန် ထားတော့ ညည်းသံမကြားရတော့ဘူး။ နံနက် ၉  နာရီ
လောက်ကြတော့ ဥာဏ်ဝင်းရွှေဆက်လာတယ်။ငတိုးဆုံးပြီ--သူဆေးရုံကိုသွားနေပြီဆိုတဲ့အကြောင်း လှမ်းဆက်သွယ်
လာတယ်။ မောင်တိုင်ပင် လည်း ၁၀၆ကားစီးပြီး အမြန်သွားရတာပေါ့။ ကင်မရာကော ထီးကော အားလုံးမေ့ကျန်ခဲ့တယ်။ ဆေးရုံရောက်တော့ငတိုး ကိုယ်မှာ တတ်ထားတဲ့ ကိရိယာတွေဘာမှမဖြုတ်ရသေးဘူး၊ ဥာဏ်ဝင်းရွှေကတော့ death certificate အတွက်ရဲစခန်း ကိုသွားတယ်လို့သိရတယ်။ ကြားရက်ဖြစ်နေတာကြောင့်အသုဘစီစဉ်တဲ့ကုမ္ဗဏီ ကအဲဒီနေ့ပဲ သင်္ဂြုလ်ချင်ရင်ရတယ် လို့ပြောပြလို့ မိသားစု ကိုအသိပေးတော့အဲဒီနေ့ပဲသင်္ဂြုလ်မယ်လို့ပြောပါတယ်။ ဥာဏ်ဝင်းရွှေပြန်လာတဲ့အခါ မြန်မာသံအမတ်ကြီး ဆီကိုဖုံးဆက်ပြီးdeath certificate ကိုသံရုံးအနေနဲ့ထုတ်ပေးဖို့မေတ္တာရပ်ခံတော့ ချင်ချင်းလာခဲ့ပါ
ဆိုတာနဲ့သံရုံးကိုချက်ချင်းသွားကြပါတယ်။သံမှုးကြီးဦးတင်ဝင်းက ကိုယ်တိုင်လုပ်ပေးလိုက်လို့ မကြာပါဘူး ချက်ချင်းပဲရခဲ့ပါတယ်။ သူလည်းငတိုး ရဲ့ပရိသတ်ပဲလေ။

ဆေးရုံပြန်ရောက်တော့caretaker ကရောက်နေပြီ။ငတိုး အနှစ်သက်ဆုံးအ၀တ်အစားတွေကိုတောင်းပါတယ်။ဆေးရုံ
က မြန်မာ nurse မလေးတွေကလည်းမျက်ရေစမ်းစမ်းနဲ့သူ့ကိုယ်မှာတတ်ထားတဲ့ ကိရိယာတွေဖြုတ်ပေးနေတာကိုတွေ့ပါတယ်။ငတိုးကိုဆေးကြောသုတ်သင်ပေးပြီးcaretaker လက်ထဲထည့်လိုက်ပါတယ်။ ဆေးရုံ သုံးထပ်မှာ ရှိတဲ့ အလောင်းပြင်ပေးတဲ့နေရာအခန်းကိုယူသွားပါတယ်။ caretaker က Mandai Cemetary မင်ဒိုင်း သုသာန်မှာ ညနေ ၃ နာရီမှာမီးသဂြိုလ်ခွင့် ရကြောင်းလာပြောတယ်။လူ၃၀လောက်စီးနိုင်တဲ့ ကားလည်းဆေးရုံရှေ့မှာ စီစဉ်ထားပါတယ်။မိသားစုလည်းရင်ထဲမှာပူလောင်ဝမ်းနည်းစွာဖြင့်ဆေးရုံအောက် lobby မှာ ထိုင်စောင့်နေကြပါတယ်။
ကတိုက်ကရိုက်ထွက်လာတာကြောင့်၂ ယောက်လုံးမှာကင်မရာမပါကြဘူး။ ဒါနဲ့ ဥာဏ်ဝင်းရွှေ က အာအိုင်တီကျောင်းသားဟောင်း ကိုခင်မောင်ကြီးကို နေ့လည် ၂နာရီလောက်ကမှလှမ်းအကူအညီတောင်းရပါတယ်။သူလည်းရုံးကနေအိမ်ပြန်ကင်မရာယူပြီးထွက်လာတာအချိန်မီလေးပဲရောက်လာပါတယ်။ ၃နာရီမထိုးခင်ဆေးရုံရှေ့က မင်ဒိုင်းသုသာန် ကိုထွက်လာခဲ့ပါတယ်။တခါမှလည်းမရောက်ဘူးပါ။ LED display မှာ ခင်မောင်တိုးအမည်မှားနေလို့ပြန်ပြင် ခိုင်းရပါသေးတယ်။ စင်ကာပူနာရေးကူညီမှုအသင်း ကတာဝန်ရှိသူတွေကလည်းဓါတ်တော်တိုက်ဆရာတော်ကို သရဏဂုံ တင်ရန် ပင့်ပေးပါတယ်။ခင်မောင်တိုး ရဲ့စင်ကာပူ ပရိသတ်ဟာတော်တော်များပါတယ်၊တဆင့်စကားတဆင့်ကြားပြီး ပရိသတ်တော်တော်စုံစုံလင်လင် လာကြပြီး ငတိုးရဲ့နောက်ဆုံးခရီး ကိုပို့ခဲ့ကြပါတယ်။caretakerကားနဲ့ပဲ ငတိုးကို မင်ဒိုင်းသချိုင်းဆီကိုသယ်လာပါတယ်။အခန်း ၁ မှာ လူပေါင်း ၁၀၀ လောက်တော့ဆန့်ပါတယ်။ အကုန်လုံးစက်ကိရိယာအကူအညီနဲ့ပဲ ငတိုး အခေါင်း ကိုသယ်ယူသွားပါတယ်။အဲဒီအချိန်မှာ ပြည်သူအချစ်တော်ခင်မောင်တိုး အတွက်နောက်ဆုံးခရီးကို skynet ကလာရောက်မှတ်တမ်းတင်ပါတယ်။မိသားစုနဲ့မိတ်ဆွေများ နှင့် အတု ငတိုး ကိုသရဏဂုံတင်ပါတယ်။ အားလုံးပြီးတဲ့အခါမှာမီးသဂြိုလ်တဲ့ခန်းမဆီ အခေါင်း ကိုယူဆောင်သွားပြီး မီးသဂြိုလ်မဲ့ နေရာကိုတရွေ့ရွေ့ယူသွားမဲ့ ကွန်ဗေယာပေါ်တင်လိုက်ပါတယ်။လိုက်ပို့တဲ့လူအားလုံးက viewing room ကနေ ငတိုးအခေါင်းကိုသယ်ဆောင်သွားတဲ့ ကွန်ဗေယာတရွေရွေ့ သွားနေတာကိုသံဝေဂကြီးစွာဖြင့်ဝမ်းနည်းစိတ်လှုပ်ရှား
စွာစောင့်ကြည့်နေပါတယ်။နောက်ဆုံးတော့မီးသဂြိုလ်စက်တခါးလေးပွင့်သွားပြီးတဖြည်းဖြည်း ငတိုး အခေါင်းဝင်ရောက်သွာတဲ့အချိန်မှာ“ ငတိုးရေ--မင်းအရင်သွားပေတော့၊ ” လို့စိတ်ထဲမှာလွမ်းးစိတ်နဲ့ ဆိုလိုက်မိပါတော့တယ်။ငတိုးရဲ့ရက်လည်ကို စလုံးမှာရှိတဲ့ ဓါတ်တော်တိုက်ဘုန်းကြီးကျောင်းမှာပြုလုပ်ပါတယ်။ စလုံးမှာ
ရှိတဲ့ ငတိုးပရိသတ်တွေတော်တော်များလာကြပါတယ်။နောက်ရက်လည်ကိုတော့ ချိုကြည်သာတေသံသွင်းက ကိုချို တို့သမီးတွေငှားနေတဲ့ အခန်းမှာလုပ်ပါတယ်။ငတိုးရဲ့ရင်းနှီးသောဘော်ဒါတွေလာရောက်တရားနာကြပါတယ်။ငတိုးရဲ့အရိုးပြာကို caretaker ရဲရုံး ကဘုရားစင်မှာသိမ်းထားခိုင်းပြီး ပြန်မဲ့နေ့ကြမှ လေဆိပ်အသွားဝင်ယူမယ်ဆိုတဲ့အကြောင်းမှာ
ထားရပါတယ်။ မောင်တိုင်ပင်တို့တတွေလေဆိပ်ကိုအားလုံးလိုက်ပို့ကြပါတယ်၊ ငတိုးရဲ့ အရိုးပြာအိုးကိုသမီးကကျောမှာလွယ်
ထားတယ်။မောင်တိုင်ပင် ကတော့ ငတိုးမိသားစု အုပ်စု ကို နောက်ကနေဓါတ်ပုံရိုက်ပြီး ”ဆော်လမွန်ငါးတို့အိမ်အပြန်“ ဆိုပြီးဝမ်းနည်း
တသစွာမှတ်တမ်းတင်ခဲ့ပါတယ်။ ငတိုးဆုံးပြီး နောက်ပိုင်းငတိုးနဲ့ပတ်သက်တာတွေဘာတစ်ခုမှမောင်တိုင်ပင်မရေးခဲ့ပါဘူး၊ဘာကြောင့်လဲဆိုတော့ ငတိုးရဲ့နောက်ဆုံးချိန်ကို ကိုယ်တိုင် တွေ့ ခဲ့ ရတော့ ၁ဂနှစ်သားကတွေ့ဆုံခင်မင်ခဲ့ ရတဲ့ငတိုးခမျာ လောကဓံလှိုင်းအမျိုးမျိုးအပုတ်ခံခဲ့ ရပြီး ၄၆ နှစ်အကြာမှာခွဲခွာခဲ့ ရပါတယ်။သူလည်း သူလမ်းသူလျှောက်ခဲ့ပေမဲ့ ငယ်စဉ်
ကတည်းကသိကျွမ်းခင်မင်ခဲ့ရပြီး သူနောက်ဆုံးအချိန်မှာကိုယ်ကရှေ့မှောက်မှာရှိနေတော့ အော်လောကဓံတရားရဲ့ဒဏ် ကံကြမ္မာအလှည့်အပြောင်းဟာမမျှော်လင့် ပဲကြုံလာခဲ့ရတော့ငတိုးလောက်တရားမရှိသေးတဲ့မောင်တိုင်ပင်အဖို့
တော်တော်ကိုတုန်လှုပ်သွားခဲ့ ရပါတော့တယ်။

