Monday, September 26, 2011

လက်ရှိငွေရေးကြေးရေးကဏ္ဍနှင့်သူတို့အမြင်များ

မြန်မာနိုင်ငံတွင် breakdown of wealth နှင့်ပတ်သက်၍လေ့လာဆန်းစစ်မှုများမရှိသေးပါ။တရုတ်လူမျိုး
စီးပွားရေးလုပ်ငန်းရှင်များ၏ငွေကြေးပိုင်ဆိုင်မှုသည်အင်ဒိုနီးရှားတွင် ၆၀%၊မလေးရှားတွင်၃၀%၊ထိုင်းတွင်၇၀%အ
သီးသီးရှိကြောင်းလေ့လာသိရှိရပါတယ်။မြန်မာအနေဖြင့် နိုင်ငံအတွင်းလှည့် ပတ်သုံးစွဲနေသောငွေကြေးမည်မျှရှိနေ
သည်ကိုပင် မထုတ်ပြန်တော့ပါ။လက်လီရောင်းချမှုအပိုင်း၊စက်မှုလက်မှုအပိုင်း၊အိမ်ခြံမြေအပိုင်း၊ကျောက်မျက်အပိုင်း၊
ဆောက်လုပ်ရေးပိုင်း၊သီးနှံရောင်းဝယ်မှုအပိုင်း၊စသည့် အပိုင်းများ၌ မည်ရွေ့မည်မျှလှည့်ပတ်သုံးစွဲနေသည်ကိုမသိရပါ။
ငွေကြေးဆိုင်ရာအဖွဲအစည်းများ၊သုတေသနလုပ်သူများ၊တက္ကသိုလ်များအနေဖြင့်လုပ်သင့်သောစစ်တမ်း (survey) တစ်ခုဖြစ်ပါတယ်။ အလွတ်ပြောကြဆိုကြရာ၌”ဖျာအောက်ကငွေ” တွေရင်းနှီးမြုပ်နှံမှု အပိုင်း၊ကုန်သွယ်မှုအပိုင်းတွေ
ထဲရောက်လာစေလိုကြပါတယ်။

ဗဟိုဘဏ်များကငွေရေးကြေးရေးကဏ္ဍ၌လုပ်ငန်းများဆောင်ရွက်စေရာတွင်ဥပဒေများပြဌါန်း၍လည်းကောင်း၊အမိန့်
ကြော်ငြာစာများထုတ်ပြန်၌လည်းကောင်းဆောင်ရွက်ခြင်းသည် နိုင်ငံတကာစံလုပ်နည်းလုပ်ဟန်များဖြစ်ပါတယ်။ဒါ
ပေမဲ့မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍမှာ”လက်တန်းညွှန်ကြားချက်များ”ဖြင့် ဘဏ်များမှလုပ် ကိုင်နေရပါတယ်။ဥ
ပမာပြရလျှင်ရန်ကုန်၊မန္တလေးမြို့များ၌ဘဏ်ခွဲများဖွင့်ခွင့်မပြုတော့ ခြင်း၊လုံခြုံရေးအရအများပြည်သူဝင်ထွက်သွား
လာနေသည့် shopping mall များတွင်ဖွင့်ခွင့်မပြုခြင်း၊ဘဏ်ခွဲများကိုမြေငှား၊အဆောက်အဦးငှား၍ဖွင့်ခွင့်မပြုခြင်း၊
စသည်တို့သည်”လက်တန်းညွှန်ကြားချက်”များဖြစ်နေပါတယ်။ဥပဒေစာအုပ်ထဲတွင်မပါ၊လွှတ်တော်တွင်မဆွေးနွေး
ပဲဘဏ်များကလိုက်နာဆောင်ရွက်နေရပါတယ်။

လွန်ခဲ့သော၂၀၀၃ ဘဏ်များပြဿနာပေါ်ပေါက်ခဲ့ပြီးဘဏ်များ ကိုဗဟိုဘဏ်ကတင်းကြပ်ရာတွင်စစချင်း၌
paid up capital ၏ ၇ဆ သာအပ်ငွေလက်ခံရပါတယ်။အဆိုပါအချိန်ကာလက ဘဏ်သို့လာရောက်ငွေအပ်
နှံချင်ကြတဲ့ပြည်သူများကို ဘဏ်တော်တော်များများကမျက်နှာပူစွာဖြင့်ငြင်းလွှတ်ခဲ့ရပါတယ်။အခုတော့သက်
ဆိုင်ရာကခွင့်ပြုနေပါပြီ။ paid up capital ရဲ့ ၁၀ဆ၊၁၅ဆ၊၂၀ဆအထိအပ်ငွေကိုလက်ခံနိုင်ပါပြီ။သို့သော်တစ်
ဖက်၌ reserve ထားရမဲ့ငွေနဲ့ ပြန်ထိန်းထားပါတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တွေအနေနဲ့အသက်ရှုတော်တော်
ချောင်သွားခဲ့ပါတယ်။

banking products တော်တော်များများ ကိုဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်တွေကို ခွင့်ပြုပေးခဲ့ပါတယ်။ရွှေအ
ပေါင်ခံခြင်း၊အချိန်ပိုင်းအပ်ငွေကိုဘဏ်မှာအပေါင်ထားပြီးငွေချေးခွင့်ပြုခြင်း၊သီးနှံ (၃) မျိုးကိုpledging လက်ရောက်အ
ပေါင်စနစ်ဖြင့်ဘဏ်များမှာငွေချေးနိုင်ခြင်း၊hire purchase လုပ်ခွင့်ပြုခြင်း၊ စည်တို့သည် လတ်တလောခွင့်ပြု
ခဲ့သော banking products များဖြစ်ပါတယ်။ သီးနှံ ၃ မျိုး(တန်၊ပဲမျိုးစုံ၊နှမ်း) အပြင်စပါးရာဘာ တို့ကို လည်း
တိုးချဲ့ခွင့်ပြုစေလိုပါတယ်။ အမှန်းပေါင်စနစ် (hypothecation)ကို လည်းဘဏ်များ ကလုပ်လိုကြပါတယ်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက်ပုဂ္ဂလိကဘဏ်များမှငွေလွှဲစာတမ်း (letter of credit) အပေါင်ခံ
ခွင့်ပြုခြင်း၊earning ဒေါ်လာကိုအပေါင်ခံခွင့်ပြုခြင်းတို့ကိုဆောင်ရွက်ပေးစေချင်ပါတယ်။

မြန်မာစီးပွားရေးကိုပျက်စီးစေဖို့အမေရိကန်ဒေါ်လာဟာခေါင်းမြီးခြုံဝင်ရောက်လာတယ် လို့ ပြောကြပါတယ်။
ဒေါ်လာတွေ emerging markets တွေဆီဝင်ရောက် လာတော့မယ်ဆိုတဲ့အကြောင်းလွန်ခဲ့သော ၃-၄ လ လောက်
ကတည်းကပညာရှင်တွေ၊ငွေကြေးနှင့်ပတ်သက်၍ကျွမ်းကျင်သူတွေကသတိပေးကြပါတယ်။ဒေါ်လာဈေးကျပြီးမြန်
မာကျပ်ငွေမာလာတယ်လို့ယျေဘူယျအားဖြင့်သုံးသပ်၍ရသော်လည်းမြန်မာငွေ မာ လာသည်ဆိုသည့်အချက်အပေါ်
သံသယဖြစ်ဖွယ်ပင်။ CPI ကတက်မလာပါ။ပြည်ပကသွင်းတဲ့ပစ္စည်း၊ပြည်တွင်းမှာ ထုတ် လုပ်သောပစ္စည်းတွေဈေး
မကျပါ။မြန်မာငွေ မာ လာလျှင်ပစ္စည်းဈေးနှုန်းတော့ကျဖို့ကောင်းပါတယ်။ မြန်မာငွေ မာ လာသောကြောင့် ယေဘူ
ယျအားဖြင့် ပြည်ပပို့ကုန်များတင်ပိုမှု ကို ထိ ခိုက်ခဲ့သည်သာမက အောက်ခြေလူတန်းစားဖြစ်သော လယ်သမား လူ
တန်းစားအထိပင် ထိခိုက်မှုများ ရှိ ခဲ့ ပါတယ်။ ”ရှုံးချင်ရင် အရောင်းအ၀ယ်လုပ်၊မြတ်ချင်ရင်ဘဏ်မှာ ငွေစု“ ဆိုတဲ့စ
ကားရပ်တောင်ခေတ်ကာလအလိုက်ပေါ်လာသေးတယ်။ ဒါကြောင့်ဘဏ်တွေမှာအပ်ငွေတွေလျှံ လာပါတယ်။ပြန်ချေး
ဖို့ကျတော့ဗဟိုဘဏ်ရဲ့တင်းကြပ်သောထိန်းချုပ်ကြားမှာ ကြပ်တည်းစွာလုပ်ကိုင်ခဲ့ ကြ ရပါတယ်။

မြန်မာငွေမာလာတဲ့အချိန်မှာ၁၀၀၀၀ိတန်၊၅၀၀၀၀ိတန်ငွေစက္ကူမျာ ကိုပုံနိုပ်၊ထုတ်ဝေသင့်တယ်လို့ပြောကြပါတယ်။ စင်
ကာပူမှာ ဆိုစင်ကာပူဒေါ်လာ ၁၀၀၀၀၀ တန်အထိပုံနိုပ်ထုတ်ဝေထားတယ်။အလားတူပဲနိုင်ငံကြီးတော်တော်များများမှာ
notesအရွက်ကြီးကြီးတွေထုတ်ထားတယ်လို့ဆိုကြပါတယ်။ဒီလိုထုတ်ထားလိုက်ရင် equalization fund အတွက်လည်း
အဆင်ပြေသွားနိုင်ပါတယ်။ တစ်ယောက်ကတော့ ဦးနေ၀င်းလက်ထက် ဦးဘငြိမ် ကိုင်ခဲ့စဉ်က IMF ကအကူအညီပေးဖို့
ငြင်းဆန်တဲ့အခါ ကိုယ်ဖါသာကိုယ်ရပ်တည်မယ်ဆိုပြီးငွေစက္ကူတွေရိုက်ထုတ်ခဲ့တာကိုလည်းသတိရကြဖို့သတိပေးခဲ့ပါတယ်။
ခက်တာကငွေစက္ကူဟာ ၁ိ တန်ရိုက်တဲ့ ကုန်ကျစရိတ်နဲ့ ၁၀၀၀ိ တန်ရိုက်တဲ့ ကုန်ကျစရိတ်ကတူတူပဲဖြစ်နေတယ်။ တိုင်းပြည်
ပြင်ပမှာရိုက်ဖို့ဆိုတာ မတွေးရဲဘူး။ ၀ါဇီကပုံနိုပ်စက်တွေအတွက် spare parts ၀ယ်တာတောင်အခက်အခဲရှိနေတာ။
ဒါကလည်းmonetary policy နဲ့ ဆိုင်တော့ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ဖို့ လိုတယ်။

ငွေရေးကြေးရေးကဏ္ဍမှာဥပဒေလုပ်ထုံးလုပ်နည်းအချို့မပြည့်စုံတာတွေရှိနေပါသေးတယ်။ငွေမရှိပဲချက်လက်မှတ်
ထုတ်ပေးလိုက်တဲ့အခါဘဏ်များအနေနဲ့ third party ဖြစ်နေလို့ကိုင်ရတွယ်ရခက်ပါတယ်။ bounce cheque နှင့်
ပတ်သက်သောဥပဒေအမိန်ကြော်ငြာစာများထုတ်ပြန်ပေးရန်လိုအပ်နေတယ်လို့ထောက်ပြကြပါတယ်။ အများပိုင်
ကုမ္ဗဏီများနှင့် ဆက်စပ်သည့်ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ ယနေ့ တိုင်ပြဌါန်းသတ်မှတ်ထားခြင်းမရှိသေးသဖြင့်
မြန်မာနိုင်ငံ၌အများ ပိုင်ကုမ္ဗဏီများဖွဲ့စည်းတည်ထောင်လာရေးအလားအလာများမှာမှေးမှိန်နေဆဲဖြစ်ပါတယ်။အများ
ပိုင်ကုမ္ဗဏီများများဖွဲစည်းတည်ထောင်လာနိုင်လျှင် အရင်းအနီှ်းဈေးကွက် capital market ပေါ်ပေါက်လာရေးမှာအ
လားအလာများရှိ လာနိုင်ပါတယ်။

ဒီလိုပြောကြဆိုကြတာတွေဟာပြည်သူလွှတ်တော်၊ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံဖြိုးတိုးတက်ရေးကော်မီတီနှင့်
တွေ့ဆုံစဉ်ဘဏ်များဖက်ကသူတိုအမြင်များ ကိုတင်ပြခဲ့ကြသည်များကိုမှတ်သားဖွယ်ရာများပါသဖြင့်ကောင်းနှိုးရာရာ
ကောက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။

1 comment:

Pho La Nat Thar said...

ဒီနေ့ မှဒီဘလော့ကိုစဖတ်ဘူးတာပါ။မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့စီးပွားရေးအကြောင်းဒါမျိုးထဲထဲဝင်ဝင်ရေးနိုင်တာမျိုးမရှိသေးဘူးထင်ပါတယ်။ဖြစ်နိုင်ရင် G mailလိပ်စာလေးရချင်ပါတယ်။ကျွန်တော့်emailကsithulay@gmail.comပါ။
လေးစားစွာဖြင့်
စည်သူ