Friday, August 29, 2014

လုပ်ငန်းတစ်ခုတိုးတက်ဖို့

လုပ်ငန်းတစ်ခုဟာမပြတ်ဈေးကွက်ချဲ့ထွင်ဖို့လိုသလိုစဉ်ဆက်မပြတ်တိုးတက်အောင်ကြီးထွားလာအောင်
လုပ်ဖို့လိုပါတယ်--မကြာသေးသောကာလ က marketing guru ကြီး Kolta မြန်မာပြည်လာဟောပြောတဲ့အခါက လုပ်ငန်းတစ်ခု ဟာ ၅ နှစ်လောက်နေရင်ရှိချင်မှ ရှိတော့မှာလို့ယေဘူယျပြောလိုက်တဲ့ အခါ လုပ်ငန်းရှင်တော်တော်များများကမိမိ
တို့လုပ်ငန်းနှင့်ပတ်သက်ပြီး သို့ လော သို့လော ဖြစ်နေကြပြီး လုပ်ငန်း၏အနာဂါတ်
အလားအလာများအပေါ်စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိပါတယ်-- အမေရိကမှာနေတဲ့ မိတ်ဆွေ လုပ်ငန်းရှင်တစ်ယောက်က မောင်တိုင်ပင်ကို ပြောဘူးပါတယ်--

အမေရိကားမှာတော်ယုံတန်ယုံလုပ်ငန်းတစ်ခုဟာနှစ်တစ်နှစ်မှာအနည်းဆုံး Product အသစ်တစ်ခုလောက်ဈေးကွက်ထဲကိုရောက်အောင်လုပ် နိုင်မှ တော်ယုံကျမယ်တဲ့ --ဘာမှမလုပ်ရင်တော့နှစ် နည်းနည်း ကြာလာရင်လုပ်ငန်းပြုတ်သွားရောတဲ့ -- ဒါကြောင့် လည်း Apple ဟာ i phone တို့ i pad တို့ ကို ဒီကနေ့ iphone 5s I pad air တို့ အထိ တစ်နှစ်တစ်ကြိမ် နီးပါးအသစ်ပေါ်ထွက်လာအောင်လုပ်ကြတာပဲနော် -- သူနဲ့ပြိုင်ဖက် Samsung လည်းတူတူ ပါပဲ--မောင်တိုင်ပင် တစ် ခါတစ်ခါ စဉ်းစားမိတယ်--အခု iphone ဆိုရင် 5s ကနေ iphone 6 ထွက် လာဖို့တာစူနေပြီ-- စားသုံးသူတွေ i phone 5s ကိုကိုင်လို့မှ မဝသေးဘူး -- iphone 6 ပေါ်လာရင်ဝယ်မဲ့သူမှရှိပါမလားလို့ တွေးမိကောင်းတွေးနိုင်ပါတယ် --မထင်ပါလေနဲ့ --consumers တွေဟာ သိန်းသန်းချီပေးရတဲ့ပစ္စည်းမဟုတ်လေတော့ စတင်
ရောင်းတဲ့နေ့ မှာပဲ ညအိပ်စောင့်ဝယ်ကြအုံးမှာပါ--Apple ဟာဈေးကွက်မပြတ်ချဲ့ထွင်နေသလို သူ့လုပ်ငန်းကိုစဉ်ဆက်မပြတ်ကြီးထွားလာအောင်လုပ်နေ မှသာ ဈေးကွက်တစ်ခုမှာ ကြာ
ရှည်ရပ်တည်နိုင်တော့မှာ ဆိုတာ သဘောပေါက်ပြီးသားဖြစ်တဲ့အတွက် လူတွေအကြိုက် gadget လေးတွေတစ်မျိုးပီး တစ်မျိုးမရိုးရအောင်ထည့်သွင်းကာ ဈေးကွက် ကို လှုပ် နေအုံး
မှာပါ --

တခြားမကြည့်ပါနဲ့ဗျာ-- မြန်မာပြည်ပဲဈေးကွက်ကောင်းစဉ် ၂၀၀၉ - ၁၀လောက်ကဆိုပဲဈေး
ကွက်မှာဝင်ရောက်လှုပ်ရှားသူတွေဟာများမှ များ-- အဲဒီအချိန်ကဝန်ကြီးအချို့တောင်ပဲလှောင်
ပီး မျက်မျက်လေးစားလိုက်ရသေးဗျာ--အုတ်အရောရော ကျောက်အရောရော ငွေရှိသူတွေ ပါ ပါဝင်ကစားလာကြတော့ စုန်းပြူးတွေကြောင့် အမျိုးမျိုးသောပြသာနာတွေဖြစ်ခဲ့ကြတာကို
လည်း စာဖတ်သူ တို့ ကြားကြမှာပါ-- အဲဒီအချိန်ကတည်းကမောင်တိုင်ပင်တို့ပြော ပါတယ်--
ဈေးကွက်ကိုချဲ့ဖို့ products ကို value adding လုပ်ဖို့ အမျိုးမျိုးတိုက်တွန်းခဲ့သော်လည်း
ပဲလောကမှာ လေပတ်ကားရိုက် လောင်းကစားဆန်ဆန်အရောင်းအဝယ်လုပ်တဲ့အပိုင်းကိုပဲ
မီးမမြင်တဲ့ ပိုးဖလံ တွေလို ဝင်တိုးနေကြတော့ ပဲဈေးကွက်ဟာလုပ်လို့မကောင်းတော့ဘူးလို့
အသံတွေထွက်လာတော့တာပါပဲ--အခုလည်းဘာထူးလဲ-ထုတ်ကုန် တိုးတက်လာအောင်မ
လုပ်နိုင်သေးဘူး--အဓိကထုတ်ကုန်ဖြစ်တဲ့ ပဲ ၃ မျိုး ကို productivity ဖြစ်အောင်-- အရည်
အသွေးတိုးတက်ကောင်မွန်လာအောင်--တင်ပို့မှု ပုံစံ တိုးတက်ကောင်မွန်လာအောင် -- ငွေကြေးပံ့ပိုးမှု ကောင်းမွန် လာအောင် လုပ်ရမဲ့ အပိုင်းမှာ အားနည်းလာနေတော့ ဒီကနေ့ မြန်မာ ဟာ ပဲတင်ပို့မှု မှာ ဒုတိယအများဆုံး လို့ မကြွားနိုင်တော့ဘူးပေါ့ဗျာ--

ဒီလိုပဲဗျ-- လုပ်ငန်းတော်တော်များများဟာစဉ်ဆက်မပြတ် တိုးတက်ကြီးပွားအောင် လုပ်မ
ထားနိုင်ရင် လာမဲ့ကာလတစ်ခုမှာ survive ဖြစ်ဖို့ မလွယ်တော့ဘူး-- ဥပမာ ဂျုံ လုပ်ငန်း-- ဂျုံစက်ထောင်ဂျုံမှုန့် ရောင်းနေတာလောက်နဲ့ကျေနပ်နေလို့မပြီးဘူး-- နှစ်စဉ် နှစ်စဉ် business plan တွေရေးဆွဲပြီး ကိုယ်ရဲ့ distribution chain ကိုဘယ်လိုချဲ့ထွင်မယ် --ကိုယ် တိုင် က frozen dough တွေ နေ့တိုင်း လုပ်ပြီး Seasons လိုပေါင်မုန့် ဆိုင် စလုံးမှာဆို Bread Talk
လိုဆိုင် မျိုး ကိတ်မုန့် ဆိုင်ထောင်မလား-- ကိုယ်က မတည် ပြီး တည်ထောင်ပေးမလာ franchise ပေး မလား-- ဂျုံ စားသုံးနှုန်း survey လုပ်ထား-- ဆန်စားတဲ့ မြန်မာ နိုင်ငံမှာ healthy life style ကြောင့် ညစာ ထမင်းမစားတော့တဲ့ ပညာတတ်အိမ်ထောင်စုတွေ များလာပြီ-- ဒါလည်းထည့်စဉ်းစားရမှာပါ -- ပြောချင်တာက မြန်မာလုပ်ငန်းရှင်တွေဟာ
နွားချေရာကွက်ထဲ က ဖါးသူငယ်တွေ မဟုတ်တော့ပါဘူး -- horizon ကျယ်ကျယ်ပြန့်
ပြန့်ရှိတဲ့ လောကတစ်ခုကိုရောက်နေပါပြီ -- အဲတာကိုမေ့နေရင် မစဉ်းစားမိရင် မလုပ်ရင် တော့ နောက် ၅ နှစ်နေရင် ----

ဆန်စပါးလုပ်ငန်းလည်းတူတူပဲဗျ-- အခုတော့ပေါင်းဆန် ဆိုတဲ့ product အသစ်ကို လုပ်နေကြပြီ-မကြာခင် forum တစ်ခုလုပ်မယ်--- စူပါဆန် ၅ မှတ်ဆန် ၁၀မှတ်ဆန် ၂၅မှတ်ဆန် ဒါတွေပဲသွားနေအုံးမှာလား-- ထမင်းလေးချက်ပြီး ယခု instant noodle တွေလိုမျိုး ရေနွေးထဲ ထည့် လိုက်ယုံနဲ့ ပူပူနွေးနွေး ထမင်းလေးရလာတဲ့ product မျိုးမလုပ်နိုင်ဘူးလား-- ဆန်ခေါက်ဆွဲ တို့ မုံဟင်းခါး တို့ ကိုတော့ instant noodle လုပ်ငန်းရှင်တွေတော့ လုပ်နေပါလေရဲ့--ဈေးကွက်မှာတော့ သိပ်တွင်တွင်ကျယ်ကျယ် မရောင်းရသေးဘူး--ဘယ်လိုတွင်ကျယ်လာအောင်လုပ်မလဲဒါတွေဟာ စိန်ခေါ်မှု challenges တွေပါပဲ-- ဆန်ကိုစားသုံးသူအကြိုက် လိုက်ရောင်းနိုင်ရမယ်-- ဈေးကွက်အကြိုက် စပါးမျိုးတွေ ဒေသနဲ့ ကိုက်တဲ့ စပါးမျိုးတွေ စိုက်ပျိုးထုတ်လုပ်နိုင်ရမယ် -- လယ်သမားက သူကြိုက်
တာကိုသူဖါသာရွေးချယ် စိုက်ပြီး ဈေးကွက်မှာ ရောင်းနေတဲ့ အစဉ်အလာ ကို ပယ်ဖျက်ရမယ်-- ဈေးကွက် demand အရပဲလယ်သမားများ ကစိုက် မှ သာmarket oriented products တွေဖြစ်လာနိုင်မယ် -- အခုလိုဒီခေတ်မှာ တခါးဖွင့်လာတဲ့ ခေတ်မှာ ဟိုးအရင်ခေတ်တွေကလို food security ကိုရှေ့တန်းမှာမထားသင့်တော့ဘူး--တိုင်းပြည်
နဲ့ကြည့် လိုက်ရင် အရေးတော့ ကြီးပါတယ် -- ဒါပေမဲ့ဒါကိုရှေ့တန်းမှာမထားသင့်တော့ဘူး-- စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်မှု ကရှိနေပြီလေ--- ဈေးကွက်တောင်းဆိုမှု အရပဲလုပ်သင့်
တယ်ထင်ပါတယ်-- နောက်တစ်ခု ကဆန်စပါး ကို စားသုံးဖို့အတွက်တင်မဟုတိတော့ဘူး တခြား industrial use တွေအတွက်ပါ ဈေးကကွက်ချဲ့ထွင် ရောင်းနိုင်ရမှာဖြစ်ပါတယ်--နောက်တစ်ခု က rice based food products တွေချဲ့ထွင် နိုင်ပါတယ်-- မြန်မာ ဆန်ကို
အခြေခံသောအစားအစာ တွေလည်း variety စုံစုံရှိပါတယ် -တစ်နိုင်တစ်ပိုင်ရောင်းနေတာကို လှပသေသပစွာထုပ်ပိုးပြီး ဈေးကွက်မှာ အသင့်စားအဆင့် အထိရောင်းနိုင်ရမယ် -- ကမ္ဘာမှာ ကင်ချီ ကိုဈေးကွက်ဝင်အောင် နှစ်ပေါင်းများစွာ ကိုးရီးယားတွေလုပ်ခဲ့ကြရတယ် -- ဆူရှီ လည်းဂျပန် တွေ လုပ်ခဲ့ ကြရတာပါပဲ --

မောင်တိုင်ပင် highlight လုပ်ချင်တာကတော့ ကိုယ့်လုပ်ငန်းကိုစဉ်ဆက်မပြတ်ဖွံဖြိုးတိုး
တက်လာရေးအတွက်Business ideas တွေကို ဝိုင်းဝန်းစဉ်းစား ကာ ကိုယ်နိုင်သလောက် business plan တွေ ရေးဆွဲဆောက်ရွက်ဖို့ လိုပါတယ်-- မြန်မာဟာ ကမ္ဘာကြီး ထဲကို တိုး ဝင်ပါနေပါပြီ-- အရင်လိုမြန်မာတစ်ခုတည်းကွက်စဉ်းစားလို့ မရတော့ပဲ ယနေ့ ကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာ မြန်မာ့ လုပ်ငန်းရှင် ကြီး-- လတ်-- သေး --များအစဉ်alert ဖြစ်နေဖို့ လိုပါတယ် -- ၂၀၁၅ ကြရင် AEC ဖြစ်လာရင် မြန်မာလုပ်ငန်းရှင်တွေ ဘေးရောက်ကုန်ကြ

လိမ့်မယ်ဆိုတဲ့ ခြောက်လုံး လှန့် လုံး ကြီး ကိုလည်းမေ့ထားကာ ဝင်လာခဲ့ရင်တောင် ငါ တို့ အတွက် challenges တွေပါလားလို့ မှတ်ယူပြီး တိုးတက်အောင် လုပ်ကြပါစို့--------

Monday, May 12, 2014

မာတာမိခင်ကျေူးဇူးရှင် (၃)

မောင်တိုင်ပင်ရန်ကုန်မှာရှိစဉ်ကအဖေနဲ့အမေ ပထမဆုံး ဆုံကြတဲ့ဦးဘသိန်း သမီးအိမ်ကို မောင်နှစ်မ ၃ ယောက်သွားလည်ကြပြီး အစ်မဝမ်းကွဲ ကို ကန်တော့ကြပါတယ်--အမေရန်ကုန်လာလည်တော့ အစ်ကို

ဝမ်းကွဲ နေတဲ့မြောင်းမြလမ်း ကအိမ်မှာ ပထမဆုံး ဆုံခဲ့ကြတာပါ--အမေ က မန္တလေးက ဥပစာကောလိပ်ကျောင်းသူ အဖေက ရန်ကုန်တက္ကသိုလ်က ကျူတာပေါက်စ တောင်ငူကမြေပိုင်ရှင်သူဌေးသားဆိုတော့ အော်စတင်ကားလေးနဲ့ အမေသွားလိုရာကိုလိုက်ပို့တယ်နဲ့တူတယ်-- ဒုတိယကမ္ဘာစစ်ကြီးကြောင့် အဖေ နဲ့အမေဟာ ရည်းစားဘဝ နဲ့ ၇ နှစ်လောက်နေပြီး စစ်ကြီးပြီးတာနဲ့ လက်ထပ်လိုက်ကြတာပါ---




မောင်တိုင်ပင်တို့မောင်နှစ်မ ၃ ယောက်ရန်ကုန်မှာ ၂ပတ် ၃ ပတ်လောက်ဆုံလိုက်ကြပါတယ်-- အမေအိပ်တဲ့
ကုတင်ကရှေးကုတင်ဆိုတော့ မဆိုစလောက်လေးမြင့်ပါတယ်-- အမေက သတိလက်လွတ်ဖြစ်ပြီး တစ်ဖက်
စောင်းလိုက်တဲ့အခါ ကုတင်ပေါ်ကကျသွားပြီးတင်ပါးဆုံရိုးကျိုးသွားတာပါ-- စတီးချောင်းထည့်ချင်တာကြောင့် ခွဲစိပ် လိုက်တာပါ-- ခွဲစိပ်လိုက်တဲ့အခါမှာ အနာကမကျက်နိုင်တော့ပဲ infection ဝင်သွားတာဖြစ်ပါတယ်--ညီမကတော့ အမေကို ခွဲစိပ်လိုက်ခိုင်းလိုက်မိတာကို ယူကြုံးမရဖြစ်ခဲ့ပါတယ်-- ဒါပေမဲ့ အဖေကလည်း မျက်စေ့မမြင်တော့ အမေကလည်း wheel chair နဲ့ဆိုရင်
မဖြစ်ချေဘူးဆိုပြီး ခွဲခိုင်းလိုက်မိတာကိုး-- အမေအသက်ရှည်ပါတယ်-- ဆုံးတော့ ၈၂ နှစ်ရှိပါပြီ--

အမေအကြောင်းကိုပြန်ပြောင်းပြောကြတော့မောင်တိုင်ပင်တို့ငယ်ငယ်ကအကြောင်းတွေကို မောင်နှစ်မ ၃
ယောက်စားမြုံ့ပြန်ကြတယ်--အမေမဆုံးခင်မောင်တိုင်ပင် ညီမကို သူ့ညီမ အပျိုကြီးဒေါ်ခင်ဆွေကို စောင့်ရှောက်ဖို့တစ်တွတ်တွတ် နဲ့မှာခဲ့တယ် လို့ညီမကပြောပါတယ်-- အဒေါ်ကြီးကို ညီမကသူပြောင်းလေရာခေါ်သွားပါတယ်--
မကွေးတပ်မ ၈၈ ရောက်တော့ မကွေးမှာပဲ ကွယ်လွန်ခဲ့ပါတယ်---

အမေဟာကုန်သည်မျိုးရိုးဖြစ်ပေမဲ့ ၁၀တန်းအောင်တော့ မန္တလေး ဥပစာကောလိပ် ဆက်တက်ခဲ့ပြီး စစ်ကြီး
ဖြစ်လာလို့သာပညာဆက်လက်မသင်နိုင်ခဲ့ရတာပါ--အမေဟာတရားစထိုင်တော့ ဘယ်သူမှတိုက်တွန်းလို့
မဟုတ်ဘူး-- မိုးကုတ်ဆရာတော်ဦးဝိမလရဲ့တရားစာအုပ်ထူထူကြီးတွေကိုအချိန်အားတာနဲ့ထိုင်ဖတ်တော့
တာပါ-- သူအိပ်ရာဘေးမှာ တရားစာအုပ်ထူကြီးတွေ ၃ - ၄ အုပ်လောက်ရှိနေတတ်တယ်--

အမေအကြောင်းပုံရိပ်တွေကို မှတ်မိသလောက်ရေးမယ် လို့ရန်ကုန်မှာရှိစဉ်ကတည်းက ရေးခဲ့တာ ယခုဆို
နိဂုံးပိုင်းရောက်နေပါပြီ-- လူတိုင်းလူတိုင်းမှာ အမေ နဲ့ပတ်သက်ပြီး ချစ်စရာ အားကိုးစရာ လေးစားစရာ
ပုံရိပ်တွေရှိကြပါတယ်-- ကိုယ်ငယ်စဉ်ဘဝ က အမေဖြစ်သူဟာ ဘယ်လိုပြုစု ပျိုးထောင်ပေးခဲ့သလဲ ဆိုတာ
အားလုံး ပုံရိပ်တွေအဖြစ် ကျန်ရှိနေမှာပါ-- ကံကောင်းကြတဲ့သူတွေ မှာ အမေဟာသက်ရှိထင်ရှားရှိနေကြမှာ
ပါ-- အမေတွေအားလုံးရဲ့မွန်မြတ်တဲ့ စိတ်ထားတွေကို သားသမီးများ အားလုံးက သူတို့တတွေ အဖေဘဝ အမေဘဝရောက်တဲ့အထိ သတိရကြကျေးဇူးတင်ကြရမှာပါ-------

Tuesday, March 4, 2014

ဘဏ်အကြောင်းငွေကြေးအကြောင်း

ကျနော် ဘဏ်လောက ကနေစွန့်ခွာသွားတာ ၂၀၁၂ ကတည်းကပါ--၂နှစ်လောက်အတွင်းကျနော်လုပ်ခဲ့တဲ့ဘဏ်အပါအဝင် တိုးတက်ဖွံဖြိုးမှုများက တဟုန်ထိုးဖြစ်လာတာတွေ့ရပါတယ်-- ဘဏ်ဆိုတာ အိုင်တီနဲ့က ဒင်္ဂါးပြားကခေါင်း နဲ့ပန်းလိုပါပဲ--အိုင်တီမပါပဲ ဘဏ်တွေတိုးတက်ဖွံ့ဖြိုးမှုဆိုတာမဖြစ်နိုင်ပါ-- MPU စလုပ်တော့လည်း မြန်မာပြည်ရဲ့အိုင်တီဘယ်
လောက်ခိုင်မာမှုရှိသလဲ ဆိုတဲ့အချက်ပေါ်မူတည်လိမ့်မယ်လို့တစ်ပည့်တွေကိုပြောခဲ့ပါတယ်-- ဒါပေမဲ့ အဲဒီအချိန်တုံးက ကျနော့ အယူအဆကတော့ စလုပ်ထားနိုင်ရင်တော့အကောင်းဆုံးပဲ--infrastructure တစ်ခုထောင်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ--Hardware တွေလက်ထဲရောက်နေပစေ --Software ကတော့ရောက်ရားပဲ လို့သဘောထားခဲ့ပါတယ် -- MPT ကိုကျော်လို့မှမရတာသူတို့လုပ်ပေးနိုင်သလောက်ပဲပေါ့ --ဥပမာပြောရရင် ၂၀၁၄ မော်ဒယ်ကားအသစ်ကြီး
ဖြစ်ပါစေ-- အော့တိန် ၉၀ပဲ ရှိတဲ့ ဓါတ်ဆီပဲထည့်သုံးနိုင်တယ်ဆိုရင်ကားက အသစ်ဖြစ်ပေမဲ့စွမ်းအားပြည့်သုံးနိုင်မှာတော့မဟုတ်ဘူး
လေ--အခုလည်း ATM တွေ POS တွေ credit card တွေ နဲ့ဖြစ်နေပေမဲ့ ဘဏ်တိုင်းပြသာနာတွေအနည်းအများရှိနေတာပါ--
ကျနော်နားမလည်နိုင်တာကတော့ တိုင်းပြည်မှာ reform process တွေလုပ်နေပေမဲ့ စီးပွားရေးမှာ အရေးပါတဲ့ အိုင်တီ ကိုဘာကြောင့်များအရေးမပါသလိုဖြစ်နေရသလဲဆိုတာ နားမလည်နိုင်လောက်အောင်ပါပဲ--ဗဟိုဘဏ်သီးခြားဖြစ်လာချိန်မှာ သူလုပ်ရမဲ့အလုပ်တွေကလည်းအတော်များသား --ကျနော် ဘဏ်နဲ့ကင်းကွာသွားပေမဲ့ စလုံးက
ဘဏ်တွေဘာတွေလုပ်နေသလဲဆိုတာ လေ့လာပါတယ်-- သူတို့မှာ banking products တွေများပါတယ်--profit margin နည်းနည်းလေးပေမဲ့လည်းလုပ်တာပဲ-- မဟုတ်တာလုပ်မိရင် အရော်အစား ကများတယ် -- မြန်မာလိုပဲ MAS ကစောင့်
ကြည့်နေတာပါ--ဒီတစ်ခေါက်ပြန်လာတော့ ဘဏ်တစ်ခုရဲ့ Mobile Money Changer မော်တော် ကားတစ်စီးတွေ့လိုက်ပါတယ် --money changer ကို mobile လုပ်ခွင့်ပြုလိုက်ပြီလား--အဲလိုလုပ်ခွင့်ပြုရင်လည်း Law or Rules တွေမပြင်သင့်ဘူးလား? နောက်တစ်ခု က Mobile banking ပေါ်လာတာကိုမေးချင်ပါတယ်-- Financial Institution Law မှာခွင့်ပြုထားပြီလား တယ်လီနော တို့ အိုရီဒေါ တို့လည်း mobile ဆက်သွယ်ရေးတွေကောင်းအောင်လုပ်ထားနိုင်တော့ သူတိုကလည်း mobile banking ကြော်ငြာ ဝင်ခဲ့ပါတယ် -mobile banking ကို ဘဏ်တစ်ခုကဲ့သို့ လုပ်နိုင် ပြီလား --လုပ်နိုင်ပြီ
ဆိုရင်လည်း transparency ဖြစ်ဖြစ် ကျေညာပေးပါလား -- ရေငုံနှုတ်ပိတ်နေပြီး ပြသာနာဖြစ်လာတော့မှ အရေးယူရရင်မကောင်ဘူး -- ဗဟိုဘဏ်က ပြားလိုက် ဘာတွေလုပ်နိုင်တယ်-- specific ကိုတော့ range တစ်ခုထားပြီးလုပ်နိုင်တဲ့ဘောင် သတ်မှတ်ပေးထားရင်လည်းဖြစ်နိုင်တာပဲ-- time deposit လိုမျိုးပေါ့ --ဘဏ်လောက က လွှတ်ထားလို့လည်းမရဘူး အပြိုင်အဆိုင်တွေမဟုတ်လား -- penalty များများနဲ့ထိန်းထားဖို့လည်းလိုပါတယ်--အခု
တော့ penalty ပေးတာတောင်မှိန်သွားပြီလားမသိပါ-- ဘဏ်တွေက ခရိုနီ တွေထောင်ထားတာများတယ်မဟုတ်လား -- ခရိုနီဘဏ်တွေကိုထိန်းရခက်နေပြီလား --စါရင်း ၂ မျိုး ၃ မျိုး ထားတတ်တဲ့ မြန်မာစီးပွားရေးလောကမှာ နိုင်ငံတကာစံတွေ ဝင်အောင်အတော်လုပ်ယူရအုံးမှာပါ-- မြန်မာစတော့အိတ်ချိန်းကတော့ လူတိုင်းမျှော်လင့်နေကြတာပဲ-- ဘာတွေ လိုနေသလဲဆိုတာပြောရင်အများကြီးလိုနေပါတယ်--သင်တန်းတွေဖွင့်တော့လည်း ဟုတ်တိပတ်တိမဟုတ်ပဲ စာအုပ်ရောင်းတာလောက်ပဲဖြစ်နေတယ်လို့သတင်းတွေကြားပါတယ်-- ဟိုတစ်နေရာ ကတာဝန်ရှိသူကတစ်စုံတစ်ခု ကိုထွက်ပြောလိုက်-- နောက်တစ်ယောက်ကလည်း ရှေးခေတ်ကဖြစ်ခဲ့တာ ထုတ်ပြောလိုက်နဲ့ ဒီ အပိုင်းကို စိတ်ဝင်စား
နေသူတွေကတော့ ဟုတ်နိုး ဟုတ်နိုး နဲ့မျက်စေ့သူငယ်လေးနဲ့ ပဲ နားထောင်နေရပါတယ် --ငွေကြေးအပိုင်းဟာစီးပွားရေးဖွံ့
ဖြိုးတိုးတက်မှုမှာအရေးပါတယ်လို့ ဆိုနေပေမဲ့ဝိုးတဝါး ကြီးဖြစ်နေဆဲပဲ လို့ ဆိုလိုက်ပါရစေ ----

ပညာရေးနှင့်အလုပ်အကိုင်

ကျနော်တို့တတွေ ဟာ မျိုးဆက်သစ်တွေရဲ့ပညာရေးမြှင့်တင်ဖို့ကြီုးစားတဲ့အခါ trade skills တွေကနောက်တန်း
ရောက်နေသလိုပဲ -- အိန္ဒိယကိုလူကြီးနဲ့ လိုက်သွားတုံးက Apparel Design College ကိုသွားလေ့လာဘူးတယ်-- သူတို့ရှင်းပြတော့ အထည်ချုပ်စက်ရုံတွေမှာလိုတဲ့ အလုပ်သမားတွေကိုမွေးထုတ်ပေးတဲ့ကျောင်းတွေလည်းပြည်နယ်တိုင်းမှာ
ရှိတယ်-- အိန္ဒိယက apparel design မှာ ထိပ်တန်းမှာရှိတယ်-- သူရဲ့ brand တွေဟာ ကမ္ဘာကျော်တွေပဲ--ဥပမာ Billabong လိုbrand မျိုး ဆိုဥရောပ မှာနံမည်ကျော်ပဲ--နောက်တစ်ခု ပြောချင်တာက စလုံးမှာ လုပ်နေတဲ့ အင်ဂျင်

နီယာတစ်ယောက်ကပြောတယ် myanmar welders တွေဟာ လုပ်ငန်းသိပ်ကျွမ်းကျင်တယ် သူတို့ လုပ်လိုက်တဲ့ welding လက်ရာဟာ ဖဦးထုတ် တွေ လက်ရာထက်သာတယ် ဒါပေမဲ့ လစာကြတော့ မြန်မာ welder ကလစာနည်းတယ် ဘာလို့ လဲဆိုတော့ နိုင်ငံတကာအသိအမှတ်ပြု ကျောင်းကCertificate မရှိ လို့တဲ့ --သေရော--ခုနကပဲသင်္ဘောလျှပ်စစ်အင်ဂျင်နီယာ electrical workshop skill training တက်ပြီးကြောင်း certificate မရှိ လို့ အင်ဂျင်နီယာတွေအလုပ်လက်မဲ့ဖြစ်နေပြီလို့ FB မှာလာအော်နေကြတယ်-- သငယ်ချင်း မောင်ညွန့် နဲ့FB မှာပြောပြသေးတယ်-- trade skill တွေနဲ့ပတ်သက်လာရင် private က လုပ်ပစေ-- accreditation လုပ်ဖို့ လိုလာရင်အစိုးရ ကG2G လုပ်ပေးနိုင်ရင်လုပ်ပေးလိုက်-- အထည်ချုပ်စက်ရုံတွေမှာ လုပ်သားတွေအများကြီးလိုနေတယ် job hopping တွေဖြစ်နေတယ်ဆိုရင် လူတွေကိုမွေးထုတ်ဖို့ private တွေကိုကျောင်းမဖွင့်ခိုင်းသင့်ဘူးလား -- Tailor made သင်တန်းတွေဖွင့်နိုင်အောင် အထည်ချုပ်စက်ရုံတွေကလည်း support မလုပ်သင့်ဘူးလား -- ဒါလည်းတစ်ဖက်ကကြည့် ရင် ဂျာအေးသူ့အမေရိုက်နေသလားမသိနိုင်ပါ -- အမည်ခံနိုင်ငံခြားသားစက်ရုံဆိုရင် အမြတ်များများပေါ်အောင်လုပ်ပြီးပြေးမှာပဲလေ-ဘယ် training တွေကိုစဉ်းစားပါ့မလဲ ---Overhead crane မောင်းသူတွေ fork lift မောင်းသူတွေ bulldozer မောင်းသူတွေ ကျွမ်းကျင်လာအောင်သင်တန်းတွေ လိုတာပဲ --နယ်ပယ် တိုင်းလိုလို ပါပဲ -- master plan လိုသလို နိုင်ငံတကာနဲ့ လည်းဆက်နွယ်နေတော့ accreditation လိုလာတယ် အဲတော့ framework တွေအရင်လုပ်ဖို့ လိုလာပါရော---အင်ဂျင်နီယာတွေတင်မဟုတ်ဘူးဗျ --
 GTI Poly level တွေမွေးထုတ်ရမယ် ခလေးတွေကိုတစ်ဖက်ပိတ်လုပ်မထားသင့်ဘူး တက်ချင်ရင်တက် ဖွင့်ပေးထားရမယ် --Surveyor တွေDraftman တွေ လိုသလို အောက်ခြေတွေမှာFitter, welder, စက်မောင်း စတဲ့ skilled workers တွေလည်းလိုလာပါလိမ့်မယ်ဗျာ--အကုန်လုံးအရေးပါနေပြန်ရော----


မျိုးပျောက်မှာစိုးကြောက်လှပါတယ်



ခေါင်းစဉ်ကြည့်လိုက်ရင်တော့ နိုင်ငံရေးလိုလို အမျိုးသားရေးလိုလို ဒီကောင်ပြောတော့မှာပဲလို့ထင်ချင်ထင် နေကြမှာ။မဟုတ်ပါဘူးခင်ဗျာ ဆန်စပါးအကြောင်းပဲ သိတဲ့ကောင်ဆိုတော့ စပါး မျိုးတွေအကြောင်းပြောတာပါ ဟီဟီ တလောကပုသိမ်
ပေါ်ဆန်းတစ်အိတ်၃၃၀၀၀ ကျပ်နဲ့ဝယ်လိုက်တာကို FB တင်လိုက်တော့ ဘော်ဘော်တွေကရွေဘိုပေါ်ဆန်းဘေးကြားကပိုကောင်းတယ် ၄သောင်းကျော်ပေးရကြောင်း မန့်ပါလေရော၊ မန်းကဆန်ကုန်သည် ကိုမိုက် နဲ့တွေ့တော့ ရွေဘိုပေါ်ဆန်းက

ဒီနှစ်သိပ်မထွက်ဘူးဆရာ။ ဘုရင်နောင်ကနေ ပုသိမ်ပေါ်ဆန်းဝယ် ငွေအကုန်ခံရွေဘိုသယ် ရွေဘိုကနေ ဘေးကြားဆိုပြီး ရန်ကုန်ပို့တာတဲ့မြတ်သေးတယ် တဲ့ ကုန်သွယ်လယ်ယာကလာတဲ့ သူဆိုတော့ သူပြောတာ မ ဖြစ်နိုင်ဘူး လို့မငြင်းရဲဘူး။

စောနကမျိုးပျောက်တယ်ဆိုတာကTraditional Varieties တွေပျောက်ကုန်တာကိုပြောတာနဲ့တူပါတယ်။ နှံကားမြီးကောက်၊ အင်းမရဲဘော်၊ငစိန်၊ စတဲ့တစ်ခေတ်တစ်ခါက ကမ္ဘာ မှာကျော်ခဲ့တဲ့ ဆန်အမျိုးအစားစာရင်းဝင် စပါးမျိုးတွေ
ပျောက်ကုန်ကြတာကိုလား မောင်တိုင်ပင်တို့ MRF ကတော့သိမှာပါ တို့ဥက္ကဌကြီးကတောင်စိတ်မရှည်တော့ဘူး တွယ်လိုက်တာ ဒုတ်ဒုတ်ထိ ထိသွားတာပဲ။ဟီဟီ မျက်စေ့နောက်လာပြီနဲ့တူတယ် ။

တစ်ခေတ်တစ်ခါမှာဒီလိုပါပဲ လုပ်ပါစေ မသကာ ၂နှစ်ပေါ့ ပုလဲသွယ် ကိုနောင်မြင်ရတော့မှာမဟုတ်ဘူး၊မြန်မာ
စိုက်ပျိုးရေးမှာ ဘာလိုနေသလဲ ဘာလုပ်ဖို့ လိုသလဲ ဆိုတာသိတဲ့သူ ၂၀၁၅ မှာ တက်လာပါစေ လို့ပဲဆုတောင်းရတော့မှာပဲ .အမေစုရေ---

လူကြီးတစ်ယောက် က အလန့်တကြားဆွေးနွေး တာကြားလိုက်လို့ရေးလိုက်တာပါ မောင်တိုင်ပင် က ပုလဲသွယ် ပဲကြားကြားနေလို့ဆန်စပါးလောက ကိုတောင် မျက်ချေပြတ်နေပြီအဖေကမှာဘူးတယ်ငါ့သား
မင်းအလုပ် လုပ်ရင်မျက်ချေမပြတ်စေနဲ့တဲ့ ။ အခုမျက်ချေပြတ်နေလို့ မှားနေရင်လည်းဆောရီးပါနော်။


Monday, March 3, 2014

မာတာမိခင်ကျေးဇူးရှင် (၂)

မန်းတက္ကသိုလ်ဝန်းထဲကအိမ်မှာနေထိုင်စဉ်ကာလဟာအမေအတွက်တောင်ငူမှာဖြတ်သန်းရခဲ့တဲ့ဘဝထက်
ပိုပြီးအေးချမ်းလှပါတယ်--ကျောင်းဆရာကတော်ဘဝမှာ အမေဟာသားသမီး၃ယောက်ကို ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ အတူ နှုးညံ့သိမ်မွေ့စွာပြုစုပျိုးထောင်ရင်း မိသားစု ဘဝကိုတည်ဆောက်
နေထိုင်ခဲ့တာပါ-- အမေဟာသားသမီးတွေကို ဆုံးမသွန်သင်တဲ့အခါမှာ နှုးညံ့စွာပြောဆိုဆုံးမတတ်ပါတယ်
မောင်နှမသားချင်း၃ယောက်မှာအမေကအကြီးဆုံးပါ-- အလတ်ကအပျိုကြီးဖြစ်ပြီးကုန်သည်လုပ်ပါတယ်--
အငယ်ကတော့ အဖေညီနဲ့ အကြောင်းပါ ပါတယ် --ကျောင်းထဲကအိမ်မှာငယ်စဉ်ဘဝတုံးက ဆောင်းတွင်း
ညနေရောက်ရင်အိမ်ရှေ့မှာ ပန်းအလှပင်တွေကို အဖေ နဲ့အမေတို့ကရေလောင်း
ပျိုးထောင်စိုက်လေ့ရှိကြပါတယ် -- ရွှေမန်းဆောင် က အဖေ့တပည့် ကျောင်းသူတွေ အိမ်လာလည်ရင်အမေ က ပန်းတွေခူးခူးပေးတတ်ပါတယ်-- နောက်တော့ နှင်းဆီတွေစိုက်ပါတယ်-- အရောင်စုံကိုစိုက်တာပါ--ကိုယ်တိုင်ကိုင်းကူးကိုင်းဆက်လုပ်ပြီး နှင်းဆီပင်အရောင်စုံကို စိုက်ပျိုးနိုင်ပါတယ်-- မှတ်မိသေးတယ် --
ညနေဆိုရင် အိမ်မှာ အလုပ် လာလုပ်တဲ့ မလုံ က နှင်းဆီပန်းတွေ ခူးပြီး ရွှေမန်းဆောင် ကို သွား သွားရောင်းတာကိုမှတ်မိပါသေးတယ် --

မောင်တိုင်ပင်တို့ညီအစ်ကို နှစ်ယောက်ကစိန်ပီတာကျောင်းတက်ပြီး ညီမ ကစိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းတက်
ပါတယ်--မှတ်မိပါသေးတယ်-- ပထမအကြိမ်ကျောက်းအပ်တော့ အဖေကော အမေကော လိုက်လာတယ်--
မောင်တိုင်ပင်ကို ကျောင်းအုပ်ကြီးဘရာသာက အင်္ဂလိပ် လိုမေးပါတယ် ဘယ်အတန်းထားသင့်သလဲဆိုတာဆုံးဖြတ်နိုင်အောင်ပါ-- အဖေ ကကြိုသင်ပေးထားတော့ သူမေးတာကိုသိရင် ဖြေတယ်-- မသိရင် မဖြေဘူး-- ကင်ဒါဂါဒင် KG မှာ ထားဖို့ဆုံးဖြတ် လိုက်ပါတယ်-- Mrs Ruston ရဲ့ အတန်းမှာ စတင်တက်ရပါတယ် --
မန္တလေးတက္ကသိုလ် သို့ ဝင်ရာလမ်းမှာ ပုဏ္ဏားကုန်းကိုဖြတ်ရပါတယ်--မောင်တိုင်ပင်တို့ငယ်စဉ်ကာလမှာ ပုဏ္ဏားတွေတော်တော်များများဟာ မြင်းလှည်းထောင်ကြပါတယ်--တချို့ကဗေဒင်ပညာကိုလိုက်စားပြီးဗေဒင်
ဟောစားကြပါတယ်--မောင်တိုင်ပင်တို့မောင်နှမတတွေကျောင်းသွားတဲ့ အခါ ပုဏ္ဏား ဦးဘသိန်းမောင်း
တဲ့မြင်းလှည်းကို လပေး ပေးပြီးကျောင်းတက်ပါတယ်-- မန္တလေးမှာ မြင်းလှည်းနဲ့ကျောင်းတက်တဲ့ကျောင်း
သားကျောင်းသူတော်တော်များများရှိပါတယ်-- ညီတော်မောင်ကျောင်းအပ်တဲ့အချိန်ကြတော့သိပ်အခက်အ
ခဲမရှိတော့ဘူး--စိန်ပီတာမှာ နေ့လည်စာကို ကျောင်းဘော်ဒါနေတဲ့ကျောင်းသားတွေနဲ့အတူ Dining hall
မှာနေ့လည်စာစားပါတယ်--ထမင်းချိုင့်ယူစရာမလိုတော့ပေမဲ့ ဘော်ဒါကျောင်းသားတွေစားသလို နေ့လည်စာစားရပါတယ်--

ညနေဆိုရင် ညစာကို အမေဟာ မိသားစု ၅ ယောက်စုံပြီးမှ စားကြရပါတယ်-- အဖေ နဲ့ သားသမီးတွေကို အမေကညှာလေ့ရှိပြီး တခါတရံ ဟင်းတစ်တုံးနှစ်တုံးလောက်နဲ့ပဲစားရတတ်ပါတယ်--သားသမီးတွေက အသားဆိုရင်ပြုတ်ကျော်ကြိုက်ပြီး ငါးခူကျော်ကို အိမ်သားတိုင်းလိုလိုကြိုက်တတ်ကြပါတယ်-- အမေဟာ တချို့သောဟင်းလျာတွေကိုအဖေအဒေါ် ဖွားငယ် ရဲ့လက်ရာလို့အမည်ပေးပြီးလုပ်ကျွေးတတ်ပါတယ်-- ငါးဖယ်ကိုညက်အောင်ထောင်း ဘူးသီးကိုခြစ် ကြက်သွန်ကိုအတုံးငယ်လေးတွေ တုံးပြီး ရောပြီး ဘူးသီးငါးပေါင်းကျော်ကတော့ ဖွားငယ်ရဲ့ လက်ရာထက်တောင်ကောင်းပါတယ်--ဆိတ်သားပြုတ်ကျော်  ကြက်သားပြုတ်ကျော် ဝက်သားပြုတ်ကျော် တွေဟာအိမ်သားတွေကြိုက်တဲ့အတွက် အမေ အများဆုံးချက်တဲ့ ဟင်းလျာတွေပါ --အမဲသား  ကို ငယ်ငယ်ကမစားကြပါဘူး အိမ်မှာတော့ အိမ်ဖေါ်
မပြတ်မလပ်ရှိတတ်ပါတယ်--သို့သော်လည်းအမေ ကကိုယ်တိုင်ပဲချက်ပြုတ်ပါတယ်-- အိမ်ဖေါ်ကတော့
အဝတ်လျှော် မီးပူတိုက်ပါတယ်-- အိမ်ဖေါ်တွေ အနေနဲ့ အမေ လက်ရာ ကို မှီ လာရင်တော့ အမေ ကသူတို့ ကိုချက်ခိုင်းပါတယ် -- အိမ်မှာ အဖေလူပျိုဘဝကတည်းက အဖေနဲ့လိုက်နေလေ့ရှိတဲ့              ဦးလေးအောင်ထွန်းလည်းနေပါတယ်--သူကမန်းတက္ကသိုလ် ဓါတုဗေဒဌာန မှာ lab assistant လုပ်ပါတယ်--
သူကညနေသင်တန်း practical လုပ်တဲ့အထိတာဝန်ယူရတော့ ညစာ စားချိန်နောက်ကျပါတယ်-- အမေက
အမဲသားကို သူမစားပေမဲ့ ဈေးသွားရင် အောင်ထွန်းဖို့အမဲသားဆိုပြီးဝယ်လာတတ်ပါတယ်-- ဦးလေးကအ
မဲသားကို အတုံးသေးသေးလေးတွေတုံးပြီး ငရုတ်သီး နန်းချင်း နဲ့ကျော်ထားတတ်ပါတယ်-- မောင်တိုင်ပင်
တို့ညီအစ်ကိုယ် နှစ်ယောက် ကခိုးခိုး နှိုက်စားတတ်ပေမဲ့ ငရုတ်သီး စပ်လွန်းလို့ မစားနိုင်ပါဘူး -- အိမ်ဖေါ်
မစောလှ ကဆိုရင် ဦးလေးအမဲသားကျော်တွေ ခိုးစားနေပြန်ပြီလား လို့ ခဏ ခဏအော်တတ်ပါတယ်--မစောလှဆိုတာ အမေ့ လူယုံ-- ခလေးတစ်ယောက်အမေ မုဆိုးမ -- ခလေးက မမြင့်ဌေးတဲ့ --တရုတ်တန်း
ဖွားဖွားတို့နဲ့ အတူနေတယ်-- မစောလှက မုဆိုးမ-- နည်းနည်းတော့ flirt ဖြစ်တယ်-- ဦးလေးကလည်းအော်
တယ်-- အမေကလည်းခဏခဏဆုံးမတယ် -- သူက ရည်းစားထားတတ်တယ်-- နောက်ဖေးက အိမ်ဖေါ်
နှစ်ခန်းတွဲ ကတစ်ခန်းမှာသူတစ်ယောက်တည်းနေတယ် -- တစ်ရက် မနက်အစောကြီးရုံးပိတ်တဲ့နေ့ စနေနေ့ကြီး အဖေက ဖွားဖွားအိမ်ကိုလိုက်ပို့တယ်  မောင်တိုင်ပင်တို့ က ဘာမှမသိဘူး  အိမ်မှာလည်းတစိမ်း
တွေတစ်ယောက်စ နှစ်ယောက်စတွေ့တယ်  အမေ လည်းမျက်နှာမကောင်ဘူး  အဖေက အော်စတင်ကား
လေးနဲ့ အိမ်ဝန်းထဲကထွက်တော့ အိမ်အနောက်ဖက်က ထနောင်းပင်ကြီးအောက်မှာ မိန်းမတစ်ယောက်ဒူးထောက်
နေပြီး ခေါင်းကငိုက်စိုက်ကျနေတဲ့ ပုံကိုတွေ့ လိုက်ရတယ်  အမေကတော့ ဟဲ့ကောင် မောင်မျိုး မကြည့်နဲ့
လို့ပြောတာပေါ့ ---

နောက်မှသိရတာကမစောလှ သူ့အခန်းမှာ ညတုံးကသူ့ရည်းစားနဲ့စကားများပြီး သတ်သေမယ်ဆိုပြီး ကြိုးတစ်
ချောင်းဆွဲထွက်သွားတာ လိုက်မခေါ်မိဘူး-- ဒီလို လုပ်မယ်မထင်လို့တဲ့ --နောက်တော့ ဒီမောင်ကအိပ်ပျော်
သွားတယ်-- မနက်လင်းအားကြီး ထကြည့်တော့ ဆွဲကြိုးချသတ်သေ သွားတာတွေ့ ရတော့ ဦးလေးလာနှိုး
တယ်  နောက်အမေ တို့အဖေ တို့ပါ သိသွားတော့ ရဲခေါ်ခိုင်း နဲ့ အလုပ်ရှုပ်သွားတာပေါ့-- နောက်ခလေးတွေ
မမြင်သင့်တာမမြင်ရအောင် အဖွားအိမ် ပို့လိုက်တယ် -- ဦးလေးကနောက်ပြောင်ပြီး မစောလှ ကို ကဝေမ
လို့ခေါ်တတ်တယ်--အဲဒီနေ့က ဦးလေးက သူရည်းစားအိမ်ကအပြန် ၁၁ နာရီခွဲလောက်ရှိနေပြီ-- အဲဒီအချိန်မှာ မစောလှက ကြိုးဆွဲ ချသေနေပြီ-- သူကမသိဘူး-- ကျောင်းထဲကအိမ်မှာ တခါးကစေ့ယုံစေ့
ထားတာ ချက်ချမထားဘူး -- သူလည်းတွန်းဝင်လာပြီး အမဲသားကျော်နဲ့ ထမင်းစားလိုက်သေးတယ်-- ပြီးမှ အိပ်တာ--မနက် ၄ နာရီလောက်ကြ မစောလှရည်းစားက လာနှိုးပြီးသူကို မလိမ့်တစ်ပတ်နဲ့ မစောလှ ကြိုးတစ်
ချောင်းဆွဲ ထွက်သွားတယ် လို့ လာပြောပေမဲ့ သူကကြိုးဆွဲချသေနေတာတွေ့ပြီးပြီလေ-- အဖေနဲ့ အမေ လည်း ရဲတွေနဲ့ ရှင်းလင်းလိုက်ရတာပေါ့--  ထနောင်းပင်ကြီး ကို လည်းခုတ်ပစ် လိုက်တယ် ---မစောလှ သမီး
မမြင့်ဌေးကိုတော့ ဖွားဖွားတို့ကပဲမွေးစားလိုက်တယ် -- နောက်တော့ လင်နောက် လိုက်ပြေးသွား ပေမဲ့ သားတွေသမီးတွေနဲ့ အမေ စီပီလိုင်းအိမ်ရောက်တဲ့အထိ အဆက်အသွယ်ရှိပါတယ် -- အော် ဘဝထိုထို မှာ ကြုံရဆုံရတာတွေပါ ----

အမေကျောင်းထဲကအိမ်မှာနေတုံးမှတ်မှတ်သားသားလုပ်တာတစ်ခုရှိတယ်-- အဖွားတို့အိမ်နီးနားချင်းက
ဦးကျော်သိန်းပါ-- အမရပူရ မှာသီတင်းသုံးတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ ရဲ့ဆရာရင်းဒကာရင်းပါ--မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့တရားတွေရဲ့ စာအုပ်တွေကို ပုံနိုပ်ခဲ့ပါတယ်-- ဆရာတော်ဘုရားဟောကြားတော်မူတဲ့ တရားတွေကိုလည်းတိပ်ခွေနဲ့ ကူးထားပါတယ်  အဲဒီအချိန်က ကတ်ဆက်ခွေဖွင့်တဲ့စက်မပေါ်သေးပါဘူး-- အမေဟာ ဝိပသာနာတရားစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်ဖတ်ပါတယ်-- ခြင်ထောင်ကြီးချပြီး တရားလည်းထိုင်ပါတယ်--

အမေကဝိပသာနာတရားစတင်အားထုတ်တဲ့အချိန်မှာ ကျန်းမာရေးလည်းချို့ယွင်းလာပါတယ်--အမေက အားနည်းသွေးတိုး ဖြစ်တာပါ  ဆရာဝန်နဲ့ ပြသော်လည်းမပျောက်ခဲ့ပါဘူး -- နောက်ဆုံး သိမ်ဖြူဆရာတော်ကြီး ကို သွားရောက်ပြသတဲ့အခါ မှ အားနည်းသွေးတိုး ဆိုတာဖေါ်ထုတ်ပြီး ဆေးနဲ့ ဓါတ်စာ ပေးပြီးကုပါတယ်  အမေဟာ ကျန်းမာရေး မကောင်းပေမဲ့ တရားထိုင် မပျက်ပါဘူး-- ဦးဝိမလ စာအုပ်တွေ လည်း အဖတ်မပျက်ပါဘူး  နောက်ဆုံးအမေ ဟာ  သိမ်ဖြူဆရာတော်ကြီးကိုလုံးဝယုံကြည်မှု ထားပြီး ဆေးကို မှန် မှန်သောက်သလို မတဲ့ဘူး လိုပြောတဲ့ အစာ ဆို လုံးဝ ထိတောင်မထိပါဘူး-- သိမ်ဖြူဆေးကို သေတဲ့ အ ထိမှန်မှန်သောက်ပါတယ် သိမ်ဖြူဆရာတော်ရဲ့ ကုသမှုကိုလည်းယုံယုံကြည်ကြည်နဲ့ ခံယူခဲ့ပါတယ် ---အမေတရားထိုင်ခဲ့ တာ ဥာဏ်စဉ်တစ်ခုထိရောက်ခဲ့တယ် လို့ မောင်တိုင်ပင်ယုံကြည်ပါတယ် ---အမေဟာတရားထိုင်ပြီးနောက် ပိုင်း ပိုမို သိမ်မွေ့လာပါတယ်-- ၁၉၆၆ မှာ မန်းတက္ကသိုလ်အိမ်ကနေ ရန်ကုန် စက်မှုတက္ကသိုလ်မှာ ကျောင်းအိပ်ကျောင်းစား တက်ဖို့ ထွက်လာရပါတယ်--မောင်တိုင်ပင်အဖို့ ၁၉၇၃ ကနေ ၁၉၇၅ ထိ အဖေအမေနဲ့ တူတူ ပြန် နေခဲ့ပြီး ရန်ကုန်သူနဲ့ အိမ်ထောင်ကျတာကြောင့် ရန်ကုန် က ဇနီးမိဘအိမ်မှာပဲနေထိုင်လာခဲ့ပါတယ်-- မောင်တိုင်ပင် ဘဝ ကိုကြည့် ရင် ဇနီး မိဘတွေနဲ့တူတူနေရတဲ့ အချိန်ကများပါတယ်--

အမေဟာ သားသမီးတွေကို အလိုလိုက်တတ်ပြီး အလိုလိုက်အမိုက် မစော်ကားတတ်အောင် ဆုံးမသွန်သင်မှု
တွေလည်းရှိတာကြောင့် သားသမီး၃ ဦးလုံး ဟာ ယနေ့ထက်တိုင်ချစ်ချစ်ခင်ခင် ရှိကြတာဟာ အမေဆုံးမ သွန်သင်မှုအောက်မှာ ပြီးပြင်းလာခဲ့ ရ လို့ လို့ ပြောချင်ပါတယ် --ညီ နဲ့ ညီမ ကအဖေ နဲ့ အမေ နဲ့ တူတူ နေတဲ့ အချိန်များပါတယ် -- မိဘကျေးဇူးတွေကို ပိုမို ဆပ် နိုင်ပါတယ်--ရောင့်ရဲတင်းတိမ်တတ်အောင် အဖေ
ကောအမေ က သူတို့ အတွေ့အကြုံကို အခြေခံပြီး ဆုံးမသွန်သင်နိုင် ခဲ့ပါတယ် -- သားသမီး ၃ ယောက်လုံး
စီးပွားရေး ကုန်သည် တွေ မဖြစ်ခဲ့ပါဘူး -- entreprenurship စိတ်ဓါတ် မရှိခဲ့ လို့ မကြီးပွားခဲ့ပေမဲ့ professionalism စိတ်ဓါတ်တွေတော့  အပြည့် ရှိပါတယ်---အဖေကစာသင်တာဝါသနာပါတယ်--သုတေသနကိုပိုအားထားတယ်-- အိမ်မှာ စာကြည့်တိုက်လေးရှိတယ် -- ကျောင်းမှာစာသင်မဲ့အကြောင်းအ
ရာဘာသာရပ်ကို ကြိုတင် နှုတ်စ် ထုတ်ပြီးသင်လေ့ရှိပါတယ် -- အမေ နဲ့ အဖေ ကတစ်ယောက်နဲ့ တစ်
ယောက်ချစ်မေတ္တာကို အခြေခံ ပြီး လက်ထပ်ခဲ့တာကြောင့် တစ်ယောက်မေတ္တာ အကြောင်းတစ်ယောက်သိကြပါတယ်-- အမေက အဖေကို ကိုကိုချမ်းခေါ်တတ်ပြီး သားတွေသမီးတွေ ကြီးလာတော့ နင်တို့အဖေ လို့ ပြောတတ်ပါတယ် -- အဖေကတော့ မခင်မေ လို့ပဲခေါ်တတ်ပါတယ် --
အဖေ နဲ့ အမေ က သားသမီးတွေကို ဆုံးမရင်တောင် မောင်မျိုး အဲတာမလုပ်နဲ့ မင်းအမေ မကြိုက်ဘူး လို့ဆုံးမတတ်ပါတယ် -- အမေက လည်း သူမကြိုက်တာလုပ်ရင် သူမကြိုက်ဘူး လို့တဲ့ မပြောဘူး-- ဟဲ့ မင်း
အဖေ မကြိုက်ဘူး မလုပ်နဲ့ လို့ ဆုံးမတတ်ပါတယ် --အဖေ ကအမေ့ ဆုံးတော့ အသုဘပို့ပြီး ပြန်အလာ
သားသမီး ၃ ယောက်ရှေ့မှာ အမေ ကို သတိရကြောင်း ဆို့ဆို့နင့်နင့် ပြောေ တာ့ မောင်နှမ ၃ ယောက်စလုံး
မျက်ရေတွေကျခဲ့ရပါတယ် -- အမေနဲ့ အဖေ ၅၅ ရက်ပဲကွာပါတယ် -- တချိန်လုံး ကိုကိုချမ်း ကိုကိုချမ်း ဆို
ပြီးအမေ က ဂရုစိုက်တော့လည်းသူခမျာ နှစ်ပေါင်း ၅၀ နီးပါးလက်တွဲလာခဲ့တဲ့ အမေကို သတိရ မှာမလွဲပါဘူး--အဖေ ဟာမကွယ်လွန်မီ ၂နှစ်ေ လာက်ကတည်းကမျက်စေ့ကွယ်နေပါပြီ--သူတို့မင်္ဂ လာခရီး ရွှေရတုရောက်ရန် လ ပို်င်းေ လာက်  လိုတော့တာပါ။
အဖေတော့ အမေနောက် လိုက်သွားတော့မယ်ဆိုတာကိုသူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို နားလယ်မိနေတဲ့ မောင်တိုင်ပင်ဟာအဲဒီတုံးက ရန်ကုန် စိတ်လေးပင်စွာနဲ့ ပြန်ခဲ့ရပါတယ် --

အမေကသူသင်္ချာတော်ကြောင်း ဝါသနာပါကြောင်းပြောလေ့ရှိပါတယ် -- မောင်တိုင်ပင် ဆေးမတက်ပဲ အာ
အိုင်တီတက်တော့ သူ့တူလို့ အင်ဂျင်နီယာ လိုင်းတက်တာလို့ ပြောတတ်ပါတယ် -- ညီမ ကိုတော့ အဖေ
နဲ့ အမေ ကိုစောင့်ရှောက် နိုင်အောင် ဆေးကျောင်းတက်ခိုင်းပါတယ် -- အဖေပင်စင်ယူပြီးနောက်ပိုင်း စီပီလိုင်းအိမ်ရောက်တော့ မောင်တိုင်ပင် အာအိုင်တီတက်နေတုံးဆိုတော့အိမ်မှာသိပ်မနေတော့ပဲ  ညီ နဲ့ ညီမ တို့ပဲ အဖေ နဲ့ အမေ တို့နဲ့ ပဲနေကြပါတယ်-- ၁၉၇၆ ခုနှစ် မှာမောင်တိုင်ပင် ရန်ကုန် သူနဲ့အိမ်ထောင်ကျတော့ တစ်နှစ်တစ်ခါလောက်တော့ အနည်းဆုံးမန်းအိမ်ကိုပြန်လာလေ့ရှိပါတယ် -- ပြန်လာတိုင်းချွေးမကိုလည်း ချစ်ချစ်ခင်ခင် နဲ့ သူ့သားဘာကြိုက်တတ်သလဲ ဆိုတာ ချက်ပြတယ် သင်ပေးတယ်  ဇနီး မကွယ်လွန်မီ  တစ်ခါတစ်ခါ ကြရင် ယောက္ခမကြီးသင်ပေးတဲ့နည်းဆိုပြီး ဟင်းတွေ ချက်ချက်ကျွေးတတ်ပါတယ်-- အထူးသဖြင့် ငါးဖယ်ဘူးသီးငါးပေါင်းကျော်ကတော့ မိသားစုတွေကြိုက်ကြပါတယ် --

အမေငယ်စဉ်ကဓါတ်ပုံတွေကိုကြည့် ရင် သူခေတ်သူအခါအရမိန်းမချောတစ်ယောက်ပါ-- ညီမ ရဲ့သမီးငယ်ကအမေနဲ့ တော်တော်တူပါတယ်--ဒါကြောင့်လည်း ရန်ကုန်တက္ကသိုလ်က ကျူတာပေါက်စ အဖေ အတွက်အသဲစွဲဖြစ်ခဲ့တာနဲ့ တူပါတယ် -- အဖေ က အမေ ကို
ရန်ကုန်ကအမေအစ်ကိုဝမ်းကွဲ အမြတ်တော်ဝန်ထောက် ဦးဘသန်းအိမ်မှာစတွေ့တာပါ လို့ပြောဘူးတယ် ( ဦးဘသန်းဆိုတာ နံမည်ကျော် ဂုဏ်မင်းဆေးထုတ်လုပ်တဲ့  မမကြူ တို့အဖေပါ) -- အဖေ က ပညာတတ် အမ်အေဘွဲ့ရ တောင်ငူ က သူဌေး ဦးဘိုးရင် သား ဆိုတော့ အဖေ ကို ကျတဲ့ကျောင်းသူတွေ တော်တော် များများရှိတယ် လို့ အမေက
ပြောဘူးတယ် -- ဒီကြားထဲ အမေ အစ်ကို ဝမ်းကွဲ အိမ်မှာအမေ ကို တွေ့ပြီး ချစ်ရေးဆိုခဲ့ တယ်နဲ့ တူပါတယ်
စစ်ကြောင့် အဖေ နဲ့ အမေ မတွေ့နိုင်တော့ပဲ ၇ နှစ်အကြာ စစ် ကြီးအပြီး ၁၉၄၇ ခု နှစ် ဧပြီလ မှာ လက်ထပ်ခဲ့တာပါ--

                                                                                                                                ဆက်ရန်