Saturday, August 24, 2013

Let's go swimming






























Six thinking heads




Management မှာ six thinking hats ဆိုတာကြားဘူးကြမှာပါ။ မှတ်မိလွယ်အောင်အရောင်နဲ့ခွဲပါတယ်--အနီ၊အဖြူ၊အ၀ါ၊အပြာ၊အစိမ်းနဲ့အနက်တို့ဖြစ်ပါတယ်---အတိုချုပ်ပြောရလို့ရှိရင်အနီကအလိုလိုသိတတ်တယ်၊အဖြူကဗဟုသုတပြည့်စုံတယ်၊အ၀ါကအပြုသဘောဆောင်တတ်တယ်၊အပြာကလေးလေးနက်နက်တွေးတတ်တယ်၊အစိမ်းကတီထွင်ကြံဆတတ်တယ်၊အနက်ကတော့အရာရာကိုသံသယအမြင်နဲ့ကြည့်တတ်တယ်။

အလုပ်တစ်ခုလုပ်ဖို့ team ဖွဲ့ရင်ဖြစ်စေ၊ management မှာ ဖြစ်စေ ဒီလူ ၆ ယောက်စလုံးပါဖို့လိုတယ်-----
အဲဒီထဲက အနက် black thinking hat ကိုစိတ်အ၀င်စားဆုံးပဲ--သူရဲ့ပြောဆိုချက်တွေ၊အတွေးအခေါ်အယူအဆတွေ၊စဉ်းစားပုံစဉ်းစားနည်းတွေဟာ သာမန်လူတွေနဲ့မတူဘူး--negative view လို့ပြောလို့ရမယ်---အဲဒီ လိုလူပါလာရင် team ခေါင်းဆောင်အတွက်စိတ်ရှုပ်စရာမဟုတ်ဘူး--
သူရဲ့ပြောဆိုချက်တွေကိုလိုက်လုပ်ချင်မှလုပ်--ဒါပေမဲ့ operation ကိုကိုင်တွယ်လုပ်ဆောင်တဲ့သူတွေကတော့ မှတ်သားထားရမယ်--သူရဲ့ negative point of view ကိုခေါင်းထဲမှထည့်ထားရမယ်--မောင်တိုင်ပင် career တစ်လျှောက်မှာ black thinking hat တွေကြုံခဲ့ဘူးပါတယ်--ပတမပိုင်းတော့စိတ်ပျက်ပါတယ်--နောက်တော့ဒီလိုလူမျိုး လိုတယ် ဆိုတာသိလာရတယ်---ကိုယ် ကိုလည်း six thinking hats ထဲက ဘယ် လိုလူလဲဆိုတာအရင် ဆန်းစစ်ထားဖို့ လိုပါတယ်--

စလုံးမှာ MRT စလုပ်မယ်ဆိုတော့ လီကွမ်ယူ ကဆောက်သင့်တယ်ဆိုတဲ့အတိုင်ပင်ခံအဖွ့ ကိုဖွဲ့ပေးတယ်--မဆောက်သင့်သေးပါဘူးဆိုတဲ့အတိုင်ပင်ခံအဖွဲ့ ကို လည်း ဖွဲ့ပေးတယ်--လေ့လာခိုင်းတယ်---အစိုးရအဖွဲ့ ကဒီအစီရင်ခံစာ ၂ ခုလုံးကိုဖတ်ပြီး ဆုံးဖြတ်ကြတယ်--နောက်ဆုံး MRT ကိုတည်ဆောက်မယ်လို့ဆုံးဖြတ်တော့ operation လုပ်မဲ့သူတွေကို မဆောက်သင့်သေးဘူးဆိုတဲ့ အစီရင်ခံစာကို ပေးဖတ်ပြီးမှတ်သားစေတယ်---သူတို့ထောက်ပြတာတွေကိုရှောင်လွဲလုပ်ဆောင်နိုင်ခဲ့တော့ငွေကြေးကုန်ကျမှုသက်သာတယ်-- မြန်မြန်ပြီးတယ်---အဲတော့ six thinking hats theory ဟာအရေးကြီးပါတယ်--နောက်မှ အရှည်ရေးပါအုံးမယ်------

ဒေါ်လာဈေးဘာကြောင့်တက်




(၁)အက်ဖ်အီးစီ ရုတ်သိမ်းလိုက်သော်လည်းအစိုးရဌာအချို့ သည် အက်ဖ်အီးစီ အစား အမေရိကန်ဒေါ်လာ ကိုပြောင်းလဲတောင်းနေသောကြောင့် ၀ယ်လိုအားအနည်းငယ်ဖြစ်ပေါ်နို်င်ပါသည်--MMK ကိုဘာကြောင့်မတောင်းကြရတာလဲ--

(၂)ပြည်ပပို့ကုန်တင်ပို့သူများသည်ရငွေအားလုံးနိုင်ငံတွင်းသို့ မသွင်းပဲနိုင်ငံခြားဘဏ်များ
တွင်ချန်လေ့ ရှိသောကြောင့် အမြဲတန်း supply side ဖက်တွင်အားနည်းနေနိုင်ပါသည်။သို့သော်ယခင်ကတည်းက ပိုကုန်မှရငွေအနည်းငယ်ကိုနိုင်ငံခြားဘဏ်များတွင်ချန်
ထားလေ့ရှိသောကြောင့် ယနေ့ဒေါ်လာဈေးတက်သည့်ကိစ္စနှင့်ပတ်သက်ချင်မှ ပတ်သက်နိုင်ပါမည်။

(၃)လွှတ်တော်ဥက္ကဌမှာ ဒေါ်လာဈေး ၁၀၀၀ ဖြစ်သင့်သည်ဟုဆိုထားရာအားလုံးက ၁၀၀၀ အထိရောက်နိုင်သည်ဟုspeculate လုပ်၍ မြန်မာငွေအစားဒေါ်လာ ကိုကိုင်ထားသောကြောင့် ၀ယ်လိုအားများနေခြင်းဖြစ်ပါသည်။

(၄)ဒေါ်လာဈေးတက်ခြင်းသည်ကုန်သွယ်မှု နှင့် သက်ဆိုင်ပါသည်။ သွင်းကုန်ပစ္စည်းအချို့ ကို လိုင်စင်မလိုပဲတင်သွင်းခွင့်ပြုထားသောကြောင့်လွတ်လွတ်လပ်လပ်တင်သွင်းနိုင်သည်ရှိရာ process များမြန်လာသောကြောင့် ဒေါ်လာ လိုအပ်ချက်မြင့်တက်လာခြင်းလည်းဖြစ်နို်င်သည်။

(၅) ပြည်ပပိုကုန်တင်ပို့သူများအနေဖြင့်ဒေါ်လာဈေးတက်လာသဖြင့်ပိုမိုအဆင်ပြေနိုင်သည်
ဟုယေဘူယျသုံးသပ်နိုင်သော်လည်းအိန္ဒိယကုန်သည်များသည် မြန်မာငွေဈေးကွက်
အခြေအနေကိုပါလေ့လာနေသောကြောင့် ပဲမျိုးစုံဈေးနှုန်းများလျှောချဝယ်ယူ
သောကြောင့် မြန်မာပို့ကုန်သမားများလည်းထင်သလောက်မကိုက်ကြပါ။ငါးပုဇွန်ပြည်ပပို့ကုန်သူများလည်းပြန်လည်ခေါင်းထောင်လာရန်ကြိုးစားနေဆဲဖြစ်ပါ
သည်။ဒေါ်လာဈေးတက်လာလျှင်ပို့ကုန်သမားများ ပိုမိုကိုက်သည်ဟုယေဘူဟျဆိုနိုင်သော်လည်း
ကုန်ဝယ်သူများကမြန်မာအခြေအနေကိုကြည့်ပြီးဈေးကစားနေကြသောကြောင့် ”အရည်အသွေး” ကောင်းအောင်ထုတ်လုပ်တင်ပို့မှသာ ဈေးနှိမ်မခံရနိုင်ပါ။

(၆) သွင်းကုန်တင်သွင်းသူများအနေဖြင့် ဒေါ်လာသည် တက်ရိပ်ရှိနေသောကြောင့်နောက်ပစ္စည်းတင်သွင်းသည့်အခါ ဒေါ်လာတက်ဈေးနှင့် မမိစေရန်ဒေါ်လာ ကို ကြိုတင်ဝယ်ထားရသောကြောင့် ၀ယ်လိုအားတက်ခြင်းဖြစ်ပါသည်။

(၇) ရင်းနှီးမြုပ်နှံမှုအပိုင်း တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတစ်စတစ်စ၀င်လာရာ ပုဂ္ဂလိက ပိုင်းမှ စက်ယန္တရားများ အမြောက်အများတင်သွင်းလာသောကြောင့် ဒေါ်လာဝယ်လိုအားတက်
လာခြင်းဖြစ်နိုင်ပါသည်။ infrastructure development ကိုထဲထဲဝင်ဝင်လုပ်နိုင်ရန်ဖြစ်ဟန်
တူပါသည်။

(၈) နိုင်ငံတကာငွေဈေးကွက်တွင်ဒေါ်လာဈေးတက်နေခြင်း၊ရွှေဈေးကျနေခြင်း၊စသည့်အခြေအနေများကြောင့်အနည်းနှင့်အများရိုက်ခတ်မှုရှိနိုင်ပါသည်။ အမေရိကန်မှ စိတ်ဝင်စားမှုပိုမိုပြသလာခြင်း၊ဂျပန်ဝန်ကြီးချုပ်လာရောက်လည်ပတ်ခြင်း၊စသည့် နိုင်ငံရေးပိုင်းတွင်တိုးတက်မှုများရှိလာသောကြောင့် ရင်းနှီးမြုပ်နှံမှုမှာနောက်ပိုင်း
တွင်ယခုထက်ပိုမိုခိုင်မာသွားနိုင်သောကြောင့် ၁၀၀၀ ကျပ်အထိပင်ရောက်နိုင်ပါသည်။

(၉ ) ဗဟိုဘဏ်မှာ ဒေါ်လာလေလံပစ်ရာတွင်ယခင်က ၁ဒေါ်လာတက်ရန်အချိန်
ယူစောင့်ရသော်လည်း ယခုအခါ ၄ - ၅ဒေါ်လာအထိနေ့စဉ်အတက်ကြမ်းသဖြင့် ပြင်ပ ငွေဈေးကွက်ကလည်း လိုက်တက်ရပါသည်။ ပု၈္ဂလိကဘဏ်များမှဒေါ်လာတင်ဒါဝယ်ယူခြင်းသည် အဓိက deposit တက်လိုခြင်းကြောင့်ဖြစ်သည်။ ဘဏ်အသီးသီး မှ depositor များအနေဖြင့် ဒေါ်လာဈေးကစားနိုင်ရန်အခြေအနေ မပေးသေးပါ။ယခုတစ်ကြိမ် မှာ ဗဟိုဘဏ်သည် price leader
ဖြစ်နေပါသည်၊တစ်ရက်တွင် ၁၀ ဒေါ်လာအထိတက်ဘူးပါသည်။ ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာငွေဈေးကွက်၊ရွှေဈေးကွက်တို့ကိုသုံးသပ်ပြီးပြည်တွင်းဒေါ်လာဈေးကွက်
ကိုဈေးကစားကြည့်ဟန်တူပါသည်။သို့သော်သူ၏ transparency မဖြစ်မှု၊ ငွေကြေးကိစ္စများကိုကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့် ရန် အားနည်းနေမှု တို့ကြောင့် ဈေးကွက်အပေါ်ကစားနိုင်လောက်အောင်လွှမ်းမိုးနိုင်မှုအပိုင်းမှာအားနည်းပါသည်။ အစိုးရ ကဘာဖြစ်ချင်ပါသလဲ၊ ဈေးကွက်သဘောအရပဲဖြစ်ချင်တာလား၊ ဒေါ်လာဈေးတက်လာရင် ဘာကြောင့် ယခင် ကလို panic ဖြစ်နေကြပါသလဲ၊ market force supply and demandကိုလက်မခံလိုတာလား၊ဒေါ်လာဈေးအတက်အကျကြောင့်လက်ရှိ ကုန်ဈေးနှုန်းအပေါ်အနည်းနှင့်အများ ထိခိုက်မှုရှိပါသလား? ဒါတွေကိုပညာရှင်တွေသုံးသပ်ရမယ်--လက်တွေ့နဲ့ကိုက်တဲ့ဆောင်ရွက်မှုတွေလိုတယ်--သီအိုရီအတိုင်းဖြစ်မလာတဲ့လောကကြီးမှာ-----

ပေါ်ပင်လိုက်ကြမလား


ရန်ကုန်တိုင်းဂျာနယ်အတွဲ(ဂ)အမှတ်(၁၃)မှာမြန်မာ့ဆန်စပါးကဏ္ဍတိုးတက်ရေးအတွက်ကိုရီးယားက
အမေရိကန်ဒေါ်လာ၃.၅သန်းအကူအညီအဖြစ်ရိတ်သိမ်းချိန်လွန်နည်းပညာကူညီထောက်ပံ့ရေးစီမံကိန်း
(Project for the Post Harvest Technology Assistance Programfor the Myanmar Agricultural products)အတွက်ပေးမယ်လို့ဖတ်ရပါတယ်။ အခုနှစ်ပိုင်းမှာလယ်ဆည်ဝန်ကြီးမိန်ခွန်း၊နိုင်ငံတော်သမ္မတ
ကြီးမိန့်ခွန်း တွေမှာ လယ်ယာဏ္ဍ မှာ စပါးအထွက်တိုးဖို့ အကြောင်းအရာတင်မကတော့ဘူး၊ရိတ်သိမ်းချိန်
လွန်လုပ်ငန်းတွေလည်းအရေးပါကြောင်း၊စားကောင်းပြီးအရည်အသွေးမြင့်တဲ့ဆန်တွေဖြစ်ဖို့ လိုကြောင်း
တွေပြောလာပါပြီ။

ဒီနေ့ဒီအချိန်အခါမှာရိတ်သိမ်းချိန်လွန်နည်းပညာဆိုတာကိုတွင်တွင်သုံးလာနေကြတာကိုကြားတော့မောင်တိုင်ပင်စိတ်ထဲမှာပြုံးမိပါတယ်။လွန်ခဲ့သော၂၅နှစ် ကျော်လောက်ကမောင်တိုင်ပင်တို့အားလုံးလည်း
ဒီအကြောင်းအရာကိုပဲစားလည်းဒီစိတ်၊အိပ်လည်းဒီစိတ်နဲ့ ကရေဇီ ဖြစ်ခဲ့ ကြပါတယ်။လှည်းကူးမှာရှိတဲ့
ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနကို ၁၉၈၅ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ဂျပန်အစိုးရအကူ
အညီ (JICA) နဲ့တည်ထောင်ခဲ့ပေမဲ့ ဗြိတိန်အစိုးရဆီကအကူအညီလည်းယူဘူးတယ်၊အက်ဖ်အေအို
ဆီကလည်းအကူအညီအများကြီးရခဲ့တယ်။၈၅ခုနှစ်မှာတည်ထောင်ပြီး ၈၈ခုနှစ်အရေးအခင်းဖြစ်တော့
၃နှစ်လောက်ပဲအရှိန်ယူနေတုံးဗြုံးစားကြီးဖွံ့ဖြိုးတက်မှုဟာရပ်တန့်သွားခဲ့တယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့
ပဲအရှိန်မပျက်အောင်လုပ်ခဲ့ရပြီးယနေ့အချိန်ထိ ဌာနမှုးအဆက်ဆက်ဟာ ပီတီအေစီ ကိုမူရင်းအနေအ
ထားအတိုင်းရှိနေစေရန်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့မိခင်ကုန်သွယ်လယ်ယာကိုယ်တိုင်က ၂၀၀၃ ခု
ကစပြီးသူ့အခန်းကဏ္ဍဟာမှေးမှိန်လာခဲ့တာ ဒီကနေ့အချိန်အခါမှာပိုးစုန်းကြူးမီးအရောင်သာသာလောက်
ပဲရှိပါတော့တယ်။ဒီကနေ့အချိန်အခါမှာ အရန်ဆန်တို့၊ minimum support price တို့ပြန်ပြောနေကြတော့
တိုင်းပြည်ရဲ့ ဆန်စပါး မဟာဗျူဟာ ကိုဘယ်လိုနားလည်ရကောင်းမှန်းမသိတော့ဘူး။





ခရိုနီစီးပွားရေး


ခရိုနီများ ကို အလွှာအသီးသီးမှာ ရှိတဲ့ ပြည်သူများက အမြင် မကြည်လင်ကြပါဘူး။”ခရိုနီ” ကိုအင်္ဂလိပ်အဘိဓါန်မှာအဓိပ္ဗါယ်ဖွင့်ဆိုထားတာက" the practice of unfairly giving the best jobs to your friends when you are in a position of power( cronyism) "လို့ဖြစ်ပါတယ်။တချိန်ကအာဏရလူ
တန်းစားနဲ့စီးပွားရေးလုပ်ငန်းရှင်များအကြားယုံကြည်မှုပျက်ပြားခဲ့ပါတယ်။၂၀၀၄ခုနှစ်မတိုင်မီလောက်ထိပို့
ကုန်သွင်းကုန်လုပ်ငန်းကိစ္စတွေဟာအဆင်ပြေပြေချောချောမွေ့မွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးသမားတွေထဲမှာရှိတဲ့စုန်းပြူးတွေဟာအာဏာပိုင်တွေဆီကိုအမျိုးမျိုးသောသတင်းမှားတွေပို့ခဲ့တာကြောင့်ကုန်သွယ်မှုလုပ်ငန်းတွေမှာbarriersတွေတစ်ခုပြီးတစ်ခုပေါ်လာပြီးအများစုကလုပ်ငန်းဆောင်ရွက်တဲ့အခါအဆင့်တိုင်း
လိုလိုမှာ ကြပ်ညှပ်ကုန်ပါတယ်။ အာဏာပိုင်တွေနဲ့နီးစပ်တဲ့သူ ခရိုနီအုပ်စု ကတော့ special previliages တွေရကြတာကြောင့် ပုံမှန်လုပ်ငန်းစဉ်မှာမပါ ပါဘူး။အဲဒီခေတ်က၀န်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေ
တွေ့ကြလို့ barriers အကြောင်းပြောကြရင် ”ခင်ဗျားတို့ပဲသွားသွားပြောကြတာမဟုတ်လား”လို့ပြန်ပြောတာ
တွေကြားရတော့သူတို့ထဲမှာအထက်ကိုမျက်နှာလိုအားရသွားသွားတင်ပြသူတွေရှိနေပြီဆိုတာလုပ်ငန်းရှင်
တွေသိလာကြရော။ ဒါကိုလည်းယုံကြပြီး barriers တွေပေါ်လာတာမဟုတ်လား။

တိုင်းပြည်ထဲမှာရှိတဲ့လူတိုင်းမသိနိုင်တဲ့လုပ်ငန်းတွေ၊ ဒီလုပ်ငန်းအကျိုးရှိနိုင်တယ်ဆိုတာ လူအချို့သိနေသော်လည်း အထက်ကိုမပေါက်မရောက်နိုင်တဲ့အတွက်ဒီတိုင်းကြည့်နေရတဲ့လုပ်ငန်းတွေ---ဒီလုပ်ငန်းတွေကိုခရိုနီတွေပဲတိတ်တိတ်ဆိတ်ဆိတ်လုပ်ကိုင်ခွင့်ရကြပါတယ်။နေပြည်တော်ကြီးတည်
ဆောက်ချိန်တုံးကဒီသာဓကတွေကိုတွေ့ကြရမှာပါ။လုပ်ငန်းတော်တော်များများဟာသိသာမြင်သာထင်သာ
ဖြစ်အောင်လုပ်ပြီးပြိုင်ဆိုင်ကြရတာမဟုတ်ပါဘူး။ဒါပေမဲ့လည်းဒီလိုအဖြစ်အပျက်တွေဟာမဆန်းတော့ပါဘူး၊နို်င်ငံတကာမှာ လည်းအစိုးရလုပ်ငန်းကြီးတော်တော်များများကို အစိုးရယုံကြည်တဲ့သူတွေကိုပဲ limited tender ကန်သတ်တင်ဒါခေါ်ယူပြီး လုပ်ခိုင်းလေ့ရှိပါတယ်။

လုပ်ငန်းရှင်တိုင်း ရကြတာမဟုတ်ပဲ အာဏာပိုင်တွေကခရိုနီဖြစ်လာမဲ့သူတွေကို
အရင်လုပ်ခဲ့ဘူးတဲ့လုပ်ငန်းအတွေအကြုံတွေပေါ်မှာအခြေခံပြီးလုပ်ငန်းတွေကိုပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင်လုပ်ငန်းရှင်တစ်ဦးလမ်းကိုကရော်ကမယ်ခင်းခဲ့တာကြောင့်ပြန်ရော်ရတဲ့အပြင်နံမည်မပျက်အောင်မနည်းလုပ်ခဲ့ရတယ်။ဒီအဖြစ်အပျက်တွေဟာသိသိသာသာကြီးဖြစ်ခဲ့တာဖြစ်ပါတယ်။အာဏာပိုင်တွေဘက်ကတော့စွမ်းဆောင်ရည်ပြည့်ဝတဲ့ယုံကြည်စိတ်ချရတဲ့တိုင်းရင်သားလုပ်ငန်းရှင်(ခရိုနီ)တွေကိုမွေးထုတ်နိုင်ခဲ့ တယ်လို့ဆိုပါတယ်။ပြည်သူတွေဘက်ကကြည့်ရင်ခရိုနီဖြစ်ပေမဲ့အစိုးရဘက်ကကြည့်ရင်နိုင်ငံတကာမှာ
ဝင်ဆန့်ပြီးလုပ်ငန်းစွမ်းဆောင်ရည်အပြည့်အ၀ရှိတဲ့တိုင်းရင်သားလုပ်ငန်းရှင်တွေလို့မြင်ပါတယ်။(တိုင်းရင်း
သားလို့သာဆိုတာပါ၊သူတို့အထဲမှာတရုတ်အနွယ်တွေတစ်မတ်သားငါးမူးသားရှိသူတွေအများကြီးပါနေပါ
တယ်)

အခုခေတ်ကအဘအဘမလုပ်တတ်ရင်စီးပွားရှာရတာမလွယ်ပါဘူး။ အဲတော့ခရိုနီအသေးစားတွေ၊အလတ်
စားတွေ၊အကြီးစားတွေပေါ်လာပြီးစီးပွားရေးသမားတိုင်းအာဏာပိုင်တွေနဲ့နီးစပ်အောင်ပေါင်းသင်းနေထိုင်ကြ
ရတာပါ။သူတိုထဲမှာ တောင်ပြောနေကြတာတွေရှိပါတယ်။ဝေးဝေးလည်းမနေနဲ့၊ နီးနီးလည်းမနေနဲ့၊ ခေါ်ရင်ကြားလောက်တဲ့နေရာကနေပါတဲ့မခေါ်မပြောမထိမတွေ့လို့ကတော့မရတာကိုး။ဒါပေမဲ့အနေမှန်ပြီး
အောင်မြင်တဲ့စီးပွားရေးသမားအချို့လည်းရှိပါသေးတယ်။ဒါပေမဲသူတို့လည်းနဲနဲတော့လုပ်ရသေးတယ်လိုနီးစပ်သူတွေကပြောပါတယ်။ဝင်လို့ကောင်းအောင်လုပ်ရတဲ့အခါအရင်တုံးကသီတင်ကျွတ်လောက်ပဲ“ဂါ”ကြ
တာပါ။အခုခေတ်တော့ခရစ်စမတ်၊နယူးရီးယား၊မြန်မာနှစ်သစ်ကူး၊တရုတ်နှစ်သစ်ကူး၊အကုန်လုံးထွေးပြီးဆိုင်ဆိုင်မဆိုင်ဆိုင်”ဂါ”ကြရပါတယ်။ မင်္ဂလာဆောင်တို့၊ happy birthdayတို့ကတော့အကောင်းဆုံးပေါ့။





တစ်ခါတုံးကလူတစ်ယောက်မောင်တိုင်ပင်ကိုပြောဘူးတယ်။ ဌာနတွေဟာကိုယ်ကပဲရှေ့နောက်မဆင်မချင် barriers တွေဖန်တီး ပြဌါန်းပြီးနောက် လူတွေအော်လာကြတဲ့အချိန်ကြတော့ ဖြေလျှောပေးတယ်ဆိုပြီး liberalise လုပ်လိုက်ပြန်ရော၊ ဒါနဲ့ပဲလုံးခြာလိုက်နေတာလို့ပြောဘူးတယ်။ အခုလာပြန်ပြီ--ပို့ကုန်သွင်းကုန်
လိုင်စင်မလိုတဲ့စနစ်တဲ့---တိုင်းပြည်တိုင်းနိုင်ငံတိုင်းမှာ trade statistic, trade data တွေရှိပါတယ်။ဒီ သတင်းအချက်အလက်တွေဟာတိုင်းပြည်ရဲ့ စီးပွားရေးနဲ့ဆိုင်ပါတယ်။

ရေးချင်ရာရာ


အခုတလောခေါင်းထဲမှာရေးချင်တာတွေအများကြီးဖြစ်နေပါတယ်။နိုင်ငံတော်သမ္မတကြီးပြောဆိုခဲ့တဲ့ clean government နဲ့ good governance တွေလည်းပါတယ်။ ဒေါ်လာငွေကြေးကိစ္စ၊ ဆန်စပါးကိစ္စ၊ဘဏ်တွေကိစ္စ၊မက်ကရိုစီးပွားရေးကိစ္စ အားလုံးပါပါတယ်။အများပြောကြ
တာတွေလည်းအမျိုးမျိုးပဲ။ အချို့ ကတော့သေချာလေ့ လာပြီးပြောတယ်။ အချို့ က လက်တန်း
ပြောကြတယ်။ အားလုံးကတော့ဖြစ်စေချင်တဲ့စေတနာပါတယ်။အချို့ လည်းကိုယ်ကျိုးစီးပွားတွေ
ပါချင်ပါမယ်။

သန့်ရှင်းသောအစိုးရနဲ့ပတ်သက်ပြီးဝန်ထမ်းပိုင်းကလုပ်ရမှာ တွေများပါတယ်။အထက်ပိုင်းက
လူကြီးတွေကတော့ဌာနဖွဲ့စည်းပုံ structure ပြောင်းဖို့ကအစ၀န်ထမ်းတွေစိတ်နေသဘောထား
တွေပြောင်းလဲလာအောင်လုပ်ဖို့အထိစဉ်းစားဆောင်ရွက်နေကြပါတယ်။ အလယ်အလတ်နဲ့
အောက်ခြေ၀န်ထမ်းတွေကတော့ဒုံရင်းဒုံရင်းပါပဲ။ ပါးစပ်ပါတော့စားရမယ်ကွဆိုပြီးခေတ်ပြောင်းနေ
ပြီဆိုတာကိုတမင်မေ့လျော့ထားကြပါတယ်။ပင်စင်ယူပြီးprivate sectorပြောင်းလုပ်တော့ငါအရင်
လိုမဟုတ်တော့ဘူးဆိုပြီးကိုယ့်ကိုကိုယ်သတိပေးပါတယ်။နေရာတကာမှာမျက်နှာ ကို အတတ်နိုင်ဆုံးပြုံးချိုစွာထားပြီးဆက်ဆံပြောဆိုဆောင်ရွက်ပါတယ်။ ဘန်းစကားအရ အာရကေမ
ပါရင် ဘာမှမရပါဘူး၊ ရေမလောင်းရင် ဘာမှ မဖြစ် လာပါဘူး။ အံ့သြစရာကောင်းတာကဗြောင်
တောင်းတာပါ။ သူအတွက်တင်မကပါဘူး။မိမိအထက်ကဘယ်သူဘယ်ဝါဌာနဖွဲ့စည်းပုံပါလူကြီး
တွေကိုရေရွတ်ပြီးဘာအရက်ပုလင်းဆိုပြီတော့တောင်းတော့တာပါ။ တချို့ ကလည်းနောက်တယ်။
ဂါရ၀ပြုတယ်တဲ့။ ရှစ်ရာခုနှစ်ဆယ်လိုလည်းခေါ်တယ်။ နောက်တစ်ခုကလက်ဆောင်ပဏ္ဍာဆက်
သရတယ်။ ခြင်း (hamper)လို့ လည်းပြောကြတယ်။ နောက် Blue, Green, Gold, Black နဲ့ Red
လို့လည်းခေါ်ကြတယ်။ရန်ကုန်မြို့ မြေနီကုန်း ကမခင်အေးဆိုင်ကြီးပွားသွားတာ ဂါရ၀ ပစ္စည်းတွေ
နဲ့ပါ

အင်ဂျင်နီယာကောင်စီ


တနေ့သ၌ကန်တော်မင်ဟိုတယ်မှာထမင်းစားရင်း သူငယ်ချင်း မြင့်ဖေ နှင့် Mech 72 အုပ်စု တို့ သည် မြန်မာ အင်ဂျင်နီယာကောင်စီ အကြောင်းခေါင်းစဉ် ကိုတစ်ယောက်တစပေါက်ဆွေးနွေးကြပါသည်-- မောင်တိုင်ပင်က အင်္ဂလန်က Chartered Engineer အကြောင်းကိုပြောပြပါသည်--Master ဘွဲ့ပြီးသည်နှင့် supervisor အကြံပြုချက်အရ Institute of Agricultural Engineer တွင် member လျှောက်ပါသည်--ပထမ Associate Member အဆင့်ပေးပါတယ်-- နောက် ၁၉၉၂ တွင် member အဆင့်သိြုှ့မှင့်  တင်ပေးပါတယ်--အဲဒီနောက် အင်္ဂလန The Engineers Council သို့် Chartered Engineer လျှောက်ပါသည်-- Stage 1 ကိုခွင့်ပြုခဲ့ပါသည်-- Stage 11 သည် အင်္ဂလန် The Engineers Council နှင့်ဆက်သွယ်ပြီး interview လုပ်ခံရပြီးမှ ရမည်ဖြစ်ပါသည်--အင်္ဂလန်သို့နောက်တစ်ကြိမ်သွားရန် ငွေကြေးထောက်ပံ့မည့် သူမရှိ၍မသွားရောက်နိုင်ခဲ့ပါ--မောင်တိုင်ပင် အသက် ၆၅ ရှိပါပြီ--အလုပ်လည်းမလုပ်တော့ပါ--မောင်တိုင်ပင် business card နောက်မြီး တွင် BE,MSc(AgrE),MIAgrIE,CEng လည်း မပါ ပါ-- ဒါပေမဲ့ professional institution တွေကအသိအမှတ်ပြုလက်မှတ်ဟာလည်း ဘွဲ့လက်မှတ်လိုပဲအရေးပါ ပါတယ်--AEC ဖြစ်လာရင် အာဆီယံ ကအင်ဂျင်နီယာတွေမြန်မာကိုလှိမ့်ဝင်လာပါလိမ့်မည်-- မြန်မာအင်ဂျင်နီယာလူငယ်တွေအတွက် အင်ဂျင်နီယာကောင်စီ ဟာ အမှန်လိုအပ်ပါတယ်--professional အသိအမှတ်ပြုလက်မှတ်ဟာလည်းထမင်းစားလက်မှတ်တစ်ခုဖြစ်ပါတယ်--အတွေ့အကြုံလေးတစ်ခုပြောပရစေ--စလုံးကအင်ဂျင်နီယာတစ်ယောက်ကပြောပါတယ်-- မြန်မာ welders တွေလုပ်ငန်းလုပ်တာအရမ်းသေသပ်ပြီး လက်ရာအရမ်းကောင်းတာပဲတဲ့--ဒါပေမဲ့သူတို့မှာ professional certificate မရှိကြဘူး-- မြန်မာအစိုးရ က ကျောင်းတစ်ခုထောင်ပြီး international institution တစ်ခုခု နဲ့ accredition လုပ်ရင်ရတာပဲ တဲ့-- ဘာဖြစ်သလဲဆိုတော့သူလောက်မတော်တဲ့ "ဖ" တစ်ယောက် certificate ရှိတော့သူ့အပေါ်ရောက်နေရောတဲ့-- ကိုယ်ပေါင်ကိုလှန်မထောင်းချင်လို့ပါ-- ခင်ညွှန့်မောင်သောင်း အောင်သောင်း တို့လက်တွေထဲမှာ စနစ်တွေအကုန်ပျက်ကုန်တာကို မပြောချင်တော့----ပြောချင်တာက. professional certificate ဟာအရေးကြီးပါတယ်--track record ကောင်းရင် registration လုပ်ယုံနဲ့ ရနိုင်မှာပါ-

အာဏာရှင်စနစ်၏သားကောင်များ


မောင်တိုင်ပင်သည်နေပြည်တော်မှာ၂ ပတ်လောက်ပဲအများဆုံးရုံးထိုင်ဘူးပါတယ် များသောအားဖြင့် နေပြည်တော်ကိုအစပထမပိုင်းမှာ လေပျံ နဲ့သွားပါတယ် မှတ်မိကြမှာပါ လေတပ်ကလေပျံ အစုတ်လေး-- ၁ နာရီခရီးမှာ ရွတ်လိုက်ရတဲ့ ဘုရားစာ ကုန်ရောပဲ -- ဒေါက်တာအေးမောင်ဟန်နဲ့ခဏခဏ ဆုံတယ် " ကိုမျိုးရေ တစ်ခေါက်တော့ပြီး သွားပြန်ပီ" ဆိုပြီး အချင်း ချင်းဟာသလုပ်ပြောပေမဲ့ စိတ်ထဲမှာတော့ကြောက်သား-- သေမင်းတမန်လမ်းကြီးဖွင့်တဲ့အချိန် နဲ့ကိုက်ပြီးမောင်တိုင်ပင် တို့ ၀စ်သောက် ကားတစ်စီး ရလိုက်တယ် -- ကား က တိုယိုတာ ချေဆာပါ---ကားကို ကျိုင်းတုံမှာသွားယူရမှာ--ဓါတ်ပုံပို့လိုက်တော့ ကားသချိုင်းထဲကထုတ်လာတဲ့ ကားလားတောင်ထင်မိတယ် --- တိုတို ပြောပါရစေတော့ -- တပြည့်တွေကောင်းတော့ အသင့်မောင်းလေး ရန်ကုန်ရောက်လာတယ်-- သိတဲ့အတိုင်း အင်ဂျင်နီယာပီပီ စိတ်မချတာတွေ အကုန်လဲ-- တာယာကအစ ဘရိတ်အဆုံး -- အဲဒီတုံးကတော့ လေပျံ မစီး ရတော့ လို့ ဝမ်း ကိုသာနေတာပေါ့-- မြန်မာပြည်မှာ ဟိုင်းဝေး ဆိုတာ မမောင်းဘူး သေးဘူး ၁၀ မိုင် ၂၀ မိုင်လောက်ပဲ ကိုယ်တိုင်မောင်းကြည့်ပြီး ဒရိုင်ဘာ ကိုပဲမောင်းခိုင်းတယ်-- ဒါပေမဲ့ ဒီကောင် လှုပ် မရအောင် ကိုယ် က ဘေးမှာအမြဲထိုင်လိုက်တယ်--- ကျွဲရိုင်း ၂ ဗူးဝယ်တယ် ၇၀ မိုင်လောက်မောင်းပြီးရင် ဆရာ တပြည့် ကျွဲ ရိုင်းကိုယ်စီနဲ့-- မိုင်လစ်ကိုလည်းအမြဲကြည့်နေရတယ် ကီလို ၈၀ - ၁၀၀ ကြားပဲ မောင်းရတယ်-- ကျော်သွား ရင် ဟေ့ ကောင်အရှိန်လျှော့ ပြောရကော-- ၂ ယောက်လုံး ခါးပတ် ပတ်ရတယ် -- ဒရိုင်ဘာ ကကွမ်းမစား အရက်မသောက်တတ်တော့ ကျွဲ ရိုင်းနဲ့ထိန်းရတယ်-- ရန်ကုန်ကနေထွက်ရင် ၁၀၅ မိုင် ကို ၂ နာရီပဲ ဘယ်အချိန်အရောက်ဆိုပြီး အချိန်သတ်မှတ်ပေးလိုက်တယ် (၁၁၅ မိုင်မပေါ်သေးဘူး ) တခြားလူကြီးတွေလို နောက်ခန်းကထိုင် အိပ် လိုက် လို့ မရဲပါဘူး-- လမ်းအမှတ်အသားတွေကြည့် အရှိန်လျော့ ခိုင်းရတယ်-- နွားဖြတ်လိမ့်မယ်-- အရှိန်လျှော့-- စတာတွေ ဘေးကတဖွဖွပြောလာရတာ ဘယ်ဇိမ်ရှိပါမလဲ-- ဘဏ် ကိုပြောင်းတော့ ဒရိုင်ဘာ ပါခေါ်သွားတယ်-- ဂရင်းတိုက်ဂါး တရုတ်ကားအနီ နဲ့ခေါက်တုန့်ခေါက်ပြန်သွားလိုက်တာအခေါက်ပေါင်း ရာချီ ရှိ လိမ့်မယ်ထင်တယ်--- ဘယ်ဖက်ကလာလာ မပျက်မကွက် လုပ်တဲ့အလုပ်ကတော့ ဆိုင်ရာပိုင်ရာတွေကို စောင့်ရှောက်တော်မူဖို့သူတို့ကိုအပ်
နှံခြင်းပါပဲ--ရန်ကုန်ဖက်ကဆိုရင် မှော်ဘီ ဘိုးဘိုးကြီး နေပြည်တော်ဘက်က ဆိုရင် လယ်တွင်းကိုးခရိုင် အပိုင်စားတွေကို စိတ်ထဲမှာ အပ်ပါတယ်ဆိုပြီး ခရီး စခဲ့တာချည်းပါ--- ကားပျက်တာ ဘီးပေါက်တာ အင်စီဒင့် ဖြစ်လုနီးပါ တွေ တခါမှ မဖြစ်ခဲ့ဘူးပါ -- မှတ်မှတ်ရရ ချေဆာ တုံးက ရေဆူလို့တစ်ခါရပ်ရဘူးပါတယ် -- ရေတိုင်ကီ အဖုံးပြင်လိုက်တော့ အိုကေသွားရော--- ဒီလမ်းဟာ တစ်လျောက်လုံးတသမတ်တည်း
မောင်း လို့မရပါဘူး-- အရင် က ကားစုတ်တွေပဲ
ဆိုတော့သတိထားမောင်းပါတယ်-- အခုတော့ ကားတွေကကောင်းလာတော့ အားထားလာတယ် --မှားပါတယ် --သူတိုအပေါ်လုံးဝယုံကြည်အားထား လို့မဖြစ်ဘူးဆိုတာ အမြဲနှလုံးသွင်းပါလေ-- မှန်တာပြောရရင် လမ်းကတော့အဆင့်မ မှီဘူးးဆိုတာသေချာပါတယ်-- code of standard အတိုင်းလိုက်နာတည်ဆောက်
ထားခြင်းမဟုတ်တာကတော့သေချာပါတယ် --စစ်တပ် ဂျီအီးဆိုတာ military နဲ့ဆိုင်တဲ့လမ်းကြမ်းလောက်ပဲအတွေ့အကြုံရှိတာ -- ဒီလိုမျိုးခေတ်မီလမ်း ကို သူတိုဆောက်ဘူးတာမှ မဟုတ်တာ -- ဆောက်လုပ်ရေးကတော့ အတွေ့အကြုံ နည်းပညာတွေ ရှိပေမဲ့ ရှစ်လုံး ရဲ့ရေပါတာပဲ လိုချင်တယ်ဆိုတဲ့အမိန့်အောက်မှာလုပ်ရတော့ ---ဒီလိုပဲညံ့ဖျင်းတဲ့ စီမံ ခန်ခွဲမှုအောက်မှာ ပြည်သူတွေဟာ သားကောင်တွေဖြစ်နေအုံးမှာပါပဲ-------

Friday, August 23, 2013

First Photo location at Chinese Garden, SG,






































































စလုံးမှာ အချိန်အားနေသောကြောင့်ရှုခင်းဓါတ်ပုံများကို Chinese Garden သို့တကိုယ်တော်သွားရောက်ရိုက်ကူးခဲ့ပါတယ်--Nikon D5000 ဖြင့် lens နှစ်ခုသုံးပြီးရိုက်ထားတာပါ--ဓါတ်ပုံစာအုပ်တွေဖတ်ပြီး ရောဂါ ထနေပါပြီ ----