SME တွေဟာ MNC တွေကိုဖြည့်ဆည်းပေးရတဲ့နေရာမှာရှိတာပါ၊ MNC မထုတ်ချင်တဲ့ပစ္စည်းကို SME တွေကပဲထုတ်လုပ်ကြရတာပါ။
MNC တွေလာချင်အောင် မြန်မာ FDI law ကိုပြင်ဆင်
ဖို့အခုလွှတ်တော်မှာဆွေးနွေးနေကြတယ်။ အကြံပေးဆရာဦးမြင့်က MNC တွေကိုမန်ချက်စတာ
ဘော်လုံးသင်းနဲ့ မြန်မာမိန်းခလေးအသင်းဘော်လုံးကန်သလိုမျိုးဖြစ်နေလိမ့်မယ်လို့နှိုင်းယှဉ်တင်
စားပြောခဲ့တယ်။သို့သော်မလာနိုင်အောင်လုပ်ထားရင်လည်းပြည်တွင်း ကခရိုနီတွေစားသွား
လိမ့်မယ်၊ ပြည်သူတွေကတော့ဘာမှမသိဘူး၊အလုပ်အကိုင်စားဝတ်နေရေးပြေလည်ဖို့ပဲသိတယ်။
ခရိုနီထက်စာရင်နိုင်ငံခြား MNCတွေလာစေချင်ပါတယ်။ဒါပေမဲ့ ဘယ်သူမှတော့ကောင်းမှာ
မဟုတ်ဘူး။ ရတဲ့အခွင့်အရေးအပေါ်အမြတ်ထုတ်တတ်ဖို့ပဲ။
အခုစင်ကာပူဆိုရင် ပြင်ပက၀င်လာမှာကိုအရမ်းတင်းကြပ်နေတယ်။ ရွှေတွေထဲက အရင်
EP သမားတွေလည်းဆက်သက်တမ်းတိုးလို့မရတော့ပြန်တဲ့သူပြန်ကုန်ပြီ။ S pass အတန်းကိုဆင်း
လုပ်ရတဲ့သူတွေလုပ်နေရပြီ။ မြန်မာတွေအတွက်တော့မထူးဘူး၊နိုင်ငံခြားသားဟာနိုင်ငံခြားပဲ၊
ဘာအခွင့်အရေးမှပိုမရဘူး၊ စင်ကာပူဟာရှေရှောက် နိုင်ငံခြားသားအတွက် လာအလုပ်
ဖို့ကောင်းတဲ့ နို်င်ငံမဟုတ် တော့ဘူး၊ စီးပွားရေးပညာရှင်တွေက စင်ကာပူစီးပွားရေး
ကျဆင်းသွားလိမ့်မယ်ဆိုတာတောင်မရဘူး၊ ပြည်သူ့အင်အားဝန်ကြီးဌာနကနှို်င် ငံခြားသားတွေများနေပြီ၊MRT နဲ့ ဘတ်စ်တွေမှာ
လူကြပ်တယ်။အိမ်ဈေးတွေတက်တယ်၊ ဒါကသူတို့ ထင်လို့ပါ၊ နိုင်ငံခြားသားတွေဝယ်ခွင်ပြုထားတော့
ဘယ်သူမဆိုစင်ကာပူမှာ လာပြီးကွန်ဒိုဝယ်ထားကြတာပဲ။
စင်ကာပူနိုင်ငံသားပညာတတ်တစ်ယောက်ဟာ လခ ၅၀၀၀ လောက်မရရင်မလုပ်ချင်ဘူး၊
white collar အဆင့်မှာပဲလုပ်ချင်ကြတယ်၊အောက်ခြေသိမ်း အလုပ်တွေ မလုပ်ချင်ကြဘူး၊
အောက်ခြေသိမ်းဆိုတာ D jobs တွေပြောတာမဟုတ်ဘူး၊ ဖိုမင်လို အိုဗာဆီယာ
လို မျိုးတောင် မလုပ်ချင်ကြတာ။ စင်ကာပူ မှာ ရှိတဲ့ ကုမ္ဗဏီတိုင်း လိုလို ပဲ ၀န်ထမ်းတွေ
