Showing posts with label ဖွံ့ ဖြိုးရေး. Show all posts
Showing posts with label ဖွံ့ ဖြိုးရေး. Show all posts

Saturday, August 19, 2017

တိုင်းပြည်ဖွံဖြိုးတိုးတက်ရန်

ဒီနေ့မနက်အငယ်ကောင်ကျောင်းပို့ပြီး စင်ကာပူ Ministry of Education မှာ မြေးအကြီး AEIS exam ဖြေဖို့အတွက် စာမေးပွဲကြေးသွားသွင်းရပါတယ်--Buona Vista MRT မှာဆင်းပြီး MOE ကိုလမ်းညွှန်ထားတဲ့အတိုင်းလျှောက်သွားတာ ၅ မီနစ်လောက်လျှောက်တာနဲ့ရောက်သွားပါတယ် -- MOE ရုံးကြီးဟာတော်တော်ကြီး ကြီးကျယ်ခန်းနားပါတယ် registration လုပ်ပြီး Customer service center မှာ Q နံပါတ်ယူ ပြီးထိုင်စောင့်နေတာ ၅ မိနစ်အတွင်းခေါ်ပါတယ်-- ကောင်တာ ၆ ရှေ့ မှာငွေသွင်းဖို့ကိစ္စလုပ်တာ ၅ မိနစ်ပဲကြာပါတယ်--
ထိုင်နေရင်းစပ်စုကြည့်လိုက်တော့ ကွန်ပျူတာတွေဟာ ၂ နှစ်ငှားထားတာဖြစ်ကြောင်းသိရပါတယ်--အဲတော့ မှစလုံးရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကိုခပ်ရေးရေးသဘောပေါက်လာပါတယ်--ဒီလို customer service center မျိုးကို MOE က ပြင်ပပုဂ္ဂလိကကုမ္ပဏီတစ်ခုခု သို့မဟုတ် အစိုးရ နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတစ်ခုခု ကို out source ပေးလိုက်တာဖြစ် နိုင်ပါတယ်--စလုံးမှာအစိုးရရုံးတွေရဲ့ITကိုvery strict procedures and operations နဲ့ကိုင်တွယ်နေချိန်ဖြစ်လို့ မောင်တိုင်ပင်တွေးဆချက်မှန်ချင်မှလည်းမှန်နိုင်ပါတယ်-- ဒါပေမဲ့ မြန်မာ နိုင်ငံကအစိုးရရုံးတွေမှာ ဒီလို customer service မျိုးရှိဖို့လိုတယ်ဆိုရင် ပြင်ပ စိတ်ချရတဲ့ IT ကုမ္ပဏီတစ်ခုခုကိုကို out sourcing လုပ် နိုင်ပါတယ် -- training ကော စက်တွေကော network ချိတ်တာကော software ကော အကုန်အပါအဝင်တစ် နှစ်လျှင်ဘယ်လောက် ပေးရမယ်ဆိုပြီး စာချုပ် ချုပ်အလုပ်အပ်နိုင်ပါတယ်-- နိုင်ငံတိုးတက်အောင်လုပ်ဖို့ အတွက်ဒါမျိုးအလုပ်တွေ မြန်မာ IT ကုမ္ပဏီတွေလုပ် နိုင်ပါတယ်-- ဘာများခက်တာလိုက်လို့ လဲဗျာ
-- ပြည်သူအတွက် ဆိုတဲ့ အစိုးရဒါမျိုးတွေစဉ်းစားသွားရမယ်ဗျ--