ဒီဆွေးနွေးပွဲဟာ ယနေ့မြန်မာနိုင်ငံဘဏ်များလုပ်လိုတဲ့ on line banking နဲ့ပတ်သက်တာကိုတင်ပြဆွေးနွေးခဲ့တာဖြစ် လို့ အင်မတန်မှ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ on line banking နဲ့ပတ်သက်ပြီးဗဟုသုတလည်း တိုးခဲ့ပါတယ်။ ATM machine,POS card reader,စတဲ့ hardware တွေနဲ့ သီအိုရီ ကိုပေါင်းစပ်တင်ပြသွားခဲ့ ပါတယ်။ဒါပေမဲ့ software နဲ့ပတ်သက်ပြီး အသေးစိပ် မဆွေးနွေးခဲ့တော့မြန်မာနိုင်ငံ leaseline အခြေအနေတွေ၊ software (switch) ကို ဘယ်သူကပေးမှာ လဲ ? ရောင်းမှာ လဲ? ဆိုတာတွေတော့ မသိရသေးပါဘူး။ တစ်ခုစိတ်ဝင်စားဖွယ်ကောင်းတာက ဘဏ်တွေအနေနဲ့ on line readiness ဖြစ်အောင် ဘာတွေကြိုတင်ဆောင်ရွက် ထားသင့်သလဲဆိုတာဆွေးနွေးသွားခဲ့ပါတယ်။ ဒီတော့ဘဏ်တွေအနေနဲ့ ကိုယ်ပိုင် own free switch တွေတည်ဆောက်ဖို့ ပြင်ဆင်ရတော့မှာလား ?ဘဏ်တွေစုပေါင်းလုပ်မဲ့ national switch card payment စနစ်မှာပေါင်း စပ်ချိတ်ဆက်လုပ်ကိုင်နိုင်အောင် မိမိဘဏ် ရဲ့ own free switch ကိုဘယ်လိုပြင်ဆင် တည်ဆောက်ရမလဲ ဆိုတာစဉ်းစား ရတော့မဲ့အပိုင်းဖြစ်နေပါပြီ။ ဘဏ်တွေဟာ ငွေကြေးအရင်းအနှီးပိုင်းတိုးတက်လာအောင် paid up capitalကိုတိုးမြှင့်ဖို့ ၀န်မလေးကြပေ မဲ့ technology အရင်းအနှီးပိုင်းတိုးတက်လာအောင်လုပ်ဖို့လည်းလိုအပ်ပါတယ်။
ငွေကြေးကဏ္ဍနဲ့ပတ်သက်ပြီးလတ်တလောပေါ်ပေါက်နေတဲ့စိန်ခေါ်မှုတစ်ရပ်ကတော့ ငွေအကြွေရှားပါးတဲ့ ပြသာနာပါ။ small notes တွေဟာမြင်မကောင်းလောက်အောင်ကို စုတ်ပြတ်နေကြတော့ နိုင်ငံအနေနဲ့လည်း ရှက်စရာကောင်းတဲ့အတွက် ဘဏ်တွေအားလုံး ပါဝင်ပြီးဖြေရှင်းပေးဖို့ အချိန်တန်နေပါပြီ။ CBM ကတာဝန်ရှိသူတစ်ဦးပြောကြားချက်အရ ဆိုရင်ယခင်တုံးက money incirculation supply ဖက် ကိုနှစ်စဉ် ကျပ် ၇ ဘီလီယံဖိုးလောက်ထည့်ပေးခဲ့ပါတယ်။ ၂၀၀၆ ၂၀၀၇မှာ ကျပ် ၄ ဘီလီယံ၊ ၂၀၀၇ ၂၀၀၈ မှာ ကျပ် ၁ ဘီလီယံလောက်ထည့်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ၂၀၀၉ မှာ ကျပ်၎.၅ ဘီလီယံ၊ ၂၀၀၉ ၂၀၁၀ မှာ ၁၀ ဘီလီယံ နဲ့ ၂၀၁၀ ၂၀၁၁ မှာ ကျပ် ၅၈ဘီလီယံအထိထည့်ပေးခဲ့ပေမဲ့ ငွေအကြွေရှားပါးမှုပြသာနာဟာမပြေလည်ခဲ့ပါဘူး။ ဒီလိုထည့်ပေးခဲ့ပေမဲ့ အမှန်တကယ်သုံးစွဲတဲ့ သူတွေလက်ထဲရောက်သွားပါသလား ? အမှန်တော့ မြန်မာအခြေခံလူတန်းစားတွေဟာဘဏ်တွေနဲ့ ဆက်သွယ်မှု အတော်နည်းပါတယ်။ ဒီငွေအကြွေတွေကို သိုလှောင်ထိန်းသိမ်းထားပြီးဈေးကွက်တစ်ခုဖြစ်အောင် ဖန်တီးလုပ်ကိုင်နေသူတွေ ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်းဖေါ်ထုတ်အရေးယူမဲ့ အကြောင်း ကို ကျေညာထားပြီးဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုဆိုရင်CBM ကနေ့စဉ်း ကျပ် ၁၀၀ သိန်းဖိုးလောက်ငွေအကြွေတွေလဲပေးခဲ့ပေမဲ့ ငွေအကြွေအဟောင်းတွေ CBM ကပြန်မရခဲ့ပါဘူး။ ဘုရားအလှုခံပုံးတွေဆိုရင်သီးခြား လာလဲလှယ်တဲ့သူရှိနေပါတယ်။ ငွေအကြွေရှားပါးတာကိုအခွင့်ကောင်းယူပြီး သက်သက်စီးပွားရေးခွင် တစ်ခုရအောင် ဖန်တီး လုပ် ကိုင်နေတာပါ။
လူတွေရဲ့စိတ်နေသဘောထားအရ ကျပ် ၁၀၀၀ိ တန်၊ ၅၀၀၀ိ တန် ဆိုရင်သေချာသိမ်းမယ်၊သေချာကိုင်တွယ်မယ်။ ၂၀၀ိ၊ ၁၀၀ိ၊ ၅၀ိ များဆိုရင်စုတ်စုတ်ပြဲပြဲ ပစ်စလက်ခကိုင်တွယ်ကြတာ ဆိုတော့ small notes တွေစုတ်ပြဲနေတာ မဆန်းတော့ပါ။ နောက်တစ်ခုက costing တွက်ပြီး price သတ်မှတ်ရင် ၃၁ိ ၃၅ါးစသည်ဖြင့်မလုပ်သင့်တော့ပါ။ ဘယ်သူမှ အတိအကျမပေးနိုင်ပါ။ ၀န်ထမ်း ပဲ စားသွားမှာ ပါ။ နိုင်ငံတော်ဘတ်ဂျက်ထဲဘယ်တော့မှ ရောက်မလာပါ။
ပြင်ပမှာဈေးတက်ချင်ရင် အကြွေရှားတာကိုအကြောင်းပြပြီးကိန်းပြည့်ပဲယူသတ် မှတ်လိုက်တော့ ဈေးတက်တာကရာခိုင်နှုန်းများ သွားပါလေရော။ တိုးရစ်တွေဆိုရင်ငွေအကြွေအစုပ်အပြဲတွေကိုလက်နဲ့ မကိုင်ဘူး။ ကျွတ်ကျွတ်အိတ်ထဲထည့်ထားတယ်။ ဆိုင်ရှင် ကတန်ရာတန်ဖိုးကိုယူရင်ဖြစ်စေ၊ ပြန်အမ်းရင်ဖြစ်စေ၊ သူဖါသာယြူ က ရတယ်။ တိုးရစ်က လက်နဲ့မကိုင်ဘူး။
ဘဏ်တွေနဲ့ပတ်သက်ပြီးလိုအပ်ချက်တစ်ခုကတော့ cheque တွေမသုံးကြတာပါ။ အဲဒီအတွက် banking network ထူထောင်ဖို့ လုပ်ပေမဲ့ဘဏ်အချို့ ကမပါဝင်ကြဘူး။ cheque ကို clearing လုပ်ရင် on line ပေါ်မှာ ဆိုရင်ဘာမှ မကြာနိုင်တော့ဘူး။ ဘဏ်တွေကို certified cheque, guarantee cheque တွေသုံးခိုင်းပေမဲ့ ပီပီ ပြင် ပြင် ဖြစ်မလာသေးဘူး။ အများပြည်သူတွေမျှော်လင့်နေတာ ကတော့ ကျပ် unification ပါပဲ။ လက်တွေ့ကျတဲ့ exchange rate ဖြစ် လာရင်စီးပွားရေးပိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတွေ ရှိနေပေမဲ့ မမျှော်လင့်တဲ့ impact တွေကို လည်းဒေါင့်ပေါင်းစုံကနေကြည့် ဖို့တော့ လိုပါတယ်။ ကျပ် ငွေလဲလှယ်နှုန်း ပြင်ဆင်ခြင်း၊ ငွေအကြွေရှားပါးမှု၊ on line banking ဖြစ်နိုင်ချေ၊ CBM၏ တင်းကြပ်သောချုပ် ထိန်းမှုကို အနည်းငယ်ဖြေလျှော့ပေးရေး၊ ဘဏ်ကိုပြည်သူတိုင်းအသုံးပြုလာရေး စတဲ့အချက်တွေဟာငွေကြေးကဏ္ဍရဲ့စိန်ခေါ်မှုတွေပဲ လို့ ဆို နိုင်ပါ တယ်။
No comments:
Post a Comment