Wednesday, February 20, 2019

Business Center လိုတယ်


စင်ကာပူ တက္ကသိုလ်တွေ ပေါ်လီတက်ကနစ်တွေ မှာ Business Center တွေရှိလားမသိပါ-- စာသင်တာနဲ့ပဲဆိုင်တဲ့ Business Department ကိုဆိုလိုတာမဟုတ်ပါဘူး တက္ကသိုလ်တွေ ကျောင်းတွေရဲ့  ဘဏ္ဍာရေး စီမံခန့်ခွဲရေးဆိုင်လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတဲ့ ဌာန ကိုဆိုလိုတာပါ။ National University Hospital NUH ဆေးရုံ မှာ တော့ Business Center ဆိုတာ ရှိတာ တွေ့ရပါတယ်-- ဆေးရုံတက်လာတဲ့လူနာ (ဥပမာ ခွဲစိပ်ကုခံရမဲ့လူနာ) နဲ့ အထူးကုဆရာဝန် team တွေ့ ဆုံဆွေးနွေးတဲ့အခါ ဆရာဝန် consultant တွေကလူနာရဲ့ကျန်းမာရေးအခြေအနေကို အသေးစိပ်ရှင်းပြပြောဆိုဆွေးနွေးသလို လိုက်ပါလာတဲ့ Business Manager ကလည်း လူနာ ရှင်ကိုကုန်ကျနိုင်ဖွယ်ရာရှိတဲ့ စရိတ်တွေ နိုင်ငံသားတစ်ယောက်အနေနဲ့ ခွင့်ပြုထားတဲ့ ပံပိုးမှုထဲက ဘယ်လောက်ခံစားနိုင်တယ်-- ကျန်းမာရေး အာမခံရှိရင်လည်း ဘာတွေလိုအပ်တယ်ဆိုတာ မကုသခင်ကတည်းကသေချာရှင်းလင်းပါတယ်--ဆေးရုံရဲ့ဝင်ငွေ၊ အသုံးစရိတ်၊ စီမံခန့်ခွဲရေး အလုပ်တွေ ဟာ Business Center ရဲ့ တာဝန်ဖြစ်ပါတယ်ဒါကြောင့် ဆရာဝန် consultant team ထဲမှာ Business Manager တစ်ယောက်ထည့် ထားရတာဖြစ်ပါလိမ့်မယ်--တက္ကသိုလ် တွေ ပေါ်လီတွေ အခြား Institutions တွေမှာလည်း ရှိလိမ့်မယ်ထင်ပါတယ်--

ကျနော်တို့ တက္ကသိုလ်တွေမှာတော့ လောလောဆယ်အစိုးရဘတ်ဂျက်ကိုပဲမျှော်ပြီးသုံးစွဲနေရတာကြောင့်ဒီလို ခေတ်နဲ့ အညီအစီအမံမျိုးရှိဟန်မတူသေးပါ-- တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာရင်တော့ လိုအပ်လာလိမ့်မယ်ထင်ပါတယ်-- အဲလိုဆိုရင်တက္ကသိုလ်ဖွဲ့စည်းပုံကတော့ လက်ရှိဖွဲ့ စည်းပုံနဲ့ မကိုက်ညီနိုင်တော့ပါ-- ကျောင်းသားရေးရာကိစ္စတွေကို ကျောင်းသားသမဂ္ဂကလုပ်မယ်၊ ငွေရေးကြေးရေးကိစ္စ၊စီမံခန့်ခွဲရေးကိစ္စတွေကို Business Center ကလုပ်မယ်--သင်ကြားရေးကိစ္စတွေကိုပါမောက္ခတွေစုဖွဲ့ထားတဲ့အဖွဲ့ကလုပ်မယ်၊ သုတေသနလုပ်ငန်းတွေ ကိုပါမောက္ခတွေစုဖွဲ့ထားတဲ့သုတေသန လုပ်ငန်းအဖွဲ့ နဲ့ Business Center ကကြီးကြပ်မယ်၊ ပြင်ပကလာအပ်တဲ့သုတေသန လုပ်ငန်းတွေလုပ်ရကိုင်ရတော့မယ်ဆိုရင် ငွေရေးကြေးရေးကိစ္စကပါလာပြီ မဟုတ်လား၊ 

ဖွဘုတ် ပိုစ်တွေ လျှောက်ဖတ်ရင်း စိတ်ကူးယဉ်မိတာလေးတွေချရေးလိုက် တာပါ၊ရန်ကုန်ဆေးရုံကြီးဆိုရင် ပြုပြင်မွမ်းမံနေပါတယ်-- အစိုးရဘတ်ဂျက်လည်းပါ ပါလိမ့်မယ် --Contribution လို့ခေါ်နိုင်တဲ့ လှုဒါန်းငွေတွေကိုစီမံခန့်ခွဲရတာလည်း Business Center ရဲ့ အလုပ်ပါ ဥပမာ ဆေးရုံ လူမြင်ကွင်းမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် က ဘယ်နှစ်မှာ ဘယ်လောက်လှုဒါန်းသလဲဆိုတာ LED display screen ကြီးတွေထောင်ပေးထားပြီးဆွဲဆောင်ရမှာပါ၊ ဆေးရုံတွေ ကျောင်းတွေ တက္ကသိုလ်တွေမှာ contribution တွေလိုပါတယ်၊ သူငယ်ချင်း WHO ဆိုရင် အာအိုင်တီ ပရဝဏ်ထဲကထွက်ပြီး ဆေးရုံကြီးမှာတောင် contribution လုပ်ခဲ့ပါတယ်— Business Center ဟာဆေးရုံမှာ ဘာတော့ လိုနေတယ် ဆိုတာလိုက်ကြည့်ပြီး ဘယ်လောက်ကုန်ကျစရိတ်ရှိနိုင်တယ်ဆိုတာတွေလည်း potential ရှိတဲ့ လှုဒါန်း လိုသူတွေကို ချဉ်းကပ်ဆွဲဆောင်စည်းရုံးနိုင်ပါတယ်-- marketing ဆင်းသလိုမျိုးပေါ့ဒါဆိုရင် လှုတဲ့သူတွေကလည်း သူတို့အလှု ဟာထိရောက်မှုရှိတဲ့ အတွက်လှုလိုကြမှာပါ၊ စင်ကာပူလိုချမ်းသာတဲ့ နိုင်ငံ က အစိုးရဆေးရုံမှာတောင် contribution လုပ်တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်အမည်တွေ ကို LED display လုပ်ထားပါတယ်၊ ထင်ရှားတဲ့ အစိုးရခေါင်းဆောင်အမည်တွေလည်းတွေ့ရပါတယ်၊အစိုးရအဖွဲ့ ဝင်တွေဟာလစာတော်တော်ကောင်းကြတာကိုး။

မြန်မာကပိုလိုပါတယ်--organised ဖြစ်အောင် လုပ်ထားနိုင်ရင် ပြည်သူတွေဆီကလှုဒါန်းတာတွေများလာမှာပါနောက်ပြီး လောက် လောက်လားလား ထိထိရောက်ရောက် လှုဒါန်းတဲ့အလှုရှင်တွေကိုလည်း သမ္မတ ကဘွဲ့ထူးဂုဏ်ထူးတွေ ပေးကြရမှာပေါ့ဗျာ--

 

 

 

 

 

 

 

4 comments:

Myo Thwin said...

အန်ကယ်ပြောသလို လုပ်နိုင်ဖို့ဆိုရင် အစိုးရလက်အောက်ခံဖြစ်ပြီး သူ့စည်းမျဉ်းစည်းကမ်း တင်းကျပ်တဲ့ဘောင်ထဲကနေလုပ်ဖို့ဆိုတာကတော့လွယ်မယ်မထင်ဘူး။

ကျောင်းတွေ ဆေးရုံတွေကို autonomy ပေးပြီးလည်ပတ်နိုင်မှသာ ဒါမျိုးတွေဖြစ်နိုင်လုပ်နိုင်မယ်လို့ မြင်ပါတယ်။ လိုသလောက်တော့ အစိုးရဘတ်ဂျက်ကနေ ညှိုနှိုင်းထောက်ပံ့ပေါ့။

နောက်ပြောင်းလဲရမှာ တခုက လူမှုဖူလုံရေးရန်ပုံငွေပါ။ မြန်မာပြည်ရှိသမျှ ဝန်ထမ်းတွေအားလုံးဆီကနေ မစို့မပို့ကောက်ပြီး၊ မစို့မပို့ခံစားခွင့်ပြန်ပေးနေမယ့်အစား၊ စင်ကာပူ CPF စနစ်လိုမျိုး ကောက်တဲ့ငွေတွေကို Sovereign wealth fund ထောင်ပြီး တိုင်းပြည်ရဲ့ လိုနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကိုယ်တိုင်ဝင်လုပ်။ ရလာတဲ့အကျိုးအမြတ်ကို ထိထိရောက်ရောက်ပြန်ခွဲဝေပေးနိုင်တာမျိုးဖြစ်စေလိုတာပါ။ ဒါမျိုးလုပ်နိုင်ဖို့ဆိုတာဟာ စီးပွားရေးဆန်ဆန်လည်ပတ်နိုင်မှပဲဖြစ်နိုင်မယ်ထင်ပါတယ်။ အစိုးရဗျူရိုကရေစီယန္တယားကြီးအောက်မှာလုပ်နေလို့ကတော့ ထိရောက်မယ်မထင်ပါ။

MaungTaing Pin said...

ကျနော် က Food for thought အနေနဲ့ ပိုစ် ထဲမှာ စကားပလ္လင်ခံထားတဲ့အတိုင်းစိတ်ကူးပေါ်တာကိုရေးလိုက်တာပါ--ပိုကောင်းတဲ့အကြံဉာဏ်တွေကတော့ မန့် တွေကနေထပ်ရလာနိုင်မှာပါ-- အခုပဲ ခင်ဗျား comment က ကျနော် လွတ်ခဲ့တဲ့အပိုင်း ကို ဖြည့်ပေးခဲ့ပြီလေ

Anonymous said...

ကျနော့အမြင်ကတော့ဆေးကုသရေး စရိတ်ကိုစနစ်၃ မျိုးခွဲထားစေလိုတယ်
၁-အစိုးရကဆေးကုသစရိတ်ကိုအားလုံးကျခံပေးတဲ့စနစ်
၂-အစိုးရက၅၀% လူနာဘက်က၅၀%ကျခံတဲ့စနစ်
၃-လူနာက ကုန်ကျစရိတ်အားလုံးပေးတဲ့စနစ်
အချိန်တော့ယူပြီး လုပ်ရမှာပါ

Soe Win said...

ပြည်ပ တက္ကသိုလ် နဲ့ဆေးရုံတွေမှာ Business Center တွေရှိရတဲ့ အကြောင်းရင်း အချက်တခုကို ဖတ်ဘူး မှတ်ဘူးတာက ဒီလိုပါ။

သူတို့ရတဲ့ ပြင်ပ ကအလျူငွေ (ကျောင်းသားဟောင်း ဘီလျှံနာ လုပ်ငန်းရှင်၊ ဆယ်လီဘရီတီ တချို့ တခါတခါ ဒ်ါလာ သန်းချီ ပြီးလျူတာ ဖတ်ဘူးပါတယ်။) တွေကို စတော့ရှယ်ယာ ရောင်းဝယ်ရေး (Stock Marketing) နဲ့ အိမ်ယာခြံမြေ (Real Estate) တွေမှာ ရင်းနှီးမြုပ်နှံပြီး တိုးပွါးအောင် လုပ်တဲ့ ကိစ္စတွေကို အဲဒီဌာနက လုပ်နေတယ်လို့ ထင်ပါတယ်။
(တခြား လူမှု ဆက်ဆံရေး စီးပွါးရေးဆိုင်ရာ ကိစ္စများ အပြင်။)

ဗမာပြည်ကျတော့ ရတဲ့ အလျူငွေတွေကို ဘယ်လို တိုးပွါးအောင် လုပ်မလဲ။ (အိမ်မြေဈေးကွက် ရှိတယ် ဆိုတောင်မှ ယခင် အစိုးရနဲ့ နီးစပ်သူများ၊ ခရိုနီပြာများ စသည်တို့ နဲ့ ရှုပ်ရှက်ခပ်နေတာကများ။ စတော့ရှယ်ယာ ရောင်းဝယ်ရေးစင်တာကလဲ အခုတလော အသံတောင် မထွက်တော့) ဘဏ်ထဲဘဲ အပ်ထားပြီး အတိုးယူ၊ စားသောက်ဆိုင်လေးဖွင့်၊ မြေကွက်လပ်လေးမှာ စိုက်ပျိုး/မွေးမြူရေးလုပ် ၊ ဒါလောက်လေးနဲ့ဘဲ လုပ်နေရတော့ Business Center လို ဌာနမျိုး မရှိ၊ မလိုအပ်သေးလို့ ထင်ပါတယ်။