Showing posts with label တရားအရသာ. Show all posts
Showing posts with label တရားအရသာ. Show all posts
Sunday, September 11, 2016
ဥာဏ်ရည်ဥာဏ်သွေး
မိလိန္ဒကျမ်းဆိုတာရှင်နာဂသေနာ နဲ့  မိလိန္ဒမင်းကြီးတို့ အကြားဗုဒ္ဓရေးရာတွေကိုအချေအတင်မေးမြန်းဖြေကြားခဲ့တာတွေကိုရေးသားထားတဲ့ကျမ်းတစ်စောင်ဖြစ်ပါတယ်။ မောင်တိုင်ပင်ဟာပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူတဲ့မိလိန္ဒမင်းနှင့်ရှာနာဂသေနတို့ ၏ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက် တရားအပိုင်း၉ပိုင်းကိုနာကြားလျှက်ရှိပါတယ်။
မိလိန္ဒပညာကျမ်းဟာမြတ်စွာဘုရားပရိနိဗ္ဗါန်ပြုပြီးနှစ်ပေါင်း၅၀၀ကျော်လောက်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုရေးသားပြုစုထားတဲ့ကျမ်းဖြစ်ပါတယ်။မိလိန္ဒမင်းကြီးဟာယောနကတိုင်းသာဂလမြို့ မှာထီးနန်းစိုးစံခဲ့တဲ့ မင်းဖြစ်ပါတယ်။ ပါချုပ်ဆရာတော်ဟောကြားတော်မူတဲ့တရားမှာ ပါတာကတော့ ယောနကတိုင်း သာဂလမြို့ ဟာအခုခေတ် တူရကီနိုင်ငံထဲမှာရှိတယ်လို့သိရပါတယ်။မိလိန္ဒမင်းဟာ မိုင်ပေါင်း၁၀၀၀ကျော်ဝေးတဲ့ အလက်ဇန္ဒါးကျွန်း ကလသိရွာမှာမွေးခဲ့တယ်လို့ ဟောကြားသိရှိရပါတယ်။
မောင်တိုင်ပင်ဟိုင်းလိုက်လုပ်ပြောချင်တာကတော့မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသေနာတို့ ဟာသာဂလ
မိလိန္ဒမင်းကြီး-----အရှင်နာဂသေန--တပည့်တော်မေးခွန်းမေးပြီးပါပြီ--
ရှင်နာဂသေန-----အရှင်မင်းကြီး--မေးခွန်းကိုဖြေပြီးပါပြီ--
မိလိန္ဒမင်းကြီး-----တပည့်တော်ကဘာကိုမေးလို့ ဘာကိုဖြေတာလဲ ဘုရား--
ရှင်နာဂသေနာ----အရှင်မင်းကြီးကကောဘာတွေမေးလို့ ပါလဲ--
ပါချုပ်ဆရာတော်ကြီးက မန္တလေးမြို့  မဟာဝိသုဒ္ဓာရုံကျောင်းတိုက် ပထမမဟာဝိသုဒ္ဓာရုံဆရာတော်က
နောင်မှာ စံကင်းဆရာတော်ဖြစ်လာမဲ့ ဦးဆန္ဒကိုဒီလိုဥာဏ်စမ်းမှုဆန်ဆန်မေးခွန်းမျိုးမေးဘူးပါတယ်။ဘာမေးခွန်းလဲဆိုတော့ " အလယ်လက်နဲ့ နီးတဲ့လက်နဲ့ နီးတဲ့လက်ဟာဘယ်နှစ်ချောင်းလဲ " လို့ ရုတ်
တရက်မေးလိုက်ပါတယ်။ စံကင်းဆရာတော်လောင်းက ချက်ချင်းဆိုသလိုပဲ " ၃ ချောင်းပါဘုရား" လို့ 
ဖြေလိုက်ပါတယ်။ ကဲ--စာဖတ်သူရေ--စဉ်းစားကြည့်ကြပါ။ ဘယ်နှစ်ချောင်းလဲဆိုတာ--ရှေးခေတ်က
ဆရာတော်ကြီးတွေဟာတပည့်ရဟန်းတွေအရည်အချင်းဘယ်လောက်ရှိလဲ? ဖြတ်ထိုးဥာဏ်ဘယ်လောက်ရှိလဲ ဆိုတာဒီလိုဥာဏ်စမ်းမေးခွန်းတွေမေးပြီးစမ်းသပ်အကဲဖြတ်ကြပါတယ်။အခုခေတ်တော့
ရေးနေ့ ဦးတည်ချက်တို့  ပြည်ထောင်စုနေ့ ရည်မှန်းချက်တို့ မေးတာမျိုးတော့ မဟုတ်ဘူး။ အလွတ်
ကျက်မှတ်လေ့ရှိတဲ့ ခေတ်ထဲမှာဒါမျိုးမေးခွန်းတွေက ခေတ်စားနေမှာပဲလေ--မိတ်ဆွေသူငယ်ချင်းသမီး
လေးက PSC လူတွေ့ စာမေးပွဲဖြေဖို့ စာကျက်နေတာက သတင်းစာထဲမှာပါတဲ့ အထိမ်းအမှတ် နေ့ ရည်မှန်းချက်တို့ ဦးတည်ချက်တို့ တွေဖြစ်နေပါတယ်။ အရင် အရင်ခေတ်တွေကပါ။ အခုလက်ရှိခေတ်တော့ မဟုတ်ပါဘူး။
ဥာဏ်စမ်းမေးခွန်းတွေနဲ့ ပတ်သက်ပြီးပါချုပ်ဆရာတော်ကြီးကအာသောကမင်းလက်ထက်ကအဖြစ်အပျက်တွေကိုလည်းဟောကြားတော်မူပါသေးတယ်။ ဘုရားပရိနိဗ္ဗါန်ပြုပြီးနှစ်ပေါင်း၂၃၆နှစ်ကြာတဲ့အခါအာသောကမင်းကြီးက၉တိုင်း၉ဌာနကိုသာသနာပြုဖို့ စေလွှတ်လိုက်တယ်။မြန်မာနိုင်ငံလည်းပါတယ်။အဲဒီအချိန်ကသုဝဏ္ဏဘုမ္မိတိုင်းပေါ့--သီဟိုဠ်ကျွန်းကိုအာသောကမင်းကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ရှင်မဟာမဟိန္ဒဦးဆောင်တဲ့ ရဟန်း၅ပါးရောက်လာပါတယ်။အဲဒီအချိန်က သီဟိုဠ်ကွန်း အနုညာတပူရမြို့ မှာ ဒေဝန္ဒပီယသိတ္တိ မင်းကြီးစိုးစံနေချိန်ဖြစ်ပါတယ်။မင်းကြီးဟာနောက်လိုက်ဗိုလ်ပါတွေနဲ့ တောကစားထွက်နေချိန်ဖြစ်ပါတယ်။ကောင်းကင်ခရီးကြွလာတဲ့ ရှင်မဟာမဟိန္ဒ ဟာမင်းကြီးကို နောက်လိုက်ဗိုလ်ပါတွေနဲ့ ကွဲကွာသွားအောင်တန်ခိုးနဲ့ လုပ်လိုက်ပါတယ်။ မင်းကြီးတစ်ဦးတည်းဖြစ်နေချိန်မှာ ရှင်မဟာမဟိန္ဒက " တိဿ၊ တိဿ" နဲ့ ခေါ်လိုက်ပါတယ်။မင်းကြီးဟာရဟန်းကိုမမြင်ဘူးပါဘူး။ ရေမြေ့သခင်မင်းတစ်ပါး ကိုနံမည်ရင်း တိဿ တိဿ လို့ ခေါ်ခံလိုက်ရတော့မင်းကြီးလည်းအံ့အားသင့်သွားပြီး ရှင်မဟာမဟိန္ဒ ခေါ်ရာဆီကိုလျှောက်သွားပါတယ်။ ဖန်ရည်စွန်းတဲ့ သင်္ဃန်းကိုရုံထားတဲ့ ရဟန်းတွေကိုတွေ့ တော့ အာသောကမင်းကြီးပြောတဲ့ ဗုဒ္ဓသာဝကရဟန်းတွေဖြစ်တယ်ဆို မင်းကြီးကသဘောပေါက်လိုက်ပေမဲ့ " အသင်တို့ မည်သူတွေပါလဲ " လို့ မေးလိုက်ပါတယ်။ရှင်မဟာမဟိန္ဒ ကအသင်မင်းကြီးတို့ တိုင်းပြည်ကောင်းကျိုးချမ်းသာရအောင် အာသောကမင်းကြီးစေလွှတ်လိုက်တဲ့ ဗုဒ္ဓသာဝက ရဟန်းတွေဖြစ်တယ် ဆိုတဲ့အကြောင်းပြန်လည်ဖြေကြားလိုက်ပါတယ်။တိုတိုနဲ့ ချုပ်ပြောရရင် တစ်ဦးနဲ့ တစ်ဦးမိတ်ဆက်ဂါရဝပြုကြပါတယ်။
ရှင်မဟာမဟိန္ဒ----- မင်းကြီး အနီးအနားမှာရှိတဲ့ အပင်ဟာ ဘာပင်ပါလဲ--
မင်းကြီး---------ပိန္နဲပင်ပါဘုရား--
ရှင်မဟာမဟိန္ဒ----- တခြားပိန္နဲပင် နဲ့ တခြား အပင်တွေကောရှိပါသလား--
မင်းကြီး--------တခြားပိန္နဲပင် နဲ့ တခြားသစ်ပင်တွေလည်းရှိပါသေးတယ် ဘုရား--
ရှင်မဟာမဟိန္ဒ---- ဒီလိုဆိုတခြားပိန္နဲပင်နဲ့ အခြားသစ်ပင်တွေဖယ်လိုက်ရင်ဘယ်အပင်တွေကျန်ပါ့မ                                      လဲ?
 မင်းကြီး-------ဒီပိန္နဲပင်ကျန်ပါလိမ့်မယ်ဘုရား--
လို့ ချက်ချင်းဖြေလိုက်နိုင်ပါတယ်။ရှင်မဟာမဟိန္ဒက စိတ်ထဲမှာ --ဒီမင်းကြီး ဥာဏ်ရည်ဥာဏ်သွေးဟာ
ထက်ထက်မြက်မြက်ရှိပါလား လို့ မှတ်ချက်ပြုမိပါတယ်။ နောက်တစ်ခါရှင်မဟာမဟိန္ဒက မင်းကြီးကို
အောက်ပါအတိုင်းဆက်မေးမြန်းခဲ့ ပါတယ်--
ရှင်မဟာရိန္ဒ-----ရှင်မင်းကြီးမှာ ဆွေတော်မျိုးတော်တွေရှိပါသလား ?ဆွေတော်မျိုးတော်တွေအပြင်
                           အခြားမိတ်ဆွေအပေါင်းအသင်းတွေကောရှိပါသလား ?
မင်းကြီး-------- တပည့်တော်မှာဆွေတော်မျိုးတော်တွေရှိပါတယ်။ ဒါအပြင်မိတ်ဆွေအပေါင်းအသင်းတွေလည်းရှိပါတယ် ဘုရား--
ရှင်မဟာရိန္ဒ---- ရှင်မင်းကြီး-ဆွေတော်မျိုးတော်တွေလည်းဖယ်လိုက်မယ်။ရှင်မင်းကြီးရဲ့ မိတ်ဆွေ
                          အပေါင်းအသင်းတွေကိုလည်းဖယ်လိုက်မယ်ဆိုရင်ဘယ်သူကျန်ပါ့မလဲ?
မင်းကြီး-------- အရှင်ဘုရား  တပည့်တော်ကျန်ပါမယ့် ဘုရား--
လို့ ချက်ချင်းမဆိုင်းမတွဖြေလိုက်နိုင်တော့ ရှင်မဟာမဟိန္ဒဟာ မင်းကြီးရဲ့ ဥာဏ်ရည်ဥာဏ်သွေးကောင်း
ပုံ၊ ထက်ထက်မြက်မြက်ရှိပုံ ကိုသဘောကျသွားပြီး သာသနာပြုဖို့ လာတဲ့ကိစ္စမှာ ဒီမင်းကြီးနဲ့ လက်
တွဲလုပ်ကိုင်ရာမှာအဆင်ပြေလိမ့်မယ် လို့ စိတ်ထဲမှာ မှတ်ချက်ပြုနိုင်ခဲ့ပါတယ်။ လူတွေရဲ့ သဘောသ
ဘာဝအရ လူရေတွက်တဲ့အခါ မိမိ ကိုယ်ကိုရေတွက်ဖို့ မေ့လျော့နေတတ်တဲ့သဘောကို စမ်းသပ်ကြည့်
တာဖြစ်ပါတယ်။
ပါချုပ်ဆရာတော်ဟောကြားတဲ့တရားတော်တွေနာကြားတဲ့အခါ လူဘောင်လောကမှာ လူတစ်ယောက်
အရည်အသွေးဘယ်လောက်ရှိတယ်ဆိုအမေးအဖြေလုပ်ကြည့်တာနဲ့ သိရှိနိုင်တဲ့ နည်းလမ်းလေးတွေ
ကိုနာယူမှတ်သားမိတာကို တဆင့်ပြန်လည်ဖေါက်သည်ချလိုတာပါ။ဦးတည်ချက် ရည်မှန်းချက်တွေ
အလွတ်ရွတ်ပြခိုင်းတာထက်စာရင်ဒီလိုဥာဏ်ရည်ဥာဏ်သွေးစမ်းသပ်ကြည့်တာမျိုး ကပိုမကောင်းဘူးလားဗျာ။
Credit:      ပါမောက္ခချုပ်ဆရာတော်ဟောကြားအပ်သောမိလိန္ဒမင်းနှင့်ရှာနာဂသေနတို့ ၏ဗုဒ္ဓဝါဒရေး
                  ရာ အချေအတင်ပြောဆိုချက် (အပိုင်း၁ မှ ၉ထိ) တရားတော်မှ ကောက်နှုတ်ဖေါ်ပြထား
                   ခြင်းဖြစ်ပါကြောင်းဝန်ခံပါတယ်--
Tuesday, February 4, 2014
ဝိပသာနာတရားအားထုတ်ပါ
လှည်းကူးအင်းတိုင်ရှိ ခိပ္ပဘိညာသဒ္ဓမ္မရံသီရိပ်သာတွင် ဇန်နဝါရီလ၂၁ရက်မှဖေဖေါ်ဝါရီလ၂ရက်နေ့ထိဝိပသာနာတရားများကြိုးစား
အားထုတ်ခဲ့ပြီးနောက်လူဘောင်လောကသို့ပြန်လည်ဝင်ရောက်ခဲ့ပါပြီ--တရားအားထုတ်နေစဉ် Mech 72
သူငယ်ချင်းများကိုယ်တိုင်ရိပ်သာသို့လာရောက်၍အချိုရည်များမုန့်များကပ်လှုခဲ့ကြသဖြင့်သာဓု သုံးကြိမ်ခေါ်
လိုက်ပါတယ်--လူဘောင်လောကထဲပြန်ရောက်လာတော့ ထုံးစံအတိုင်းဖွဘုတ်ကိုဟိုဟိုဒီဒီလှန်ကြည့်မိပါတယ်--ပြည်သူများဖြစ်ကြတဲ့ကျေးရွာနေပြည်သူများကိုရင့်ရင့်သီးသီးပြောဆိုခဲ့
တဲ့ဝန်ကြီး-အကြောင်း--ကျေးဇူးရှင်တောင်သူလယ်သမားများကို ခွေးနဲ့ နှိုင်းတဲ့အကြောင်း(ဘယ်လိုပြောခဲ့သလဲ ဘယ်လို နှိုင်းခဲ့သ
လဲတော့ဂဃနဏမသိသေးပါ--ဖတ်ရတာကိုပဲပြောတာပါ--ဗီဒီယိုဖိုင်--စတေးတပ်စ်တွေမကြည့်ရ မဖတ်ရသေးလို့ မသေချာပဲမပြောချင်ပါ--ကချော်ကချွတ်လည်းမပြော
လိုပါ-ကြားရတာအားလုံးကနားဝမှာမချမ်းသာလှပါ--သေရည်ကိုခုံမင်စွာသောက်စားနေလို့ကတော့ဒီလိုအ
ဖြစ်မျိုးကြုံရမှာပါ--)ရိပ်သာမှာအရင်အစိုးရလက်ထက်ကဝန်ကြီးဗိုလ်ချုပ်တစ်ယောက်တရားကိုဝီရိယကောင်းကောင်းဖြင့်
ကျားကုတ်ကျားခဲ ၈၇ ရက်အားထုတ်ခဲ့ရာ မဟာစည်ဆရာတော်ဘုရားကြီး၏ဥာဏ်စဉ်တရားကိုနာခွင့်ရခဲ့ပါ
တယ်--၂၀၁၃ ကသူတရားလာအားထုတ်စဉ်ကရက်နည်းနည်းတိုလို့လားမသိ--ဥာဏ်စဉ်မရခဲ့ပါ--အခုဝိရီယ
အကျိုးကြောင့် ဥာဏ်စဉ်နာခွင့်ရသည်ထိပေါက်ရောက်ခဲ့သဖြင့်မျက်နှာကျောတင်းသောသူ့ရုပ်ရည်ဟာကြည်
လင်နေတာကိုတွေ့ရပါတယ်---
ပြောချင်တာကတော့သူနှင့်လုပ်ဖေါ်ကိုင်ဖက်များဖြစ်တဲ့ လွှတ်တော်မှာ အစိုးရအဖွဲ့မှာရှိနေကြတဲ့
ဗိုလ်ချုပ်များဟာသူတို့အသက်အ
ရွယ်မှာဘာကြောင့်အာဏာကိုငမ်း
ငမ်းတက်ဖြစ်နေပြီး
သေရင်ယူသွားလို့မရတဲ့ အာဏာတွေ--လုပ်ပိုင်ခွင့်တွေ--စည်း
စိမ်ဥစ္စာတွေ--ကိုခင်တွယ်နေကြပါလိမ့်--ဘာကြောင့်လုပ်နိုင်သူတွေလုပ်ချင်ကိုင်
ချင်သူတွေကိုလက်ဆင့်မကမ်းချင်ကြတာလဲ ဘာကြောင့်နေရာဖယ်မပေးချင်ကြတာလဲ--ဒီအချိန်--ဒီအသက်အရွယ်မှာ-ရိပ်သာတွေ မှာလာနေပြီးနှစ်ရှည်လများဘာကြောင့်ဝိပသာနာတရားအားမထုတ်ချင်ကြတာလဲ--ဘာမဆိုငါတို့မှ ငါတို့ပဲတတ်တယ်--ငါတို့လုပ်မှအကုန်ရမယ်ဆိုရင်တစ်ခုခုလွဲနေပါပြီ--အဲလိုအမြင်ရှိမယ်ဆိုရင်တော့ သေချာနေပြီ--သေရင်ငရဲရောက်
ဖို့--၆၀ကျော်၇၀နားနီးနေတဲ့ဗိုလိချုပ်ဟောင်းတွေကိုပြောတာပါ--
တရားအားထုတ်နေစဉ်သူတော်ကောင်းတွေနဲ့နေရလို့လားမသိပါ--စိတ်မှာအမြဲကကြည်လင်နေပါတယ်--သို့
သော်ကျနော်တို့လုပ်နိုင်စွမ်းကျနေပါပြီ--၄-၅-၆ရက်လောက်ထိအရှိန်ကောင်းကောင်းနဲ့ လုပ်ခဲ့ပေမဲ့ရောဂါ
ဟောင်း လယ်ပင်းကျီးပေါင်း ကပြန်ပြီးနိုပ်စက်ပါတယ်-- ပြီးခါးနီး ၂ရက်လောက်မှာ မရတော့ပါ--ဆေးတွေအ
သေလိမ်းရပေမဲ့လည်းသမာဓိကလုံးဝ မတက်လာတော့ပါ--ပြန်တဲ့အထိပါ-- ဒေါက်တာတစ်ယောက်ကပြောဘူးပါတယ်--တရားထိုင်တာနဲ့ လယ်ပင်းကျီးပေါင်း ဖြစ်တာဆက်စပ်ပါတယ်တဲ့--ရိပ်သာမှာလည်းဦးဇင်းတစ်ပါးဆိုရင် Neck supporter လယ်ပင်းပတ်ကြီးတတ်ပြီးတခါတရံ တရားထိုင်ပါတယ်--ရောဂါပျောက်တာကြာပေါ့ ဆိုပြီးလယ်ပင်းကျီးပေါင်း အတွက် ပြင်ဆင်သွားနိုင်ခြင်းမရှိခဲ့ပါ--ဘာပဲပြောပြော အသေးအမွှားလေးပေမဲ့ အတွေ့အကြုံကိုမျှဝေတာပါ-သူငယ်ချင်းများ
အားလုံးသာဓုခေါ်နိုင်ရန်မျှဝေအပ်ပါတယ်---------
Wednesday, July 21, 2010
ကျန်ရှိနေတဲ့သက်တမ်း ကို ဘယ် လိုနေမလဲ
တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီး ကို တွေ့ လိုက်ရ တော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။ “အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား” “ငါအိပ်
ဖို့အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်” “အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်း တော်ဘုရား။” “နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ” “တပည့် တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။” “မင်းအဖေ အရင် ကော ဘယ်သူနေသွားသလဲ” “တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား” “မင်း အဘိုး အရင်ကော” “တပည့်တော် အဘေး နေသွားပါတယ် ဘုရား” “ဒါများကွာ.... နန်းတော်တဲ့၊ မင်းအဖေ လည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ” ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော်... ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။ (ဂျပန် ဇင်ပုံဝတ္ထု) ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။ ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ၀င်တည်းနေကြ ရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။ ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ...? လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့ လူတစ် ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်း မှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက်၆၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာ ပါ။ လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။ ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်း အောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။ ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ် ကောင်း အောင်နေဖို့ က အဓိကပါ။ ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ....? ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို လူတစ်ယောက်ရဲ့  တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော် ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။ ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့  ပြည့်စုံနေရင် တန်ဖိုး ရှိနေတာပါပဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေတော့ရှိပါရဲ့ ။ ဒါပေမယ့် သိက္ခာသုံးပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့  မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေး ဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့် ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ရုံပါဘဲ။ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့  ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့ ငါးပါးသီလယူလိုက်ပါ။ ဒါဆို သီလသိက္ခာတည်သွားပါပြီ။ နောက် ဂုဏ်တော်ကို ငါးမီနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာတည်သွားပါပြီ။ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာတည်သွားပါပြီ။ သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ်။ ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာ သုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို့  အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။ နေ့ ခင်းကျ ရင် တစ်ကြိမ် ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင် တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ့ ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို အားပေး လိုက် တာပါ။ ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ့  စိတ်ပါဝါစွမ်းအားတွေလည်း အလိုလိုရောက် လာတာ ပါ။ တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညို သွားပြီ ဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့် ကိုယ်ကို ကြည်ညိုဖို့ က အဓိကပါ။ အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ့ ။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ ကို သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့ စိတ်ဓါတ်တက်ကြွမှုကို ကူညီပါလိမ့်မယ်။ တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုး တွေ တွေ့ ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့  ကိုယ်ဟာ တန်ဘိုးရှိတဲ့သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။ တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ့ ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်းမရှိဘူး၊ ဘာဖြစ်လဲ။
ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာ သုံးပါး ရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့  ဆုံးဖြတ်တာမှ မဟုတ်တာ။ သိက္ခာသုံးပါးနဲ့ ပဲ ဆုံးဖြတ်တာပဲ။ အလုပ် သွား တဲ့ အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နား နေတဲ့ အချိန်လေးတွေမှာာ လည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံးအိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ တွေးမနေဘဲ ဂုဏ်တော်လေးပွားတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေဖြစ်နေတာပါ။
တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေတည်နေတာပါ။ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့ အတွေး လေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်
ရဲ့ အလုပ်စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း ကိုယ့် ကိုယ်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။ ကျန်ရှိနေတဲ့ သက်တမ်း လေး ကို သိက္ခာသုံးပါးနဲ့နေသွားရုံပါပဲ။ ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒဇာတ်ကလေးကို အကျဉ်းချုပ် ပြောပြပါအုံးမယ်။ တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။ အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။ “မင်းသမီး... တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ” မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အောက်မှာ အစောင့်တွေအများကြီး ချထားလို့ ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” ပြန်မေးပါတယ်။
လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က ငါ့ကိုချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေ အပြည့် ပေးပါ့မယ်” လို့  ပြန်ပြောပါတယ်။ ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သား မကလို့  ဘာပဲဖြစ်နေ ဖြစ်နေ ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုး ဘူး။ သင်ပြန်ပါတော့” လို့  နှင်လွှတ်လိုက်ပါတယ်။ ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့  ရွှေ အပြည့် ထည့်ပြီး ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။ တတိယညကျ တော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။ ဒီမှာတင် မင်းသမီး က စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့ ။ ဒုတိယရက်မှာ ငွေခွက်နဲ့ ။ တတိယရက်မှာ ကြေးခွက်နဲ့ ဆိုတော့ သူ့ အတွက် အထူးအဆန်းဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။ “အသင် ယောက်ျား...ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ပေးရတာလဲ” လို့  မေးပါတယ်။ ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ် “မင်းသမီးရယ်၊ သင့်ရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  တိုးတိုးပျိုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့ လျော့ လျော့အိုအိုလာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို ငါကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ ထက် တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ” လို့  ရှင်းပြလိုက်ပါတယ်။ နောက် လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြ ပေးပါတယ်။ တကယ်တော့ လုလင်ပျိုက အတိတ်လူ့ ဘ၀က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေးတရားဟောတာပါ။ လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးနီးသွားတာပါ။ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေးတွေ တစ်ရက်လျှော့ သွား တာပါ။ ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့  အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို မလာပါဘူး။ ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ဘုရားတွေက “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို့  သတိပေး ထားပါတယ်။ မနက်အိပ်ရာကနိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက် နီးလာပြီ” လို့  နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းတဲ့အခါ အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ ကိုလည်း သေချာအားထုတ် တော့မှာပါ။ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာ ဆင်ခြင်ရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့  အခွင့်အရေး ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။ ဘယ်အသက်အရွယ်ပဲ ရောက်နေ ရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပုံစံ” ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပုံစံ” အတိုင်း နေသွားဖို့ ပါ။ ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။
စာကြွင်း။ ။ ဒီဓမ္မစာစုလေးဟာ စာရေးသူ ၄.၆.၂၀၀၉ နေ့ က မုံရွာဗောဓိတစ်ထောင်မှာ ၀န်ချီစက်ပြုတ်ကျလို့  ခြေထောက်ကျိုးပြီး ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်ဟောထားတဲ့ တရားလေးကို ဆောင်းပါးအဖြစ် ပြန်ရေး လိုက် တာပါ။ စာရေးသူ ကျိုးပြီး နောက်ပိုင်းမှာ စိတ်နှစ်စိတ်ဖြစ်လာပါတယ်။ တစ်စိတ်က ကြောက်လန့့် သွားတဲ့စိတ်ပါ။ တစ်စိတ်က သံဝေဂ စိတ်ပါ။ သံဝေဂစိတ်ဖြစ်တာ ကောင်းပေမယ့် ကြောက်လန့် စိတ်ကျတော့ လူကို တော်တော် ဒုက္ခပေးပါတယ်။ ခရီးဝေးသွားရမှာတောင် ကြောက်သွားပါတယ်။ ဘ၀မှာဖြစ်ချင်တာတွေ အကုန်နီးပါးဖြစ်၊ လို ချင်တာတွေ အကုန်နီးပါးရဆိုတော့ “သြော်...ငါအတိတ်ကုသိုလ် ပါရမီတွေ တော်တော်ကောင်းခဲ့ပါလား၊ ဒီဘ၀ ပြုနေတဲ့ကုသိုလ်တွေကလည်း အကျိုးပေးနေပုံရတယ်။ ဆက်လည်း ပြုနေအုံးမှာဆိုတော့ နောင်လည်း ဒီထက် မကတဲ့ ကောင်းကျိုးတွေက လာနေအုံးမှာပဲ” ဆိုတဲ့ အတွေးက အစဉ်သဖြင့်ရှိနေလို့ ပါ။ ဒီမှာတင် အဖြစ်ဆိုးကြီးနဲ့  ကြုံလိုက်ရတော့ ကြောက်လန့် စိတ်ဝင်သွားပါတယ်။ ကျိုးပြီးနောက်ပိုင်း ဒကာ ဒကာမတွေက ယခင်ကထက် ပို ဂရုစိုက်ပေးပါတယ်။ န၀ကမ္မဆိုလည်း ကပ္ပိယမှတစ်ဆင့် ပိုပိုလျှံလျှံလှူပေးတာပါ။ ဘယ်ဆေးရုံသွားချင်လဲ၊ ဘယ် လောက်ပဲကုန်ကုန်ဆိုပြီး ကုန်ကျစရိတ် အကုန်လှူမယ်လို့  ဆိုလာတဲ့ ဒကာ ဒကာမတွေလည်း အများကြီးရယ်ပါ။ ရန်ကုန်-မန္တလေး ဆရာဝန်တွေကလည်း သိပ်ဂရုစိုက်ကြတာပါ။ ဒါပေမယ့် ကြောက်လန့် စိတ်ကတော့ ပျောက် မသွားခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ဓမ္မစာစုလေးကို ကိုယ့်ကိုယ်ကို နေ့ ရော ညပါ အကြိမ်ကြိမ် ပြန်ဟော ခဲ့ရ တာပါ။ ကိုယ့်ကိုယ်ကို ဟောရတာလည်း မရိုးနိုင်၊ နာရတာလည်း မရိုးနိုင်ခဲ့ပါဘူး။ အကြိမ်ကြိမ်ဟောခဲ့မှ စိတ် သက်သာ ရာ ရခဲ့တာပါ။ အခုလည်း ဟောနေဆဲပါ။ စာရေးသူနဲ့ စာဖတ်သူဆိုတာ မသိကြပေမယ့် စိတ်ချင်း ရင်းနှီးကြတာ များပါတယ်။ ကိုယ်က ရဟန်းဆိုတော့ ကြည်ညိုစိတ်နဲ့  ပိုပြီးတောင် ရင်နှီးစိတ် ဖြစ်ကြအုံးမှာပါ။ စိတ်ချင်းရင်းနှီးရင် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက် လက်ခံကျင့်ကြံအားထုတ်ဖို့  ပိုဖြစ်သွား တော့မှာ ပါ။ ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်။ တကယ်လို့  စာဖတ်သူက ရင်းနှီးစိတ်ကို အခြေခံပြီး လက်တွေ့ ကျင်ြ့ဖစ်သွားတယ် ဆိုရင်တော့ စာရေးသူအတွက် ရေးရကျိုး နပ်သွားပါပြီ။
Tuesday, February 9, 2010
ဗုဒ္ဓဘာသာ (၅)မျိုး
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်းမသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟုဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ်နေတဲ့မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ဦးချမှန်းမသိ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့အလေးပြု နေမှန်းကိုမသိတာ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓ ဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေး လေး တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီးရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ ပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။ အဓိကစီးပွားရေးဖြစ်နေတယ်ဆိုတာဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ ညဏ်၊ ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံဝယ် မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါးရွေးနေတာတွေ။ ဘုရားကျောင်း ဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေတင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့နတ်တွေ ကိုးကွယ် တာတွေ။ ဗေဒင်ယုံကြည်ပြီးယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘလိုချင်လို့ ကိုးကွယ်တဲ့ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီ ဘုရားကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်ရှည် နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အောက်တန်း စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာအသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်းကိုးကွယ်ရသေး၊ တရားလည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်းလောင်းလှူရသေး၊ သာသနာတော် ကိုလည်း ပစ္စည်းလေးပါးနဲ့လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိကဗုဒ္ဓဘာသာဆိုတာသဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ ဘုရား၊ တရား၊ သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဒါမှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေ ကိုပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန် ဆိုတာ အို၊ သေ၊ နာ လွတ်ရာပါ။ အသေလွတ်ရာပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကိုကြိုးစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွား နိုင်ရင်နိဗ္ဗာန်ရောက်ပါ မည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ကျေဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော် တွေကဆောင်ထားတာပါ။ပိဋကသုံးပုံ ကို သံဃာတော်တွေက***ရှောက်ထားတာပါ။ သံဃာတော်ကိုယုံကြည်မှု။ ဒါတွေကရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ် လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ်ဗုဒ္ဓဘာသာ တွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲသူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ကုလ ဗုဒ္ဓဘာသာ တွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကိုပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာတရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့သမ္မာသဒ္ဒါ။ အနှစ်သာရ မရှိတာကို မရှိဘူးလို့သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကိုရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိကဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာတရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲခန္တာအသိ နဲ့ အသေအချာသိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာ လားဆိုတော့ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားကမင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ ဒါကိုကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှလွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ ဒါတွေကိုဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင်ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ဖြတ်ရမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာသဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာအထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံ တရားနဲပါးသူတွေက (superstitious rites, scarified, prayer) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
သာဓု သာဓု သာဓု
အရင်က တောရွာတစ်ရွာရဲ့အနီးမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိသတဲ့..... ဆရာတော် ကြီး ဆွမ်းခံကြွတဲ့အခါမှာ ရွာနဲ့ အတော်လေးလှမ်းသတဲ့. . . ဒါကြောင်း ဆရာတော်ကြီးကို အလွန်ကြည်ညိုသူ ဒကာတစ်ဦး က ဆရာတော်ကြီးကြွလာချိန်မှာ အမောပြေ၊ အဆာပြေ ဘုဉ်းပေးဖို့ ရေနွေးကြမ်းနဲ့ ခဲဖွယ်တစ်ခုခု ကို အမြဲစီစဉ်ထားပြီး သူ့အိမ်မှာ တစ်အောင့်တစ်ခဏနားနေ ဘုဉ်းပေးဖို့ အမြဲ ပင့်လျှောက်ပါသတဲ့. . . နေ့စဉ် နေ့တိုင်း ထိုင်အိမ်သဘောမျိုးနဲ့ ဆရာဒကာ ရင်းရင်းနှီးနှီးဖြစ်လာတော့ တရားအကြောင်းလေးတွေကစပြီး အလာပသလ္လာပလေးတွေ လည်းအထိုက်အလျောက် ပြောဖြစ်တာပေါ့...
မိုးဦးကျချိန် တစ်နေ့မှာတော့ အဲဒီဒကာကြီးရဲ့ တောင်သူလုပ်ငန်းသုံးခိုင်းနွားကြီး တစ်ဖက် ပိုးထိပြီးသေဆုံးသွား ပါသတဲ့ . . . . ထွန်ယက်စိုက်ပျိုးဖို့ အရေးကြီးဆုံးအချိန်မှာကြုံတာဆိုတော့ ဒကာကြီးလည်း ၀မ်းနည်းပက်လက် ဖြစ်ပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံကြွလာတဲ့အခါ ထုံးစံအတိုင်း ခဲဖွယ် သောက်ဖွယ်များ ဆပ်ကပ်ပြီး တဲ့အခါမှာ သူ့ရဲ့ သောကပြေရာပြေကြောင်းအဖြစ်ဆရာတော်ကြီးကို လျှောက်ထားတဲ့အခါမှာ ဆရာတော် ကြီးက ထွေထွေထူးထူး မပြောပဲ "သာဓုဗျာ၊ သာဓု၊ သာဓု" လို့ သုံးကြိမ်ခေါ်ပြီး ထပြန်ကြွသွားပါလေရောတဲ့. . . .
ဒကာကြီးကတော့ ဖြေသိမ့်စရာ တရားလေးများ ကြားရလေမလားလို့ အောက်မေ့ပြီး ဖြစ်ကြောင်းစုံ လျှောက် ထား ကာမှ ဘာတရားမှ မဟောပဲ သာဓုသုံးကြိမ်ခေါ်သွားတာကို အတော်လေး မကျေမနပ်ဖြစ်သွားပါသတဲ့ . . . . "သာဓုဆိုတာ ကောင်းတယ်လို့ပြောတာပဲ ဒီဘုန်းကြီး ငါ့နွားကြီးသေတာကို ကောင်းတယ်ပြောရသလား" ဆိုပြီးတော့ပေါ့လေ. . .ဒါပေမယ့် ထုံးစံအတိုင်း သူ့ဝတ်မပျက် ဆရာတော်ကြီးကိုတော့ ဆက်ကပ်နေပါသတဲ့. . . . ဒီလိုနဲ့ မကြာလိုက်ခင် မှာပဲ အဲဒီဒကာကြီးရဲ့မြေး သစ်ပင်ပေါ်က လိမ့်ကျပြီး ပေါင်တစ်ဖက် ကျိုးသွားပြန်ပါရော. .
