မောင်တိုင်ပင်တို့ RIT 72 batch Mech သူငယ်ချင်းတွေအကြောင်းကိစ္စအမျိုးမျိုးနဲ့စင်ကာပူများရောက်လာ
ကြရင်စင်ကာပူမှာနေကြတဲ့သူငယ်ချင်းတွေကhawker centreတစ်ခုခုမှာချိန်းပြီးစားပွဲနဲ့ဧည့်ခံလေ့ရှိတာကို
WHOကစပြီးပူဇော်ပွဲ PZP လုပ်တယ်လို့သမုတ်ကြပါတယ်။ အမှန်တော့ RIT တုံးကအကြောင်းတွေပြန်
ပြောကြပြီးစိတ်အပန်းဖြေကြတာပါ။ မောင်တိုင်ပင်မတိုင်ခင်က Philip ရုံးမို နဲ့ မျိုးအောင် တို့စင်ကာပူရောက်
လာတော့လည်း PZPတွေလုပ်ခဲ့ကြတယ်။
ဒီတစ်ခေါက်တော့စင်ကာပူမှာဆရာကြီးဖြစ်နေတဲ့ NGP ဥာဏ်ဝင်းရွှေတစ်ယောက်ရန်ကုန်ရောက်နေတော့
သူမပါပြန်ဘူး။ ကျောင်းပြီးကတည်းကမတွေ့ရတော့တဲ့ တင်မောင်သန်းနဲ့တွေ့ရတယ်။ သတိတရပဲသူ့ညီမ
ခင်မေသန်းအကြောင်းမေးလိုက်တော့အင်္ဂလန်ရောက်နေတာသိရတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့တော့
ရုပ်မပြောင်းဘူးလို့ပြောမိကြတယ်။တင်မောင်သန်းကတခေါင်းလုံးဖြူနေပေမဲ့ငယ်ရုပ်ကမပျောက်ဘူး။ တင်
မောင်သန်းက Albert ကိုခေါ်လာတယ်။ဆေးကျောင်းကပါ။အောင်မင်းတို့မြဘူးတို့အော်လီတို့ဘော်ဒါပါ။
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ။ နံမည်တွေပြောလိုက်တော့ကိုယ်အသိသူ့အသိဖြစ်နေတယ်။ မောင်တိုင်ပင်
နဲ့သန့်စင်နဲ့ က၀ိုင်သောက်ကြတယ်။သိန်းအောင်ကတော့ထုံးစံအတိုင်းရွှေပေါ်ကျွန်းဆရာတော်လှုထားတော့
သစ်သီးဖျော်ရည်ပဲပေါ့။ကျန်တဲ့သူတွေကတော့ဘီယာပေါ့။
ဒီတခါ RIT တုံးကအကြောင်းတွေပြောတာတော်တော်စုံတယ်။ မောင်တိုင်ပင်တို့ 72 batch တွေ ၆၆-၆၇ခု ပထမနှစ်မှာတုံးကအင်းလေးဆောင်မှာနေကြရတာလေ။တစ်ယောက်ခန်းကျဉ်းကျဉ်းလေးတွေပဲ။ တ ခါး
အောက်မှာ ၂လက္မလောက်အကျယ်အရှည်၁ပေခွဲလောက်ရှိတဲ့အပေါက်တစ်ပေါက်ရှိတယ်။ Hall Tutor က
ကျောင်းသားအခန်းထဲမှာ စာကျက်နေလားဘာလုပ်နေလဲချောင်းကြည့်ဖို့ထား ထားတာ။ တခါးကဘုသော့
နဲ့၊ lockလေးနှိပ်ထားလိုက်မိလို့လေများတိုက်ပြီးတခါးပိတ်သွားရင်လူကအပြင်မှာlockကကျသွားရော။အဲဒီ
အခါကြရင်ကျွမ်းကျင်သူကို လ္ဘက်ရည် ပြား၂၀တန်တိုက်ပြီးပြန်ဖွင့်ခိုင်းရတယ်။ အဲဒီအချိန် ၆၆-၆၇တုံးက
လ္ဘက်ရည်ကော်ဖီက ပြား၂၀ပဲ။ အိမ် ကအဆောင်နေစရိတ် ၁၂၀ကျပ်လောက်ပို့ရင်လောက်ပြီ။ ကျွမ်းကျင်
သူရဲ့ လက်နက် ကိရိယာ က တီစကွဲ ပဲ။အဲဒီခေတ်ကအင်ဂျင်နီယာကျောင်းသား/သူ ဆိုရင်တီစကွဲ နဲ့
slide rule တကိုင်ကိုင်ပေါ့၊အဲဒီအချိန်က နံပါတ်(ဂ)ကားပေါ်မှာ မနက်ဆိုရင် တီစကွဲတွေကိုင်ပြီးကားစီး
လာတဲ့ကျောင်းသားကျောင်းသူတွေအများကြီးပဲ။ အမှတ် (၈) ဘတ်စ်ကားလက်မှတ်ရောင်း ကအမျိုးသမီး
ကြီးတွေ။ ကမာရွတ်နဲ့ ကြို့ ကုန်း ကို ၁၅ ပြားပဲ။ ဆရာဝန်လောင်းတွေနားကျပ်ကိုင်သလိုပဲ။
အင်ဂျင်နီယာကျောင်းသားတိုင်းတီစကွဲ ကိုကိုင်ကြရတာ။
slide rule ကတတိယနှစ်မှာ ကိုင်ရတာ။ ပထမနှစ်လောက်ကတည်းကရှိုးပေးပြီး ကိုင်ချင်နေကြပြီ။ အဲဒီ တီစကွဲ ကိုစောနကပြောတဲ့တခါးအောက်ခြေကအပေါက်ကသွင်း-- သော့ဘုက lock ကိုရိုက်ပြီးဖွင့် ရတာ။
ကျွမ်းကျင်တဲ့ကောင်ဆိုတော့ခဏပဲ။ အဲညကြရင်တော့ မေယုဆောင်နောက်ကလ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည် လိုက်
တိုက်ပေရော့ပဲ။
အဲဒီတခါးအပေါက်ကဇာတ်လမ်းလေးတွေရှိတယ်။ မောင်တိုင်ပင်တို့ရဲ့ ရုပ်ခပ်ဖြောင့်ဖြောင့်ဆရာတစ်ဦးဆိုပါ
တော့၊သူက အခန်းနားနီးချင်းကျောင်းသားတွေကိုဘယ်ဆရာမချောချောနဲ့ခင်တယ်၊ဘယ် senior ကျောင်းသူနဲ့
ခင်တယ်။ချောတဲ့လှတဲ့ အမျိုးသမီး ဆိုရင်သူနဲ့ ခင်တယ်ပေါ့ဗျာ-- ပြောတာပေါ့၊ ဟုတ်လည်းဟုတ်တယ်ဗျ၊အဆောင်
ကသူဆီကိုခပ်ချောချောအမျိုးသမီးတွေ လာလည်ကြတယ်။ JCRမှာ စောင့်နေရင် ဆင်းဆင်း တွေ့ရတော့
ကျောင်းသားတွေကအကြောင်းမရှိ အကြောင်းရှာ သတင်းစာဖတ်သလိုလိုနဲ့ ဆော်တွေကို ငမ်းကြတာပေါ့၊
စွန်တယ်ပေါ့ဗျာ၊အဲဒီခေတ်စကားနဲ့ပြောရရင်--- Hall Tutor တွေကကျောင်းသားတွေလိုပဲ အစွန်ဆုံးအခန်းမှာ
နေကြရတာ၊ တနေ့တော့ သူအခန်းနားနီးချင်းရှမ်းပြည်ကကျောင်းသားတစ်ဦးဆိုပါတော့---
ရွှေတိဂုံဘုရားသွားအထက်ပစ္စယံမှာ ပုတီးစိပ်ပြီးပြန်အဆင်းသူလှုထားတဲ့ နှင်းဆီပန်း အနီတွေကို အဆောင်
ပြန်ယူလာတယ်။အဆောင်ကအခန်းထဲမှာနှင်းဆီပန်းအနီကိုသေသေချာချာ ထုပ်ပိုးလိုက်တယ်။ ပြီးတော့
Hall Tutor တခါးကအောက်ကအပေါက်ကနေ နှင်းဆီပန်းထုပ်ထားတာကို အခန်းထဲထည့် လိုက်ပါလေရော---
ညကြတော့ Hall Tutor ဆရာပြန်လာကော၊ဘေးနားနီးချင်းအခန်းကကျောင်းသားတွေ
ကအပေါက်ကနေချောင်းကြည့် ကြတယ်၊ ဆရာကနှင်းဆီပန်းကိုနမ်း လိုက်၊ ဘယ်သူလာပေးတာ
လည်းဆိုပြီးခေါင်းရှုပ်တဲ့အနေနဲ့ ခေါင်းကုတ်လိုက်နဲ့ ဖြစ်ပျက်နေတာကိုကျောင်းသားတွေကချောင်းကြည့်ပြီး
ဟားနေကြတာပေါ့။မနက်ကြတော့ရေချိုးမျက်နှာသစ်ချိန် မှာ ဘေးခန်းကကျောင်းသားတွေကိုကျနော်
အခန်းမနေ့ ကဘယ်သူလာသေးလဲ လို့ မေးတော့ --- ဟ ဆရာ အမျိုးသမီး ခပ်ချောချော ၂ ယောက်လာတယ်၊
ဆရာ မရှိဘူးဆိုတာနဲ့ယူလာတဲ့ နှင်းဆီ ပန်းတွေကို အပေါက်ကနေ အခန်းထဲ ထည့်သွားတယ် လိုပြေတာပေါ့။
ဆရာက --နံမည်ပြောမသွားဘူးလား ဘာလားနဲ့ မေးတော့ အားလုံးအတိုင်အဖေါက်ညီညီ ပဲ၊ မပြောသွားဘူးဆရာ
လို့ပြော လိုက်ကြတယ်။ ဆရာခမျာ ဘယ်သူများပါ လိမ့်ဆိုပြီးခေါင်းကုတ်ပြီးရေချိုးခန်းဝင်သွာတော့တာပေါ့။တကယ်တော့ဆရာကကျောင်းသားကနေဆရာဖြစ်တာမကြာသေးဘူး၊ တစ် လလောက် နှစ်လ လောက်ရှိအုံးမယ်။
အင်းလေးဆောင်ပေါ် ဘယ်အမျီုးသမီးချောချောတွေတက် လာရဲမလဲ--ဒါလောက်ဏှာကျောတင်းတင်းနဲ့ငမ်းလေ့ရှိတဲ့ ငနဲ
တွေရှိနေတာဘယ်သူတက်ရဲမလဲ--စဉ်းစားကြည့်လေ။ဘေးနားနီးချင်းအခန်းကကျောင်းသားတွေကတော့ ဆရာ
အဖြစ်အပျက်ကို ပြောပြောပြီးရီကြဟားကြပေါ့လေ။ လွန်ခဲ့သောနှစ်က စင်ကာပူမှာ ကျင်းပတဲ့ ဆရာကန်တော့ ပွဲမှာ
သိန်းအောင်ကော်ကြီးကအဲဒီ ဆရာကို ဆရာကျနော်မှတ်မိ လားဆိုတော့ ဆရာ ကအားရပါးရပြုံးပြီး ကိုသိန်းအောင်တို့၊ ကို
ကျနော်မမှတ်မိပဲနေမလားဗျာ လို့ ဆရာ ကပြန်ပြောပါတယ်။ အော် နှစ်ပေါင်းက ၃၀ - ၄၀ကျော်ခဲ့ပြီ၊
သူကိုနောက်ခဲ့တဲ့ကျောင်းသားတွေတောင်ပင်စင်စားတွေဖြစ်ကုန်ပြီလေ--
ဆရာတွေမှတ်မိကြသလိုကျောင်းသားတွေမှာ လည်းအတွေးပုံရိပ်တွေကျန်ခဲ့ပါတယ်။
အင်းလေးဆောင်မှာ ၁၂ ခန်းဆိုတာရှိတယ်၊အဆောင်မှုး နေအိမ်အပေါ်ထပ်ပေါ့၊ ၁၂ ခန်းကအစွန်တစ်ဘက်မှာ--
အိမ်သာက ဟိုဘက်အစွန်မှာ၊ ကျောင်းသားတွေညစာကျက်နေတုံး အပေါ့ စွန့်ချင်ရင် ၀ါရံတာထွက် ပန်းလိုက်ကြတာပဲ။
အိမ်သာကအဝေးကြီးလျှောက်သွားရမှာ-- မသွားချင်ကြဘူး။ အောက် ကလမ်းဘေးကအလှ စိုက်အပင်တွေဟာရှုရှု
အမြဲအပန်းခံနေရပြီး လေသင့်ရင်အဆောင်မှုးအခန်းကသေးစော်အမြဲနံနေတတ်တယ်။ ဒါနဲ့အဆောင်မှုး ကညဘက်မှာ
ဗျမ်းဗျမ်းအသံကြားရင်တက် လာပြီးဆူတော့တာပေါ့။ ၁၂ ခန်းကကျောင်းသားတွေ လည်းသတိပေးထားတယ်၊ရှုရှု ပန်းနေတုံး တန်းလန်းကြီးမိတဲ့ကျောင်းသားတွေလည်းသတိပေးခံရတယ်။ ဒါနဲ့အဆောင်မှုးကသတိပေးထားတော့ ဘယ်သူမှဝါရံတာ
ထွက်မပန်းရဲကြတော့ဘူး။ ဒါပေမဲ့ အဆောင်မှုး ဆရာ ခမျာ သေးစော်ကနံမြဲပဲ။ တဗျမ်းဗျမ်း အသံမကြားရပေမဲ့လေသင့်
ရင်သေးစော်ကနံနေတုံးပဲ။ ၁၂ ခန်း ကကောင်တွေကဘာလုပ်သလဲ-- သိ လား၊ ထမင်းစားခန်းကနို့ဆီခွက်တွေယူလာပြီး
နို့ ဆီခွက်ထဲသေးပေါက်တယ်။ပြီးရင်နိုဆီခွက် ထဲကသေး ကိုဝါရံတာ တခါးဖွင့်ပြီးဗျမ်းကနဲ လမ်းမပေါ်ဖြန်း ချလိုက်ရော။ အဲတော့ တဗျမ်းဗျမ်းအသံမကြားရပေမဲ့သေးစော်ကနံတုံးပဲ။ နောက်တော့ဆရာကသိသွားတော့ မလုပ်ရဲကြတော့ဘူး။ RIT ကျောင်းသားတွေဆရာ
ကိုတော့ ချစ်ကြောက်ရိုသေကြပါတယ်။မောင်တိုင်ပင်လည်း ၁၂ ခန်း သားပဲလေ---
အင်းလေးဆောင်ကိုသူခိုးကပ်တဲ့ည တစ်ညပေါ့။သူခိုးသူခိုးဆိုတော့ ကျောင်းသားတွေအကုန်ထကြရတယ်။သူခိုးကိုမိတယ်။
နသယ်ကိုဝိုင်းကျဉ်းပြီးအဆောင်မှုး ဆီခေါ်လာတယ်။ အဲဒီတုံးကအဆောင်မှုးခမျာ အိမ်ကပေးစား လို့ညားခါစ-- အိပ်နေပြီကျောင်း
သားတွေကသူခိုးမိ လို့ဆရာဆရာ လို့အော်တော့ သူ့ခမျာ--မီးအရင်ဖွင့်ပြီး ကုတင်ပေါ်က ထ လာတာ၊ ပုဆိုးမပါဘူး၊ ကျောင်းသားတွေက
အပြင်မှောင်ထဲမှာ-- အထဲက အဆောင်မှုး ဆရာ ကိုအတိုင်းသားကြီးမြင်နေရတာပေါ့၊ နောက်မှ -- အော် တို့ဆရာ ရယ် --
ပုဆိုး အရင်ဝတ်ပြီးမှ မီးဖွင့် ပါ လား လို့ ဂရုဏာဒေါသောနဲ့ပြောကြပါရဲ့ --
ကျောင်းသားဘ၀ကတော့ပျော်စရာတွေပါပဲ။ ၂၀၁၁ ခှနှစ် ၂၆ နိုဝင်ဘာမှာ ကျင်းပမဲ့ Mech 72ဆရာကန်တော့ပွဲ ကို ကြိုဆိုလျက်-----

No comments:
Post a Comment