အင်ဂျင်နီယာတွေ
လိုနေတယ်၊ နိုင်ငံခြားသား ကိုခန့်ချင်ရင် S pass ကကိုတာနဲ့ထိန်းတယ်၊EP က လခနဲ့ထိန်းတယ်၊
နိုင်ငံခြားသား ကို ကုမ္ဗဏီတွေက ၄၀၀၀ကျော်လခမပေးချင်ကြဘူး။ EP လစာကအနည်းဆုံး၄၀၀၀
ကျော်ရမယ်လေ၊ နောင် ၂နှစ်လောက်ဆိုရင်စင်ကာပူ မှာ ဘယ်လိုများဖြစ်လာမလဲ
တော့မသိဘူး၊စင်ကာပူတွေလက်ကျောမတင်းတာတော့ လက်တွေ့တွေ့မြင်နေရတာပဲ။ ဒါကြောင့်
မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်ပြည်သူတွေကိုပြောချင်တာကမြန်မာအတွက် နိုင်ငံစီးပွားရေးကောင်လာဖို့
potential အများကြီးရှိနေတယ်ဆိုတာကိုပါ၊
သို့သော် မြန်မာ မှာ က မစ္စတာလီကွမ်ယူလိုဦးနှောက်မျိုးနဲ့ခေါင်းဆောင်မရှိသလိုအကြံပေးထဲမှာ
လည်းခေါင်းကောင်း တဲ့သူရှိချင်ရှိပေမဲ့ မိုယ်းကျရွှေကိုယ် အချင်းချင်းပဲယုံကြတဲ့
mind-set ကြောင့်နေရာရလာမှာ မဟုတ်ဘူး။
သို့သော်မြန်မာ SME တွေက နိုင်ငံတကာ NMC တွေလာရင်သူတို့တော့နေရာရှိတော့မှာမဟုတ်
ဘူးဆိုပြီး FDI law မူကြမ်းကိုဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ အကြောက်အကန်ဖြစ်နေရတာ
ဟာနှစ်ပေါင်း၂၀ - ၃၀လောက်အစိုးရဆီမှာ နို့သက်ခံစို့နေတဲ့အကျင့် ကမပျောက်
နို်င်လို့ပဲဖြစ်တယ်။ ဘယ်ပစ္စည်း ကိုသွင်းကုန်ပိတ်ပေးပါ၊ ကန့်သတ်ပေးပါ၊
ဆိုတာကမ္ဘာကုန်သွယ်
ရေးလောကမှာအလွန်အရုပ်ဆိုးပါတယ်။ productivityတက်လာအောင်လုပ်ဖို့ဆိုတာနည်းလမ်း
များစွာရှိပေမဲ့အစိုးရကို ကုလားချွဲ ချွဲ -- စားသုံးသူနဲ့ကိုင်ပေါက်ပြီး
အသာစီးပဲရယူလိုကြပါတယ်။ MNC တွေရောက်လာရင် SME တွေအနေနဲ့ဘာအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာအရင်
သဘောပေါက်ဖို့လိုတယ်။
မြန်မာမှာကုန်သည်ပွဲစားအရေအတွက်ကများတယ်။ကုန်သည်ပွဲစားဆိုတာကုန်ပစ္စည်းထုတ်လုပ်
ရေးကိုစိတ်မ၀င်စားကြဘူး။ကုန်သည်ပွဲစားလုပ်တာကလည်ရင်လည်သလိုငွေအမြန်ဖြစ်အောင်
လုပ်နိုင်တယ်။လုပ်တတ်သလောက်အကျိုးကျေးဇူးဖြစ်ထွန်းတယ်။ဘယ်ကုန်သည်ပွဲစားကမှကုန်
ပစ္စည်းထုတ်လုပ်ရေးကိုစိတ်မ၀င်စားကြဘူး။တစ်ဖက်ကကြည်ရရင် ဘဏ်တွေဆိုတာအပေါင်
ပစ္စည်းကအဓိကမဟုတ်ဘူး၊လုပ်ငန်းကအဓိက---သူတို့ကလည်းကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်
တဲ့သူကိုမှ ငွေချေးချင်တာ--ကုန်သည်ပွဲစားကိုငွေမချေးချင်ကြဘူး--ဘာကြောင့်လဲဆိုတော့ကုန်
ပစ္စည်းဘယ်လိုထုတ်ရမလဲဆိုတာ မသိလို့--
household goods တွေထုတ်လုပ်ဖို့ဆိုရင်မြန်မာ SME တွေဂျပန်၊ကိုရီးယားတွေလောက်ကောင်း
အောင်လုပ်နိုင်မလား ? မြန်မာတွေသူတို့လောက်ကောင်းအောင်လုပ်နိုင်ပါမလား-မလုပ်နိုင်ဘူးဆို
ရင်ဈေးကွက်မှာဘယ်လိုမှမယှဉ်နိုင်ဘူး၊ကိုရီးယားကအိုးခွက်တွေထုတ်လုပ်တဲ့လုပ်ငန်းလာရင်းနှီး
မြုပ်နှံတယ်၊တရုတ်ပစ္စည်းနဲ့တော့ယှဉ်နိုင်တယ်၊ပြည်တွင်းဈေးကွက်မှာသုံးပျော်တော့ဝယ်သုံးကြ
တယ်၊ဒါပေမဲ့ high end market အတွက်ဆိုရင်တော့မယှဉ်နိုင်ဘူး။ငွေအရင်းအနှီး၊နည်းပညာလို
တယ်၊ဒါအပြင်အရေးကြီးဆုံးက R & D ပဲ။လူစွမ်းအားအရင်းအမြစ်လည်းရှားတယ်၊အစိုးရကလည်း
သိပ်အားမပေးဘူး။ မြန်မာမှာအများဆုံးလုပ်နေတာက trial and error
method ပဲ။ ဆာဗေးကော
ရှိသလား ? ထန်းပင်ဆာဗေးတော့ရှိချင်ရှိမယ်။ MMRD တို့ ဦးမိုးကျော်တို့မေးကြည့်ပါ။မြန်မာ
ကုမ္ဗဏီတွေသူ့ဆီ R & D လုပ်ဖို့ market survey လုပ်ဖို့ ဘယ်လောက်လုပ်ငန်းလာအပ်သ
လဲလို့--- နိုင်ငံခြားကုမ္ဗဏီတွေပဲ အပ်ကြတာများတယ်။ R & D လုပ်မယ်
survey လုပ်မယ်၊ ကိုယ်
ရဲ့ထုတ်လုပ်မှုနည်းပညာကဘယ်လိုလုပ်မယ်၊ ဈေးနှုန်းကို ဘယ် လို
competitive ဖြစ်အောင်သပ်
မှတ်မယ်၊ ဈေးကွက်ဝေစုဘယ်လောက်ရှိသလဲ ? ပြိုင်ဖက်တွေကဘယ်သူတွေလဲ၊သူတို့ဘာတွေ
လုပ်နေသလဲ၊ထောက်လှန်းကြည့် ရမယ်၊သတင်းစုံစမ်းကြည့်ရမယ်၊ စတဲ့ အခြေခံ
R & D လောက်တော့ လုပ်ဖို့လိုမယ်။
ရင်းနှီးမြုပ်နှံမှု ဥပဒေအပါအ၀င်ဥပဒေတွေအားလုံးတည်ငြိမ်မှုရှိအောင်လုပ်ရမယ်၊
ကံကောင်းတာ
ကကိုလိုနီ လက်ထက်ကရေးဆွဲထားတဲ့ ဥပဒေအချို့ ဆိုရင်နည်းနည်းပဲပြင်ရမယ်။
ဗြိတိသျှလက်
ထက်ကတည်းကဥပဒေတွေရှိတော့ မြန်မာနို်င်ငံဟာ ဥပဒေနဲ့ပတ်သက်လာရင်အထင်ကြီးမှုတော့
ရှိကြပါတယ်။ corporate lawyer တွေနဲ့ပတ်သက်ပြီးလူစွမ်းအားအရင်းအမြစ်မှာများများထွက်လာ
အောင်လုပ်ဖို့လိုမယ်နဲ့တူတယ်။ အထူးသဖြင့်အင်္ဂလိပ်စာ ကောင်းသောဥပဒေပညာရှင်တွေများများ
လိုပါတယ်။ဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လာရင်အရင်အစိုးရလက်
ထက်ကနံမည်တော်တော်ပျက်တယ်။ပြောင်းချင်သလိုပြောင်းတယ်၊သိသာထင်သာမြင်သာမရှိဘူး၊
နှုတ်မိန့်နဲ့လည်းပြောင်းတယ်၊ပြင်တယ်၊ဘာကြောင့်ပြောင်းတယ်ပြင်တယ်လဲမပြောဘူး၊ရွှေမျက်နှာ
တော်ကိုကြည့်နေရတယ်၊အလိုမကျပုံပေါ်ရင်ဘာမှဆက်မလုပ်ရဲဘူး၊ပြည်သူတွေအတွက်ဘယ်
လောက်ကောင်းပါစေ၊ ထိပ်ကနေထိုင်ပြီးမျက်နှာထားကြီးနဲ့ ဒါလုပ်လို့ပြောလိုက်ရင်ဘယ်သူကမှ
စောဒကမတက်ရဲဘူး၊မဖြစ်ဖြစ်အောင်လုပ်ပဲ။ ဒီလိုနဲ့မြန်မာနို်င်ငံရဲ့စီးပွားရေး၊နိုင်ငံရေးတွေမှာ
မြန်မာ
ရဲ့ image ဟာတဖြည်းဖြည်းမှိန်လာခဲ့ပြီး ပြည်တွင်းကလူတွေဟာ မလုပ်တတ်မကိုင်တတ်ဖြစ်
ခဲ့ကြရပါတယ်။
အခုအစိုးရသစ်မှာပြောင်းပြီဆိုရင်ဘယ်အဆင့်ထိပြောင်းမလဲ--ဒေသတွင်းအဆင့်လောက်ကိုမစဉ်း
စားနဲ့တော့--ကမ္ဘာအဆင့် ကိုပဲတက်လှမ်းကြရမယ်။ ဒေသတွင်းနိုင်ငံတွေရဲ့အားနည်းချက်တွေအား
သာချက်တွေကဘာတွေလဲဆိုတာလိုက်ကြည့်ရမယ်။ ဒါတွေက think tank အဖွဲ့အစည်းတွေရဲ့အ
လုပ်လို့ထင်တယ်။ သူတို့ကပြည်သူတွေကိုပြန်တင်ပြနေရမယ်၊အကြံတွေပေးနေရမယ်။စာစောင်
တွေစာအုပ်တွေထုတ်ပေါ့၊ သိချင်တဲ့သူက၀ယ်ဖတ်ကြမှာပါ။ ကိုယ်နိုင်ငံရဲ့
infrastructure တွေ
တဖြည်းဖြည်းတိုးတက်လာအောင်လုပ်ရမယ်။လမ်း၊တံတား၊လျှပ်စစ်၊ဆက်သွယ်ရေး၊တွေက
ဦးစားပေးရမဲ့အပိုင်းတွေပဲ၊ နောက်ဝန်ဆောင်မှုလုပ်ငန်း ဘဏ်ငွေကြေးလုပ်ငန်း၊သယ်ယူပို့ဆောင်
ရေး၊ပညာရေး၊ကျန်းမာရေး၊ တွေမှာ လည်းကမ္ဘာအဆင့်မှီရမယ်။ ကိုယ့်နို်င်ငံသားတွေဟာကမ္ဘာ
အဆင့်မှီတဲ့ပညာတွေတတ်ထားရမယ်။ပညာ တော်သင်အယောက်၁၀၀လောက်လွှတ်လိုက်လို့
လူ ၅၀ပဲ ပြန်လာပါစေ၊ဒီ ၅၀နဲ့တိုးတက်ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်မယ်၊သမ္မတကြီးလည်းပြောပြီး
ပြီ၊ လူငယ်တွေအတွက် vocational training schoolတွေအများကြီးလိုမယ်။အစိုးရလည်းဖွင့်၊
ပုဂ္ဂလိကလည်းဖွင့် အတတ်ပညာရှင်လေးတွေအများကြီးပေါ်လာဖို့ ရေတိုနည်းနဲ့အမြန်လိုက်ရမယ်၊
အချိန်တိုအတွင်းထုပ်လုပ်နိုင်ရမယ်၊ နောက်မှာ advance courses တွေထပ်တက်ခိုင်းပြီး
သူတို့တ
တွေရဲ့ capacity ကိုမြှင့်ရမယ်။ ကမ္ဘာပေါ်မှာလုပ်နေတဲ့လုပ်နည်းစနစ်တွေအကုန်လုံးမြန်မာနိုင်ငံမှာ
ရှိနေအောင်လုပ်ရမယ်၊ မြန်မာနည်းမြန်မာဟန်ဆိုတာယဉ်ကျေးမှုတစ်ခုမှာပဲရှိသင့်တော့တယ်။
အာလုံးကမ္ဘာအဆင့်မှီအောင်လုပ်ထားရမယ်။ လုပ်နိုင်အောင်စနစ်တကျအစီအမံထားရှိရမယ်။
ဒါတွေလုပ်ဖို့နှစ်ပေါင်း ၂၀လောက်လိုမယ်ထင်တယ်။နောင်၂၀၃၃ခုနှစ်ကြရင်မြန်မာဟာဒေသ
တွင်းနိုင်ငံတွေနဲ့ယှဉ်နိုင်လိမ့်မယ်ထင်တယ်။ဦးမြင့်ကတော့ ၂၀၃၀ မှာမောင်တိုင်ပင်မှန်းတာ
ထက်တောင်အဆင့်နိမ့်သေး--သူတို့တွေပြောတဲ့အာရှကျား--ကျားပေါက်အဆင့်
ထက်တောင်အဆင့်နိမ့်သေး--သူတို့တွေပြောတဲ့အာရှကျား--ကျားပေါက်အဆင့်
လောက်တော့ဖြစ်ဖို့နေနေသာသာ--၊အင်း-- အခု ကစလုပ်မှဖြစ်နိုင်မလားမသိ--သမ္မတသက်တမ်း ၄ဆက်လောက်ဒီ
လိုမပြောင်းလဲတဲ့ အတွေးအခေါ်မျိုးတွေနဲ့ဆက်လုပ် သွားဖို့လိုပါတယ်။ နောက်ပြန်
လှည်တယ်၊ဆိုတာဒါမျိုး ကိုပြောတာပါ။လမ်းတခြမ်းခင်းအောင်သိန်းလင်းလိုလူမျိုးများ သမ္မတဖြစ်လို့ ကတော့ နောက်ပြန်လှည့်သွားမှာ သေချာပါတယ်။
လှည်တယ်၊ဆိုတာဒါမျိုး ကိုပြောတာပါ။လမ်းတခြမ်းခင်းအောင်သိန်းလင်းလိုလူမျိုးများ သမ္မတဖြစ်လို့ ကတော့ နောက်ပြန်လှည့်သွားမှာ သေချာပါတယ်။
ဒီကနေ့ဖြစ်နေတာကဒေသခံခရိုနီတွေက နိုင်ငံတကာ MNC တွေဝင်လာမှာကြောက်ကြတယ်။
MNC ကလည်းသူတို့ အမေရိကန်နဲ့ အီးယူက ကျဉ်ထားတဲ့ ခရိုနီဆိုတာသိလေတော့
သူတို့နဲ့မပေါင်းချင်ကြဘူး၊အဲတော့ဝင်လာရင်သူတို့ရဲ့ ပြိုင်ဖက်ဖြစ်မှာသေချာတယ်။
သူ
တို့လာရင်အရိုးအရင်းနဲ့ အရိုးနားကပ်နေတဲ့ အသားလောက်ပဲ စားရမှာ-- နောက်တစ်ခုက
FDI law မှာ ပြည်တွင်းက၅၀% ပါဆိုရင်လည်း MNC တွေရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏကသိပ်ကြီးတော့
သူတို့ ရှယ်ယာ ထည့် ဖို့ အခက်အခဲရှိနိုင်တယ်။ MNC ကလာရင်ကမ္ဘာအဆင့်မီစီမံခန့်ခွဲမှု
လုပ်တတ်သူတွေပဲဦးစားပေးမှာလေ-- ဘာလို့လဲဆိုတော့ ခရိုနီဆိုတာသူ့ဆွေမျိုးသားချင်း၊
နောက် မနိုင်ရင်ကာလူတွေရဲ့ အမျိုးအနွယ်တွေ ပဲခန့်ထားတာဆိုတော့တကယ်ယှဉ်ရတော့မယ်ဆိုရင်
ဘယ်ယှဉ်နိုင်ပါ့မလဲ--
အရေးကြီးဆုံးကSME ပင်ဖြစ်စေခေတ်မီစီမံခန့်ခွဲမှု နဲ့ နည်းပညာပဲ။ မြန်မာမှာ
ကမ္ဘာ့ အဆင့်
မှီမှီရှိနေပြီလား--မရှိသေးပါဘူး၊ ရင်းနှီးမြုပ်နှံဖို့ ၀င်လာသူတွေနဲ့အတူတွဲလုပ်ရင်းသိအောင်နား
လယ်အောင်လုပ်ယူရမှာ--၅နှစ်တန်သည် ၆ နှစ်တန်သည် အတူတွဲလုပ်ကြမှ အော်ဒါပါလား
ဆိုပြီးသိလာမယ်--ဒါတောင်သင်လို့တတ်လွယ်တဲ့capacity ရှိတဲ့လူငယ်တွေကောကိုယ့်
လက်ထဲမှာ များများစားစားရှိနေပြီလားအမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစာဖြစ်နေတဲ့ပတ်
ဝန်းကျင်မှာမျိုးဆက်သစ်တွေရဲ့ mindsetကိုလည်းတစ်ဖက်ကပြင်ရအုံးမယ်။သင်လွယ်တတ်လွယ်
တဲ့လူငယ်တွေကတော့ပတ်ဝန်းကျင် ကောင်းတစ်ခုကိုဖန်တီးပေးလိုက်ယုံနဲ့ ထိုးတက်
သွားနိုင် ပါတယ်။
စင်ကာပူမှာခဏလာနေပြီး စင်ကာပူကိုတစေ့တစောင်းကြည့်၊ မြန်မာရဲ့အနာဂါတ်စီးပွားရေးကို
စိတ်ကူးနဲ့ပုံဖေါ်၊ အမျိုးမျိုးရောစပ်မွှေနှောက်ကြည့်တဲ့အခါ မချင့်မရဲဖြစ်တဲ့စိတ်တွေပဲပေါ်လာပြီး
ဝေလေလေပဲဖြစ်သွားပါတယ်ခင်ဗျား----
1 comment:
Blue Collar ဆိုတာ အလုပ်ကြမ်းသမားကို ခေါ်တာပါ။
Post a Comment