Friday, February 28, 2014

မာတာမိခင်ကျေးဇူးရှင်



အဖေနဲ့အမေကဒုတိယကမ္ဘာ စစ်ကြီအပြီး ၁၉၄၇ခုနှစ် ဧပြီလ မှာလက်ထပ်ခဲ့တာပါ--  လက်ထပ်ပြီးတောင်ငူမှာနေကြတယ်--စစ်မဖြစ်မီက အဖေကရန်ကုန်တက္ကသိုလ်
 မြန်မာစာဌာနမှာကျူတာလုပ်တယ်--သထုံဆောင်မှာ ကျောင်းသားတွေကိုအနီးကပ်ကြီးကြပ်ရတဲ့ ဟောကျူတာလည်းလုပ်တယ်--မြန်မာလွတ်လပ်ရေးကြိုးပမ်းချိန်ကာလဆိုတော့ နိုင်ငံရေးလှုပ်ရှား
ကြတဲ့ကျောင်းသားတွေအကြောင်းအဖေ ရေးတဲ့ဆောင်းပါးတွေထဲမှထည့်ရေးတတ်ပါတယ်--

အမေကတော့မန္တလေးအေဘီအမ်ကျောင်းက ၁၀ တန်းအောင်တာပါ--လူထုဒေါ်အမာနဲ့ကျောင်းနေဖက်
သူငယ်ချင်းပါ-- မြင်းလှည်းနဲ့ကျောင်းတူတူ သွာကြတာလို့အမေကပြောပြပါတယ်--၁၀တန်းအောင်တော့
မန္တလေးကောလိပ်မှာ အိုင်အေ ဂျူ နီယာ တန်းတက်နေတုံးဒုတိယကမ္ဘာစစ်ဖြစ်လာတာကြောင့်ကျောင်းမ
တက်နိုင်တော့ပဲ စစ်ကိုင်းတောင်ပေါ်မှာ စစ်ဘေးရှောင်ကြရပါတယ်--မန္တလေးကမြို့သူမြို့သားတော်
တော်များများဟာ စစ်ကိုင်းတောင်ပေါ်မှာစစ်ဘေးရှောင်ကြပါတယ်-စစ်အတွင်းမှာတော့စုဆောင်းထားတဲ့
ပစ္စည်းလေးတွေရောင်းချပြီး ဆင်းဆင်းရဲရဲစားသောက်နေထိုင်ကြရပေမဲ့ တော်တော် ပျော်စရာကောင်းတဲ့အချိန်ကာလလို့အမေပြောပြပါတယ်--ကပ်ဘေးတွေကလည်းကံကောင်းထောက်မစွာ
လွတ်ကင်းခဲ့ပါတယ်--

အမေရဲ့အဖေက ကုလားဝန်မျိုးလို့ အမေကပြောပြဘူးပါတယ်--မြန်မာမင်းတွေလက်ထက်က ဘရင်ဂျီတွေ
ကသည်းတွေ ဟာအထက်မြန်မာပြည်မှာ ရွာတွေတည်ထောင်နေထိုင်ကြပြီးမင်းမှုထမ်းကြတယ်လို့
လူကြီးတွေပြောတာကြားဘူးပါတယ်--အမေရဲ့အမေကတော့ကုန်သည်မျိုးရိုးပါ-- မောင်တိုင်ပင်အဖွားတို့က
ဈေးချိုမှာ ပိုးထည်ရောင်းကြပါတယ်--အဖွားအစ်မကမွေးတဲ့ မောင်တိုင်ပင်တို့ ကြီးကြီးဆိုရင် ရှေးမြန်မာ
မင်များလက်ထက်က အမည်ကျော်ကြားခဲ့တဲ့ မင်းလက်ဝါး ကြီးရဲ့မျိုးဆက်ဖြစ်တာကိုကြီးကြီးပြောပြဘူး
ပါတယ်-- သူအိမ်မှာ မင်းကြီး မင်းလက်ဝါး ရဲ့ ပုံတူ ပန်းချီကားကြီး ချိတ်ထားတာကို တွေ့ဘူးပါတယ်--

အမေဟာမောင်တိုင်ပင်ကို မန္တလေးမှာပြန်မွေးတာဖြစ်ပါတယ်-- မန္တလေးပွဲကုန်းဘက်မှာဒေါက်တာသိန်း
အောင်ဆေးခန်းရှိပါတယ်--နံမည်ကျော်ဆရာဝန်ကြီးပေါ့--သားသမီးအများကြီးရှိပြီးထွန်းထွန်းတောက်
တောက်ရှိကြပါတယ်--ဆရာကြီးက တရုတ်တန်းအိမ်မှာလာမွေးပေးတာလား --၂၆ လမ်းပေါ်က
ဆရာကြီးဆေးခန်းရှိရာ မှာမွေးတာလားအမေကပြောတော့ပြပါတယ်-- မောင်တိုင်ပင်ကတော့ဝိုးတ
ဝါးဖြစ်နေပါပြီ---

မောင်တိုင်ပင်ငယ်စဉ်ဘဝကတော့တောင်ငူမှာကြီးပြင်းခဲ့ရပါတယ်-- အဖေကစစ်ကြီးပြီးသွားပေမဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနကိုပြန်မသွားတော့ပဲ တောင်ငူမှာ ရုပ်ရှင်ဂျပိုးလုပ်နေပါတယ်--ရင်စီနီမာ
ဆိုတဲ့ရုပ်ရှင်ရုံကြီးတည်ဆောက်ပြီးရုပ်ရှင်ပြစားခဲ့ပါတယ်-- ဗိုလ်ချုပ်အောင်ဆန်းက တောင်ငူမဲဆန္ဒနယ်
ကနေ ဖဆပလအမတ်အဖြစ် အရွေးခံဖို့ အဖေအမည်ကိုစာရင်းတင်သွင်းခဲ့ပေမဲ့ အဖေကနိုင်ငံရေးမလုပ်လို
တာကြောင့်နောက်ပိုင်းမှာအမည်စာရင်းပယ်ဖျက်ခဲ့ပါတယ်--ကျောင်းသားဘဝမှာကော ဆရာဟောကျူတာဘဝမှာကော ဗိုလ်ချုပ်အောင်ဆန်းနဲ့ရင်းရင်းနှီးနှီးသိခဲ့တာကြောင့် ဖဆပလအမတ် အဖြစ်အရွေးခံခိုင်းတာပါ -- တောင်ငူကိုမဲဆွယ်စည်းရုံးရေးရောက်လာတာနဲ့ကြုံလို့ အဖေ့ ရုပ်ရှင် ရုံ ရင်စီနီမာ ကိုဗိုလ်ချုပ်အောင်ဆန်းကပဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်--

မောင်တိုင်ပင်ငယ်စဉ်ဘဝမှာ အဖေဟာအစ်ကိုဖြစ်သူဦးစံမင်းနဲ့အတူရုပ်ရှင်ရုံလုပ်ငန်းသာမကဘူး သစ်ကုန်သည် လည်းလုပ်ခဲ့ပါတယ်-- ရုပ်ရှင်လုပ်ငန်းက လုပ်ငန်းမကျွမ်းကျင်တော့ ရှုံးတာနဲ့ ရင်စီနီမာကို
ရောင်းပစ်လိုက်ရပါတယ်-- မောင်တိုင်ပင်က လွတ်လပ်ရေး ရတဲ့နှစ်မှာမွေးတာပါ-ပြည်တွင်းသောင်းကျန်း
မှုတွေထကြွတဲ့ ကာလမှာ အဖေဟာတောင်ငူမှာပဲရှိနေပါတယ်  -- ကရင်တွေတောင်ငူကိုသိမ်းတော့ ဖဆပလ မှာတက်ကြွစွာ လှုပ်ရှားခဲ့တဲ့ အဖေကို ကရင်သူပုန်တွေက ဖမ်းဆီးထောင်ချဖို့ လိုက်ရှာပါတယ်--
အဖေဟာဆွေမျိုးတွေအိမ်တွေမှာ ပုန်းအိပ်နေရတဲ့အချိန်ဖြစ်ပါတယ် -- မောင်တိုင်ပင် ငယ်ငယ်လေးနဲ့အမေဟာထိပ်လန့်တုန်လှုပ်စွာ ဆွေမျိုးအိမ်တစ်အိမ်ပြီးတစ်အိမ် အိပ်ခဲ့ရတာကိုအမေက
မောင်တိုင်ပင်ကြီးလာတဲ့အချိန်မှာပြန်ပြောင်းပြောပြပါတယ်-

နောက်ဆုံးတော့ အဖေကိုမလိုသူတစ်ယောက်ကသတင်းပေးလိုက်တဲ့အတွက်အဖေအဖမ်းခံခဲ့ရပါတယ်--
တောင်ငူခရိုင်စက်ရှင်တရားသူကြီး အဖေ အစ်ကိုဝမ်းကွဲ ဦးစိန်ရင်နဲ့အတူတူအဖမ်းခံခဲ့ရပါတယ်-- စစ်အတွင်းကဦးစိန်ရင်က တရားသူကြီးဆိုတော့ ဗြိတိသျှတပ် မှာစစ်ဗိုလ် ဗိုလ်မှုးအဖြစ် တာဝန်ထမ်းခဲ့ရဘူးတယ်လေ--အမေဟာအဖေလွတ်မြောက်ဖို့အတွက် ဦးစိန်ရင်ဇနီးနဲ့အတူတူ ကရင်အာဏာပိုင်တွေထံခဏခဏသွားရောက်တွေ့ဆုံကြိုးပမ်းခဲ့သော်လည်းအချီးနှီးဖြစ်ခဲ့ရပါတယ်--ထောင်ထဲမှာ အဖေတို့ကိုနှစ်ကြီးသမားတွေကစောင့်ရှောက်ထားတယ်လို့အမေကသတင်းကြားပေမဲ့ ထောင်ဝင်စာလည်းတွေ့ခွင့်မရတော့ အမေဟာအဖေကိုများကရင်သူပုန်တွေက သတ်ပစ်လေမလားဆိုပြီး နေစဉ်နှင့်အမျှတစ်ထိပ်ထိပ် နဲ့နေနေရပါတယ်--နောက်ပိုင်းမှာကော်သူလေးအကျဉ်းသမားဆိုပြီးဆောင်း
ပါးရေးခဲ့ပါတယ်--ပါလီမန်ခေတ်ဦးနုလက်ထက်တုံးကရေးခဲ့တာပါ--နောက်ပိုင်းစစ်အစိုးရများလက်ထက်
များမှာတော့ပြန်ထုတ်ခွင့်မရခဲ့ပါဘူး--

အမေတို့ကစစ်ကြီးအပြီး၁၉၄၇မှာလက်ထပ် ၁၉၄၈ မှာမောင်တိုင်ပင် ကိုမွေး ၁၉၄၉ ခုနှစ်မှာ တောင်ငူကိုကရင်တွေသိမ်းတော့ ဖဆပလ လူ အဖေ အဖမ်းခံရ နဲ့ အမေ နဲ့အဖေ တို့ရဲ့အိမ်ထောင်ဦးဘဝ
ဟာ ကြမ်းတမ်းလှပါတယ်-- တပ်မတော်က အုတ်တွင်းကိုသိမ်းပြီး ရက်မဆိုင်းပဲ တောင်ငူကိုဆက်သိမ်း
လိုက်လို့ နင်တို့အဖေအသက်ချမ်းသာရာ ရတာလို့အမေကအမြဲပြောလေ့ရှိပါတယ်-- ကာနယ်ချစ်မြိုင်တို့
ကို အမြဲမေတ္တာ ပို့ခဲ့ပါတယ် -- အဖေ ထောက်ကလွတ်လာတော့ နှစ်ကြီးသမားတွေကအဖေတို့ကိုစောင့်
ရှောက်ကြတယ်-- ထောင်ကအမှတ်တရ ထောင်စောင်ကြီးတစ်ခု အဖေယူလာခဲ့တယ်-- ကော်သူလေး
အကျဉ်းသမားဆောင်းပါးမှာထောင်အတွင်းဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေ ပြန်ပြောင်းရေးထားတာရှိ
တယ်-ထောင်စောင်ကြီးကို မောင်တိုင်ပင်တို့ တတွေငယ်ငယ်ကလုလု ခြုံကြတယ် --စောင်က လေးတော့နွေးတာကိုး-- မန္တလေးဆောင်းဒဏ်ခံနိုင်တယ်--- ၁၉၅၂ ရောက်တော့ မန္တလေးတက္ကသိုလ် မြန်မာစာဌာန က ကထိက ဦးတိုးအောင် ခွင့်ရက်ရှည်ယူမှာမိုလို့ အစားလာရောက်တာဝန်ထမ်း
ဆောင်ဖို့ကျောင်းအုပ်ကြီးဦးကိုလေး နဲ့ အမ်အေ ဒေါ်အုန်းတို့ကခေါ်ပါလေရော-- ဒါနဲ့ပဲ အဖေရဲ့ ကုန်သည်
ဘဝဟာ နိဂုံးချုပ်ခဲ့ပြီးမန္တလေးကောလိပ်မှာ အေးချမ်းလှတဲ့ ဆရာအဖြစ် ကို ရောက်ရှိခဲ့ပါတယ်---

ယောင်နောက်ဆံထုံးပါတဲ့ အမေလည်း ကထိက ကတော် နောက်ပိုင်း ပါမောက္ခ ကတော်အဖြစ်နဲ့ မောင်တိုင်ပင်တို့ ကို ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်-- မန်းတက္ကသိုလ် အဖြစ်အဆင့်တိုးမြှင့်လာခဲ့ပြီးနောက် မန်းတက္ကသိုလ် ဝန်းထဲက အမှတ် ၉ နတ်သျှင်နောင်လမ်း ၂ထပ်တိုက် ဝန်ထမ်းအိမ်ယာကို မန္တလေး တရုတ်တန်းအိမ်ကနေ ပြောင်းခဲ့ပါတယ် -- ပါမောက္ခအိမ် ၁၀ လုံးရှိပါတယ် --နံပါတ် ၁၀ ကတော့ မစ္စတာ
ဆရင်းနဲ့မိသားစုနေပါတယ်--Geology Professor ပါ--  နောက်ပိုင်း MOC ပြောင်းသွားပြီး အခုတော့ USA ကိုပြောင်းသွားပါပြီ -- သူ့သမီးနဲ့ မောင်တိုင်ပင်ညီမ တို့ကကွန်ဗင့်ကျောင်းမှာ အတန်းတူတူပါ-- နံပါတ် ၈ ကတော့ ရုက္ခဗေဒပါမောက္ခဒေါက်တာသန်းထွန်းပါ-- ဇနီးက အနောက်နိုင်ငံ သူပါ -- နောက်တော့ဇနီးလည်း
မန္တလေးတက္ကသိုလ်မှာ ပါမောက္ခဖြစ်လာပါတယ်-- သူတို့ပြောင်းသွားကြတော့ ပါမောက္ခဒေါက်တာကိုကိုကြီး
တို့ရန်ကုန်ကပြောင်းလာပါတယ်-- မောင်တိုင်ပင်တို့မောင်နှမ ၃ ယောက်နဲ့ရွယ်တူတွေဆိုတော့ ခလေးချင်း
လည်းပေါင်းဖြစ်ကြပါတယ်--နံပါတ် ၇ ကတော့ အင်္ဂလိပ်စာ ပါမောက္ခ မစ္စတာမူးနီပါ -- လူပျိုကြီးပါ ပင်စင်ယူ
ပြီးတော့ မိန်း မရသွားတယ်နဲ့တူတယ်--မမှတ်မိတော့ဘူး -- မေမြို့သားဆိုတော့ သောကြာနေညနေဆိုသူ
အိမ်ရှေ့မှာ MMTA ဂျစ်ကား ကလာစောင့်နေပြီ-- အမေ က မေမြို့မှာနေတော့ အပတ်တိုင်းပြန်တယ်--နံပါတိ ၆ ကတော့ ရူပဗေဒ ပါမောက္ခမစ္စတာအလီ မိသားစုပါ --ယနေ့တိုင်သူမိသားစု နဲ့အဆက်အသွယ်မပြတ်ပါ-- တွေ့ရင်ငယ်နံမည်တွေခေါ်ခေါ်ပြီး စကားပြောကြရတာအမောပါ-- နံပါတ် ၅ ကတော့ ပထဝီ ပါမောက္ခဦးသိန်းမောင်ပါ -- သမီးအကြီးက လူရည်ချွန် ခင်ဖြူဖြူပါ -- ဟောင်ကောင်မှာ ဆရာဝန်လုပ်နေပါတယ် -- မောင်တိုင်ပင်ထက်ကြီးတော့ မမ ဖြူပဲခေါ်ပါတယ် -- မောင်မောင် ညီ ညီတို့
နဲ့တော့ အဆက်အသွယ်ရှိပါတယ် -- ဇနီးဖြစ်သူ အန်တီသန်းက အသက်ရှည်ပါတယ် -- သားဖြစ်သူ ညီညီ
နဲ့နေပြီး လူပျိုကြီး ညီညီ ကအမေ ကိုစောင့်ရှောက်နေဆဲပါ-- မောင်မောင် နဲ့ကတော့ မန်းကိုသွားရင်တွေ့
ပါတယ်-- ဒါပေမဲ့မတွေ့တာကြာပါပြီ-- မမဖြူကတော့ သူငယ်ချင်း စိုင်းခမ်းရှန် နဲ့အကြောင်းပါပြီး ကြီးမှ
မတွေ့သေးပါ ----

နံပါတ် ၄ ကတော့ဘောဂဗေဒ ပါမောက္ခဦးသာထိုပါ-- အဆိုတော်ခိုင်ထူးအဖေပါ-- အန်တီလေးကတော့
အင်မတန်မှကိုဖေါ်ရွေပြီး အမေတို့နဲ့ဆိုရင်ညီအစ်မတွေလိုပါ -- မောင်တိုင်ပင်ညီ နဲ့ရွယ်တူ မောင်ခိုင်စိုး
ကတော့တောတွင်းတစ်နေရာမှာ ငှက်ဖျားမိပြီးဆုံးသွားပါတယ်-- သူတို့နဲ့လည်းယနေ့တိုင်အဆက်အသွယ်
မပြတ်ပါ-- နံပါတ် ၃ ကတော့ Ford Foundation နဲ့လာတဲ့ Professor Curt Patrick နေပါတယ်-- နောက်
တော့ ရူပဗေဒပါမောက္ခ ဦးကျော်မြင့်နေပါတယ် -- သူတပည့်ကျော် ကိုလွန်းမောင်ကြီးနဲ့ မောင်တိုင်ပင်
တို့ ကဘော်ဒါတွေပါ -- သူ က cocktail  တို့ punch တို့ အစပ်တော်ပါတယ်-- ဦးကျော်မြင့် ရန်ကုန်ခရီးထွက် ရင် သူကပစ္စည်းတွေစုဝယ်ပြီး punch လုပ်သောက်ကြပါတယ်-- နံပါတ် ၂ ကတော့ စိတ်
ပညာပါမောက္ခဒေါ်ကြည်ကြည်လှပါ-- သားသမီးတွေနဲ့ အားလုံးခင်ကြပါတယ်-- မောင်မြင့်အုန်းကတော့
အရှေ့မြောက်ဒေသမှာ ကွန်မြူနစ်တွေနဲ့တိုက်ရင်း တိုက်ပွဲ ကျသွားပါတယ်-- စန်းစန်းမြင့် တို့ကျော်ကျော်
ဝင်းတို့နဲ့ကတော့ Facebook ကြောင့် ပြန်တွေ့ရပါတယ်-- နံပါတ် ၁ ကတော့ ဓါတုဗေဒပါမောက္ခ ဒေါက်
တာခင်မောင်ပါ-- သူဇနီးကအဖေ ဌာနမှာ ပါမောက္ခဒေါ်လှမြတ်ပါ-- အတိုချုပ်ပြောရရင် တိုက် ၁၀ လုံးတန်း
မှာ မောင်တိုင်ပင်တို့မိသားစု ၂၅ နှစ်လောက်နေလာခဲ့တာပါ--

                                                                                                                           ဆက်ရန်
                   

,

Friday, February 21, 2014

မြေးလေးလင်းမြတ်အောင်၎နှစ်ပြည့်ပြီ





၁၇-၀၂-၂၀၁၄ နေ့ ဆိုရင်မြေးလေးလင်းမြတ်အောင်၎နှစ်တင်းတင်းပြည့်ပါပြီ--မွေးနေ့အလှုအဖြစ်လှည်းကူး
အင်းတိုင်ခိပ္ပဘိညာသဒ္ဓမ္မရံသီတရားရိပ်သာမှာဆရာတော်ကြီးနှင့်တကွရဟန်းသီလရှင်ယောဂီများကိုနေ့
ဆွမ်းကပ်လှုမှာဖြစ်ပါတယ်--မြေးလေးအတွက်မွေးနေ့လက်ဆောင်အဖြစ် သူ့အမေက ညီလေးတစ်ယောက်
ကို မေလထဲမှာမွေးပေးတော့မှာဖြစ်ပါတယ်-သူအမေကတစ်ဦးတည်းသောသမီးဖြစ်ပါတယ်-- တစ်ဦး
တည်းသောသမီးကမြေးလေးကျားနှစ်ဦးကို ဘယ်လိုပြုစုပျိုးထောင်သွားမလဲဆိုတာစိတ်ဝင်စားစ
ရာပါ--သားမက်ကတော့ မောင်နှမတွေ များတော့ အတွေ့အကြုံရှိနေပြီ-- ၄နှစ်ပဲကွာမယ့်ညီအစ်
ကိုနှစ်ယောက်ဟာသူတို့ဘဝတစ်သက်တာတစ်လျှောက်ချစ်ချစ်ခင်ခင်နဲ့ဆိုးတိုင်ပင်ကောင်းတိုင်ပင်ညီအစ်ကိုနှစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပါတယ်-သမီးရဲ့အမေဟာသူ့မိသားစုမှာ black sheep ဖြစ်
ခဲ့တော့ မောင်တိုင်ပင်အနေနဲ့ သူမအတွက်နဲ့ကော သမီးအတွက်နဲ့ကော-တစ်သက်လုံးစိတ်
မကောင်းဖြစ်ခဲ့ရပါတယ်--ဒီအချက်ဟာသမီးဘဝမှာ ကြီးမားသောဆူးကြီးတစ်ချောင်းပေါက်စေတာပါ-အဖေ
တစ်ယောက်အနေနဲ့ သမီးရဲ့စိတ်ကိုအသိဆုံးပဲ--

သမီးကမြေးလေးကိုပညာရေးမှာကောင်းကောင်းဖြစ်စေချင်ပါတယ်--ဒါသူ့စေတနာပါ--စင်ကာပူပညာရေး
ဟာဒေသအတွင်းမှာအတော်အဆင့်မြင့်ပါတယ်--သားရဲ့ပညာရေးဆိုတဲ့အကြောင်းပြချက်ကြောင့် stress တွေများတဲ့စလုံးမှာကြိတ်မှိတ်ပြီးသူတို့ လင်မယားနှစ်ယောက်ဟာရုန်းကန်လှုပ်ရှားအလုပ် လုပ်နေကြတာပါ
-ဒီအယူအဆကိုမောင်တိုင်ပင် သဘောကျပါတယ်--မောင်တိုင်ပင်အဖေကလည်းညီအစ်ကိုမောင်နှစ်
မတွေကို ငါတို့ပေးနိုင်တဲ့အမွေကမင်းတို့ကိုပညာတတ်အောင်သင်ပေးတာပဲ တဲ့--ပညာအမွေ ဟာ လူ့ဘဝမှာ ဘယ်အရာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိနဲ့စိန်ခေါ်မှုကိုမမှုတဲ့ စိတ်ဓါတ်ကိုဖြစ်ပေါ်စေတတ်ပါတယ်-- အခုလက်ရှိမြေးလေးရဲ့ကျောင်းလခကိုကြည့်ရင်သမီးဝင်ငွေရဲ့ သုံးပုံတစ်ပုံကျော်လောက်အကုန်ခံသင်ပေး
နေတာပါ-ပညာသင်စရိတ်အရမ်းကြီးပါတယ် --မြေးလေးကိုအဖေနဲ့အမေက ဘယ်လိုရည်
ရွယ်ချက်တွေထားရှိပြီးလိမ္မာယဉ်ကျေးသော မြန်မာလေးဖြစ်အောင်ပြုစုပျိုးထောင်ပေးနေတာကို
ဖိုးဖိုး ကပြောပြတာပါ--

မွေးလာတော့မယ့်ညီလေးကသားသားအတွက်ချစ်စရာကောင်းတဲ့အဖေါ်မွန်ပဲ--ညီလေးကိုချစ်ရမယ်--မနာလိုမဖြစ်ရဘူး--မေမေကောဖေဖေကော ဖိုးဖိုးကော ညီလေးကိုချစ်သလို သားသားကိုလည်းချစ်
တာပဲ--ညီလေးကြီးလာရင်သားသားနဲ့တူတူကစားကြမယ်--သားသားမပျင်းတော့ဘူးပေါ့ --သားသား
ကောညီလေးကော မေမေ ဝမ်းထဲမှာဝင်စားပြီးမွေးလာတာကြောင့်ကံကောင်းကြတယ်လို့ဆိုရမယ်--ဖိုးဖိုးတို့
မြန်မာပြည် က နေရာအချို့မှာ သားသားတို့ အရွယ်ခလေးတွေဟာ ပညာမသင်ကြရဘူး-- ထမင်း
တောင်နပ်မှန်အောင် မစားရရှာဘူး-- ဒါကြောင့်သားသားတို့ ကံကောင်းကြပါတယ်--ဘုရား တရား
သံဃာ ဆရာ မိဘ တွေကို ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် အခုလိုဘေးကင်းရန်
ကင်း အေးအေးချမ်းချမ်းနေနိုင်ကြတာပါ--

သားသားကအခု nursery မှာကျောင်းစာတွေလုပ်နေရပြီ--အေ ဘီ စီ ဒီ တွေရေးနေရပြီ--သူငယ်ချင်းတွေ
လည်းအများကြီး ရနေပြီ--သားသားဟာသိတတ်တဲ့ သားလေးတစ်ယောက်ဖြစ်နေပြီ--မေမေက facebook မှာ သားသား ဘာလုပ်တယ်ဆိုတာ ရေးတတ်တော့ ဖိုးဖိုးမှာ ဖတ်ပြီးတိုင်းကျေနပ်အားရဖြစ်မိတာပေါ့-- ရေကူးကန်ထဲဆင်းပြီးရေကူးရမှာကိုလည်းသားသားမကြောက်တော့ဘူး--ပျော်နေပြီ--

ဖိုးဖိုး ၄ နှစ်အရွယ်တုံးက ဖိုးဖိုးဘာလုပ်နေလဲလို့ ပြန်စဉ်းစားကြည့်မိတယ်--အဲဒီအချိန်မှာ ဖိုးဖိုးလည်းညီလေးတစ်ယောက်ရနေပြီ--ဖွားကျွဲကတော့ မမွေးသေးဘူး-- ၁၉၅၂ ခုနှစ်တောင်ငူက
နေမန္တလေးပြောင်းလာခါစ ဖိုးဖိုးအဖွား တရုတ်တန်းကတစ်ထပ်တိုက်အိမ်လေးမှာခေတ္တနေရတာကိုမှတ်
မိတယ်-- ဝန်ကြီးဗိုလ်ခင်မောင်လေးကတော်ဒေါ်သိန်းနု ကဖိုးဖိုးအမေတို့နဲ့ကျောင်းနေဖက်ရပ်ဆွေ
ရပ်မျိုးတွေ --ဖိုးဖိုးအမေကလူအေး-- အိမ်မှာ ငယ်သူငယ်ချင်းတွေအားလုံးလာပြီး ဝန်ကြီးကတော်
ကိုလာနှုတ်ဆက်ကြတော့ အိမ်မှာ လူတွေတရုန်းရုန်းနဲ့ဖြစ်နေတာကို ထူးထူးခြားခြားမှတ်မိနေတယ်

၎နှစ်ဆိုတာခဏလေးပဲ-- သားမွေးတုံးက ဖိုးဖိုးလည်းဆေးရုံလိုက်လာတယ်-- ညီလေးမွေးတော့
လည်း ဖိုးဖိုး လိုက်ရအုံးမယ်--မေမေမှာအမေ မရှိတော့ ဖိုးဖိုးပဲ အဖေ ဖိုးဖိုးပဲ အမေလေ-- မြေးလေးပိစိကွေးလေးကို လက်ထဲမှာချီရတာကိုမှတ်မိသေးတယ်--အခုတော့ သားသားကို ရင်ဘတ်ပေါ်
တင်မယ်ကွာ ဆိုရင်ရင်ဘတ်ပေါ်လာလာတက်တတ်တဲ့သားသားလေး ကို သတိရတယ်--

သားသားရဲ့အယ်လ်ဘမ်ထဲမှာ အသက်အရွယ်အမျိုးမျိုးကဓါတ်ပုံတွေရှိတယ်--ဖိုးဖိုးပျင်းရင်ကြည့်
ဖို့သိမ်းထားတာ--မေမေကဓါတ်ပုံဝါသနာပါတော့ ဓါတ်ပုံတွေကအမျိုးမျိုးပဲ-- စလုံးမှာနေပေမဲ့သား
က ဟမ်ဘာဂါတို့ဘာတို့မကြိုက်ဘူး--ချော့ကလက်တောင် M&S ကဗူးဝိုင်းလေးနဲ့ချော့ကလက်ပဲ
စားတာ-- မုံဟင်းခါးကြိုက်တာကတော့ လက်လန်တယ်-- အိမ်နားကဗမာဆိုင်က မုံဟင်းခါးကနေ့
တိုင်းဝယ်ရလို့တော်သေးရဲ့--" I want မုံဟင်းခါး" ဆိုပြီးဗမာတစ်ဝက် အင်္ဂလိပ်တစ်ဝက်အော်တတ်
တာကိုအမှတ်ရမိတယ်--

သားသားမွေးနေ့မှာ လိမ္မာယဉ်ကျေးသော ပညာတတ်သော အကြင်အနာတရားရှိသော ချစ်တတ်ခင်တတ်သော မိဘစကားနားထောင်သော အမျိုးကောင်းသားလေးတစ်ယောက်ဖြစ်ပါစေကြောင်း
ဆုတောင်းလိုက်ပါတယ်--

Tuesday, February 4, 2014

ဝိပသာနာတရားအားထုတ်ပါ

လှည်းကူးအင်းတိုင်ရှိ ခိပ္ပဘိညာသဒ္ဓမ္မရံသီရိပ်သာတွင် ဇန်နဝါရီလ၂၁ရက်မှဖေဖေါ်ဝါရီလ၂ရက်နေ့ထိဝိပသာနာတရားများကြိုးစား
အားထုတ်ခဲ့ပြီးနောက်လူဘောင်လောကသို့ပြန်လည်ဝင်ရောက်ခဲ့ပါပြီ--တရားအားထုတ်နေစဉ် Mech 72
သူငယ်ချင်းများကိုယ်တိုင်ရိပ်သာသို့လာရောက်၍အချိုရည်များမုန့်များကပ်လှုခဲ့ကြသဖြင့်သာဓု သုံးကြိမ်ခေါ်
လိုက်ပါတယ်--လူဘောင်လောကထဲပြန်ရောက်လာတော့ ထုံးစံအတိုင်းဖွဘုတ်ကိုဟိုဟိုဒီဒီလှန်ကြည့်မိပါတယ်--ပြည်သူများဖြစ်ကြတဲ့ကျေးရွာနေပြည်သူများကိုရင့်ရင့်သီးသီးပြောဆိုခဲ့
တဲ့ဝန်ကြီး-အကြောင်း--ကျေးဇူးရှင်တောင်သူလယ်သမားများကို ခွေးနဲ့ နှိုင်းတဲ့အကြောင်း(ဘယ်လိုပြောခဲ့သလဲ ဘယ်လို နှိုင်းခဲ့သ
လဲတော့ဂဃနဏမသိသေးပါ--ဖတ်ရတာကိုပဲပြောတာပါ--ဗီဒီယိုဖိုင်--စတေးတပ်စ်တွေမကြည့်ရ မဖတ်ရသေးလို့ မသေချာပဲမပြောချင်ပါ--ကချော်ကချွတ်လည်းမပြော
လိုပါ-ကြားရတာအားလုံးကနားဝမှာမချမ်းသာလှပါ--သေရည်ကိုခုံမင်စွာသောက်စားနေလို့ကတော့ဒီလိုအ
ဖြစ်မျိုးကြုံရမှာပါ--)ရိပ်သာမှာအရင်အစိုးရလက်ထက်ကဝန်ကြီးဗိုလ်ချုပ်တစ်ယောက်တရားကိုဝီရိယကောင်းကောင်းဖြင့်
ကျားကုတ်ကျားခဲ ၈၇ ရက်အားထုတ်ခဲ့ရာ မဟာစည်ဆရာတော်ဘုရားကြီး၏ဥာဏ်စဉ်တရားကိုနာခွင့်ရခဲ့ပါ
တယ်--၂၀၁၃ ကသူတရားလာအားထုတ်စဉ်ကရက်နည်းနည်းတိုလို့လားမသိ--ဥာဏ်စဉ်မရခဲ့ပါ--အခုဝိရီယ
အကျိုးကြောင့် ဥာဏ်စဉ်နာခွင့်ရသည်ထိပေါက်ရောက်ခဲ့သဖြင့်မျက်နှာကျောတင်းသောသူ့ရုပ်ရည်ဟာကြည်
လင်နေတာကိုတွေ့ရပါတယ်---
ပြောချင်တာကတော့သူနှင့်လုပ်ဖေါ်ကိုင်ဖက်များဖြစ်တဲ့ လွှတ်တော်မှာ အစိုးရအဖွဲ့မှာရှိနေကြတဲ့
ဗိုလ်ချုပ်များဟာသူတို့အသက်အ
ရွယ်မှာဘာကြောင့်အာဏာကိုငမ်း
ငမ်းတက်ဖြစ်နေပြီး
သေရင်ယူသွားလို့မရတဲ့ အာဏာတွေ--လုပ်ပိုင်ခွင့်တွေ--စည်း
စိမ်ဥစ္စာတွေ--ကိုခင်တွယ်နေကြပါလိမ့်--ဘာကြောင့်လုပ်နိုင်သူတွေလုပ်ချင်ကိုင်
ချင်သူတွေကိုလက်ဆင့်မကမ်းချင်ကြတာလဲ ဘာကြောင့်နေရာဖယ်မပေးချင်ကြတာလဲ--ဒီအချိန်--ဒီအသက်အရွယ်မှာ-ရိပ်သာတွေ မှာလာနေပြီးနှစ်ရှည်လများဘာကြောင့်ဝိပသာနာတရားအားမထုတ်ချင်ကြတာလဲ--ဘာမဆိုငါတို့မှ ငါတို့ပဲတတ်တယ်--ငါတို့လုပ်မှအကုန်ရမယ်ဆိုရင်တစ်ခုခုလွဲနေပါပြီ--အဲလိုအမြင်ရှိမယ်ဆိုရင်တော့ သေချာနေပြီ--သေရင်ငရဲရောက်
ဖို့--၆၀ကျော်၇၀နားနီးနေတဲ့ဗိုလိချုပ်ဟောင်းတွေကိုပြောတာပါ--
တရားအားထုတ်နေစဉ်သူတော်ကောင်းတွေနဲ့နေရလို့လားမသိပါ--စိတ်မှာအမြဲကကြည်လင်နေပါတယ်--သို့
သော်ကျနော်တို့လုပ်နိုင်စွမ်းကျနေပါပြီ--၄-၅-၆ရက်လောက်ထိအရှိန်ကောင်းကောင်းနဲ့ လုပ်ခဲ့ပေမဲ့ရောဂါ
ဟောင်း လယ်ပင်းကျီးပေါင်း ကပြန်ပြီးနိုပ်စက်ပါတယ်-- ပြီးခါးနီး ၂ရက်လောက်မှာ မရတော့ပါ--ဆေးတွေအ
သေလိမ်းရပေမဲ့လည်းသမာဓိကလုံးဝ မတက်လာတော့ပါ--ပြန်တဲ့အထိပါ-- ဒေါက်တာတစ်ယောက်ကပြောဘူးပါတယ်--တရားထိုင်တာနဲ့ လယ်ပင်းကျီးပေါင်း ဖြစ်တာဆက်စပ်ပါတယ်တဲ့--ရိပ်သာမှာလည်းဦးဇင်းတစ်ပါးဆိုရင် Neck supporter လယ်ပင်းပတ်ကြီးတတ်ပြီးတခါတရံ တရားထိုင်ပါတယ်--ရောဂါပျောက်တာကြာပေါ့ ဆိုပြီးလယ်ပင်းကျီးပေါင်း အတွက် ပြင်ဆင်သွားနိုင်ခြင်းမရှိခဲ့ပါ--ဘာပဲပြောပြော အသေးအမွှားလေးပေမဲ့ အတွေ့အကြုံကိုမျှဝေတာပါ-သူငယ်ချင်းများ
အားလုံးသာဓုခေါ်နိုင်ရန်မျှဝေအပ်ပါတယ်---------
                                                                                                              

Monday, January 20, 2014

informal စကားဝိုင်း



မနေ့ကကုန်သွယ်လယ်ယာလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ နှစ်၂၀ - ၂၅လောက် က တည်းကလက်တွဲလာတဲ့ လုပ်ငန်းရှင်တစ်ယောက်တို့ စားသောက်ဆိုင်မှာ
ဆုံပြီးစားကြသောက်ကြ စကားပြောခဲ့ကြပါတယ်--ကုန်သွယ်လယ်ယာ ရှေးဟောင်းနှောင်းဖြစ်တွေကတော့တကယ်လည်းပျော်စရာကောင်းခဲ့ပါတယ်။ခုလိုချမ်းချမ်းစီးစီး အချိန်မှာ undercover drive ကလည်းတစ်ဖက်ကနေ ဖိအားတစ်ခုပါပဲ။ ဟိုခေတ်အချိန် က လုပ်ခဲ့ရတာတွေပါ။

မြန်မာလုပ်ငန်းရှင်တွေ နိုင်ငံတကာသွားလာကုန်ကူးသန်းနေကြတော့ အချို့ အစိပ်အပိုင်းကတော့ နိုင်ငံတကာစံနှုန်းတွေ ကို လိုက်လုပ်နိုင်ပါပြီ--စက်မှာ
ဆန်ကြိတ်တာကအစ သန့်သန့်ရှင်ရှင်း စနစ်တကျကြိတ်မှဝယ်သူက လက်ခံပါတယ်။ color sorter လိုဟာမျိုး ၃ -၄ လုံးတောင်ထားပြီး ဆန် ကို quality  ကောင်းအောင်
လုပ်ပေးနေရပါပြီ--သင်္ဘောတင်တဲ့ အလုပ်သမားတောင်လက်အိတ်၊ဘိနပ် လျှောက်လမ်းက ဂုံနီကောဇော ခင်းပေးထားပြီး ကွန်တိန်နာ အိတ်သွတ်သွင်းခြင်း၊
သင်္ဘောတင်ခြင်း ကို လုပ်နေရပါပြီ-- သမားရိုးကျ inspection ကုမ္ဗဏီတောင်
မသုံးတော့ပဲ-- တိကျ ဖြောင့်မတ်စွာစစ်ဆေး နိုင်တဲ့ inspection  ကုမ္ဗဏီအစားဝင်ရောက်နေပြီ ဖြစ်လို့ reform မလုပ်နိုင်ရင် ဂျောင်း ရခါနီးနေပါပြီ---

mindset  ပြောင်းပြောင်းဆိုတာ အစိုးရတင်မဟုတ်တော့ ဘူး-- ပု၈္ဂလိက ၀န်ထမ်းတွေပါပြောင်းမှ ရနိုင်တော့မှာ ဖြစ်ပါတယ်၊အရေးကြီးဆုံးကတော့ ဆန်စက်တွေမှာ ဆန်စက်အင်ဂျင်နီယာတွေ၊ကျွမ်းကျင်လုပ်သားတွေ၊မေ ဆရာတွေ operatorတွေပြုန်းတီးနေတာဖြစ်တယ်။ သင်တန်းတွေ ဒီပလိုမာတွေ vocational training တွေအများကြီး လုပ်ဖို့ လိုနေတာကိုဝိုင်းဝန်းဆွေးနွေးကြပါတယ်။MRF ကတော့လုပ်ဖို့စိတ်ဝင်စားသော်လည်း လုပ်မဲ့ ကိုင်မဲ့ သူလိုနေပါတယ်--ကဲ--ဥက္ကဌကြီးရေ--ဘယ်လိုလုပ်ကြရင်ကောင်းမလဲ---

informal discussion ဖြစ်ပေမဲ့ မှတ်သားဖွယ်ရာတွေပါ။တစ်ယောက်ကပြောတယ်၊အစိုးရကတော့ပညာသင်တွေအများကြီးလွှတ်တယ်၊ ပြန်လာတဲ့ သူတွေဘယ်လိုသုံးမယ်--ဘယ်နေရာတာဝန်ပေးမယ် ဆိုတာဝန်ကြီး ဌာနတွေ plan လုပ်ထာတာမရှိဘူး လို့ပြောပါတယ်။ ရလာတဲ့ ပညာတော်သင်ဆုတွေကလည်း ပေါင်းစုံ-- အရာရှိတင်မကတော့ဘူး  ဦးစီးမှုးတွေတောင်လွှတ်နေရတယ် လို့သိရပါတယ်--အလွန်ကောင်းပါတယ်။အနည်းဆုံး exposure ရလာနိုင်ပါတယ်။ မျက်စေ့ဖွင့် နားဖွင့် မြင်တာကို မှတ် သားဖို့ မှာ ကြား လိုက်ဖို့တော့ လိုပါတယ်။ PhD တွေပြန်ရောက်လာရင် သူတို့ ကို ဘာခိုင်းမလဲ Master တွေပြန်ရောက်လာရင် သူတို့ ကိုဘာတာဝန်တွေပေးမလဲ--HR အပိုင်းမှာ တော်တော်အားနည်းနေ
တာထောက်ပြကြပါတယ်။မောင်တိုင်ပင်တို့လက်ထက်ကလည်းမျိုးဆက်ပြတ်တာကြုံဘူးပြီးပြီ-- မလုပ်မရှုပ် မစဉ်းစားပဲ မလုပ်ပဲနေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး-exposure ရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကတော့ HR ကော  system ကော ၀န်ထမ်းတွေ mind set တွေကောပြောင်းခိုင်းကုန်ပါပြီ-- ၂၀၁၆ ရောက်ရင် ငါ ကြိုမလုပ်လိုက်မိတာ
မှားလေခြင်း ဆိုတဲ့နောင်တတွေ ရလာလိမ့် မယ်လို့ လုပ်ငန်းရှင် ကဆွေးနွေးပါတယ်။

ကဲ--ဘော်ဘော်တို့ရေ--public နဲ့ private မှာ public ကရှေ့ရောက်နေရင်တော့
ကောင်းတာပေါ့-- စလုံး လိုနိုင်ငံမှာ public မှာ  top brass တွေကို လခကောင်းကောင်းပေးပြီး ခိုင်းပါတယ်။ လီကွမ်းယူ ရေးခဲ့တဲ့ နားဝင်မချိုသောအမှန်တရား စာအုပ်မှာ ဖတ်ကြည့်ပါ-- အခုမြန်မာမှာ တော့ private ကရှေ့ရောက်နေပါတယ်။public ကနောက်နားမှာပါ--အလုပ်တစ်ခု ပရိုဂျက်တစ်ခု မလုပ်ခင် critical thinking  ရှိသင့်ပါတယ်။။နောက်မှအမေကယ်ပါ အဖေကယ်ပါ လိုက်လုပ်ရတော့ ဒီကောင်တွေအစက မစဉ်းစားဘူးလားဆိုတာတွေဖြစ်ကုန်ပါတယ်။

နောက်တစ်ခုက ပညာရှင်ပိုင်းမှာပါ။ မြန်မာပညာရှင်တွေထဲမှာ စည် လိုပဲ တီးမှမြည်တတ်တဲ့ ပုဂ္ဂိုလ်တွေအများကြီးပါ--နိုင်ငံခြားသားပညာရှင်ပြောမှ  နိုင်ငံခြား မှာ အလုပ်လုပ်ဘူးတဲ့ မြန်မာ ပညာရှင်ပြောမှ ကျိုးကြောင်း ဆီလျော်တယ်--မှန်တယ်-- diverse ဖြစ်တယ်--မျက်စိတစ်ဆုံးဖြစ်တယ် -- လို့ယူဆကြတယ်။ထင်ကြတယ်--သူတို့ မသိတာက မြန်မာပညာရှင်တွေက မြန်မာလူမှုဘ၀ပတ်ဝန်းကျင်အခြေအနေ နဲ့ ချိန်ထိုးပြီး စဉ်းစားတွေးခေါ်လေ့ရှိ
ကြတယ်။သူတို့ကိုမေးနိုင်မြန်းနိုင်မှ အဖြေရှာတွေ့ နိုင်တယ်။ဥပမာပြောရရင် business  လုပ်နေကြတဲ့  သာမန်မြန်မာလုပ်ငန်းရှင်တွေရဲ့
အတွင်းစိတ်သန္တာန်ကို မသိပဲ CSR မရှိဘူး ဘာညာပြောလို့ မရဘူး--social responsibility စိတ်ဓါတ်ကတော့ သူတို့စိတ်ထဲမှာ အမြဲ ရှိနေတတ်ပါတယ်။
ဥပမာ သွားရင်းလာရင်း လုပ်ရင်း ကိုင်ရင်း မိဘ မဲ့ကျောင်းလိုမျိုးတွေ့ရင်  ဆရာတော်ဝင်လျှောက် ပြီး ဆရာတော်ဘာလိုလဲမေးကာ တတ်နိုင်သလောက်လှုလိုက်တာပါပဲ။ သူတို့ လုပ်ငန်း program မှာ CSR program တွေဘာတွေဘာမှ မရှိဘူး၊ ဒါတွေကို နိုင်ငံခြားသားပညာရှုင်ကတော့ ဘယ်သိမလဲ--ဆရာမကြီး တစ်ဦး ကရင်ဖွင့် တယ်လို့ ကြားလို့ပါ--ကဲဟိုဟိုဒီဒီရောက်တတ်ရာရာတော့ဆွေးနွေးပြီးပါပြီ---------

အဖေရှိရင်ငွေရှိမယ်(၂)



ဦးနော၏ငယ်ပေါင်းသူငယ်ချင်းများကတွေဆုံစကားစမြည်ပြောရန်မောင်တိုင်ပင်ကို
ရှစ်မိုင်က Golden Crab မှာ ညစာလာရောက်သုံးဆောင်ရန်မနေ့ကဘိတ်ကြားပါ
တယ်။လူလည်းတော်တော်စုံပါတယ်၊မနေ့ကတော့ ကိုကျော်လင်းက ဒကာခံပါ
တယ်။သူတို့အချင်းချင်းပြောဆိုဆက်ဆံပုံကမောင်တိုင်ပင်တို့ Mech 72 အုပ်စုလိုပဲ
အလွန်နွေးထွေးပါတယ်။အဲဒီမှာကုန်ကြမ်းတွေလည်းတော်တော်ရလိုက်ပါတယ်။တကယ်တော့သူတို့အားလုံးဟာစီးပွားရေးလုပ်
ငန်းကိုယ်စီနဲ့ပါ။ဘီလီယံနာတွေလည်းပါသလိုအနည်းဆုံးတော့မီလီယံနာတွေပဲ
ဖြစ်ပါတယ်။အရင် က မောင်တိုင်ပင်ဟာဦးနောနဲ့ မကြာခဏဆုံဖြစ်ကြပြီးသူပြော
ပြတာတွေကိုဖွဘုတ် နဲ့ ဘလော့မှာ ရေးသားတင်ပြလေ့ရှိပါတယ်။ အခုလည်း
မောင်တိုင်ပင်ဟာ ဦးနောကိုဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ “ အဖေရှိရင်ငွေရှိမယ်” ဆို
တဲ့ ကျောရိုးလေးတစ်ခုကိုအခြေခံပြီး ဖွဘုတ်မှာ တင် လိုက်တာပါ။ အခုတော့
အဖေ မ ရှိရင် ငွေရှိအောင်ဘာလုပ်သင့်လဲဆိုတာ ကိုဝိုင်းဝန်းအကြံပြုဆွေးနွေးကြ
တာပါ။စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဘာတွေဆွေးနွေးကြသလဲဆိုတာနောက်ပိုင်းမှာ တင်ပြပါမယ်။ အခုတော့ သူတို့သူငယ်ချင်းတွေအချင်းချင်း ဖဲ့ ကြတာလေး
တွေကိုမချွင်းမချန်တင်ပြပါမယ်။

ပထမဆုံးဦးနော ကသူနဲ့ သူသားတပည့်တွေနဲ့ အကြားနွေးထွေးသောဆက်ဆံမှု
လေးတွေကိုပြောပြပါတယ်။ သူတပည့်တွေဘိတ်ကြားတာကြောင့် ပခုက္ကူဖက်က
သူ့တပည့်တွေရဲ့ ရွာကိုတစ်ခုသောနှစ်တစ်နှစ်မှာသွားရောက်လည်ပတ်ခဲ့ပါတယ်။
မှတ်ဥာဏ်မကောင်းတဲ့မောင်တိုင်ပင်ကတော့ရွာနံမည် ကိုမေ့နေပါပြီ။ဦးနောတို့ဒါ
ဖတ်မိရင်ဖြည့်စွက်ပါလိမ့်မယ်။ ရွာကတော်တော်ကိုကြီးပါတယ်။ရွာထဲကိုမော်တော်
ကားနဲ့ဝင်လိုက်တယ်ဆိုရင်ပဲ ဦးနော ဟာမယုံကြည်လောက်အောင် စိတ်ထဲမှာပီတိ
တွေတစ်ဖွားဖွားနဲ့ ဖြစ်ပေါ်လာပါတယ်တဲ့--

ဘာကြောင့်လဲဆိုတော့ တစ်ရွာလုံးကရွာသားတွေဟာရွာလမ်းပေါ်မှာစီတန်းပြီးလက်
နှစ်ဖက်လေးယှက်ကာ ဦးနောကိုတစ်ရွာလုံးကကြိုဆိုနှုတ်ဆက်ခဲ့တာကြောင့်ဖြစ်ပါ
တယ်။ဇော်ဝင်းဦးက ၀င်ထောက်ပါတယ်။ အန်တီစု ကိုကြိုသလိုမျိုးပေါ့ လို့--ဦးနော
ကတော့ “ မနိုင်းပါနဲ့ ကွာ၊“ လို့ပြောပါတယ်။ တကယ်တော့ အန်တီစုက ဦးနော ကို
ချစ်ပါတယ်။ဦးနော မွေးနေ့တိုင်း ကိတ်မုန့် ပို့ ပို့ ပေးပါတယ်။ဦးနော ကဆက်ပြောပြ
တာကတော့ ရွာထဲမှာရှိတဲ့ သူ့တပည့်အိမ်တွေကို တစ်အိမ် ၃ မိနစ်လောက်အချိန်
ပေးပြီးမိဘဆွေမျိုးသားချင်းတွေကို နှုတ်ဆက်ပါတယ်။ အဲဒီမှာ သူနောက်တစ်ကြိမ်
အံ့သြ၀မ်းသာကြည်နှုး ရတာကတော့ အိမ်ဘုရားစင်အောင်မှာ သူ့ဓါတ်ပုံ ကိုချိတ်
ထားတာကိုတွေ့ လိုက်ရလို့ပါပဲ။ တချို့အိမ်တွေမှာ ဓါတ်ပုံ ၂ ပုံတောင်ချိတ်ထားပါ
တယ်၊ဒါဆိုရင် အဲဒီအိမ်က သားချင်း ၂ ယောက်ကတော့ သူ့ဆိုင်မှာအလုပ်လုပ်နေ
တာဖြစ်ပါတယ်။ဒါနဲ့တစ်အိမ်တက်ဆင်းသွားလိုက်တာရွာလည်တစ်နေရာရောက်
တော့ အိမ်တစ်အိမ်ကလူတစ်ယောက်ဆင်းလာပြီးအိမ်ပေါ်ကိုကြွဖို့ ဖိတ်ခေါ်ပါတယ်။
အဲဒီအိမ်ကတော့ သူတပည့်အိမ်မဟုတ်ပေမဲ့လည်း အိမ်ရှင်တွေကျေနပ်အောင်အိမ်
ပေါ်ကိုတက်ခဲ့ပါတယ်။အိမ်ပေါ်ရောက်တဲ့အခါတော့ တစ်ကိုလုံးစောင်ခြုံထားပြီး
ခေါင်းကိုမျက်နှာသုတ်ပုဝါအုပ်ထားတဲ့ လူတစ်ယောက်ကိုတွေ့ပါတယ်။မျက်နှာသုတ်
ပုဝါစောင်မှာ အပေါက် လေး ၂ ခုဖေါက်ထားပြီးမျက်လုံးလေး ၂လုံးမြင်ရပါတယ်။
အသံကတော့ အသက်နှစ်ဆယ်ကျော် မိန်ခလေးတစ်ယောက်အသံပါ။ သူကဦးနော
 ကိုမြင်ချင်လွန်းလို့ အိမ်ဖေါ်ကိုဖိတ်ခေါ်ရတဲ့ အကြောင်းမျက်ရည်တွေစီးကျပြီးတုန်
တုန်ရင်ရင်နဲ့ပြောပြပါတယ်။ အိမ်သားတွေကိုမေးကြည့်တော့ ဗိုက်ကြီးတစ်ခုလုံး
ဖေါင်းကားနေပြီလက်တွေခြေတွေလည်းလှုပ်မရ နဲ့ ရောဂါဝေဒနာ ကိုပြင်းထန်စွာ
ခံစားနေရကြောင်းပြောပြပါတယ်။ပုခုက္ကူဆေးရုံမှာ ကုပေမဲ့ရောဂါမသက်သာပဲသေ
ဖို့ ရက်ကိုပဲ ထိုင်စောင့်နေတာဖြစ်ပါတယ်။ သူတို့သမီးလေး ကိုဆက်ပြီး ဆေးကုပေးဖို့ကလည်းငွေကြေးမတတ်နိုင်တော့တဲ့အကြောင်းပြောပြပါတယ်။ ချက်
ချင်းပဲ ဦးနော ဟာရန်ကုန်ကို ခေါ်ပြီး သူအကုန်အကျခံကာဆေးကုပေးမဲ့အကြောင်း
လူနာရဲ့ ကုသိုလ်ကံအပေါ်မူတည်ပြီးပျောက်ချင်လည်းပျောက်သွားမှာ ဖြစ်ကြောင်း
ပြောပြတော့ သူ့ အိမ်က သဘောတူပါတယ်။ဦးနော ရဲ့ မေတ္တာစေတနာ ကို တစ်ရွာလုံးကလူတွေ သိတော့ ဘာမယုံရဲ စရာရှိပါမ လဲ ---

သူတပည့်တွေကို ချက်ချင်းရန်ကုန်ကို ကားတစ်စီးငှားပြီးခေါ်သွားဖို့ သူ့တပည်တွေနဲ့
စီစဉ်ကာ ရန်ကုန်က သူ့တိုက်တစ်တိုက်မှာနေဖို့ ထိုင်ဖို့စီစဉ်ပေးပါတယ်။ လူနာကို
အထူးကုသမားတော်ကြီးနဲ့ ပြတော့ ၅၀း၅၀ ပဲ လို့ပြောပါတယ်။တစ်လလောက်ကု
လာတဲ့အခါ သိပ်တိုးတက်မှုမရှိတဲ့အတွက် သူ့တပည့်တွေကတောင် ရွာ ကိုပြန်လွှတ်
ဖို့ တိုက်တွန်းကြပါတယ်။ဒါပေမဲ့ ဥိးနော ကခေါင်းမာမာနဲ့ ပဲ သမားတောင်္ကြီးနဲ့ ဆက်
ကုစေခဲ့ ပါတယ်။ တစ်ရက်သောနံနက်ခင်းမှာ လူနာကိုဆေးကုဖို့စီစဉ်ပေးတဲ့ သူ့တပည့်ဆီက နေဖုံးလာပါတယ်။ ”ခြေထောက်က စပြီးလှုပ်လာပြီ” လို့ သတင်းပို့
ပါတယ်။ ဦးနော ကဘယ်လောက်တောင်ဝမ်းသာသွားသလဲဆိုရင်ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ငယ်သငယ်ချင်း တိုင်းကို ဖုံးဆက်ပြီး ၀မ်းသာအားရနဲ့ အကြောင်းကြားခဲ့ပါတယ်။ ဆက်ပြီးကုသပေးလိုက်တာ ခလေးမလေးဟာရောဂါ
ကနေလုံးလုံးပျောက်သွားပြီး ယနေ့ တိုင်ရွာ မှာ မိဘတွေနဲ့အတူရှိနေပါတယ်။
ဦးနော ကတော့ ဒီကောင်မလေးရဲ့ ထူးခြားတဲ့ ကုသိုလ်ကံ ကြောင့် မိမိ ကိုဆုံရတာ
ဖြစ်ပြီး မိမိ စေတနာ သဒ္ဒါပေါက်ကာ ရောဂါလုံးဝပျောက်သည်အထိကုသပေး
နိုင်ခဲ့တာက်ု ပီတိ ဝေဖြာစွာနဲ့ ပြောပြပါတာဖြစ်ပါတယ်။

ဦးနော ရဲ့ တစ်ခုသောထူးခြားတဲ့ အကျင့်တစ်ခုကိုသူငယ်ချင်းတွေကပြောပြပါတယ်။
စောစောကတော့ အချင်းချင်းနောက်ပြောင်နေတယ်လို့ ထင်တယ်။ ဦးနော ဟာသူ
တပည့်တွေကို ခေါင်းညှပ်ပေးတယ်၊လက်သည်းလှီးဖြတ်ပေးတယ်၊ ယုတ် စွအဆုံး
ဝက်ခြံတောင်ညှစ်ပေးခဲ့ပါတယ် တဲ့--မောင်တိုင်ပင်လည်းနောက်နေ တယ်လို့ ထင်တာပေါ့--နောက်မှ ဦးနော က၀န်ထမ်းတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု wellness
 ကိုဂရုစိုက်ပေးတာဟာ သူ့ စားသုံးသူတွေကို ရောဂါ မကူးစက်နိုင်အောင်ကြိုတင်
ကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ပေးတာဖြစ်ကြောင်း ပြောပြပါတယ်။ ကိုကျော်ဝင်း
က ” အရင်တုံးက ဓနသိဒ္ဓိ building အောက်ထပ်မှာ ဆံပင်ညှပ်ဆို်င်လာဖွင့်ထားတာ
ရှိ တယ်၊ ကားရပ်ဖို့ ခက်လို့ လူသိပ်မလာလို့ ဆိုင်ပိတ်ရမလိုဖြစ်နေတယ်တဲ့-- ဦးနော သူတပည့်တွေကို အပေါ်ထပ်မှာ ဆံပင်ညှပ် ကိုယ်လက်  လန်းအောင်လုပ်
ပြီးတဲ့နောက်ပိုင်း မှာ အဲဒီဆိုင်မှာ လူကျ လာပြီးတော်တော်တောင် ထောသွားတယ်။ အောက်ကဆံပင်ညှပ်ဆိုင်က အပေါ်ထပ်က ညှပ်ပေး လိုက်တာကိုအထူးစပယ်ရှယ် ပြင်ပေးတယ်ဆိုပြီး ကြော်ငြာ လိုက်တော့ ဆံပင် လာပြင်တဲ့ သူ့တပည့်တွေနဲ့ တရုံးရုံး ဖြစ်ပြီးထော သွားတာ” လို့ အဖြစ်မှန်ကိုပြောပြပါတယ်။ တော်တော်လည်းအကျီစား
သန်ကြတယ်နော်--

နောက် ဦးနော ကမောင်တိုင်ပင် အကြံပြုတဲ့ အများ ပိုင်ကုမ္ဗဏီဖွဲ့ စည်းတည်ထောင်
ကိုသူစိတ်ဝင်စားကြောင်းပြောပါတယ်။ ဘာလုပ်ရမလဲဆိုတော့ valuation အရင် လုပ်ရမယ် လို့မောင်တိုင်ပင်ကပြောပါတယ်။ အဲဒီမှာ တစ်ငါးတစ်ငါး က valuation
လုပ်ဖို့ သူတာဝန်ယူပေးမယ်အကြောင်းပြောပါတယ်။သူကိုယ်တိုင်လည်း သူပိုင်တဲ့ ကုမ္ဗဏီ ကို valuation လုပ်နေတော့ အတွေ့ အကြုံတွေ၇ှိပြီးသားပါ။ အစကတော့ နောက်ပြောင်နေကြတယ်လို့ ထင်ပါတယ်။ အမှန်ကတော့ တကယ်လုပ်ပေးမှာ ပါ။ ကျော်မျိုးထွန်းကကော ဇော်ဝင်းဦး ကပါ အမျုားပိုင်ကုမ္ဗဏီဖွဲ့ စည်းတည်ထောင်ရေး
အတွက်သူတို့ကူညီမဲ့အကြောင်းပြောပါတယ်။  နောက်ဆုံးတော့ ဦးနော လည်းသူ
ငယ်ချင်းတွေ ၀ိုင်ဝန်းကူညီမယ်ဆိုတော့ သူကျေနပ်မိကြောင်းပြောပါတယ်။ မောင်မောင် နိုင်ကလည်း သူ့ သငယ်ချင်း ကို ဖြစ်လာနိုင်တဲ့  pros and cons တွေ
ကိုပြောပြပါတယ်။အားလုံးကတော့ ဦးနောရဲ့ စေတနာ မေတ္တာ ကိုသဘောပေါက်
ကြတော့ ကူညီချင်ကြပါတယ်။

ကျောက်ပတောင်းသားလေးကိုမျိုးလွင်အကြောင်လည်းအကျဉ်းချုပ်လေးပြောပြ
ချင်ပါတယ်။မိုးကုတ် နားမှာ တောင်တစ်တောင်ရှိပါတယ်။မှတ်ဥာဏ်မကောင်း
တော့ တောင်အမည်ကိုမေ့နေပြီ။ ကိုမျိုးလွင် ဖြည့်စွက်ပြောပြပါလိမ့်မယ်။အဲ
ဒီတောင် ကို ရှေးခေတ်က တရုတ်တွေရောက်ခဲ့ ပြီး တရုတ်စာနဲ့ ကမ္မည်းထိုး
ထားတာတစ်ခုရှိတယ်၊ ဆရာတော်ပြောပြတာကတော့ ရာသီဥတု ကြည်လင်တဲ့နေ့တွေကြရင် အဲဒီတောင်ကနေကြည့် ရင် တရုတ်ပြည်မှာ ရှိတဲ့
Great wall ကိုလှမ်းမြင်ရတယ်ဆိုတဲ့ အကြောင်း ထိုးထားတာဖြစ်ပါတယ်။အား
လုံးကတော့ကိုမျိုးလွင် ကို betting လုပ်ဖို့စိန်ခေါ်ကြပါတယ်။ ကိုမျိုးလွင်ကတော့
 determined ဖြစ်ပုံရပါတယ်။ သူရပ်တည်ချက် ကို လုံးဝမပြောင်းပါဘူး။ သူကတောင်ပြောပြသေးတယ်၊ အခု ဆိုရင် တိုးရစ်တွေကို မိုးကုတ်ဒေသ ကို
လာခွင့် ပြု လိုက်ပြီ ဖြစ်တယ်၊ အဲဒီတောင် ဟာ တိုးရစ်တွေ စိတ်အ၀င်စားဆုံး
တောင်တစ်ခုဖြစ်လာလိမ့်မယ် လို့  သူယုံကြည်ချက်ကိုပြောပြပါတယ်။အရင်
တစ်ခါလောင်းကြေးစားကြေး ကိစ္စတစ်ခု မှာ ကိုမျိုးလွင် ရှုံးသွား လို one table
 ကျွေး လိုက်ရတယ် လို့အများကတော့ပြောပါတယ်။ဒီကိစ္စ မှာ လောင်းကြေးတော့ မထပ်သေးပါဘူး။

သူတို့နဲ့တွေ့တော့ ကုန်ကြမ်းတွေကတော့ တိုတိုထွာထွာတွေရပါတယ်။ တစ်ချိန်ချိန် သတိရရင်ပြန်ရေးပါအုံးမယ်------------------


သမင်လည်ပြန်ကြည့် မိသော ဘ၀ပုံရိပ်များ



မောင်တိုင်ပင်ရန်ကုန်အိမ်ပြန်ရောက်တော့ ဒိုင်ယာရီဟောင်းတွေ၊ ကွန်ပျုတာပေါ်မှာသိမ်းထား တဲ့ information တွေကိုမွှေနှောက်မိတယ်။ အဲတာတွေပြန်ဖတ်မိရင်းမောင်တိုင်ပင်ရဲ့ အတိတ်ဘ၀ပုံရိပ်တွေကိုပြန်စဉ်းစားသ
တိရလာတာတွေလည်းရှိတယ်။မောင်တိုင်ပင်တို့အချိန် အလုပ် လုပ်စဉ်တုံးက ဒီကနေ့ လို့ပွင့်လင်းမြင်သာမှုမရှိပါဘူး၊ဒါ
ကလည်းခေတ်အခါနဲ့ဘေးပတ်ဝန်းကျင် ရဲ့အနေအထားတွေကြောင့် လည်းဖြစ်ပါတယ်။ မောင်တိုင်ပင်တစ်
ယောက်တည်းမဟုတ်ပါဘူး၊အရပ်သား senior official တိုင်းလိုလိုပါ။ အရပ်ဖက်ပြောင်းလာတဲ့ စစ်ဗိုလ်ကတော့ သူ တို့အစဉ်အလာအရ အစ်ကိုယ်ကြီး ညီလေးတွေဆိုတော့ တစ်သွေးတစ်သံတစ်မိန့်ဖြစ်တာမဆန်းလှပါ။

မောင်တိုင်ပင်အားလုံးကနေပင်စင်ယူပြီးတဲ့နောက်ပိုင်းအရေးအသားတွေဟာပွင့်လင်းလာတယ်၊
ဝန်ကြီးဌာနစီနီယာအဆင့်မှာတာဝန်ယူခဲ့ တဲ့ သူက ရေးရဲတယ်လို့ မိတ်ဆွေတွေကဝေဖန်ကြ
ပါတယ်။လူကြီးတစ်ယောက်ကဆို ညီမကိုသွားပြောပာတယ်--ဦးမျိုးဦးကကျနော်ကိုတစ်ခါတစ်ခါနှက်တယ်လို့ပြောတယ် တဲ့--မောင်တိုင်ပင် ပုဂ္ဂိုလ်ရေးဘယ်တော့မှ မရေးပါဘူး၊လူတကာအောကြောလန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်ကလွဲရင်ပေါ့။အလုပ်နဲ့ပတ်သက်လို့အချိုးမပြေတာတွေကိုထောက်ပြတာပါ--ပင်စင်စားရောဂါလည်းမဟုတ်ပါဘူး--master ဘွဲ့လည်းရတယ်--English လည်းအရေးအဖတ်အပြောအကုန်ရတယ်--နိုင်ငံတကာဗဟုသုတအတွေ့အကြုံအများကြီးရှိတယ်--အတုံးကြီးမဟုတ်ဘူး--ကိုယ့်ဖါသာရောင့်ရဲတင်းတိမ်နိုင်လို့ အလုပ်မလုပ်တာပါ--ဒေါ်လာ ၂၀၀၀ ကျော်လောက်ပေးပြီး ကမ်းလှမ်းတဲ့အလုပ်တောင်ငြင်းခဲ့ပါတယ်--အလုပ်မရှိလို့--ပင်စင်စားရောဂါဖြစ်နေလို့ ဒီကနေ့ ဒီလိုရေးနေတာမဟုတ်ပါ--ဒီနေ့တောင်ဘောစ်နဲ့ တယ်လီဖုန်းမှာ ၁နာရီခွဲကျော်စကားပြောခဲ့တော့ အချိုးမပြေတာတွေ sector တိုင်းလိုလိုရှိနေတာကိုသိခဲ့ရပါတယ်--ဘာတွေအချိုးမပြေတာလဲဆိုတော့ စနစ်ကိုမပြင်ရဲတာ--မပြင်ချင်တာ--mind set မပြောင်းတာတွေပေါ့။ဒါကြောင့်မောင်တိုင်ပင်ရေးနေရတာပါ--မောင်တိုင်ပင်ရေးတာဒါလောက်လဲမဟုတ်သေးဘူးလို့ထင်ပါတယ်။ အခုအချိန်ဟာအရာရာကိုစနစ်သစ်
နဲ့ပြောင်းလဲအစားထိုးနေချိန် လည်းဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ဘ၀မှာ အဆိုးအကောင်းအကျိုး
အကြောင်းတွေကို မချွင်းမချန်ဖေါက်သည်ချရမဲ့အချိန်လို့ဆိုရင်လည်းမမှားပါဘူး။အသက်အရွယ်
ကစကားပြောလာတော့ပြောသင့်ပြောထိုက်တာတွေပြောရမဲ့အချိန်ရောက်နေပြီလေ။ နောက်ပြီး
မောင်တိုင်ပင်ဟာပြည်သူကြားမှာကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းမဟုတ်ဘူး၊အေးအေး
ဆေးဆေးနေချင်ပြီးထင်ပေါ်ကျော်ကြားမှုနောက်ကိုလိုက်နေတဲ့သူလည်းမဟုတ်ဘူး၊ တကယ်တော့မောင်တိုင်ပင်ပွင့်ပွင့်လင်းလင်းရေးခဲ့တာဟာမောင်တိုင်ပင်ရဲ့အမြင်တစ်ခုတည်းမ
ဟုတ်ပဲလုပ်ဖော်ကိုင်ဖက်တွေခံစားနေရတာတွေ--တူညီသောအမြင်ရှိနေကြတဲ့သူတွေ-ပြည်သူတွေ-ရဲ့ခံစားနေရတာတွေ ကို နားလည်ပြီး သူတို့ ကိုယ်စား ကြိုးစား ရေးခဲ့ ရတာပါ။သူတို့ကတော့မရေးတတ်တာ
လဲပါမယ်၊မရေးရဲတာလဲပါချင်ပါနိုင်ပါတယ်။အာရကေကိစ္စတွေ၊မိုယ်းကျရွှေကိုယ်တွေအရပ်ဖက်
ပြောင်းလာ ကြတဲ့အခါဘယ်ခုံစားပွဲကတော့ဘယ်လိုရပြီးဘယ်လိုနေပေါက်စားပေါက်ချောင်
တာတွေကိုအဓိကထားကာပိုင်ရင်ပိုင်သလို--ကတော်တွေကိုမိန်းမတွေကတဆင့်ကပ်ရပ်ပြီးနေ
ရာယူတာတွေကိုမြင်နေကြားနေရတော့လဲမိမိအတွေ့အကြုံတွေကို မျှဝေမိတာလဲပါ
တာပေါ့လေ-- အမယ်လေး--ဒီခေတ်မှာတောင်အဲဒီလိုအစားချောင်တဲ့နေရာကိုမှန်းပြီးလာတဲ့
မိုယ်းကျရွှေကိုယ်တွေကိုကိုယ်တိုင်တွေ့ခဲ့တယ်ဗျ-- မယုံမရှိနဲ့ကိုယ်တွေ့-- အစ်ကို ကြီးညီလေးပုံစံတော့မဟုတ်တော့ဘူးတစ်ရပ်တည်းသားဘယ်သူသားပါဆိုပြီးဆွေမျိုးစပ်ရောက်လာတာ-- လူကြီး ကအရပ်သားကိုး--

မောင်တိုင်ပင်အနေနဲ့ အဲဒီအချိန်ကရာထူးမတက်နိုင်တော့တဲ့အငယ်အရာထမ်းတွေရဲ့ရင်ဖွင့်
သံတွေလည်းကြားရတော့ကိုယ်ချင်းစာမိပါတယ်။အခုတော့အသီးသီးကိုယ်စီလူမှန်နေရာ
မှန်တွေတော့ရောက်နေပါပြီ--ကိုယ်အငယ်တန်းဘ၀ ဆိုရှယ်လစ်ခေတ်တုံးကဒီလောက်လဲပြိုင်
ဆိုင်မှုတွေမရှိခဲ့ဘူးကိုး၊ BSc Engg ဆရာအချို့လည်းအထက်လူကြီးမိုးကျရွှေကိုယ်တွေနဲ့အဆင်
မပြေတော့အလုပ်ကထွက်ကြတယ်။ကိုယ်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူတွေပေါ့။အးအေးနေချင်တဲ့
သူတွေကတော့ကျန်ခဲ့တာပဲ။ဒါပေမဲ့သူတို့ရင်တွေထဲမှာတော့မကျေနပ်ချက်အပြည့်နဲ့ပါ။လုပ်သက်နည်းနည်းငယ်တဲ့ကိုစိုးဝင်းတို့ကိုလှထွေးတို့၊ကိုဝင်းမြတ်တို့၊ကိုအောင်ကျော်မင်း၊ကိုအောင်သန်းတို့လိုလူငယ်တွေကလဲယုံကြည်မှုအပြည့်ရှိတာမို့အလုပ်ကနေထွက်ပြီးထုံးစံအ
တိုင်းစင်ကာပူကိုသွား ကြတယ်။ အခုတော့ယူအက်စ်တို့ သြစီ တို့ရောက်နေကြပြီ။

မောင်တိုင်ပင်အလုပ်ဝင်ပြီးစ လအနည်းငယ်လောက်ကြာတော့မောင်တိုင်ပင်ရဲ့အကြီး
ဆုံးသောဘောစ်ကိုအဲဒီတုံးက၀န်ကြီးကခင်ဗျားသွားတော့ဆိုပြီးပင်စင်ပေးခဲ့တာ၊အဲဒီတုံးကနားမလယ်ဘူး၊ဒါလောက်တော်တဲ့ဘောစ်ကိုဘာကြောင့်များကြက်ကလေး
ငှက်ကလေးလိုဖယ်ရှားပစ်လိုက်တာလဲဆိုတာဘယ်လိုပြောရမှန်းကိုမသိတော့ဘူး။
နောက်ဆုံးတော့အဲဒီလူကြီးလဲပလ္လင်ပေါ်ကခွေးကျကျပြီး အရူးလို့သမုတ်ခံလိုက်ရရော။ မောင်တိုင်ပင် ဘောစ်ကတော့ FAO မှာ ချက်ချင်းအလုပ်လုပ်ဖို့ အခေါ်ခံရပြီး အာရှဒေသတိုင်းပြည်တိုင်းလိုလိုသူကျွမ်းကျင်တဲ့နယ်ပယ်မှာနံမည်အရမ်းကြီးခဲ့ပါတယ်--မောင်တိုင်ပင်တို့တောင်နို်င်ငံခြားရောက်ရင်သူတပည့်တစ်နှစ်လောက်ဖြစ်ခဲ့ဘူးတာနဲ့အထင်ကြီးခံ
သေးတယ်။

မိုယ်းကျရွှေကိုယ်တွေအရပ်ဖက်ဝင်လာတော့လုပ်ဖေါ်ကိုင်ဖက်အင်ဂျင်နီယာတွေတသုတ်ပြီးတ
သုတ်ဌာနကနေ လစ်ကြတဲ့ အချိန်မှာ မောင်တိုင်ပင်ကကောဘာလုပ်နေတာလဲလို့မေး
စရာရှိပါတယ်။မောင်တိုင်ပင်ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်လှန်မကြည့်ချင်တော့ပေမဲ့အ
ခုချိန်မှာတော့ပြောပြရတော့မယ်။မောင်တိုင်ပင်ဟာသူများလုပ်ဖေါ်ကိုင်ဖက်တွေထက်
ထူးကဲစွာဘီးလတ်ကိုပညာတော်သင်သွားခွင့်ရခဲ့တယ်။အဖါးကောင်းလို့လည်းမဟုတ်ရပါဘူး၊အကပ်အရပ်လည်းယခုခေတ်လိုမရှိပါဘူး၊စားမေးပွဲ ၂ ခုဖြေရတယ်။ လုပ်ငန်းနဲ့ဆိုင်တာ
ရယ်အင်္ဂလိပ်စာရယ်ပါ။အဲဒီအချိန်တုံးကမြန်မာအစိုးရနဲ့ ဗြိတိသျှနဲ့အဆင်ပြေနေတော့
“အိုင်အက်ဖ်အယ်လ် “မှာအင်္ဂလိပ်စာပါမောက္ခရှိတယ်။အခုခေတ်အတိုင်းပါပဲ။ “အိုင်အီးအယ်လ်တီအက်စ်“ဖြေရတယ်။ “ဘင်“ က၆.၅ ရတယ်။အဲတော့အောင်ပြီပေါ့။မောင်တိုင်ပင်က မန္တလေး စိန်ပီတာကျောင်းထွက်လေ၊အင်္ဂလိပ်စာကိုဝါသနာပါတော့ဖတ်တယ်။လေ့ကျင့်တယ်ဒါတောင်ဘီးလတ်ရောက်တော့ဆရာပြောတာဆိုတာနားမလည်လို့ဒုက္ခ
ရောက်သေးတယ်။ ပါစင်နယ်လ်ကျူတာကိုတွေ့တော့ အကျိုးအကြောင်းပြောတဲ့အခါ သူက ရီပြီး မင်းတီဗွီမကြည့်ဘူးနဲ့တူတယ်လို့ပြောတယ်။တီဗွီကို အချိန်သတ်မှတ်ပြီး ကြည့်ပါလို့ပြောတော့မှ ၃ လလောက်လည်းနေရော အင်္ဂလိပ်တစ်ယောက်စကားပြောလိုက်ရင်သူဘယ်အပိုင်းကလဲဆို
တာအထိကိုယ်ကပြောနိုင်တယ်။စကားကိုနားထောင်နားလယ်ခြင်း( listening) ဟာတော်တော်အရေးကြီးပါတယ်။ ”ကွင်းစ်အင်္ဂလိပ်ရှ် ”လိုပြောရင်ချက်ချင်းဘာပြောတယ်ဆို
တာနားလည်ပေမဲ့ သာမန်လူတန်းစားအင်္ဂလိပ်ကပြောရင်နားကိုမလယ်တာ။ အဲဒီအချိန် တုံးက“အိစ်အင်ဒါ“ ဆိုတာ တီဗွီမှာ ပြနေတယ်လန်ဒန်အရှေပိုင်းမှာနေတဲ့“ကော့ကနီ“တွေရဲ့စ
ကားပြောသံကို နားယဉ်အောင်အဲဒီမှာလုပ်ခဲ့ရပြီးသူငယ်ချင်းအချင်းချင်းစကားပြောတဲ့အခါ
”ကော့ကနီ”လေသံတုတုပြောကြတာကိုမှတ်မိနေသေးတယ်။ကဲ ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ---

ဘီးလတ်ကပြန်ရောက်တော့ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန ဒါရိုက်တာရာထူးမှာ
ချက်ချင်းတာဝန်ပေးခံရတယ်၊အဲဒီအချိန်ကလူကြီးရဲ့ pet project ပါ၊ မောင်တိုင်ပင်ကို လည်းအဲ ဒီအချိန်ကလူကြီးကတော်တော်အားကိုးတယ်။အဲဒါ ၈၆ခုနှစ်မှာပါ။ သုတေသနလည်း
ဝါသနာပါတော့တော်တော်လေးလုပ်နိုင်ကိုင်နိုင်ခဲ့ပါတယ်။ မောင်တိုင်ပင် လက်ရာတွေ ကိုအခုထိရိတ်သိမ်းချိန်လွန်နည်းပညာပိုင်းမှာသုံးနေဆဲပါ၊ လက်ကမ်းစာစောင်တွေ၊နည်းပညာစာတမ်းတွေ၊သုတေသနစာတမ်းတွေအများကြီးလုပ်နိုင်ခဲ့ပါတယ်။ ၈၈ အရေးအခင်းမှာကုန်သွယ်ရေးရုံးဖျက်ဆီးခံရပြီးနောက်ပိုင်းစစ်တပ်ကအာဏာသိမ်းတော့ အရင်အကြီးအကဲ ကမောင်တိုင်ပင် ကိုမရမက ဆက်သွယ်ပြီးသူဆီချက်ချင်းလာဖို့ခေါ်တယ်၊မောင်တိုင်ပင်လည်းဖြစ်တဲ့နည်းနဲ့ သူရုံးခန်း ဆီကိုချီတက်ခဲ့ ရတယ်။ဘာကားမှ မရှိဘူး၊ မြို့ကြီးတစ်ခုလုံး ကျီးလန့်စာစာ ဖြစ်နေချိန်ပေါ့--သူရုံးခန်း ရောက်တော့ ဘီရို ၂ လုံးလောက်ရှိတဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာစာအုပ်တွေစာတမ်းတွေ မင်း ဌာန ကစာကြည့် တိုက် ကိုအကုန်ယူသွားတော့ လို့ဆိုတော့ မောင်တိုင်ပင်မှာ ရုံးပြန်ပြီး ဂုံနီ အိတ်အလွတ် တွေယူပြန်လာရတယ်။ ၁၀ အိတ်လောက်ရှိမယ်။မောင်တိုင်ပင်နဲ့ ဌာန ကတပည့်တစ်ယောက်ကိုကူဖို့ခေါ်ရတယ်။သူနဲ့အတူ ဂုံနီအိတ်တွေ ကိုအောက်ချ ဆိုက်ကားငှားရတယ်။ စစ်တပ်အာဏာသိမ်းပြီးကာစ ဆိုတော့ နည်းနည်း လူတွေသူတွေတစ်စတစ် ထွက်လာကြပြီ။ ဆိုက်ကား ၃ စီးနဲ့တူတယ်၊ရှေ့နောက် စီတန်းပြီး ပန်းဆိုးတန်းက ကုန်သွယ်လယ်ယာ ရုံးချုပ် ကို နင်းခိုင်းရတယ်။ လမ်းမှာ လူတွေကတော့ ၀ိုင်းကြည့်နေကြတာပေါ့--

၈၈အရေးအခင်းတုံးကလှည်းကူးရိတ်သိမ်းချိန်လွန်နည်းပညာဌာနထဲမှာဝန်ထမ်းအိမ်
ယာတွေရှိနေတဲ့အပြင်လှည်းကူးကျွန်ကလေးကျေးရွာက ရွာခံတွေလည်းကောင်းတော့
အဖျက်မခံရဘူး၊ ၈၉ နောက်ပိုင်းမှာတော့အများသိတဲ့အတိုင်းဝန်ထမ်းတွေကိုအမျိုးမျိုးဖိနှိပ်တော့
(၃၃ ချက်ဖြည့်ရတာမျိုး)ထွက်ကုန်ကြတယ်။ ရှစ်လေးလုံးတုံးကပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြတဲ့
ဝန်ထမ်းတွေအလုပ်ထုတ်ခံခဲ့ရတယ်။ အရပ်သားဝန်ထမ်းတွေကို မယုံကြည်တော့တာကြောင့် အလုပ်ထွက်ချင်ထွက်နိုင်တယ်ဆိုတာမျိုးလည်းကြားရတယ်။အဲဒီအချိန်မှာဗိုလ်ချုပ်အောင်ဆန်း
ကိုအပုတ်ချတဲ့ Official ရုံးစာတောင်ထွက်လာလို့ဖတ်လိုက်ရတယ်--သတ္တိရှိပြီး ကိုယ်ကိုကိုယ်ယုံကြည်ချက်ရှိသူတွေထွက်စာတင်တာထွက်ခွင့်ရခဲ့တယ်။ အဲဒီတောအတွင်းမှာမောင်တိုင်ပင်ဟာတွေဝေနေခဲ့တယ်။သတ္တိမကောင်းတာလည်းပါတာပေါ့။
တကယ်တော့ ငါမသွားသင့်ဘူး၊နိုင်ငံခြားမှာပညာတော်သင်သွားထားတယ်၊ရာထူးလေးက
လည်းတော်တော်တန်တန်လေးရထားတယ်၊ကိုယ်ကိုကိုယ်ဘာကောင်လိုလိုအထင်ကြီးနေမိ
တယ်။အလုပ်အကျွေးပြုသင့်သေးတယ်၊ဘာညာတွေးမိတာပေါ့ကိုယ်ပဲလုပ်နိုင်ခဲ့တယ်လို့အထင်
ရောက်ခဲ့တာပေါ့ ။

တစ်ခါ အက်ဖ်အေအို တို့ဘာတို့မှာမောင်တိုင်ပင်ဘွဲ့ရထားတဲ့ ပညာရပ် ဆိုင်ရာ professional
အလုပ်ခေါ်တာတွေပလူပျံနေတဲ့အပြင် ”ယူအင်န်ဗေါ်လံတီယာ” တွေလည်းခေါ်နေတဲ့အချိန်ဖြစ်
တယ်။ ဒါအပြင်သက်ဆိုင်ရာလူကြီးအသစ်ရောက်လာပြီးဝန်ထမ်း တွေနဲ့တွေ့တဲ့ ပွဲမှာ ”ခင်ဗျားတို့အလုပ်ကနေထွက်ချင်ရင်ထွက်ပါ၊ထွက်ခွင့်ပေးမယ်” လို့ပြောခဲ့တယ်။ ဒါကိုယုံခဲ့မိ
တယ်။ နောက်မှ တခြားဌာနက အရပ်သားဦးဆောင်ညွှန်ကြားရေးမှုး ကပြောပြမှ အော်--ဒါဟာ ” ဆပ်ခ်ျဖိုင်းယား” လုပ်လိုက်တာပါလားလို့ စစ်တပ်ရဲ့လှည်စားမှုဆိုတာနောက်မှသိလာရတယ်။မောင်တိုင်ပင်ကတော့အဲဒီလူကြီးပြောစကားကိုယုံခဲ့တယ်။ အင်မတန်ကောက်ကျစ်စဉ်းလဲခဲ့ကြ
တယ်--အလုပ်ကထွက်စာတင်ပြီးအလုပ်ကနေခွင့်ရက်ရှည်ယူပစ်လိုက်တယ်။ အဲဒီမှာဝန်ကြီး
ဌာနအထက်အဆင့်မှာတော်တော်ကိုဂယက်ရိုက်ခဲ့ပါတယ်။မောင်တိုင်ပင်ကိုချစ်တဲ့ဝန်ထမ်း
တစ်ယောက်ကကော်ပီကူးပေးလို့ မောင်တိုင်ပင် ကေစ် ကိုဆွေးနွေးတဲ့ ဖိုင်အမှုတွဲ ကော်ပီတောင်နောက်ပိုင်းမှာမောင်တိုင်ပင်ရခဲ့ပါတယ်။ ၉၂ခုကုန်လောက်မှာဖြစ်ခဲ့တာပါ။မောင်တိုင်ပင်ရုံးပြန်မတက်ရင် ရဲမှာအမှုဖွင့်မယ်ဆိုပြီးချိန်းခြောက် ခံရလို့ သတ္တိမရှိစွာနဲ့ပဲ မာန်ချပြီးရုံးပြန်တက်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့မြန်မာပြည်အရပ်ရပ်မှာယိုယွင်းပျက်
စီးနေချိန်ပါ၊အရပ်ဖက်နဲ့စစ်ဖက်ကလည်းမျက်နှာချင်းသာဆိုင်နေရပေမဲ့ရင်တွေမှာ
အကြိတ်အခဲတွေနဲ့ပါစစ်ဖက်ကလည်းအရပ်ဖက်ကိုလုံးဝအယုံအကြည်မရှိတော့ပဲ အမ်ဒီ၊ ဂျီအမ် အဆင့်လောက်မှာ စစ်ဖက်ကလူတွေရောက်ခဲ့ပြီး သူတို့ယုံကြည်တဲ့အရပ်ဖက်က
သူတွေလုပ်ငန်းမှာအတော်နားလည်တဲ့သူတွေလောက်အနည်းအကျဉ်းပဲအကြီးတန်း
ရာထူးတွေမှာနေမြဲဖြစ်ခဲ့ပါတယ်။ပရောဖက်ရှင်လုပ်ငန်းစစ်စစ်ဖြစ်တဲ့မောင်တိုင်ပင်ဌာန
မှာလည်း စစ်ဗိုလ်တစ်ယောက်ရောက်လာပါတယ်။ကံကောင်းတာ တစ်ခုကသူဟာမောင်တိုင်ပင်
အလုပ်မှာဘာမှဝင်မစွက်ပဲမောင်တိုင်ပင်ကိုနေမြဲအတိုင်းလုပ်နိုင်အောင်--သူနေထိုင်ပါတယ်။ လူကြီးလာစစ်တော့သူမကြိုက်တာတွေတွေ့တဲ့အခါ မောင်တိုင်ပင်ကိုမဆူပဲသူပဲဖိဆူပါတယ်။သူလည်းတော်တော်စိတ်ပျက်ခဲ့တယ်။ခေါင်းကဆံပင်နည်းနည်းလေးရှည်တာကအစဆူတယ်။တကယ်လို့သာသူဟာမောက်မာတဲ့သူဆိုးတဲ့သူဖြစ်ခဲ့ရင်မောင်တိုင်ပင်အနေနဲ့အလုပ်ကနေအမြန်ဆုံးထွက်ဖြစ်မှာပါပဲ။ အဲဒီလူကြီးရဲ့လူယုံစစ်ဗိုလ်(နောက်ပိုင်းထောင်ကျသွားပြီးအခုတော့
လွတ်လာပါပြီ၊ သူကမွတ်စ်-- အခုခေတ်ဆိုဘယ်လွယ်မလဲ၊ရုံးမှာညနေဆိုရင်မွတ်စ်တွေ
တရုံးရုံး)၊ အောက်မှာရွှေ့ပြောင်းလုပ်ရတဲ့အင်ဂျင်နီယာတစ်ယောက်ကိုလည်းအလုပ်ကနေ
ထွက်ပြေးခိုင်းခဲ့တယ်။လူတော်တစ်ယောက်ပေမဲ့ သူဘ၀ ကဆက်နေရင်သွားတော့မယ်။သူနဲ့အတူတွဲ လုပ်နေတဲ့ လူကြီး လူတွေကမဟုတ်တာကအကုန်လုပ်နေတာလေ၊ မောင်တိုင်ပင် ကောသူကော အလုပ်မှ principle နဲ့နေတာ--မောင်တိုင်ပင်အသာလေးကြည့်နေလိုက်တယ်၊ နောက်တော့ သူတို့တတွေ ကျဆုံးခန်းတွေမြင်ရတော့ သံဝေဂ ရခဲ့တယ်။ မောင်တိုင်ပင်နဲ့
မတွေ့ရတော့ထွက်မပြေးပဲဆက်အတူတွဲလုပ်ခဲ့တဲ့ဝန်ထမ်းဆိုကြံရာပါဆိုပြီးအလုပ်ကနေထုတ်
ပစ်ခံရလိုက်တယ်၊ထောင်မကျတာတော်သေးတယ်။--မောင်တိုင်ပင်ကကြာသပတေးသား စိတ်ကြီးတယ်၊ကိုယ့်ကိုလုပ်ထားတဲ့သူကိုဘယ်တော့မှ မမေ့ဘူး၊သူတို့အလုပ်ကနေ
ထွက်ပြေးခိုင်း လို်က်တဲ့ မောင်တိုင်ပင်တပည့်ကိုအခွင့်အရေးတစ်ခုပေါ်လာတော့သူကိုနိုင်ငံခြား
ကုမ္ဗဏီတစ်ခုမှာဆွဲသွင်းပေးလိုက်တယ်၊အခုထိအဲဒီ နိုင်ငံခြားကုမ္ဗဏီတစ်ခုမှာ ပုံ မှန်လေးပဲ၊
ဘ၀အာမခံချက်ရသွားတာပေါ့။ဆက်သာနေရင်အလုပ်ထုတ်ခံရမယ်၊ထောင်ကျချင်ရင် ကျမယ်။ ဒီလူတွေဟာ တော်တော်ကိုစည်းလွတ်ဝါးလွတ်လုပ်ခဲ့တာပါ။ အဲလိုဗိုလ်ချုပ်တွေကိုအခုအချိန် on line ပေါ်မှာနင်ပဲငဆပြောဆိုဆဲနေတာဟာပြည်သူတွေမလွန်ဘူး၊ တကယ်ကိုနိုင်ငံပိုင်
ပစ္စည်းတွေကို စည်းလွတ်ဝါးလွတ်လုပ်ချင်သလိုလုပ်ခဲ့ကြတာပါ။

၉၀ခုနှစ်မှာမောင်တိုင်ပင်ယောက္ခမထိုင်းလေကြောင်းနဲ့ အင်္ဂလန်ကသူတို့သားဆီကအ
ပြန်လေယဉ်ပြန်ပေးဆွဲခံရပါတယ်။ ဇနီးဖြစ်သူဟာအင်မတန်မှကိုထိပ်လန့်တုန်လှုပ်သွားပြီး မိဖများပြန်ရောက်လာသည့်တိုင်ခေါင်းထဲသွေးရောက်ပြီးဦးနှောက်အရည်အိတ်ထဲ
မှာသွေးကြောပေါက်ခဲ့ပါတယ်။သူ့မှာ SAH ရှိနေပါတယ်၊မွေးရာပါ သွေးကြောများပါးပြီးဖေါင်းနေ
တဲ့ရောဂါပါ၊ဆေးရုံတစ်လလောက် တက်ခဲ့ရပြီး ပြန်ကောင်းလာပါတယ်။ဒုတိယအကြိမ်ဖြစ်ရင်
မလွယ်ဘူးဆိုတာသိပေမဲ့ မိသားစုထဲမှာသိုးမဲဖြစ်နေတဲ့ဇနီးဟာမိသားစုနဲ့ပြသာနာမဖြစ်အောင်
ထိန်းထိန်းသိမ်းသိမ်းနေခဲ့ပါတယ်။မောင်တိုင်ပင် အလုပ်ထွက်စာတင်တာကိုလက်မခံတော့
ဇနီးသည်တော်တော်စိတ်ဆင်းရဲခဲ့ပါတယ်။ဇနီးရဲ့ဦးလေးကစစ်အစိုးရထဲမှာ အရပ်သား ၀န်ကြီး တစ်ပါးပါ၊သူကတဆင့် မောင်တိုင်ပင်အကြီးအကဲကိုပြောခိုင်းတော့ မောင်တိုင်ပင် ဘ၀ မှာ ဓါတ်ရှင်လူကြမ်းကြီးတွေလို့သတ်မှတ်ထားတဲ့လူတွေကဘာပြောသလဲဆိုရင် “ ဒီကောင် လူကြီးတွေကိုကပ်ရပ်ပြီး သူအလုပ်ကနေထွက်ရဖို့ပြောခိုင်းနေတယ်၊ ”ဘာညာဆိုပြီးပြောတယ်၊ဘာကြောင်ထွက်ချင်တာလဲအကြောင်းရင်းမှန်ကိုမသိဘူး၊ ဇနီးဆုံးသွားပြီနောက် မှ ၀မ်းနည်း
ပါတယ် ဘာညာလာပြောပေမဲ့ မောင်တိုင်ပင် ရင်ထဲမှာ တောရွေှ့ဥဒေါင်းပြောသလိုဆူး
တစ်ချောင်းကပေါက်နေပါပြီ။ ဇနီး ကသူ့ရောဂါကိုနိုင်ငံခြားမှာကုချင်တယ်၊ဦးနှောက်ကိုခွဲ
ရမှာကိုး။အဲဒီအချိန်ကဘန်ကောက်တို့ စင်ကာပူတို့မှာ ဆေးသွားကုတာမျိုးခေတ်မစားသေးသ
လို သူတို့ လိုလူကြီးမ ဟုတ်ရင် ဘုတ်တင်ရတာနဲ့ ဘာနဲ့ တော်တော် ခက်ပါတယ်။အဲတော့ ၂ပါတ်တစ်ကြိမ်ဒေါ်မိမိချိုဆီမှာ မှန်မှန်ပြရတယ်။ဒါနဲ့သူမရဲ့ ဦးလေးတစ်ယောက် ဆုံးသွားရှာပြီဖြစ်တဲ့ဒေါက်တာဖေညွန့် ကသူကိုကနေဒါမှာလာနေဖို့မူကြိုခလေးတွေ
ကိုထိန်းတဲ့အလုပ်လုပ်ဖို့အလုပ်ခေါ်စာနဲ့ခေါ်ပါတယ်။သူတစ်ယောက်တည်းသွားမယ်ပေါ့လေ--အဲဒီကိစ္စကိုစီစဉ်နေတုံးမှာပဲ ဇနီး ဒုတိယအကြိမ် ဦးနှောက်သွေးကြောပေါက်ပြီးရုတ်တရက်
ဆုံးပါးသွားခဲ့ပါတယ်။မောင်တိုင်ပင်တော်တော်စိတ်ဓါတ်ကျပြီးအလုပ်လည်းသွားချင်မှသွားတယ်၊အချိန်ရှိသရွေ့ ဗြိတိသျှကောင်စီစာကြည့်တိုက်၊အမေရိကန်ပြန်ကြားရေးစာကြည့်
တိုက်တွေမှာပဲအလုပ်အချိန်ကိုဖြုန်းခဲ့ပါတယ်။အဲဒီအချိန်က အဲဒီစာကြည့်တိုက်တွေသွားရင် စစ်ထောက်လှမ်းရေးကစောင့်ကြည့်နေတာ၊ မောင်တိုင်ပင်ကတော့ ဘာမှာ ဂရုမစိုက်နိုင်တော့
ဘူး၊အဲဒီအချိန်က မောင်တိုင်ပင်မှာလွှဲရတဲ့လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ရှိခဲ့တော့အဲဒီလို
စိတ်လေနေဖို့အချိန်ကောင်းကောင်းရခဲ့ပါတယ်၊မောင်တိုင်ပင်စိတ်လေနေတာစာဖတ်တဲ့ဘက်
မှာရောက်သွားတာတော်သေးတာပေါ့။တခြားဖက်များရောက်သွားရင်တွေးရဲစရာမရှိတော့ဘူး။ဇနီးဆုံးတော့သမီး က ၁၇နှစ်ပဲရှိသေးတယ်။ယောက္ခမအိမ်မှာပဲဆက်နေခဲ့တယ်။အိုးခွဲတော့စားတာပေါ့။၂နှစ်လောက်စိတ်လေခဲ့ပြီးအနယ်ထိုင်လာတော့ဆရာရင်းတစ်ယောက်က အမ်ဒီဖြစ်လာတယ်၊သူကသူလုပ်ခဲ့တဲ့ဌာနမှာ လာလုပ်ဖို့ခေါ်တယ်။ အင်ဂျင်နီယာတစ်ယောက် ဟာ မန်နေဂျာအလုပ် ကိုလုပ်တာကုန်သွယ်လယ်ယာသမိုင်းမှာ မောင်တိုင်ပင်တစ်ယောက်
ပဲရှိမယ်ထင်တယ်။ဒီလိုလုပ်ခဲ့တဲ့အစဉ်အလာလည်းမရှိတော့ရုံးကလူတော်တော်များများက
အံ့တွေသြ ကုန်ကြတယ်။ဆရာကမောင်တိုင်ပင်ကိုယုံယုံကြည်ကြည်ခိုင်းတာ ပါ၊ဲတာဝန်ပေးတာပါ။ မောင်တိုင်ပင် ကအဲဒီအချိန်မှာ ယုံကြည်ချက်အပြည့်ရရှိနေပြီ၊ဘယ်လိုစိတ်ကို ကီ သွင်းသလဲဆိုရင် စစ်ဗိုလ်တစ်ယောက်တောင်သူမကျွမ်းကျင်တဲ့အလုပ်မှာ လုပ် နိုင်သေးရင် ငါလိုပညာရှင်တစ်ယောက်က ဘာလို့မလုပ်နိုင်ရမှာ လဲ ဆိုတဲ့ ကီ ကိုအမြဲသွင်း
ပါတယ်။ တော်တဲ့စစ်ဗိုလ်တွေကတော့ လုပ်ငန်းမှာအဆင်ပြေပြေလုပ်နိုင်တာကိုတွေ့သလို ညံ့တဲ့ စစ်ဗိုလ်တွေကတော့ အစပထမပိုင်းမှာ ဟောက်စားလုပ်ကြည့်သေးတယ်၊သို့သော် သူကတစ်ယောက်တည်း သူ့ကိုအောက်က ပညာဝိုင်းပြတာခံရတော့ ကွဲတာပဲ။တချို့ လည်းထောင်တန်းတွေဘာတွေကျကုန်တယ်။ ကုန်သွယ်လယ်ယာ ဆိုတာ management က ၂၀% လောက် ကျန်တာ ၈၀% technology ပါ။ technology မကျွမ်းရင် management က အလိုလို ညံ့သွားရော။အဲဒီအချိန်မှာ မောင်တိုင်ပင်ကိုဆော်ခဲ့တဲ့ လူကြီး ကမရှိတော့ဘူး၊ အာဏာလုတဲ့ပွဲမှာ ဂိန်သွားရော။ နောက်ပိုင်းမှာ မောင်တိုင်ပင်တို့ ကံအကျိုးစပ်လိုက်ပုံများ
ကတော့အဲဒီပုဂ္ဂိုလ် ရဲ့ မြေး က စင်ကာပူ မောင်တိုင်ပင်ရဲ့သမီး အိမ်မှာ အခန်းလာငှားနေသေး
တယ်။အခုခေတ်ထိအောင် မောင်တိုင်ပင် ဘ၀ဇတ်လမ်းမှာကြုံခဲ့ ရတဲ့ ဓါတ်ရှင်လူကြမ်း တွေဟာ (အဲဒီထဲကတစ်ယောက်ဆိုရင် အခုထိပြည်သူများကအော်ကျောလန်သူပါ) မောင်တိုင်ပင်နဲ့ တစ်နည်းမဟုတ် တစ်နည်း နောက်ပိုင်းတွေမှာလာ လာဆက်စပ်နေတာတွေ့တော့ ဘ၀အကျိုးပေးကိုတော်တော် အံ့သြမိတယ်--ထင်ချင်ထင်ကြမယ်၊ဒီကောင်တော်တော်
အညှိုးကြီးပါလား လို့-- မဟုတ်ပါဘူး၊သူတို့တတွေရဲ့ ကျဆုံးခန်းတွေဟာမောင်တိုင်ပင်
ပယောဂတစ်ခုမှ မပါ ပါဘူး၊ သူ့ တို့ စိတ် သူတို့ ကံအကျိုး ပေးနဲ့ ပဲ သူတို့ ကိစ္စ သူတို့ ရှင်း သွားကြတာပါ။ဝမ်းတော့မသာပါဘူး၊သံဝေဂတရားအများကြီး ရပါတယ်။ မောင်တိုင်ပင် ပင်ကိုယ်စိတ်က နှုးညံ့ ပါတယ်။ အမေရဲ့ ဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာရတော့ ပိုပြီးတောင် နှုးညံ့ တယ် လို့ ကိုယ်ဖါသာကိုယ် ထင်မိပါတယ်။ အော်--တော်တော်ကံစပ်တာပဲနော်--

သမီးရဲ့ဘ၀ရှိနေသေးတော့သူကိုပျိုးထောင်ပေးဖို့ကြိုးစားခဲ့တယ်။ နောက်ဆုံးလူတစ်လုံး
သူတစ်လုံးဖြစ်ခဲ့ပြီးစင်ကာပူမှာပညာသင်အလုပ်လုပ်ကိုင်နိုင်တဲ့အဆင့်အထိသူဘ၀ကို
“အဖတစ်ဦး” တည်းအနေနဲ့ထုဆစ်ပေးခဲ့ရတဲ့ဘ၀ခရီးကြမ်းဟာကိုယ်မပင်ပမ်းသော်လည်း စိတ်ပင်ပမ်းခဲ့ပါတယ်။အခုတော့လည်းသူကိုယ်တိုင်ကသား၂ယောက်မိခင်ဖြစ်တော့မယ်၊ချစ်စရာ
ကောင်းတဲ့မြေးအကြီးလေးမွေးထားတဲ့အတွက် မောင်တိုင်ပင် မှာတအားဖြစ်ခဲ့ ရပါတယ်--သူကြောင့်အကုန်လုံးကိုစွန့်လွှတ်နိုင်တယ်--။ဒါပေမဲ့ မြေးဆိုတာအဖိုးတွေဟာ
ဆိုင်သာဆိုင်ပါတယ်၊မပိုင်ကြပါဘူး၊ဒီအချက်ကိုသတိ မမေ့လျော့ ရအောင်နေရပါ
တယ်၊သူတို့သားသမီး ကို သူတို့ လိုချင်တဲ့ပုံစံသွင်းချင်ကြမှာ ပဲလေ--ကိုယ်တုံးကတော့ သမီး ၁၇နှစ်အထိ မိစုံဖစုံရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းဘ၀ဟာကြမ်းတမ်းလှပါတယ်။ရုပ်ပိုင်းဆိုင်ရာ
ကြမ်းတမ်းမှုတော့မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့တော်တော်ရုန်းကန်လှုပ်ရှားခဲ့ ရပါတယ်။ အလုပ်နဲ့ သမီး ဘ၀ရှေ့ရေးကို အမြဲ စဉ်းစားပြီး ချိန်ဆကြရတာတော်တော်စိတ်ပင်ပမ်းပါတယ်။ဒါကြောင့်လည်းstress တွေကနေအားလုံးလွတ်သွားတဲ့အချိန်မှာ ဒီလို stress ရှိတဲ့ ဘယ်အလုပ်မျိုးမဆို မ လုပ်ချင်တော့တာမောင်တိုင်ပင်ဘ၀မှာတော်တော်ခံခဲ့ ရလို့ ပဲလို့ မှတ်ယူပါတယ်။idleness ဟာလူကိုဖျက်ဆီးတယ်ဆိုတဲ့စကားရပ်ကိုမောင်တိုင်ပင် တပည့်တွေကိုအမြဲပြောခဲ့ပါတယ်။

အသက်အရွယ်ပိုင်းကြီးလာသည်နှင့်အမျှ အကြီးအကဲကောင်းတွေနဲ့တွေရတော့ ကိုယ့် မှာရှိတဲ့အရည်အသွေးတွေဟာတောက်ပြောင်လာတယ်လို့ထင်မိပါတယ်။အရေးကြီးဆုံးက ကိုယ့်ကို ကိုယ် ယုံကြည်မှုအပြည့်ရှိလာပါတယ်။ဒီအကြီးအကဲကောင်းတွေနဲ့အခုထိဆက်
သွယ်မှုရှိနေဆဲပါ--မောင်တိုင်ပင်ဟာဘာလုပ်လုပ်ချောချောမောမော ဘယ်တော့မှ
မဖြစ်တော့တော်ယုံအခက်အခဲလောက်ကို မမှုတော့ဘူး၊အစကတော့ဘ၀ပေးကံ
မကောင်းပါလားလို့ ထင်မိတယ်၊နောက်ပိုင်းတော့ငါ့ အရည်အသွေးတွေ တိုးတက်လာဖို့အတွက် စမ်းသပ်တာခံရတာပါလား လို့မှတ်ယူတော့ပါတယ်။

အော်--ဘ၀လမ်းကြောင်းတစ်လျှောက်ကို သမင်လည်ပြန်ကြည့် မိတော့သံဝေဂ ရစရာတွေကများပါတယ်။အသက်ကြီး လာလို့လားတော့မသိ-- ၀ိပသာနာတရားအရ ပစ္စပ္ဗန်
ကိုပဲရှုတာအကောင်းဆုံးပါပဲနော်---

Sunday, January 12, 2014

ရင်းနှီးမြုပ်နှံမှုများတကယ်စီးဝင်လာချင်ပါသလား၊ဒါတွေပြင်ပါ။



ဗြိတိန်နိုင်ငံ  Maplecraft ကသူ့အစီရင်ခံစာထဲမှာမြန်မာနိုင်ငံဟာရင်းနှီးမြုပ်နှံမှု ၀န်းကျင်အလျှင်အမြန်တိုးတက်မှုအကောင်းဆုံးနိုင်ငံတစ်ခုဆိုပြီးဖေါ်ပြထားပါတယ်( credit: Mdy Boy) ဒီ analysis တွေဟာကိန်းဂဏန်းအချက်အလက်တွေ
ပေါ်အခြေခံပြီးယေဘူယျသုံးသပ်တာလောက်ပဲဖြစ်မယ်ထင်တယ်။တကယ်လက်
တွေ့မှာတော့တော်တော်ကိုအချိုးမပြေတာတွေတွေ့နေရသေးတယ်လို့ နိုင်ငံခြားရင်း
နှီးမြုပ်နှံသူများဖက်ကဆိုပါတယ်။ဒီနိုင်ငံခြားကုမ္ဗဏီရဲ့အမည်ကတော့ ထုတ်ဖေါ်ပြော
ရန်အချိန်မတန်သေးပါဘူး၊သူကလည်းသူတွေ့ကြုံနေရတဲ့အခက်အခဲကိုတတ်နိုင်သ
လောက်ဖါထေးပြီးရင်းနှီးမြုပ်နှံမှု ကိုထိခိုက်စေတဲ့အပြောအဆိုမျိုးကိုရှောင်ကျဉ်နေရ
တယ်လို့ရင်ဖွင့် လာပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကသေချာစီစစ်ပြီး
လွန်ခဲ့သော ၅ လ ကျော်လောက်ကတည်းကလုပ်ငန်းလုပ်ကိုင်ခွင့် လို်င်စင်ချပေးခဲ့
ပါတယ်။သူတို့စက်ရုံတည်ထောင်မဲ့မြေကြီး ဧက ၈၀ ကိုလည်းဒေသတစ်ခုမှာ ခွင့်
ပြုပေးခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရ နဲ့ ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာ
ပြည်ထောင်စုဝန်ကြီးဌာနကသေချာစီစစ်ချပေးခဲ့တာပါ။

လိုင်စင်ခွင်ပြုချက်ရတာနဲ့ စက်ရုံတည်ဆောက်ဖို့ လိုအပ်သည်များကိုပြင်ဆင်ခဲ့ပါ
တယ်၊ အဆောက်အဦးပုံစံများကိုလည်းရေးဆွဲခဲ့ပါတယ်။နောက်ဆုံးအဆင့် တိုင်
ဝမ်ကတရုတ်ဖုန်းရွှေ ဆရာကိုပင့်ပြီး မြေကြီး ကိုပြသကာအကောင်းအဆိုးတွက်
ချက်စေခဲ့တဲ့အထိလုပ်ပြီးကိုင်ပြီးဖြစ်ပါတယ်။သူတို့စက်ရုံတည်ဆောက်ဖို့အတွက်
local construction ကုမ္ဗဏီများနှင့်လည်းအသေးစိပ်ညှိနိုင်းဆွေးနွေးပြီးဖြစ်ပါတယ်၊
ယုတ်စွအဆုံးမြန်မာနိုင်ငံသား engineers, technicians, fitters, welders, machine operators တွေကို training ပေးဖို့အတွက် master plan ရေးဆွဲပြီး
training section တစ်ခုဖွင့်ဖို့ စိုင်းပြင်းလုပ်ဆောင်လျှက်ရှိတာကိုသိရပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊ တိုင်းအစိုးရအဖွဲ့ အသီးသီး ကခွင့်ပြုမိန့် ချပေးခဲ့တဲ့မြေနေရာကိုအရင်တလောကသွားရောက်ခဲ့ရာမှာ ၀င်ခွင့်
တောင်မရပဲ ခရိုနီ တစ်ဦး က သူတို့ကိုချပေးထားတဲ့မြေဆိုပြီး သူတို့အတွက်ချပေးထားတဲ့ ၈၀ဧက အပါအ၀င် ဧက ၃၀၀ စလုံးကို ၀န်းခြံခတ်
ဖို့လုပ်ထားတာကိုတွေ့ရပါတယ်။ သက်ဆို်င်ရာအစောင့်တွေကလည်းဝင်ခွင့်မပြု
နိုင်ကြောင်းတားဆီးတာကိုလည်းခံခဲ့ ရပါတယ်။အဲဒီမြေကို ခရိုနီ တစ်ယောက်ကို
ချပေးထားတာဖြစ်ပြီး ဧက ၃၀၀ မှာ tapioca ပုလောပီနံ စိုက်မယ် လို့ပြောပါတယ်။
စက်မှုဇုန် လို့သတ်မှတ်ထားတဲ့မြေကြီး ကို စိုက်ပျိုးရေးမြေအဖြစ်အသုံးပြုတာက
တော့ဘယ်လိုပြောရမှန်းကိုမသိတော့ပါဘူး၊ ဒီပရိုဂျက် ဟာအမေရိကန်ဒေါ်လာ သိန်း ၅၀၀ - ၆၀၀ လောက်ရင်းနှီးမြုပ်နှံမဲ့ manufacturing sector မှာရှားရှားပါးပါး
ပရိုဂျက်တစ်ခုပါပဲ။ ဒီသတင်းကို သက်ဆိုင်ရာကုမ္ဗဏီက အကြံပေးပုဂ္ဂိုလ် နိုင်ငံခြားသားမိတ်ဆွေက ရင်ဖွင့် လာတော့ ကျနော်တော်တော်ရှက်ပါတယ်။ဒီလိုအခက်အခဲတွေ၊ ပြသာနာတွေ
ကြောင့် ခင်ဗျားတို့ ရဲ့ ခွင်ပြုချက်ကျပြီးသားလုပ်ငန်းကိုရုတ်သိမ်းသွားမှာ လားလို့
တောင်မေးမိပါတယ်၊စိတ်သက်သာရာ ရစေတဲ့ အဖြေတစ်ခုရခဲ့ လို့ တော်သေးရဲ့
 လို့ ဟင်းချနိုင်ခဲ့ပါတယ်။ မိတ်ဆွေကသူတို့ ဘယ်လိုအခက်အခဲတွေရှိနေပေစေ
သူတို့ကတော့ဆက်လုပ်မှာဖြစ်တယ်။ပြသာနာကိုပြေလည်အောင်ဖြေရှင်းပြီးဆက်
လုပ်မှာဖြစ်တယ်။ဒါပေမဲ့ဒီမြေပေါ်မှာစက်ရုံဆောက်ဖို့အတွက်ဆောင်ရွက်စရာရှိတာ
တွေဆောင်ရွက်ခဲ့တဲ့အတွက်ကုန်ကျစရိတ်တွေတော့ရှိပါတယ်။တခြားမြေ ကိုအစားထိုးပေးမယ်ဆိုရင်တောင်အစကနေပြန်စရမဲ့အပြင် ပရိုဂျက်ပြီးရမဲ့အချိန်
မပြီးတဲ့အတွက် Rate of Return ကိုတော့ထိခိုက်မှုရှိနိုင်ပါတယ် လို့ ဆိုပါတယ်။

ဒီလိုသတင်းမျိုးဟာရင်နှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာအနှုတ်လက္ခဏာ
ပြတဲ့သတင်းမျိုးဖြစ်နေပါတယ်။ အစိုးရအဖွဲ့ အဆင့်ဆင့် ကခွင့် ပြုချက်ချပေး
ထားတဲ့မြေနေရာ ကို ခရိုနီတစ်ယောက် က သူကိုချပေးထားပြီးဖြစ်တယ် လို့ ဆိုနေတာဟာ institutions အချင်းချင်း coordination မရှိဘူးဆိုတာပေါ်
လွင်နေပါတယ်။သူတို့ဟာဒီမြေမှ ဒီမြေဆိုပြီးတောင်းတာမဟုတ်ဘူး၊ ဒါလောက်အကျယ်အ၀န်းကို လိုချင်တယ် လို့ပဲတောင်းဆိုခဲ့တာဖြစ်ပါတယ်၊ တောင်းဆိုခဲ့တဲ့ အပေါ်မှာ သက်ဆိုင်ကနေ ဒီဒေသ မှာ ရှိတဲ့ ဒီမြေ ကိုယူ--မြေငှားခတော့ ဘယ်လောက်ပေး-- ဆိုပြီးအကြိမ်ကြိမ် ညှိနှိုင်း ပြီးမှ MIC ကိုတင်ခဲ့တာဖြစ်ပါတယ်။ဒီအချက်
ဟာရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးဆိုပြီးသတင်းလွှင့်နေပေမဲ့ ဒါမျိုးကိစ္စတွေကြောင့် ရင်းနှီးမြုပ် နှံမှုတွေအတွက် အခက်ခဲဆုံးဖြစ်နေတယ်ဆိုတဲ့ သတင်း မျိုးထွက်လာ
အောင် တွန်းပို့နေပါတယ်။ဒါကတော့ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေမှာတွေ့ရတဲ့ အခက်အခဲဖြစ်ပြီး မြေနဲ့ပတ်သက် လာရင် တောင်သူလယ်သမားတွေတင် မကဘူး၊
ခရိုနီ တွေကလည်းငမ်းငမ်းတက်ဖြစ်နေတာကိုတွေ့ ရတော့ ၂၀၁၅ လွန်တော့ မှ ပဲ ဘယ်သူပဲတက်တက်
 မြန်မာ နိုင်ငံတွင်း ကို ရင်းနှီးမြုပ်နှံမှုများလောက်လောက်လားလားစီးဝင်လာ
နိုင်လိမ့်မယ်လို့သုံးသပ်မိပါတယ်။

ရင်းနှီးမြုပ်နှံမှုများစီးဝင်လာစေရေးအတွက်အခြားကန့်သတ်ချက်တစ်ခုကတော့လျှပ်
စစ်ဖြစ်ပါတယ်။လျှပ်စစ်ကတော့အင်မတန်မှအကဲဆတ်တဲ့ အပိုင်းလို့ပြောရမှာဖြစ်ပါတယ်။အင်တာနက်အွန်လိုင်းမှာလည်းလျှပ်စစ်ကအင်ဂျင်နီယာဟောင်းတစ်ဦး
 ကအပိုင်း ၄ ပိုင်းခွဲပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရဲ့ အရှုပ်တော်
ပုံကြီး ကိုဖွင့် ချထားတာကိုဖတ်ရပါတယ်။လျှပ်စစ်ဓါတ်အားခတွေဈေးတက်မယ်ဆို
တော့တစ်တိုင်းတစ်ပြည်လုံးကပြည်သူတွေဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြပါတယ်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကအရှုံးပေါ်နေတယ်ဆိုတာကို လုံးဝလက်မခံတဲ့ အချိန်
မှာလျှပ်စစ်ဝန်ကြီးဌာနအတွင်း လာဘ်စားမှုအရှုပ်တော်ပုံကြီးဖွင့်ချလာတာနဲ့တိုက်
ဆိုင်နေပါတယ်။လွှတ်တော်channel ကိုတစ်နေ့ကဖွင့်ကြည့် လိုက်မိတော့လျှပ်စစ်
ဝန်ကြီးက လျှပ်စစ်ဓါတ်အားခတွေ ကို ၂၀၁၄ ဘဏ္ဍာနှစ်မှာ တိုးမြှင့်ကောက်ခံမယ်
ဆိုတဲ့အကြောင်း ကိုအကြောင်းအချက်တွေဝေေ၀ဆာဆာ နဲ့ တင်ပြသွားသော်လည်း
ဝန်ကြီးဌာနအရှုံးသက်သာအောင် မည်သို့ လုပ်ဆောင်မည်၊ လေလွင့်ဆုံးရှုံးမှုတွေ
လျော့ကျသွားအောင်မည်သို့လုပ်ဆောင်မည်ဆိုသည့်အချက်ကတော့ယေဘူယျ
လောက်ပဲတင်ပြတာကိုနားထောင်လိုက်ရပါတယ်။ ၀န်ကြီး တင်ပြချက်ကို ပြန်လှန်ဆွေးနွေးတဲ့ အခါ Mech 72 ကကိုညီလေး (ဦးကြည်သာ) လွှတ်တော်ကိုယ်
စားလှယ်ကစာရင်းဇယားကိန်းဂဏန်းတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ Mech
72 ကသူငယ်ချင်း ကိုညီလေးဟာ လျှပ်စစ်ဌာနမှာ တစ်လျှောက်လုံးလုပ်လာခဲ့တာ
ဖြစ်ပြီးနောက်ဆုံးရေအားလျှပ်စစ် မှာ အမ်ဒီ တာဝန်ကနေအနားယူခဲ့တာဖြစ်
ပါတယ်။ သူလောက်တော့ လျှပ်စစ်အကြောင်း ကိုသိသူတော့မရှိနိုင်ဘူးထင်ပါ
တယ်၊လျှပ်စစ်ဌာနက လာဘ်စား တာကတော့ ကိုယ်တွေ့မဟုတ်ပေမဲ့ ညီအစ်ကို
လိုခင်မင်တဲ့ မိတ်ဆွေတစ်ယောက် ကလျှပ်စစ် ကအကြီးအကဲတစ်ယောက်ကို
ဘယ်နည်းဘယ်ပုံ လာဘ်ပေးရတယ်ဆိုတာလာ ရင်ဖွင့် လို့နားထောင်ခဲ့ ရဘူးပါတယ်။ လျှပ်စစ်ဌာနဟာ ပုဂ္ဂလိက ပိုင်းကလျှပ်စစ်ထုတ်လုပ်တာနဲ့ ပတ်
သက်ပြီး ဥပဒေတွေထုတ်ဖို့၊ လုပ်ထုံးလုပ်နည်းတွေထုတ်ပြန်ဖို့ ကိုတော့နှောင့်
နှေးခဲ့ပါတယ်။ Independent Power Producer IPP အပိုင်းမှာ လျှပ်စစ်ထုတ်
လုပ်ရောင်းချတာထက်စာရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာလျှပ်စစ် ထုတ်လုပ်
တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းတွေကိုပဲ supply လုပ်ချင်ကြပါတယ်။တာကလည်း
ပြီးလွယ်စီးလွယ် သဘိတ်ဝင်အိတ်ဝင်  အာဏာပိုင်ကောလုပ်ငန်းရှင်ကော
မျက်မျက်ကလေး စားရမှာ ဖြစ်တဲ့အတွက် ဒီအပိုင်းကိုပဲဇောင်းပေးနေချင်တာမ
ဆန်းပါဘူး၊

လျှပ်စစ်ဓါတ်အားခ ဈေးတက်တာဟာ sensitive issue တစ်ခုဇြစ်ပါတယ်။စဉ်း
စားပုံတွေးခေါ်ပုံကအစအင်မတန် လက်ဝင်ပါတယ်။ဘယ်လောက်ကောင်း
အောင်လုပ်လုပ် သန့်ရှင်းအောင် လုပ်လုပ် အပြောမလွတ်နိုင်ပါဘူး။ဈေးမတက်
ဘူးဆိုရင်လည်း ပြည်ပ ကဘယ် IPP မှ လာမှာ မဟုတ်ပါဘူး။IPP တွေမရှိရင်
လည်း ရင်းနှီးမြုပ်နှံမှုဆိုတာ ၀င် လာဖို့အတွက် စဉ်းစားစရာတစ်ခုဖြစ်နေပါတယ်။
လျှပ်စစ်သုံးသူများ ကို အပိုင်း လိုက်ခွဲခြားကြည့်မယ်ဆိုရင် ၃ ပိုင်းတော့တွေ့
ပါတယ်။အခြေခံအပိုင်း၊အလယ်အလတ်အပိုင်း၊ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှု
အပိုင်းများရှိနိုင်ပါတယ်။ အခြေခံအပိုင်းကတော့လက်လုပ်လက်စားဆင်းရဲသား
များဖြစ်ပြီးယခုကောက်ယူနေတဲ့ နှုန်းထားထက်တော့ ပို သတ်မှတ်၍ မသင့်ပါ။အလယ်အလတ်ဆိုသည်ကတော့ basic necessity ဖြစ်တဲ့လျှပ်စစ်
အသုံးအဆောင်ပစ္စည်းတွေကိုအိမ်တွေမှာ သုံးစွဲသူတွေဖြစ်ပါတယ်။သူတို့တ
တွေအတွက်ကတော့ သင့်တင့် သော နှုန်းထားသတ်မှတ်ပြီးကောက်ခံရမှာ ဖြစ်ပါတယ်။  နောက်ဆုံးကတော့ ကုန်ထုတ်လုပ်သူတွေအတွက်ဖြစ်ပါတယ်။ IPP သမားတွေကတော့ဒီအပိုင်းကိုစိတ်ဝင်စားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းမှာ
လျှပ်စစ်ဓါတ်အားခတက်လာတာနဲ့အမျှထုတ်လုပ်မှုစရိတ်တက်လာမှာ ဖြစ်ပါတယ်၊
ထုတ်လုပ်မှုစရိတ်တက်လာရင် ရောင်းဈေး က လိုက် တက် မှာကတော့ ယေဘူယျဖြစ်
ရပ်တစ်ခုလိုဖြစ်နေပါတယ်။ကုန်ကျစရိတ်လျော့အောင် productivity တက်လာအောင်လုပ်ရမယ်၊အခြား မလိုအပ်
သောထုတ်လုပ်မှုစရိတ်များ ကိုလျှော့ချရမယ်လို့ဆိုသော်လည်းကုန်ဈေးနှုန်းကတော့ အထိုက်အလျောက်တက်လာမှာ ဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ပြည်သူပဲဖြစ်နေနေ လျှပ်စစ်ဓါတ်အားခတက်လာမှာ ကို မလိုလားကြပါဘူး။

လျှပ်စစ်ဓါတ်အားခများတိုးမြှင့််ကောက်ခံမည့် ကိစ္စကိုလွှတ်တော်တွင်ဆက်လက်ဆွေးနွေးမည်ဟု ဥက္ကဌကဆိုထားရာလျှပ်စစ်
ထုတ်လုပ်မှုနှင့် ပတ်သက်၍ positive အဖြေမထွက်လာသည်နှုင့်အမျှ ရင်းနှီးမြှုပ်နှံမှု
များလည်းအများအပြားဝင်ရောက်လာမည့်အခြေအနေ မရှိ နိုင်ပါ။မမျှော်လင့်ပါနှင့်။ နိုင်ငံခြားမှ IPP လုပ်လိုသူinvestor များရှိသော်လည်းလက်ရှိလျှပ်စစ်ဓါတ်အားခဈေးနှုန်းနှင့်မလုပ်ကိုင်နိုင်ပါ။ မြန်မာလျှပ်စစ်ထုတ်လုပ်မှုဟာရေအားကနေထုတ်တာ ၇၀% ရှိတယ်ဟုဆိုပါတယ်။ losses က၂၀%လောက်ရှိတယ်လို့ ဆိုပါတယ်။ ၁၀%လောက်ချနိုင်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ်။ ဒီကြားထဲမှာ ဆိုလာကနေလျှပ်စစ်ထုတ်တာမျိုး လုပ်ဖို့ ချေးငွေယူတာလည်းတွေ့ရပါတယ်။ဘယ်လိုမှ တွက်ချေကိုက်စွာထုတ်နိုင်ရေးအတွက်
လက်ရှိပုံစံနှင့် မဖြစ်နိုင်သေးပါ။ ကျေးရွာမီး လင်းရေးကိစ္စ ကတော့အလားအလာရှိ
သောပရိုဂျက်တစ်ခုဖြစ်ပါတယ်။ မည်သည့်ပြည်နယ် တိုင်းဒေသကြီး အနေဖြင့် ရင်း
နှီးမြုပ်နှံမှုအတွက်ဦးစားပေးသင့်တယ်ဆိုတဲ့အချက်အပေါ်တွက်ချက်စဉ်းစားပြီး
phase by phase သွားရင်အဆင်ပြေနိုင်မလား လို့တွေးမိပါတယ်။ အခုလည်း
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လျှပ်စစ်ဓါတ်အားခကောက်ခံပုံ မတူကြတာကို
လွှတ်တော်မှာဆွေးနွေးစဉ်က မှတ်သားခဲ့ဘူးပါတယ်။ ပြောချင်တာအတိုချုပ်ကတော့ ပြားလိုက်စဉ်းစားတာထက် ဒေသအလိုက်စဉ်းစား
တာက ပိုများကောင်းမလားလို့ပါ။ ရင်းနှီူမြုပ်နှံမှုတွေ လာဖို့ လျှပ်စစ်ဓါတ်အားလိုပါတယ်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုတွက်ချေမကိုက်ရင်
IPP တွေလည်းမလာနိုင်ပါ။ IPP မရှိရင် ရင်းနှီးမြုပ်နှံမှုတွေလာဖို့ အဟန့်အတား
ဖြစ်နေပါတယ်။အဲတော့ ဒီပြသာနာတွေအခြေခံပြီး အစိုးရလည်းလုပ် IPP  လည်း
လုပ် နိုင်အောင်ဘာတွေလုပ်သင့်လဲဆိုတာဆွေးနွေးညှိနိုင်းအဖြေရှာ ဖို့ လိုနေပါတယ်။ အများသိကြပါတယ်။ မြန်မာမှာ စိတ်အပျက်ဆုံးက ၀န်ကြီး ဌာနအချင်းချင်း institutions အချင်းချင်း coordination မရှိတာပါပဲလို့ နိုင်ငံခြားသားတွေကစိတ်ပျက်စွာညည်းတွားကြပါတယ်။

လျှပ်စစ် နှင့် မြေ ကိစ္စများကိုလောလောဆယ် ပြတ်ပြတ်သားသားဖြေရှင်း
နိုင်မှုများမရှိ သေးသရွေ့ နိုင်ငံခြားရင်းနှီူမြုပ်နှံမှုများလည်းအကန့်အသတ်ဖြင့်သာ ၀င်ရောက်လာအုံးမှာဖြစ်ပြီးဗျူရိုကရေစီ စနစ်များ ကျင့်သုံးနေတာကြောင်
လည်းရင်းနှီးမြုပ်နှံ ရန်လာရောက်ဆောင်ရွက်သူများကို စိတ်ပျက်စေနိုင်ပါတယ်၊ကျနော်ကတော့ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးမဟုတ်ပါ။စဉ်းစားတွေးခေါ်တာ လိုကောင်းလိုနိုင်ပါတယ်။
သိုပေမဲ့ အာအိုင်တီထွက် ဆိုတော့ မိုးကျရွှေကိုယ် တစ်ယောက်ထက်တော့ သာ
ပါလိမ့်မယ်ထင်ပါတယ်---------------