Friday, November 11, 2011

စင်ကာပူကသံယောစဉ်

ဒီတစ်ခေါက်မောင်တိုင်ပင်စင်ကာပူရောက်တော့ဘလောဂ်ထဲမှာစာတွေရေးလိုက်မယ်ဆိုပြီးအားခဲထားတာဒီကနေ့မှပဲMac ကိုဖွင့်ပြီးမြေးလေးအိပ်နေတုံးစာထိုင်ရေးဖြစ်တော့တယ်။သမီးကောသားမက်ကောက မနက်၈နာရီ
ဆိုအိမ်ကနေအသီးသီးထွက်ကြပြီ။ ညနေ ၇နာရီထိုးမှပဲအသီးသီးပြန်ရောက်ကြတော့တယ်။မောင်တိုင်ပင်
ပင်စင်ယူပြီးဆက်အလုပ်လုပ်ရတော့၉ နာရီခွဲ မှ ၄နာရီခွဲပဲ လုပ်တယ်။အောက်က၀န်ထမ်းတွေကလည်း အားကိုးရတယ်။
သူတို့အလုပ်သူလုပ်သွားကြတာပဲ။သူတို့ရဲ့ သက်သာချောင်ချိမှုတွေ၊လုပ်ငန်းခွင်မှာအဆင်
ပြေမှုတွေ၊ဘောနပ်စ်တို့၊အပန်းဖြေခရီးထွက်ဖို့ တို့ဒါတွေကိုကြည့်ရှုစီစဉ်ပေးယုံပါပဲ။ အဲတော့သမီးတို့မိသားစု
ကြည့်ရတာစက်ရုပ်လှုပ်ရှားနေကြသလိုပါပဲ။ HDB ပေါ်ကနေကြည့် လိုက်ရင်ခိုအိမ်လေးတွေကျနေတာပါပဲ။

မြန်မာပညာတတ်လူတန်းစားကတော့စင်ကာပူမှာ အဆင်ပြေနေကြပုံရပါတယ်။ PR လွယ်လွယ်နဲ့မရတာ
တစ်ခုကတော့ရှေ့ရေးအတွက်စိတ်ပူစရာပေါ့။သမီးကောသားမက်ကောကစင်ကာပူမှာ Master ယူထား
တော့လည်းထိုက်သင့်တဲ့အလုပ်ကလေးကိုယ်စီတော့ ရှိကြပါတယ်။ ဒီတစ်ခေါက်စင်ကာပူလေဆိပ်ရောက်
အဆင်ပြေတယ်။သမီးအတွက်မြန်မာစားစရာတွေယူလာတာစက္ကူပုံးကြီးနဲ့တစ်ပုံးပဲ။ဖေါ့ဗူးနဲ့ငါးရံ့အူ၊ငါးသ
လောက်ဥတောင်ပါသေးတယ်။စင်ကာပူcustomကဘာတွေလဲမေးတော့traditional foodလို့ပြောရတယ်။
ကုလားမဆိုတော့ကိုယ်ချင်းစာတယ်နဲ့တူတယ်။အသာတကြည်ပါပဲ။ မြေးက အဖိုးကိုမှတ်မိတယ်။ skype VZO မှာ
ဗီဒီယိုချက် ခဏခဏလုပ်တော့ အဖိုးကိုကောင်းကောင်းသိတယ်။ ၁နှစ်နဲ့ ၈ လကျော်ပြီ။ခေါ်တော့
ချက်ချင်းလိုက်တယ်။ သောကြာနေ့ နေ့လည် terminal 2 မှာလူတော်တော်ရှင်းတယ်။ တက်စီ မစောင့် ရဘူး၊
ချက်ချင်းရတယ်။ မောင်တိုင်ပင်ကို မိုးနဲ့ကြိုနေတယ်။ဒါပေမဲ့ Clementi ဖက်ရောက်တော့မိုးကတိတ်
သွားရော။

သမီး ရုံးကရောက်လာတဲ့အခါ ပုရစ်ကြော်ပါလာတော့တော်တော်ပျော်သွားတယ်။မန္တလေးကသူဦးလေးကပို့
ပေးလိုက်တာ။တစ်နှစ်မှာ နိုဝင်ဘာလမှာပဲပေါ်တော့ မန္တလေးသူတွေအတွက် delecacies ထဲကတစ်ခုပါ။
သဲပုရစ်ကအကောင်းဆုံး၊ဓါတ်တိုင်ပုရစ်ကတော့ သာမန်ပဲ။အင်မတန်သွေးတက်တတ်တော့တစ်ခါစားရင်
နည်းနည်းပဲစားဖို့ ဟန့်တားနေရတယ်။သားမက်ကလည်းမကြိုက်တော့သူတစ်ယောက်တည်းပဲ တီးနေတာ
ပေါ့။ အမယ်မြေးကလည်းသူ့အမေ စားတော့ လိုက်စားသေးတယ်။ စင်ကာပူကတူမကိုလည်းလက်ဆောင်
ပေးလိုက်တော့အမယ်လေးကောင်းလိုက်တာတဲ့။ သူဦးလေးနဲ့အဒေါ်က ပုရစ်အမတွေချည်းကြော်ပေးလိုက်
တာကိုး၊ အမဆိုတော့ ဥတွေနဲ့----

သမီးရောက်တာနဲ့ weekend စနေနေ့မှာ East Coast က Jumbo Restaurant မှာ sea food dinner
သွားစားကြမယ်ဆိုပြီး ဘွတ်ကင်လုပ်တော့တာပါပဲ။ မြေးကစကားကောင်းကောင်းမပြောသေးပေမဲ့အကုန်
နားလယ်တယ်။ i phone ကိုလည်းကောင်းကောင်းဖွင့်တတ်၊ပိတ်တတ်တယ်။ အရုပ် App တွေအဖေက
သွင်းပေးထားတော့နှိပ်တတ်တယ်။အရုပ်ကိုစကားပြောရင်သူပြောတဲ့ အတိုင်းပြန်ပြောတယ်။ဒါကိုတော်
တော်သဘောကြနေတာ။ ဒါနဲ့အဖိုး i pad ကိုကိုင်တော့တာပါပဲ။ အရုပ် App တွေကို i tunes ကနေသွင်း
ပေးရတယ်။ တစ်ခု သွင်းရင် ၂ မိနစ်တောင် မကြာဘူး။ တို့ မြန်မာ က ကိုရွှေ အင်တာနက် နဲ့တော့ကွာပါ့။
i pad ကကြီးတော့သဘောကျ ပြီး လက်မလွှတ်တော့ဘူး၊ အဖိုးအင်တာနက်ကြည့်ချင်ရင် ခိုးကြည့်ရတယ်။
မြေးဆိုတော့လည်းဦးစားပေးရတာပေါ့လေ။ ဒီကောင် ကသူ့ အမေပဲကြောက်တယ်။ အမေကလည်းစင်ကာ
ပူမှာ ခလေးတွေမလွယ်ဘူးဆိုပြီး အညှာကို ကိုင်ထားတာ။ ထုံးစံအတိုင်း အမေဆူရင် အဖိုးဆီပြေးလာတာ
ပေါ့။ အဖိုးကလည်း ငါ့မြေးကိုဆူရမလား ဆိုပြီး သူ အမေ ကိုယ့် သမီး ကို ပြန်ကြိမ်းနဲ့ တစ်အိမ်လုံးဆူညံ့နေ
တာပဲ။ မြေးကအမေဆူရင် သူစတိုင် ကမျက်နှာကြီးစူပုတ်ပြီး ငြိမ်နေတော့တာပဲ။ သူစိတ်ကောက်တာကသိ
သာတယ်။ချစ်ဖို့လည်းကောင်းတော့ဘယ်သူမှ ကြာကြာမအောင့် နိုင်ဘူး။

သူအမေကသူ့သားကို trained ကောင်းကောင်းလုပ်ထားတယ်။ အထိန်းလေးနဲ့နေ့စဉ် daily routine ပဲ။
စည်းကမ်းပေးထားတယ်။အပြင်စာမစားတတ်ဘူး၊ အိမ်မှာ အသားဟင်းသီးဟင်းရွက် ကို ကြိတ်ခြေပြီးကျွေး
တယ်။ဒီကောင်ကအအေးတော်တော်ကြိုက်တယ်၊ အအေးဆိုင်ရှေ့ဖြတ်သွားရင် coke ကိုပူဆာရော။ စင်ကာပူ
ကအခြားခလေးတွေလိုပါပဲ။ Nestle milkbar ကိုကြိုက်တယ်။ အဖိုးနဲ့တူတူ play ground သွားကစားရရင်
အရမ်းပျော်တယ်။ ခလေးတွေ ကစားဖို့ play ground ကတော့ HDB flat အုပ်စုတိုင်းမှာ ရှိတယ်။
အောက်ခံအခင်းကလဲရင်မနာဘူး၊ပျော့တယ်၊ ဘာနဲ့လုပ်ထားမှန်းမသိဘူး။





မြေးနဲ့အဖိုး သဲသောင်ပြင်မှာ အိမ်ဆောက်နေကြတာ--


ရန်ကုန်မှာ လည်းပန်းခြံတွေမှာလူထုအားကစားလုပ်နိုင်အောင်တန်ဘားတို့ ခိုစရာဘားတို့ လုပ်ပေးထားတာ
တွေ့လာရပြီ။ ပလက်ဖေါင်းတွေမှာ မသန်မစွမ်းတွေလှည်းနဲ့သွားလို့ရအောင်ဆင်ခြေလျှောတွေလုပ်ပေး
တာကိုတွေ့ လာရပြီ။မသန်မစွမ်းတင်မဟုတ်ဘူး၊တုတ်ကောက်နဲ့ အဖိုးအိုတွေ၊တွန်းလှည်းနဲ့ ခလေး မိခင်
တွေတွန်းရ တက်ရလွယ်အောင် လုပ်ပေးဖို့ လိုတယ်။ YCDC ကအောင်ခြေ၀န်ထမ်း အိုဗာစီယာလိုလူမျိုး
တွေ စေတနာပါဖို့ လိုသလိုတည်ထွင်တတ်တဲ့စိတ်ဓါတ်လေးလည်းပါဖို့ လိုတာပေါ့။ အရင်ကကောင်တွေ
ကတော့ ၀ါးဖို့ ကိုယ့်အတွက်ကျန်ဖို့လောက်စဉ်းစားနေကြတာ။ နိုင်ငံခြားရောက်လည်းဒါတွေလေ့လာပြီး
ငါရန်ကုန်ပြန်ရောက်ရင်လုပ်လိုက်မယ် လို့စိတ်ထဲမှာမတွေးကြဘူး။ ဒီတစ်ခေါက်စင်ကာပူလာတာ ခြေထောက်
ကနာနေတော့ လမ်းလျှောက်ရင် ဆင်ခြေလျှောတွေကကနေသွားရတာတော်တော်အဆင်
ပြေတာ။ စလုံး အစိုးရ ကပြည်သူတွေအတွက်အဆင်ပြေအောင်လုပ်ပေးတားတာ။ကြွားစရာမရှိ ရန်ကုန်
မြို့တော်စည်ပင်သာယာရေးအက်ဥပဒေ ကိုစင်ကာပူကအတုခိုးထားတာ ဘာညာနဲ့ ဂုဏ်ယူစရာလားရှက်
စရာလားမသိ--တလွဲဆံပင်ကောင်းနေလိုက်ကြတာ။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု သုံးခု အတွင်း မှာ တော့
အဖက်ဖက် ကညံ့ပြီး ကျဆင်းသွားတာတော့ တွေးမိရင် ရင်နာစရာပါပဲ။



Jumbo Seafood ကစားစရာ----



မြေးလေးတို့ မိသားစု



နောက်ခံကသင်္ဘောမီးတွေတထိန်ထိန်

စနေနေ့ညနေကြတော့ ညနေ၅နာရီလောက် East Coast ကို တိုင်စီနဲ့ချီတက်သွားကြ တာ ၄၅ မိနစ်
လောက်စီးရတယ်။ Jumbo ကိုရောက်တော့ ၆ နာရီထိုးနေပြီ။ စားပွဲနေရာရွေးပြီး Srilanka crab တစ်
ပွဲနဲ့ ပုဇွန်ုတင်ပူရာကျော်၊အသီးအရွက်ကဟင်းနုနွယ်၊ဆေးဘဲဥ ကြော်၊ဘီယာနဲ့စည်းစိမ် ရစ်လိုက်တာ
နောက်ရက်ကြတော့ urid acid တက်ပြီးခြေထောက်ကလမ်းလျှောက်ရင်နာပါလေရော--- ထမင်းစား
ပြီး East Coast တစ်ကြောမှာ လမ်းလျှောက် ရတာတော်တော် အပန်းပြေပါတယ်။ ပင်လယ်ပြင်မှာ
ကျောင်ချရပ်နားထားတဲ့ သင်္ဘောတွေကလည်း မီးရောင်တထိန်ထိန်နဲ့ တော်တော်ကြည့်ကောင်းတဲ့
ရှုခင်းပါ။တိုးရစ်တွေကော၊စ လုံးတွေကောအလွှာအသီးသီးကပြည်သူတွေ လာအပန်းဖြေနေကြ ပါတယ်။
မြေးကတော့မပြောနဲ့တော့သဲသောင်ပြင်မှာ ကော၊မြက်ခင်းမှာ ကောလျှောက်ပြေးနေတာလူကြီးတွေက
နောက်ကတော်တော်လိုက်ယူရတယ်။ အရင်တစ်ခေါက်တွေလာတုံးကမြေး ကငယ်သေးတော့ ထားရာနေ
သေးတယ်။အခုတစ်ခေါက်ကြတော့ထားရာမနေတော့ဘူး၊အမေကတဟဲ့ဟဲ့ နဲ့တော်တော်ပြောနေရတယ်။
ခလေးဘာဝအန္တာယ်ကို မသိတော့လူကြီးကမျက်ချေပြတ် လို့မရဘူး။သမီးကတော့ အဖေကို long term pass
ကို on line ကလျှောက်ပေးပြီးလာနေခိုင်းနေပြီ။ မြေး ကို အိမ်ရှေ့က NTUC Day care My skool
မှာဒီဇင်ဘာဆိုစတက်ရတော့မယ်။ 7 am to 7pm ဆိုတော့မြေးကို ၁၂ နာရီလုံးလုံး ဆရာမတွေလက်
ထဲထည့်ထားရမှာ၊ကျောင်း တက် ချိန် ၇နာရီ ဆိုရင် မိဖ ၂ပါး လာပို့နေတာလည်းတွေ့ ရတယ်၊ အဖိုးဒါမှမ
ဟုတ် အဖွား ကမြေးလက်ဆွဲလာပို့နေတာလည်း တွေ့ရတယ်။ အော် -- စင်ကာပူမှာမွေးတော့လည်း
သူ့နေရာနဲ့သူပဲလေ။ မောင်တိုင်ပင်တုံးက သမီးကို ၃နှစ်ခွဲရောက်မှ ဒေါ်ရင်ဝိုင်းကျောင်း ပို့ခဲ့ ရတာ-- ဂနာရီ
မှာ ၁၁နာရီ ပဲ၊ အခုတော့ ၁၂ နာရီ လုံးလုံးဆိုတော့ ရန်ကုန် မှာ အလုပ်တွေစွန်လွှတ်ပြီး စင်ကာပူ
လာနေရမလိုဖြစ်နေပြီ မောင်တိုင်ပင်ရေ-----

No comments: