မနေ့ကကုန်သွယ်လယ်ယာလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ နှစ်၂၀ - ၂၅လောက် က တည်းကလက်တွဲလာတဲ့ လုပ်ငန်းရှင်တစ်ယောက်တို့ စားသောက်ဆိုင်မှာ
ဆုံပြီးစားကြသောက်ကြ စကားပြောခဲ့ကြပါတယ်--ကုန်သွယ်လယ်ယာ ရှေးဟောင်းနှောင်းဖြစ်တွေကတော့တကယ်လည်းပျော်စရာကောင်းခဲ့ပါတယ်။ခုလိုချမ်းချမ်းစီးစီး အချိန်မှာ undercover drive ကလည်းတစ်ဖက်ကနေ ဖိအားတစ်ခုပါပဲ။ ဟိုခေတ်အချိန် က လုပ်ခဲ့ရတာတွေပါ။
မြန်မာလုပ်ငန်းရှင်တွေ နိုင်ငံတကာသွားလာကုန်ကူးသန်းနေကြတော့ အချို့ အစိပ်အပိုင်းကတော့ နိုင်ငံတကာစံနှုန်းတွေ ကို လိုက်လုပ်နိုင်ပါပြီ--စက်မှာ
ဆန်ကြိတ်တာကအစ သန့်သန့်ရှင်ရှင်း စနစ်တကျကြိတ်မှဝယ်သူက လက်ခံပါတယ်။ color sorter လိုဟာမျိုး ၃ -၄ လုံးတောင်ထားပြီး ဆန် ကို quality ကောင်းအောင်
လုပ်ပေးနေရပါပြီ--သင်္ဘောတင်တဲ့ အလုပ်သမားတောင်လက်အိတ်၊ဘိနပ် လျှောက်လမ်းက ဂုံနီကောဇော ခင်းပေးထားပြီး ကွန်တိန်နာ အိတ်သွတ်သွင်းခြင်း၊
သင်္ဘောတင်ခြင်း ကို လုပ်နေရပါပြီ-- သမားရိုးကျ inspection ကုမ္ဗဏီတောင်
မသုံးတော့ပဲ-- တိကျ ဖြောင့်မတ်စွာစစ်ဆေး နိုင်တဲ့ inspection ကုမ္ဗဏီအစားဝင်ရောက်နေပြီ ဖြစ်လို့ reform မလုပ်နိုင်ရင် ဂျောင်း ရခါနီးနေပါပြီ---
mindset ပြောင်းပြောင်းဆိုတာ အစိုးရတင်မဟုတ်တော့ ဘူး-- ပု၈္ဂလိက ၀န်ထမ်းတွေပါပြောင်းမှ ရနိုင်တော့မှာ ဖြစ်ပါတယ်၊အရေးကြီးဆုံးကတော့ ဆန်စက်တွေမှာ ဆန်စက်အင်ဂျင်နီယာတွေ၊ကျွမ်းကျင်လုပ်သားတွေ၊မေ ဆရာတွေ operatorတွေပြုန်းတီးနေတာဖြစ်တယ်။ သင်တန်းတွေ ဒီပလိုမာတွေ vocational training တွေအများကြီး လုပ်ဖို့ လိုနေတာကိုဝိုင်းဝန်းဆွေးနွေးကြပါတယ်။MRF ကတော့လုပ်ဖို့စိတ်ဝင်စားသော်လည်း လုပ်မဲ့ ကိုင်မဲ့ သူလိုနေပါတယ်--ကဲ--ဥက္ကဌကြီးရေ--ဘယ်လိုလုပ်ကြရင်ကောင်းမလဲ---
informal discussion ဖြစ်ပေမဲ့ မှတ်သားဖွယ်ရာတွေပါ။တစ်ယောက်ကပြောတယ်၊အစိုးရကတော့ပညာသင်တွေအများကြီးလွှတ်တယ်၊ ပြန်လာတဲ့ သူတွေဘယ်လိုသုံးမယ်--ဘယ်နေရာတာဝန်ပေးမယ် ဆိုတာဝန်ကြီး ဌာနတွေ plan လုပ်ထာတာမရှိဘူး လို့ပြောပါတယ်။ ရလာတဲ့ ပညာတော်သင်ဆုတွေကလည်း ပေါင်းစုံ-- အရာရှိတင်မကတော့ဘူး ဦးစီးမှုးတွေတောင်လွှတ်နေရတယ် လို့သိရပါတယ်--အလွန်ကောင်းပါတယ်။အနည်းဆုံး exposure ရလာနိုင်ပါတယ်။ မျက်စေ့ဖွင့် နားဖွင့် မြင်တာကို မှတ် သားဖို့ မှာ ကြား လိုက်ဖို့တော့ လိုပါတယ်။ PhD တွေပြန်ရောက်လာရင် သူတို့ ကို ဘာခိုင်းမလဲ Master တွေပြန်ရောက်လာရင် သူတို့ ကိုဘာတာဝန်တွေပေးမလဲ--HR အပိုင်းမှာ တော်တော်အားနည်းနေ
တာထောက်ပြကြပါတယ်။မောင်တိုင်ပင်တို့လက်ထက်ကလည်းမျိုးဆက်ပြတ်တာကြုံဘူးပြီးပြီ-- မလုပ်မရှုပ် မစဉ်းစားပဲ မလုပ်ပဲနေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး-exposure ရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကတော့ HR ကော system ကော ၀န်ထမ်းတွေ mind set တွေကောပြောင်းခိုင်းကုန်ပါပြီ-- ၂၀၁၆ ရောက်ရင် ငါ ကြိုမလုပ်လိုက်မိတာ
မှားလေခြင်း ဆိုတဲ့နောင်တတွေ ရလာလိမ့် မယ်လို့ လုပ်ငန်းရှင် ကဆွေးနွေးပါတယ်။
ကဲ--ဘော်ဘော်တို့ရေ--public နဲ့ private မှာ public ကရှေ့ရောက်နေရင်တော့
ကောင်းတာပေါ့-- စလုံး လိုနိုင်ငံမှာ public မှာ top brass တွေကို လခကောင်းကောင်းပေးပြီး ခိုင်းပါတယ်။ လီကွမ်းယူ ရေးခဲ့တဲ့ နားဝင်မချိုသောအမှန်တရား စာအုပ်မှာ ဖတ်ကြည့်ပါ-- အခုမြန်မာမှာ တော့ private ကရှေ့ရောက်နေပါတယ်။public ကနောက်နားမှာပါ--အလုပ်တစ်ခု ပရိုဂျက်တစ်ခု မလုပ်ခင် critical thinking ရှိသင့်ပါတယ်။။နောက်မှအမေကယ်ပါ အဖေကယ်ပါ လိုက်လုပ်ရတော့ ဒီကောင်တွေအစက မစဉ်းစားဘူးလားဆိုတာတွေဖြစ်ကုန်ပါတယ်။
နောက်တစ်ခုက ပညာရှင်ပိုင်းမှာပါ။ မြန်မာပညာရှင်တွေထဲမှာ စည် လိုပဲ တီးမှမြည်တတ်တဲ့ ပုဂ္ဂိုလ်တွေအများကြီးပါ--နိုင်ငံခြားသားပညာရှင်ပြောမှ နိုင်ငံခြား မှာ အလုပ်လုပ်ဘူးတဲ့ မြန်မာ ပညာရှင်ပြောမှ ကျိုးကြောင်း ဆီလျော်တယ်--မှန်တယ်-- diverse ဖြစ်တယ်--မျက်စိတစ်ဆုံးဖြစ်တယ် -- လို့ယူဆကြတယ်။ထင်ကြတယ်--သူတို့ မသိတာက မြန်မာပညာရှင်တွေက မြန်မာလူမှုဘ၀ပတ်ဝန်းကျင်အခြေအနေ နဲ့ ချိန်ထိုးပြီး စဉ်းစားတွေးခေါ်လေ့ရှိ
ကြတယ်။သူတို့ကိုမေးနိုင်မြန်းနိုင်မှ အဖြေရှာတွေ့ နိုင်တယ်။ဥပမာပြောရရင် business လုပ်နေကြတဲ့ သာမန်မြန်မာလုပ်ငန်းရှင်တွေရဲ့
အတွင်းစိတ်သန္တာန်ကို မသိပဲ CSR မရှိဘူး ဘာညာပြောလို့ မရဘူး--social responsibility စိတ်ဓါတ်ကတော့ သူတို့စိတ်ထဲမှာ အမြဲ ရှိနေတတ်ပါတယ်။
ဥပမာ သွားရင်းလာရင်း လုပ်ရင်း ကိုင်ရင်း မိဘ မဲ့ကျောင်းလိုမျိုးတွေ့ရင် ဆရာတော်ဝင်လျှောက် ပြီး ဆရာတော်ဘာလိုလဲမေးကာ တတ်နိုင်သလောက်လှုလိုက်တာပါပဲ။ သူတို့ လုပ်ငန်း program မှာ CSR program တွေဘာတွေဘာမှ မရှိဘူး၊ ဒါတွေကို နိုင်ငံခြားသားပညာရှုင်ကတော့ ဘယ်သိမလဲ--ဆရာမကြီး တစ်ဦး ကရင်ဖွင့် တယ်လို့ ကြားလို့ပါ--ကဲဟိုဟိုဒီဒီရောက်တတ်ရာရာတော့ဆွေးနွေးပြီးပါပြီ---------
No comments:
Post a Comment