Thursday, January 9, 2014

တက်စီသမားပေးတဲ့ကုန်ကြမ်း


တစ်နေ့ကပင်စင်ထုတ်ဖို့ကလည်းရှိ မြို့ထဲကိုလည်းသွားချင် အထူးသဖြင့် ၂၁ လမ်း
ကဆီချက်ခေါက်ဆွဲစားချင်တာလည်းပါတယ်။ အော်ကားမောင်းသွားရင်လည်းကား
ရပ်ဖို့နေရာရှာရမယ်၊ဘယ်နေရာမရပ်ရဘူးဆိုတာလည်းမသိတော့--အော်ရှုပ်ပါတယ်
လေ--တက်စီနဲ့ပဲသွားတော့မယ် ဆိုပြီး ပင်စင်စာအုပ် အီးပင်စင်ကဒ်ကိုယူပြီးအိမ်က
နေလမ်းထိပ်ထွက်လာခဲ့ပါတယ်။လမ်းဆုံဘုန်းကြီးကျောင်းနားလည်းရောက်ရော--
တက်စီတစ်စီးတွေ့ လိုလှမ်းတားလိုက်တယ်။မြို့ထဲကိုသွားမယ်ဆိုတော့ယဉ်မောင်း
ကအဝေးပြေးကားဝင်းသွားဖို့ရှိလို့ပါ --လမ်းထိပ်ကိုတော့လမ်းကြုံလိုက်ခဲ့ပါဆိုတော့
တက်လိုက်လာခဲ့တယ်။ပြည်လမ်းထိပ်မှာတက်စီ ၂-၃ စီးလောက်အမြဲရှိတတ်တယ်၊
အဲဒီနေ့ကမတွေ့ဘူး၊ဒါနဲ့ ကားရှင်းတုံးတစ်ဖက်လမ်းကူးပြီး ကြည့်ပျော်ရှုပျော်ရှိတဲ့
တက်စီကိုစောင့်ရတာပေါ့လေ။ အမှန်တော့ ရန်ုကုန်မှာ တက်စီတွေကအသစ်တွေ
ချည်းဖြစ်နေပါပြီ--probox တစ်စီးတားပြီးဈေးမေးလိုက်တော့ ၄၀၀၀ ကျပ်တဲ့--ဈေးက
တော့ဈေးမှန်ပါပဲ--မြို့ ထဲကိုဆိုဘယ်သူမှ မ လိုက်ချင်ကြဘူး။

အမယ်လေး--လေး--ကားပေါ်တက်လိုက်တာနဲ့ မောင်းသလားမမေးနဲ့--အတင်းကို
ကျော်တက်အတင်းရုန်းတော့တာပဲ၊သူကမောင်တိုင်ပင်မောင်းနေကြစွယ်တော်
ဘုရားဘေး တိုတယ်လ် ရုံးရှေ့ကဖြတ် ကမ္ဘာအေးဘုရားလမ်းကနေ ရွှေဂုန်တိုင် ခုံး
ကျော်တံတားကိုဖြတ်ပြီး မြို့ထဲအထိမောင်းခဲ့တာပါ။ရွှေဂုန်တိုင်ခုံးကျော်တံတားက
လည်းအကွေ့တွေတော်တော်များတာပဲ။ ဘေးပန်းကတိုက်တွေကတော့အိုဟောင်း
ပြီးမြို့ပြ ရဲ့ အလှ ကိုဖျက်ဆီးနေသလိုခံစားရပါတယ်။ အော်ပြောင်းလဲလာတာက မှ
တစ်နှစ် နှစ်နှစ်ပဲရှိသေးတာ--စိတ်မစောနဲ့လေ လို့ ကိုယ် ကို ကိုယ်ပြန်ပြောရတယ်။
မြို့ထဲကတော့တိုက်သစ်တွေအပြိုင်းအရိုင်းဆောက်နေကြတာတွေ့ပါတယ်။ ဆာကူ
ရာ တာဝါမှာ OCBC နဲ့ DBS ဘဏ်တွေရဲ့ဆိုင်းဘုတ်တွေတွေ့ လိုက်ရတော့ အော်
ငါ စလုံးများပြန်ရောက်တာလား လို့-- ပထမပုဂ္ဂလိကဘဏ်ရှေ့မှာ ကားရပ်ခိုင်းပြီး
ဆင်းလိုက်ပါတယ်။နေ့လည် ၁၂ နာရီလောက်ဖြစ်နေပြီး ကြားရက်ဖြစ်နေတော့
ဘဏ်မှာ လူရှင်းနေပါတယ်။ ဘဏ်ပေါက်ဝမှာ သမီးငယ်တစ်ယောက် ကမင်္ဂလာပါ
လို့ နှုတ်ဆက်လို့ပါ--MEB--ATM ကြီးကလည်းဟီးလို့ပါ--ကောင်တာကိုကြည့်
လိုက်တော့ တစ်ယောက်မှ မရှိဘူး။အီး ပင်စင်ကဒ်ကိုပြတော့ webcam နဲ့ ဓါတ်ပုံ
ရိုက်ပါတယ်၊ အရင်၃ လလောက်ကထုတ်တုံးက ပင်စင်စာအုပ်ကိုတံဆိပ်တုံးထု
ချင်လို့ ယူလာပေးပါဆိုလို့ ပြလိုက်ပါတယ်။ pay slip မှာလက်မှတ်ထိုးပြီး ငွေထုတ်
ပေးပါတယ်။အားလုံးပေါင်း ၁၀မိနစ်လျော့လျော့ လောက်ပဲကြာပါတယ်။ငွေကိုအိတ်
ထဲတည့် စာရေးမလေးတွေကိုနှုတ်ဆက်ပြီးပြန်ထွက်လာပါတယ်။ ရန်ကုန်မြို့ ရဲ့အ
ငွေ့အသက်ကိုမခံစားရတာတော်တော်တောင်ကြာပါပြီ၊ ပလက်ဖေါင်းတွေလည်းပြင်
အထပ်မြင့် တိုက်တွေလည်းဆောက်၊ ကားတွေကလည်းရှုပ်၊လူတွေကလည်းကိုယ့်
ကိစ္စနဲ့ ကိုယ် သုတ်သုတ်နဲ့သွားနေကြတော့အရင်ကနဲ့တော့ မတူတာကိုခံစားမိပါ
တယ်၊ အရင်က ကုန်သွယ်လယ်ယာရုံးချုပ်ဟာ ဒီနားတစ်ဝိုက်မှာရှိနေတာကြောင့်
ငယ်ငယ်ကတော့ ကိုယ့်ခြေရာတွေချည်းပဲလို့ ပြောလို့ရပါတယ်။

ရှေ့ဆောင်ဘဏ်၊ စီဘီဘဏ်တွေကိုဖြတ်လျှောက်ပြီး ၂၁ လမ်းဆီကိုဥိးတည်ခဲ့ပါ
တယ်၊ငယ်တုံးက ရန်ကုန်တိုင်း ကုန်သွယ်လယ်ယာရုံး မှာတိုင်းအင်ဂျင်နီယာတာ
ဝန်ကျစဉ်က ဒီတရုတ်တန်းတစ်လျှောက် ကဆိုင်တွေ မှာ စုံနေအောင်စာ ၀ယ်စား
ဘူးပါတယ်။ဘတ်ဂျက်စားစရာလည်းရှိသလို သင့်တင့်ကောင်းမွန်ပြီး ဈေး လည်း
သိပ်မကြီးတဲ့ စားစရာတွေလည်းများပါတယ်။ ၂၁ လမ်းဆီချက်ကတော့ အစားအ
များဆုံးပါ၊ ဆီချက်ဆိုင်ရောက်တော့ နှစ်ပေါင်း ၂၀ သာကျော်ဖြတ်ခဲ့ပြီ ဆိုင်ကတော့
အရင်အတိုင်းပါ၊ ဆီချက်ငတ်နေတဲ့ မောင်တိုင်ပင်အတွက်ဆီချက်နဲ့ ပဲသွေးသုတ်မှာ လိုက်
ပါတယ်၊ ပါဆယ်လည်းဆီချက်၊ ဘဲဆီဗူး၊ဘဲအုသုတ် မှာ လိုက်သေးတယ်၊ညနေစာ
အတွက်ပါ။လွန်ခဲ့သောနှစ် ၂၀ ကအတိုင်းပါပဲ၊ မောင်တိုင်ပင်အတွက် စလုံးကလာ
တာဆိုတော့ အရမ်းကိုစား လို့ကောင်းနေပါတယ်။ စလုံးမှာ ဆီချက်လိုမျိုးခေါက်ဆွဲ
မတွေ့မိပါဘူး၊စလုံးဂျပိုး ည၀ရွှီး လည်းလိုက်တော့ကျွေးပါရဲ့ ရန်ကုန် ဆီချက်နဲ့ မတူဘူး၊
ပင်နီစူလာမှာ ဘဲပေါင်းဆီချက်တော့ ရပါတယ်။ ဒါပေမဲ့ ဈေး ကြီး တယ်၊ မောင်တိုင်ပင်တို့ လိုပင်စင်စားတွေအမြဲမစားနိုင်ပါ၊ ခဥမတွက်သလို စလုံးငွေ ၈ကျပ်ဆိုတော့ MMK က
၆၄၀၀ လောက်ရှိတာပေါ့။ လယ်ဝေးမှာ ကိုမောင်မောင်ရဲ့
ဆီချက်လည်းတအားကောင်းတယ်၊ ခေါက်ဆွဲ ကို ကိုယ်တိုင်လုပ်တယ်၊၂၁လမ်း
ဆိုင်လည်းခေါက်ဆွဲ ကိုကိုယ်တိုင်လုပ်တယ်။ရွှီးကနဲ ရွှီး ကနဲ နဲ့ ၄-၅-၆ ရွှီးလောက်
ပဲစားလိုက်ရပါတယ်၊ပုဂံပြောင်သွားပါရော-- ကိုယ်ဖါသာလည်း သတိပေးရသေး
တယ်--”ဟေ့ကောင် မင်းမစားဘူးတာလည်း မဟုတ်ဘူး--ခန္ဓာကိုယ်ကတောင်းဆို
တိုင်းမလိုက်နဲ့ လေ““ လို့ဆုံးမရသေးတယ်။ ဟဲဟဲ လက်ထဲမှာညစာအတွက်ပါ
ဆယ်ကဆွဲလာသေးတယ်မဟုတ်လား---

ဆိုင်ကလမ်းထိပ်မှာဆိုတော့ အထုတ်တွေဆွဲ ပြီးတက်စီ တားလိုက်တာ အလာက
လိုပဲ ၄၀၀၀ ကျပ်ဆိုတော့ ဈေးမဆစ်တော့ပဲတက်လိုက်လာခဲ့ပါတယ်။ ဒီယဉ်မောင်းလည်း
ကမ္ဘာအေးဘုရားလမ်းကသွားမယ်လို့ပြောပါတယ်၊ အသွားအပြန် ရွှေဂုန်တိုင်တံတား
ကြီး ကိုဖြတ်ဖူးသွာတာပေါ့။ ဆရာထွန်းတို့ တိုက်ခမ်းရှေ့ရောက်တော့ မမ ပင်စီ တို့ကို
လိုက်လိုက် ပို့ ရတာ ကိုသတိရသေးတယ်။ အော်တာတွေအားလုံးအတိတ်မှာ
ကျန်ခဲ့ပါပြီလေ-- ဒီတစ်ခါယဉ်မောင်း ကမှန်မှန်ပဲမောင်းတယ်။ကားက ဂက်စ်ကား
အုံနာ ကို ၁၆၀၀၀ ကျပ်ပေးရတယ်။ ညနေ ၆နာရီကျော်သွားရင် အုံနာ ကို ၂၀၀၀ ကျပ်
ထပ်ပေးရတယ်။ ဆီကားတွေကတော့ အုံနာကြေး ၁၀၀၀၀ ကျပ်ပဲ။အခုဆိုရင်
ဂက်စ်ကားတွေနောက်ပဲတက်စီသမားတွေလိုက်နေတာကြောင့် ဆီကား မောင်းမဲ့သူ
တောင်မရှိဘူး၊ နေ့လည် ၁ နာရီနားနီးနေပြီ--အုံနာကြေးပဲရသေးတယ်၊ကိုယ့်အ
တွက် ၁၀၀၀၀--၁၂၀၀၀ ကျပ်လောက်ကျန်တယ်၊စောစောရရင်စောစော ရပ်လိုက်
တာပဲတဲ့၊ တစ်ခါတစ်လေ ညနေ၅နာရီလောက် ကိုယ်မှန်းသလိုရရင် ကားပြန်အပ်
လိုက်တာပဲတဲ့၊ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ကတက်စီတွေသိပ်မထွက်ကြတော့ အုံနာ
ကြေးအပြင် သူအတွက် ၃၅၀၀၀ ကျပ်လောက်ကျန်တယ်။ကားလည်း ၅နာရီလောက်သိမ်း
လိုက်တယ်၊ အဲလိုနေ့မျိုးတွေလည်းရှိတယ်။ အုံနာကြေးရပြီး
ကိုယ့်အတွက်မနည်းကျန်အောင်မောင်းရတဲ့နေ့တွေလည်းရှိတယ်၊ ဂက်စ်ကားဆို
တော့မောင်းနေလို့ ရတယ်။ လူတွေကလည်းထူးဆန်းတယ်၊ ရပ်ထားတဲ့ ကား ကိုသိပ်မ
မေးဘူး၊ မောင်းနေတဲ့ကားပဲ လှမ်းတားကြတယ်။တခါတလေလည်းဆက်
ဆက်ပြီးရတဲ့အခါ အဆင်ပြေသွားတယ်။ဂက်စ်ကားက ဂိတ်မထိုးဘူး၊ဓါတ်ဆီ၊ဒီဇယ်
ကားတွေကတော့ ရပ်ပြီး လူစောင့်ရတယ်၊ သူကတော့ လူမပါပဲလည်းမောင်းနေတာ
ပဲတဲ့--

ယဉ်မောင်း က၃ဂ လိုင်းကားမောင်းပြီးတက်စီဖက်ကူးလာတာ၊ အဖေကလည်း
ဘတ်စ်ကားမောင်းတယ်၊ဆိုတော့ မျိုးနဲ့ ရိုးနဲ့ ကားလောက မှာ လုပ်စားလာကြတာ။
ဘတ်စ်ကားလောကအကြောင်းလည်းသူကပြောပြတယ်၊အခုဆိုသူ့တပည့်စပယ်ယာ
တွေကဘတ်စ်လာမောင်းဖို့ခေါ်နေကြတယ်၊ဘတ်စ်မောင်းရတာလွတ်လပ်မှုမရှိဘူး၊
မင်းတို့ ခိုင်းတာ လုပ်နေတာ လို့ပြန်ပြောလိုက်ရတယ်တဲ့--““ ဆရာရေ--ဘတ်စ်ကား
လောကမှာ စပယ်ယာ ကအခရာအကျဆုံးပဲ၊ကျနော်တို့ ကဒီကောင်တွေမောင်းခိုင်း
သလိုမောင်းရတယ်၊ ဖိုက်တာတွေ၊ ၀ိုင်တာတွေ မလုပ်တတ်တဲ့ယဉ်မောင်းနဲ့ဆိုရင်
သူတို့ကမကြိုက်ဘူး၊ တစ်ခါကျနော်က လမ်းကြောအတိုင်းပဲမောင်းနေတော့ တပည့်
စပယ်ယာ ကဆရာအဲဒီလိုမောင်းနေလို့ကတော့ အုံနာကြေးတောင်ကျေမှာ မဟုတ်
ဘူး လို့ပြောတယ်။ ဒါနဲ့ အေးပါကွာဆိုပြီး သူတိုတွေ ပြောသလို ရှေ့ကား ကိုဖိုက်
ထား ဆိုရင် လိုက်ဖိုက်ရတာပဲ၊ ဒီနေရာကနေ၀ိုက်မယ်ဆရာရေ ဆိုလည်း လမ်းကျော
မကျပေမဲ့ ၀ိုက်လိုက်ရတာပဲ၊ ဒီကောင်တွေက စားတာသောက်တာ လိုင်းကြေးစတာတွေ
အကုန်လုံးတာဝန်ယူရတာ၊ကွမ်းဆိုရင်ကွမ်း၊ လ္ဘက်ရည်ချိန်ဆိုရင်လ္ဘက်ရည်၊ရဲဖမ်းရင်
သူလိုင်စင်ပေးခဲ့ပြီး သူ့နည်းသူဟန်နဲ့ ပြန်ယူတာ၊ အခါကြီးရက်ကြီးနေ့တွေဆိုရင်
ဘုရားကိုအကြိမ်ကြိမ် ပတ်တာ၊ လိုင်းကိုမ၀င်
တော့ဘူး၊တစ်ခါဆိုရင် အသွားအပြန် အခေါက် ၆၀ ကျော်တယ်၊ထမင်းတောင်မစား
ရဘူး၊ဒံပေါက်ဆိုင် ကဒံပေါက်ဝယ်ပြီး ကားပေါ်မှာ စားရတယ်။ခေါင်းခန်းက ကားခ
ကကျနော်ရတယ်၊ ခေါင်း ခန်း ကတောင်၅၀၀၀-၆၀၀၀ ကျပ်လောက်ရတယ်။
ဘုရားနေ့တွေဆိုရင် အုံနာခပေးပြီး ၂၀၀၀၀-၃၀၀၀၀လောက်ကျန်တယ်။ အဲတော့
ဘတ်စ်ကားလောကမှာ ယဉ်မောင်းက အခရာမဟုတ်ဘူး၊စပယ်ယာ
တွေကအခရာပါ”” လို့သူကပြောပြပါတယ်။ တစ်နေ့တာအပြင်ထွက်
လိုက်တာ ကုန်ကြမ်းတွေရလာလိုက်တာ မမေ့ ခင်ရေး မှ ဆိုပြီး
ရောက်တတ်ရာရာ ရေးလိုက်ရပါတော့တယ်-------


No comments: