RIT ကျောင်းသားဘ၀ကသူငယ်ချင်းတွေအကြောင်းရေးချင်သေးတယ်။ကသာကကျောင်းလာတက်တဲ့ကျော်ဝင်း၊
မန္တလေးကလှအောင်တို့ဆိုတာအင်မတန်တည်တည်နဲ့နောက်ရွှတ်တတ်ကြတယ်။မောင်တိုင်ပင်တို့ Final year ရောက်တော့
E block ကအခန်းမှာ နေရတယ်။အခန်းဖေါ်ကစိန်အုန်း(ဂျီကျတတ်လွန်း လို့ ဂျီအုန်းလို့အမည်သမုတ်ထားတယ်)။
E block ဘေးကအင်းစိန်လမ်းကို ထွက်တဲ့လမ်းမကြီးရှိတယ်။ကားတွေကောလူတွေကောအသုံးပြုကြတယ်။
နောက်ဆုံးနှစ်မှာ ထင်တယ်။RIT ထဲမှာ ဂျီဟောအပြင် သဇင်ဆောင်ပေါ်လာတယ်။ဆရာတွေအိမ်ကိုမိန်းခလေးဆောင်
လုပ်လိုက်တာ။သဇင်ဆောင်ကကျောင်းသူတွေအပြင်ကိုထွက်ချင်ရင်အနီးဆုံးလမ်းကF block E block ရှေ့
ကလမ်းကိုအသုံးပြုလို့ရတယ်။ ကျောင်းသားတွေ ကတော့ထုံးစံအတိုင်း မိန်ခလေးချောချောများဖြတ်သွား လို့တစ်ယေက်
ယောက်ကမြင် လိုက်ရင်”မပြောမရှိကြနဲ့ဟေ့“ လိုအော်တော့တာပဲ။ အခန်းထဲကကျောင်းသားတွေအကုန်ထွက်ပြီး မျက်လုံး
ကျွတ်ထွက်မတတ်ငမ်းကြတော့တာပဲ။ RIT ၀န်းထဲကဆရာတွေအိမ်တွေကိုဖြတ်ပြီးကြို့ကုန်းရပ်ကွက်ကလူတွေ က ဒိလမ်းကိုဖြတ်လမ်း
လိုသဘောမျိုးကိုအသုံးပြုကြပါတယ်။ ကြို့ကုန်းရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။တစ်ရက်တော့ဘုန်းကြီး နှမရယ်အမေရယ်
အဒေါ်ကြီးတွေ ဘုန်းကြီး ဆီ လာလည်တာနဲ့တူတယ်၊အဲဒီလမ်းကိုဖြတ်လျှေက်လာတယ်။ စနေတနင်္ဂနွေဆိုတော့ ကျောင်းသားတွေကနေ့လည်နေ့
ခင်းအိပ်နေတြတယ်နဲ့တူတယ်။ဦးပဇ္ဇင်းကနှမတွေနဲ့တော်တော်ကွာကွာကလျှောက်လာတာ--
ဘုန်းကြီးနှမလေးကလည်းတော်တော်ချောတယ်။ကျောင်းသားတစ်ယောက်ကဖြတ်ခနဲမြင် လိုက်တော့ ထုံးစံအတိုင်း
” မပြောမရှိနဲ့ဟေ့” လို့အော်လိုက်တော့အိပ်နေတဲ့ကောင်တွေပါ ထလာပြီးငမ်းကြတာပေါ့။ တချို့ကလည်းကောင်မလေးက
ချောတော့ မထိတထိလေးစကြတယ်။ ကောင်မလေးနဲ့ အမေတွေအဒေါ်တွေကပြုံးစိစိနဲ့ခြေလှမ်းမမှားပဲခပ်မှန်
မှန်လျှောက်သွားကြပါတယ်။ ။အဲဒီအချိန်မှာ ဦးပဇ္ဇင်းကမှီလာပြီးကျောင်းသားတွေဘက်လှည့် ပြီး သင်္ဃန်းမလိုက်
ကာ ”မင်းတို့ ကို ဒါပဲကွ၊ဒါပဲကွ” ဆိုပြီးလှန်ပြပါလေရော။ ကြည့်နေတဲ့ကျောင်းသားတွေလည်းကြက်သေ သေသွားကြပြီး
ဘာပြန်အော်ရတော့မှန်း မသိတော့ဘူး၊အဲဒီအချိန် မှာ အိပ်နေတဲ့ကျော်ဝင်းကထလာပြီး ”တပြည့်တော်မမြင်လိုက်
လို့ပါဘုရား၊ထပ်ပြပါအုံးဘုရား”လို့အော်ပါလေရော----မောင်တိုင်ပင်တို့ ကဦးပဇ္ဇင်းတော့ ခဲကောက်ပြီးပေါက်
လိုက်မလားစိုးရိမ်နေတာ--သုတ်သုတ်နဲ့ သူအမေ နှမတွေမှီအောင်ခပ်မြန်မြန်လျှောက်သွားပါလေရော----
မောင်တိုင်ပင်တို့လည်း မှင်သက်မိနေရာကနေပြန်သတိရပြီးတစ်ယောက်နဲ့တစ်ယောက်ဟားကြတော့တာပေါ့။
ဦးပဇ္ဇင်းကနောက်ရက်ကြတော့ ပါမောက္ခချုပ်ဒေါက်တာအောင်ကြီးသွားတိုင်တာပေါ့။ဆရာကြီးကကျောင်းသားတွေ
အကျင့် ကို သိနေတော့ ဦးပဇ္ဇင်းကိုပြေလည်အောင်ပြောလိုက်တယ်နဲ့တုတယ်။ Hall Tutor က နောင်ကို
မနောက်ကြဖို့လာပြောတယ်၊ ကျောင်းသားတွေပဲဘယ်ရမလဲ။ကျော်ဝင်းပြောလိုက်တာကြောင့် ဘုန်းကြီး
ကတော်တော်ဒေါသထွက်သွားတာ----
လှအောင်နဲ့ကျော်ဝင်း ၂ ယောက်တွေ့မိရင်Textile ကကျောင်းသူတွေတော်တော်အစခံရတယ်။ ဘိတ်ကလာ
တဲ့ ကျောင်းသူတွေ့ ရင်”ဟေ့ ဂွေညု နင်ငါ ချေ့တယ်” ဆိုပြီးဘိတ်သံနဲ့ အော်အော်ပြီး စကြတော့တာပဲ။ Textile
က ဂျူလီယန်း၊မြသန်းဝင်း၊နဲ့နောက်တစ်ယောက်နံမည်မေ့နေတယ်(ပြောပါအုံး WHO ရေ) (WHO က ချက်ချင်းအဖြေပေး
တယ်၊ကြူကိုကို တဲ့)ကိုမောင်တိုင်ပင်တို့တတွေက three imps လို့ခေါ်တယ်။မနှစ်က Textile ကကျောင်းသူ
တွေပါဆရာကန်တော့ပွဲ ကို ဘိတ်တယ်။ မြသန်းဝင်းနဲ့ ဂျူလီယန်း တို့ လည်း
တက်တယ်။ မြသန်းဝင်းက ရွှေရတုအငြိမ့် မှာ RIT ကအငြိမ့်သမလေ၊ ဆရာကန်တော့ပွဲပြီးတာနဲ့ မြသန်းဝင်းက
တက်ကတော့တာပဲ။ RIT ပိုးမကုန်သေးဘူးလေ။စိန်အုန်း တို့လည်း မြသန်းဝင်းနဲ့ အပြိုင် ကတာပေါ့။
မနှစ်ကတော့ Textile ကတစ်ယောက်ကမိတ်ဆက်တော့ကျွန်မနဲမည် ဘယ်သူဘယ်သူပါ၊
ကျွန်မကိုတော့ ”မည်းပု” လို့ဆိုရင်အားလုံးသိပါတယ် ”အဲဒီလိုကျေညာလိုက်တော့ အကုန်လုံးရဲ့
မျက်စေ့ထဲမှာ ၁၉၆၈-၆၉ လောက် က မည်းပု ကို မျက်စေ့ထဲမှာ အားလုံးမြင်
သွားကြပါတော့တယ်။
နောက်တစ်ခုကသိကအောက်ဖြစ်ရတာလေးပြောချင်သေးတယ်။ ရန်ကုန် Day တက်တဲ့မက်သဒစ်အုပ်စုကျောင်း
သားတွေက Philip Yone Moe(ကျော်မိုး) ကိုခေါ်ရင်”ရုံးမို” ပဲခေါ်ကြ ပြီးနှုတ်ကျိုးနေတယ်။တစ်ရက်အလယ်ထပ်
assembly hall ရှေ့မှာ ကျော်မိုး ကသူငယ်ချင်း တွေနဲ့စကားပြောနေတယ်။ အဲဒီအချိန်မှာ main building
အခန်းသေးမှာ tutorial လုပ်နေတဲ့ကျော်မိုးသူငယ်ချင်းတွေက ( မြဘူး၊အော်လီ တို့ထင်တယ်) “ဟေ့ကောင်--ရုံးမို ရုံးမို”
နဲ့ ကျော် မိုးကိုအော်ခေါ်နေကြတယ်။ အဲဒီအချိန်မှာ တိုက် တိုက် ဆိုင်ဆိုင် Rector ဆရာကြီးဦးရုံမိုး ကအောက်ဆုံးထပ်မှာ
suit ကြီးနဲ့လျှောက်သွားနေတုးံ --ခေါ်တဲ့ကျောင်းသားတွေကို မော့ ကြည့်တာပေါ့။ အမယ် ဒီကောင်တွေကသတိမပြုမိသေးဘူး၊
ဆက်ခေါ်နေတုံးပဲ။ ကျော်မိုး က ပြန်ထူးလိုက်တော့မှ ရပ်သွားတယ်။ဆရာကြီး လည်းသူသား
ခေါ်တာသိတော့ အေးအေးပဲသူ့အခန်းဆီလျှောက်သွား ပါလေရော--
WHO ကလည်းသူ့သူငယ်ချင်း အုန်းခင် ကြီး အကြောင်းအောက်ပါအတိုင်းရေးလာပါသေးတယ်----
-RIT မောင်ဘွဲ့ ရ၊ဗလကြီး ၊သူရော ကျွန်တော်ပါနေ့ ကျောင်းသား၊ကျွန်တော် က သေး သေး
ပိန်ပိန်လေးနေ့ လည် ထမင်းစားချိန်မှာ အ၀စါး ငါးမူး ဆိုင်မှာထမင်းဝယ်စားကြတယ်၊အဲဒီအချိန်မှာဆို ရင်
အုန်းခင်က ကျွန်တော့် ကို အသဲအသန်ရှာရတယ်၊ဘာဖြစ်လို့လဲဆိုတော့ ထမင်းဆိုင်မှန်သမျှ အ၀စါး၅၀ါး နဲ့
သူ့ ကိုမရောင်း ဘူး၊ဘယ်ရောင်းမှာလဲ၊ငပိရည်ချတာနဲ့ ထမင်း တဇလုံ ပြောင် သွားပြီး စုစုပေါင်း ဆိုရင်
ထမင်း ၄ အုပ်လောက်စားတာ၊အဲတော့ ထမင်းဆိုင်တွေက နောက် တယောက်ပါမှ သူ့ကိုရောင်းပါ တယ်၊အဲဒီလိုအုန်းခင်ပါ
-ကျောင်း စတုတ္တနှစ်လောက်မှာ အဆောင် ဖဲဝိုင်းမှာ အုန်းခင် အမိခံရလို့ကျောင်း ကသူ့မိဘဆီ အုန်းခင်ကို
အဆောင်နားလါ ခွင့် ၆လပိတ်ကြောင်းစာပို့ တယ်၊ လူလည် အုန်းခင်က စာပို့သမားနဲ့ပေါင်း ပြီးဖြတ်ယူလိုက်
တော့ပြသ၁နာ ဘာမှ မပေါ်ဘူးပေါ့၊ဒါပေမဲ့ကျောင်း က ၆လပြည့်တော့ အဆောင် နားပြန် လာခွင့်ပြုကြောင်းစာ
ထပ် ပို့ ပြန် ပါ တယ်အဲ ဒါတော့ အုန်း ခင် ခမျာ မ သိလို့ဖြတ် မယူ လိုက် ရ ပါ၊အိမ်နဲ့ အကြီးအကြယ်ပြသ၁နာ
တက်ပါတော့ တယ်၊အဲလို အုန်းခင်ပါ---
(မတွေ့တာကြာလှ ပြီ၊ ပစိဖိတ်ထဲက ကျွန်း နိင်ငံတခု မှာ လို့တော့ပြောကြတယ်)
ဆရာကန်တော့ပွဲ ကိုကြိုဆိုလျက်---

No comments:
Post a Comment