Thursday, November 12, 2009

လူ့လက္ခဏာ

တာဝတိန်သာနတ်ပြည်ကနတ်တွေဟာစုတေခါနီးရင် ကိုယ်ရောင်ကိုယ်ဝါတွေ မတောက်ပကြ တော့ပါဘူး။ အဲဒီအချိန်မှာ အနားမှာခစားနေတဲ့နတ်သမီးတွေက နတ်သားကိုအမြတ်ဆုံး ဘုံဖြစ်တဲ့ လူဘ၀ ကိုဆုတောင်း ဖို့ ၀ိုင်းတိုက်တွန်းကြတယ်တဲ့။ အော် တို့ လူဘုံမှာ လူလာဖြစ်ရတာ အမြတ်ဆုံးပါလားနော်။

လူတွေထဲမှာ နတ်ဘုံကလာခဲ့ရင် ရုပ်အဆင်းအင်္ဂါလှပကြတယ်။နတ်တွေဟာစုတေခါနီးရင် အိပ်ပျော်သလိုဖြစ်သွားပြီး ကာလမခြား လူ့ပြည်က အမေရဲ့ ၀မ်းဗိုက် ထဲမှာသွေးစက်ကလေး
ကနေ ကာလရေကြည် စဖြစ်လာတာ။ ကံအရှိန်ကအထောက်အပံ့ပေးတာကြောင့် ရုပ်ကော
နမ်ကော တပြိုင်နက်တည်း ဖြစ်လာတာပါ။

အားလုံးအကြောင်းညီညွတ်တဲ့အခါ ကာလရေကြည်ကနေရေမြုပ်ဖြစ်၊ ရေမြုပ်ကနေ မုံ့ကျွဲသဲ
လိုအသားဆိုင်ဖြစ်၊ ကံအရှိန်ကြောင့်ပဲ ခေါင်း၊ခြေ၊လက်တွေဖြစ်ပေါ်လာပြီး နမ်ရုပ် စဖြစ်လာတာပါ။

မြတ်စွာဘုရားရဲ့ လက္ခဏာတော် ၃၂ ပါးရှိတဲ့ အနက်ဘုရားရဲ့မျက်လုံးတော်ဟာ အလှအပဆုံးပဲ
ဒီခေတ်ဒီအချိန်မှာမျက်လုံးလှတဲ့ ခလေးမွေးဖွားခဲ့ ရင် ခလေးအရှိန်ကြောင့် မိဖတွေတော်တော်
ချမ်းသာလာလေ့ရှိတယ်။မျက်လုံးတည်ဆောက်ပုံကိုကြည့်ပြီး လူကဲခတ်လို့ရတယ်။မြတ်စွာဘု
ရားသခင်ရဲ့လျှာတော်ဟာလည်းပါးလွှာပြီးနှုးညံ့ပျော့ပြောင်းပါတယ်။စကားပြောရင်ဆဲ
တာဆိုတာမရှိသိမ်မွေ့ညှင်သာစွာပြောတတ်တယ်လို့ကျမ်းဂန်တွေထဲမှာ
ဆိုထားပါတယ်။

ခလေးရဲ့အသားအရေနှုးညံ့နေအောင်ကံအရှိန်က လုပ်ပေးနေတာဖြစ်ပါတယ်။လက်သန်းထိပ်
ကလက်ခလည် အပေါ်လိုင်းကိုမှီနေရင်ဖြစ်စေ၊ကျော်နေရင်ဖြစ်စေ၊ဒီခလေးဟာတော်တော်စေ
တနာကောင်းတတ်ပါတယ်။ လက်ချောင်းတွေအဖျားရှုးနေရင် ဒေါသတအားကြီးတတ်ပါတယ်
ပိန်ပေမဲ့ လက်ခုံလေးတွေပြည့်နေရင်ကောင်းတယ်၊ ချမ်းသာတတ်တယ်။ဝတဲ့လူတိုင်းလက်ခုံ
မပြည့်တတ်ဘူး။လက်ခုံလေးတွေချိုင့်နေရင် ဆင်းရဲတတ်တယ်။

အမိဝမ်းတွင်းသန္ဒေ္ဓ္ဓတည်နေချိန်မှာခလေးနှလုံးနဲ့ မိခင်ချက်တိုင်ကဆက်ထားတာပါ။ခလေးစား
ချင်တာမိခင်နှလုံးမှာပေါ်လာပြီး မိခင်တွေချဉ်ချင်းတတ်ကြတာပါ။ အမျိုးသမီးတစ်ယောက်
ကိုယ်ဝန်လွယ်ထားရချိန်မှာ အိမ်ဘေးက ငန်းကြီးကို လည်လိမ်ချိုးပြီး သွေးသောက်ချင် တဲ့
ဆန္ဒပေါ်လာခဲ့လို့ လူအလစ်မှာ လုပ်လိုက်မိတယ်တဲ့။ မွေးလာတဲ့ ခလေးကတော်တော်ဆိုး
ပြီး ကြီးလာတော့ ထောင်တွေဘာတွေကျ ကုန်တယ်။ ဒါဆရာတော် ဟောတဲ့တရားထဲမှာပါ
တာ။တကယ်တော့ သစ်ခေါက်တွေခွာစားချင်တာ၊ အမဲသားစားချင်တာ၊ အသီးအနှံစားချင်
တာတွေဟာ ဗိုက်ထဲက ခလေးရဲ့ ချဉ်ချင်းပါ။
လူ့အချိုးအစားအရပ်အမောင်းဟာ အချိုးညီညီရှိရပါမယ်။မတ်တပ်ရပ်ရင်ဒူးခေါင်းကိုကိုင်ကြည့်
နိုင်ရပါမယ်။ လူတွေထဲမှာ တစွပ်ထိုးလုပ်တတ်တဲ့သူဟာ အရပ်အမောင်း အချိုးအစား မကျန
တတ်ပါဘူး။ လူအရေပြားကြမ်းတမ်းနေတဲ့ သူဟာရှေနောက် မစဉ်းစားတတ်ပဲ ထင်ရာလုပ်
တတ်ကြပါတယ်။ အရေပြားနှုးညံ့နေရင် ဆရာက်ုချဉ်းကပ်တတ်ပြီး ရှေနောက်ဆင်ချင်ကာ
အေးအေးဆေးဆေး နေတတ်ကြပါတယ်။

မြတ်စွာဘုရားသခင်ရဲ့သွားတော်များဟာပေါက်တာညီညာပြီးကျဲခြင်းထပ်ခြင်းမရှိပဲ အချောင်း
၄၀ ရှိပါတယ်။ ကြာနီကန်ဆရာတော်ရဲ့ အထုပ္ပတ္တိကိုလေ့လာကြည့်တဲ့အခါ ဆရာတော်မှာ
သွားအချောင်းပေါင်း ၄၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်းဆရာတော်ရဲ့ဂုဏ်သတင်း
ဟာကျော်ဇောခဲ့တာပါ။ သွားတွေထပ်နေရင် အဲဒီလူဟာ ကူလီကူမာပြောတတ်ပြီးအလှည့်
အပတ်များတတ်ပါတယ်။

ခလေးသန္ဒေ္ဓတည်တာနဲ့ မိဖကိုအကျိုးပေးတတ်ပါတယ်။အချို့ ကခလေးသန္ဓေရှိတာနဲ့ မိဖ
လုပ်သူတွေချမ်းသာလာကြပါတယ်။ အချို့မိဖတွေကတော့ ကွဲကုန်တတ်ကြပါတယ်။ဒါ
ကြောင့်လူတွေအကြောင်းကိုသိတဲ့ ပုဂ္ဂိုလ်တွေရှေ့သွားတောင်မရပ်ရဲပါဘူး။ ကိုယ့်အကျင့်
စရိုက်ကို ဖတ်ယူ လိုက်မှာ စိုးလို့ပါ။ တကယ်တော့ မြတ်စွာဘုရားသာလျှင် အားလုံး ပြီးပြည့်စုံတဲ့လက္ခဏာတော် ၃၂ ပါးရှိတာပါ။ဒါကလည်းလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့် ခဲ့တဲ့ အရှိန်အဟုန်ကြောင့်ပါ။ ရိုးရိုးလူတွေမှာ မပြည့်မစုံ ရှိနေတာကတော့
ဘ၀ကံအကျိုးပေးတရားအပေါ်မူတည်နေပါတယ်။

(၀န်ခံချက်/ ပိုင်းလော့ဆရာတော် ရဲ့ ဟောကြားချက် ကို ပြန်လှန်လေ့ကျင့် ရင်းရေးထားခြင်းပါ။)

Tuesday, October 20, 2009

မြေဖြူရောင်ဆန်

ယနေ့ရန်ကုန်မြို့မှာ လက်လီရောင်းနေတဲ့ ဆန်ဆိုင်တွေကဧည့်မထဆန်ကို လက်ဝါးပေါ်တင်ပြီးကြည့်ပါ။ ဆန်စေ့အချို့ဟာ မြေဖြူရောင်ဆန် (chalky) ဖြစ်နေတာကိုတွေ့ ရတော့ အရောင်အသွေးဟာ ဘယ်လိုမှ ကြည့်မကောင်းနိုင်တော့ပါဘူး။ မြေဖြူရောင်ဆန် ဆိုတာအလင်းဖြတ်အရောင်(translucent) အများဆုံး ဖြစ်ပေါ် နေသောဆန်စေ့ ရဲ့အလယ်မှာဖြစ်စေ၊၀မ်းဗိုက်မှာဖြစ်စေဆန်စေ့တစ်စေ့လုံး ရဲ့ ၁၀% ကနေ ၅၀% အလင်းပိတ် အရောင်(opaque) ဖြစ်ပေါ်နေတဲ့ ဆန်တွေ ကို chalky လို့ အင်္ဂလိပ် လိုခေါ်ပါတယ်။ မြန်မာကတော့ ၀မ်းဖြူ၊ ဗိုက်ဖြူ၊ အလယ်ဖြူ စသည်ဖြင့်ခေါ်ဝေါ်ပါတယ်။ အမှန်တော့ ဆန် ရဲ့ အရောင်ဟာ အလင်းဖြတ်အရောင် translucent ဖြစ်လျှင်အကောင်းဆုံးပါပဲ။

ကြိတ်ခွဲပြီးသောဆန်မှာ မြေဖြူရောင်ဆန်ပါဝင်မှုကို နိုင်ငံအသီးသီးကသူတို့ရဲ့ Spec တွေမှာ ကန့်သတ်မှုတွေနဲ့ ထိန်းချုပ်ထားပါတယ်။ chalky grain ဆိုတဲ့ quality parameter ကန့်သတ်ချက်ဘောင်ကို တော်တော် ကျော်လွန် လာမယ်ဆိုရင်ကန့်သတ်ချက်ဘောင် အတွင်းဝင်အောင်စက်နဲ့ လုပ်ဖို့ ကဈေးကြီးပေးရတဲ့ color sorter လိုစက်မျိုးရှိမှ အလုပ်ဖြစ်မှာပါ။ ဒါကြောင့် စစိုက်ကတည်းက chalky မပါအောင်လုပ်ဖို့လိုပါတယ်။


အလယ်ဖြူ white centre

မြန်မာစူပါ ၁၀၀%ဆန်မှာ မြေဖြူရောင်ဆန်ပါဝင်ခွင့်က ၀.၅%ဖြစ်ပါတယ်။ ဒါကြောင့် သာမန်အရည်အသွေး သာရှိတဲ့ စပါးကို စူပါ ၁၀၀% ဆန်ကြိတ်ဖို့ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံ မှာသာမန်အရည်အသွေးသာရှိတဲ့ စပါးက များပါတယ်။ စူပါ ၁၀၀% ကြိတ်ချင်ရင်တဲ့ အရည်အသွေးကိုက်တဲ့ စပါးကို တော်တော်ရွေးယူရလိမ့်မယ်၊ မယုံမရှိနဲ့။ မြန်မာ ၂၅% ဆန်မှာတောင် မြေဖြူရောင်ဆန်ပါဝင်ခွင့်က ၈%ရှိတယ်။ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ စတဲ့နိုင်ငံတွေက ၂၅% ဆန်တွေရဲ့ spec ကိုကြည့်တဲ့အခါမှာလည်း ၈% ပဲ။ တန်းမြင့်ဆန်ကြတော့မတူဘူး။ ထိုင်း၊ဗီယက်နမ်က ၃ %သတ်မှတ်ထားတယ်။ US No 1, 2 မှာတောင် ၂ % နဲ့ ၁% စီအသီးသီးသတ်မှတ် ထားတယ်။

မြေဖြူရောင်ဆန်ဟာ ဆန်အရောင်အသွေးကို တနည်းအားဖြင့် ထိခိုက်စေနိုင်တာကြောင့်လည်းကောင်း၊ စက် ကြိတ်စဉ်ဆန်သားဟာ အကြိတ်မခံပဲ အကျိုးအကြေများ နိုင်သောကြောင့်လည်းကောင်း၊ ဒီလိုကန့်သတ် ချက်တွေထားရခြင်း ဖြစ်ပါတယ်။ မြေဖြူရောင်ဆန်ဖြစ်ပေါ်မှုသည် စပါးစေ့များဖွံ့ထွားလာချိန်၌အောင်ရေမ ရသောကြောင့်ဖြစ်ပေါ်တတ်ပါတယ်။ စပါးများကောင်စွာမရင့်မှည့်ခင်ရိတ်သိမ်းခဲ့ခြင်းကြောင့်လည်း မြေဖြူရောင် ဆန်များ ဖြစ်တတ်တယ်လို့ ယခင်ကကောက်ချက်အမျိုးမျိုးချခဲ့သော်လည်း တိကျရေရာစွာ မဖြေရှင်းနိုင်သေးပဲ ရှိနေဆဲပါ။ မြေဖြူရောင်ဆန်သည်ရံဆန်ရံခါ စက်ကြိတ်နေစဉ်အတွင်းအချို့ သည်အမှုန့်ဘ၀ရောက်သည်အထိ ဖြစ်ခဲ့သောကြောင့် မြေဖြူရောင်ဆန်ကိုမလိုလားကြခြင်းဖြစ်ပါတယ်။ အချို့နိုင်ငံများ ၏ spec တွင်မြေဖြူရောင် သည်ဆန်စေ့တစ်စေ့လုံး၏၅၀%ခန့်ဖြစ်ပေါ်နေလျှင်လက်မခံကြပါ။ မြေဖြူရောင်ဆန်သည် ကောက်ညှင်းဆန် စေ့ နှင့်တူသောကြောင့် အချို့ နိုင်ငံများ၏ spec များတွင် non-glutinous rice ဟုဖေါ်ပြလေ့ရှိပါတယ်။


ဟုန်မာလီဆန်၏အရောင်အသွေးသည် translucent ဖြစ်သည်ကိုတွေ့ရပုံ

ဆန်အရောင်အသွေးဟာရေရောင်သို့မဟုတ်အလင်းဖြတ်အရောင် translucent ဖြစ်မှအဆင့်မြင့်သော ဆန်ဖြစ် ပေလိမ့်မည်။ အဆိုပါဆန်စေ့ အတွင်းပိုင်းရှိ ကော်ဓါတ်အစေ့အဆံ( starch granules) များကို အီလက်ထရွန် မိုက်ခရိုစကုတ်ဖြင့်အနုစိပ်ကြည့်ပါကကော်ဓါတ်စေ့အဆံ (granules) လေးများသည်တစ်ခုနှင့်တစ်ခု သိပ်သည်း စွာ ထိစပ် ဖြစ်ပေါ်လျှက်ရှိနေသည် ကိုတွေရပါလိမ့်မည်။ အဆိုပါဆန်စေ့များအနေဖြင့် ဆန်စက်၌ကြိတ်ခွဲစဉ် ကျိုးကြေရန်မလွယ်ကူပါ။

Sound Grains
  • Cells are densely packed with starch granules
  • grains are very difficult to break

Fragile Grains
  • Starch granules are small and floury not hard
  • Air spaces between granules
  • break easily
ကော်ဓါတ်အစေ့အဆံများအကြားလေဟာနယ် (air voids)များရှိနေပါစက်ကြိတ်စဉ်အလွယ်တကူ ကျိုးကြေနိုင် ပါတယ်။ ရံဖန်ရံခါ ကော်ဓါတ်အစေ့အဆံလေးများသည် သေးငယ်ပြီး အမှုန့်အလွယ်တကူဖြစ်နိုင်သည့် အနေ အထားမျိုးဖြစ်ပေါ်နေပါက စက်ကြိတ်စဉ် အလွယ်တကူကျိုးကြေသွားနိုင်ပါတယ်။ မြေဖြူရောင်ဆန်ဘာကြောင့် ဖြစ်ပေါ်ရသည်ကို နောက်ဆုံးလေ့လာတွေ့ ရှိချက်တစ်ရပ်ကို တင်ပြလိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန ( International Rice Research Institute, IRRI) ကဆန်စပါးပညာရှင် Dr. Mellisa Fitzgerald ၏လေ့လာချက်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာသည်နှင့် အမျှမြေဖြူရောင်ဆန်ဖြစ်ပေါ်မှုလည်း ပိုမို လာနိုင်ကြောင်းသုံးသပ်တင်ပြခဲ့ပါတယ်။ သူမရဲ့ လေ့လာတွေ့ရှိချက်က စိတ်ဝင်စားစရာကောင်းပါတယ်။ Dr Fitzgerald သည်စပါးနှံတည်ဆောက်မှုကို လေ့လာခဲ့ရာ စပါးစေ့အတွင်းရှိ ကစီဓါတ်အစေ့အဆံများ စတင် ဖွံ့ထွားလာချိန်အစပိုင်း၌ ပင်မစပါးနှံ (primary panicles) များဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း၌ ဒုတိယစပါးနှံ (secondary panicles) များပေါ်ထွက်လာသည်ကို တွေ့ခဲ့ ရပါတယ်။

ဒုတိယစပါးနှံ၌ဖြစ်ပေါ်ခဲ့သောစပါးစေ့များသည် မြေဖြူရောင်ဆန်ဖြစ်ပေါ်ရန်အခွင့်အလန်းအများဆုံး ဖြစ်သည်ကို တွေ့ရှိရပါတယ်။ စပါးနှံတည်ဆောက်မှု (panicle architecture) သည်စပါးအမျိုးအစားတစ်ခုနှင့်တစ်ခု မတူညီ နိုင်ကြသည်ကိုလည်း လေ့လာတွေ့ရှိ ရပါတယ်။ ဥပမာ IR8 အမျိုးအစား စပါး၏ စပါးနှံတည်ဆောက်မှု နှင့် IR60 အမျိုးအစားစပါး၏ စပါးနှံတည် ဆောက်မှုတို့သည်တစ်ခု နှင့် တစ်ခု မတူညီကြပါ။

Grains are connected on primary branches
and on secondary branches
Grains on secondary branches are reported
to be much weaker sinks than on primary branches

IR8 IR60
12 primary branches 8 primary branches
30 secondary branches 10 secondary branches

IR6 ၌ secondary branches ၃၀ ခက်ရှိပြီး စပါးစေ့ပေါင်း ၁၂၀ ကျော်ရှိပါတယ်။
IR60 ၌ secondary branches ၁၀ ခက်ရှိပြီး စပါးစေ့ပေါင်း၄၀ ကျော်ရှိတာကိုလေ့လာတွေ့ရှိရပါတယ်။

(က) အပိုင်းတွင်ရှိနေသော စပါးစေ့များသည်မူလအနှံ (primary branches) တွင်ဖြစ်ပေါ်နေသောကြောင့် စပါးစေ့အတွင်း ကော်ဓါတ်အစေ့အဆံများသည် သိပ်သည်းစွာတည်ဆောက်ထားပါသည်
(ခ) အပိုင်းတွင်ရှိသောစပါးစေ့များသည် ဒုတိယအနှံ(secondary branches) တွင် ဖြစ်ပေါ်ရခြင်းကြောင့်Chalky မြေဖြူရောင်ဆန်များဖြစ်နိုင်ပါသည်

Dr. Fitzgerald ကစပါးပင်သည် တစ်နှစ်ခံ ပင်မပင်မဟုတ်ကြောင်း၊ အားအလွန်နည်းသောနှစ်ရှည်ခံပင်ဖြစ် ကြောင်း၊ ဒုတိယအနှံ၌ဖြစ်ပေါ်ခဲ့သော ကော်ဓါတ်အစေ့အဆံလေးများသည် ဖွံ့ထွားရန်အချိန်လုံလောက်စွာ မရ ရှိပဲဖြတ်တောက်လိုက်သလိုမျိုး ဖြစ်ခဲ့ခြင်းကြောင့်ကော်ဓါတ်အစေ့အဆံလေးများကိုသိပ်သည်းစွာ ဖြစ်ပေါ်အောင် မတည်ဆောက်နိုင်ပဲလျှော့ရဲစွာတည်ဆောက်ခဲ့သောကြောင့် chalky များဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ အချိန် ဖြတ်တောက်ခံရခြင်းသည် ပတ်ဝန်းကျင်အပူချိန်တက်လာသောကြောင့်ဖြစ်ပါတယ်။ Dr Fitzgerald က စပါးအမျိုးအစားအလိုက် ပတ်ဝန်းကျင်အပူချိန်ကိုခံနိုင်သော heat stress response မျိုးများကိုရွေးချယ် စိုက်ပျိုး သွားရန်လိုအပ်ကြောင်း ပညာရှင် မှ မှတ်ချက်ချသွားပါတယ်။
  • To develop markers that enable breeders to select
  • To develop markers that enable breeders to select against chalk and select for densely filled grains that are translucent and that resist breakage.
ဆွေးနွေးပွဲ မှ ထွက်ပေါ် လာတဲ့ မှတ်သား စရာကောင်းတဲ့ စာစု တစ်ခုကတော့ -
  • We introduce and popularise the concept of the ‘yield of edible rice rather than simply yield measured as paddy.
  • Yield as paddy means nothing to farmers, consumers or marketers if grain such as this is beneath the hulls.
ကဲ- ဆန်အထူးပြု ဦးဆောင်ကုမ္ပဏီတွေ - စပါးပဲအထွက် တိုးအောင်လုပ်လို့က တော့ တကယ်အကျိုး မရှိဘူး နော်- စားကောင်းပြီးအရောင်အ သွေးလှပတဲ့ ဆန်တွေထွက်လာမှ အားလုံးအတွက် အကျိုးရှိမှာပါ။ ကမ္ဘာ့ ဆန်စပါးလုပ်ငန်းမှာ အယူအဆတွေပြောင်းကုန်ပါပြီ်--

ကျမ်းကိုး/
  • Chalky & Translucent Rice Grains differs in starch composition and structure & cooking properties
  • Chalky Rice by Gio Braidotti
  • Chilkiness; Rice Production and Utilization
  • Chalky Grain; Rice Chemistry and Technology
  • Time Rice Today Oct Dec 2004

Thursday, October 15, 2009

ဘာလေးဖြစ်ဖြစ် ချစ်ရမှာပဲ

ဒီကနေ့သတင်းကောင်းကြားရသည်။ ကိုယ့်အတွက်ကတော့ဘာဖြစ်ဖြစ်သတင်းကောင်းပါ။ မနေ့က ကတည်းက G talk မှာ ဒီကနေ့ မနက်ကိုရောက်ချင်လိုက်တာ ဆိုပြီးသမီးကေ အ်ာထားတယ်။ အင်းဒီကနေ့ NUH မှာ သမီးကိုယ်ဝန် ultra sound ရိုက်ပြီး အထီးအမ သိရမယ်နဲ့တူတယ် လို့တွက်ကြည့်ရတယ်။ သမီးကသူ့အမေ လိုပဲ မိန်းခလေးလိုချင်တယ်။ အဘိုးကတော့ ဘာ လာလာ မြေးပဲပေါ့။ ဒါကြောင့်Who ever boy or girl love is eternity လို့ပဲဆိုလိုက် တော့ မယ်။ ဒါနဲ့ချက်ချင်းဖုံးဆက်ဖို့ မှာတော့ မနက် ၉း၃၀ မှာဆက်မယ် ဆိုပြီး ပြန်ပြောလာတယ်။

မနက် ၉ နာရီလောက် ဆေးရုံကနေဆက်တယ်နဲ့တူပါတယ်။ ဖေ့ ယောင်္ကျားလေးတဲ့ ။ဟ မျောက်လေးပေါ့ကွာ လို့ပီတိစိတ်နဲ့ ပြန်ပြောလိုက်ရတယ်။ ကိုယ်အတွက်ကတော့ ဘာလေးဖြစ် ဖြစ်သတင်းကောင်းပေါ့။ ဖုံးကခဏပဲ ပြောလိုက် ရပြီးပြတ်သွားတယ်။

၁၁ နာရီလောက်ကြတော့ သမီးလေး လိုချင်တဲ့ သမီးက ယောင်္ကျားလေးတဲ့ဆိုပြီး သူဖြစ်ချင်တာ မဖြစ်ရတဲ့ လေသံ နဲ့ပြောတော့ ပီတိဖြစ်နေတဲ့ အဘိုးကဟာ ဘာဖြစ်ဖြစ်ပေါ့ ကွာ အမေအားကိုးရတာပေါ့ လိုပြန်ပြောရတယ်။ Mickey Mouse အရူး (ငယ်ငယ်လေးကတည်းက Mickey Mouse ရုပ်ပုံ မြင်ရင်မနေနိုင်ဘူး) သမီးကအိမ်နံမည် Mickey ခေါ်မယ်နော်ဆိုပြီးပြောတော့တာပဲ။ တူမလေးတစ်ယောက်ရဲ့ သားလေးကလည်း Mickey လိုခေါ်တော့ Mickey Junior ပေါ့ကွာ လို့ပြောလိုက်ရတယ်။ ဘာဖြစ် ဖြစ် my baby is BOY ဆို ပီးG Talk မှာတင်ထားတော့မှ အော်သူလည်းဘာဖြစ်ဖြစ် ချစ်ရတော့မှာပဲလေ။

လောလောဆယ်ခလေးကျန်းမာဖို့ အရေးကြီးတယ်လေ။ စလုံးမှာက ကိုယ်ဝန်ရှိရင် ခလေးဘိုက်ထဲမှာရှိတုံး down syndrome လိုရောဂါမျိုးရှိ မရှိ ဘိုက်ထဲမှာရှိတဲ့ အရည်ကိုစုတ်ပြီး စစ်ဆေးပေးတယ်လေ၊ မလိုချင်ရင် ဖျက်ချနိုင်တာပေါ့။ ဒါပေမဲ့စင်ကာပူက blog တစ်ခုမှာ ဖတ်လိုက်ရတာ က အဲဒီလိုရှိနေရင် အဖေတို့အမေ တို့ကဖျက်ချရက်ပါ့မလားတဲ့ ဘယ်လိုပဲဖြစ်နေနေ ဘုရားပေးတဲ့ သားသမီးကိုကျွေးမွေးစောင့်ရှောက်ရမှာက အဖေ အမေတို့ရဲ့တာဝန်ပါ လို့ရေးထားတာဖတ်ရတော့ မြန်မာလူမျိုးတွေ ထားရှိ တဲ့ မိဖရဲ့မေတ္တာတရားကို လေးစားမိပါတယ်။

မြေးရတော့မယ်ဆိုတော့ သမီးကိုပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဘ၀ရဲ့ ပုံရိပ်ကိုပြန်ပြောင်းကြည့်မိပါတယ်။ ပညာတတ် အဖိုးအဖွားတွေ၊ ပညာတတ်အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတာကြောင့် သမီးကိုလည်း ပညာတတ် ဖြစ်စေချင် ပါတယ်။ တလောကသူ့အမေ သမီးအတွက်မေးထားတဲ့ ဗေဒင်စာရွက်ကိုပြန်လှန်ဖတ်ကြည့် တာ့ ဘွဲ့ ၄ ခုရမယ်လို့ဟောထားတယ်။ မှန်သားပဲ။ သမီးဘွဲ့ ၄ ခုရနေပြီပဲ။

အခုသူတာဝန်ရောက်ပြီ။ မြေးလေးကိုဘယ်လို ပြုစုထိန်းကျောင်းမလဲ? စင်ကာပူက ခလေးတွေဆိုးတယ် ဆိုတဲ့အကြောင်းညည်းလေ့ရှိတဲ့ သမီး child rearing ဘယ်လိုလုပ်မလဲ ? ဘယ်လိုယဉ်ကျေးအောင်သင်ပေးမလဲ ? ပြောတာတစ်ခုရှိသေးတယ်၊ အဖေ လာပြီးသင်ပေး တဲ့။ တော်တော်ပဲကောင်း။

Tuesday, October 6, 2009

အစားကောင်းလေး စားရရင် မိတ်ဆွေတွေကို ကျွေးချင်

မိတ်ဆွေကောင်းဆိုတာစားစရာကောင်းလေးတစ်ခုရရင်ဝေမျှစားချင်တယ်။လွန်ခဲ့တဲ့ ၈ လလောက်ထိစာရေးသူဟာ ၀ိပသာနာတရားတော်နဲ့ပတ်သက်လို့နလပိန်း
တုံးပါ။ရွယ်တူသူငယ်ချင်းတွေတရားစခန်းဝင်ကြတာတွေကြားတော့ကိုယ်လည်းဝင်
ချင်လာတယ်။
ငါများနောက်ကျနေပြီလားဟုပူပန်မိတယ်။ရုံးအလုပ်တွေများနေ
လို့ဆိုပြီးမဆီမဆိုင်ကိုယ့်ထမင်းကျွေးတဲ့အလုပ်ကိုယိုးမယ်ဖွဲ့ခဲ့သေးတယ်။

ဒီလိုနဲ့ ဂေါက်သီးရိုက်တုံး ဂေါက်ရိုက်ဖေါ်မိတ်ဆွေ ကိုတင်ဦးတို့ နဲ့တရားအ
ကြောင်းဘာဘာညာညာပြောရင်းအသက်ကလေးရလာတော့ တရားထိုင်ကြည့်ချင်တယ်ကွာဆိုပြီးထုတ်ပြောမိတယ်။
ကိုတင်ဦးကကိုယ်ထက်ဝါရင့်တော့ ဆရာ တရားမထိုင်ခင် တရားကိုအရင်နာအုံး၊
တရားစာအုပ်တွေဖတ်အုံးဆိုပြီးပြောတယ်။ အေးလေ ငါ ဘယ်စာအုပ်ဖတ်ပြီးဘာ
လုပ်ရမှာလည်းလို့မေးတော့ မေတ္တာရှင် (ရှင်ဇ၀န)ရဲ့ mp3 ခွေတွေနဲ့မဂ်တားဖိုလ်
တားအန္တရာယ်များ စာအုပ်ပို့ပေးလိုက်မယ်။အဲဒါတွေကိုအရင်နားထောင်အုံး၊ဖတ်
အုံးလို့ပြန်ပြောတယ်။

ဒါနဲ့သူပို့ပေးတဲ့ mp3ခွေထဲကကော့သောင်း၊ဘိတ်၊ရွှေပြည်သာမှာရှိတဲ့ကျောင်းတွေ
မှာဆရာတော်ရှင်ဇ၀နဟောကြားတော်မူသောခေါင်းစဉ်အမျိုးမျိုးနဲ့ တရားတွေကို
နားထောင်ဖြစ်ခဲ့ပါတယ်။ဟောကြားတဲ့တရားတွေထဲမှာ သုတ္တန်တွေလည်းပါသ
လိုဝိပသာနာအလုပ်ပေးတရားတွေလည်းပါပါတယ်။ ဆရာတော်ဟာဝိပသာနာ
တရားဟောတဲ့အခါ ရှင်းရှင်းလင်းလင်းရှိပြီးအခြေခံတွေကိုပိုင်ပိုင်နိုင်နိုင်သရုပ်ခွဲ
ပြောပြနိုင်ပါတယ်။ပါဠိတွေသိပ်မပါပဲ မြန်မာစကားနဲ့ကွင်းကွင်းကွက်ကွက်ပေါ်
အောင်ဟောကြားပေးနိုင်ခဲ့တာကြောင့်တရားနားထောင်တာအရသာခံတတ်
လာပါတယ်။တနည်းပြောရရင်တရားခွေနားထောင်ရတာမပျင်းတော့ပဲနားထောင်
ပြီးရင်းနားထောင်ချင်လာပါတယ်။

ကိုတင်ဦးကဆက်လက်ပြီးသညာသိနှင့်ပညာသိစာအုပ်နဲ့ မိုးညှင်းပိုင်းလော့ဆ
ရာတော်ရဲ့ တရားခွေတွေနဲ့ကိုဆက်ပို့ပေးပါတယ်။မေတ္တာရှင်(ရှင်ဇ၀န) ရဲ့စာအုပ်ပါ။
စာအုပ်ဖတ်လိုက် တရားနားထောင်လိုက်နဲ့မိမိရဲ့ပိုနေတဲ့ အချိန်တွေကိုအကျိုးရှိရှိအသုံးချနိုင်ခဲ့ပါတယ်။

အခုဆိုရင် ရှင်ဇ၀နရဲ့တရား အပုဒ် ၂၀၀ ကျော်ကိုနားထောင်(တရားနာ)
ပြီးဖြစ်ပါတယ်။သုတ္တန်ကောဝိပသာနာအလုပ်ပေးတရားတွေဖြစ်ပါတယ်။
ဝိပသာနာတရားတွေကိုတော့အကြိမ်ကြိမ် နားထောင်ဖြစ်ပါတယ်။ရှင်ဇ၀န
ကအခြေခံကျကျဟောတာဆိုတော့ ဆိုတော့နားလည်လွယ်ပါတယ်။နောက်
တဆင့်တက်ပြီး အခုအချိန်မှာ ပိုင်းလော့ဆရာတော်တရားတွေဆက်နားထောင်
ဖြစ်ပါတယ်။

ဒီလိုနဲ့ဒီကနေ့မနက် ဂေါက်သီးရိုက်တော့ ကိုတင်ဦးမလာဘူး၊ ရုံးချိန်ရောက်တော့ရုံးလိုက်
လာတယ်။ လာရခြင်းအကြောင်းကတော့ မြောက်ဦးဆရာတော်ရဲ့ တရားခွေလာ
ပေးတာ။ သူနားထောင်ရတာအလွန်ကြိုက်တော့ကိုယ့်မိတ်ဆွေအစားကောင်း
လေးလာကျွေးတဲ့သဘောပါပဲ။ အခုတလောကိုတင်ဦးနဲ့ စာရေးသူနဲ့ ကတွေ့လိုက်ရင်တရား
အကြောင်းပြောဖြစ်တာများတယ်။ သူပြောတဲ့ တရားခွေ နံပါတ် ၈၈ ကနေ ၉၄ ထိ
အလုပ်ပေးတရားကိုနားထောင်ရအုံးမယ်။ သူ့အပြောကတော့ကြက်သီးတောင်တဖြန်းဖြန်းထတာဆိုလာပဲ။
မိတ်ဆွေကောင်း ဆိုတာကောင်းတာလေး စားရရင် share လုပ်ချင်တဲ့သဘောပါ။

Monday, October 5, 2009

၂၅မှတ်ဆန်ပဲပို့နေအုံးမှာလား

ဘလော့ဂ်မရေးတာကြာလို့မိတ်ဆွေတွေကမေးကြတယ်။အလုပ်နည်းနည်းရှုပ်
တာကတကြောင်း၊ သိတဲ့အတိုင်းပဲစိတ်မပါရင်မလုပ်ချင်တဲ့ စာရေးဆရာတွေရဲ့ ဇီဇာကြောင်မှုတွေကြောင့်တကြောင်းမရေးဖြစ်တာပါ။
ဒါပေမဲ့ အကျိုးရှိတဲ့ အလုပ်
တော့နေ့တိုင်းလိုလိုလုပ်ဖြစ်တာကကျေနပ်စရာပါ။ ဘာလဲဆိုတော့ ရှင်ဇ၀န နဲ့ပိုင်းလော့ဆရာတော် တို့ရဲ့ဝိပသာနာတရားခွေတွေကိုကြည့်ဖြစ်နားထောင်ဖြစ်ပါ
တယ်။ ဆရာတော်ရှင်ဇ၀နကတရားနာတာဟာတရားကျင့်တာနဲ့တူတူ ပဲလို့ဟော
ပြောတဲ့အတွက်အော်ငါတရားကျင့်ဖြစ်ပါလားဆိုပြီးကိုယ်ကိုကိုယ်ကျေနပ်မိပါ
တယ်။ဝိပသာနာနဲ့ပတ်သက်လို့ ကိုယ်ဘယ်လောက်သိသလဲဆိုတာ ပြန်လှန်စာရေးကျင့်ရပါအုံးမယ်။

ရေးချင်တာကတော့ဆန်စပါးအကြောင်းပါ။ဆန်ကိုပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပြည်ပတင်ပို့ခွင့် ပြုလိုက်တော
့ ဆန်စပါးလုပ်ငန်းကိုယခင်က မလုပ်ဘူးသေးတဲ့ လုပ်ငန်းရှင်တွေဝင်ရောက်လုပ်ကိုင်ဖို့တာစူလာကြပါတယ်။
ကုန်သွယ်လယ်ယာ
ပိုင်ဆန်စက်တွေကို အပြိုင်လေလံဆွဲကြသလို ဆာတာကေး၊ ဘူလာ၊ ထိုင်း REC၊
တရုတ်ဆန်စက်တွေကိုပြည်တွင်းမှာတည်ပြီး လုပ်ငန်းလုပ်ကိုင်ဖို့ အသီးသီးပြင်ဆင်နေကြတာလည်းကြားသိရပါတယ်။

ဒီလိုအချိန်နဲ့ ကိုက်ပြီးစာရေးသူလည်း မြန်မာဆန်စပါး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး စာအုပ်ကိုကောမာစ်ဂျာနယ်တိုက်ကနေထုတ်ခဲ့ပါတယ်။ ရည်
ရွယ်တာကတော့ ဆန်စပါးအထူးပြုဦးဆောင်ကုမ္ပဏီတွေအတွက်ပါ။ ကုန်
သွယ်လယ်ယာလက်ထက်တုံးကတော့ ဆန်စပါး supply chain ကိုဝယ်ယူ
ရေးကနေစပြီးတည်ဆောက်ခဲ့တာပါ။ကုန်သွယ်လယ်ယာလက်ထက်တုံးကတော့
တစ်ပြည်လုံးပေါ့။ အခုဆန်စပါးအထူးပြုကုမ္ပဏီတွေကတော့ သူဦးဆောင်ရမဲ့
နယ်မှာ မျိုးစပါး သွင်းအားစုပံ့ပိုးတာကအစ စိုက်တာပျိုးတာတွေအလယ်
သိုလှောင်ကြိတ်ခွဲ တင်ပို့တာအဆုံး supply chain တစ်ခုလုံးကိုတည်ဆောက် ရမှာ ဖြစ်တော့စိန်ခေါ်မှုတွေပိုများလာတာပေါ့။

ဆန်အထူးပြုကုမ္ပဏီတွေသက်ဆိုင်ရာ ဒေသတွေမှာ ဘာတွေလုပ်သင့်တယ်ဆို
တာအကြံပြုချင်ပါတယ်။ ပြည်ပတင်ပို့ တဲ့မြန်မာဆန်အရည်အသွေးဟာ နှစ်ပေါင်းများစွာ မြန်မာ၂၅မှတ်အဆင့်မှာပဲ ရှိနေ ခဲ့တာဟာစာရေးသူတို့ညံ့လို့
ပဲလို့ပြောရမလိုဖြစ်နေပါတယ်။တစ်လောကပဲခူးတိုင်း(နောက်) ပြည်ခရိုင်အင်းမ
တစ်ဝိုက်ကစိုက်ပျိုးထွက်ရှိတဲ့ဆန်နမူနာတွေကိုစစ်ဆေးသုံးသပ်ပေး
ဖို့သူငယ်ချင်းလုပ်ငန်းရှင်တစ်ဦးကလာပြပါတယ်။

ပြည်မြို့နယ်က စိုက်ပျိုးထွက်ရှိတဲ့ ရွှေပြည်တန် နဲ့ ဆင်းသွယ်လတ်စပါးကကြိတ်
ထားတဲ့ဆန်တွေကိုတွေ့လိုက်ရတော့ ဆန်ရည်ဆန်သားသာမက လုံးရှည် လုံး
သွယ်အဆင့်ကိုမှီတဲ့တွက် အလားအလာအလွန်ကောင်းတဲ့ဆန်ဖြစ်နေတာကို
တွေ့လိုက်ရတော့ တော်တော်ကျေနပ်မိပါတယ်။ ဗိုက်ဖြူ ၀မ်းဖြူဆိုတာလုံးဝမ
တွေ့ရသလိုဆန်ဟာလည်း extra long grain ( 7mm above) whole kernel များတော်တော် ပါဝင်နေတာကိုတွေ့ ရပါတယ်။ဒီလိုအရည်အသွေးမျိုးသာတပြည်
လုံးစိုက်နိုင်လို့ကတော့ ထိုင်းတွေလန့်မယ်ဆိုရင်လန့်လောက်ပါတယ်။ cooking quality eating quality တော့ထမင်းချက်မစားရလို့ မသိနိုင်ပေမဲ့ အရောင်အသွေးက translucent ဖြစ်တော့စားကောင်းလိမ့်မယ်လိုတထစ်ချ
ယုံကြည်မိပါတော့တယ်။

Saturday, September 5, 2009

မြေးလေးကို လွယ်ထားရသော သမီးအတွက် ပေးစာ

၁၉၉၃ ခုနှစ် ဇူလိုင် ၇ ရက် ဟာသမီးအတွက် မိခင် ကောင်းတစ်ယောက် ရုတ်တရက်ဆုံးရှုံး ခဲ့ရသလို မောင်တိုင်ပင် အတွက်လည်း ဘ၀ရဲ့အဖေါ်မွန် ဇနီးကောင်းတစ်ယောက်ဆုံးရှုံးခဲ့ရလို့ သားအဖ နှစ်ဦး အတွက် လောကဓံတရား (ဂ) ပါးကိုနဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် လိုက်ရတဲ့ နေ့ တစ်နေ့လို့ ဆိုမယ်ဆိုရင် မမှားပါ။ မွေးရာပါ ဦးနှောက်ရှိသွေးကြောများပါးပြီး ဗူးဗေါင်းလိုဖောင်းနေလို့ အချိန်မရွေးသွေးကြောများပေါက်သွားနိုင်တဲ့အတွက် ဂရုစိုက်နေသော်လည်း ဘ၀ပါရမီ ကံပါလာလို့လားမသိ ညစာ စားနေစဉ်အတွင်း သွေးကြောပေါက်ကာ ည ၇း၃၀ မှာကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ SAH လို့အတိုကောက်ခေါ်ပါတယ်။ ဦးနှောက်ရေအိတ် အတွင်းရှိ ဖေါင်းနေသော သွေးကြောများ ပေါက်သွားတာပါ။

မိခင်ဆုံးရှုံးလို့ ကြေကွဲဝမ်းနည်းနေတဲ့ သမီးက အိမ်ရောက်ရောက်ချင်းပဲ အဖေကို စကားတစ်ခွန်းပဲ ပြောပါတယ်။ "ဖေဖေရယ် နောက်မိန်းမ မယူပါနဲ့နော် " အဲဒီစကားဟာ ကျွန်တော်အတွက်ဘယ်တော့မှမေ့လို့မရတဲ့စကားပါ။ ဒါကြောင့်သမီး ကိုအမေနေရာကကော အဖေနေရာကကော ပြုစုစောင့်ရှောက်ခဲ့တာပါ။ အမေ မရှိတော့ ငါသာ တစ်စုံတစ်ခုဖြစ်သွားရင် သမီး ဟာမိဘမဲ့ဖြစ်သွားနိုင်တယ် လို့စိုးရိမ်မိပြီး သမီးကို tough ဖြစ်အောင် train လုပ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာကtough ဖြစ်အောင်သာလုပ်တာပါ။ အမိမဲ့ ဆိုပြီး bully လုပ်မခံရအောင်ပါ။ ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ ကတော့ tough မဖြစ်ပါ။ စင်ကာပူမှာ သမီး ကိုယ်ဝန်သွားပြတော့ မီးယပ်ဆရာဝန်မကြီး ကို စကားစမြည်ပြောရင်း " I train my daughter to be tough" လို့ ပြော တော့ သူမ က " It seems that she is not tough" ဆိုပြီးပြန်ပြောတယ်။ အဲတော့ ကျွန်တော်က mentally she is tough but not physically cos she's stubborn " လို့ပြန်ပြောလိုက်တော့ she's no longer be stubborn cos she has to take into account of your grandchild" လိုပြန်ပြောတော့ ရယ်ရသေးးတယ။် မိဘဆိုတာ ကိုယ်သားသမီးအတွက်အစဉ် ထည့်တွက်ထားပြီးသားပါ။ ဆင်စီးလို့မြင်းရံစေချင်တာပါ။ သမီးဟာဖေဖေ train လုပ်သလိုမာကျောပါတယ်။ determined လည်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးတည်းသောသမီးတို့ အစဉ်အလာအတိုင်း less consider for other people ဖြစ်တယ်။ ဆိုလိုချင်တာက သူများအတွက် အနည်းငယ်ပဲ ထည့်စဉ်းစားတတ်တယ်။ သမီး အခု ဆို ရင်သမီးရဲ့ ရင်သွေးလေးကိုလွယ်နေရပြီ။ မိဘရဲ့နေရာကနေကိုယ်ချင်းစာတတ်နေပြီ။စွန့်လွှတ်ရဲ ရမဲ့နေရာကို ရောက်နေပြီ။အကြိုက်ဆုံးဆိုတဲ့ အစားအစာတွေ ကိုယ်ဝန်ကြောင့် မစားနဲ့ဆိုရင်မစားပဲ နေတတ်နေပြီ။ သမီး ၁၇ နှစ်သမီးမှာမေမေ ဆုံးတာပါ။ မေမေ ကသမီးကို ခတ်ပျော့ပျော့ ဆုံးမတတ်ပေမဲ့ ဖေဖေ ကတော့စည်းကမ်း စနစ်ကြီးစွာနဲ့ ဆုံးမတတ်တယ်။ ဖေဖေသွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းလာတဲ့ သမီး အနေနဲ့ ဘယ်လောက် စည်းကမ်း ကြီးပစေ သမီးမမှုတော့ဘူး။

Saturday, August 29, 2009

ခေတ်ဟောင်းက ပညာတော်သင် ခရီး

မောင်တိုင်ပင်အလုပ်ကနေ ၁၃ နှစ်ကြာတဲ့အခါ ဘီးလတ် (UK) ကို ပညာတော်သင်သွား ဖို့ အခွင့်အလန်းရ ခဲ့တယ်။ နောက်ဝင်လာတဲ့ အင်ဂျင်နီယာ အငယ်တွေနဲ့ အတူ စာမေးပွဲ ၀င်ဖြေပြီးမှ အမှတ်အနည်းအများ အရသွားရတာပါ။ ကပ်ရပ်ဖေါ်လံဖားပြီးအောင်တာမဟုတ်ပါ။ အိမ်မှာ ရှိတဲ့ အဖေ့စာအုပ်စဉ်မှာ သိပ္ပံမောင်ဝ ရဲ့ အောက်စ်ဖိုဒ့် တက္ကသိုလ်ပညာတော်သင်ဘ၀မှတ်တမ်းကို ဖတ်မိပြီးကတည်းက ဘီးလတ်ကိုပညာတော်သင် သွားချင်နေတာပါ။ မှတ်မှတ် ရရ သိပ္ပံမောင်ဝရဲ့ စာအုပ် ကို အကြိမ်ကြိမ် ဖတ်ခဲ့တော့ အောက်စ်ဖိုဒ့်တက္ကသိုလ် ရဲ့ကောလိပ် အမည်တွေ၊ လမ်းတွေကို မှတ် မိနေပါတယ်။


မောင်တိုင်ပင်ရဲ့
IELTS အမှတ်က ၆.၅ ဖြစ်တော့ အင်္ဂလိပ်စာသင်တန်းး ကင်းလွတ် ခဲ့တယ်။ နောက်မှ သိရ တယ်၊ အင်္ဂလိပ်စာ သင်တန်း တက်ရရင် အင်္ဂလိပ်မိသားစုအိမ်တွေမှာ၃ လ လောက် နေရမှာနော်။ home stay ပေါ့။ အဲဒီအခွင့်အရေးတော့လွတ်သွားပါတယ်။ ၁၉၈၃ခုနှစ် စက်တင်ဘာလလယ်လောက် ကျောင်းဖွင်ခါနှီး ၅ရက် လောက်အလိုမှာ ရန်ကုန်က ထွက်ခွာခဲ့ရတယ်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ အလုပ်ဝင်မဲ့ ဒေါ်ရင်ရင် မေနဲ့ လေယာဉ်ပျံတစ်စီးတည်းပဲ။ British Airways ကိုဘန်ကောက် ကနေဆက်စီးရတာပါ။ နယူးဒေလီမှာ လေယာဉ်ဆီ ဖြည့် ဖို့ရပ်နားနေတုံးဒေါ်ရင်ရင်မေ နဲ့စကားစမြည်ပြော ရင်းဘီဘီစီကိုလာလည်ဖို့ သူမက ကြို တင်ဘိတ်ခဲ့ပါတယ်။မောင်တိုင်ပင် ရဲ့ဇနီး က ဒေါ်ရင်ရင်မေနဲ့တစ်ကျောင်းတည်းထွက်လေ။ လန်ဒန် ဟီသရိုး လေဆိပ် ရောက်တော့ ယောက်ဖဖြစ်သူ ဒေါက်တာ ပီတာစိုးဝင်း လာကြိုပါတယ်။ အတူနေယောက်ဖ အငယ် ကိုစိုးလင်း လည်းပါလာတာပေါ့။ လေဆိပ်ကနေလန်ဒန်မြို့ထဲယောက်ဖ ကသူ့ ကိုယ်ပိုင်ကားမောင်းပြီး bed and breakfast ဟိုတယ်ကို လိုက်ပို့ပါတယ်။ လန်ဒန်စံတော်ချိန် နံနက် ၆ နာရီ တနင်္ဂနွေနေ့ ဖြစ်တော့ လမ်းမှာ ကားတွေတော်တော်ရှင်းပါတယ်။ လမ်းမှာ ယောက်ဖအငယ် က လန်ဒန်မြို့ လမ်းတွေဟာ ဘာထူးသလဲ ဘာ သတိပြုမိသလဲ လို့မေးပါတယ်။ စာရေးသူ ကတော်တော်စဉ်းစားပြီး ဟွန်း မတီးကြဘူး လို့ ပြန်ပြောတော့ နှစ်ယောက်လုံးက ၀ိုင်းရီကြတယ်။ မှန် ပါတယ် လို့သူတို့က ပြောပါတယ်။ အင်္ဂလန်မှာ ဟွန်းတီးရင် ဆဲတယ်လို့ မှတ်ဟူပါတယ်တဲ့။ အဲဒီအချိန်တုံးက ရန်ကုန်မြို့မှာ ဟွန်းကိုတီးသလားမမေးနဲ့ တတီတီ နဲ့ တ ပေါ်ပေါ် နဲ့ ဆူညံနေတာပဲ။ ယောက်ဖ အငယ် ရန်ကုန် ကိုတလောကခဏပြန်လာတုံးက ရန်ကုန်မြို့တော်ဟာဟွန်းသံတိတ် ဆိတ်နေတာကြောင့် အတော်အံ့သြသွားတယ်။


ဟိုတယ်မှာ ပစ္စည်းတွေနေရာချထား ပြီး ကားကိုတစ်နေရာမှာရပ်ထားခဲ့တယ်။ ယောက်ဖတွေ ကမြေအောက် ရထားစီး ပုံစီးနည်း ကိုသင်ပေးတယ်။ နေ့လည်စာကို လန်ဒန်တရုတ်တန်းမှာရှိတဲ့ restaurant တစ်ခု မှာသွား စားကြတယ်။ စားရေးသူအတွက် ပထမဆုံးဟောင်ကောင်တရုတ်စာကို လန်ဒန် တရုတ်တန်း ဆိုဟို ရပ်ကွက်မှာ စားဘူးတာပါ။ ညနေ ၃နာရီလောက် ယောက်ဖတွေ က လန်ဒန်နဲ့ ကီလိုမီတာ ၁၈၀ လောက်ဝေးတဲ့ Leeds မှာ နေတာဖြစ်တော့ နှုတ်ဆက်ပြီးပြန်သွားကြရော။ စာရေးသူတစ်ယောက်တည်းညနေ ၅ နာရီလောက်ကြတော့

jet lag ဖြစ်ပြီး အရမ်း အိပ်ချင်တာနဲ့ ဟိုတယ်မှာ စောစောအိပ်ရာဝင်ခဲ့ပါတယ်။


နောက်တစ်နေ့ မိုးလင်းတော့ လန်ဒန်မြို့ ထဲ ရှောက်ကြည့်ရင်း McDonald ဟန်ဘာဂါ နဲ့ အင်္ဂလိပ်အစားအစာ fish and chips ကိုပထမ ဆုံးဝယ်စားမိတယ်။ fish and chips အနံ့ကိုမခံနိုင်ဆုံးပဲ။ ဒါပေမဲ့ နောက်တော့ fish and chips ကို ကြိုက်သွားပြီး မကြာခဏ ၀ယ်စားတဲ့ meal တစ်ခု ဖြစ်လာပါတယ်။ နေ့လည်မှာ ဟိုတယ်က check out လုပ်ပြီး ဗစ်တိုရီးယား ဘူတာရုံကို taxi နဲသွားပါတယ်။ British Council က personal coordinator Ms. Vicky နဲ့တွေ့ပါတယ်။ Silsoe college ကိုသွားမဲ့ အခြားအာရှနိုင်ငံသားတွေကော၊ အာဖရိကနိုင်ငံသားတွေ ကော၊ coordinator ကမိတ်ဆက်ပေးလိုတွေ့ပါတယ်။ အများစုကတော့ လွန်ခဲ့တဲ့ ၃ လလောက်ကတည်း က လန်ဒန်ရောက်နေကြသူတွေဖြစ်နေတော့ သူတို့မျက်နှာတွေဟာ ခတ်မှန်မှန် ခတ်တည်တည်ပါပဲ။ စာရေးသူ တစ်ယောက်တည်း မြန်မာပါ။ တချို့ ကတော့ သူ့နိုင်ငံသားချင်း သူ့စကားနဲ့ အချင်းချင်းလေပေးဖြောင့်နေပေရဲ့။

ထုံးစံအတိုင်းပဲ ဟိုကြည့် ဒီကြည့်နဲ့ အားငယ်တဲ့စိတ်ကို ဖုံးဖိရင်း ဘာမှ မဖြစ်သလို ဟန်ဆောင်နေရပေမဲ့ ရင် ထဲမှာတော့ တစ်ဒိန်းဒိန်း နဲ့  ဒီ နှစ် နှစ်ခရီးကို ငါဘယ်လိုလျှောက်လှမ်းရမလဲ ဗလောင်ဆူအောင်တွေးတော နေရပါတယ် ။ ဒါကတော့ လွန်ခဲ့သော ၂၆ နှစ်က ပုံရိပ်ပါ။ ဒီကနေ့ ၂၀၀၈ ၂၀၀၉ သမီးတို့ မှာတော့ ပညာသင် ခရီး ကြမ်းတမ်းမှုမရှိတော့ ပဲ အနည်းငယ် ဖြောင့်ဖြူးစပြုနေပြီဖြစ်ပါတယ်။ ဒါမှလည်း xenophobia ဆိုတဲ့ နိုင်ငံခြားသားတွေကြောက်စိတ်ပျောက်ပြီး သူတို့နဲ့ရင်ဘောင်တန်းအလုပ်လုပ်နိုင်ကြမှာပါ။