Monday, January 20, 2014

သမင်လည်ပြန်ကြည့် မိသော ဘ၀ပုံရိပ်များ



မောင်တိုင်ပင်ရန်ကုန်အိမ်ပြန်ရောက်တော့ ဒိုင်ယာရီဟောင်းတွေ၊ ကွန်ပျုတာပေါ်မှာသိမ်းထား တဲ့ information တွေကိုမွှေနှောက်မိတယ်။ အဲတာတွေပြန်ဖတ်မိရင်းမောင်တိုင်ပင်ရဲ့ အတိတ်ဘ၀ပုံရိပ်တွေကိုပြန်စဉ်းစားသ
တိရလာတာတွေလည်းရှိတယ်။မောင်တိုင်ပင်တို့အချိန် အလုပ် လုပ်စဉ်တုံးက ဒီကနေ့ လို့ပွင့်လင်းမြင်သာမှုမရှိပါဘူး၊ဒါ
ကလည်းခေတ်အခါနဲ့ဘေးပတ်ဝန်းကျင် ရဲ့အနေအထားတွေကြောင့် လည်းဖြစ်ပါတယ်။ မောင်တိုင်ပင်တစ်
ယောက်တည်းမဟုတ်ပါဘူး၊အရပ်သား senior official တိုင်းလိုလိုပါ။ အရပ်ဖက်ပြောင်းလာတဲ့ စစ်ဗိုလ်ကတော့ သူ တို့အစဉ်အလာအရ အစ်ကိုယ်ကြီး ညီလေးတွေဆိုတော့ တစ်သွေးတစ်သံတစ်မိန့်ဖြစ်တာမဆန်းလှပါ။

မောင်တိုင်ပင်အားလုံးကနေပင်စင်ယူပြီးတဲ့နောက်ပိုင်းအရေးအသားတွေဟာပွင့်လင်းလာတယ်၊
ဝန်ကြီးဌာနစီနီယာအဆင့်မှာတာဝန်ယူခဲ့ တဲ့ သူက ရေးရဲတယ်လို့ မိတ်ဆွေတွေကဝေဖန်ကြ
ပါတယ်။လူကြီးတစ်ယောက်ကဆို ညီမကိုသွားပြောပာတယ်--ဦးမျိုးဦးကကျနော်ကိုတစ်ခါတစ်ခါနှက်တယ်လို့ပြောတယ် တဲ့--မောင်တိုင်ပင် ပုဂ္ဂိုလ်ရေးဘယ်တော့မှ မရေးပါဘူး၊လူတကာအောကြောလန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်ကလွဲရင်ပေါ့။အလုပ်နဲ့ပတ်သက်လို့အချိုးမပြေတာတွေကိုထောက်ပြတာပါ--ပင်စင်စားရောဂါလည်းမဟုတ်ပါဘူး--master ဘွဲ့လည်းရတယ်--English လည်းအရေးအဖတ်အပြောအကုန်ရတယ်--နိုင်ငံတကာဗဟုသုတအတွေ့အကြုံအများကြီးရှိတယ်--အတုံးကြီးမဟုတ်ဘူး--ကိုယ့်ဖါသာရောင့်ရဲတင်းတိမ်နိုင်လို့ အလုပ်မလုပ်တာပါ--ဒေါ်လာ ၂၀၀၀ ကျော်လောက်ပေးပြီး ကမ်းလှမ်းတဲ့အလုပ်တောင်ငြင်းခဲ့ပါတယ်--အလုပ်မရှိလို့--ပင်စင်စားရောဂါဖြစ်နေလို့ ဒီကနေ့ ဒီလိုရေးနေတာမဟုတ်ပါ--ဒီနေ့တောင်ဘောစ်နဲ့ တယ်လီဖုန်းမှာ ၁နာရီခွဲကျော်စကားပြောခဲ့တော့ အချိုးမပြေတာတွေ sector တိုင်းလိုလိုရှိနေတာကိုသိခဲ့ရပါတယ်--ဘာတွေအချိုးမပြေတာလဲဆိုတော့ စနစ်ကိုမပြင်ရဲတာ--မပြင်ချင်တာ--mind set မပြောင်းတာတွေပေါ့။ဒါကြောင့်မောင်တိုင်ပင်ရေးနေရတာပါ--မောင်တိုင်ပင်ရေးတာဒါလောက်လဲမဟုတ်သေးဘူးလို့ထင်ပါတယ်။ အခုအချိန်ဟာအရာရာကိုစနစ်သစ်
နဲ့ပြောင်းလဲအစားထိုးနေချိန် လည်းဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ဘ၀မှာ အဆိုးအကောင်းအကျိုး
အကြောင်းတွေကို မချွင်းမချန်ဖေါက်သည်ချရမဲ့အချိန်လို့ဆိုရင်လည်းမမှားပါဘူး။အသက်အရွယ်
ကစကားပြောလာတော့ပြောသင့်ပြောထိုက်တာတွေပြောရမဲ့အချိန်ရောက်နေပြီလေ။ နောက်ပြီး
မောင်တိုင်ပင်ဟာပြည်သူကြားမှာကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းမဟုတ်ဘူး၊အေးအေး
ဆေးဆေးနေချင်ပြီးထင်ပေါ်ကျော်ကြားမှုနောက်ကိုလိုက်နေတဲ့သူလည်းမဟုတ်ဘူး၊ တကယ်တော့မောင်တိုင်ပင်ပွင့်ပွင့်လင်းလင်းရေးခဲ့တာဟာမောင်တိုင်ပင်ရဲ့အမြင်တစ်ခုတည်းမ
ဟုတ်ပဲလုပ်ဖော်ကိုင်ဖက်တွေခံစားနေရတာတွေ--တူညီသောအမြင်ရှိနေကြတဲ့သူတွေ-ပြည်သူတွေ-ရဲ့ခံစားနေရတာတွေ ကို နားလည်ပြီး သူတို့ ကိုယ်စား ကြိုးစား ရေးခဲ့ ရတာပါ။သူတို့ကတော့မရေးတတ်တာ
လဲပါမယ်၊မရေးရဲတာလဲပါချင်ပါနိုင်ပါတယ်။အာရကေကိစ္စတွေ၊မိုယ်းကျရွှေကိုယ်တွေအရပ်ဖက်
ပြောင်းလာ ကြတဲ့အခါဘယ်ခုံစားပွဲကတော့ဘယ်လိုရပြီးဘယ်လိုနေပေါက်စားပေါက်ချောင်
တာတွေကိုအဓိကထားကာပိုင်ရင်ပိုင်သလို--ကတော်တွေကိုမိန်းမတွေကတဆင့်ကပ်ရပ်ပြီးနေ
ရာယူတာတွေကိုမြင်နေကြားနေရတော့လဲမိမိအတွေ့အကြုံတွေကို မျှဝေမိတာလဲပါ
တာပေါ့လေ-- အမယ်လေး--ဒီခေတ်မှာတောင်အဲဒီလိုအစားချောင်တဲ့နေရာကိုမှန်းပြီးလာတဲ့
မိုယ်းကျရွှေကိုယ်တွေကိုကိုယ်တိုင်တွေ့ခဲ့တယ်ဗျ-- မယုံမရှိနဲ့ကိုယ်တွေ့-- အစ်ကို ကြီးညီလေးပုံစံတော့မဟုတ်တော့ဘူးတစ်ရပ်တည်းသားဘယ်သူသားပါဆိုပြီးဆွေမျိုးစပ်ရောက်လာတာ-- လူကြီး ကအရပ်သားကိုး--

မောင်တိုင်ပင်အနေနဲ့ အဲဒီအချိန်ကရာထူးမတက်နိုင်တော့တဲ့အငယ်အရာထမ်းတွေရဲ့ရင်ဖွင့်
သံတွေလည်းကြားရတော့ကိုယ်ချင်းစာမိပါတယ်။အခုတော့အသီးသီးကိုယ်စီလူမှန်နေရာ
မှန်တွေတော့ရောက်နေပါပြီ--ကိုယ်အငယ်တန်းဘ၀ ဆိုရှယ်လစ်ခေတ်တုံးကဒီလောက်လဲပြိုင်
ဆိုင်မှုတွေမရှိခဲ့ဘူးကိုး၊ BSc Engg ဆရာအချို့လည်းအထက်လူကြီးမိုးကျရွှေကိုယ်တွေနဲ့အဆင်
မပြေတော့အလုပ်ကထွက်ကြတယ်။ကိုယ်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူတွေပေါ့။အးအေးနေချင်တဲ့
သူတွေကတော့ကျန်ခဲ့တာပဲ။ဒါပေမဲ့သူတို့ရင်တွေထဲမှာတော့မကျေနပ်ချက်အပြည့်နဲ့ပါ။လုပ်သက်နည်းနည်းငယ်တဲ့ကိုစိုးဝင်းတို့ကိုလှထွေးတို့၊ကိုဝင်းမြတ်တို့၊ကိုအောင်ကျော်မင်း၊ကိုအောင်သန်းတို့လိုလူငယ်တွေကလဲယုံကြည်မှုအပြည့်ရှိတာမို့အလုပ်ကနေထွက်ပြီးထုံးစံအ
တိုင်းစင်ကာပူကိုသွား ကြတယ်။ အခုတော့ယူအက်စ်တို့ သြစီ တို့ရောက်နေကြပြီ။

မောင်တိုင်ပင်အလုပ်ဝင်ပြီးစ လအနည်းငယ်လောက်ကြာတော့မောင်တိုင်ပင်ရဲ့အကြီး
ဆုံးသောဘောစ်ကိုအဲဒီတုံးက၀န်ကြီးကခင်ဗျားသွားတော့ဆိုပြီးပင်စင်ပေးခဲ့တာ၊အဲဒီတုံးကနားမလယ်ဘူး၊ဒါလောက်တော်တဲ့ဘောစ်ကိုဘာကြောင့်များကြက်ကလေး
ငှက်ကလေးလိုဖယ်ရှားပစ်လိုက်တာလဲဆိုတာဘယ်လိုပြောရမှန်းကိုမသိတော့ဘူး။
နောက်ဆုံးတော့အဲဒီလူကြီးလဲပလ္လင်ပေါ်ကခွေးကျကျပြီး အရူးလို့သမုတ်ခံလိုက်ရရော။ မောင်တိုင်ပင် ဘောစ်ကတော့ FAO မှာ ချက်ချင်းအလုပ်လုပ်ဖို့ အခေါ်ခံရပြီး အာရှဒေသတိုင်းပြည်တိုင်းလိုလိုသူကျွမ်းကျင်တဲ့နယ်ပယ်မှာနံမည်အရမ်းကြီးခဲ့ပါတယ်--မောင်တိုင်ပင်တို့တောင်နို်င်ငံခြားရောက်ရင်သူတပည့်တစ်နှစ်လောက်ဖြစ်ခဲ့ဘူးတာနဲ့အထင်ကြီးခံ
သေးတယ်။

မိုယ်းကျရွှေကိုယ်တွေအရပ်ဖက်ဝင်လာတော့လုပ်ဖေါ်ကိုင်ဖက်အင်ဂျင်နီယာတွေတသုတ်ပြီးတ
သုတ်ဌာနကနေ လစ်ကြတဲ့ အချိန်မှာ မောင်တိုင်ပင်ကကောဘာလုပ်နေတာလဲလို့မေး
စရာရှိပါတယ်။မောင်တိုင်ပင်ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်လှန်မကြည့်ချင်တော့ပေမဲ့အ
ခုချိန်မှာတော့ပြောပြရတော့မယ်။မောင်တိုင်ပင်ဟာသူများလုပ်ဖေါ်ကိုင်ဖက်တွေထက်
ထူးကဲစွာဘီးလတ်ကိုပညာတော်သင်သွားခွင့်ရခဲ့တယ်။အဖါးကောင်းလို့လည်းမဟုတ်ရပါဘူး၊အကပ်အရပ်လည်းယခုခေတ်လိုမရှိပါဘူး၊စားမေးပွဲ ၂ ခုဖြေရတယ်။ လုပ်ငန်းနဲ့ဆိုင်တာ
ရယ်အင်္ဂလိပ်စာရယ်ပါ။အဲဒီအချိန်တုံးကမြန်မာအစိုးရနဲ့ ဗြိတိသျှနဲ့အဆင်ပြေနေတော့
“အိုင်အက်ဖ်အယ်လ် “မှာအင်္ဂလိပ်စာပါမောက္ခရှိတယ်။အခုခေတ်အတိုင်းပါပဲ။ “အိုင်အီးအယ်လ်တီအက်စ်“ဖြေရတယ်။ “ဘင်“ က၆.၅ ရတယ်။အဲတော့အောင်ပြီပေါ့။မောင်တိုင်ပင်က မန္တလေး စိန်ပီတာကျောင်းထွက်လေ၊အင်္ဂလိပ်စာကိုဝါသနာပါတော့ဖတ်တယ်။လေ့ကျင့်တယ်ဒါတောင်ဘီးလတ်ရောက်တော့ဆရာပြောတာဆိုတာနားမလည်လို့ဒုက္ခ
ရောက်သေးတယ်။ ပါစင်နယ်လ်ကျူတာကိုတွေ့တော့ အကျိုးအကြောင်းပြောတဲ့အခါ သူက ရီပြီး မင်းတီဗွီမကြည့်ဘူးနဲ့တူတယ်လို့ပြောတယ်။တီဗွီကို အချိန်သတ်မှတ်ပြီး ကြည့်ပါလို့ပြောတော့မှ ၃ လလောက်လည်းနေရော အင်္ဂလိပ်တစ်ယောက်စကားပြောလိုက်ရင်သူဘယ်အပိုင်းကလဲဆို
တာအထိကိုယ်ကပြောနိုင်တယ်။စကားကိုနားထောင်နားလယ်ခြင်း( listening) ဟာတော်တော်အရေးကြီးပါတယ်။ ”ကွင်းစ်အင်္ဂလိပ်ရှ် ”လိုပြောရင်ချက်ချင်းဘာပြောတယ်ဆို
တာနားလည်ပေမဲ့ သာမန်လူတန်းစားအင်္ဂလိပ်ကပြောရင်နားကိုမလယ်တာ။ အဲဒီအချိန် တုံးက“အိစ်အင်ဒါ“ ဆိုတာ တီဗွီမှာ ပြနေတယ်လန်ဒန်အရှေပိုင်းမှာနေတဲ့“ကော့ကနီ“တွေရဲ့စ
ကားပြောသံကို နားယဉ်အောင်အဲဒီမှာလုပ်ခဲ့ရပြီးသူငယ်ချင်းအချင်းချင်းစကားပြောတဲ့အခါ
”ကော့ကနီ”လေသံတုတုပြောကြတာကိုမှတ်မိနေသေးတယ်။ကဲ ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ---

ဘီးလတ်ကပြန်ရောက်တော့ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန ဒါရိုက်တာရာထူးမှာ
ချက်ချင်းတာဝန်ပေးခံရတယ်၊အဲဒီအချိန်ကလူကြီးရဲ့ pet project ပါ၊ မောင်တိုင်ပင်ကို လည်းအဲ ဒီအချိန်ကလူကြီးကတော်တော်အားကိုးတယ်။အဲဒါ ၈၆ခုနှစ်မှာပါ။ သုတေသနလည်း
ဝါသနာပါတော့တော်တော်လေးလုပ်နိုင်ကိုင်နိုင်ခဲ့ပါတယ်။ မောင်တိုင်ပင် လက်ရာတွေ ကိုအခုထိရိတ်သိမ်းချိန်လွန်နည်းပညာပိုင်းမှာသုံးနေဆဲပါ၊ လက်ကမ်းစာစောင်တွေ၊နည်းပညာစာတမ်းတွေ၊သုတေသနစာတမ်းတွေအများကြီးလုပ်နိုင်ခဲ့ပါတယ်။ ၈၈ အရေးအခင်းမှာကုန်သွယ်ရေးရုံးဖျက်ဆီးခံရပြီးနောက်ပိုင်းစစ်တပ်ကအာဏာသိမ်းတော့ အရင်အကြီးအကဲ ကမောင်တိုင်ပင် ကိုမရမက ဆက်သွယ်ပြီးသူဆီချက်ချင်းလာဖို့ခေါ်တယ်၊မောင်တိုင်ပင်လည်းဖြစ်တဲ့နည်းနဲ့ သူရုံးခန်း ဆီကိုချီတက်ခဲ့ ရတယ်။ဘာကားမှ မရှိဘူး၊ မြို့ကြီးတစ်ခုလုံး ကျီးလန့်စာစာ ဖြစ်နေချိန်ပေါ့--သူရုံးခန်း ရောက်တော့ ဘီရို ၂ လုံးလောက်ရှိတဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာစာအုပ်တွေစာတမ်းတွေ မင်း ဌာန ကစာကြည့် တိုက် ကိုအကုန်ယူသွားတော့ လို့ဆိုတော့ မောင်တိုင်ပင်မှာ ရုံးပြန်ပြီး ဂုံနီ အိတ်အလွတ် တွေယူပြန်လာရတယ်။ ၁၀ အိတ်လောက်ရှိမယ်။မောင်တိုင်ပင်နဲ့ ဌာန ကတပည့်တစ်ယောက်ကိုကူဖို့ခေါ်ရတယ်။သူနဲ့အတူ ဂုံနီအိတ်တွေ ကိုအောက်ချ ဆိုက်ကားငှားရတယ်။ စစ်တပ်အာဏာသိမ်းပြီးကာစ ဆိုတော့ နည်းနည်း လူတွေသူတွေတစ်စတစ် ထွက်လာကြပြီ။ ဆိုက်ကား ၃ စီးနဲ့တူတယ်၊ရှေ့နောက် စီတန်းပြီး ပန်းဆိုးတန်းက ကုန်သွယ်လယ်ယာ ရုံးချုပ် ကို နင်းခိုင်းရတယ်။ လမ်းမှာ လူတွေကတော့ ၀ိုင်းကြည့်နေကြတာပေါ့--

၈၈အရေးအခင်းတုံးကလှည်းကူးရိတ်သိမ်းချိန်လွန်နည်းပညာဌာနထဲမှာဝန်ထမ်းအိမ်
ယာတွေရှိနေတဲ့အပြင်လှည်းကူးကျွန်ကလေးကျေးရွာက ရွာခံတွေလည်းကောင်းတော့
အဖျက်မခံရဘူး၊ ၈၉ နောက်ပိုင်းမှာတော့အများသိတဲ့အတိုင်းဝန်ထမ်းတွေကိုအမျိုးမျိုးဖိနှိပ်တော့
(၃၃ ချက်ဖြည့်ရတာမျိုး)ထွက်ကုန်ကြတယ်။ ရှစ်လေးလုံးတုံးကပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြတဲ့
ဝန်ထမ်းတွေအလုပ်ထုတ်ခံခဲ့ရတယ်။ အရပ်သားဝန်ထမ်းတွေကို မယုံကြည်တော့တာကြောင့် အလုပ်ထွက်ချင်ထွက်နိုင်တယ်ဆိုတာမျိုးလည်းကြားရတယ်။အဲဒီအချိန်မှာဗိုလ်ချုပ်အောင်ဆန်း
ကိုအပုတ်ချတဲ့ Official ရုံးစာတောင်ထွက်လာလို့ဖတ်လိုက်ရတယ်--သတ္တိရှိပြီး ကိုယ်ကိုကိုယ်ယုံကြည်ချက်ရှိသူတွေထွက်စာတင်တာထွက်ခွင့်ရခဲ့တယ်။ အဲဒီတောအတွင်းမှာမောင်တိုင်ပင်ဟာတွေဝေနေခဲ့တယ်။သတ္တိမကောင်းတာလည်းပါတာပေါ့။
တကယ်တော့ ငါမသွားသင့်ဘူး၊နိုင်ငံခြားမှာပညာတော်သင်သွားထားတယ်၊ရာထူးလေးက
လည်းတော်တော်တန်တန်လေးရထားတယ်၊ကိုယ်ကိုကိုယ်ဘာကောင်လိုလိုအထင်ကြီးနေမိ
တယ်။အလုပ်အကျွေးပြုသင့်သေးတယ်၊ဘာညာတွေးမိတာပေါ့ကိုယ်ပဲလုပ်နိုင်ခဲ့တယ်လို့အထင်
ရောက်ခဲ့တာပေါ့ ။

တစ်ခါ အက်ဖ်အေအို တို့ဘာတို့မှာမောင်တိုင်ပင်ဘွဲ့ရထားတဲ့ ပညာရပ် ဆိုင်ရာ professional
အလုပ်ခေါ်တာတွေပလူပျံနေတဲ့အပြင် ”ယူအင်န်ဗေါ်လံတီယာ” တွေလည်းခေါ်နေတဲ့အချိန်ဖြစ်
တယ်။ ဒါအပြင်သက်ဆိုင်ရာလူကြီးအသစ်ရောက်လာပြီးဝန်ထမ်း တွေနဲ့တွေ့တဲ့ ပွဲမှာ ”ခင်ဗျားတို့အလုပ်ကနေထွက်ချင်ရင်ထွက်ပါ၊ထွက်ခွင့်ပေးမယ်” လို့ပြောခဲ့တယ်။ ဒါကိုယုံခဲ့မိ
