Tuesday, November 15, 2011

RIT ကျောင်းသားဘ၀ (၂)

မောင်တိုင်ပင်တို့ RITကျောင်းသားဘ၀ဟာအမှတ်ရစရာတွေအများကြီးပါ။ဘယ်နှစ်လဲမမှတ်မိတော့ဘူး၊
ကျောင်းသားတစ်ယောက်ကစိတ်ဖေါက်ပြီးနောက်ကျောင်းသားတစ်ယောက်ကို ၃ ထပ်ကနေတွန်းချတာကံ
ကောင်းချင်တော့ တန်းကိုလက်နဲ့ဆွဲထားလိုက်နိုင်တယ်။တွန်းချသူကလက်ကိုအတင်းဖြုတ် လို့အားလုံးဝိုင်း
ဆွဲပြီးကယ်ခဲ့ရတယ်။ တွန်းချခံရသူက ဗန်းမော် က လှမြင့်--- အခုဗေဒင်ဟောနေတယ်လို့ကြားတယ်။
မသိရင်မေး အဖြေပေး ဆရာကြီး WHO ဆီကသတင်းရတာ။Myo Oo PZP မှာ တောင်အဲဒီအကြောင်းပြော
မိကြသေးတယ်။မောင်တိုင်ပင်တို့သမိုင်းဆောင်တွေထဲမှာ နေတော့ကျောင်းတက်ရင်အဲဒီအချိန်တုံးကဂျပန်
စစ်လျော်ကြေးနဲ့ ရထားတဲ့ဟီးနိုးကားတွေကအဆောင်ရှေ့မှာ လာခေါ်တာ။ အပြန်ကြရင်လည်းသူ့အချိန်နဲ့
RIT ဆင်ဝင်ကြီးရှေ့မှာ ရပ်ထားတော့တက်စီးသွားယုံပဲ။ တကယ်လို့ကားမမီရင်တော့အမှတ် (ဂ)ဘတ်စ်ကား
စီးပြန်လို့ရတယ်။သမိုင်းချည်မျှင်နဲ့အထည်စက်ရုံရှေ့ကဆိုရင်လမ်းတော်တော်လျှောက်ရတယ်။
အများကတော့ မေခဆောင်နောက်ကနေဖြတ်လမ်းက၀င်လာရင်နီးသလိုပဲ။

သမိုင်းအင်းလေးဆောင်မှာဒုတိယနှစ်ထိနေရတယ်။တစ်ယောက်တစ်ခန်းဆိုတော့ပိုလွတ်လပ်တာပေါ့။
ဒုတိယနှစ်ရောက်လာတော့ လုကလူရည်လည်လာပြီလေ၊ RIT mainမှာ အားကစားတွေဘာတွေလုပ်လာလို့
ကားမမှီတာများတယ်။ ညနေထမင်းစားချိန်မီအောင်ပြန်ရတယ်၊တခါတလေသူငယ်ချင်းကိုထမင်းယူထား
ဖို့မှာ ရတယ်။ထမင်းစားဆောင်ကကိုယ့်ဘတ္တလာနဲ့ကိုယ်ဆိုတော့ဘယ်ကျောင်းသားဆိုတာသိနေတယ်လေ။ သူတို့ဇနီး
တွေကကြက်ဥကြော်တို့ဝက်အူချောင်းကြော်တို့ရောင်းတာ။ ငပိချက်၊ခရမ်းချဉ် သီးချက်ဟင်းလိုမျိုး
လည်းရောင်းတယ်။ ညနေ ၆း၃၀ ဆိုရင်ထမင်းစားဆောင်ကပိတ်ပြီလေ။မောင်တိုင်ပင်ကတော့ညနေဆိုရင်
တင်းနစ်ကစားတယ်။ ဒုတိယနှစ်မှာ အင်းလေးဆောင် မှာ နေတာဆိုတော့သိပ်မကစားဖြစ်ဘူး။
တင်းနစ်အားကစားမှာ ဦးစိုးသာတို့ဦးကျော်ညွန့် (ဆည်မြောင်း)တို့က မောင်တိုင်ပင်တို့ရဲ့ senior ကြီးတွေပေါ့။

RIT main ကအဆောင်တွေကA,B,C,D,E,F,G လို့ခေါ်တယ်။A ကနေ E အထိက၂ယောက်နေရတယ်။F
ကတော့ဆရာများအဆောင်နဲ့ နောက်ဆုံးနှစ်ကျောင်းသားကြီးတွေထားတယ်၊ တစ်ယောက် ခန်းတွေပေါ့။
G ဟောကတော့အမျိုးသမီးဆောင်၊ စာရေးဆရာမ မစန္ဒာရေးလို့ ဂျီဟော ကိုကောင်းကောင်းသိနေပါပြီ။
မောင်တိုင်ပင်တော့ တခါမှာအထဲမ၀င်ဘူးဘူး၊တချို့ကောင်တွေကျောင်းပိတ်သွားရင်အိတ်ထမ်း၊သေတ္တာ
ထမ်းဖို့တော့ဝင်ဘူးကြပါ လိမ့်မယ်။ အဆောင်ကျောင်းသားဘ၀ ကတော်တော် လည်းပျော်စရာကောင်း
တယ်။တစ်ယောက်နဲ့တစ်ယောက် နောက်ရွှတ်နေကြပေမဲ့ စိတ်ဆိုးလည်းခဏပါပဲ။ နောက်ရွှတ်ကြတာ
ဆရာပေါက်စ Hall Tutor တွေတောင်တခါတခါ ပါသွားသေးတယ်။ ကျောင်းသားတွေရေချိုးရင်ရေလဲပု
ဆိုးကိုတန်းပေါ်လွှားထားလို့မရဘူး၊အပြင်က အလစ်မှာယူ မသွားနိုင်အောင်ပုဆိုးကိုပတ်ချီထား ပြီးရေချိုး
ရတယ်။တခါတော့ Hall Tutor ပေါက်စဆရာကဘုမသိဘမသိရေချိုး တဲ့ အခါရေလဲပုဆိုးကိုလွှား ထား
ခဲ့မိတယ်။ အပြင်ကဘယ်သူမှန်းမသိတဲ့ကျောင်းသားတစ်ယောက်က ဆရာရေလဲပုဆိုး ကိုယူပြီးအခန်း
တစ်ခန်းရှေ့က ကြိုးတန်းမှာ တင်ထားခဲ့တယ်။ဆရာကလူအေးအင်မတန်သဘောကောင်းတယ်။ရေချိုး
ခန်းထဲကနေ ”ကျနော်ပုဆိုးလေးပြန်ပေးကြပါဗျာ ” နဲ့အော်နေတာပေါ့။ကျောင်းသားတွေလိုရွတ်ပြီး
ကိုယ်တုံးလုံးကြီး ထွက် မလာရဲဘူး။ ”ကျနော်ပုဆိုးလေးပြန်ပေးကြပါနဲ့ ” လို့အသံတိုးတိုးလေးနဲ့ပဲအော်
နေတာပေါ့။ ဒါနဲ့အမြင်မတော်တော့ ရေချိုး ခန်းနားနီးတဲ့အခန်း ကကျောင်းသား က ရှေဝါရံတာမှာ
လွှားထားတဲ့ ပုဆိုးကိုယူပေး လိုက်ရတယ်၊ ဆရာခင်မျာ နှခမ်းတွေတောင်ပြာလို့ ----ဆရာအမည်ကို
သိချင်ရင်မောင်တိုင်ပင်ကိုလူချင်းတွေ့မှ ပဲမေးပါတော့--

ကျောင်းသားတွေအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်တော်တော်နောက်ကြတယ်။ ဇီးကုန်းကမောင်မောင်
ဆုံးသွားရှာပါပီ။သူကအသားမည်းတဲ့အိန္ဒိယနွယ်ဖွားသူရဲ့ nicknameကတော့ ”ခြင်မမြင်မောင်မောင်”တဲ့။
သူအခန်းဖေါ် မော်လမြိုင်က ဆိုက်အောင်သန်း ကအသားဖြူတယ်။ အဆောင်မှာ ညကြရင်ခြင် ကသူ့ပဲကိုက်တယ်။
မောင်မောင် ကအသားမည်း လို့ မမြင်လို့--မောင်မောင် ကအမြဲ ၀ိတ်မတယ်။အမြဲပဲစွပ်ကျယ်လက်စက ကိုဝတ်တယ်။
သူကအားကစားရုံမှာဝိတ်မပြီးအခန်းပြန်လာတယ်၊သူဝတ်နေကြမီးပူတိုက်ထားတဲ့စွပ်ကျယ်လက်စက နဲ့ ပု
ဆိုးကိုဝရံတာရှေ့ ကအ၀တ်လှမ်းတဲ့ကြိုးတန်းမှာအသင့်တင်ထားလေ့ရှိတယ်။ ပြီးမှာ ရေချိုး ခန်းသွားရေချိုး၊
ပြန်လာရင်လွှားထားတဲ့စွပ်ကျယ်နဲ့ပုဆိုးကောက်ဝတ် လိုက်ပြီးထမင်းစားခန်း ကို ဒိုးတော့တာပဲ။
သူက ခြောက်နာရီခွဲ ဖို့၁၀-၁၅စက္ကန့်လောက် အလိုမှာထမင်းစားခန်းရောက်သွားတာ၊ဘတ္တလာကအမြဲစောင့်နေရ
တယ်၊ဒါပေမဲ့အတိအကျပဲ၊ရောက်အောင်သွားတယ်။ တစ်ရက် မောင်မောင်ကထုံးစံအတိုင်းစွပ်ကျယ်နဲ့ပုဆိုးကို
အခန်းရှေ့ကြိုးတန်းမှာလွှားပြီးရေချိုးနေတုံးသူ့ အခန်းဖေါ် အောင်သန်းက စွပ်ကျယ်လယ်ပင်းပေါက်နဲ့ လက်ပေါက်နှစ်ဘက်
ကို stapler နဲ့ အကုန်ချုပ်ထားလိုက်ပြီး သူ့ပုံစံအတိုင်းမသိမသာ ပြန်လွှားထားလိုက်တယ်။ နောက်လုံချည်ကို လည်း
stapler နဲ့အကုန်ချုပ်ပြီး ပြန်ခေါက်လွှားထားလိုက်တယ်။ အောင်သန်းကတခြားအခန်းသွားပြီးရှောင်နေ လိုက်တယ်။တခြားအခန်းကနေဒိကောင်ဖြစ်ပျက်နေတာကိုကြည့်ပြီး ၀ိုင်းဟားနေကြမှာပေါ့။

မောင်မောင်ရေချိုးပြီး ပြန်အလာစွပ်ကျယ်ဝတ်မယ်လည်းလုပ်ရော ချုပ်စက်နဲ့ ချုပ်ထားတော့ ချက်ချင်းဝတ်မရ
ဘူး၊ပါးစပ်ကလည်း ”ဘယ်မအေ-ိုးလုပ်သွာတာလဲကွ ” ဆိုပြီးစိတ်ဆိုးမန်ဆိုးနဲ့အော်ရင်းချုပ်အပ်တွေကို
လက်နဲ့ လိုက်ဖြုတ်နေရတာပေါ့။ ဇီးကုန်းမောင်မောင် ကအလေးမသမားဆိုတော့ ဘော်ဒီကတောင့်တယ်၊သူငယ်ချင်းတွေ
အခန်းထဲကထွက်မလာရဲကြဘူး။လုံချည်လည်း ချုပ်အပ်တွေကိုလိုက်ဖြည်ရတာပေါ့၊ ပြီးမှ dining hall ကိုပြေးတော့ ၁၅ မိနစ်တောင်နောက်ကျတော့ဘတ္တလာက သိမ်း လိုက်ပြီ။ဒါနဲ့ ထမင်းစားဆောင်ရှေ့က canteen မှာ မောင်မောင်တစ်ယောက်
စိတ်ဆိုးမန်ဆိုးနဲ့ ထမင်းသွားစားရတော့ တာပေါ့။ ဒါပေမဲ့ အခန်းဖေါ်နဲ့ သူငယ်ချင်း ၂ယောက်က လိုက် လာပြီး ငါကျွေးပါမယ်
ကွာဆိုပြီးချော့တော့မှ မောင်မောင်လည်း စိတ် ဆိုးရအခက်ရီရအခက်နဲ့သူငယ်ချင်းကျွေးတဲ့ဆိုင်ထမင်းဟင်းကိုပဲ
လွေး လိုက်ရတာပေါ့။ သူငယ်ချင်း မောင်မောင်ရေ--- ကောင်းရာသုဂတိ သို့ ရောက်ပါစေကွာ---

RIT main ကိုရောက်တော့ထမင်းစားခန်းကြီး ကလည်း အရမ်း ခန်းနားတယ်။ကျောင်းသူကောကျောင်း
သားကော တစ်ခန်းစီစားရတယ်။စားပွဲ ၃-၄လုံး ကို တာဝန်ယူရတဲ့ဘတ္တာတစ်ယောက်နဲ့---ထမင်းစားရုံ
လာတာနောက်ကျလေ့ရှိ ရင် ဘတ္တလာ ကိုပေါင်းထားရတယ်။ ဘတ္တလာမိန်းမတွေကထမင်းစားဆောင်
ဘေးမှာ ready ကြော်လှော်ပေးတဲ့ဆိုင်လေးတွေဖွင့်ထားတယ်။ ကိုယ်အိမ်ကယူလာတဲ့အကြော်အလှော်
တွေကုန်သွားရင်၊ကျောင်းကချက်တဲ့ ဟင်းမကြိုက်ရင် အဲဒီဆိုင်လေးတွေအားကိုးရတယ်။ ကျောင်းကချက်
လေ့ရှိတဲ့ ငါးဟင်းဆိုရင်မကြိုက်ဘူး၊ ငါးတန်ဖြစ်နေတော့ညှီသလိုလိုပဲ၊ အညာသားဆိုတော့ငါးဆိုရင်သိပ်
မကြိုက်ဘူး၊ ဆိုင်ကဘဲဥကို ကြက်သွန်နီနဲ့ အယှက် လိုက်ကြော်ခိုင်းပြီးစားတာအခုချိန် ထိ မောင်တိုင်ပင်
အကျင့်ရနေပြီ၊ ဟင်းမရှိ လို့က ဘဲဥကိုကြက်သွန်နီနဲ့ကြော်စား လိုက်ရင် ရပြီ။ RIT ထမင်းစားခန်းကရလာ
တဲ့ အကျင့်လေ၊ မိန်းမ ရှိတုံးကဟင်းမရှိရင် မကြိုက် ရင် ဘဲဥ ကိုကြက်သွန်ကြော် ခိုင်း လိုက်တာပဲ။
ထမင်းစားခန်းမှာဟင်းတစ်ပွဲကိုကျောင်သား ၂ ယောက် စားရတာ၊ side dish လည်းတူ
တူပဲ၊ ဟင်းရည်ပဲဘတ္တလာကထည့်ပေးတာ။ တခါသူငယ်ချင်း ၂ ယောက် နံမည်တော့မေ့နေပြီ။
တမြို့တည်းသားပဲ။ဝက်သားစင်းကောချက် ချက်တယ်။ အတော် ကို စားကောင်းတယ်၊ အရင် ရောက်တဲ့သူ
ငယ်ချင်းက ပုဂံထဲမှာ တစ်ဝက်ဖယ်ရင်းဖယ်ရင်းနဲ့ စားကောင်းကောင်းနဲ့ စား လိုက် တစ်ပုဂံ လုံးပြောင်ရောပဲ။
ဒါနဲ့ သူငယ်ချင်းကရောက် လာတော့ ငါးမူးစေ့ လေး ထုတ်ပြီး မင်း ဆိုင်လေးတွေက ၀က်
သားဟင်းဝယ်စားတော့ကွာ ဆိုတော့နောက်ကျတဲ့သူငယ်ချင်းခမျာ ဘာပြောရမှန်းမသိတော့ပဲ ငါးမူးစေ့ လေး
ယူပြီး ဆိုင်တွေဘက်ငိုက်စိုက်ငိုက်စိုက်နဲလျှောက်သွားရတော့တယ်။တမြို့တည်းသား သူငယ်ချင်းတွေ
ဆိုတော့စိတ်ဆိုးရလည်း အခက် ----

Mech 72 ကသူငယ်ချင်းတွေတော်တော်များများကနံမည်ပြောင်ပဲခေါ်လေ့ရှိတယ်။ မြင့်သိန်းက၃ယောက်ရှိ
တော့ထူးကြီးမြင့်သိန်း၊ အရူးမြင့်သိန်း နောက် မြင့်သိန်းတစ်ယေက်ကတော့ Brush မြင့်သိန်း။အရူးမြင့်သိန်း
ကတော့တော်တော်လည်းနောက်တယ်၊ခင်ဖို့လည်းကောင်းတယ်၊ အခုထိသူငယ်ချင်းတွေတွေ့ရင်အရှုးမြင့်သိန်း
ကိုနောက်နေကြ---တခါ အရူးမြင့်သိန်း အလုပ်ကနေ နိုင်ငံတစ်နိုင်ငံကိုလွှတ် လိုက်တယ်။ အပြန်ကြတော့
စင်ကာပူဝင်လည်ပါရော--- စင်ကာပူမှာ Mech 72 batch သူငယ်ချင်းတွေအလုပ်လုပ်နေပေမဲ့သူကအကြောင်း
မကြားခဲ့ဘူး၊ ၀င်းထိန်ဦး (WHO)နဲ့ ကျော်ဇောကြီး (ကွယ်လွန်သွားရှာပြီ) တို့က အရူးမြင့်သိန်းကို ကျော်ကြားတဲ့
Upper Desker road ပေါ်မှာ တွေ့တော့ဝမ်းသာအားရနဲ့ ” မြင့်သိန်း မြင့်သိန်း” နဲ့လှမ်းအော်တာပေါ့။
မြင်ဲသိန်းကကြားတယ်၊လှည့်မကြည်ဘူး၊ သူကတွေးတာက စင်ကာပူမှာ မြန်မာတွေအများကြီး၊ငါရောက်နေတာလည်း
ဘယ်သူမှ မသိဘူး၊ သူတိုသူငယ်ချင်းအချင်းချင်း ” မြင်သိန်း ” လို့်ခေါ်တာနေမှာ ဆိုပြီးလှည်မကြည့်တာ--ဒါနဲ့ WHO
နဲ့ ကျော်ဇော ကဟေ့ကောင် ” အရူးမြင့်သိန်းရေ ”လို့အော်ခေါ်တော့မှ ” ဟ ငါ့ခေါ်နေတာပါလား” ဆိုပြီး
ကိုယ်ကိုတစ်ပတ်လှည့် ဒူးလေးညွတ်ပြီး ”ခင်ညာ--ခင်ည” ဆိုပြီးထူးလိုက်တယ်--

အရူးမြင့်သိန်းကဒီလိုကောင်၊ RIT မှာ ကျောင်းတက်နေတုံးတစ်ရက်မှာ ပေါ့ ၊
1/3/3 မှာ Textile နဲ့တူတူတက်ရမဲ့ နေ့-- အင်းမပုဆိုး၊စတစ်ကော်လာshirt တိုက်ပုံနဲ့ အကျအန ၀တ် လို့လာတယ်၊
Textile ကျောင်းသူတွေထွက်အလာကိုငမ်းမလို့စောင့်နေတုံးဘယ်သူလဲမသိ သူငယ်ချင်းတစ်ယောက်က
နောက်ကနေ အင်းမပုဆိုးကိုဆွဲချွတ် လိုက်တာ ပုံရက်သားကြရော--- မြင့်သိန်း က ပုဆိုးကို ပြန်မ၀တ်ဘူးဗျ၊
ပြောသေးတယ်။ ” ဟေ့ကောင်တွေ မင်းတိုချွတ်တာနော်-- မင်းတို့ပြန်မ၀တ်ပေးရင် ငါ
ပြန်မ၀တ်ဘူးဆိုပြီး ဒီတိုင်းနေမှာ-လို့ပြောတာပေါ့-ကျောင်းသူတွေကလည်း LCR ထဲကထွက်လာတော့မယ်၊ မနေနိုင်တဲ့
သူပုဆိုးဆွဲချွတ်တဲ့သူကပဲ ပြန်ပြေးဝတ်ပေးရတယ်။ အဲဒီ ထိအောင် မြင့် သိန်းကရွတ်တာ---




WHO SGP ကအရူးမြင့်သိန်းအကြောင်းဖြည့်စွက်ချက်

MECH72 ကကျော်ကြားလှသူများ
၂။(အရူး)မြင့်သိန်း
-သူနဲ့ ကျွန်တော် က Central High Schoolထဲက ငယ်သူငယ်ချင်း။မျိုးဦးရေး ထားတာတွေထက်တောင်ပိုတာတွေရှိသေးတာမို့ပြောပြချင်သေးတယ်၊Central ကျောင်း ရဲ့ရှေ့မှာစာတိုက်ပုံးတခု ရှိတယ်၊လသာ ၂ ကျောင်း က ဆရာမငယ်ငယ်လေး ၂ယောက် က
အဲဒီစာတိုက် ပုံးမှာမကြာခဏ ဆို သလို စာ ထည့် တတ်တယ်၊အဲဒါ ကို မြင့် သိန်း က ဘာ ကြည့် မရ လဲမသိဘူးတရက် သူတို့လေးတွေစာထည့်နေတုံး ကျောင်း အပေါ်ထပ် ကနေ .. အောင် မလေး ဗျ... ဘာ ညာ အော် ပြီး သူ့ ပု ဆိုး သူ ချွတ်ချပြစ်တယ်လေ၊အောက် ခံဘောင်းဘီလဲမပါ... ဆရာ မလေး တွေ ကအသံလာ ရာ မော့ ကြည့် တာပေါ့.........
ဆရာမလေးတွေဘယ်တော့မှ နောက်ထပ်စာလာ မထည့်တော့ပါ(အဲဒီလိုမြင့်သိန်းပါ)
-ကျောင်းသားဘ၀ မှာ သူ ရူးပုံတွေ က ရေးပြရ မဲ့သူတောင် မရေးရဲလောက် အောင် ပါ( အဲလို မြင့် သိန်းပါ)
-ကျောင်းပြီးတော့ အစိုး ရ ဌာ နတခု မှာ အရာ ရှိဖြစ်ပြီး နယ်မြို့လေးတမြို့ရောက် သွားပါတယ် ၊နယ် မှာတော့ ၀န်ထောက် မင်းပေါ့၊ တခုသောသင်္ကြန် မှာ ၀န်ထောက်မင်းရောဂါထပါလေရော....
မျက်နှာ အိုး မဲ သုတ်၊ခေါင်း မှာ ယပ် တောင် ကို ပန်၊နို့ဆီ ခွက် အလွတ်တွေ ကြီုးနဲ့တသီကြီးခါး မှာ ချည်ပြီးနောက် နောက်မှာဒရွတ် တိုက် ဆွဲပြီး တမြို့လုံး ရေပက် ခံထွက်သတဲ့၊သစ်သားဒါး အကြီးကြီး တခု လဲထမ်း ထားသေး သတဲ့ စဉ်း စား သာ ကြည့်ပါ တော့ ၊ ၀န်ထောက်မင်းဘယ်လောက် ကျော် ကြား သွားသလဲဆိုတာ(အဲ လို မြင့် သိန်းပါ)
-တခုသော ဆရာကန်တော့ ပွဲ ကို အဲဒီိအချိန်မှာDGMဖြစ်နေတဲ့ မြင့် သိန်း တက်ရောက် လာပါ တယ်Three Quarterဘောင်း ဘီနဲ့ ခြေအိပ် အရှည် ကြီးဝတ်၊နိုက်ကေ ဘိနပ် နဲ့ တီရှပ် နဲ့.. အရမ်း ထူးခြားလှတဲ့ ပုံ နဲ့ချီတက် လာ ပါ တယ်၊ပြီးတော့ တခါ စင် ပေါ်တက် အဆိုတော်မလေးတွေ ကို ရှင် ဘုရင်လေး ဆို တဲ့ သီချင်း ဆို ခိုင်း ပြီးသူ က စင်ပေါ်မှာpostအမျိုးမျိုးပေးနေ တာ ဆရာ ဆရာမ တွေ အား လုံး ပါ ရီလိုက် ကြ တာ ခွက် ထိုးခွက် လှန် ပါ ဘဲ(အဲလို မြင့်သိန်းပါ)
-မျိုး ဦးရေး သလို ဘဲစင်္ကာပူ မှာကျွန်တော် တို့ က မြင့် သိန်း လို့ ခေါ်တာ မထူးလို့ အရူး မြင့် သိန်း ရေ.... လို့ လဲ ခေါ် လိုက်ရော...သူ ထူး ပုံလေးက.. ကိုယ်လေး တပတ် ဒူးလေး အသာ ညွှတ် လှည့် ပြီး... ခင် ညာ ..ခင် ည... တဲ့( အဲဒိလိုမြင့် သိန်း ပါ)
-သူ့ အကြောင်း စာ တအုပ် ရေး လို့ အသာလေး ရပါ တယ်( ရေး တဲ့သူ က သာ မရေး ရဲ ရှိ ရမယ်၊သူ မလုပ် ရဲတာ ဘာမှ မရှိပါ) သူ များတွေ ရီ နေရရင် သူ ပျော်နေပါ တယ်၊MECH72 ရဲ့ ပျော်တော်ဆက်ပါ


ကျောင်းသားဘ၀က နှစ်၄၀ ကျော်ကြာခဲ့ ပြီနော်၊သူငယ်ချင်းတွေတွေ့ရင် ပြန်ပြောင်းစမြုံ့ ပြန်ရတာ
တော်တော် ကိုကိုယ်ကိုကိုယ် ငယ်သွားစေတယ်------

အမှားပြင်ပေးတဲ့ SGP WHO နဲ့ ကော်ကြီး သိန်းအောင်တို့ ကိုကျေးဇူးတင်ပါတယ်------

No comments: