Monday, December 19, 2011

မတွေ့တာကြာပြီကိုး


မောင်တိုင်ပင်တို့အသက်တွေရလာတော့ငယ်သူငယ်ချင်းတွေနဲ့တွေ့ချင်ကြတယ်၊ရှေးဖြစ်ဟောင်းနှောင်းဖြစ်တွေပြောပြီးအသစ်တစ်ခါပြန်ဖြစ်ကာရီကြဟားကြရတယ်၊ဒါတွေဟာလည်းအသက်ရှည်ဆေးတွေပါပဲ။မောင်တိုင်ပင်
စင်ကာပူရောက်တော့ဥာဏ်ဝင်းရွှေကဖုံးဆက်တယ်၊ တို့ဆုံကြမယ်လို့ပြောတော့” လုပ်လေ၊စနေတနင်္ဂနွေ
ဆိုအတော်ပဲ”လို့ပြော လိုက်တယ်။ဒီကြားထဲမြန်မာပြည်ကသိန်းအောင်ပြန်ရောက်လာတော့ဖုံးဆက်ပြန်ရော၊”တိုတစ်တွေတွေ့မယ်၊
ဥာဏ်ဝင်းရွှေနဲ့ပြောထားတယ်” လို့ပြော လိုက်ရတယ်။

၁၇ ရက်နေ့စနေနေ့ Clementi West Coast က hawker centre မှာ ၆း၃၀ မှာ ဆုံကြမယ်လို့ ချိန်း လိုက်ကြတယ်။ ဥာဏ်ဝင်းရွှေ နဲ့ Clementi MRT ဘတ်စ်ဂိတ်မှာ ချိန်းတယ်။၊သိန်းအောင် ကအရင်ရောက်နေတယ်။ ခဏနေတော့ လေကြောင် ကားမောင်းရောက်လာရော။ hawker centre ရောက်တော့သန့်စင် ကိုဖုံးဆက်ရတယ်။၊ နောက်တင်မောင်သန်း လာတယ်။ Oliver ကြီးလှမ်းခေါ်လိုက်တယ်။နောက်ခင်မောင်ဦး( ၀ူဖန်)ပါရောက်ချလာတယ်။ ခင်မောင်ဦး ကရန်ကုန် ကရောက်နေတာ။ ထုံးစံအတိုင်းသန့်စင်က red wine တစ်ပုလင်းယူလာတယ်။ အဲဒီနေ့ က ဘီယာတောင်မ
သောက်ဖြစ်ဘူး။ ဟိုအကြောင်းဒီအကြောင်းရောက်တတ်ရာရာပြောကြရင်းမောင်တိုင်ပင် blog မှာ သိန်းအောင်ကိုဖဲ့ထားတဲ့အကြောင်းရောက်သွာ.တယ်။ ကော်ကြီးကဆဲတာပေါ့၊ ငါ့ boss သာဗမာလိုဖတ်တတ်ရင်ငါအလုပ်ပြုတ်ပြီတဲ့၊တော်တော်သနားသွားတယ်၊ဘာရေးထားလဲဆိုတော့ စင်ကာပူမှာသိန်းအောင်ကနေ့လည် ထမင်းစားချိန်ဆိုရင်east coast လိုနေရာမျိုးသွား၊ အလားကားရတဲ့ ကားပတ်ကင်မှာ ကားထိုးပြီး နေ့ခင်း
တရေးတမောအိပ် တတ်တယ် ဆိုတာလေကြောင်ဥာဏ်ဝင်းရွှေကပြောပြတာဆိုတော့ ကော်ကြီး က ဒီအပတ်ငါသူ့အကြောင်းတွေပြော
မယ်၊ မင်းသေချာရေးရမယ်ဆိုပြီးပြောတယ်။ကော်ကြီးပြောတဲ့ ဇာတ်လမ်းလေးကဒီလို---

သူငယ်ချင်းတို့မှတ်မိကြမှာပါ။တို့ RIT အောင်သိပ္ဗံ စားသောက်ဆိုင်ပိုင်ရှင်ရဲ့တူမ ပုံ့ပုံ့ ဆိုတဲ့ ၉ တန်းကျောင်သူလေးရှိတယ်။ RIT ကျောင်းသားကြီးတွေက
ကောင်မလေးတော်လှတော့ခလေးပေမဲ့နဲနဲတော့ ကြံကြတာပေါ့လေ။ ကိုယ်တို့သူငယ်ချင်းမောင်ညွန့်ကသင်္ချာသင်ပေးတယ်၊ကြံကြိတ်တဲ့အထဲမှာ
လေကြောင်လည်းပါတယ်။မကြာခဏဆိုင် ကိုအကြောင်းရှာသွား ကောင်မလေးစာလိုက်နိုင်လား၊ငါသင်ပေးမယ်ဘာညာနဲ့ လူကြီးပိုး ပိုးတာပေါ့လေ။ RIT ကျောင်းပြီးသွားတော့ဒီအကြောင်းအရာလေးဟာဇာတ်လမ်းလေးအဖြစ်ကျန်ခဲ့ပေမဲ့ လေကြောင်ရဲ့နှလုံးသားတစ်နေရာမှာတော့ကောင်မလေးက
ပုန်းခိုနေဆဲပဲ။

ဘ၀ဆိုတာဆန်းကျယ်တယ်လေ၊လေကြောင်တစ်ယောက်ဟိုရောက်ဒီရောက်နဲ့အိမ်ထောင်ကျ---သား ၂ ယောက်ရ---တိုင်းတစ်ပါးမှာပဲ
အနာကြေနေတော့ဗမာပြည်ကလွမ်းစရာတွေ၊အသဲနှလုံးဒေါင့်မှာ နေရာပေးထားတဲ့သူတွေကိုမေ့သွားပြီပေါ့။အလုပ်ကပင်စင်ယူပြီးတဲ့နောက်
ပိုင်းဗမာကိုအကြောင်းမရှိအကြောင်းရှာခဏခဏပြန်လာတယ်၊ စင်ကာပူသူသူ့မိန်းမကလည်းဗမာပြည်တုံးကသူ့ဇာတ်လမ်းတွေရှိကောင်းရှိ နိုင် လိမ့်မယ် လို့ထင်ပေမဲ့ကြာလာတော့ လေကြောင် အကြောင်းသိပြီးသိပ်မပြောတော့ဘူး၊ လွှတ် ထား လိုက်တယ်။မြန်မာပြည်ရောက်တုန်းတစ်ရက်တိတ်တိတ်လေး RIT ကိုလွမ်းလို့ဆိုပြီး ကြို့ကုန်းကိုတစ်ယောက်တည်းထွက်လာတယ်။ main assembly hall, 1-3-3 lecture hall,1-2-5 lecture hall တွေ
လျှောက်ကြည့်ပြီးစားသောက်ဆိုင်တွေဖက်ဆင်းလာတယ်။နွေအေးတို့၊ အောင်သိပ္ဗံ တို့တွေ့တာပေါ့။ ငယ်ငယ်တုံးကအချိန်အတော်ဖြုန်းခဲ့တဲ့
စားသောက်ဆိုင်တွေ--အောင်သိပ္ဗံရောက်တော့မမျှော်လင့်ပဲ လေကြောင်တစ်ယောက်ရင်တွေအရမ်းကိုခုန်သွားပြီးအသဲနှလုံးတစ်နေရာမှာ ရှိနေဆဲ ပုံ့ပုံ့လေးကိုသွားတွေ့လိုက်တယ်၊ပုံ့ပုံ့လေးတော့မဟုတ်တော့ဘူး၊ဖက်တီးဘုတ်ပွကြီးပုံ့ပုံ့ဖြစ်နေပြီ။ လေကြောင်လည်းဝမ်းသာအားရနဲ့”ပုံ့ပုံ့မဟုတ်လား၊နင်ငါကိုမှတ်မိ လား”လို့မေးလိုက်တော့ကောင်မလေးက ကြောင်ကြည့်နေပြီးခေါင်းခါပြတယ်။

ဒါနဲ့ကောင်မလေးဦးလေးကထွက်လာရော၊ ဥာဏ်ဝင်းရွှေခမျာသူရဲ့ trade mark ပုံစံအတိုင်းလက်တွေကားလိုက်မြှောက်လိုက်နဲ့စကားပြောတော့မှ ပုံ့ပုံ့ က” ဟာမှတ်မိပြီ၊ကိုဥာဏ်ဝင်းရွှေကြီး” လို့ပြောလိုက်တော့တယ်။ ဥာဏ်ဝင်းရွှေမှာ ကိုယ်ပိုင် trade mark ရှိတယ်။စကားပြောရင်လက်ကို
ဘေးကားလိုက်မြှောက်လိုက်နဲ့ အားရပါးရပြောတတ်တယ်။ RIT ကအနှစ်၃၀ကျော်ကွဲကွာသွားတဲ့ လေကြောင်ကိုသူ့ trade mark မြင်မှပဲ ကောင်မလေးက မှတ်မိတော့တယ်။ဒါကဥာဏ်ဝင်းရွှေအကြောင်း ကော်ကြီး သိန်းအောင်ပြောပြတာ။ သူငယ်ချင်းတို့ ---ဒီတခါဥာဏ်ဝင်းရွှေတွေ့ ရင်သတိထားကြည့်ကြ၊ အကျင့်ကမပျောက်သေးဘူး။

အဲဒီနေ့ကထွေရာလေးပါးလျှောက်ပြောလိုက်ကြတာစုံနေတာပါပဲ။ တင်မောင်သန်းကမကျေနပ်ဘူး၊မောင်တိုင်ပင်ပထမနှစ်မှာ
မြန်မာစာtutorialလုပ်တော့ grade 2 ပဲရတယ်၊ မြန်မာစာဆရာဦးတင်ဝင်းက” မျိုးဦးရယ်၊မင်းအဖေကမြန်မာစာပါမောက္ခ၊မင်းလုပ်တာမင်းအဖေတော့မျက်နှာပျက်ပါပြီ” လို့ tutorial မှာပြောတာကိုမရေးလို့တဲ့၊---ရေးလိုက်ပါပြီ မတော်လိုက်ရတဲ့ယောက်ဖကြီးတင်မောင်သန်းရယ်---WHO စကားလုံးနဲ့ ပြောရရင် ဒီအချိန် ရှက်ကြောကပြတ်နေပါပြီ၊ကိုယ်တို့တွေ အများဆုံးကြားရတာကတော့ Oliver ကြီး lecture နားထောင်ရတာပါ၊ Oliver က ကျောင်းတုံးကတင်မောင်သန်းနဲ့ တစ် ခန်းတည်း--အခန်းဖေါ်လေ။ ခင်မောင်ဦး ကိုကောင်းကောင်းဖဲ့တာပေါ့။ခင်မောင်ဦးကရေတပ်က ၀တ်စုံအဖြူနဲ့ဆိုရင် ၀င်းဦးလားမှတ်ရတယ်။ကျောင်းမှာကတည်းနုနုလှလှကြွကြွလေးနေတပ်ထိုင်တတ်တယ်၊ အခုဆုံကြတော့တော်တော်အရင်တွယ်တာပဲ။သူကို Oliver ကဖဲ့ လို့ကောင်းတယ်လေ၊သူအရပ်ဖက်ပြောင်းတော့ မြစ်ဆုံဝန်ကြီးဌာနမှာလုပ်ခဲ့တာကိုး၊သူအဲဒီကပင်စင်ယူခဲ့တာ။

သူငယ်ချင်းတွေတွေ့ချိန်မှာအခြားသူငယ်ချင်းတွေအကြောင်းအချင်းချင်းပြောကြတော့ the world is small ဆိုတာမှန်ပြန်ရော၊ သန့်စင်ယောက်ဖက မောင်တိုင်ပင်မိတ်ဆွေ သော်တာပုဖြစ်နေရော၊ မောင်တိုင်ပင်နဲ့သော်တာပု က RIT မှာ တင်းနစ်ရိုက်ဖက်--နောက်သူကလေတပ်ထဲရောက်သွားရော။ ရန်ကုန်မှာသော်တာပုနဲ့တွေ့တော့စင်ကာပူမှာသူ့မရီးရှိကြောင်းပဲပြောတော့သတိမထားမိကြဘူး။

Oliver ရဲ့ဒဿနကဆန်းတယ်၊သူအမြဲပြောတာကသူမှာသူခန္ဓာကိုယ်ကမဟုတ်တဲ့ပစ္စည်း ၃ မျိုးရှိတယ်တဲ့၊
မျက်စေ့ lensထည့်ထားတယ်၊နှလုံးသွေးကြောမှာ stant ၂ချောင်းထည့်ထားတယ်၊ pace makerတတ်ထား
တယ်တဲ့၊ သူကြည့်ရတာပုံမှန်လူကောင်း အတိုင်းပါပဲ။အဲဒီနေ့ကည ၁၁ နာရီထိုးမှာအတင်းစကားဖြတ်ခဲ့ကြ
ရတယ်၊

သိန်းအောင်ရေ--ကျေနပ်လိမ့်မယ်ထင်တယ်နော်၊ ကိုယ့် အတွက်ကုန်ကြမ်းတွေရှားပါးလာပြီ၊တွေ့ ကြအုံးမယ်။

No comments: