Wednesday, October 19, 2011

Pareto principle 80-20 rule theory

တနေ့သ၌မောင်တိုင်ပင်ဟာမတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်များနံနက်ပိုင်းစုဝေးရာ
Feel(Taste) ဆိုင်သိုရောက်သွားခဲ့ပါတယ်။ အခုတလော ရန်ကုန်မှာရေပန်းစားနေတဲ့ money changer
ရဲ့သတင်းအမျိုးမျိုးကိုရှုဒေါင့်အစုံကနေပြောဆိုငြင်းခုံ နေရင်းကနေကိုကျော်မျိုးထွန်း က Pareto principle
လို့ခေါ်တဲ့ 80-20 rule ကိုစတင်ဆွေးနွေးလာပါတယ်။ ဒီအကြောင်းရဲ့နောက်ခံအချက်အလက်ကိုပြောရရင်
Pareto ဆိုတဲ့ ပုဂ္ဂိုလ်ဟာအီတလီနိုင်ငံသားဖြစ်ပြီး တစ်ချိန်မှာ သူ့လေ့လာချက်အရ အီတလီနိုင်ငံရဲ့မြေ ၈၀%
ကိုအီတလီနိုင်ငံသား ၂၀%ကပိုင်ဆိုင်နေတာကိုတွေ့ရပါတယ်။
ဒါနဲ့ သူလည်းတခြားနိုင်ငံရဲ့အခြေအနေကိုလေ့လာကြည့်တဲ့အခါအံသြဖွယ်ရာကောင်းလောက်အောင်
တူညီနေတာကိုတွေ့ရပါတယ်။ ၁၉၉၂ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ UNDP report တစ်ခုမှာဖေါ်ပြခဲ့တာကတော့
ကမ္ဘာ့ အချမ်းသာဆုံး ၂၀%ဟာ ကမ္ဘာကြွယ်ဝချမ်းသာမှု စုစုပေါင်းရဲ့ ၈၀%ကိုပိုင်ဆိုင်ကြတယ်လို့ဖေါ်ပြ
ထားတာကိုတွေ့ရပါတယ်။အောက်ကဇယားကိုကြည့်ပါ။

Distribution of World GDP (1989)

Population Income

Richest 20% 82.70%
Second 20% 11.75%
Third 20% 2.30%
Fourth 20% 1.85%
Poorest 20% 1.40%

ဒါကြောင့်စီးပွားရေးလုပ်ငန်းကိုအကောင်အထည်ဖေါ်ဆောင်ရွက်တဲ့အခါအားလုံးကိုကြည့်စရာမလိုဘူး၊ အဓိကကျတဲ့ ၂၀%လောက်ဖေါ်ထုတ်ပြီးကျကျနနစီမံအုပ်ချုပ်သွားဖို့လိုတယ်လို့ ကိုကျော်မျိုးထွန်းက
ထောက်ပြခဲ့ပါတယ်။အတွေ့အကြုံနဲ့ theory ကိုပေါင်းစပ်ပြောဆိုဖို့အခွင့်အလန်းတစ်ခုဖြစ်တာကြောင့်
မောင်တိုင်ပင်လည်းအစိုးရအလုပ်ကိုလုပ်ခဲ့စဉ်က လုပ်ငန်းတစ်ခုခုအကောင်အထည်ဖေါ်ရတော့မယ်ဆို
ရင်ဝန်ထမ်းအားလုံးရဲ့ ၂၀%လောက်ကိုပဲအားကိုးလုပ်ကိုင်ရတာကြောင့် Pareto principle ဟာမှန်ကန်
တယ်လို့ထင်ကြောင်းပြောပြပါတယ်။

စီးပွားရေးအပိုင်းနဲ့ပြောရရင်-----------

- အမြတ်စုစုပေါင်းရဲ့ ၈၀% ဟာ ဖေါက်သည်စုစုပေါင်း ရဲ့ ၂၀% ဆီကလာတာဖြစ်ကြောင်း---
- ဒါအပြင် တောင်းဆိုချက်( complaint) စုစုပေါင်း ရဲ့ ၈၀% ဟာလည်း ဖေါက်သည် စုစုပေါင်းရဲ့
၂၀%ဆီကလာတာဖြစ်ကြောင်း-----
- မိမိအမြတ်စုစုပေါင်းရဲ့ ၈၀%ဟာမိမိစုစုပေါင်းအသုံးပြုခဲ့တဲ့ အချိန်စုစုပေါင်း ၂၀%ကြောင်ရ
လာတာဖြစ်ကြောင်း-----
- မိမိရောင်းရ ၀င်ငွေရဲ့ ၈၀%ဟာ မိမိထုတ်ကုန်စုစုပေါင်းရဲ့ ၂၀%ကလာတာဖြစ်ကြောင်း
- အဲဒီ ရောင်းရ၀င်ငွေရဲ ၈၀%ဟာ မိမိအရောင်းဝန်ထမ်းစုစုပေါင်းရဲ့ ၂၀%ရဲ့ကြိုးပမ်းအားထုတ်
မှုကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် Pareto principle နဲ့ပတ်သက်ပြီး Wikipedia မှာ ဖေါ်ပြထားတာကတော့----
Many businesses have an easy access to dramatic improvements in profitability
by focusing on the most effective areas and eliminating, ignoring, automating,
delegating or re-training the rest as appropriate.

ဖြစ်ပါတယ်။ ဒီအချက်ကို လက်တွေ့စီးပွားရေးလုပ်နေတဲ့ Feel ပိုင်ရှင်ကအလေးအနက်ထောက်ခံခဲ့ပါတယ်။
သူ Feel ကိုဝန်ထမ်း ၂၀-၃၀လောက်နဲ့စခဲ့စဉ်က ၈၀-၁၀၀လောက်ဖြစ်လာရင်ငါဘယ်လိုလုပ်ရပါလိမ့်ဆိုပြီး
တွေးကြောက်နေခဲ့တယ်။ 80-20 rule လိုသဘောမျိုးဆောင်ရွက်နိုင်ခဲ့တာကြောင့် ၀န်ထမ်း ၁၀၀၀
လောက်ဖြစ်လာတဲ့ အချိန်မှာ မကြောက်တော့ဘူးတဲ့။ အခုသူအောင်မြင်နေတဲ့ ၁၁၅ မိုင်Feel Express
ကိုအစပထမပိုင်းမှာ သိပ်ဂရုမစိုက်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ လူလွှတ်တာတောင်ပထမတန်းစားကိုမလွှတ်
ခဲ့ကြောင်း၊ အခု Feel Express ကအောင်မြင်လာတဲ့အခါကြတော့မှ ပဲ 80-20 rule ကိုလက်တွေ့အသုံးချ
ရတော့မယ်ဆိုတာသိလာရကြောင်း share လုပ်ပါတယ်။အဲတော့ efficient ဖြစ်တဲ့ခေါင်းဆောင်ကိုလွှတ်
တယ်၊ ဆိုင် decoration ဟာလည်းသူရဲ့ တခြား Feel ဆိုင်တွေလိုမဟုတ်ဘူး၊ ၂၄ နာရီ လူကျလွန်းတာ
ကြောင့်နည်းနည်းညစ်ပတ်တာမြန်ကြောင်း၊ဒါကြောင့် interior decorator စေလွှတ်ပြီးပြင်းခိုင်းနေရကြောင်း
ပြောပြခဲ့ပါတယ်။

ဒီလို Feel ပိုင်ရှင်ရဲ့ ဆောင်ရွက်ခဲ့တာကိုကြည့်ရင် 80-20 rule theory ကိုအခြေခံသလိုဖြစ်နေခဲ့ပါတယ်။
မောင်တိုင်ပင်တို့အစိုးရ ရဲ့ ဗြူရိုကရက် အပိုင်းမှာ လည်း ဒီ theory ဟာမှန်လိမ့်မယ်လို့ထင်ပါတယ်။ နိုင်ငံ
တော်ဖွံဖြိုးတိုးတက်ဖို့အတွက် ၂၀%သောဘယ်အပိုင်းတွေကအရေးပါသလဲဆိုတာဖေါ်ထုတ်နိုင်ဖို့လိုပါ
တယ်။ Pareto principle 80-20 rule ကိုအစဖေါ်ထုတ်ခဲ့တဲ့ ကိုကျော်မျိုးထွန်းကိုကျေးဇူးတင်ပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်နေတဲ့မိတ်ဆွေအပေါင်းလည်း efficient အဖြစ်ဆုံးဖြစ်တဲ့ ၂၀% ကိုဖေါ်ထုတ်နိုင်
ပြီးအာရုံစူးစိုက်ဆောင်ရွက်မယ်ဆိုရင်အကျိုးအမြတ်များရရှိလာနိုင်မယ်ဆိုတာယုံကြည်မိပါတယ်။

No comments: