စင်ကာပူကသမီးထံအလည်ရောက်နေတာ ၃ လ နီးပါးတောင်ရှိပါရော့မယ်၊စင်ကာပူမှာနေစဉ်
တစ်ပတ်မှာ မ ရောက်ဘူးဆိုရင်အနည်းဆုံး၃-၄ကြိမ် လောက် ရောက်သောနေရာတစ်ခုရှိပါတယ်။
စင်ကာပူမှာ မောင်တိုင်ပင်မရောက်ဘူးသေးသောနေရာများစွာရှိပါတယ်။
အပတ်စဉ်သမီးကတော့
ဘယ်သွားမယ်ဘယ်လာမယ်ပို့ပေးပေမဲ့ မောင်တိုင်ပင်အတွက်ကတော့တစ်ခေါက်ရောက်ဘူးတယ်
ဆိုရင်ကျေနပ်တဲ့နေရာတွေချည်းပါ။ မြေးက NTUC daycare ကိုသူ့မိဘတွေကပို့ထားတော့သူကျောင်း
သွားပြီ ဆိုရင်မောင်တိုင်ပင် အတွက်တစ်နေတာအလုပ်စပါတော့တယ်။ပင်စင်စားသူငယ်ချင်း
အချင်းချင်း
hawker centre မှာ ထိုင်ပြီးလ္ဘက်ရေသောက်မယ်၊ထမင်းစားမယ်၊ဟိုအကြောင်းဒီအကြောင်းပြောကြမယ်။
အိမ်
နားက Food stall တစ်ခုမှာမြန်မာဆိုင်တစ်ဆိုင်ရှိတော့အဲဒီမှာ
ဆုံကြတာများပါတယ်။ နောက်လုပ်ဖြစ်
တဲ့အလုပ်က စင်ကာပူ ကတောအုပ်တွေလိုဖန်တီးထားတဲ့ park တွေမှာ လမ်းလေ
ျှာက်ရင်းလေပစ်ကြ
တာပါ။ ဒါကတော့ကျန်းမာရေးနဲ့ဆိုင်တယ်။များသောအားဖြင့် ကားရှိတဲ့ သူငယ်ချင်း အော်လီဗာ နဲ့သွားကြ
တာများပါတယ်။
လမ်းလျှောက်ပြီးရင်မောမောနဲ့ Serangoon ကကုလားဆိုင်မှာ ပူရီ၊ချာပါတီ သတ်သတ်
လွတ်သွားစားကြတာကတော့
တစ်နေတာအပမ်းဖြေမှု တစ်ခုဖြစ်ပြီး ညကြရင် အတုန်းအရုန်းပဲ အိပ်လို့ အလွန်ကောင်းပါတယ်။
တစ်ခါလျှောက်ရင် ၅ ကီလိုမီတာလောက်တော့လမ်းလျှောက်ဖြစ်ကြတယ်။
အကြိုက်ဆုံးကတော့ MatRichie Central Catchment Natural Reserve ဖြစ်ပြီး ရေကန်ကြီးကို
ပတ်ထားတဲ့ boardwalk မှာ လျှောက်တာပါပဲ။ ဒီတစ်ပတ်တော့ treetop walking trail ကိုလျှောက်ဖို့စီမံထားတယ်။အဲဒီနေရာတွေက တောအုပ်ထဲလေ
ျှာက်ရသလိုဖန်တီးထားတယ်၊
မျောက်တွေလည်းရှိတယ်။လူတော့အနှောက်အယှက်မပေးပါဘူး။ တောင်ဆိုပေမဲ့
မောင်တိုင်ပင်ထင်တယ်၊
မန္တလေးတောင်လောက်တောင်မမြင့်ပါဘူး။ရှိတဲ့နေရာလေး ကိုကြံဖန်ပြီးလူတွေနှင့်တောတောင်ရေမြေသ
ဘာဝပတ်ဝန်းကျင်ကိုသဟဇာတဖြစ်အောင်လုပ်ထားတော့ ကျန်းမာရေးအတွက်လမ်းလေ
ျှာက်သူတွေ၊
jogging လုပ်သူတွေတော်တော်များပါတယ်။ မောင်တိုင်ပင်ကတော့ မနက်တိုင်းအိမ်ဘေး
က stadium မှာ လမ်းလျှောက်တာတော်တော်ကြိုက်ပါတယ်။ တနင်္ဂနွေတစ်ရက်ပဲနားပါတယ်။ ပြေးလမ်း
ကပျော့ပျော့ညီညီ
ညာညာဆိုတော့အနည်းဆုံး ၅ ပတ်လျှောက် ရင် ၃-၄ ကီလိုမီတာ လျှောက်ဖြစ်ပါတယ်။
Samsung
ဖုံးမှာ sport tracker သွင်းထားပြီးလျှောက်တော့ ကိုယ်ရဲ့လျှောက်နှုန်း၊ကီလိုမီတာ၊နှလုံးခုံမြန်လာရင်
heart beat ၊ကုန်ဆုံးသွားသော caloriesစတဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့အချက်တွေကို
record လုပ်ပေးပါတယ်။ GPS ဖွင့်ထားရင်လျှောက်တဲ့လမ်းကြောင်းတောင်သိနေရတယ်။ တစ်ခါတစ်လေ
လမ်းမသိပဲလျှောက်ရင်
GPS
အကူအညီယူရတယ်။ဒါတွေအားလုံးဟာ ၂၁ ရာစုနှစ်ရဲ့ အသီးအပွင့်တွေကို ငွေလည်းသိပ်မကုန်ပဲအ
ကျိုးရှိရှိအသုံးချတာဖြစ်ပါတယ်။
ကဲမောင်တိုင်ပင်အဓီကပြောချင်တဲ့ အချက်ကိုမရောက်တော့ဘူး။
မောင်တိုင်ပင်ခဏခဏရောက်တဲ့နေရာကမောင်တိုင်ပင်နေတဲ့ရပ်ကွက်က စာကြည့်တိုက်ဖြစ်ပါတယ်။
မောင်တိုင်ပင်ရဲ့ IC နဲ့ဆိုရင် ၅၄ ဒေါ်လာလောက်ပေးရမှာဖြစ်တော့
သမီး ကသူ IC အသုံးပြုပြီးလုပ်ပေး
တာ ၁၀ ဒေါ်လာပဲကျတယ်။life long ပဲ။ စာကြည့်တိုက်က shopping mall ၄ထပ်မှာပါ။ နေရာလည်းတော်တော်
ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ မောင်တိုင်ပင်များသောအားဖြင့်ငှားတာကတော့
business, finance, IT
စာအုပ်တွေဖြစ်ပါတယ်။ စင်ကာပူမှာထုတ်သမျှ ဂျာနယ်၊မဂ္ဂဇင်း၊သတင်းစာ၊အထူးသဖြင့်ခလေးတွေအ
တွက်စာအုပ်တွေအကုန်ရှိပါတယ်။နိုင်ငံခြားက သတင်းစာ၊ဂျာနယ်တွေလည်းရှိပါတယ်။
ဝန်ထမ်းတွေက
စာအုပ်တွေကိုစာအုပ်စင်မှာ သူ့ decimal classification အလိုက်ပြန်ထားတာပဲရှိပါတယ်။ကျန်တာကစာ
အုပ်ငှားသူကိုယ်တိုင် စာအုပ်ရှာ၊ ငှားမဲ့စာအုပ် register လုပ်၊
ပြန်လာပို့ ရင်လည်း book drop ကနေပို့
လိုက်ယုံပဲ။ စာအုပ်ရက်လွန်နေရင် ရက်မဆိုင်းဘူး အီးမေလ်ရောက်တာတာပါ
ပဲ။
စင်ကာပူစာကြည့်တိုက် စာအုပ်ပြန်အပ်သောနေရာ drop box
စာကြည့်တိုက်တွင်း business, finance စာအုပ်စင် |
ခလေးတစ်ယောက် ခလေးနှင့်ဆိုင်သောစာအုပ်ကိုဖတ်နေပုံ
ဒီနေရာ မှာ မောင်တိုင်ပင်သဘောကျတာကကျောင်းသားကျောင်းသူခလေးတွေပါပဲ။စာဖတ်
တတ်ချိန်က
စပြီး စာကြည့်တိုက်ကိုမိဘတွေကဦးဆောင်ခေါ်လာတာပဲ။ တချို့နည်းနည်းကြီးတဲ့ခလေးတွေက
maid တွေနဲ့လာကြတယ်။ မှီငြမ်းအတွက်ထားတဲ့စာအုပ်တွေကိုကုလားထိုင်မှာ ကျကျနန ထိုင်ဖတ်နေတာတွေ
ကိုတွေ့တော့ကိုယ့် နိုင်ငံမှာ လည်းအဲဒီလိုဖြစ်စေချင်လိုက်တာ။ အမေတွေအဖေတွေက
စာအုပ်ငှားရင်စက်မှာ
ဘယ်လိုလုပ်ရတယ်ဆိုတာသင်ပေးနေတာကိုလည်းတွေ့ရတယ်။
ကိုယ်ငှားချင်တဲ့စာအုပ် ၂-၃ အုပ်ဆိုရင်ကွန်ပျူတာပုံသဏ္ဍာန် စက်ရှေ့မှာပုံလိုက်၊
နောက် ကိုယ့် ကဒ်ကိုslotထဲ
ထည့်လိုက် ဖန်သားပြင်မှာ ဘာစာအုပ်လည်းဆိုတာပေါ်လာတယ်။ ကိုယ်က
အိုကေ လုပ်လိုက်ပြီးကဒ်
ကိုပြန်ဆွဲထုတ်လိုက်ရင် ဘာစာအုပ်ငှားတယ်ဆိုတဲ့ slip လေးထွက်လာတယ်။အဲဒီ
slip လေးစာအုပ်ကြား
ညှပ်ထွက်လာယုံပဲ။ စာအုပ်ပြန်အပ်ချင်ရင်စာကြည့်တိုက်ရှေ့ မှာ
book drop ဆိုတာရှိတယ်။ စာအုပ်
ထည့် လိုက်ရင် returned ဆိုပြီးမီးလင်းလာတယ်။ ဒါပဲလုပ်ယုံပဲ။
အကြောင်းကိစ္စကြီးငယ်မရှိရင် စာ
ကြည့် တိုက်ဝန်ထမ်းကိုတွေ့စရာမလိုဘူး။ အဲ --စာအုပ်ရှာလို့မရရင်သူ တို့လိုက်ကြည့်ပေးတယ်။
ငှားထား
တဲ့စာအုပ်ဆိုရင် ကိုယ် ကဒ်နံပါတ်ပြောထားရတယ်။ စာအုပ် စာကြည်တိုက်ကိုပြန်ရောက်လာရင်
ကိုယ့်ဆီကို အီးမေးလ်နဲ့အကြောင်းကြားပေးပါတယ်။
စာအုပ်များသပ်သပ်ရပ်ရပ်စီထားပုံ--လိုချင်သောစာအုပ်ကိုအညွှန်းနဲ့လိုက်
ရှာနိုင်ပါတယ်
စင်ကာပူမှာရပ်ကွက်တိုင်းလိုလိုဒီလိုခန့်ညားတဲ့စာကြည့်တိုက်တွေရှိပါတယ်။
National Library Board
အောက်မှာ public libraries ဆိုတာလည်း ရှိပါသေးတယ်။အားလုံး ၃၁ ခုရှိတယ်။ အသေးစိပ်သိချင်ရင်တော့အောက်
က websiteaddress မှာကြည့်ပါ။
http://www.nlb.gov.sg/page/Corporate_portal_page_home
စာအုပ်စင်များ၌စာအုပ်များအစီအရီ စီထားပုံ
မောင်တိုင်ပင်ပြောချင်တာစင်ကာပူဟာသူ့ပြည်သူတွေဗဟုသုတကြွယ်ဝကြဖို့လုပ်ပေးကိုင်ပေးထားတာ
ကိုအားကျပြီးအတုခိုးရအောင်ပြောချင်တာပါ။ဒါတောင် မောင်တိုင်ပင်
NUS, NTU ကစာကြည့်တိုက်တွေ
ကိုမရောက်ဘူးသေးဘူး။ ရန်ကုန်တက္ကသိုလ်ကစာကြည့်တိုက်ဆိုရင်မောင်တိုင်ပင်တို့ကျောင်းသားဘ၀အထိ
တော်တော်ကိုအဆင့်မြင့်ပြည့်စုံတဲ့ စာကြည်တိုက်ကြီးပါ။
Facebook ထဲမှာ ဆရာဦးသော်ကောင်းနဲ့ အင်တာဗျူးကိုဖတ်လိုက်ရတယ်။ဆရာစာကြည့်တိုက်ကိုကိုင်ခဲ့တုံးကမြန်မာစာပေ၊ပရပိုက်တွေကအစ
မိုက်ခရိုဖစ်ခ်ျကော်ပီတွေနဲ့ထားနိုင်ပြီးရှေးဟောင်းစာအုပ်အများအပြားကိုလည်း
မှီငြမ်းစာအုပ်တွေအဖြစ်
ထားနိုင်ခဲ့ပါတယ်။ မောင်တိုင်ပင်တို့ အာအိုင်တီ တက်စဉ်က စာကြည့်တိုက်မှုးဒေါ်မြင့်မြင့်ခင်ဆိုရင်
US
ကစာကြည့်တိုက်ပညာရပ်နဲ့ဘွဲ့လွန်ရလာခဲ့တာပါ။နောက်ပိုင်းစာကြည့်တိုက်ကသေးတော့သီးခြားဆောက်
ခဲ့တယ်လို့သိရပါတယ်။ ဆရာတွေကအစ စာကြည့်တိုက်မှုးအဆုံး မနေနိုင်အောင်လုပ်တော့ရာခိုင်နှုန်း
၈၀
လောက်ကသူတို့ပညာသင်ခဲ တဲ့ကျောင်းတွေမှာ ဆရာသွားလုပ်ကြတာအခုဆိုရင်ပင်စင်ယူပြီးတဲ့ဆရာအိုကြီး
ဘ၀ကိုရောက်နေပါပြီ။ လာမဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကြရင် ကြို့ကုန်း
အာအိုင်တီမှာ တစ်ကမ္ဘာလုံးမှာရောက်
နေတဲ့ ဆရာဆရာမတွေကို ကန်တော့ကြမယ်။ မောင်တိုင်ပင်လည်းစာကြည့်တိုက်ကနေ
ဟိုရောက်ဒီ
ရောက်ပဲ။
၂၀၀၆ခုနှစ် ရုံးတွေနေပြည်တော်ပြောင်းတော့ တာမွေမှာရှိတဲ့
အမျိုးသားစာကြည့်တိုက်ကြီး
ဆောက်နေတာ ဘာမှတော့မလုပ်လိုက်ပါဘူးထင်နေတာ၊
နောက်လေလံပစ်တယ်ကြားတယ်။ အဲဒီတုံး
ကတော့အစိုးရရုံး ဘာဖြစ်ဖြစ်နေပြည်တော်ရွှေ့ရမယ်ဆိုတဲ့ရောဂါကမသေးဘူး။
ရန်ကုန်မြစ်ဝကနေ
နေပြည်တော် အထိ တူးမြောင်းဖေါက်ပြီး နေပြည်တော်ဆိပ်ကမ်းလုပ်မှာဖြစ်လို့
ဆိပ်ကမ်းအာဏာပိုင်
ရုံးတောင်နေပြည်တော်ရွှေ့ရမယ်ဖြစ်တာ။ ဘတ်ဂျက်မရှိလို့ပေါ့တော်သေးရဲ့--(ငေါ့တာနော်)
နောက်အမျိုးသားစာကြည့်တိုက်ကြီးဟာနောက်ဆုံးတော့ ဘုံပျောက်ပြီး
စိုက်ပျိုးရေးဌာနရုံးဟောင်း အဆောက်အသီးတွေ
ဆီရောက်သွားပါရော။ အဲဒီလောက်ထိအောင်ပြည်သူတွေပညာတိုးဖို့ကိုအလေးအနက်ထားတာ။အခုတော့
မြန်မာပြည်အနှံကျေးရွာတွေအထိတော့စာကြည့်တိုက်သေးလေးတွေလိုက်ဖွင့်နေပါသေးတယ်။ဒါလည်း
တစ်နိုင်တစ်ပိုင်လုပ်တာဆိုတော့ကောင်းပါတယ်။သစ်မရခင်ဝါးပေါင်းကွပ်တာပေါ့။
စာကြည့်တိုက်နဲ့ပါတ်
သက်ပြီး ပြန်ကြားရေးမှာဌာနတစ်ခုရှိနေပေမဲ့ လုံလောက်သောရန်ပုံငွေတော့ရှိဟန်မတူပါဘူး။
စင်ကာပူမှာ
လည်းအလှုအတန်းတွေနဲ့ပဲ ကျားကန်ထားရတာပါပဲ။ မောင်တိုင်ပင်တို့ဆီမှာ
အလုံးအရင်းနဲ့အလှုခံဖို့အား
ထုတ်ကြိုးစားမှုတွေတော့မတွေ့ရဘူး။ စာဖတ်ဝါသနာပါတဲ့ကျောင်းအုပ်ကြီးတွေက
ကိုယ်ထူကိုယ်ထနဲ့
ကျောင်းတွေမှာ စာကြည့် တိုက်လေးတွေထောင်ထားကြတယ်။
မောင်တိုင်ပင်တို့ငယ်ငယ်ကအဖေအိမ်မှာစာကြည့်တိုက်ငယ်လေးတောင်ရှိတယ်။အဖေကစာအုပ်လည်း
စုတယ်။လူထုဦးလှဆိုရင်သူ့တိုက်ကထုတ်သမျှစာအုပ်အကုန် လက်မှတ်ထိုးပြီးလက်ဆောင်ပေးတယ်။
မောင်တိုင်ပင်လည်းအကုန်ဖတ်တာပဲ။ မှတ်မိသေးတယ်။အဖေ က ဈေးချို
မှာရှိတဲ့ သူငယ်ချင်းမောင်
မောင်ဌေးတိုအဖိုးဆိုင်မှာစာအုပ်အမြဲဝယ်တယ်။တခါတခါဝယ်ရင် ၁၅အုပ်
အုပ်၂၀လောက်ဝယ်တယ်။
မောရစ်မိုင်နာ ကာအစိမ်းလေးနောက်မှာ ထိုင်လိုက်ရင်းစာအုပ်တွေတစ်ခုပြီးတစ်ခုမြီးတောတာပါပဲ။
စာဖတ်တာကိုဝါသနာ
ပါတဲ့မောင်တိုင်ပင်အဖို့ စာကြည့်တိုက်ဆိုတာစိတ်ဝင်စားစရာတစ်ခုပါ။
စာကြီးပေကြီးတင်မကပါဘူး။ ရှေ့
ေ၇ာက်လာရင်ဘာဖြစ်ဖြစ်ဖတ်ဖြစ်ပါတယ်။စာတွေများများဖတ်ထားရင်
negotiation skill အတွက်အများ
ကြီးအထောက်အကူရပါတယ်။ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးတဲ့လူကြီးတစ်ယောက်ကို
ကိုယ်ကစာ
ဖတ်ထားရင် common ground ကိုအရင်စကားစမြီ ပြောလို့ရတယ်။ခေတ်စကားနဲ့ပြောရရင်
ရွှီး နိုင်တယ်။
common ground မှာတူညီမှုတွေတော်တော်များများပြောရင်းကနေရင်းနှီးမှု
ရလာပြီးကိုယ်ပြောချင်တာကို
ထည့်လို့ရနိုင်တာပေါ့။ အဲတာ စာများများဖတ်တဲ့အကျိုးကျေးဇူးပဲ။
1 comment:
အန်ကယ့်ဘလော့ကိုအမြဲလာဖတ်ဖြစ်ပါတယ်။မြန်မာပြည့်ပြန်ပြီးအလုပ်လုပ်ဖို့ စဉ်းစားနေတဲ့ကျွန်တော်တို့ လိုလူတွေအတွက်အမြင်ပေါင်းစုံကနေရေးပြထားတာပေါ့ပေါ့ပါးပါးနဲ့ဗဟုသုတအလွန်ရပါတယ်။
Post a Comment