တယ်။ နောက်မှ တခြားဌာနက အရပ်သားဦးဆောင်ညွှန်ကြားရေးမှုး ကပြောပြမှ အော်--ဒါဟာ ” ဆပ်ခ်ျဖိုင်းယား” လုပ်လိုက်တာပါလားလို့ စစ်တပ်ရဲ့လှည်စားမှုဆိုတာနောက်မှသိလာရတယ်။မောင်တိုင်ပင်ကတော့အဲဒီလူကြီးပြောစကားကိုယုံခဲ့တယ်။ အင်မတန်ကောက်ကျစ်စဉ်းလဲခဲ့ကြ
တယ်--အလုပ်ကထွက်စာတင်ပြီးအလုပ်ကနေခွင့်ရက်ရှည်ယူပစ်လိုက်တယ်။ အဲဒီမှာဝန်ကြီး
ဌာနအထက်အဆင့်မှာတော်တော်ကိုဂယက်ရိုက်ခဲ့ပါတယ်။မောင်တိုင်ပင်ကိုချစ်တဲ့ဝန်ထမ်း
တစ်ယောက်ကကော်ပီကူးပေးလို့ မောင်တိုင်ပင် ကေစ် ကိုဆွေးနွေးတဲ့ ဖိုင်အမှုတွဲ ကော်ပီတောင်နောက်ပိုင်းမှာမောင်တိုင်ပင်ရခဲ့ပါတယ်။ ၉၂ခုကုန်လောက်မှာဖြစ်ခဲ့တာပါ။မောင်တိုင်ပင်ရုံးပြန်မတက်ရင် ရဲမှာအမှုဖွင့်မယ်ဆိုပြီးချိန်းခြောက် ခံရလို့ သတ္တိမရှိစွာနဲ့ပဲ မာန်ချပြီးရုံးပြန်တက်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့မြန်မာပြည်အရပ်ရပ်မှာယိုယွင်းပျက်
စီးနေချိန်ပါ၊အရပ်ဖက်နဲ့စစ်ဖက်ကလည်းမျက်နှာချင်းသာဆိုင်နေရပေမဲ့ရင်တွေမှာ
အကြိတ်အခဲတွေနဲ့ပါစစ်ဖက်ကလည်းအရပ်ဖက်ကိုလုံးဝအယုံအကြည်မရှိတော့ပဲ အမ်ဒီ၊ ဂျီအမ် အဆင့်လောက်မှာ စစ်ဖက်ကလူတွေရောက်ခဲ့ပြီး သူတို့ယုံကြည်တဲ့အရပ်ဖက်က
သူတွေလုပ်ငန်းမှာအတော်နားလည်တဲ့သူတွေလောက်အနည်းအကျဉ်းပဲအကြီးတန်း
ရာထူးတွေမှာနေမြဲဖြစ်ခဲ့ပါတယ်။ပရောဖက်ရှင်လုပ်ငန်းစစ်စစ်ဖြစ်တဲ့မောင်တိုင်ပင်ဌာန
မှာလည်း စစ်ဗိုလ်တစ်ယောက်ရောက်လာပါတယ်။ကံကောင်းတာ တစ်ခုကသူဟာမောင်တိုင်ပင်
အလုပ်မှာဘာမှဝင်မစွက်ပဲမောင်တိုင်ပင်ကိုနေမြဲအတိုင်းလုပ်နိုင်အောင်--သူနေထိုင်ပါတယ်။ လူကြီးလာစစ်တော့သူမကြိုက်တာတွေတွေ့တဲ့အခါ မောင်တိုင်ပင်ကိုမဆူပဲသူပဲဖိဆူပါတယ်။သူလည်းတော်တော်စိတ်ပျက်ခဲ့တယ်။ခေါင်းကဆံပင်နည်းနည်းလေးရှည်တာကအစဆူတယ်။တကယ်လို့သာသူဟာမောက်မာတဲ့သူဆိုးတဲ့သူဖြစ်ခဲ့ရင်မောင်တိုင်ပင်အနေနဲ့အလုပ်ကနေအမြန်ဆုံးထွက်ဖြစ်မှာပါပဲ။ အဲဒီလူကြီးရဲ့လူယုံစစ်ဗိုလ်(နောက်ပိုင်းထောင်ကျသွားပြီးအခုတော့
လွတ်လာပါပြီ၊ သူကမွတ်စ်-- အခုခေတ်ဆိုဘယ်လွယ်မလဲ၊ရုံးမှာညနေဆိုရင်မွတ်စ်တွေ
တရုံးရုံး)၊ အောက်မှာရွှေ့ပြောင်းလုပ်ရတဲ့အင်ဂျင်နီယာတစ်ယောက်ကိုလည်းအလုပ်ကနေ
ထွက်ပြေးခိုင်းခဲ့တယ်။လူတော်တစ်ယောက်ပေမဲ့ သူဘ၀ ကဆက်နေရင်သွားတော့မယ်။သူနဲ့အတူတွဲ လုပ်နေတဲ့ လူကြီး လူတွေကမဟုတ်တာကအကုန်လုပ်နေတာလေ၊ မောင်တိုင်ပင် ကောသူကော အလုပ်မှ principle နဲ့နေတာ--မောင်တိုင်ပင်အသာလေးကြည့်နေလိုက်တယ်၊ နောက်တော့ သူတို့တတွေ ကျဆုံးခန်းတွေမြင်ရတော့ သံဝေဂ ရခဲ့တယ်။ မောင်တိုင်ပင်နဲ့
မတွေ့ရတော့ထွက်မပြေးပဲဆက်အတူတွဲလုပ်ခဲ့တဲ့ဝန်ထမ်းဆိုကြံရာပါဆိုပြီးအလုပ်ကနေထုတ်
ပစ်ခံရလိုက်တယ်၊ထောင်မကျတာတော်သေးတယ်။--မောင်တိုင်ပင်ကကြာသပတေးသား စိတ်ကြီးတယ်၊ကိုယ့်ကိုလုပ်ထားတဲ့သူကိုဘယ်တော့မှ မမေ့ဘူး၊သူတို့အလုပ်ကနေ
ထွက်ပြေးခိုင်း လို်က်တဲ့ မောင်တိုင်ပင်တပည့်ကိုအခွင့်အရေးတစ်ခုပေါ်လာတော့သူကိုနိုင်ငံခြား
ကုမ္ဗဏီတစ်ခုမှာဆွဲသွင်းပေးလိုက်တယ်၊အခုထိအဲဒီ နိုင်ငံခြားကုမ္ဗဏီတစ်ခုမှာ ပုံ မှန်လေးပဲ၊
ဘ၀အာမခံချက်ရသွားတာပေါ့။ဆက်သာနေရင်အလုပ်ထုတ်ခံရမယ်၊ထောင်ကျချင်ရင် ကျမယ်။ ဒီလူတွေဟာ တော်တော်ကိုစည်းလွတ်ဝါးလွတ်လုပ်ခဲ့တာပါ။ အဲလိုဗိုလ်ချုပ်တွေကိုအခုအချိန် on line ပေါ်မှာနင်ပဲငဆပြောဆိုဆဲနေတာဟာပြည်သူတွေမလွန်ဘူး၊ တကယ်ကိုနိုင်ငံပိုင်
ပစ္စည်းတွေကို စည်းလွတ်ဝါးလွတ်လုပ်ချင်သလိုလုပ်ခဲ့ကြတာပါ။

၉၀ခုနှစ်မှာမောင်တိုင်ပင်ယောက္ခမထိုင်းလေကြောင်းနဲ့ အင်္ဂလန်ကသူတို့သားဆီကအ
ပြန်လေယဉ်ပြန်ပေးဆွဲခံရပါတယ်။ ဇနီးဖြစ်သူဟာအင်မတန်မှကိုထိပ်လန့်တုန်လှုပ်သွားပြီး မိဖများပြန်ရောက်လာသည့်တိုင်ခေါင်းထဲသွေးရောက်ပြီးဦးနှောက်အရည်အိတ်ထဲ
မှာသွေးကြောပေါက်ခဲ့ပါတယ်။သူ့မှာ SAH ရှိနေပါတယ်၊မွေးရာပါ သွေးကြောများပါးပြီးဖေါင်းနေ
တဲ့ရောဂါပါ၊ဆေးရုံတစ်လလောက် တက်ခဲ့ရပြီး ပြန်ကောင်းလာပါတယ်။ဒုတိယအကြိမ်ဖြစ်ရင်
မလွယ်ဘူးဆိုတာသိပေမဲ့ မိသားစုထဲမှာသိုးမဲဖြစ်နေတဲ့ဇနီးဟာမိသားစုနဲ့ပြသာနာမဖြစ်အောင်
ထိန်းထိန်းသိမ်းသိမ်းနေခဲ့ပါတယ်။မောင်တိုင်ပင် အလုပ်ထွက်စာတင်တာကိုလက်မခံတော့
ဇနီးသည်တော်တော်စိတ်ဆင်းရဲခဲ့ပါတယ်။ဇနီးရဲ့ဦးလေးကစစ်အစိုးရထဲမှာ အရပ်သား ၀န်ကြီး တစ်ပါးပါ၊သူကတဆင့် မောင်တိုင်ပင်အကြီးအကဲကိုပြောခိုင်းတော့ မောင်တိုင်ပင် ဘ၀ မှာ ဓါတ်ရှင်လူကြမ်းကြီးတွေလို့သတ်မှတ်ထားတဲ့လူတွေကဘာပြောသလဲဆိုရင် “ ဒီကောင် လူကြီးတွေကိုကပ်ရပ်ပြီး သူအလုပ်ကနေထွက်ရဖို့ပြောခိုင်းနေတယ်၊ ”ဘာညာဆိုပြီးပြောတယ်၊ဘာကြောင်ထွက်ချင်တာလဲအကြောင်းရင်းမှန်ကိုမသိဘူး၊ ဇနီးဆုံးသွားပြီနောက် မှ ၀မ်းနည်း
ပါတယ် ဘာညာလာပြောပေမဲ့ မောင်တိုင်ပင် ရင်ထဲမှာ တောရွေှ့ဥဒေါင်းပြောသလိုဆူး
တစ်ချောင်းကပေါက်နေပါပြီ။ ဇနီး ကသူ့ရောဂါကိုနိုင်ငံခြားမှာကုချင်တယ်၊ဦးနှောက်ကိုခွဲ
ရမှာကိုး။အဲဒီအချိန်ကဘန်ကောက်တို့ စင်ကာပူတို့မှာ ဆေးသွားကုတာမျိုးခေတ်မစားသေးသ
လို သူတို့ လိုလူကြီးမ ဟုတ်ရင် ဘုတ်တင်ရတာနဲ့ ဘာနဲ့ တော်တော် ခက်ပါတယ်။အဲတော့ ၂ပါတ်တစ်ကြိမ်ဒေါ်မိမိချိုဆီမှာ မှန်မှန်ပြရတယ်။ဒါနဲ့သူမရဲ့ ဦးလေးတစ်ယောက် ဆုံးသွားရှာပြီဖြစ်တဲ့ဒေါက်တာဖေညွန့် ကသူကိုကနေဒါမှာလာနေဖို့မူကြိုခလေးတွေ
ကိုထိန်းတဲ့အလုပ်လုပ်ဖို့အလုပ်ခေါ်စာနဲ့ခေါ်ပါတယ်။သူတစ်ယောက်တည်းသွားမယ်ပေါ့လေ--အဲဒီကိစ္စကိုစီစဉ်နေတုံးမှာပဲ ဇနီး ဒုတိယအကြိမ် ဦးနှောက်သွေးကြောပေါက်ပြီးရုတ်တရက်
ဆုံးပါးသွားခဲ့ပါတယ်။မောင်တိုင်ပင်တော်တော်စိတ်ဓါတ်ကျပြီးအလုပ်လည်းသွားချင်မှသွားတယ်၊အချိန်ရှိသရွေ့ ဗြိတိသျှကောင်စီစာကြည့်တိုက်၊အမေရိကန်ပြန်ကြားရေးစာကြည့်
တိုက်တွေမှာပဲအလုပ်အချိန်ကိုဖြုန်းခဲ့ပါတယ်။အဲဒီအချိန်က အဲဒီစာကြည့်တိုက်တွေသွားရင် စစ်ထောက်လှမ်းရေးကစောင့်ကြည့်နေတာ၊ မောင်တိုင်ပင်ကတော့ ဘာမှာ ဂရုမစိုက်နိုင်တော့
ဘူး၊အဲဒီအချိန်က မောင်တိုင်ပင်မှာလွှဲရတဲ့လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ရှိခဲ့တော့အဲဒီလို
စိတ်လေနေဖို့အချိန်ကောင်းကောင်းရခဲ့ပါတယ်၊မောင်တိုင်ပင်စိတ်လေနေတာစာဖတ်တဲ့ဘက်
မှာရောက်သွားတာတော်သေးတာပေါ့။တခြားဖက်များရောက်သွားရင်တွေးရဲစရာမရှိတော့ဘူး။ဇနီးဆုံးတော့သမီး က ၁၇နှစ်ပဲရှိသေးတယ်။ယောက္ခမအိမ်မှာပဲဆက်နေခဲ့တယ်။အိုးခွဲတော့စားတာပေါ့။၂နှစ်လောက်စိတ်လေခဲ့ပြီးအနယ်ထိုင်လာတော့ဆရာရင်းတစ်ယောက်က အမ်ဒီဖြစ်လာတယ်၊သူကသူလုပ်ခဲ့တဲ့ဌာနမှာ လာလုပ်ဖို့ခေါ်တယ်။ အင်ဂျင်နီယာတစ်ယောက် ဟာ မန်နေဂျာအလုပ် ကိုလုပ်တာကုန်သွယ်လယ်ယာသမိုင်းမှာ မောင်တိုင်ပင်တစ်ယောက်
ပဲရှိမယ်ထင်တယ်။ဒီလိုလုပ်ခဲ့တဲ့အစဉ်အလာလည်းမရှိတော့ရုံးကလူတော်တော်များများက
အံ့တွေသြ ကုန်ကြတယ်။ဆရာကမောင်တိုင်ပင်ကိုယုံယုံကြည်ကြည်ခိုင်းတာ ပါ၊ဲတာဝန်ပေးတာပါ။ မောင်တိုင်ပင် ကအဲဒီအချိန်မှာ ယုံကြည်ချက်အပြည့်ရရှိနေပြီ၊ဘယ်လိုစိတ်ကို ကီ သွင်းသလဲဆိုရင် စစ်ဗိုလ်တစ်ယောက်တောင်သူမကျွမ်းကျင်တဲ့အလုပ်မှာ လုပ် နိုင်သေးရင် ငါလိုပညာရှင်တစ်ယောက်က ဘာလို့မလုပ်နိုင်ရမှာ လဲ ဆိုတဲ့ ကီ ကိုအမြဲသွင်း
ပါတယ်။ တော်တဲ့စစ်ဗိုလ်တွေကတော့ လုပ်ငန်းမှာအဆင်ပြေပြေလုပ်နိုင်တာကိုတွေ့သလို ညံ့တဲ့ စစ်ဗိုလ်တွေကတော့ အစပထမပိုင်းမှာ ဟောက်စားလုပ်ကြည့်သေးတယ်၊သို့သော် သူကတစ်ယောက်တည်း သူ့ကိုအောက်က ပညာဝိုင်းပြတာခံရတော့ ကွဲတာပဲ။တချို့ လည်းထောင်တန်းတွေဘာတွေကျကုန်တယ်။ ကုန်သွယ်လယ်ယာ ဆိုတာ management က ၂၀% လောက် ကျန်တာ ၈၀% technology ပါ။ technology မကျွမ်းရင် management က အလိုလို ညံ့သွားရော။အဲဒီအချိန်မှာ မောင်တိုင်ပင်ကိုဆော်ခဲ့တဲ့ လူကြီး ကမရှိတော့ဘူး၊ အာဏာလုတဲ့ပွဲမှာ ဂိန်သွားရော။ နောက်ပိုင်းမှာ မောင်တိုင်ပင်တို့ ကံအကျိုးစပ်လိုက်ပုံများ
ကတော့အဲဒီပုဂ္ဂိုလ် ရဲ့ မြေး က စင်ကာပူ မောင်တိုင်ပင်ရဲ့သမီး အိမ်မှာ အခန်းလာငှားနေသေး
တယ်။အခုခေတ်ထိအောင် မောင်တိုင်ပင် ဘ၀ဇတ်လမ်းမှာကြုံခဲ့ ရတဲ့ ဓါတ်ရှင်လူကြမ်း တွေဟာ (အဲဒီထဲကတစ်ယောက်ဆိုရင် အခုထိပြည်သူများကအော်ကျောလန်သူပါ) မောင်တိုင်ပင်နဲ့ တစ်နည်းမဟုတ် တစ်နည်း နောက်ပိုင်းတွေမှာလာ လာဆက်စပ်နေတာတွေ့တော့ ဘ၀အကျိုးပေးကိုတော်တော် အံ့သြမိတယ်--ထင်ချင်ထင်ကြမယ်၊ဒီကောင်တော်တော်
အညှိုးကြီးပါလား လို့-- မဟုတ်ပါဘူး၊သူတို့တတွေရဲ့ ကျဆုံးခန်းတွေဟာမောင်တိုင်ပင်
ပယောဂတစ်ခုမှ မပါ ပါဘူး၊ သူ့ တို့ စိတ် သူတို့ ကံအကျိုး ပေးနဲ့ ပဲ သူတို့ ကိစ္စ သူတို့ ရှင်း သွားကြတာပါ။ဝမ်းတော့မသာပါဘူး၊သံဝေဂတရားအများကြီး ရပါတယ်။ မောင်တိုင်ပင် ပင်ကိုယ်စိတ်က နှုးညံ့ ပါတယ်။ အမေရဲ့ ဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာရတော့ ပိုပြီးတောင် နှုးညံ့ တယ် လို့ ကိုယ်ဖါသာကိုယ် ထင်မိပါတယ်။ အော်--တော်တော်ကံစပ်တာပဲနော်--

သမီးရဲ့ဘ၀ရှိနေသေးတော့သူကိုပျိုးထောင်ပေးဖို့ကြိုးစားခဲ့တယ်။ နောက်ဆုံးလူတစ်လုံး
သူတစ်လုံးဖြစ်ခဲ့ပြီးစင်ကာပူမှာပညာသင်အလုပ်လုပ်ကိုင်နိုင်တဲ့အဆင့်အထိသူဘ၀ကို
“အဖတစ်ဦး” တည်းအနေနဲ့ထုဆစ်ပေးခဲ့ရတဲ့ဘ၀ခရီးကြမ်းဟာကိုယ်မပင်ပမ်းသော်လည်း စိတ်ပင်ပမ်းခဲ့ပါတယ်။အခုတော့လည်းသူကိုယ်တိုင်ကသား၂ယောက်မိခင်ဖြစ်တော့မယ်၊ချစ်စရာ
ကောင်းတဲ့မြေးအကြီးလေးမွေးထားတဲ့အတွက် မောင်တိုင်ပင် မှာတအားဖြစ်ခဲ့ ရပါတယ်--သူကြောင့်အကုန်လုံးကိုစွန့်လွှတ်နိုင်တယ်--။ဒါပေမဲ့ မြေးဆိုတာအဖိုးတွေဟာ
ဆိုင်သာဆိုင်ပါတယ်၊မပိုင်ကြပါဘူး၊ဒီအချက်ကိုသတိ မမေ့လျော့ ရအောင်နေရပါ
တယ်၊သူတို့သားသမီး ကို သူတို့ လိုချင်တဲ့ပုံစံသွင်းချင်ကြမှာ ပဲလေ--ကိုယ်တုံးကတော့ သမီး ၁၇နှစ်အထိ မိစုံဖစုံရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းဘ၀ဟာကြမ်းတမ်းလှပါတယ်။ရုပ်ပိုင်းဆိုင်ရာ
ကြမ်းတမ်းမှုတော့မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့တော်တော်ရုန်းကန်လှုပ်ရှားခဲ့ ရပါတယ်။ အလုပ်နဲ့ သမီး ဘ၀ရှေ့ရေးကို အမြဲ စဉ်းစားပြီး ချိန်ဆကြရတာတော်တော်စိတ်ပင်ပမ်းပါတယ်။ဒါကြောင့်လည်းstress တွေကနေအားလုံးလွတ်သွားတဲ့အချိန်မှာ ဒီလို stress ရှိတဲ့ ဘယ်အလုပ်မျိုးမဆို မ လုပ်ချင်တော့တာမောင်တိုင်ပင်ဘ၀မှာတော်တော်ခံခဲ့ ရလို့ ပဲလို့ မှတ်ယူပါတယ်။idleness ဟာလူကိုဖျက်ဆီးတယ်ဆိုတဲ့စကားရပ်ကိုမောင်တိုင်ပင် တပည့်တွေကိုအမြဲပြောခဲ့ပါတယ်။

အသက်အရွယ်ပိုင်းကြီးလာသည်နှင့်အမျှ အကြီးအကဲကောင်းတွေနဲ့တွေရတော့ ကိုယ့် မှာရှိတဲ့အရည်အသွေးတွေဟာတောက်ပြောင်လာတယ်လို့ထင်မိပါတယ်။အရေးကြီးဆုံးက ကိုယ့်ကို ကိုယ် ယုံကြည်မှုအပြည့်ရှိလာပါတယ်။ဒီအကြီးအကဲကောင်းတွေနဲ့အခုထိဆက်
သွယ်မှုရှိနေဆဲပါ--မောင်တိုင်ပင်ဟာဘာလုပ်လုပ်ချောချောမောမော ဘယ်တော့မှ
မဖြစ်တော့တော်ယုံအခက်အခဲလောက်ကို မမှုတော့ဘူး၊အစကတော့ဘ၀ပေးကံ
မကောင်းပါလားလို့ ထင်မိတယ်၊နောက်ပိုင်းတော့ငါ့ အရည်အသွေးတွေ တိုးတက်လာဖို့အတွက် စမ်းသပ်တာခံရတာပါလား လို့မှတ်ယူတော့ပါတယ်။

အော်--ဘ၀လမ်းကြောင်းတစ်လျှောက်ကို သမင်လည်ပြန်ကြည့် မိတော့သံဝေဂ ရစရာတွေကများပါတယ်။အသက်ကြီး လာလို့လားတော့မသိ-- ၀ိပသာနာတရားအရ ပစ္စပ္ဗန်
ကိုပဲရှုတာအကောင်းဆုံးပါပဲနော်---

No comments: