သူငယ်ချင်းသိန်းအောင်ကတော့မောင်တိုင်ပင်တို့အထဲမှာstory tellerပဲ။ဒါကြောင့်စင်ကာပူလာရင်သူနဲ့မ
ပြတ်တွေဖို့ချိန်းရတယ်။ကျောင်းတုံးကသူငယ်ချင်းတွေအကြောင်း၊ထူးခြားတဲ့အဖြစ်အပျက်တွေအကြောင်း
တော်တော်များများမှတ်မိတယ်။လူနံမည်နေရပ်ဒေသအကုန်မှတ်မိနေတယ်။မောင်တိုင်ပင်တို့ထက်ငယ်သေးလိုပေါ့လေ။
မောင်တိုင်ပင်တို့ အရွယ်များရောက်ရင်မိန်းမနံမည်တောင်မေ့မှာသေချာတယ်။ ခုတလောသိန်းအောင် ပြောတဲ့ story
aတွအကြောင်းရေးလိုက်တော့ ဥာဏ်ဝင်းရွှေကFace bookမှာcomment ရေးလာတယ်။
ဒါနဲ့ပြောရအုံးမယ်။ Mech 72 သူငယ်ချင်းတွေ တော်တော်များများက Face book မှာ
account တွေ အသီးသီး ရှိကြတော့အဆက်အသွယ်ကသိပ်မပြတ်ကြဘူး။ဒါကြောင့်မောင်တိုင်ပင်လည်းမိုးလင်းရင်တစ်
ကြိမ်၊ညအိပ်ရာမ၀င်မီတစ်ကြိမ်တော့ Face book ကိုဝင်ကြည့်ဖြစ်တယ်။ စင်ကာပူမှာ ၀န်ကြီးတွေတောင်
Face Book Account ရှိ ကြတယ်။နံမည်ရင်းနဲ့ပဲ။ ရာထူးကြတော့ နိုင်ငံရေးသမား (politician)တဲ့။
ဝန်ကြီး လိုမရေးကြဘူး။
စင်ကာပူမှာတလောကMRT ရထားလိုင်းပျက်သွားတော့နေ့စဉ်ရထားစီးခရီးသည်တွေတော်တော်ဒုက္ခ
ရောက်သွားကြတယ်။စင်ကာပူအတိုင်းအတာနဲ့ပေါ့လေ။ မောင်တိုင်ပင် တို့ အတွက်ကတော့ ပျင်းတောင်
ပျင်းသေး---- စင်ကာပူ Transport Minister Mr Lui Tuck Yew ရဲ့ Face Book ကိုဝင်ကြည့်ဖြစ်တယ်။
ပြည်သူတွေနဲ့သူနဲ့အမေးအဖြေလုပ်ထားကြတယ်။အော်တို့လူကြီးတွေလည်း Face book ၀င်ထားကြရင်
ဘယ်လောက်ကောင်းမလဲလို့တော့စဉ်းစားမိသား--ဒါပေမဲ့ မြန်မာကFace Book users တွေဟာစည်းကမ်းသိပ်
မရှိကြသေးဘူး။ မောင်တိုင်ပင်လည်း ဘဏ်ကို Face Book account ယူခိုင်းထားပြီးဝန်ထမ်းတွေကို
account အသီးသီး ဖွင့် ခိုင်းထားတယ်။ Face book ပေါ်မှာကိုယ်ဘဏ်ခွဲအကြောင်းတင်ကြဆွေးနွေးကြဖို့မှာထားတယ်။
MD ဆီလည်းစာရေးလို့ရတယ်။ ၀န်ထမ်းအချင်းချင်းလည်းရေးကြတယ်။ မန္တလေးဆေးကျောင်း က
Rector Prof: Than Winလည်းသူ့ကျောင်းသားတွေနဲ့ Face book မှာအပြန်အလှန်ဖလှုယ်ကြတယ်။
တကယ်အားရဖို့ကောင်းတယ်။
မောင်တိုင်ပင်လည်းဟိုရောက်ဒီရောက်ရောက်ကုန်ပြီ၊လိုရင်းမရောက်တော့ဘူး။ Face Book ပေါ် မှာ
ဥာဏ်ဝင်းရွှေ က WHO ကိုဝမ်နင်ပေးထားတယ်။story teller သိန်းအောင်က မောင်တိုင်ပင်ကို WHO
ရဲ့ stories တွေပြောထားတယ်ဆိုတဲ့အကြောင်းဝမ်နင်ပေးတာပါ။ မောင်တိုင်ပင်ဘယ်လုပ်ရဲပါ့မလဲ။ WHO
ဆိုတာမောင်တိုင်ပင်တို့ Mech 72 ကသူငယ်ချင်းတွေ အားလုံးကလေးစားကြရတဲ့သူ--မော်တော်ကား
နဲ့ပတ်သက်လာရင်ဆရာတစ်ဆူပါပဲ။မောင်တိုင်ပင်တို့ ကားဝယ်ချင်ရင်ဖြစ်ဖြစ် ရောင်းချင်ရင်ဖြစ်ဖြစ် WHO က
ဆရာကြီးပဲ။သူလက်သူ့ခြေအကုန်လွှဲ လို့ ရတယ်။မောင်တိုင်ပင်တောင် စင်ကာပူမလာခင် Myanmar Mini
လေးကိုရောင်းပေးဖို့လွှဲထားခဲ့ရတယ်။သူကိုအားကိုးပြီးဝယ်ရောင်းလုပ်လိုက်ရင် မမြတ်မရှိဘူး။ သူနဲ့ဆက်သွယ်
တဲ့Mech 72 သူငယ်ချင်းတိုင်းမြတ်ကြတာချည်းပဲ။
ဒါလောက်အားကိုးရတဲ့သူငယ်ချင်း၊ကားနဲ့ပတ်သက်ရင် ဘယ်ကားဘယ်လိုအခြေအနေရှိတယ်။ကွက်
ပျောက်ကားလား၊ပြန်ရောင်းရင်အမြန်ထွက်မှာ လား၊ ဘယ်အရောင်ကသခင်ချစ်တယ်ဘယ်အရောင်က
ပြန်ရောင်းရင် အရောင်းသွက်တယ်။သူအကုန်သိတယ်။ဒါမောင်တိုင်ပင် တိုအားလုံးသိထားတာ။
သိန်းအောင်ပြောတာက WHO ကသူစီးဖို့ ကားတစ်စီးဝယ်ရော၊ဘယ်ကားမျိုးလဲတော့ မောင်တိုင်ပင်မသိဘူး၊
ခေတ်မီကားပဲဆိုပါတော့။ ကားကိုသူကတော်တော်ကြိုက်တယ်။ဖင်ပြန်ခေါင်းပြန်
ကြည့်တာပေါ့။ ကားအကြောင်းကို A to Z နားလည်နေတဲ့ဆရာကြီးကိုး။ သိန်းအောင်ပြောတာကတော့
WHO ၀ယ်လိုက်ရော။အိမ်ကိုပြန်မောင်းသွားတော့ အိုကေ ပဲ။အိမ်ရောက်တော့မှ စက်ဖုံးဖွင့်ကြည့်တော့
ရေဒီယေတာ မပါဘူးဖြစ်နေတယ်တဲ့။ ဟ ဘာဖြစ်လို့လဲ၊ ရေဒီယေတာ မပါရင် အင်ဂျင်ပူပြီးဘယ်မောင်း
လို့ရမှာလဲ လို့မေးတော့ အဲကွန်းအတွက်ရေဒီယေတာ၊ သူ မပါတာကိုသူသတိမထားလိုက်မိဘူးတဲ့။အဲတော့
သိန်းအောင်က ကားနဲ့ကျွမ်းကျင်တဲ့ဆရာကြီး အိမ်ရောက်မှ ရေဒီယေတာမပါတာသိလိုက်ရတယ် လို့
မောင်တိုင်ပင် တို့ကိုပြောပြတာပါ။
WHO ရေ--စိတ်မရှိနဲ့ကွာ၊ ငါ mini မရောင်းပေးမှာစိုးလို့ မရေးပဲနေမလို့ ပဲကွာ၊ ဥာဏ်ဝင်းရွှေ ကအတင်း
ရေးခိုင်းနေ လို့--- အားကိုးပါတယ်။နဲနဲ ပဲဖဲ့ တာပါ။
Merry Christmas and A very Happy New Year to you all!
Thursday, December 22, 2011
Monday, December 19, 2011
မတွေ့တာကြာပြီကိုး
မောင်တိုင်ပင်တို့အသက်တွေရလာတော့ငယ်သူငယ်ချင်းတွေနဲ့တွေ့ချင်ကြတယ်၊ရှေးဖြစ်ဟောင်းနှောင်းဖြစ်တွေပြောပြီးအသစ်တစ်ခါပြန်ဖြစ်ကာရီကြဟားကြရတယ်၊ဒါတွေဟာလည်းအသက်ရှည်ဆေးတွေပါပဲ။မောင်တိုင်ပင်
စင်ကာပူရောက်တော့ဥာဏ်ဝင်းရွှေကဖုံးဆက်တယ်၊ တို့ဆုံကြမယ်လို့ပြောတော့” လုပ်လေ၊စနေတနင်္ဂနွေ
ဆိုအတော်ပဲ”လို့ပြော လိုက်တယ်။ဒီကြားထဲမြန်မာပြည်ကသိန်းအောင်ပြန်ရောက်လာတော့ဖုံးဆက်ပြန်ရော၊”တိုတစ်တွေတွေ့မယ်၊
ဥာဏ်ဝင်းရွှေနဲ့ပြောထားတယ်” လို့ပြော လိုက်ရတယ်။
၁၇ ရက်နေ့စနေနေ့ Clementi West Coast က hawker centre မှာ ၆း၃၀ မှာ ဆုံကြမယ်လို့ ချိန်း လိုက်ကြတယ်။ ဥာဏ်ဝင်းရွှေ နဲ့ Clementi MRT ဘတ်စ်ဂိတ်မှာ ချိန်းတယ်။၊သိန်းအောင် ကအရင်ရောက်နေတယ်။ ခဏနေတော့ လေကြောင် ကားမောင်းရောက်လာရော။ hawker centre ရောက်တော့သန့်စင် ကိုဖုံးဆက်ရတယ်။၊ နောက်တင်မောင်သန်း လာတယ်။ Oliver ကြီးလှမ်းခေါ်လိုက်တယ်။နောက်ခင်မောင်ဦး( ၀ူဖန်)ပါရောက်ချလာတယ်။ ခင်မောင်ဦး ကရန်ကုန် ကရောက်နေတာ။ ထုံးစံအတိုင်းသန့်စင်က red wine တစ်ပုလင်းယူလာတယ်။ အဲဒီနေ့ က ဘီယာတောင်မ
သောက်ဖြစ်ဘူး။ ဟိုအကြောင်းဒီအကြောင်းရောက်တတ်ရာရာပြောကြရင်းမောင်တိုင်ပင် blog မှာ သိန်းအောင်ကိုဖဲ့ထားတဲ့အကြောင်းရောက်သွာ.တယ်။ ကော်ကြီးကဆဲတာပေါ့၊ ငါ့ boss သာဗမာလိုဖတ်တတ်ရင်ငါအလုပ်ပြုတ်ပြီတဲ့၊တော်တော်သနားသွားတယ်၊ဘာရေးထားလဲဆိုတော့ စင်ကာပူမှာသိန်းအောင်ကနေ့လည် ထမင်းစားချိန်ဆိုရင်east coast လိုနေရာမျိုးသွား၊ အလားကားရတဲ့ ကားပတ်ကင်မှာ ကားထိုးပြီး နေ့ခင်း
တရေးတမောအိပ် တတ်တယ် ဆိုတာလေကြောင်ဥာဏ်ဝင်းရွှေကပြောပြတာဆိုတော့ ကော်ကြီး က ဒီအပတ်ငါသူ့အကြောင်းတွေပြော
မယ်၊ မင်းသေချာရေးရမယ်ဆိုပြီးပြောတယ်။ကော်ကြီးပြောတဲ့ ဇာတ်လမ်းလေးကဒီလို---
သူငယ်ချင်းတို့မှတ်မိကြမှာပါ။တို့ RIT အောင်သိပ္ဗံ စားသောက်ဆိုင်ပိုင်ရှင်ရဲ့တူမ ပုံ့ပုံ့ ဆိုတဲ့ ၉ တန်းကျောင်သူလေးရှိတယ်။ RIT ကျောင်းသားကြီးတွေက
ကောင်မလေးတော်လှတော့ခလေးပေမဲ့နဲနဲတော့ ကြံကြတာပေါ့လေ။ ကိုယ်တို့သူငယ်ချင်းမောင်ညွန့်ကသင်္ချာသင်ပေးတယ်၊ကြံကြိတ်တဲ့အထဲမှာ
လေကြောင်လည်းပါတယ်။မကြာခဏဆိုင် ကိုအကြောင်းရှာသွား ကောင်မလေးစာလိုက်နိုင်လား၊ငါသင်ပေးမယ်ဘာညာနဲ့ လူကြီးပိုး ပိုးတာပေါ့လေ။ RIT ကျောင်းပြီးသွားတော့ဒီအကြောင်းအရာလေးဟာဇာတ်လမ်းလေးအဖြစ်ကျန်ခဲ့ပေမဲ့ လေကြောင်ရဲ့နှလုံးသားတစ်နေရာမှာတော့ကောင်မလေးက
ပုန်းခိုနေဆဲပဲ။
ဘ၀ဆိုတာဆန်းကျယ်တယ်လေ၊လေကြောင်တစ်ယောက်ဟိုရောက်ဒီရောက်နဲ့အိမ်ထောင်ကျ---သား ၂ ယောက်ရ---တိုင်းတစ်ပါးမှာပဲ
အနာကြေနေတော့ဗမာပြည်ကလွမ်းစရာတွေ၊အသဲနှလုံးဒေါင့်မှာ နေရာပေးထားတဲ့သူတွေကိုမေ့သွားပြီပေါ့။အလုပ်ကပင်စင်ယူပြီးတဲ့နောက်
ပိုင်းဗမာကိုအကြောင်းမရှိအကြောင်းရှာခဏခဏပြန်လာတယ်၊ စင်ကာပူသူသူ့မိန်းမကလည်းဗမာပြည်တုံးကသူ့ဇာတ်လမ်းတွေရှိကောင်းရှိ နိုင် လိမ့်မယ် လို့ထင်ပေမဲ့ကြာလာတော့ လေကြောင် အကြောင်းသိပြီးသိပ်မပြောတော့ဘူး၊ လွှတ် ထား လိုက်တယ်။မြန်မာပြည်ရောက်တုန်းတစ်ရက်တိတ်တိတ်လေး RIT ကိုလွမ်းလို့ဆိုပြီး ကြို့ကုန်းကိုတစ်ယောက်တည်းထွက်လာတယ်။ main assembly hall, 1-3-3 lecture hall,1-2-5 lecture hall တွေ
လျှောက်ကြည့်ပြီးစားသောက်ဆိုင်တွေဖက်ဆင်းလာတယ်။နွေအေးတို့၊ အောင်သိပ္ဗံ တို့တွေ့တာပေါ့။ ငယ်ငယ်တုံးကအချိန်အတော်ဖြုန်းခဲ့တဲ့
စားသောက်ဆိုင်တွေ--အောင်သိပ္ဗံရောက်တော့မမျှော်လင့်ပဲ လေကြောင်တစ်ယောက်ရင်တွေအရမ်းကိုခုန်သွားပြီးအသဲနှလုံးတစ်နေရာမှာ ရှိနေဆဲ ပုံ့ပုံ့လေးကိုသွားတွေ့လိုက်တယ်၊ပုံ့ပုံ့လေးတော့မဟုတ်တော့ဘူး၊ဖက်တီးဘုတ်ပွကြီးပုံ့ပုံ့ဖြစ်နေပြီ။ လေကြောင်လည်းဝမ်းသာအားရနဲ့”ပုံ့ပုံ့မဟုတ်လား၊နင်ငါကိုမှတ်မိ လား”လို့မေးလိုက်တော့ကောင်မလေးက ကြောင်ကြည့်နေပြီးခေါင်းခါပြတယ်။
ဒါနဲ့ကောင်မလေးဦးလေးကထွက်လာရော၊ ဥာဏ်ဝင်းရွှေခမျာသူရဲ့ trade mark ပုံစံအတိုင်းလက်တွေကားလိုက်မြှောက်လိုက်နဲ့စကားပြောတော့မှ ပုံ့ပုံ့ က” ဟာမှတ်မိပြီ၊ကိုဥာဏ်ဝင်းရွှေကြီး” လို့ပြောလိုက်တော့တယ်။ ဥာဏ်ဝင်းရွှေမှာ ကိုယ်ပိုင် trade mark ရှိတယ်။စကားပြောရင်လက်ကို
ဘေးကားလိုက်မြှောက်လိုက်နဲ့ အားရပါးရပြောတတ်တယ်။ RIT ကအနှစ်၃၀ကျော်ကွဲကွာသွားတဲ့ လေကြောင်ကိုသူ့ trade mark မြင်မှပဲ ကောင်မလေးက မှတ်မိတော့တယ်။ဒါကဥာဏ်ဝင်းရွှေအကြောင်း ကော်ကြီး သိန်းအောင်ပြောပြတာ။ သူငယ်ချင်းတို့ ---ဒီတခါဥာဏ်ဝင်းရွှေတွေ့ ရင်သတိထားကြည့်ကြ၊ အကျင့်ကမပျောက်သေးဘူး။
အဲဒီနေ့ကထွေရာလေးပါးလျှောက်ပြောလိုက်ကြတာစုံနေတာပါပဲ။ တင်မောင်သန်းကမကျေနပ်ဘူး၊မောင်တိုင်ပင်ပထမနှစ်မှာ
မြန်မာစာtutorialလုပ်တော့ grade 2 ပဲရတယ်၊ မြန်မာစာဆရာဦးတင်ဝင်းက” မျိုးဦးရယ်၊မင်းအဖေကမြန်မာစာပါမောက္ခ၊မင်းလုပ်တာမင်းအဖေတော့မျက်နှာပျက်ပါပြီ” လို့ tutorial မှာပြောတာကိုမရေးလို့တဲ့၊---ရေးလိုက်ပါပြီ မတော်လိုက်ရတဲ့ယောက်ဖကြီးတင်မောင်သန်းရယ်---WHO စကားလုံးနဲ့ ပြောရရင် ဒီအချိန် ရှက်ကြောကပြတ်နေပါပြီ၊ကိုယ်တို့တွေ အများဆုံးကြားရတာကတော့ Oliver ကြီး lecture နားထောင်ရတာပါ၊ Oliver က ကျောင်းတုံးကတင်မောင်သန်းနဲ့ တစ် ခန်းတည်း--အခန်းဖေါ်လေ။ ခင်မောင်ဦး ကိုကောင်းကောင်းဖဲ့တာပေါ့။ခင်မောင်ဦးကရေတပ်က ၀တ်စုံအဖြူနဲ့ဆိုရင် ၀င်းဦးလားမှတ်ရတယ်။ကျောင်းမှာကတည်းနုနုလှလှကြွကြွလေးနေတပ်ထိုင်တတ်တယ်၊ အခုဆုံကြတော့တော်တော်အရင်တွယ်တာပဲ။သူကို Oliver ကဖဲ့ လို့ကောင်းတယ်လေ၊သူအရပ်ဖက်ပြောင်းတော့ မြစ်ဆုံဝန်ကြီးဌာနမှာလုပ်ခဲ့တာကိုး၊သူအဲဒီကပင်စင်ယူခဲ့တာ။
သူငယ်ချင်းတွေတွေ့ချိန်မှာအခြားသူငယ်ချင်းတွေအကြောင်းအချင်းချင်းပြောကြတော့ the world is small ဆိုတာမှန်ပြန်ရော၊ သန့်စင်ယောက်ဖက မောင်တိုင်ပင်မိတ်ဆွေ သော်တာပုဖြစ်နေရော၊ မောင်တိုင်ပင်နဲ့သော်တာပု က RIT မှာ တင်းနစ်ရိုက်ဖက်--နောက်သူကလေတပ်ထဲရောက်သွားရော။ ရန်ကုန်မှာသော်တာပုနဲ့တွေ့တော့စင်ကာပူမှာသူ့မရီးရှိကြောင်းပဲပြောတော့သတိမထားမိကြဘူး။
Oliver ရဲ့ဒဿနကဆန်းတယ်၊သူအမြဲပြောတာကသူမှာသူခန္ဓာကိုယ်ကမဟုတ်တဲ့ပစ္စည်း ၃ မျိုးရှိတယ်တဲ့၊
မျက်စေ့ lensထည့်ထားတယ်၊နှလုံးသွေးကြောမှာ stant ၂ချောင်းထည့်ထားတယ်၊ pace makerတတ်ထား
တယ်တဲ့၊ သူကြည့်ရတာပုံမှန်လူကောင်း အတိုင်းပါပဲ။အဲဒီနေ့ကည ၁၁ နာရီထိုးမှာအတင်းစကားဖြတ်ခဲ့ကြ
ရတယ်၊
သိန်းအောင်ရေ--ကျေနပ်လိမ့်မယ်ထင်တယ်နော်၊ ကိုယ့် အတွက်ကုန်ကြမ်းတွေရှားပါးလာပြီ၊တွေ့ ကြအုံးမယ်။
Thursday, December 15, 2011
စင်ကာပူလိုဖြစ်ချင်ရင်
သမ္မတကြီးကတော့စင်ကာပူလိုဖြစ်အောင် လုပ် လို့လမ်းညွှန်ထားပြီ။မောင်တိုင်ပင်ဒီတစ်ခေါက်စင်ကာပူ
ရောက်တော့တစ်ခါမှမရောက်ဘူးသေးတဲ့ ICA မှာ long visit သွားလျှောက်တယ်။ စင်ကာပူကိုစာလာသင်
သူတွေအလုပ်လာလုပ်သူတွေမှီခိုသူတွေအကုန်ရောက်ဘူးကြမှာ ပါ။ICA ရဲ့ အရှည်ကThe Immigration and Checkpoints Authority ပါ။
မောင်တိုင်ပင် မြေးဆီလာတိုင်း ဗီဇာလျှောက်လျှောက်နေရတာအလုပ်ရှုပ်လို့
long term multiple journey visa ယူထားလိုက်တာ။

ICAရက်ချိန်းရတဲ့နေ့ အိမ်က ၇း၃၀လောက်ကတည်းကထွက်လာတာ။ICA ရောက်တော့ နံနက် ၈ နာရီ ထိုးခါနီးနေပြီ၊
ရုံးထဲကိုဝင်ဖို့တန်းစီနေတဲ့ လူတန်းကြီးနောက်မှာဝင်စီ လိုက်တယ်။ ၈နာရီ ဒေါင်ကနဲထိုးတာနဲ့ဖွင့် လိုက်တော့တာပါပဲ။
ဘယ်နေ့လာ process လုပ်ချင်တယ်ဆိုတာ on line ကနေကြိုတင်လျှောက်လွှာတင်ရတယ်။ ကိုယ်ကြိုက်တဲ့
ရက်မရရင်အဆင်ပြေတဲ့ ရက်ကိုယူလိုက်လို့ရတယ်။ ရက်ချိန်းကော အချိန်ကော ပေးထားတယ်၊မှီအောင်သွားရတယ်။မိမိသ
ဘောနဲ့ကောက်သွားလို့မရဘူး။ print ထုတ်ထားတဲ့စာရွက်ပါယူသွားရတယ်။ထိပ်မှာ ဘားကုတ် ပါတယ်။
ရုံးထဲဝင်သွားပြီးဘားကုတ်ကို scan လုပ်လိုက်ရင်ဘယ်ကောင်တာသွားရမယ်၊အဲဒီနေ့အတွက် serial no
ကဘယ်လောက်ဆိုတာတခါတည်းထွက်လာတယ်။ကောင်တာက ၂၇၊ အထပ်က ၄ ထပ်၊ အဲတော့ ၄ ထပ်ကိုတက်သွားပြီး
ကိုယ်ဆက်သွယ်ရမဲ့ကောင်တာရှေ့ကခုံတွေမှာသွားထိုင်နေလိုက်တယ်။ ခဏနေတော့သာယာနာပျော်ဖွယ်ကောင်းတဲ့ chime
သံထွက်လာတဲ့အခါကြည့်လိုက်တော့ ကိုယ့်နံပါတ် ကမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီ။ကောင်တာ ၂၇ ရှေ့က
ကုလားထိုင်မှာထိုင်ပြီးဂွတ်မောနင်းလုပ် လိုက်တယ်။ကိုယ့်ကိုပေးထားတဲ့စာရွက်မှာဘာယူလာရမလဲဆိုတာ
check list ရှိပြီးသား၊ ကိုယ့်အပိုင်းကတစ်ခုပြီးတစ်ခုထုတ်ပေးလိုက်တာ အိုကေ ပဲ။sponsor ဖြစ်တဲ့သမီးအ
ပိုင်းရောက်တော့ရွာတွေလည်ကုန်ရော။CPF, income tax, appointment letter,bank statement
အကုန်ပြရတယ်။ယောက်ျားရဲ့ CPF ကအစ bank statement အဆုံးအကုန်ပြရတယ်။မူရင်းနဲ့တိုက် ကော်ပီ
တွေယူထားနဲ့ ရှင်းလိုက်တာ သမီး CPF ရောက်တော့ ရှုပ်တော့တာပါပဲ။ သမီးကအလုပ်အမျိုးမျိုးပြောင်းထားတော့ရှုပ်တယ်၊
သူကိုနားလည်အောင်ရှင်းပြရတယ်။ကိုယ်ဝန်ယူထားပြီး self employed အလုပ်လုပ်ထားတော့ CPF မှာအလုပ်ရှင်ကနေသွင်းထား
တာမဟုတ် သူဖါသာသွင်းတာကိုး၊၊သားမက် appointment letter မှာ တခါရစ်တယ်။ သမီး ကအလုပ်ကနေ ရောက်လာပြီးလာရှင်းတော့ပြီးသွားရော။
သားမက်ကတော့ appointment letter က confidential သူ့အတွက်ပေးတာမျိုးဖြစ်နေတယ်။ Letter head နဲ့ signed sealed
လုပ်ထားတာမျိုးဖြစ်ရမယ်ဆိုတော့ သားမက်ဆီဆက်ရတော့တာပေါ့။ သားမက်ကလည်းဒီကနေ့မှ အလုပ်ကများနေတော့မလာနိုင်ဘူး၊ဒါနဲ့
သူအလုပ်ရှိတဲ့ IMMကိုပြေးရရော။ ကောင်တာကစာရေးကသူ ၂ နာရီ - ၃ နာရီအထိ lunch break ယူမယ်ဆိုတော့အ
ပြေးအလွှားသွားရတာ။
မြန်မာပါတဲ့။ဒီလောက်အရစ်ခံရတာလောက်တော့ ပျင်းတောင်ပျင်းသေး။ မောင်တိုင်ပင်လည်း lunch ကို
ကမန်းကတမ်းစားပြီး ICA ကိုပြန်လာပေမဲ့ယူလာတဲ့စာရွက် ကိုကော်ပီ ကကူးရအုံးမယ်။ ICA building ထဲ
ရောက်တော့ photo copy ကူးတဲ့နေရာမှာ လူအယောက် ၂၀ လောက်တန်းစီနေတော့ မောင်တိုင်ပင် ခမျာ
”သေဟ” ဆိုပြီး နဖူးရိုက် လိုက်မိတော့တယ်။ နာရီက ၂၀ မိနစ်ပဲကျန်တော့တယ်။ တစ်ယောက် ၁မိနစ်ပဲထားအုံးဘယ်
လိုမှ မမီတော့ဘူး လို့စိတ်လျော့လိုက်မိတော့တယ်။ အမယ် လူတန်းကြီးရွေ့တာက
တော်တော်မြန်သား။ ကူးတဲ့စက်ရှေ့ရောက်တော့ ဒါကြောင့် မြန်တာကိုးလို့သိ လိုက်ရတော့တယ်။ ကူးမဲ့စာ
ရွက်ကိုပင်ဖြုတ်၊ အပေါ် က tray မှာ စီထပ်လိုက်တယ်၊ print ကို တစ်ရွက် ပဲ ဆိုရင် ၁ ကိုနှိပ်လိုက်တယ်
။ဗျောကနဲကူးပြီးသားလေးတွေထွက်လာတယ်။ကောင်တာ ၂၇ ရှေ့ရောက်တော့ ၅ မိနစ် လိုသေး၊ စာရေးမလည်း
မြန်မြန်စစ်ပြီး အရာရှိဆီသွားပြတော့ အရာရှိက lunch break ယူသွားတယ်တဲ့။ သေဟဲ့နန္ဒိယ မောင်တိုင်ပင်
စောင့်ပေအုံးတော့ ၃ နာရီ ထိ၊
မောင်တိုင်ပင်လည်းစိတ်ကိုဒုံးဒုံးချပြီးကုလားထိုင်ပေါ်မှာ မိုးကုတ်ဓမ္မံရံသီဆရာတော်ဦးသုနန္ဒရဲ့ တရားခွေ ၁ နာရီလောက်တော့ နာ နိုင်တယ်ဆိုပြီးမှေးနေလိုက်တာပေါ့။ Sydney 2008 နံပါတ် ၁၀ ကိုနားထောင်တရားနာနေလိုက်တာ၊ တရား
သာပြီးသွားတယ်။ ကောင်တာ ၂၇ က စာရေးမ မလေးသူဒေါ်ဂျုနို ကရောက်မလာသေးဘူး။၃နာရီခွဲခါနီး
လောက်တော့ရောက် လာပါတယ်။ထုံးစံအတိုင်း ဟိုလှည့်ဒီလှည့် လုပ်၊ မောင်တိုင်ပင် case ကိုင်ပြီး အရာရှိ
ဆီဝင်သွားပါလေရော။ပြန်ထွက်လာတော့ တခါပြန်စစ်၊သူ့ကောင်တာပေါ်မှာ scanner သေးသေးလေး၊ ဘား
ကုတ်ဖတ်တဲ့ scanner လက်ဗွေနိုပ်တဲ့ စက်၊ကွန်ပျူတာ အကုန်ရှိတယ်။ မောင်တိုင်ပင် on line ကနေရေး
သွင်းထားတဲ့ ကိုယ်ရေးအချက်အလက် ကိုသိချင်ရင် ဘားကုတ် scanner နဲ့တေ့လိုက်ရင် ကွန်ပျူတာ စကရင် မှာ
မောင်တိုင်ပင်အကြောင်းပေါ်နေပြီ။ လိမ်လို့ မရဘူး။မောင်တိုင်ပင်စင်ကာပူ ကို ဘယ်နှစ်ခါက်လောက် ၀င် လိုက် ထွက် လိုက် လုပ်နေသလဲဆိုတာအကုန်ပေါ်နေတယ်။ scanner သေးသေးလေးနဲ့ မောင်တိုင်ပင် ဓါတ်ပုံကို ကူးတယ်၊ပြီးတော့
ဓါတ်ပုံပြန်ပေးတယ်။သွားပေတော့ ICA ရဲ့data base ထဲမှာ မောင်တိုင်ပင် ကိုယ်ရေးရာဇ၀င် ရောက်သွားပြီ။
လက်ဗွေ နိုပ်တာလည်းလက်ကိုမှင်မပေတော့ဘူး၊ စကရင်ပေါ်မှာ လက်မ ကို roll လုပ်လိုက်တာနဲ့ လက်ဗွေကပေါ်သွားပြီကိုး။
၃နာရီ၄၅မိနစ်လောက်မှာ ဒေါ်ဂျူနို က ကောင်တာ ၂၀ကိုသွားပါ။၎း၁၅ မှာ အိုင်စီကတ်ပြားထုတ်ပေးပါ လိမ့်မယ်လို့
ြေ့ပာပြီးမောင်တိုင်ပင် case ဖိုင်ကြီးကိုပေး လိုက်ပါတယ်။ မောင်တိုင်ပင်လည်းရှေ့ မှာပုပု၀၀နီနီဝါ၀ါငယ်ငယ်ကြီးကြီး သူသူငါငါ ကဒ်
ပြားလာထုတ်ကြတာကို မျက်စေ့ဒေါက်ထောက်ပဲကြည့်ပြီးအချိန်ဖြုန်းလိုက် နေလိုက်တော့တယ်။ ၄း၂၀ နာရီလောက်မှ ကိုယ် ကိုခေါ်တယ်။
ကဒ်ပြား ထုတ်ပေးတဲ့ အရာရှိ မ ကဖေါ်ဖေါ်ရွေရွေ ပါပဲ။ “ကဒ်က ၀၀၁ ဆိုတော့ အန်ကယ် ၈ နာရီကရောက်နေတာပဲ
လို့မေးတော့ ဟုတ်တယ် documents နဲ့ပတ်သက်လို့ လိုအပ်ချက်လေးတွေရှိ လို့ လို့ပဲပြော လိုက်တော့တယ်။
၈နာရီကျော်ကျော်စောင့်နေရလို့ အားနာတဲ့သဘော နဲ့ပြောတာထင်ပါတယ်။
အမယ်လေးဒါလေးများ ပျင်းတောင်ပျင်းသေးတယ်လို့ ပြန်ပြောလိုက်ရမှာ။ နာတို့လည်းနင်တို့လိုဖြစ်တော့
မှာ၊-----
သမ္မတကြီးကိုပြောချင်တာကရထားတွေ၊ကားလမ်းတွေ၊ တိုက်တွေတာတွေ၊မိုးပျံတံတားတွေထားပါအုံး၊စင်ကာပူမှာလို ပဲ
၂၄နာရီ အင်တာနက်အချိန်မရွေးရအောင်လုပ်ဖို့ လိုပါတယ်။ပြည်တွင်းမှာအင်တာနက်ဘယ်နေရာမှာမဆိုရအောင်လုပ်ပေးမှခေတ်မီနည်း
ပညာတွေအသုံးချလာနိုင်မှာပါ။ တစ်နေ့ကအာဆီယံအစည်းအဝေးမှာတော့ပြောသွားပါတယ်။ ပြောလိုက်ရင်တော့ မစားရ၀ခမန်းပါ။မြန်မာဆက်သွယ်ရေးကတော့ သြ ချလောက်ပါတယ်။ပညာရှင် လည်းမမွေးထားတတ်၊ပုဂ္ဂလိကဖက်ကလူတွေကို
တခါလာလည်းခိုင်းလိုက်ရင်ဒီလူတွေပဲ၊သူတို့ရဲ့ capacity တွေ performance တွေဘယ်လိုရှိတယ်ဆိုတာ
သိနေပြီပဲ။အင်မတန်စိတ်ပျက်စရာကောင်းတဲ့အခြေအနေမျိုးလေ။ outsourcing ကိုနိုင်ငံခြားကယူမှပဲဒီအပိုင်းတွေမှာ
တက်လာမှာပါ။BHG လို hacker group တွေကရန်တောင်ကောင်းကောင်းမကာကွယ်နိုင်သေး--- IT sector
ကလူတွေခေါ် အလုပ်ရုံဆွေးနွေးပွဲ တစ်ခု လုပ်၊ ငါတို့ နိုင်ငံ ကို စင်ကာပူလိုဖြစ်အောင်လုပ်ချင်တယ်၊
ဘာ လုပ်သင့်သလဲပြောကြ။ အခုတော့မဟုတ်ပေါင်ဗျာ---တခါလာလည်း ဒီလူတွေပဲ၊ cronies တွေပဲ။ အစွမ်းအစရှိတဲ့ လူအသစ်တွေရှာ
ကြပါအုံး လို့ ပဲပြောချင်တယ်။
နောက်တစ်ခုကစင်ကာပူကမြန်မာသံရုံးကို မြန်မာတွေအခွန်ဆောင်ချင်ရင်၊ဘာလုပ်ချင်ချင်
သံရုံးကိုမလာပဲ on line ကလုပ်လို့ ရအောင်လုပ်ခိုင်းပါ။စင်ကာပူလိုဖြစ်ချင်ရင်သူတို့အရင်စမ်းလုပ်ကြည့် ရမှာပါ။
ဒီ စင်ကာပူ network ကြီးထဲမှာ ရှိနေတာ၊ infrastructure ကရှိနေပြီ။ဘာလဲ--သံရုံးက သတင်းအချက်အလက်တွေ ခိုးမှာ စိုး လို့ လား ? ဒါမှမဟုတ်မြန်မာတွေသံရုံးကိုလာရမှ အကြံအဖန် လုပ် လို့ရမှာ မို့ လား ? ခေတ်ပြောင်းနေပြီလေ-----

Thursday, December 1, 2011
မွေးဖွားခြင်းမှ သည်သေဆုံးခြင်း
၁၉၇၇ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့၊ ရန်ကုန် ဒပ်ဖရင်ဆေးရုံမှာ မောင်တိုင်ပင်ရဲ့တစ်ဦးတည်းသောသမီး ကို မွေး
ဖွားခဲ့ပါတယ်၊အဲဒီအချိန်ကမောင်တိုင်ပင်တို့ဇနီးမောင်နှံဟာယောက္ခမတွေနဲ့ပဲနေတုံးပါ။အခုခေတ်လိုultra sound လည်းမရှိတော့ဘာလေးမွေးမယ်မှန်းတောင်မသိရဘူး။ ဇနီးဗိုက်ကိုသူတို့ဖက်ကအမျိုးတော်တဲ့ သားဖွားမီးယပ်ဆရာဝန်မကြီးဒေါ် Barbra ဆီမှာ အပ်ထားတာပါ။ ဇနီးသည်အစ်ကိုကဆရာဝန်ပါ။အဖေကလည်းအရိုးအထူးကုပါရဂူဆိုတော့ ဆေးရုံတွေနဲ့မစိမ်းလှပါ။ ဇနီးဗိုက်နာတော့ဒပ်ဖရင်ကိုယောက္ခမဖီးယက်ကားလေးနဲ့ပြေးရတာပေါ့။ညနေ၆နာရီလောက်ကဗိုက်နာ လိုက်တာဇနီးသည်
ခမျာအော်နေရရှာတယ်။မွေးခန်းထဲကိုဆရာဝန်အစ်ကိုက ၀င်လို့ရတယ်။ မွေးခန်းအ၀ခပ်လှမ်းလှမ်းကနေစိုးရိမ်ပူပန်စွာနဲ့စောင့်
နေရတဲ့ ယောက်ဖဆီကို သူညီမ အခြေအနေဘယ်လိုရှိတယ်ဆိုတာအစ်ကိုဆရာဝန်ကတစ်ခါလောက်ပဲလာပြောနိုင်တယ်။ဇနီး
သည်အော်သံပဲကြားနေရတယ်။နပ်စ်တွေကလည်း အနာသက်သာအောင်အော်သာအော်ဆိုပြီး ပြောနေသံကြားတယ်။ ၇နာရီ ၃၁ မိနစ်ကြတော့ခလေးငို သံ ကြားရရော။ ယောက်ဖကခွဲခန်းဝတ်စုံနဲ့ ပြုံးပြုံးကြီးထွက် လာပြီး မိန်းခလေး ၇ ပေါင်နဲ့ ဘယ်နှစ်အောင်စ
လို့ပြောလိုက်တော့ မိဘ တိုင်းခံစားရသလိုပဲ၊ ဘယ်လိုမှ မဖေါ်ပြတတ်တဲ့ပီတိ ကိုခံစားလိုက်ရပါတော့တယ်။မောင်တိုင်ပင်ကသမီးပဲ လိုချင်နေတာလေ၊ သူ့အမေလည်းတူတူပဲ၊ ခလေးကိုမတွေ့သေးဘူး၊ရင်တော့တော်တော်ခုန်နေတယ်။ ဂနာရီခွဲလောက်ထင်တယ်။ အခန်းဘက်ရွှေ့တော့အမေကို ပဲတွေ့ရတယ်။ခလေးကိုမတွေ့ရသေးဘူး။ ဇနီးသည်ကိုတွေ့တော့ပင်ပမ်းနေပုံရပေမဲ့ရွှင် လန်းကျေနပ် နေတဲ့မျက်နှာနဲ့မိန်းခလေးဆိုပြီးဂုဏ်ယူစွာပြောလိုက်ပါတယ်။သမီးနဲ့ ရှေဆင့်နောက်ဆင့်မွေးတဲကောင်လေး
မိဘတွေလည်းရှိနေတယ်။သမီးနဲ့ မိနစ်ပဲခြားမယ်။ နောင်တော့ ဇနီးနဲ့ မကြာမကြာတွေ့ပေမဲ့ အခုမတွေ့တာတော်တော် ကြာသွားပြီ။ မောင်တိုင်ပင်တို့ ၂ ယောက်လုံးကမိန်းခလေးလိုချင်တာလေ။ယောက်ဖရောက်လာပြီး“လာခလေးသွားကြည့်မယ် “ ဆိုတော့မှန်ခန်းကနေပဲကြည့်ရတယ်။အဲဒီအချိန်က ဆေးရုံတွေဟာအဆင့်အတန်းရှိပါသေးတယ်။စနစ်လည်းကျသေးတယ်။ သမီးလေးကအိပ်နေတယ်။မျက်နှာကြည့်ရတာအဖေနဲ့တူသလိုပဲ။ နပ်စ်ကလည်းအဖေတူသမီးလို့ဆိုလိုက်တော့ရင်ထဲမှာပြောမပြတတ်
လောက်အောင်ပီတိဖြစ်မိပါတယ်။ည ၁၀နာရီ ၁၁ နာရီ လောက်သမီးယောက်ဖနှစ်ယောက်ကားမောင်းပြီးအိမ်ပြန်လာကြတော့
လမ်းမှာ ယောက်ဖကသူ့ညီမ မမွေးခင်အော်ဟစ်နေတာကိုပြန်ပြောင်းပြော ရီကြတာပေါ့။ နောက်ပိုင်းဇနီး ကို ပြန်ပြန် စ ရင် သူမအော်ပါဘူး လို့ အတင်းငြင်းတယ်။
ယောက္ခမတွေကမအိပ်သေးဘူး၊သတင်းစောင့်နေကြတာ။ မိန်းခလေးလို့ပြောလိုက်တော့ ယောက္ခမ က ဘယ်သူနဲ့တူလဲမေးတယ်။ “အဖေနဲ့တူတယ်“လို့ပြောတော့သူတိုအားလုံးက၀ိုင်းရီကြတယ်။သမီးလေးဆေးရုံကရောက် လာတော့ အိမ်မှာ ရှိတဲ့ သူတွေရဲ့
အသည်းဖြစ်နေတာပေါ့။ သမီး ၉ လ လည်းရရောသူ့ ဘကြီး ဆရာဝန် ကအင်္ဂလန်ကိုပြောင်းသွားပါတယ်။ သူကိုယ်တိုင်မွေးပေးခဲ့ ရလို့နဲ့ တူတယ်။ သမီး ရဲ့ ဘကြီး က သမီး ကိုတော်တော် ချစ်ရှာတယ်။ ဒီသမီး ကနောင် အနှစ် ၃၀ကျော်ကြာတဲ့အခါမှာ သူ့အဖေ အတွက် ချစ်စရာအကောင်းဆုံးမြေးလေးတစ်ယောက်ကို မွေးပေးလိမ့်မယ် လို့မထင်ခဲ့ မိဘူး။
၁၉၉၃ခုနှစ် ဇူလိုင်လ (၇)ရက် ည ရး၃၀နာရီ မောင်တိုင်ပင် တို့မိသားစုအတွက် ကမ္ဘာကြီးတစ် ခုလုံးပြိုလဲခဲ့တဲ့နေ့ လို့ ဆိုရင်မမှားပါဘူး။စမ်းချောင်းကျွန်းတောကျောင်းလမ်း က တိုက်ခန်း ကို ၁၉၉၃ ခုနှစ်မှာ မောင်တိုင်ပင်တို့ မိသား
စုပြောင်းလာခဲ့ပါတယ်။မောင်တိုင်ပင် ဘက်ကမြေတစ်ကွက်ရောင်း လိုက်တာနဲ့ အမေ က သားသမီး ၃ ဦး ကိုအမွေပေး
တော့ အဲဒီတိုက်ခန်းကိုဝယ် လိုက်နိုင်တာပါ။ နေတာ ၂ လလောက်ပဲရှိပါအုံးမယ်။ အဲဒီနေ့ည ၇နာရီခွဲလောက်
မောင်တိုင်ပင်နဲ့ ဇနီးသည် ၂ ဦးတည်းညစာ စားနေကြတုံး ဘာမပြောညာမပြောနဲ့ကုလားထိုင်ပေါ်ကနေ၀ုန်း
ကနဲ သူရဲ့ ညာ ဘက်ဘေးကို လဲကြသွားပါရော။ မောင်တိုင်ပင်မှာ ဆွဲချိန်တောင် မရ လိုက်ဘူး။အဲဒီအချိန်မှာ သမီး ကအပေါ်ထပ် ထပ်ခိုးမှာ အိမ်ကကောင်မလေးနဲ့ အတူစာကျက်နေကြတယ်။မောင်တိုင်ပင် လည်းအော်
ပြီးဘာ လုပ်ရမှန်းမသိဖြစ်နေတုံး အောက်အခန်း ကိုအကူအညီတောင်းတော့ အားလုံးတက် လာကြတယ်။ဆေးရုံ ပို့မယ် ဆိုပြီး မောင်တိုင်ပင် ကားထားတဲ့ မကြီးကြီး လမ်း က cousin အိမ် ကိုပြေးတာဘိနပ်တောင်မပါဘူး။
ရင်ထဲမှာ လည်းဗလောင်ဆူနေပြီ။ မောင်တိုင်ပင် cousin နဲ့ သားတွေ လိုက် ချလာကြတယ်။
တိုက်ခန်းရောက်တော့အပ်ါကို အပြေးတက်ပြီးဇနီးသည် ကိုပွေ့ ချကာ ကားပေါ်တင်ပြီး အနောက် ပိုင်းဆေးရုံ
ကိုဒလကြမ်းမောင်းသွားကြပါတယ်။ cousin ကမောင်တိုင်ပင်တို့ family doctor ကို ဖုံးဆက် ပေးတော့ ချက် ချင်းပဲ သူတို့ လိုက်ချ လာတယ်။ယောက္ခမတွေညီမတွေ လည်း လိုက်ချ လာကြတယ်။ ဇနီးသည်ရဲ့ မျက်စေ့သူငယ်အိမ် ကိုတာဝန်ကျ ဆရာဝန်မ ကဖြဲကြည့် ပြီး မရတော့ ဘူး လို့ပြော ပါတယ်။ အမှန်ကတော့ ဦးနှောက်ရေအိတ်ပေါက်သွားတယ် ဆိုတာကုလားထိုင်ပေါ်ကကျသွားကတဲ့ ကအသက် ကမရှိနိုင်တော့ဘူး။ဒါ က second attack လေ။သူခမျာ first attack တုံးကလည်းတော်တော်ခံ လိုက်ရတယ်။ ဆေးရုံမှာ တစ် လလောက်ကြာတယ်။ဆေးရုံ မှာ ရေခဲတိုက်ရောက်တဲ့ အထိ ဇနီးသည် ကိုကိုယ်တိုင်ပို့ခဲ့ ပြီး ဇနီး သည် ခြုံနေကြအညာစောင်အနီလေး ကို အမှတ်တရပြန်ယူလာခဲ့တယ်။
အယူမသည်းပဲအိမ်မှာသေချာသိမ်းထားခဲ့တယ်။ တိုက်ခန်းမှာ ကျန်ခဲ့ တဲ့ သမီး ကို cousin ကယောကမတွေဆီ ပို့ လိုက်တော့ ယ္ခောကမ အိမ် ကိုပဲ လိုက်သွားရတာပေါ့။ ရောက်တာနဲ့ ယောက္ခမတွေကဒီအိမ် ကို ပြောင်း လာဖို့ပြောပါတယ်။ သမီး နဲ့ အဖေ ၂ ယောက်တည်း ရှိ ချိန်ကြတော့ သမီး ကအဖေ နောက် မိန်းမ မယူ ဖို့ပြောပါတယ်။ သမီး ခမျာသူ့ အမေ မသေခင်က နင်ငါသေသွားရင် နင်အဖေနောက် မိန်းမ ယူလိုက်ရင် နင် ကိုနိုပ်စက် လိမ့်မယ်ဆိုတဲ့ အစွဲကြီး ကရှိနေတော့ ဒီစကားကိုအမေဆုံးပြီးပြီး ချင်းပြောတာနေမှာ ပါ။မောင်တိုင်ပင်လည်းသမီး ကိုဂတိပေးထားခဲ့တဲ့ အတိုင်း နေခဲ့ပြီး သူ ကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဝင်အောင်ကျွေးမွေးဆုံးမပဲ့ ကိုင် နိုင်ခဲ့ပါတယ်။ ဒီသမီး ကပဲသူ့ အမေ ကိုယ်စား မောင် တိုင်ပင် အတွက် အင်မတန် ချစ် ဖို့ကောင်းတဲ့မြေးလေး Mickey ကိုမွေးပေးခဲ့ပါတယ်။
၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီ လ ၁၆ ရက် မှ ၁၇ ရက်အကူး နံနက် ၂ နာရီလောက် သမီး တို့လင်မယားတွတ် ထိုးနေ
ကြသံ ကြား တော့ ဘာများဖြစ် လိုလည်းထကြည့်တဲ့အခါ သမီး ကသူ့ ကို ဆရာဝန် က ပြောတဲ့အတိုင်းခံစားနေရပြီ
လို့ပြောပါတယ်။စင်ကာပူ NUH ဆေးရုံကိုဆက်ကြည့်တော့ အခြေအနေ ကို မေးပါတယ်။ နောက် ဆေးရုံလာခဲ့ လို့ခေါ်တော့ သားအမိသားအဖ ၃ ယောက်သားအိမ်တခါးပိတ် taxi ကို on call ခေါ်ကာ NUHကိုအပြေးချီတက်သွားရပါတော့တယ်။
စင်ကာပူဆေးရုံတွေက ယောက်ျားတွေကို မွေးခန်းထဲ ၀င်ခွင့်ပေးတယ်။သူတို့ ၂ ယောက်မွေးခန်းထဲဝင်သွားတော့ မောင်တိုင်ပင် မှာ waiting room ထဲမှာ ငေါင်ငေါင်ကြီးကျန်နေခဲ့တာပေါ့။သားမက် ကအခြေအနေကို ဖုံးဆက်ဆက်ပြောရှာပါတယ်။ သားဦး ဆိုတော့စိုးရိမ်တာပေါ့လေ။ lunch ကို ၁၁ နာရီခွဲ လောက်စားပြီး ချိန်ထိ ဘာမှာ မထူးသေးဘူး၊ နေ့ လည် ၁နာရီ ကျော်မှ သားမက်ဆီကဖုံးလာတယ်။ဖုံးထဲမှာ မြေးလေးအော် သံ ကြားနေရတော့ မွေးပြီး ဆိုတာသိ လိုက်ရတယ်။
၎နာရီခွဲ လောက်မှာ မှ မြေးလေးမျက်နှာ ကိုတွေ့ရတယ်။ သမီး မျက်နှာ ကပင်ပန်းပုံရပေမဲ့ ရွှင်လန်း တက်ကြွနေပုံပဲ။ ဘ၀မှာ တွယ်တာစရာသားလေးတစ်ယောက် ရပြီ။ အဖေ အတွက် လည်းဇနီးကိုယ်စား သူအမေကိုယ်စား
ချစ်ရမဲ့ မြေးလေး တစ်ယောက် ကို မွေးပေးခဲ့ပြီ။ ဒီကနေ့ သမီး မွေးနေ့ (၁-၁၂-၂၀၁၁) မှာ ချစ်စရာမြေးလေးက ၂ နှစ်နားရောက်နေပြီ။ သူ့ အဒေါ်မောင်တိုင်ပင် ညီမက ဒီလင်မယား နှစ်ယေက် ကစားစရာအရုပ်ကလေးရနေသလိုပဲတဲ့ ။
သမီး ကဓါတ်ပုံရိုက် ၀ါသနာ ပါတော့ သူ့ သားက model boy ဖြစ်နေပါတယ်။ ဒီအရွယ် ကတည်း က post လုပ်တတ်နေပြီ။ လူ ဘ၀ မှာ မွေးဖွားခြင်း မှာ သေဆုံးခြင်း ကာလအတွင်းမှာ စိတ်ကောင်းနှလုံးကောင်းထားတတ် ကြဖို့ အရေးကြီး ဆုံးပါ။

Labels:
သမီး အတွက်မွေးနေ့ လက်ဆောင်
Saturday, November 26, 2011
RIT ကျောင်းသားဘ၀ (၄)
Mech 72 အုပ်စုထဲမှာစာရေးတတ်သူတစ်ယောက်ပေါ်လာတာကြိုဆိုရမယ်။တခြားလူမဟုတ်ပါဘူး၊
ဝင်းထိန်ဦးဆရာကြီးရွှေဂေါင်းပြောင်ပါ။ ၂၄-၁၁-၂၀၁၁နေ့ကချက်ချင်းလိုလိုပဲဆရာကန်တော့ပွဲမလုပ်
ခင်သူငယ်ချင်းတွေတွေ့ရအောင်--နောက်လေကြောင်ဥာဏ်ဝင်းရွှေလည်းရောက်နေတုံးကော်ကြီးသိန်း
အောင်၊မြသန်း၊ဟာဂျီခင်မောင်ဦး၊နွားမောင်မောင်နဲ့ မောင်တိုင်ပင်တို့သုဝဏ္ဏမှာရှိတဲ့ ခိုင်ခိုင်စိုးထမင်းဆိုင်
မှာဆုံဖို့ကိုယ်ကဆော်အော်လိုက်ပါတယ်။လေကြောင်ကြိုက်တဲ့ဆိုင်ဖြစ်လို့ပါ။မြသန်းကမြေးကိုကျောင်း
ကြိုနေရလို့ ၁၂း၃၀ နဲ့ ၁ချက်ကြားဆိုပြီး ချိန်းလိုက်ပါတယ်။ ဟာဂျီနဲ့လေကြောင်ကကိုယ်ဘဏ်ကိုလာခဲ့
ပြီးအတူတူသွားမယ်ဆိုလို့သူတို့ရောက်လာတာနဲ့ခို်င်ခိုင်စိုးဆီချီတက်ခဲ့ကြပါတော့တယ်။
ဆိုင်ရောက်တော့တော်ပဲနေရာကအဆင်သင့် ၇ ယောက်စာစားပွဲမှာထိုင်ကြရင်းတခြားလူတွေစောင့်ရင်း
စကားပြောနေတုံးသိန်းအောင်ရောက်လာတယ်။သိန်းအောင်ကစင်ကာပူက ၂၀ ရက်နေ့ကရောက်လာတာ။
သိန်းအောင်ကရောက်ရောက်ချင်းကိုယ်ကဘဏ်မှာ လုပ်တာဆိုတော့ဘေဏ်မှာဒေါ်လာငွေလဲရတာကိုပြော
ပါလေရော။ဒါနဲ့ကိုယ်လည်းဟေ့ကောင်စင်ကာပူရ နဲ့မတူဘူး၊တို့ကအတွေ့အကြုံမရှိဘူး၊လုပ်တတ်တဲ့သူမရှိ
ဘူး၊ကြားဘူးနားဝအတွေအကြုံ(hear filled experience)တွေနဲ့ဘဏ်တိုင်းလိုလိုလုပ်နေရတာ၊နောက်
တစ်ခုကဒီနိုင်ငံကxenophobia နိုင်ငံ၊ နိုင်ငံခြားသားဆိုရင်ကြောက်တယ်၊အင်္ဂလိပ်စကားပြောမကျွမ်း
ဘူး၊အခုမှစဖွင့်တာ၊ပြောင်းလဲနေတာ၊ဒါတွေကိုသည်းခံပါအုံး၊ မြန်မာတွေ sharp ဖြစ်ပါတယ်၊ pick up
မြန်ပါတယ်။ သိပ်မစောင့်ရပါဘူး၊ ၂၀၁၂အလယ်လောက်ဆိုရင်တိုးတက်မှုတွေမြင်ရတော့မှာပါ
လို့ပြောရပါတယ်။
သိန်းအောင်ကထုးခြားတဲ့ Mech 72 ပါ၊ စင်ကာပူကျွန်းတစ်ကျွန်းလုံး ရုံးကားမောင်းပြီးပတ်နေတာဖြစ်လို့
စလုံးတွေကတောင်လမ်းမသိရင်သိန်းအောင်ကိုမေးရပါတယ်။ စလုံးတက်စီသမားကတောင်သြချယူနိုင်
လောက်တဲ့သိန်းအောင်ပါ။ ကိုယ်ပိုင်ကား ရှိတဲ့စလုံးတွေကဓါတ်ဆီကုန်မှာ စိုးလို့သိန်းအောင်လိုစင်ကာပူ
အနှံ့ဘယ်လျှောက်မောင်းနေမလဲ-- မောင်တိုင်ပင်စလုံးကိုရောက်တုံးသူက Jurong တစ်ခုလုံးဗဟုသုတရ
အောင်ပတ်မောင်းပြလိုက်သေးတယ်၊မောင်တိုင်ပင်တက်စီသာငှားသွားရလို့ကတော့ ၁၀၀-၂၀၀လောက်
တောင်ကျမလားမသိဘူး၊တော်တော်ကိုစုံစုံရောက်ခဲ့ပါတယ်။ NGP လေကြောင်ကတော့အမြဲပြောတယ်။
သိန်းအောင်က lunch စားပြီးရင်အကြောင်းရှာပြီးစင်ကာပူ east coast တို့ west coast တို့ကိုသွားလေ့
ရှိတယ်။အဲဒီမှာ car parking ကပိုက်ပိုက်မပေးရဘူး။ အရိပ်ကောင်းကောင်းအောက်မှာကားထိုးပြီး အိပ်
တော့တာပဲတဲ့။ လေကြောင်ကဖေါက်သည်ချတာ။ တခါကားတခါးပိတ်စက်နှိုးပြီး air con ဖွင့်အိပ်နေတဲ့
ကော်ကြီး ကိုစင်ကာပူပုလိပ်ကတခါးလာခေါက်ဘူးတယ်။ စလုံးမှာအဲလိုပဲကားတခါးအလုံပိတ်ပြီးgasဘူး
ဖွင့်လွှတ်ပြီးသေကြောင်းကြံတဲ့case တွေဖြစ်ဘူးတော့ရဲက မသင်္ကာတာနဲ့တခါးလာခေါက်တာ သိန်းအောင်
ဇိမ်တော်တော်ပျက်သွာတယ်တဲ့။
RITတုံးကမှတ်မိသေးတယ်။သိန်းအောင်အဖေDSP--အခါသူ့သားဆီလာလည်တာအခန်းနားနီးချင်းတွေက
သတိမထားမိဘူး၊မောင်တိုင်ပင်အခန်းဖေါ်ဂျီအုန်းတစ်ယောက်မပြောမဆိုနဲ့သိန်းအောင်တို့အခန်းထဲဝင်ပြီး“
သိန်းအောင်လူကလေး-- ဘာတွေလုပ်နေသလဲ” ဆိုပြီးပြောပြောဆိုဆိုဝင်သွားတာသူ့အဖေငုတ်တုတ်ကြီး
ထိုင်နေတာတွေ့တော့စိန်အုန်းလည်းကြောင်သွားပြီး “ဟအန်ကယ်--ဘယ်တုံးကရောက်နေတာလဲ
” ဘာညာနဲ့ စကားရောသောဖေါလုပ်လိုက်ရတယ်။ အဖေတွေနဲ့ ပတ်သက်ပြီး RIT မှာ ရယ်စရာဟားစရာ
တွေကြုံရသေးတယ်။ ဘယ်သူလဲမသိတော့ဘူး၊မူစလင်သူငယ်ချင်းတစ်ယောက်(WHOရေ-- သိန်း
အောင်ရေ--စာထောက်ပါအုံး)သူ့အဖေကပြည်ကလာတာ၊မနက်စောစောရန်ကုန်ရောက်တော့သားဆီလာ
တာ၊သိပ်အစောကြီး မဟုတ်ပါဘူး၊ ၆ နာရီလောက်ထင်တယ်၊ စနေ၊တနင်္ဂနွေဆိုတော့အကုန်အိပ်မောကျ
နေကြတုံး၊ဆော်နဲ့ နံနက်စောစောဘုရားသွားဖို့ချိန်ထားတဲ့ကောင်တွေလောက်သာစောစောထကြတာ။
သူ့သားအခန်းတံခါးခေါက်လိုက်တော့“ ဘယ်ခွေးသဒေါင်းစားလဲကွ၊မနက်အစောကြီး ရှိသေးတယ်” ဆိုပြီး
ပြန်အော်တော့အဖေကြီးခမျာ E blockလှေကားရင်းလေးမှာ ကုပ်ကုပ်လေးသွားထိုင်နေတာပေါ့။သူ့သားနှိုး
လာတော့အဖေကိုတွေ့ရော၊ အဖေကိုတွေ့တော့“ဟ--အဖေဘာလုပ်ထိုင်စောင့်နေရတာလဲ၊တခါးခေါက်ပြီး
ကျနော်နှိုးလိုက်ရောပေါ့” လို့ဆိုတော့ငါတခါးခေါက်နှိုးပါသေးတယ်ကွာ၊အခန်းထဲကနေမင်းတို့ပြန်အော်
လိုက်တော့ငါလည်းဆက်မခေါက်ရဲတာနဲ့လာထိုင်နေတာ”လိုပြန်ပြောရှာတယ်။ကောလိပ်ကျောင်းသားအင်
ဂျင်နီယာကျောင်းသားကိုအပြင်ကလူတွေတော်တော်ရှိန်ကြပါတယ်။ နောက်တစ်ယောက်ကတော့ကွယ်
လွန်သူဝမ်စွန်ပါ။ ၀ါးခယ်မကသူအဖေသင်္ဘောဆိုက်ပြီးအဆောင်ကိုတန်းလာကော။မနက်စောစောအိပ်
နေကြတုံး၊၀မ်စွန်အခန်းကိုတခါးခေါက်လိုက်တော့ထုံးစံအတိုင်း”ဘယ်ကောင်လဲကွ--မနက်စောစောတခါး
လာခေါက်တာ၊” ဆိုပြီးအော်တာပေါ့။အဲတော့“ဟေ့ကောင် ၀မ်စွန် မင်းအဖေ ငါ တခါးခေါက်နေတာကွ” လို့
လည်းဆိုလိုက်ရော၊ ၀မ်စွန်ခမျာ ကမန်းကတန်းထပြီး ”ဟ- အဖေဘယ်တုံးကရောက်လဲ-- ဘာညာလုပ်
၇တော့တာပေါ့။ သူငယ်ချင်းဝမ်စွန် ကောင်းရာသုဂတိသို့်လား ပါစေ။
သိန်းအောင်အကြောင်းဆက်ပြောရအုံးမယ်။သိန်းအောင်ကကျောင်းပြီးကတည်းက မလွန်စက်မှု(၂) မှ
၁၉ နှစ် နေခဲ့တာ၊ နောက်အလုပ်ထွက် ပြီး စင်ကာပူသွားတာ ၁ရ နှစ်ကြာပြီ။ဒီကောင်တွေက ၅၀ခုနှစ်ဖွား
တွေဆိုတော့ငယ်ကြသေးတယ်။ အဲတော့ရန်ကုန်ကိုလုံးဝမကျွမ်းဘူး၊ဘယ်ရောက်လို့ဘယ်ရောက်နေမှန်း
မသိဘူး။ဒါပေမဲ့သိန်းအောင်ကိုပေါ့သေးသေးမတွက်နဲ့၊ တိုင်းပြည်အတွက်တကယ်အသုံးဝင်အုံးမဲ့ကောင်၊
chemical war များဖြစ်ရင်ဘယ်လိုကာကွယ်ရမယ်ဆိုတာသူစလုံးကုမ္ဗဏီကအထူးလေ့လာထားတာ၊သူတို့
တွေက military ကလူတွေနဲ့ဆက်ဆံရတာ။အမေရိကန်နဲ့အဆင်ပြေသွားရင် မြန်မာ မှာလည်းသိန်းအောင်
training တွေလာလုပ်နိုင်တယ်။လေကြောင်ကပြောတယ်။ဒီကောင်နှုတ်ခမ်းမွှေးထားတာ သူမိန်းမရှာကျွေး
နေတာနဲ့ဆက်စပ်တယ်တဲ့။ ဘယ်လိုဆက်စပ်သလဲဆိုတာလေကြောင်တွေ့မှ ပဲမေးကြည့်ပါတော့။
နောက်ဟာသတစ်ခုကဟာဂျီခင်မောင်ဦးနဲ့လေကြောင်ဥာဏ်ဝင်းရွှေရန်ကုန်မြို့ထဲ မျက်မှန်သွားလုပ်တော့
ကုလားတစ်ကောင်ကခင်မောင်ဦး အပြင်မှာရပ်နေတာကိုသူ့အဖေထင်ပြီး ခင်ဗျားအဖေကိုအထဲခေါ်ပြီးထိုင်
ခိုင်းပါအုံးလို့ဆိုတော့လေကြောင်ခမျာအူတက်အောင်ရယ်ခဲ့ရတယ်။ ယခုတိုင်ခင်မောင်ဦးကိုmy father
ဆိုပြီးနောက်နေကြပဲ။ လေကြောင်အကြောင်းကိုသိန်းအောင်ဖေါက်သယ်ချတာကတော့ လေကြောင်က
စလုံးနဲ့အကြောင်းပါတာ၊အဲဒါသူယောက္ခမအထီးကြီးကလေကြောင်ကိုစိတ်မချတော့အသက်
ကိုဆွဲဆန့်တာ အသက် ၉ ၀ ကျော်မှဆုံးသွားတာတဲ့။ အခုယောက္ခမ အမကြီးကလည်း ၉ ၀ ကျော်ပဲ၊ သမီး
နဲ့လေကြောင်ကိုစိတ်မချ လို့အသက်ကိုဆွဲ ဆန့်ထားတုံးပဲတဲ့။
ဒီကနေ့တို့တွေအားလုံးM3မှာတွေ့ ကြမဲ့ ၁၃ ကြိမ်မြောက် ဆရာကန်တော့ပွဲ ကိုကြိုဆိုသောအားဖြင့်
Mech 72 အကြောင်းတွေကိုပြန်ပြောင်းရေးလိုက်ရပါတယ်။

Wednesday, November 16, 2011
RIT ကျောင်းသားဘ၀ (၃)
RIT ကျောင်းသားဘ၀ကသူငယ်ချင်းတွေအကြောင်းရေးချင်သေးတယ်။ကသာကကျောင်းလာတက်တဲ့ကျော်ဝင်း၊
မန္တလေးကလှအောင်တို့ဆိုတာအင်မတန်တည်တည်နဲ့နောက်ရွှတ်တတ်ကြတယ်။မောင်တိုင်ပင်တို့ Final year ရောက်တော့
E block ကအခန်းမှာ နေရတယ်။အခန်းဖေါ်ကစိန်အုန်း(ဂျီကျတတ်လွန်း လို့ ဂျီအုန်းလို့အမည်သမုတ်ထားတယ်)။
E block ဘေးကအင်းစိန်လမ်းကို ထွက်တဲ့လမ်းမကြီးရှိတယ်။ကားတွေကောလူတွေကောအသုံးပြုကြတယ်။
နောက်ဆုံးနှစ်မှာ ထင်တယ်။RIT ထဲမှာ ဂျီဟောအပြင် သဇင်ဆောင်ပေါ်လာတယ်။ဆရာတွေအိမ်ကိုမိန်းခလေးဆောင်
လုပ်လိုက်တာ။သဇင်ဆောင်ကကျောင်းသူတွေအပြင်ကိုထွက်ချင်ရင်အနီးဆုံးလမ်းကF block E block ရှေ့
ကလမ်းကိုအသုံးပြုလို့ရတယ်။ ကျောင်းသားတွေ ကတော့ထုံးစံအတိုင်း မိန်ခလေးချောချောများဖြတ်သွား လို့တစ်ယေက်
ယောက်ကမြင် လိုက်ရင်”မပြောမရှိကြနဲ့ဟေ့“ လိုအော်တော့တာပဲ။ အခန်းထဲကကျောင်းသားတွေအကုန်ထွက်ပြီး မျက်လုံး
ကျွတ်ထွက်မတတ်ငမ်းကြတော့တာပဲ။ RIT ၀န်းထဲကဆရာတွေအိမ်တွေကိုဖြတ်ပြီးကြို့ကုန်းရပ်ကွက်ကလူတွေ က ဒိလမ်းကိုဖြတ်လမ်း
လိုသဘောမျိုးကိုအသုံးပြုကြပါတယ်။ ကြို့ကုန်းရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။တစ်ရက်တော့ဘုန်းကြီး နှမရယ်အမေရယ်
အဒေါ်ကြီးတွေ ဘုန်းကြီး ဆီ လာလည်တာနဲ့တူတယ်၊အဲဒီလမ်းကိုဖြတ်လျှေက်လာတယ်။ စနေတနင်္ဂနွေဆိုတော့ ကျောင်းသားတွေကနေ့လည်နေ့
ခင်းအိပ်နေတြတယ်နဲ့တူတယ်။ဦးပဇ္ဇင်းကနှမတွေနဲ့တော်တော်ကွာကွာကလျှောက်လာတာ--
ဘုန်းကြီးနှမလေးကလည်းတော်တော်ချောတယ်။ကျောင်းသားတစ်ယောက်ကဖြတ်ခနဲမြင် လိုက်တော့ ထုံးစံအတိုင်း
” မပြောမရှိနဲ့ဟေ့” လို့အော်လိုက်တော့အိပ်နေတဲ့ကောင်တွေပါ ထလာပြီးငမ်းကြတာပေါ့။ တချို့ကလည်းကောင်မလေးက
ချောတော့ မထိတထိလေးစကြတယ်။ ကောင်မလေးနဲ့ အမေတွေအဒေါ်တွေကပြုံးစိစိနဲ့ခြေလှမ်းမမှားပဲခပ်မှန်
မှန်လျှောက်သွားကြပါတယ်။ ။အဲဒီအချိန်မှာ ဦးပဇ္ဇင်းကမှီလာပြီးကျောင်းသားတွေဘက်လှည့် ပြီး သင်္ဃန်းမလိုက်
ကာ ”မင်းတို့ ကို ဒါပဲကွ၊ဒါပဲကွ” ဆိုပြီးလှန်ပြပါလေရော။ ကြည့်နေတဲ့ကျောင်းသားတွေလည်းကြက်သေ သေသွားကြပြီး
ဘာပြန်အော်ရတော့မှန်း မသိတော့ဘူး၊အဲဒီအချိန် မှာ အိပ်နေတဲ့ကျော်ဝင်းကထလာပြီး ”တပြည့်တော်မမြင်လိုက်
လို့ပါဘုရား၊ထပ်ပြပါအုံးဘုရား”လို့အော်ပါလေရော----မောင်တိုင်ပင်တို့ ကဦးပဇ္ဇင်းတော့ ခဲကောက်ပြီးပေါက်
လိုက်မလားစိုးရိမ်နေတာ--သုတ်သုတ်နဲ့ သူအမေ နှမတွေမှီအောင်ခပ်မြန်မြန်လျှောက်သွားပါလေရော----
မောင်တိုင်ပင်တို့လည်း မှင်သက်မိနေရာကနေပြန်သတိရပြီးတစ်ယောက်နဲ့တစ်ယောက်ဟားကြတော့တာပေါ့။
ဦးပဇ္ဇင်းကနောက်ရက်ကြတော့ ပါမောက္ခချုပ်ဒေါက်တာအောင်ကြီးသွားတိုင်တာပေါ့။ဆရာကြီးကကျောင်းသားတွေ
အကျင့် ကို သိနေတော့ ဦးပဇ္ဇင်းကိုပြေလည်အောင်ပြောလိုက်တယ်နဲ့တုတယ်။ Hall Tutor က နောင်ကို
မနောက်ကြဖို့လာပြောတယ်၊ ကျောင်းသားတွေပဲဘယ်ရမလဲ။ကျော်ဝင်းပြောလိုက်တာကြောင့် ဘုန်းကြီး
ကတော်တော်ဒေါသထွက်သွားတာ----
လှအောင်နဲ့ကျော်ဝင်း ၂ ယောက်တွေ့မိရင်Textile ကကျောင်းသူတွေတော်တော်အစခံရတယ်။ ဘိတ်ကလာ
တဲ့ ကျောင်းသူတွေ့ ရင်”ဟေ့ ဂွေညု နင်ငါ ချေ့တယ်” ဆိုပြီးဘိတ်သံနဲ့ အော်အော်ပြီး စကြတော့တာပဲ။ Textile
က ဂျူလီယန်း၊မြသန်းဝင်း၊နဲ့နောက်တစ်ယောက်နံမည်မေ့နေတယ်(ပြောပါအုံး WHO ရေ) (WHO က ချက်ချင်းအဖြေပေး
တယ်၊ကြူကိုကို တဲ့)ကိုမောင်တိုင်ပင်တို့တတွေက three imps လို့ခေါ်တယ်။မနှစ်က Textile ကကျောင်းသူ
တွေပါဆရာကန်တော့ပွဲ ကို ဘိတ်တယ်။ မြသန်းဝင်းနဲ့ ဂျူလီယန်း တို့ လည်း
တက်တယ်။ မြသန်းဝင်းက ရွှေရတုအငြိမ့် မှာ RIT ကအငြိမ့်သမလေ၊ ဆရာကန်တော့ပွဲပြီးတာနဲ့ မြသန်းဝင်းက
တက်ကတော့တာပဲ။ RIT ပိုးမကုန်သေးဘူးလေ။စိန်အုန်း တို့လည်း မြသန်းဝင်းနဲ့ အပြိုင် ကတာပေါ့။
မနှစ်ကတော့ Textile ကတစ်ယောက်ကမိတ်ဆက်တော့ကျွန်မနဲမည် ဘယ်သူဘယ်သူပါ၊
ကျွန်မကိုတော့ ”မည်းပု” လို့ဆိုရင်အားလုံးသိပါတယ် ”အဲဒီလိုကျေညာလိုက်တော့ အကုန်လုံးရဲ့
မျက်စေ့ထဲမှာ ၁၉၆၈-၆၉ လောက် က မည်းပု ကို မျက်စေ့ထဲမှာ အားလုံးမြင်
သွားကြပါတော့တယ်။
နောက်တစ်ခုကသိကအောက်ဖြစ်ရတာလေးပြောချင်သေးတယ်။ ရန်ကုန် Day တက်တဲ့မက်သဒစ်အုပ်စုကျောင်း
သားတွေက Philip Yone Moe(ကျော်မိုး) ကိုခေါ်ရင်”ရုံးမို” ပဲခေါ်ကြ ပြီးနှုတ်ကျိုးနေတယ်။တစ်ရက်အလယ်ထပ်
assembly hall ရှေ့မှာ ကျော်မိုး ကသူငယ်ချင်း တွေနဲ့စကားပြောနေတယ်။ အဲဒီအချိန်မှာ main building
အခန်းသေးမှာ tutorial လုပ်နေတဲ့ကျော်မိုးသူငယ်ချင်းတွေက ( မြဘူး၊အော်လီ တို့ထင်တယ်) “ဟေ့ကောင်--ရုံးမို ရုံးမို”
နဲ့ ကျော် မိုးကိုအော်ခေါ်နေကြတယ်။ အဲဒီအချိန်မှာ တိုက် တိုက် ဆိုင်ဆိုင် Rector ဆရာကြီးဦးရုံမိုး ကအောက်ဆုံးထပ်မှာ
suit ကြီးနဲ့လျှောက်သွားနေတုးံ --ခေါ်တဲ့ကျောင်းသားတွေကို မော့ ကြည့်တာပေါ့။ အမယ် ဒီကောင်တွေကသတိမပြုမိသေးဘူး၊
ဆက်ခေါ်နေတုံးပဲ။ ကျော်မိုး က ပြန်ထူးလိုက်တော့မှ ရပ်သွားတယ်။ဆရာကြီး လည်းသူသား
ခေါ်တာသိတော့ အေးအေးပဲသူ့အခန်းဆီလျှောက်သွား ပါလေရော--
WHO ကလည်းသူ့သူငယ်ချင်း အုန်းခင် ကြီး အကြောင်းအောက်ပါအတိုင်းရေးလာပါသေးတယ်----
-RIT မောင်ဘွဲ့ ရ၊ဗလကြီး ၊သူရော ကျွန်တော်ပါနေ့ ကျောင်းသား၊ကျွန်တော် က သေး သေး
ပိန်ပိန်လေးနေ့ လည် ထမင်းစားချိန်မှာ အ၀စါး ငါးမူး ဆိုင်မှာထမင်းဝယ်စားကြတယ်၊အဲဒီအချိန်မှာဆို ရင်
အုန်းခင်က ကျွန်တော့် ကို အသဲအသန်ရှာရတယ်၊ဘာဖြစ်လို့လဲဆိုတော့ ထမင်းဆိုင်မှန်သမျှ အ၀စါး၅၀ါး နဲ့
သူ့ ကိုမရောင်း ဘူး၊ဘယ်ရောင်းမှာလဲ၊ငပိရည်ချတာနဲ့ ထမင်း တဇလုံ ပြောင် သွားပြီး စုစုပေါင်း ဆိုရင်
ထမင်း ၄ အုပ်လောက်စားတာ၊အဲတော့ ထမင်းဆိုင်တွေက နောက် တယောက်ပါမှ သူ့ကိုရောင်းပါ တယ်၊အဲဒီလိုအုန်းခင်ပါ
-ကျောင်း စတုတ္တနှစ်လောက်မှာ အဆောင် ဖဲဝိုင်းမှာ အုန်းခင် အမိခံရလို့ကျောင်း ကသူ့မိဘဆီ အုန်းခင်ကို
အဆောင်နားလါ ခွင့် ၆လပိတ်ကြောင်းစာပို့ တယ်၊ လူလည် အုန်းခင်က စာပို့သမားနဲ့ပေါင်း ပြီးဖြတ်ယူလိုက်
တော့ပြသ၁နာ ဘာမှ မပေါ်ဘူးပေါ့၊ဒါပေမဲ့ကျောင်း က ၆လပြည့်တော့ အဆောင် နားပြန် လာခွင့်ပြုကြောင်းစာ
ထပ် ပို့ ပြန် ပါ တယ်အဲ ဒါတော့ အုန်း ခင် ခမျာ မ သိလို့ဖြတ် မယူ လိုက် ရ ပါ၊အိမ်နဲ့ အကြီးအကြယ်ပြသ၁နာ
တက်ပါတော့ တယ်၊အဲလို အုန်းခင်ပါ---
(မတွေ့တာကြာလှ ပြီ၊ ပစိဖိတ်ထဲက ကျွန်း နိင်ငံတခု မှာ လို့တော့ပြောကြတယ်)
ဆရာကန်တော့ပွဲ ကိုကြိုဆိုလျက်---

ကျောင်းသားဘ၀ ဆောင်းပါး
Tuesday, November 15, 2011
RIT ကျောင်းသားဘ၀ (၂)
မောင်တိုင်ပင်တို့ RITကျောင်းသားဘ၀ဟာအမှတ်ရစရာတွေအများကြီးပါ။ဘယ်နှစ်လဲမမှတ်မိတော့ဘူး၊
ကျောင်းသားတစ်ယောက်ကစိတ်ဖေါက်ပြီးနောက်ကျောင်းသားတစ်ယောက်ကို ၃ ထပ်ကနေတွန်းချတာကံ
ကောင်းချင်တော့ တန်းကိုလက်နဲ့ဆွဲထားလိုက်နိုင်တယ်။တွန်းချသူကလက်ကိုအတင်းဖြုတ် လို့အားလုံးဝိုင်း
ဆွဲပြီးကယ်ခဲ့ရတယ်။ တွန်းချခံရသူက ဗန်းမော် က လှမြင့်--- အခုဗေဒင်ဟောနေတယ်လို့ကြားတယ်။
မသိရင်မေး အဖြေပေး ဆရာကြီး WHO ဆီကသတင်းရတာ။Myo Oo PZP မှာ တောင်အဲဒီအကြောင်းပြော
မိကြသေးတယ်။မောင်တိုင်ပင်တို့သမိုင်းဆောင်တွေထဲမှာ နေတော့ကျောင်းတက်ရင်အဲဒီအချိန်တုံးကဂျပန်
စစ်လျော်ကြေးနဲ့ ရထားတဲ့ဟီးနိုးကားတွေကအဆောင်ရှေ့မှာ လာခေါ်တာ။ အပြန်ကြရင်လည်းသူ့အချိန်နဲ့
RIT ဆင်ဝင်ကြီးရှေ့မှာ ရပ်ထားတော့တက်စီးသွားယုံပဲ။ တကယ်လို့ကားမမီရင်တော့အမှတ် (ဂ)ဘတ်စ်ကား
စီးပြန်လို့ရတယ်။သမိုင်းချည်မျှင်နဲ့အထည်စက်ရုံရှေ့ကဆိုရင်လမ်းတော်တော်လျှောက်ရတယ်။
အများကတော့ မေခဆောင်နောက်ကနေဖြတ်လမ်းက၀င်လာရင်နီးသလိုပဲ။
သမိုင်းအင်းလေးဆောင်မှာဒုတိယနှစ်ထိနေရတယ်။တစ်ယောက်တစ်ခန်းဆိုတော့ပိုလွတ်လပ်တာပေါ့။
ဒုတိယနှစ်ရောက်လာတော့ လုကလူရည်လည်လာပြီလေ၊ RIT mainမှာ အားကစားတွေဘာတွေလုပ်လာလို့
ကားမမှီတာများတယ်။ ညနေထမင်းစားချိန်မီအောင်ပြန်ရတယ်၊တခါတလေသူငယ်ချင်းကိုထမင်းယူထား
ဖို့မှာ ရတယ်။ထမင်းစားဆောင်ကကိုယ့်ဘတ္တလာနဲ့ကိုယ်ဆိုတော့ဘယ်ကျောင်းသားဆိုတာသိနေတယ်လေ။ သူတို့ဇနီး
တွေကကြက်ဥကြော်တို့ဝက်အူချောင်းကြော်တို့ရောင်းတာ။ ငပိချက်၊ခရမ်းချဉ် သီးချက်ဟင်းလိုမျိုး
လည်းရောင်းတယ်။ ညနေ ၆း၃၀ ဆိုရင်ထမင်းစားဆောင်ကပိတ်ပြီလေ။မောင်တိုင်ပင်ကတော့ညနေဆိုရင်
တင်းနစ်ကစားတယ်။ ဒုတိယနှစ်မှာ အင်းလေးဆောင် မှာ နေတာဆိုတော့သိပ်မကစားဖြစ်ဘူး။
တင်းနစ်အားကစားမှာ ဦးစိုးသာတို့ဦးကျော်ညွန့် (ဆည်မြောင်း)တို့က မောင်တိုင်ပင်တို့ရဲ့ senior ကြီးတွေပေါ့။
RIT main ကအဆောင်တွေကA,B,C,D,E,F,G လို့ခေါ်တယ်။A ကနေ E အထိက၂ယောက်နေရတယ်။F
ကတော့ဆရာများအဆောင်နဲ့ နောက်ဆုံးနှစ်ကျောင်းသားကြီးတွေထားတယ်၊ တစ်ယောက် ခန်းတွေပေါ့။
G ဟောကတော့အမျိုးသမီးဆောင်၊ စာရေးဆရာမ မစန္ဒာရေးလို့ ဂျီဟော ကိုကောင်းကောင်းသိနေပါပြီ။
မောင်တိုင်ပင်တော့ တခါမှာအထဲမ၀င်ဘူးဘူး၊တချို့ကောင်တွေကျောင်းပိတ်သွားရင်အိတ်ထမ်း၊သေတ္တာ
ထမ်းဖို့တော့ဝင်ဘူးကြပါ လိမ့်မယ်။ အဆောင်ကျောင်းသားဘ၀ ကတော်တော် လည်းပျော်စရာကောင်း
တယ်။တစ်ယောက်နဲ့တစ်ယောက် နောက်ရွှတ်နေကြပေမဲ့ စိတ်ဆိုးလည်းခဏပါပဲ။ နောက်ရွှတ်ကြတာ
ဆရာပေါက်စ Hall Tutor တွေတောင်တခါတခါ ပါသွားသေးတယ်။ ကျောင်းသားတွေရေချိုးရင်ရေလဲပု
ဆိုးကိုတန်းပေါ်လွှားထားလို့မရဘူး၊အပြင်က အလစ်မှာယူ မသွားနိုင်အောင်ပုဆိုးကိုပတ်ချီထား ပြီးရေချိုး
ရတယ်။တခါတော့ Hall Tutor ပေါက်စဆရာကဘုမသိဘမသိရေချိုး တဲ့ အခါရေလဲပုဆိုးကိုလွှား ထား
ခဲ့မိတယ်။ အပြင်ကဘယ်သူမှန်းမသိတဲ့ကျောင်းသားတစ်ယောက်က ဆရာရေလဲပုဆိုး ကိုယူပြီးအခန်း
တစ်ခန်းရှေ့က ကြိုးတန်းမှာ တင်ထားခဲ့တယ်။ဆရာကလူအေးအင်မတန်သဘောကောင်းတယ်။ရေချိုး
ခန်းထဲကနေ ”ကျနော်ပုဆိုးလေးပြန်ပေးကြပါဗျာ ” နဲ့အော်နေတာပေါ့။ကျောင်းသားတွေလိုရွတ်ပြီး
ကိုယ်တုံးလုံးကြီး ထွက် မလာရဲဘူး။ ”ကျနော်ပုဆိုးလေးပြန်ပေးကြပါနဲ့ ” လို့အသံတိုးတိုးလေးနဲ့ပဲအော်
နေတာပေါ့။ ဒါနဲ့အမြင်မတော်တော့ ရေချိုး ခန်းနားနီးတဲ့အခန်း ကကျောင်းသား က ရှေဝါရံတာမှာ
လွှားထားတဲ့ ပုဆိုးကိုယူပေး လိုက်ရတယ်၊ ဆရာခင်မျာ နှခမ်းတွေတောင်ပြာလို့ ----ဆရာအမည်ကို
သိချင်ရင်မောင်တိုင်ပင်ကိုလူချင်းတွေ့မှ ပဲမေးပါတော့--
ကျောင်းသားတွေအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်တော်တော်နောက်ကြတယ်။ ဇီးကုန်းကမောင်မောင်
ဆုံးသွားရှာပါပီ။သူကအသားမည်းတဲ့အိန္ဒိယနွယ်ဖွားသူရဲ့ nicknameကတော့ ”ခြင်မမြင်မောင်မောင်”တဲ့။
သူအခန်းဖေါ် မော်လမြိုင်က ဆိုက်အောင်သန်း ကအသားဖြူတယ်။ အဆောင်မှာ ညကြရင်ခြင် ကသူ့ပဲကိုက်တယ်။
မောင်မောင် ကအသားမည်း လို့ မမြင်လို့--မောင်မောင် ကအမြဲ ၀ိတ်မတယ်။အမြဲပဲစွပ်ကျယ်လက်စက ကိုဝတ်တယ်။
သူကအားကစားရုံမှာဝိတ်မပြီးအခန်းပြန်လာတယ်၊သူဝတ်နေကြမီးပူတိုက်ထားတဲ့စွပ်ကျယ်လက်စက နဲ့ ပု
ဆိုးကိုဝရံတာရှေ့ ကအ၀တ်လှမ်းတဲ့ကြိုးတန်းမှာအသင့်တင်ထားလေ့ရှိတယ်။ ပြီးမှာ ရေချိုး ခန်းသွားရေချိုး၊
ပြန်လာရင်လွှားထားတဲ့စွပ်ကျယ်နဲ့ပုဆိုးကောက်ဝတ် လိုက်ပြီးထမင်းစားခန်း ကို ဒိုးတော့တာပဲ။
သူက ခြောက်နာရီခွဲ ဖို့၁၀-၁၅စက္ကန့်လောက် အလိုမှာထမင်းစားခန်းရောက်သွားတာ၊ဘတ္တလာကအမြဲစောင့်နေရ
တယ်၊ဒါပေမဲ့အတိအကျပဲ၊ရောက်အောင်သွားတယ်။ တစ်ရက် မောင်မောင်ကထုံးစံအတိုင်းစွပ်ကျယ်နဲ့ပုဆိုးကို
အခန်းရှေ့ကြိုးတန်းမှာလွှားပြီးရေချိုးနေတုံးသူ့ အခန်းဖေါ် အောင်သန်းက စွပ်ကျယ်လယ်ပင်းပေါက်နဲ့ လက်ပေါက်နှစ်ဘက်
ကို stapler နဲ့ အကုန်ချုပ်ထားလိုက်ပြီး သူ့ပုံစံအတိုင်းမသိမသာ ပြန်လွှားထားလိုက်တယ်။ နောက်လုံချည်ကို လည်း
stapler နဲ့အကုန်ချုပ်ပြီး ပြန်ခေါက်လွှားထားလိုက်တယ်။ အောင်သန်းကတခြားအခန်းသွားပြီးရှောင်နေ လိုက်တယ်။တခြားအခန်းကနေဒိကောင်ဖြစ်ပျက်နေတာကိုကြည့်ပြီး ၀ိုင်းဟားနေကြမှာပေါ့။
မောင်မောင်ရေချိုးပြီး ပြန်အလာစွပ်ကျယ်ဝတ်မယ်လည်းလုပ်ရော ချုပ်စက်နဲ့ ချုပ်ထားတော့ ချက်ချင်းဝတ်မရ
ဘူး၊ပါးစပ်ကလည်း ”ဘယ်မအေ-ိုးလုပ်သွာတာလဲကွ ” ဆိုပြီးစိတ်ဆိုးမန်ဆိုးနဲ့အော်ရင်းချုပ်အပ်တွေကို
လက်နဲ့ လိုက်ဖြုတ်နေရတာပေါ့။ ဇီးကုန်းမောင်မောင် ကအလေးမသမားဆိုတော့ ဘော်ဒီကတောင့်တယ်၊သူငယ်ချင်းတွေ
အခန်းထဲကထွက်မလာရဲကြဘူး။လုံချည်လည်း ချုပ်အပ်တွေကိုလိုက်ဖြည်ရတာပေါ့၊ ပြီးမှ dining hall ကိုပြေးတော့ ၁၅ မိနစ်တောင်နောက်ကျတော့ဘတ္တလာက သိမ်း လိုက်ပြီ။ဒါနဲ့ ထမင်းစားဆောင်ရှေ့က canteen မှာ မောင်မောင်တစ်ယောက်
စိတ်ဆိုးမန်ဆိုးနဲ့ ထမင်းသွားစားရတော့ တာပေါ့။ ဒါပေမဲ့ အခန်းဖေါ်နဲ့ သူငယ်ချင်း ၂ယောက်က လိုက် လာပြီး ငါကျွေးပါမယ်
ကွာဆိုပြီးချော့တော့မှ မောင်မောင်လည်း စိတ် ဆိုးရအခက်ရီရအခက်နဲ့သူငယ်ချင်းကျွေးတဲ့ဆိုင်ထမင်းဟင်းကိုပဲ
လွေး လိုက်ရတာပေါ့။ သူငယ်ချင်း မောင်မောင်ရေ--- ကောင်းရာသုဂတိ သို့ ရောက်ပါစေကွာ---
RIT main ကိုရောက်တော့ထမင်းစားခန်းကြီး ကလည်း အရမ်း ခန်းနားတယ်။ကျောင်းသူကောကျောင်း
သားကော တစ်ခန်းစီစားရတယ်။စားပွဲ ၃-၄လုံး ကို တာဝန်ယူရတဲ့ဘတ္တာတစ်ယောက်နဲ့---ထမင်းစားရုံ
လာတာနောက်ကျလေ့ရှိ ရင် ဘတ္တလာ ကိုပေါင်းထားရတယ်။ ဘတ္တလာမိန်းမတွေကထမင်းစားဆောင်
ဘေးမှာ ready ကြော်လှော်ပေးတဲ့ဆိုင်လေးတွေဖွင့်ထားတယ်။ ကိုယ်အိမ်ကယူလာတဲ့အကြော်အလှော်
တွေကုန်သွားရင်၊ကျောင်းကချက်တဲ့ ဟင်းမကြိုက်ရင် အဲဒီဆိုင်လေးတွေအားကိုးရတယ်။ ကျောင်းကချက်
လေ့ရှိတဲ့ ငါးဟင်းဆိုရင်မကြိုက်ဘူး၊ ငါးတန်ဖြစ်နေတော့ညှီသလိုလိုပဲ၊ အညာသားဆိုတော့ငါးဆိုရင်သိပ်
မကြိုက်ဘူး၊ ဆိုင်ကဘဲဥကို ကြက်သွန်နီနဲ့ အယှက် လိုက်ကြော်ခိုင်းပြီးစားတာအခုချိန် ထိ မောင်တိုင်ပင်
အကျင့်ရနေပြီ၊ ဟင်းမရှိ လို့က ဘဲဥကိုကြက်သွန်နီနဲ့ကြော်စား လိုက်ရင် ရပြီ။ RIT ထမင်းစားခန်းကရလာ
တဲ့ အကျင့်လေ၊ မိန်းမ ရှိတုံးကဟင်းမရှိရင် မကြိုက် ရင် ဘဲဥ ကိုကြက်သွန်ကြော် ခိုင်း လိုက်တာပဲ။
ထမင်းစားခန်းမှာဟင်းတစ်ပွဲကိုကျောင်သား ၂ ယောက် စားရတာ၊ side dish လည်းတူ
တူပဲ၊ ဟင်းရည်ပဲဘတ္တလာကထည့်ပေးတာ။ တခါသူငယ်ချင်း ၂ ယောက် နံမည်တော့မေ့နေပြီ။
တမြို့တည်းသားပဲ။ဝက်သားစင်းကောချက် ချက်တယ်။ အတော် ကို စားကောင်းတယ်၊ အရင် ရောက်တဲ့သူ
ငယ်ချင်းက ပုဂံထဲမှာ တစ်ဝက်ဖယ်ရင်းဖယ်ရင်းနဲ့ စားကောင်းကောင်းနဲ့ စား လိုက် တစ်ပုဂံ လုံးပြောင်ရောပဲ။
ဒါနဲ့ သူငယ်ချင်းကရောက် လာတော့ ငါးမူးစေ့ လေး ထုတ်ပြီး မင်း ဆိုင်လေးတွေက ၀က်
သားဟင်းဝယ်စားတော့ကွာ ဆိုတော့နောက်ကျတဲ့သူငယ်ချင်းခမျာ ဘာပြောရမှန်းမသိတော့ပဲ ငါးမူးစေ့ လေး
ယူပြီး ဆိုင်တွေဘက်ငိုက်စိုက်ငိုက်စိုက်နဲလျှောက်သွားရတော့တယ်။တမြို့တည်းသား သူငယ်ချင်းတွေ
ဆိုတော့စိတ်ဆိုးရလည်း အခက် ----
Mech 72 ကသူငယ်ချင်းတွေတော်တော်များများကနံမည်ပြောင်ပဲခေါ်လေ့ရှိတယ်။ မြင့်သိန်းက၃ယောက်ရှိ
တော့ထူးကြီးမြင့်သိန်း၊ အရူးမြင့်သိန်း နောက် မြင့်သိန်းတစ်ယေက်ကတော့ Brush မြင့်သိန်း။အရူးမြင့်သိန်း
ကတော့တော်တော်လည်းနောက်တယ်၊ခင်ဖို့လည်းကောင်းတယ်၊ အခုထိသူငယ်ချင်းတွေတွေ့ရင်အရှုးမြင့်သိန်း
ကိုနောက်နေကြ---တခါ အရူးမြင့်သိန်း အလုပ်ကနေ နိုင်ငံတစ်နိုင်ငံကိုလွှတ် လိုက်တယ်။ အပြန်ကြတော့
စင်ကာပူဝင်လည်ပါရော--- စင်ကာပူမှာ Mech 72 batch သူငယ်ချင်းတွေအလုပ်လုပ်နေပေမဲ့သူကအကြောင်း
မကြားခဲ့ဘူး၊ ၀င်းထိန်ဦး (WHO)နဲ့ ကျော်ဇောကြီး (ကွယ်လွန်သွားရှာပြီ) တို့က အရူးမြင့်သိန်းကို ကျော်ကြားတဲ့
Upper Desker road ပေါ်မှာ တွေ့တော့ဝမ်းသာအားရနဲ့ ” မြင့်သိန်း မြင့်သိန်း” နဲ့လှမ်းအော်တာပေါ့။
မြင်ဲသိန်းကကြားတယ်၊လှည့်မကြည်ဘူး၊ သူကတွေးတာက စင်ကာပူမှာ မြန်မာတွေအများကြီး၊ငါရောက်နေတာလည်း
ဘယ်သူမှ မသိဘူး၊ သူတိုသူငယ်ချင်းအချင်းချင်း ” မြင်သိန်း ” လို့်ခေါ်တာနေမှာ ဆိုပြီးလှည်မကြည့်တာ--ဒါနဲ့ WHO
နဲ့ ကျော်ဇော ကဟေ့ကောင် ” အရူးမြင့်သိန်းရေ ”လို့အော်ခေါ်တော့မှ ” ဟ ငါ့ခေါ်နေတာပါလား” ဆိုပြီး
ကိုယ်ကိုတစ်ပတ်လှည့် ဒူးလေးညွတ်ပြီး ”ခင်ညာ--ခင်ည” ဆိုပြီးထူးလိုက်တယ်--
အရူးမြင့်သိန်းကဒီလိုကောင်၊ RIT မှာ ကျောင်းတက်နေတုံးတစ်ရက်မှာ ပေါ့ ၊
1/3/3 မှာ Textile နဲ့တူတူတက်ရမဲ့ နေ့-- အင်းမပုဆိုး၊စတစ်ကော်လာshirt တိုက်ပုံနဲ့ အကျအန ၀တ် လို့လာတယ်၊
Textile ကျောင်းသူတွေထွက်အလာကိုငမ်းမလို့စောင့်နေတုံးဘယ်သူလဲမသိ သူငယ်ချင်းတစ်ယောက်က
နောက်ကနေ အင်းမပုဆိုးကိုဆွဲချွတ် လိုက်တာ ပုံရက်သားကြရော--- မြင့်သိန်း က ပုဆိုးကို ပြန်မ၀တ်ဘူးဗျ၊
ပြောသေးတယ်။ ” ဟေ့ကောင်တွေ မင်းတိုချွတ်တာနော်-- မင်းတို့ပြန်မ၀တ်ပေးရင် ငါ
ပြန်မ၀တ်ဘူးဆိုပြီး ဒီတိုင်းနေမှာ-လို့ပြောတာပေါ့-ကျောင်းသူတွေကလည်း LCR ထဲကထွက်လာတော့မယ်၊ မနေနိုင်တဲ့
သူပုဆိုးဆွဲချွတ်တဲ့သူကပဲ ပြန်ပြေးဝတ်ပေးရတယ်။ အဲဒီ ထိအောင် မြင့် သိန်းကရွတ်တာ---

WHO SGP ကအရူးမြင့်သိန်းအကြောင်းဖြည့်စွက်ချက်
MECH72 ကကျော်ကြားလှသူများ
၂။(အရူး)မြင့်သိန်း
-သူနဲ့ ကျွန်တော် က Central High Schoolထဲက ငယ်သူငယ်ချင်း။မျိုးဦးရေး ထားတာတွေထက်တောင်ပိုတာတွေရှိသေးတာမို့ပြောပြချင်သေးတယ်၊Central ကျောင်း ရဲ့ရှေ့မှာစာတိုက်ပုံးတခု ရှိတယ်၊လသာ ၂ ကျောင်း က ဆရာမငယ်ငယ်လေး ၂ယောက် က
အဲဒီစာတိုက် ပုံးမှာမကြာခဏ ဆို သလို စာ ထည့် တတ်တယ်၊အဲဒါ ကို မြင့် သိန်း က ဘာ ကြည့် မရ လဲမသိဘူးတရက် သူတို့လေးတွေစာထည့်နေတုံး ကျောင်း အပေါ်ထပ် ကနေ .. အောင် မလေး ဗျ... ဘာ ညာ အော် ပြီး သူ့ ပု ဆိုး သူ ချွတ်ချပြစ်တယ်လေ၊အောက် ခံဘောင်းဘီလဲမပါ... ဆရာ မလေး တွေ ကအသံလာ ရာ မော့ ကြည့် တာပေါ့.........
ဆရာမလေးတွေဘယ်တော့မှ နောက်ထပ်စာလာ မထည့်တော့ပါ(အဲဒီလိုမြင့်သိန်းပါ)
-ကျောင်းသားဘ၀ မှာ သူ ရူးပုံတွေ က ရေးပြရ မဲ့သူတောင် မရေးရဲလောက် အောင် ပါ( အဲလို မြင့် သိန်းပါ)
-ကျောင်းပြီးတော့ အစိုး ရ ဌာ နတခု မှာ အရာ ရှိဖြစ်ပြီး နယ်မြို့လေးတမြို့ရောက် သွားပါတယ် ၊နယ် မှာတော့ ၀န်ထောက် မင်းပေါ့၊ တခုသောသင်္ကြန် မှာ ၀န်ထောက်မင်းရောဂါထပါလေရော....
မျက်နှာ အိုး မဲ သုတ်၊ခေါင်း မှာ ယပ် တောင် ကို ပန်၊နို့ဆီ ခွက် အလွတ်တွေ ကြီုးနဲ့တသီကြီးခါး မှာ ချည်ပြီးနောက် နောက်မှာဒရွတ် တိုက် ဆွဲပြီး တမြို့လုံး ရေပက် ခံထွက်သတဲ့၊သစ်သားဒါး အကြီးကြီး တခု လဲထမ်း ထားသေး သတဲ့ စဉ်း စား သာ ကြည့်ပါ တော့ ၊ ၀န်ထောက်မင်းဘယ်လောက် ကျော် ကြား သွားသလဲဆိုတာ(အဲ လို မြင့် သိန်းပါ)
-တခုသော ဆရာကန်တော့ ပွဲ ကို အဲဒီိအချိန်မှာDGMဖြစ်နေတဲ့ မြင့် သိန်း တက်ရောက် လာပါ တယ်Three Quarterဘောင်း ဘီနဲ့ ခြေအိပ် အရှည် ကြီးဝတ်၊နိုက်ကေ ဘိနပ် နဲ့ တီရှပ် နဲ့.. အရမ်း ထူးခြားလှတဲ့ ပုံ နဲ့ချီတက် လာ ပါ တယ်၊ပြီးတော့ တခါ စင် ပေါ်တက် အဆိုတော်မလေးတွေ ကို ရှင် ဘုရင်လေး ဆို တဲ့ သီချင်း ဆို ခိုင်း ပြီးသူ က စင်ပေါ်မှာpostအမျိုးမျိုးပေးနေ တာ ဆရာ ဆရာမ တွေ အား လုံး ပါ ရီလိုက် ကြ တာ ခွက် ထိုးခွက် လှန် ပါ ဘဲ(အဲလို မြင့်သိန်းပါ)
-မျိုး ဦးရေး သလို ဘဲစင်္ကာပူ မှာကျွန်တော် တို့ က မြင့် သိန်း လို့ ခေါ်တာ မထူးလို့ အရူး မြင့် သိန်း ရေ.... လို့ လဲ ခေါ် လိုက်ရော...သူ ထူး ပုံလေးက.. ကိုယ်လေး တပတ် ဒူးလေး အသာ ညွှတ် လှည့် ပြီး... ခင် ညာ ..ခင် ည... တဲ့( အဲဒိလိုမြင့် သိန်း ပါ)
-သူ့ အကြောင်း စာ တအုပ် ရေး လို့ အသာလေး ရပါ တယ်( ရေး တဲ့သူ က သာ မရေး ရဲ ရှိ ရမယ်၊သူ မလုပ် ရဲတာ ဘာမှ မရှိပါ) သူ များတွေ ရီ နေရရင် သူ ပျော်နေပါ တယ်၊MECH72 ရဲ့ ပျော်တော်ဆက်ပါ
ကျောင်းသားဘ၀က နှစ်၄၀ ကျော်ကြာခဲ့ ပြီနော်၊သူငယ်ချင်းတွေတွေ့ရင် ပြန်ပြောင်းစမြုံ့ ပြန်ရတာ
တော်တော် ကိုကိုယ်ကိုကိုယ် ငယ်သွားစေတယ်------
အမှားပြင်ပေးတဲ့ SGP WHO နဲ့ ကော်ကြီး သိန်းအောင်တို့ ကိုကျေးဇူးတင်ပါတယ်------

Subscribe to:
Posts (Atom)