ကျနော်အဖေကမန္တလေးတက္ကသိုလ်မှာ ပါမောက္ခ--လခ က ၈၀၀ ကျော်လောက်ရတယ်။အဲဒီအချိန်ကရွှေ၁ကျပ်သား ၂၀၀ ကျပ်လောက်ပဲရှိတာ။၁၉၆၆ - ၁၉၇၂ နှစ်ထိ အာအိုင်တီတက်တော့ လစဉ် ၁၂၀ ကျပ်ပို့ ပေးတယ်။ကျောင်းလခအဆောင်ခ က ၅၆ ကျပ်လောက်ပေးရတော့ ကောင်းကောင်းလောက်တာပေါ့။ လေဟာပြင်ဈေးမှာ ၁မတ်တန်ဟင်းနဲ့ စား( ဟင်းခွက်သေးသေးလေးတွေ ချိုချဉ်ကြော်၊ အစိမ်းကြော်၊ ဝက်သား ပဲငပိ၊ အစုံ အစုံ)ပလေဒီယံရုံ စတော ကကြည့်ရင် ၁ကျပ်ခွဲ ဒီစီက ၂ကျပ်ခွဲ နောက်သမ္မတရုံမှာဒါထပ်မြင့်တာက ၅ ကျပ်( နံမည်မေ့နေပြီ) စတောက ၁ ကျပ်ခွဲ ဆိုတော့ အာလုံးပေါင်းလိုက်ရင် ၃ ကျပ် ၃ ကျပ်ခွဲပဲကုန်တယ်။
အဖေမှာ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဦးဘစန်း တဲ့--ကုန်သွယ်ရေးမှာ အမြဲတန်းအတွင်းဝန်-အဖေတို့ အဆင့် selection grade တွေ ကားတင်သွင်းခွင့် လိုင်စင်လျှောက်လို့ ရတယ်ဆိုတော့ ၁၉၅၆လောက်ကထင်တယ်-သူဆီလျှောက်လွှာတင်လိုက်တယ်။အဲဒီအချိန်က အင်္ဂလိပ်လုပ်တဲ့ကားမှ ကားထင်တာ-- ဘောက်ဆော၊အော်စတင်၊ ဖီးယက်၊ ကောင်ဆယ်၊ အိုပယ်၊ဟီလ်းမင်း၊မာစီဒီး စတဲ့ ကားတွေ ဟာနံမည်ကြီး-ဂျပန်ကားဘယ်နားနေမှန်းမသိဘူး--- ဥရောပက show room တွေရန်ကုန်မှာအကုန်ရှိတယ်၊ အဖေ ကားလိုင်စင်ရတယ် လည်းသိရော စာတိုက်ကနေ ကားကုမ္ပဏီတွေကကားကတ်တလောက်တွေပို့ လိုက်တာ --လှမှလှ-- အကုန်နောက်ဆုံးပေါ် မော်ဒယ် တွေချည်းပဲ-- ဂျာမဏီကကားသစ် VW လိပ်ခုံးဆိုရင် ၅၀၀၀ ကျပ်
ကြိုက်တဲ့ အချိန်ဝယ် လို့ ရတယ်။ နောက် လင့် ရိုဘာ လည်း ၅၀၀၀ ပဲ။သူက အမတ်တွေ ကိုရောင်းပေးတယ်--
ကြိုက်တဲ့ အချိန်ဝယ် လို့ ရတယ်။ နောက် လင့် ရိုဘာ လည်း ၅၀၀၀ ပဲ။သူက အမတ်တွေ ကိုရောင်းပေးတယ်--
ကျနော်တို့တတွေ ကားကတ်တလောက်တွေကြည့်ပြီး ရွေးကြတာပေါ့ -- ကျနော်တို့ ကငယ်
သေးတော့ ဘာမှ မသိဘူး-- အီတလီ က ဖီးယက် ဆိုရင် ရဲကားတွေ ဝါယာလက်ကားကအစခန့်ခန့်ညားညားပဲ--အိုပယ်၊ကောင်ဆယ်၊ နဲ့ ဗေါက်ဆော တို့ထဲကရွေးတော့ ဗေါက်ဆောဗစ်တာလေးကလှမှလှ -- harvest yellow အဝါ
ရောင်လေး ရွေးလိုက်တယ်၊ WHO ပြောတဲ့ Auto Cars ကပေါ့-- အခု Park Royal Hotel နေရာမှာ--မှတ်မိတာတော့ CIF 12000 MMK လောက်ကျတယ်။ service ကောင်းပုံများကတော့ အိမ်တိုင်ရာရောက် Auto Cars ကအင်ဂျင်နီယာ ကိုယ် တိုင်မောင်းပြီးလိုက်ပို့တယ်--မှတ်မိတာ ကတော့ Steel Bros လည်းရှိတယ်-- အင်္ဂလိပ်ကုမ္ပဏီပဲ။

အဲဒီအချိန်က ပါမောက္ခတစ်ယောက်ဟာ အိမ်စရိတ် ၃၀၀-၃၅၀လောက်ဆို ရင် မိသားစု ၅ ယောက် ကောင်းကောင်းလောက်တယ်။ ရွှေ ၁ ကျပ်သားလောက်စု နိုင်တယ်။ ဘဏ်ကငွေချေးပေးပေမဲ့ အဖေကအတိုးပေးရတယ်ကွာဆိုပြီးချက်ချင်းချက်လက်မှတ် နဲ့ ငွေချေဝယ်တယ်။ ဘဏ်ဆိုတာ Standard Chartered Bank ကိုပြောတာ။ အဖေ တို့လက်ထပ် က Thomas Cook တို့ Chartered Bank တို့ လောက်မှ ဘဏ်ထင်တာ၊ အဲဒီအချိန်က တည်းက အဖေ ကဘဏ်မှာပဲငွေထားတယ်။ အစိုးရဘဏ်ပေါ့--လခလည်း cheque နဲ့ ပဲထုတ်တယ်။
ဗေါက်ဆောဗစ်တာလေးကို ၃ နှစ်လောက်စီးပြီး ပြန်ရောင်းလိုက်တယ်။ ကတ်တလောက်တွေရောက်လာတုံးက Morris Minor လေးလဲပါတယ်။ အခု Mini Cooper မိခင်ကုမ္ပဏီ လို့ ပြောနိုင်တယ်။ တစ်ခုလွတ်သွားတာက ဗေါက်ဆောဗစ်တာ မှာပြီးမှ Morris Minor ကားကတ်တလောက်ကရောက်လာတာ-- အဖေ ကMorris Minor ကားလေးကိုတော်တော်ကြိုက်သွားတာလေ--၁၉၅၉လောက်မှာ ဗေါက်ဆောကားရောင်းပြီး အဲဒီ မောရစ် မိုင်နာ လေးဝယ်စီးတာ နှစ် ၃၀ ကျော်ကြာတယ်။ ရိုရိုသေသေစီးတာ ကားမမောင်းနိုင်တော့မှ ရောင်းပစ်တာ--
အဲဒီခေတ်လေးတွေကမကြာလိုက်ပါဘူးဗျာ စစ်အာဏာရှင်နေဝင်းတက်လာပြီါ်တိုင်းပြည်ဝရုံးသုန်းကားဖြစ်တော့တာပါပဲ--အဲဒီအရှိန်က ၃ - ၄ နှစ်လောက်တော့ ခံသဗျ-- သိပ်မဆင်းရဲသွားသေးဘူး--အဲဒီအချိန်လေး တစ်ဖန် ပြန်ပြီးရောက်ချင်သေးတယ်ဗျာ ဒီမိုကရေစီခေတ် စစ်စစ်လေးဗျ-.
No comments:
Post a Comment