နောက်နေ့ရောက်တော့ ဆရာတော်ကြီးကို မြေးလေး အကြောင်းဝမ်းနည်းပက်လက် လျှောက်ထားပြန်တဲ့အခါ ဆရာတော်ကြီးက ထုံးစံအတိုင်း သာဓုသုံးကြိမ်ခေါ်ပြီး ထပြန်သွားသတဲ့. . . .ဒီတစ်ခါတော့ ဒကာကြီးက အတော် လေး မကျေမနပ် ဖြစ်သွားတယ် "ဒီဘုန်းကြီး ငါကတော့ ကြည်ညိုအားကိုးလွန်းလို့ နေ့စဉ်မပြတ် ခဲဖွယ်ဘောဇဉ် တွေ ဆက်ကပ်လှူဒါန်းခဲ့ရတာ ငါ့မှာ သောကနဲ့ ကြုံတော့ နွားသေတာကိုလည်း သာဓု ၊ မြေးလေး ပေါင်ကျိုး တာ ကိုလည်း သာဓုခေါ်နဲ့ . . . . ကဲဒီလောက်တောင် ရှိလှတာ သူ့မှာ ဒီလိုကြုံလာတော့ သာဓုခေါ်နိုင်အုံးမလား . . . "ဆိုပြီး ဆရာတော် ဆွမ်းခံကြွတဲ့ အခါ တောစပ်ကနေ ချောင်းရိုက်မှပဲလို့ ဒေါသအလျောက် စဉ်းစားပြီး နောက် နေ့ဆရာတော်ကြီး ဆွမ်းခံလာချိန်ရောက်တော့ တောစပ်က ချုံကွယ်မှာ ၀ါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ပုန်း ကွယ်နေသတဲ့. .ဆရာတော်ကြီး ဆွမ်းခံကြွလာလို့ ဒကာကြီးပုန်းနေတဲ့ချုံနားရောက်တဲ့အခါ ဒကာကြီးက နေရာ ပြင်လိုက်တော့ ချွတ်ချွတ် အသံကြားလို့လှည့်ကြည့်လိုက်တော့ ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက်မိပြီး ဆရာ တော်ရဲ့ မြေသပိတ်ကြီးက လွတ်ကျပြီးကွဲသွားသတဲ့. . . အဲဒီအခါကျတော့လည်း ဆရာတော်ကြီးက သပိတ်ကွဲ တွေကို ကြည့်ပြီး "သာဓုဗျာ၊ သာဓု "လို့ သုံးကြိမ်ခေါ်ပြန်သတဲ့. . .အဲဒီတော့ ဒကာကြီးစိတ်ထဲမှာ " ဒီဘုန်းကြီးက သူ့သပိတ်ကြီး ကွဲသွားတော့လည်း သာဓုခေါ်တာပဲ၊ ဒီသာဓုဟာ "တစ်ခုခုထူးလို့ဖြစ်မယ် . ငါပြစ်မှားလို့ မတော် သေးဘူး . . . အကြောင်းစုံသိရအောင်လျှောက်ထားကြည့်ဦးမှ ဆိုပြီး စိတ်ပြောင်းသွားတယ် . . . ပြီးတော့မှာ လက်ထဲက တုတ်ကိုချ ပြီး ဆရာတော်ကြီးနားကို သွားပြီး "ဆရာတော် . . . . ဆရာတော်ဟာ ဘာမဆို သာဓုချည်း ခေါ်နေတာပဲ၊ ဆရာတော့်သာဓုက ဘာအဓိပ္ပါယ် လဲဆိုတာ ရှင်းပြပါဦးလို့ "လျှောက်ထားသတဲ့၊ ဆရာတော် ကြီးက . . . "ဟဲ့ဒကာရဲ့ သာဓုပါဆိုမှ ကောင်းတယ်လို့ ဆိုတာပေါ့လို့ "မိန့်ကြားလိုက်တယ်. .ဒကာကြီး က တယ်ပြီးဘ၀င်မကျလှပဲ အရှင်ဘုရား တပည့်တော်ကြီး နွားကြီးတစ်ကောင် တောင်သူလုပ်ငန်း ချိန်မှာ သေသွား တာများ ဘာကောင်းလို့လည်း ဘုရားဆိုတော့ "ဟဲ့ဒကာရဲ့ မင်းရဲ့ အတိတ်အကုသိုလ်ကံ အကျိုးပေးချိန် ရောက် လာလို့ ဒီအချိန်မှာ မင်းအိမ်က ခြေလေးချောင်း ထွက်ကိန်းဆိုက်လာတာကွဲ့ အဲဒါနွားကြီးသေလို့ ကျိန်းကျေ သွားတာပေါ့ . . .နွားမသေဘဲ လူသာသေမယ်ဆိုရင် နှစ်ယောက်တောင် ပျက်စီးကိန်းကြုံမှာကွယ့်လို့" ရှင်းပြ လိုက်တော့ ဒီလိုဆိုတော့လည်း "နွားသေသွားတာက ကောင်းတောင်း တောင်းပေါ့ ဘုရားလို့ "၀န်ခံသတဲ့။
"ဒါဖြင့်မြေးကလေး ခြေထောက်ကျိုးရတာကောဘုရား" ဆိုတော့ "အေး. . . မင်းမြေးခြေထောက်ကျိုးလို့ပေါ့ မင်းမြေးကငယ်သေးတော့ "ငယ်ကျိုးပိုသန်တယ်" လို့ ဆိုသလို မြန်မြန်ပြန်ကောင်းနိုင်သလို မင်းကလည်း သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်တာပေါ့ မင်းမြေးမကျိုးပဲ မင်းသာကျိုးမယ်ဆိုရင် လူကြီးဆိုတော့ ပျောက်ခဲ့မယ်. . မြေးကလေးကလည်း မင်းကို ဘယ်လိုလုပ်စောင့်ရှောက်နိုင်ပါ့မလည်း ဒါကြောင့် သာဓု ခေါ်ရ တာကွယ့်လို့" ဆိုတော့ "ဒီလိုဆိုတော့လည်း အရှင်ဘုရားရဲ့သာဓုက နေရာကျသားပဲ ခေါ်သင့်ပါတယ် ဘုရား. . . "တဲ့.."ဒါဖြင့် အရှင်ဘုရား သပိတ်ကြီးကျကွဲတာကိုကြည့်ပြီး သာဓုခေါ်တာကျတော့ကော ဘယ်လိုအဓိပ္ပါယ်လဲ ဘုရား. . . . "ဆိုတော့ ဆရာတော်ကြီးက ဒကာကြီးကို ပြုံးပြုံးကြီး ကြည့်ရင်း "အေး . . . ငါ့သပိတ်ကွဲပေလို့ပေါ့ မကွဲရင် ငါ့ခေါင်းကွဲရောပေါ့လို့ဖြေလိုက်ရော. . ." ဒကာကြီး မြေကြီးပေါ်ကို ဒူးတုပ်လိုက်ပြီး "တပည့်တော် မလိမ္မာလို့ တစ်ခါမိုက်မိတာကို ခွင့်လွှတ်တော်မူပါဘုရားလို့ . . . "တောင်းပန်လိုက်တော့သတဲ့. . . .ဒါကြောင့် ပုထုဇဉ်တို့ရဲ့ အတိတ်ကံစာရင်းကတော့ ကမ္မဘဏ်တိုက်မှာ သာရှိပြီး ဘယ်သူမှ ပြန်ကြည့်နိုင် စွမ်းမရှိ ကြလေ တော့ ပုထုဇဉ်တို့ရဲ့ သံသရာ ခရီးလမ်းမှာ ဘယ်လိုကံကြွေးတွေရှိတယ်ဆိုတာကို မသိနိုင်ပါဘူး . . ပေးဆပ်လိုက် ရတဲ့ အခါမှသာ "ဒီလိုအကြွေးတွေရှိခဲ့သကိုး" လို့  သံဝေဂတွေပွားပြီး သံသရာမှာ ဒီလိုကြွေးမျိုး ကင်းဝေးအောင် ကြိုးစားကြရမယ့်သဘောပါပဲ . . .
ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့ ရှေးဆိုရိုးအတိုင်းပဲ ဖြစ်သမျှအကောင်း၊ အဆိုးဆိုတာ ရှေးကံဟောင်းတို့ရဲ့ အကျိုးဆက်ပဲ လို့ အရာရာကို အလိုက်သင့်နှလုံးသွင်းလိုက်ရင် အားလုံး စိတ်ချမ်းသာပါတယ်. . .
ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေအားလုံး သံသရာဝဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ဒီမျှနဲ့ပဲ ကျေကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်. ..
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)Justify Full
(လယ်တီဆရာတော် ဦးဝိလာသ၏တရားထဲမှ ပုံပြင်ကို ကောက်နှုတ်ဖော်ပြပါသည်)
Saturday, January 23, 2010
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီးဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာအယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာမဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆိုစော်ကားနေတာတွေနဲ့ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေအခုလိုဆဲရေးတိုင်းထွာစော်ကားတာတွေဟာအခုမှ
ပေါ်ပေါက်လာတာလည်းမဟုတ်ပါဘူး။ဘုရားရှင်လက်ထက်ကတည်းကစိဉ္စမာနဆိုတဲ့မိန်းမ
ယုတ်ကကိုယ်ဝန်ရှိဟန်ဆောင်ပြီး
စွပ်စွဲတယ်။ဒေ၀ဒတ်ကဆင်ကိုအရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ်ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက်
တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို
သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား
ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။
ငရဲရှိလားမရှိဘူးလားဆိုတာမယုံကြည်သူကိုဖြေရှင်းနေလို့အပိုဖြစ်နေမှာပါပဲ။သူတို့ကိုယ်တိုင်
ရောက်တဲ့နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး
တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း
မိန့်မှာတော်မူခဲ့ပါတယ်။
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင်
ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌
သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌
ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည်
ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊
တရား
သံဃာ
ရတနာမြတ်သုံးပါး၏အပြစ်ကိုပြောဆိုကြသည်ကိုကြားသိကြလျှင်နှလုံးမသာယာခြင်း၊စိတ်မ
ကျေချမ်းခြင်းမဖြစ်ကြရန်မြတ်ဗုဒ္ဓသည်သတိပေးတော်မူပါတယ်။
အဘယ့်ကြောင့်သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏
စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။
မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို
ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို
ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက
ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။
ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ
ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး
အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ
ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။
ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့
အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ
ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။
အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက
ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့
သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့…
အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။
သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော်
ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…
Myanmar in Singapore website မှကူးယူဖေါ်ပြသည်
Monday, January 11, 2010
လောဘ၊ဒေါသ၊မောဟ နည်းအောင်နေကြပါ
MRTV4 နံနက်ပိုင်း ၆ နာရီမှာ အမြဲလွှင့် လေ့ရှိတဲ့ ၀ိပသနာ တရားတွေကို ဆရာတော် အပါးပါး ကဟောကြားတာ ကိုမလွတ်ချင်တာနဲ့ မနက်ပိုင်း လမ်းလျှောက်ချိန်တောင်ပြောင်းပစ်လိုက်ရ
တယ်။တနင်္ဂနွေ နေ့ က လမ်းလျှောက် မလို့ ပြင် ဆင်နေတုံးဆရာတော် ရှင်ဇ၀န (မေတ္တာရှင် ) ရဲ့တရားMRTV4 မှာလာနေတော့ လမ်းလျှောက်မဲ့ အ၀တ်အစား နဲ့ ပဲ ထိုင်နားထောင်ဖြစ်တယ်
ရှင်ဇ၀နတရားတွေကို အကြိမ်တော်တော်များများ နားထောင်ခဲ့ ပေမဲ့ ရိုးသွားတယ်ကိုမရှိသေး
ဘူး။
ဆရာတော်က လောဘ၊ဒေါသ၊မောဟ အကြောင်းတွေကို အသေးစိပ် ဥပမာ တွေ ဖြစ်ရပ်မှန်
တွေနဲ့ ယှဉ် ဟောတာကို နာကြား ရတော့ လောဘ၊ဒေါသ၊မောဟရဲ့ ဆိုးကျိုးတွေ၊ လူတွေဟာ
ဒါတွေကိုမသိတော့ပဲတစ်ယောက်နှင့် တစ်ယောက်ကွက်ကျော်ရိုက်တာတွေ ဟာလူဘ၀ကြီးကို တော်တော်ငြီးငွေ့ သံဝေဂ ရစရာတွေပေါ်လာတာတော့အမှန်ပါပဲ။
တရားနာရင်းစဉ်းစားမိတာကတော့ မနေ့ညက TV မှာကြည့်ခဲ့ တဲ့ ကိုရီးယား ဒရာမာမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေ ရဲ့ လောဘ၊ဒေါသ၊မောဟ စရိုက်တွေကြောင့်ဖြစ်ပေါ် ခဲ့တာတွေ ကိုဇာတ်လမ်းဆင်ပြီး ရိုက်ထားတာဆိုတော့ အော် -- ကြည့်တတ်ရင် တရားရစရာပဲ။
စာရေးသူ ဟာလူကြီးပိုင်း ကိုရောက်တဲ့ အချိန်ကစပြီး လောဘ၊ဒေါသ၊မောဟ နည်းအောင်
ကြိုးစား နေထိုင်ခဲ့ပါတယ်။ အရာရာကို ရောင့်ရဲ တင်းတိမ်တတ်တဲ့ စိတ်မျိုးမွေးနိုင်ရင် တကယ်တော့ ကိုယ့်ရဲ စိတ်သန္တာန်ကို အေးချမ်းစေပါတယ်။ ဒါပေမဲ့ စာရေးသူအဖို့ အခုတလောမှာ အေး ချမ်းတဲ့ စိတ်သန္တာန် ကိုမရပဲ နှလုံးအိမ်မှာ ပူလောင်နေပါတယ်။ စာရေးသူနဲ့ ဆက်နွယ်ပတ်သက်ခဲ့တဲ့လူတွေကြောင့် ကိုယ်ကိုယ်တိုင် လောဘ၊ဒေါသ၊မောဟ ကိုရှောင်ပေမဲ့ လည်းသူတို့တွေရဲ့လောဘ၊ဒေါသ၊မောဟ အရှိန်တွေကြောင့်ကိုယ်နှလုံးအိမ် ထိကို ရိုက်ခတ်နေပါတယ်။ ဖြစ်ချင်ရာဖြစ်တော့ကွာ ဆိုပြီးစိတ်မျိုး ရံဖန်ရံခါပေါ်လာတတ်ပေမဲ့ အစွန်းအထင်း မရှိတဲ့ careerမှာ ဖြစ်ရလေခြင်းလို့စိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ်သေရင်ဘာတွေယူသွားမှာလဲ၊ ဘာမှ မယူနိုင်ပါဘူး၊ သေခါနီးအချိန်ကြရင် ခံစားရမဲ့ဒုက္ခ
ကိုတွေးမိလိုက် ရင် ရင်တုံစရာပါပဲ။ ကျန်ရစ်ခဲ့ မဲ့ ကိုယ့်သားသမီးတွေ ပုံရိပ်ကောင်းအောင်
ကိုယ်ကလုပ် ခဲ့ ရမှာပါ။ လောဘနောက် ကိုလိုက်ပြီး စုံးစုံး မြုပ်သွားမဲ့ အခြေအနေမျိုးမရောက်
အောင်ကိုယ်က သတိ ရှိရှိနဲ့နေ ရမှာဖြစ်ပါတယ်။ ကိုယ်က အမည်ပျက်နဲ့ကျန်ခဲ့ရင် သားသမီး
တွေ လောကအလယ်မှာ ခေါင်းဖေါ်နိုင်စရာ မရှိတော့ပါ။
်
Thursday, January 7, 2010
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်
အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။
သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင် ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့် ဆွေးနွေးပုံအကျယ်ကို “အရှုံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရှုနိုင်သည်။ မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ် ကောင်းသည်။ သူ့အတွေးအခေါ်လေး တစ်ခုကို ဖတ်ရှုခံစားကြည့်ပါ။
“လူတစ်ယောက်မှာ တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက် စွဲသောက်လျှင် ကင်းရှင်းစွာ ပျောက်မည့် ဆေးလည်း သူ့အနားတွင် ရှိနေသည်။ သို့သော် သူကား ထိုဆေးကို မသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှ ထုတ်လုပ်သော ဆေးမဟုတ်သောကြောင့် ဟူ၏။ ထိုသို့ မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့် သေဖို့သာရှိ၏။”
“ထို့အတူ လောဘ၊ ဒေါသ စသော ကလေသာရောဂါကို ပျောက်စေမည့် တစ်ခုတည်းသော ဆေးသည် ဗုဒ္ဓ၏ ဝိပဿနာတရားပင် ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာက နည်းလမ်း မဟုတ်သောကြောင့် မသောက်သုံးနိုင်၊ မကျင့်သုံးနိုင်ဟု ဆိုလျှင် ပူလောင်သော၊ အပါယ်သို့ ဆွဲချသော ကိလေသာရောဂါများ မပျောက်ကင်းရုံသာ ရှိ၏။”
မောင်ရဲမြင့်သည် ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် ရဟန်းပြုလိုက်သောအခါ “ဦးဝိသုဒ္ဓိ” ဖြစ်သွား၏။ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းမှာ ငါးဝါခန့် သီတင်းသုံးပြီးနောက် ကော့သောင်းမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ကော့သောင်းမြို့၊ ခုနစ်မိုင်ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် တစ်ပါးတည်း ဧကစာရီ သီတင်းသုံးပြီး ပခုက္ကူဝိပဿနာ သင်တန်းခွေ တရားများကို နာယူလျက် တရားကျင့်နေသည်။
ဦးဝိသုဒ္ဓိသည် သူ့ထံသို့ ရောက်လာသမျှ ဒကာ၊ ဒကာမ များအား အတွေးအမြင်ပါသည့် တရားတိုလေးများကို ဟောပေးလေ့ရှိသည်။ သူ့တရားအများစုသည် အမေးပါသော်လည်း အဖြေမပါပေ။ အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် နမူနာတစ်ခု ဖော်ပြပါအံ့။ တစ်ခါတွင် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓိ၏ တောကျောင်းလေးသို့ ရောက်လာသည်။ ဦးဝိသုဒ္ဓိက စတင် မေးမြန်းသည်။
“ဒကာကြီး … နာမည် ဘယ်လိုခေါ်သလဲ”
“ဦးဘုန်းမြင့်လို့ ခေါ်ပါတယ် ဘုရား”
“ဒကာကြီး၊ အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ”
“တပည့်တော် သူဌေးကျွန်းဟိုတယ် အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ပါတယ် ဘုရား”
“ဒကာကြီး၊ လူလာဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား”
ဦးဝိသုဒ္ဓိ၏ တရားသည် စကားလုံး (၂၇)လုံး ခန့်နှင့် ပြီးဆုံးခဲ့လေပြီ။ ကမ္ဘာ့အတိုဆုံး တရားဟု ဆိုရလေမည်လားမသိ။ ဦးဘုန်းမြင့် အတွက်ကား အံ့သြစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်သွား၏။ လူတစ်ယောက် ဖြစ်နေပါလျက် “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” ကို ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
ဦးဝိသုဒ္ဓိသည် ထိုမေးခွန်းကို ကျောင်းသို့ ရောက်လာသူ အားလုံးအား မေးမြန်းလေ့ရှိသည်။ သို့သော် အဖြေကိုကား ပြောမပြပေ။ အမေးခံရသူကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ စာရေးသူသည် ဤတရားကို ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ ယမုံနာလမ်းတွင် စတင် ဟောကြားခဲ့သည်။
ထိုတရားသည် နာကြားရသူ အားလုံးအတွက် အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်သွားသည်။ အသိဉာဏ်ပညာ အလင်းတွေ အများကြီး ရသွားကြသည်။ ဤတရား ဗီစီဒီအခွေကို သာကေတ၊ (၁)ဈေးလမ်း၊ ရွှေလဝင်း စဆိုးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ဦးကျော်လှ၊ ဒေါ်စန်းတင့် မိသားစုတို့က ဓမ္မဒါနအဖြစ် လှူဒါန်းနေရာ ခွေပေါင်း ထောင်ချီနေပြီဟု သိရသည်။
ထို ယမုံနာလမ်းဘေးမှ မီးသွေးရောင်းသော ဘာသာခြား ဒကာကြီးတစ်ဦးသည် ထိုတရားကို နာကြားမိသွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်။ ထိုဘာသာပြောင်းလာသော ဒကာကြီးသည် ရွှေလဝင်း မိသားစုထံမှ ယင်းတရားခွေများကို ယူ၍ ထပ်ဆင့် ဓမ္မဒါန ပြုနေသည်မှာလည်း ခွေပေါင်း ရာဂဏန်းအထိ ရှိနေပြီဟု သိရသည်။
ထိုဘာသာခြား ဒကာကြီးက ဦးလှဝင်းတို့ မိသားစုအား ပြောခဲ့သော စကားမှာ မှတ်သားဖွယ် ကောင်းလှ၏။
“ကျွန်တော် လူတစ်ယောက် ဖြစ်နေပြီးတော့ ‘လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်’ ကို တစ်ခါမှ မစဉ်းစားမိဘူး၊ လူလာဖြစ်ရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်လို့ပဲ ထင်နေမိတယ်၊ ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိသွားတယ်”
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ ဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်း ဖြစ်၏။
မဏိံ မိဂေါ ပဿန္တောပိ၊
တိဏံ ခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊
ကာမံ ဘုဉ္ဇံဝ ဂစ္ဆတိ။
“သမင်သည် ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ မြက်ကိုသာ စားပြီး တောတွင်းသို့ ဝင်သွား၏။ ထို့အတူ ပညာမဲ့သော လူသားသည်လည်း လူ့ဘဝကို ကုသိုလ်ရဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။”
ဤကား ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်လေးတစ်ခုပင် ဖြစ်၏။
“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။”
(ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” စာအုပ်မှ ကူးယူ၍ ဓမ္မဒါနပြုပါသည်။)
Monday, November 16, 2009
မသေခင် ဖြည့်ဆည်းရမည့် ဘ၀ အရည်အသွေးများ
မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။
မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။
လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။
မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။
ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။
ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။
ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။
လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။
ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။
ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။
ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။
မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။
ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။
ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။
အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။
သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။
အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။
ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။
ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။
သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။
ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။
ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။
“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။
ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။
မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။
ဝန်ခံချက် အများသူငါသံဝေဂ ယူ နိုင်ပါစေ
Thursday, November 12, 2009
လူ့လက္ခဏာ
တာဝတိန်သာနတ်ပြည်ကနတ်တွေဟာစုတေခါနီးရင် ကိုယ်ရောင်ကိုယ်ဝါတွေ မတောက်ပကြ တော့ပါဘူး။ အဲဒီအချိန်မှာ အနားမှာခစားနေတဲ့နတ်သမီးတွေက နတ်သားကိုအမြတ်ဆုံး ဘုံဖြစ်တဲ့ လူဘ၀ ကိုဆုတောင်း ဖို့ ၀ိုင်းတိုက်တွန်းကြတယ်တဲ့။ အော် တို့ လူဘုံမှာ လူလာဖြစ်ရတာ အမြတ်ဆုံးပါလားနော်။
လူတွေထဲမှာ နတ်ဘုံကလာခဲ့ရင် ရုပ်အဆင်းအင်္ဂါလှပကြတယ်။နတ်တွေဟာစုတေခါနီးရင် အိပ်ပျော်သလိုဖြစ်သွားပြီး ကာလမခြား လူ့ပြည်က အမေရဲ့ ၀မ်းဗိုက် ထဲမှာသွေးစက်ကလေး
ကနေ ကာလရေကြည် စဖြစ်လာတာ။ ကံအရှိန်ကအထောက်အပံ့ပေးတာကြောင့် ရုပ်ကော
နမ်ကော တပြိုင်နက်တည်း ဖြစ်လာတာပါ။
အားလုံးအကြောင်းညီညွတ်တဲ့အခါ ကာလရေကြည်ကနေရေမြုပ်ဖြစ်၊ ရေမြုပ်ကနေ မုံ့ကျွဲသဲ
လိုအသားဆိုင်ဖြစ်၊ ကံအရှိန်ကြောင့်ပဲ ခေါင်း၊ခြေ၊လက်တွေဖြစ်ပေါ်လာပြီး နမ်ရုပ် စဖြစ်လာတာပါ။
မြတ်စွာဘုရားရဲ့ လက္ခဏာတော် ၃၂ ပါးရှိတဲ့ အနက်ဘုရားရဲ့မျက်လုံးတော်ဟာ အလှအပဆုံးပဲ
ဒီခေတ်ဒီအချိန်မှာမျက်လုံးလှတဲ့ ခလေးမွေးဖွားခဲ့ ရင် ခလေးအရှိန်ကြောင့် မိဖတွေတော်တော်
ချမ်းသာလာလေ့ရှိတယ်။မျက်လုံးတည်ဆောက်ပုံကိုကြည့်ပြီး လူကဲခတ်လို့ရတယ်။မြတ်စွာဘု
ရားသခင်ရဲ့လျှာတော်ဟာလည်းပါးလွှာပြီးနှုးညံ့ပျော့ပြောင်းပါတယ်။စကားပြောရင်ဆဲ
တာဆိုတာမရှိသိမ်မွေ့ညှင်သာစွာပြောတတ်တယ်လို့ကျမ်းဂန်တွေထဲမှာ
ဆိုထားပါတယ်။
ခလေးရဲ့အသားအရေနှုးညံ့နေအောင်ကံအရှိန်က လုပ်ပေးနေတာဖြစ်ပါတယ်။လက်သန်းထိပ်
ကလက်ခလည် အပေါ်လိုင်းကိုမှီနေရင်ဖြစ်စေ၊ကျော်နေရင်ဖြစ်စေ၊ဒီခလေးဟာတော်တော်စေ
တနာကောင်းတတ်ပါတယ်။ လက်ချောင်းတွေအဖျားရှုးနေရင် ဒေါသတအားကြီးတတ်ပါတယ်
ပိန်ပေမဲ့ လက်ခုံလေးတွေပြည့်နေရင်ကောင်းတယ်၊ ချမ်းသာတတ်တယ်။ဝတဲ့လူတိုင်းလက်ခုံ
မပြည့်တတ်ဘူး။လက်ခုံလေးတွေချိုင့်နေရင် ဆင်းရဲတတ်တယ်။
အမိဝမ်းတွင်းသန္ဒေ္ဓ္ဓတည်နေချိန်မှာခလေးနှလုံးနဲ့ မိခင်ချက်တိုင်ကဆက်ထားတာပါ။ခလေးစား
ချင်တာမိခင်နှလုံးမှာပေါ်လာပြီး မိခင်တွေချဉ်ချင်းတတ်ကြတာပါ။ အမျိုးသမီးတစ်ယောက်
ကိုယ်ဝန်လွယ်ထားရချိန်မှာ အိမ်ဘေးက ငန်းကြီးကို လည်လိမ်ချိုးပြီး သွေးသောက်ချင် တဲ့
ဆန္ဒပေါ်လာခဲ့လို့ လူအလစ်မှာ လုပ်လိုက်မိတယ်တဲ့။ မွေးလာတဲ့ ခလေးကတော်တော်ဆိုး
ပြီး ကြီးလာတော့ ထောင်တွေဘာတွေကျ ကုန်တယ်။ ဒါဆရာတော် ဟောတဲ့တရားထဲမှာပါ
တာ။တကယ်တော့ သစ်ခေါက်တွေခွာစားချင်တာ၊ အမဲသားစားချင်တာ၊ အသီးအနှံစားချင်
တာတွေဟာ ဗိုက်ထဲက ခလေးရဲ့ ချဉ်ချင်းပါ။
လူ့အချိုးအစားအရပ်အမောင်းဟာ အချိုးညီညီရှိရပါမယ်။မတ်တပ်ရပ်ရင်ဒူးခေါင်းကိုကိုင်ကြည့်
နိုင်ရပါမယ်။ လူတွေထဲမှာ တစွပ်ထိုးလုပ်တတ်တဲ့သူဟာ အရပ်အမောင်း အချိုးအစား မကျန
တတ်ပါဘူး။ လူအရေပြားကြမ်းတမ်းနေတဲ့ သူဟာရှေနောက် မစဉ်းစားတတ်ပဲ ထင်ရာလုပ်
တတ်ကြပါတယ်။ အရေပြားနှုးညံ့နေရင် ဆရာက်ုချဉ်းကပ်တတ်ပြီး ရှေနောက်ဆင်ချင်ကာ
အေးအေးဆေးဆေး နေတတ်ကြပါတယ်။
မြတ်စွာဘုရားသခင်ရဲ့သွားတော်များဟာပေါက်တာညီညာပြီးကျဲခြင်းထပ်ခြင်းမရှိပဲ အချောင်း
၄၀ ရှိပါတယ်။ ကြာနီကန်ဆရာတော်ရဲ့ အထုပ္ပတ္တိကိုလေ့လာကြည့်တဲ့အခါ ဆရာတော်မှာ
သွားအချောင်းပေါင်း ၄၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်းဆရာတော်ရဲ့ဂုဏ်သတင်း
ဟာကျော်ဇောခဲ့တာပါ။ သွားတွေထပ်နေရင် အဲဒီလူဟာ ကူလီကူမာပြောတတ်ပြီးအလှည့်
အပတ်များတတ်ပါတယ်။
ခလေးသန္ဒေ္ဓတည်တာနဲ့ မိဖကိုအကျိုးပေးတတ်ပါတယ်။အချို့ ကခလေးသန္ဓေရှိတာနဲ့ မိဖ
လုပ်သူတွေချမ်းသာလာကြပါတယ်။ အချို့မိဖတွေကတော့ ကွဲကုန်တတ်ကြပါတယ်။ဒါ
ကြောင့်လူတွေအကြောင်းကိုသိတဲ့ ပုဂ္ဂိုလ်တွေရှေ့သွားတောင်မရပ်ရဲပါဘူး။ ကိုယ့်အကျင့်
စရိုက်ကို ဖတ်ယူ လိုက်မှာ စိုးလို့ပါ။ တကယ်တော့ မြတ်စွာဘုရားသာလျှင် အားလုံး ပြီးပြည့်စုံတဲ့လက္ခဏာတော် ၃၂ ပါးရှိတာပါ။ဒါကလည်းလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့် ခဲ့တဲ့ အရှိန်အဟုန်ကြောင့်ပါ။ ရိုးရိုးလူတွေမှာ မပြည့်မစုံ ရှိနေတာကတော့
ဘ၀ကံအကျိုးပေးတရားအပေါ်မူတည်နေပါတယ်။
(၀န်ခံချက်/ ပိုင်းလော့ဆရာတော် ရဲ့ ဟောကြားချက် ကို ပြန်လှန်လေ့ကျင့် ရင်းရေးထားခြင်းပါ။)
Tuesday, October 6, 2009
အစားကောင်းလေး စားရရင် မိတ်ဆွေတွေကို ကျွေးချင်
မိတ်ဆွေကောင်းဆိုတာစားစရာကောင်းလေးတစ်ခုရရင်ဝေမျှစားချင်တယ်။လွန်ခဲ့တဲ့ ၈ လလောက်ထိစာရေးသူဟာ ၀ိပသာနာတရားတော်နဲ့ပတ်သက်လို့နလပိန်း
တုံးပါ။ရွယ်တူသူငယ်ချင်းတွေတရားစခန်းဝင်ကြတာတွေကြားတော့ကိုယ်လည်းဝင်
ချင်လာတယ်။
ငါများနောက်ကျနေပြီလားဟုပူပန်မိတယ်။ရုံးအလုပ်တွေများနေ
လို့ဆိုပြီးမဆီမဆိုင်ကိုယ့်ထမင်းကျွေးတဲ့အလုပ်ကိုယိုးမယ်ဖွဲ့ခဲ့သေးတယ်။
ဒီလိုနဲ့ ဂေါက်သီးရိုက်တုံး ဂေါက်ရိုက်ဖေါ်မိတ်ဆွေ ကိုတင်ဦးတို့ နဲ့တရားအ
ကြောင်းဘာဘာညာညာပြောရင်းအသက်ကလေးရလာတော့ တရားထိုင်ကြည့်ချင်တယ်ကွာဆိုပြီးထုတ်ပြောမိတယ်။
ကိုတင်ဦးကကိုယ်ထက်ဝါရင့်တော့ ဆရာ တရားမထိုင်ခင် တရားကိုအရင်နာအုံး၊
တရားစာအုပ်တွေဖတ်အုံးဆိုပြီးပြောတယ်။ အေးလေ ငါ ဘယ်စာအုပ်ဖတ်ပြီးဘာ
လုပ်ရမှာလည်းလို့မေးတော့ မေတ္တာရှင် (ရှင်ဇ၀န)ရဲ့ mp3 ခွေတွေနဲ့မဂ်တားဖိုလ်
တားအန္တရာယ်များ စာအုပ်ပို့ပေးလိုက်မယ်။အဲဒါတွေကိုအရင်နားထောင်အုံး၊ဖတ်
အုံးလို့ပြန်ပြောတယ်။
ဒါနဲ့သူပို့ပေးတဲ့ mp3ခွေထဲကကော့သောင်း၊ဘိတ်၊ရွှေပြည်သာမှာရှိတဲ့ကျောင်းတွေ
မှာဆရာတော်ရှင်ဇ၀နဟောကြားတော်မူသောခေါင်းစဉ်အမျိုးမျိုးနဲ့ တရားတွေကို
နားထောင်ဖြစ်ခဲ့ပါတယ်။ဟောကြားတဲ့တရားတွေထဲမှာ သုတ္တန်တွေလည်းပါသ
လိုဝိပသာနာအလုပ်ပေးတရားတွေလည်းပါပါတယ်။ ဆရာတော်ဟာဝိပသာနာ
တရားဟောတဲ့အခါ ရှင်းရှင်းလင်းလင်းရှိပြီးအခြေခံတွေကိုပိုင်ပိုင်နိုင်နိုင်သရုပ်ခွဲ
ပြောပြနိုင်ပါတယ်။ပါဠိတွေသိပ်မပါပဲ မြန်မာစကားနဲ့ကွင်းကွင်းကွက်ကွက်ပေါ်
အောင်ဟောကြားပေးနိုင်ခဲ့တာကြောင့်တရားနားထောင်တာအရသာခံတတ်
လာပါတယ်။တနည်းပြောရရင်တရားခွေနားထောင်ရတာမပျင်းတော့ပဲနားထောင်
ပြီးရင်းနားထောင်ချင်လာပါတယ်။
ကိုတင်ဦးကဆက်လက်ပြီးသညာသိနှင့်ပညာသိစာအုပ်နဲ့ မိုးညှင်းပိုင်းလော့ဆ
ရာတော်ရဲ့ တရားခွေတွေနဲ့ကိုဆက်ပို့ပေးပါတယ်။မေတ္တာရှင်(ရှင်ဇ၀န) ရဲ့စာအုပ်ပါ။
စာအုပ်ဖတ်လိုက် တရားနားထောင်လိုက်နဲ့မိမိရဲ့ပိုနေတဲ့ အချိန်တွေကိုအကျိုးရှိရှိအသုံးချနိုင်ခဲ့ပါတယ်။
အခုဆိုရင် ရှင်ဇ၀နရဲ့တရား အပုဒ် ၂၀၀ ကျော်ကိုနားထောင်(တရားနာ)
ပြီးဖြစ်ပါတယ်။သုတ္တန်ကောဝိပသာနာအလုပ်ပေးတရားတွေဖြစ်ပါတယ်။
ဝိပသာနာတရားတွေကိုတော့အကြိမ်ကြိမ် နားထောင်ဖြစ်ပါတယ်။ရှင်ဇ၀န
ကအခြေခံကျကျဟောတာဆိုတော့ ဆိုတော့နားလည်လွယ်ပါတယ်။နောက်
တဆင့်တက်ပြီး အခုအချိန်မှာ ပိုင်းလော့ဆရာတော်တရားတွေဆက်နားထောင်
ဖြစ်ပါတယ်။
ဒီလိုနဲ့ဒီကနေ့မနက် ဂေါက်သီးရိုက်တော့ ကိုတင်ဦးမလာဘူး၊ ရုံးချိန်ရောက်တော့ရုံးလိုက်
လာတယ်။ လာရခြင်းအကြောင်းကတော့ မြောက်ဦးဆရာတော်ရဲ့ တရားခွေလာ
ပေးတာ။ သူနားထောင်ရတာအလွန်ကြိုက်တော့ကိုယ့်မိတ်ဆွေအစားကောင်း
လေးလာကျွေးတဲ့သဘောပါပဲ။ အခုတလောကိုတင်ဦးနဲ့ စာရေးသူနဲ့ ကတွေ့လိုက်ရင်တရား
အကြောင်းပြောဖြစ်တာများတယ်။ သူပြောတဲ့ တရားခွေ နံပါတ် ၈၈ ကနေ ၉၄ ထိ
အလုပ်ပေးတရားကိုနားထောင်ရအုံးမယ်။ သူ့အပြောကတော့ကြက်သီးတောင်တဖြန်းဖြန်းထတာဆိုလာပဲ။
မိတ်ဆွေကောင်း ဆိုတာကောင်းတာလေး စားရရင် share လုပ်ချင်တဲ့သဘောပါ။
Monday, October 5, 2009
၂၅မှတ်ဆန်ပဲပို့နေအုံးမှာလား
ဘလော့ဂ်မရေးတာကြာလို့မိတ်ဆွေတွေကမေးကြတယ်။အလုပ်နည်းနည်းရှုပ်
တာကတကြောင်း၊ သိတဲ့အတိုင်းပဲစိတ်မပါရင်မလုပ်ချင်တဲ့ စာရေးဆရာတွေရဲ့ ဇီဇာကြောင်မှုတွေကြောင့်တကြောင်းမရေးဖြစ်တာပါ။
ဒါပေမဲ့ အကျိုးရှိတဲ့ အလုပ်
တော့နေ့တိုင်းလိုလိုလုပ်ဖြစ်တာကကျေနပ်စရာပါ။ ဘာလဲဆိုတော့ ရှင်ဇ၀န နဲ့ပိုင်းလော့ဆရာတော် တို့ရဲ့ဝိပသာနာတရားခွေတွေကိုကြည့်ဖြစ်နားထောင်ဖြစ်ပါ
တယ်။ ဆရာတော်ရှင်ဇ၀နကတရားနာတာဟာတရားကျင့်တာနဲ့တူတူ ပဲလို့ဟော
ပြောတဲ့အတွက်အော်ငါတရားကျင့်ဖြစ်ပါလားဆိုပြီးကိုယ်ကိုကိုယ်ကျေနပ်မိပါ
တယ်။ဝိပသာနာနဲ့ပတ်သက်လို့ ကိုယ်ဘယ်လောက်သိသလဲဆိုတာ ပြန်လှန်စာရေးကျင့်ရပါအုံးမယ်။
ရေးချင်တာကတော့ဆန်စပါးအကြောင်းပါ။ဆန်ကိုပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပြည်ပတင်ပို့ခွင့် ပြုလိုက်တော
့ ဆန်စပါးလုပ်ငန်းကိုယခင်က မလုပ်ဘူးသေးတဲ့ လုပ်ငန်းရှင်တွေဝင်ရောက်လုပ်ကိုင်ဖို့တာစူလာကြပါတယ်။
ကုန်သွယ်လယ်ယာ
ပိုင်ဆန်စက်တွေကို အပြိုင်လေလံဆွဲကြသလို ဆာတာကေး၊ ဘူလာ၊ ထိုင်း REC၊
တရုတ်ဆန်စက်တွေကိုပြည်တွင်းမှာတည်ပြီး လုပ်ငန်းလုပ်ကိုင်ဖို့ အသီးသီးပြင်ဆင်နေကြတာလည်းကြားသိရပါတယ်။
ဒီလိုအချိန်နဲ့ ကိုက်ပြီးစာရေးသူလည်း မြန်မာဆန်စပါး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး စာအုပ်ကိုကောမာစ်ဂျာနယ်တိုက်ကနေထုတ်ခဲ့ပါတယ်။ ရည်
ရွယ်တာကတော့ ဆန်စပါးအထူးပြုဦးဆောင်ကုမ္ပဏီတွေအတွက်ပါ။ ကုန်
သွယ်လယ်ယာလက်ထက်တုံးကတော့ ဆန်စပါး supply chain ကိုဝယ်ယူ
ရေးကနေစပြီးတည်ဆောက်ခဲ့တာပါ။ကုန်သွယ်လယ်ယာလက်ထက်တုံးကတော့
တစ်ပြည်လုံးပေါ့။ အခုဆန်စပါးအထူးပြုကုမ္ပဏီတွေကတော့ သူဦးဆောင်ရမဲ့
နယ်မှာ မျိုးစပါး သွင်းအားစုပံ့ပိုးတာကအစ စိုက်တာပျိုးတာတွေအလယ်
သိုလှောင်ကြိတ်ခွဲ တင်ပို့တာအဆုံး supply chain တစ်ခုလုံးကိုတည်ဆောက် ရမှာ ဖြစ်တော့စိန်ခေါ်မှုတွေပိုများလာတာပေါ့။
ဆန်အထူးပြုကုမ္ပဏီတွေသက်ဆိုင်ရာ ဒေသတွေမှာ ဘာတွေလုပ်သင့်တယ်ဆို
တာအကြံပြုချင်ပါတယ်။ ပြည်ပတင်ပို့ တဲ့မြန်မာဆန်အရည်အသွေးဟာ နှစ်ပေါင်းများစွာ မြန်မာ၂၅မှတ်အဆင့်မှာပဲ ရှိနေ ခဲ့တာဟာစာရေးသူတို့ညံ့လို့
ပဲလို့ပြောရမလိုဖြစ်နေပါတယ်။တစ်လောကပဲခူးတိုင်း(နောက်) ပြည်ခရိုင်အင်းမ
တစ်ဝိုက်ကစိုက်ပျိုးထွက်ရှိတဲ့ဆန်နမူနာတွေကိုစစ်ဆေးသုံးသပ်ပေး
ဖို့သူငယ်ချင်းလုပ်ငန်းရှင်တစ်ဦးကလာပြပါတယ်။
ပြည်မြို့နယ်က စိုက်ပျိုးထွက်ရှိတဲ့ ရွှေပြည်တန် နဲ့ ဆင်းသွယ်လတ်စပါးကကြိတ်
ထားတဲ့ဆန်တွေကိုတွေ့လိုက်ရတော့ ဆန်ရည်ဆန်သားသာမက လုံးရှည် လုံး
သွယ်အဆင့်ကိုမှီတဲ့တွက် အလားအလာအလွန်ကောင်းတဲ့ဆန်ဖြစ်နေတာကို
တွေ့လိုက်ရတော့ တော်တော်ကျေနပ်မိပါတယ်။ ဗိုက်ဖြူ ၀မ်းဖြူဆိုတာလုံးဝမ
တွေ့ရသလိုဆန်ဟာလည်း extra long grain ( 7mm above) whole kernel များတော်တော် ပါဝင်နေတာကိုတွေ့ ရပါတယ်။ဒီလိုအရည်အသွေးမျိုးသာတပြည်
လုံးစိုက်နိုင်လို့ကတော့ ထိုင်းတွေလန့်မယ်ဆိုရင်လန့်လောက်ပါတယ်။ cooking quality eating quality တော့ထမင်းချက်မစားရလို့ မသိနိုင်ပေမဲ့ အရောင်အသွေးက translucent ဖြစ်တော့စားကောင်းလိမ့်မယ်လိုတထစ်ချ
ယုံကြည်မိပါတော့တယ်။
Thursday, August 27, 2009
စိတ်ဖြစ်တဲ့ဌာန (၆) ခု
မျက်စေ့ထဲမှာ စက္ခုပသာဒ လို့ခေါ်တဲ့ အကြည်ရုပ်ရှိတယ်။မြင်တတ်သောသတ္တိရှိတယ်။မှန်ချပ်လေးနဲ့တူတယ်။ဝဏ္ဏ အဆင်းရုပ်ဟုခေါ်သောရူပါရုံ က စက္ခုပသာဒကို
လာတိုက်လျှင်စက္ခုဝိဥာဏ်စိတ် ဖြစ်ပေါ်လာမည်။ စက္ခုပသာဒသည် အခံဓါတ်၊ ၀ဏ္ဏ အဆင်းရုပ်က အတိုက်ဓါတ်၊ စက္ခုဝိဥာဏ်စိတ်က အပေါ်ဓါတ် ဟုမှတ်ရပါမည်။
စက္ခုဓါတ် ----------------------ရူပါဓါတ်----------------------စက္ခုဝိဥာဏ်ဓါတ်
အခံဓါတ်------------------------အတိုက်ဓါတ်----------------------အပေါ်ဓါတ်
မျက်စေ့-------------------------အဆင်း---------------------------မြင်သိစိတ်
အဲတော့ ငါ၊လူ၊ယောင်္ကျားး၊ မိန်းမ က မြင်တာလား? ဓါ တ် ၃ ပါးတိုက် ဆိုင်ပြီးတော့ မြင်တာလား၊
နားအတွင်းမှာ လက်စွပ်ကွင်းသဏ္ဌာန် သောတအကြည်ရုပ်ရှိတယ်။ မှန်ချပ်ကလေးကဲ့ သို့သူလာတိုက်လျှင် ကြားတတ်သော သတ္တိရှိသည်။ ကြား သိစိတ်လေး သောတ၀ိဥာဏ် ဓါတ်
ဖြစ်ပေါ်လာတတ်တယ်။
သောတဓါတ်-----------------သတ္တရုပ်------------------သောတ၀ိဥာဏ်ရုပ်
အခံဓ်ါတ်----------------------အတိုက်ဓါတ်-------------------------အပေါ်ဓါတ်
နား---------------------------- အသံ-------------------------------ကြားသိစိတ်
နှာခေါင်းအတွင်းမှာ ဆိတ်ခွံသဏ္ဌာန်ဃာနပသာဒအကြည်ရုပ်လေးရှိတယ်။ အနံ့မျိုးစုံလာတိုက်ရင် နံသိစိတ်လေးဖြစ်ပေါ်တယ်။
ဃာနဓါတ်--------------------ဂန္ဓါဓါတ်-----------------------ဃာန၀ိဥာဏ်ဓါတ်
အခံဓါတ်---------------------အတိုက်ဓါတ်-------------------------အပေါ်ဓါတ်
နှာခေါင်း---------------------အနံ့ ---------------------------------နံသိဏိတ်
ပါးစပ်ထဲက လျှာပေါ်မှာ ကြာရွက်ဖျားသဏ္ဍာန် ဇိဝှာပသာဒအကြည်ရုပ်ရှိတယ်။ လျှာ ----အရသာ-------စားသိစိတ် ဖြစ်ပေါ်တတ်တယ်။
ဇိဝှာဓါတ်----------------ရသဓါတ်--------------------ဇိဝှာဝိဥာဏ်ဓါတ်
အခံဓါတ်----------------အတိုက်ဓါတ်------------------------အပေါ်ဓါတ်
လျှာ---------------------အရသာ----------------------------စားသိစိတ်
လူခန္ဓာကိုယ်မှာတို့ ထိကြည့် မိရင် နာတတ်တဲ့နေရာ ကာယပသာဒရုပ်ရှိတယ်။ တိုတို ပြောရရင် ဆိတ်ကြည့် လို့ နာတတ်တဲ့နေရာတိုင်းမှာ ကာယဓါတ်ဆိုတာရှိတယ်။
အတွေ့အထိ ကြောင့်ထိသိစိတ်ဖြစ်ပေါ်ရတာပါ။
ကာယဓါတ်-------------ဖေါဠဗ္ဗာဓါတ်------------------------ကာယ၀ီဥာဏ်ဓါတ်
အခံဓါတ်----------------အတိုက်ဓါတ်------------------------အပေါ်ဓါတ်
ကိုယ်-------------------အတွေ့အထိ-------------------------ထိသိစိတ်
မနောအကြည်ဓါတ်ကလေးကို ဓမ္မာရုံ ကလာတိုက်တဲ့အခါ တွေးကြံသိစိတ်ဖြစ်တယ်။မနောဓါတ်ဟာနှလုံးထဲမှာ ရှိတယ်။ ဟာဒယ၀တ္တု လို့ခေါ်တဲ့ နှလုံးခွက်ထဲမှာ နှလုံးသွေး တစ်လက်စွမ်းခန့် နှလုံးခွက်ထဲမှာ ရှိတယ်။ မနောဓါတ်ဟာ နှလုံးထဲမှာရှိတယ်။ ရှေ့ ဖြစ်ကိုတွေးတာ အတိတ်အကြောင်းကိုတွေးတာတွေအားလုံး မနောဓါတ်ကနေဖြစ်တာပါ။ မနောဝိဥာဏ်စိတ်ဆိုတာဖြစ်ပေါ်လာရတယ်။
မနောအကြည်ဓါတ်-------------ဓမ္မာရုံ--------------------မနောဝိဥာဏ်စိတ်
အခံဓါတ်-----------------------အတိုက်ဓါတ်--------------အပေါ်ဓါတ်
စိတ်ကူးကြံစည်လို့ ရတဲ့ အာရုံတွေဟာဓမ္မာရုံတွေပဲဖြစ်တယ်။ ဒါကြောင့် စိတ်ကူးကြည့်လိုက်လို့ပေါ်လာတဲ့ အဆင်း၊အသံ၊အနံ့၊ အရသာ၊အတွေအထိ၊တွေအားလုံး
ဓမ္မာရုံထဲမှာ ပြန်ပါလာတတ်ပါတယ်။
သိပ္ပံမှာ သိစိတ်ကဥနှောက် က နေလာတယ်။ ဗုဒ္ဓါဝါဒမှာ သိစိတ်က နှလုံးအိမ် မှာဖြစ်တယ်။ ရောဂါနဲ့သေသွားတဲ့ လုနာက်ု အသက်ရှိ မရှိ နလုံးမှာပဲစမ်းသပ်ပါတယ်။နှလုံး၏သားမှာ
ဝိညာဉ်သိစိတ် ရှိနေသေးရင် မသေသေးဘူးပေါ့။
်
Sunday, August 23, 2009
ခန္ဒာ ငါးပါးကို ပရမတ်အမြင်ဖြင့် ကြည်ရှုခြင်း
ပရမတ် အမြင်နဲ့ ကြည့် ရင် လူ ဆိုတာမရှိပါ။ယောက်ျား၊ မိန်းမ ဆိုတာလည်းမရှိပါ။ ဒါကြောင့် ငါ ဆိုတာမရှိ
ပါ။ခန္ဓာ ၅ ပါး ပရမတ်အမြင်နဲ့ ကြည့် ရမှာဖြစ်တယ်။ (မီးပျက်သွားလို့ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတာပါ)
ရူပက္ခန္ဓာ ဟာဖေါက်ပြန်သော သဘောတရား သာဖြစ်တယ်။ အတုံး အလုံး အခဲ ဘာမှ မဟုတ်ဘူး။ ဥပမာ
ပြရရင် ရေမြုပ်နဲ့ တူတယ်။ အဝေးကကြည်ရင်အတုံး အလုံး အခဲ လိုလို နဲ့  တွေ့ ပေမဲ့ လက်နဲ့ ချေ ကြည့်လိုက်
ရင် အနှစ်အသားတွေမတွေ့ ရတော့ဘူး။ဝိပသာနာဥာဏ်နဲ့ ကြည့် လိုက်တော့ သဘောတရားပဲ ရှိတာကိုတွေ့
ရမယ်။
ဝေဒနက္ခန္ဓာ ကိုရေပွက်နဲ့ တူတယ်လို့ ဥပမာပေးတယ်။ ရေကန်ထဲမှာ မိုးပေါက်တွေကျ နေ ရင် ရေတစ်ပွက်
ဖြစ်လိုက် တစ်ပွက်ပျောက်လိုက် နဲ့ တစ် စက္ကန့် အတွင်း ဖြစ်တယ်ပျက်တယ် ဆိုတာ ကုဍေ ၁ သိန်းကျော်
တယ်။ ငါ အကြာချည်း ခံစားနေရပါလားလို့ ထင်ချင်ထင်မယ်။ခံစားနေရတာမဟုတ်ဘူး၊ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတာပါ။
သညက္ခန္ဒာ ကတော့ တံလျှပ်နဲ့ တူတယ်။ သညာစေတသိတ် ဟာမှတ် သားတတ်သော သဘောတရးရှိတယ်။
ယေင်္ကျား မိန်းမ ငါ ကမှတ်တာမဟုတ်ဘူး။ သညက္ခန္ဓာကမှတ်တာဖြစ်တယ်။ စားစရာအမည်၊လူနံမည်၊ အိမ်အ
မှတ် စတာတွေကို ငါ ကမှတ်နေတာမဟုတ်။ သညာရဲ့ အလိမ်ကိုခံနေရတာဖြစ်။
သင်္ခါရက္ခန္ဓာ ဟာစေတနာ ဦးဆောင်တတ်ပြီး တိုက်တွန်းတဲ့သဘောတရား၊ နှိုးဆော်တတ်သောသဘေတရား
ရှိတယ်။စေတသိတ် ၅၂ လုံးထဲ က ဝေဒနာစေတသိတ် ၂ လုံးနှုတ် ရင်စေတသိတ် ၅၀ ကျန်မယ်။ ကောင်းတာ
ဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လုပအောင်တိုက်တွန်း တာဟာသင်္ခါရက္ခန္ဓာ ဖြစ်တယ်။ ဥပမာနဲ့ ပြောရရင်သင်္ခါရက္ခန္ဓာ
ဟာ ငှက်ပျောပင်နဲ့ တူတယ်။ ငှက်ပျောပင်စည်ကို အဖတ်တွေခွာပစ်လိုက်တဲ့အခါ ဘာအနှစ်သာရ မှ မရှိတာ
ကိုတင်စားပြောလိုတာကြောင့် ငှက်ပျောပင်နဲ့တူတယ်လိုဆိုလိုတာဖြစ်ပါတယ်။
နောက်ဆုံးခန္ဓာ တစ်ခုကတော့အာရုံကိုသိတတ်သော သဘောရှိတဲ့ ၀ိဥာဏက္ခန္ဓာ ဖြစ်ပါတယ်။တကယ်တော့
ခန္ဓာ ဖြစ်အောင်လုပ်တာဟာ အကြောင်း ၃ ပါး ဖြစ်တဲ့ အ ၀ိဇ္ဇာ၊ တဏှာ၊ ကံ တြို့ဖစ်ပါတယ်။ခန္ဓာ ရဲ့ ဒုက္ခ
ကိုမသိတဲ့ အ၀ိဇ္ဖာ၊ ခန္ဓာလိုချင်တဲ့ တဏှာ၊ ပြုလုပ်သော ကုသိုလ် အကုသိုလ် စေတနာ ကံ တို့ကြောင့် ခန္ဓာ
တွေ တစ်ဘ၀ ပြီး တစ်ဘ၀ ဖြစ်လာတာပါ။
Friday, August 21, 2009
ဝိပသာနာတရားအားထုတ်ခြင်း
ကျန်းမာရေးချုချာနေတာကြောင့််ဘလောဂ်မရေးနိုင်ခဲ့ဘူး၊ အခုတလော ၀ိပသာနာ တရားနားထောင်တယ်။ တရားစာအုပ်တွေဖတ်ဖြစ်တယ်။ ဖတ်ရင်း နားထောင်ရင်း မှတ်စုမှတိတတ်တဲ့ အလေ့အကျင့် ကတော့ ဒီကနေ့ ထိလုပ်တတ် နေဆဲပဲ။ဝိပသာနာဥာဏ်စဉ်ရဖို့ဆိုတာ
တော်တော်လုပ်ရလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြန်လှန်လေ့ကျင့်ခဏ်းဆိုတာလုပ်ဖို့ လိုလာပါတယ်။ ကျွန်တော်စဉ်းစားမိတယ်၊
ပြန်လှန်လေ့ကျငိ့ခန်းလုပ်တာကို ဘလောဂ် ထဲမှာ လုပ်လိုက်ရင် ငါလည်းပြန်ဖတ်လို့ရမယ်၊ ဘလောဂ် ကိုလာလည်သူတွေလည်း ဖတ် လို့ရမယ် လို့ ထင်တာကြောင့် ဘလောဂ်မှာရေးခဲ့တာပါ။ ကိုယ်နဲ့ မတန်မရာကိုရေးနေပါလားလို့ မထင်မိကြပါနဲ့။
ဝိပသာနာ ကို စ လေ့လာ တော့ ပညတ် နဲ့ ပရမတ် ဆိုတာ ပထမဆုံးတွေ့ပါတယ်။ လူ၊ ငါ၊ မိန်းမ၊ ယောက်ျား၊ ကြက်ငှက်၊ စတာတွေဟာ ပညတ်တွေ ပါ။ ပရမတ် ဆိုတာ တကယ်ရှိတာ စိတ် ၊စေတသိတ်၊ ရုပ်၊ နိဗ္ဗန် ဆိုတာတကယ်ရှိပါတယ်။ စေတသိတ် ဆိုတာ စိတ်ကိုမှီ ပြီးဖြစ်တာ လို့ဆိုပါတယ်။ စိတ်ဆိုတာမူရင်းသဘော ကတော့ အင်မတန်ဖြူစင်ပါတယ်။ စိတ်ဟာ အာရုံကိုသိတတ်ပေမဲ့ သူ့မှာ ချစ်ခြင်းမုန်းခြင်းမရှိပါ။
ဒါပေမဲ့ ဆိုးယုတ်တဲ့စေတသိတ် နဲ့ တွဲမိရင် ဆိုးယုတ်တဲ့စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။ကောင်းတဲ့စေတသိတ်တွေနဲ့ပေါင်းမိရင် ကောင်းတဲ့စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဥပမာပြရရင် လူတစ်ယောက် မိန်းမချောချောလေးမြင်လိုက်ရင် စိတ် က တော့လူ လို့ပဲသိတာပါ။ တစ်ဖက်ကစွဲလမ်းစရာတွေကိုတွေ့အောင်ရှာတတ်တဲ့ လောဘစေတသိတ် နဲ့ပေါင်းမိပြီးနှစ်သက်စွဲလမ်းတဲ့စိတ်တွေပေါ်လာတာပါ။
နောက်ဥပမာတစ်ခုက ကြည်ညိုစရာသံဃာတစ်ပါးကိုတွေ့ လိုက်ရပြီဆိုရင် စိတ် ကတော့ သံဃာလို့ ပဲသိလိုက်တာပါ။ ကြည် ညိုတတ်တဲ့ သဒ္ဒါစေတသိတ် နဲ့ပေါင်းမိကာကြည်ညို စိတ် လှုဒါန်း လိုချင်စိတ်တွေဖြစ်လာတာပါ။
ဝိပသာနာကိုစလေ့လာတော့ ခန္ဓာ ၅ ပါးကိုစတွေ့တာပါပဲ။
ရူပက္ခန္ဓာ = ဖေါက်ပြန်တတ်သောသဘောတရား
ဝေဒနက္ခန္ဓာ = ခံစားတတ်သောသဘောတရား
သညက္ခန္ဓာ = မှတ်သားတတ်သောသဘောတရား
သင်္ခရက္ခန္ဓာ = တိုက်တွန်းနှိုးဆော်တတ်သောသဘောတရား
ဝိညာဏက္ခန္ဓာ = သိတတ်သောသဘောတရား
ငါဆိုတာမရှိဘူး။ မိန်းမဆိုတာမရှိဘူး။ ယောင်္ကျားဆိုတာမရှိဘူး။ ခန္ဓာ ၅ ပါးဆိုတဲ့သဘောတရားပဲရှိတာ။ ပရမတ်ဥာဏ်နဲ့ကြည့် ရင်
သဘောတရားပဲရှိတာ။ ရုပက္ခန္ဓာမှာ ဖြစ်တာ ပျက်တာတွေဟာ အလွန်မြန်လှပါတယ်။ တစ်စက္ကန့်အတွင်း ဖြစ်တာပျက်တာမြန်လွန်း လို့
လူတွေကဖြစ်နေတယ် အသက်ရှင်နေတယ် ထင်နေကြတာပါ။ တစ်စက္ကန့်အတွင်း ဖြစ်ပျက်ဟာ ကုဋ္ဋေပေါင်း ၁ သိန်းကျော်ရှိ
တယ်လို့ဆိုပါတယ်။ သိပ္ပံသဘောအရပြောရ ရင်တစ်သျှုးတွေဟာ စက္ကန့် နဲ့ အမျှဖြစ်လိုက် ပျက်လိုက်ရှိနေတယ်ဆိုတာဖတ်ရဘူးပါ
တယ်။ထိခိုက်အနာတရဖြစ်ရင် dead tissues တွေအပေါ်မှာ တစ်သျှုး အသစ်တွေဖြစ်လာတာ ဒါမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။
ဝိပသာနာရှုတယ်ဆိုတာဥာဏ်ပညာပါမှ ဖြစ်မယ်။ဥာဏ်ပညာဖြင့် ထိုးထွင်း ပြီးပေါက်ရောက်အောင် ထင်နိုင်မြင်နိုင်ရင် ကိစ္စ ပြီးနိုင်
မယ်လို့ဆိုပါတယ်။ တကယ်တော့ ခန္ဓာဆိုတာ အပေါင်းအစု ပါ။ ရူပက္ခန္ဓာမှာ ကောင်းတာ မကောင်းတာ ဖေါက်ပြန်တာဟာသူ့
ဖါသာဖြစ်တာ ငါ ဆိုတာနဲ့ ဘာမှ မဆိုင်ဘူး။ မရှိတာကို အရှိ ထင်တာ (ပညတ်ကို ပရမတ် ထင်တာ) အရှိကို မရှိ ထင်တာ (ပရမတ်ကို
ပညတ် ထင်တာ) ဒါတွေအားလုံးဟာမောဟတွေပံ။
ဒီပြန်လှန်လေ့ကျင်ခဲ့တဲ့ ၀ိပသာနာတရားတွေ အားလုံး မေတ္တာရှင် (ရြှွှေပည်သာ) ရှင် ဇ၀န နဲ့ မိုဃ်းညှင်းပိုင်းလော့ ဆရာတော် တို့
ရဲ့ တရားခွေတွေ စာ အုပ်တွေနားထောင်ပြီး ပြန်လှန်လေ့ကျင့် ခဲ့တာပါ။
Tuesday, July 28, 2009
တရားမထိုင်ခင် တရားအရင်နာပါ
အသက်အရွယ်ကလေးကရလာ၊ ရွယ်တူသူငယ်ချင်းတွေတရားစခန်းဝင်ကြ ၊ နဲ့ ဒီသတင်းတွေကြားရတော့  အော် ငါ လည်းအသက်အရွယ်ရလာပြီ။ တရားနဲ့ ပတ်သက်ပြီး ငါဘာမှ မလုပ်နိုင် သေးပါလားလို့ မိတ်ဆွေတစ်ဦး ရှေ့မှာ ညည်းမိတော့ မိတ်ဆွေက တရားထိုင်ဖို့မကျိုးစားနဲ့ အုံး၊ ရူးသွားလိမ့်မယ၊် အရင်တရားနာအုံးဆိုပြီး mp3 အခွေ stick တစ်ခုနဲ့စာအုပ် ၂အုပ်လက်ဆောင်လာပေးတယ်။
ကလောင်အမည်မေတာရှင် (ရွှေပြည်သာ) ၊ဆရာတော် ရှင်ဇ၀န နဲ့ မိုးညှင်းပိုင်းလော့ဆရာတော် တို့ရဲ့ mp3 အခွေ၊ ဆရာတော်ရှင်ဇ၀နရဲ့ မဂ်တားဖိုလ်တားအနရာယ်များစာအုပ် တို့ကိုလာပေးတယ်၊ အရင်ကတရားစာအုပ် ဖတ်ရင် စိတ်ဝင်စားမှုနည်းတယ်။ ဒီတစ်ခါတော့ စိတ်ပါဝင်စားစွာတစ်ခေါက်ဖတ်ကြည့်တယ်။ ဖတ်ရင်းနဲ့မှတ်ချင် စိတ်ပေါ်လာလို့ စာအုပ်မှာမှတ်ခဲ့တယ်။ စာအုပ်ကိုအကြိမ်ကြိမ်ဖတ်တာ ဘယ်နှစ်ကြိမ်ရှိပြီလည်း ဆိုတာမမှတ်မိ တော့ဘူး။
ဒါနဲ့အမေအကြောင်းပြန်စဉ်းစားကြည့်မိတယ်။ အမေကမိုးကုတ်ဝိပသာနာကိုလုပ်တယ်၊အားထုတ်တယ်။အမေနဲ့
အဖေ တို့မိုးကုတ်ဆရာတော်ကြီးနဲ့ ရေစက်မဆုံ မိခဲ့ရတာကိုယခုတိုင်မှတ်မိနေသေးတယ်။ ခလေးတုံးက တစ်ရက် အမေက တောင်မြို့ အမရပူရမှာရှိတဲ့ မိုးကုတ်ဆရာတော်ကျောင်းဆီကိုလိုက်ပို့ဖို့ အဖေကိုပြောတော့ အဖေကကျောင်းပိတ်ရက်လည်းဖြစ်နေ မောရစ်မိုင်နားကားလေး မောင်းပြီးအမေအလိုအတိုင်း အမရပူရကို မောင်းသွားကြတာ တစ်နာရီကျော်ကျော်လောက်ကြာတော့အမေနဲ့ အဖေ မျက်စိမျက်နှာပျက်ပြီး ပြန်ရောက် လာကြတယ်။
အမေပြန်ပြောတာက ငါတို့လည်းကျောင်းထဲကားရောက်ရော ကပိယလုပ်တဲ့ မိန်းမကြီးတစ်ယောက် ရှိုက်ကြီး တငင်နဲ့အော်ငိုတာကြားတာနဲ့ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ လို့မေးတော့ဆရာတော်ကြီး အခုပဲပျံလွန်တော်မူ သွားပြီ ဆိုတာသိလိုက်ရတယ်။ အမေကငါတို့ ကားကျောင်းထဲလည်းရောက်ရော ငိုသံတွေကြားပြီး ဆရာတော် ကြီးပျံလွန်တော်မူသွားတော့ ဆရာတော်ကြီးကို ငါတို့မဖူးထိုက် ဘူးနဲ့တူတယ်လို့ စိတ်မကောင်းစွာနဲ့မှတ်ချက် ချခဲ့တယ်။
ဒါနဲ့ အဖေကအမေ ကိုမိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့ တိတ်ခွေတွေကို ငှားပြီးကူးပေးခဲ့ တယ်။ အမေလည်းမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့စာအုပ်တွေ အတွဲလိုက်ဝယ်ဖတ်ပြီး တရားအားထုတ်ခဲ့ တယ်။ မောင်တိုင်ပင်တို့ကငယ်သေးတော့ အမေတရား ခွေဖွင့်နားထောင်တာ၊ တရားထိုင်တာလောက်ပဲ မှတ်မိ တော့တယ်။တရားစာအုပ်တွေတော့ အမေ အမြဲဖတ်နေတာတွေ့ရတယ်။အဲဒီတုံးကတိတ်ရီကော်ဒါ ဆိုတာတော်တော် ရှားသေးပေမဲ့ အဖေကစိတ်ရှည်စွာပဲအမေကိုတရားခွေတွေဖွင့်ပေးခဲ့တယ်။
ရှင်ဇ၀နနဲ့ မိုးညှင်းပိုင်းလော့ဆရာတော်တို့ ရဲ့တရားတွေကို mp3 နဲ့သာမက ipodနဲ့တောင်ကူးပြီး လက်ဆောင် ပေးလို့မောင်တိုင်ပင်မိတ်ဆွေ ကိုတင်ဦး ကို အရမ်းကျေးဇူးတင်မိပါတယ်။ ဆရာတော် ၂ ပါးကိုဖူးချင်ပေမဲ့ ယနေ့ထိတော့အခွင့်အရေးမရသေးဘူး။ တရားကိုနာရင်းနာရင်း ကြိုက်နှစ်သက်လာလိုက် တာတစ်နေ့မှာ တရားတစ်ပုဒ်မနာရသေးရင်တစ်ခုခုလိုနေသလိုပါပဲ။ လမ်းလျှောက်ရင် mp3နားကြပ်နဲ့လျှောက်တော့ တွေ့တဲ့ သူတွေ ကဒီအဖိုးကြီး ခေတ်ဆန်နေလိုက်တာ လမ်းလျှောက်ရင်း သီချင်းနားထောင်နေတယ်လို့ ထင်နေကြမှာ သေချာတယ်။ ရုံးကိုအသွားကားပေါ်မှာလည်း ဆရာတော် ၂ ပါးရဲ့ တရားတွေကိုအကြိမ်ကြိမ် ဖွင့်နားထောင် တော့ ယဉ်မောင်းသူတောင် နားညည်းမလားမသိ။ ခနာငါးပါးအကြောင်း၊စိတ်အကြောင်း၊ စေအသိတ် အကြောင်း၊ပညတ်အကြောင်း၊ သညာအကြောင်း သိသလိုလို ခံစားလာရပေမဲ့  တကယ်တော့ ဘာမှမသိ သေးပါ။ ပညာပြည့်စုံတဲ့ ဆရာတော် ၂ ပါးကိုတော့အရမ်းကျေးဇူးတင်မိပါတယ်။ ဆရာတော် ၂ ပါးရဲ့ဟောကြား ချက်က အင်မတန်မှ ရှင်းလင်းပြီးတော့ ပညာဥာဏ်သာလိုက်နိုင်လို့ကတော့ ချက်ချင်း တစ်ခုခု တော့ရ နိုင်လိမ့်မယ်လိုခံစားမိပါတယ်။ဆရာတော် ၂ ပါး ရဲ့ဝိပသာနာတရားတွေကိုနားထောင်မိထား တော့ မိုးကုတ် ဆရာတော်ကြီးရဲ့ တရားစာအုပ်ကိုဖတ်ကြည့်တာအရင်လိုနားမလည်တာမျိုးမခံစားရတော့ဘူး၊ ဒါတော့လက် တွေ့ပဲ။ တရားတော့မထိုင်သေးဘူး၊ ဆရာတော် ၂ ပါးရဲ့ တရားတွေကိုပဲ ဆက်နားထောင်ဖို့ လိုလိမ့်အုံးမယ် ထင်တယ်။ ဆရာတော်တွေက မြတ်စွာဘုရား နဲ့ ပစေကဗုဓာ ၂ပါးပဲ တရားမနာပဲ မဂ်ဖိုလ် ရတယ်လို့ဟောထား တယ်၊ မောင်တိုင်ပင်ကတော့ ၀ိပသာနာ မဟုတ်ပဲ သမထလမ်းကြောင်းရောက်သွားမှာလည်းစိုးရိမ်တယ်လေ။