Saturday, August 24, 2013

Six thinking heads




Management မှာ six thinking hats ဆိုတာကြားဘူးကြမှာပါ။ မှတ်မိလွယ်အောင်အရောင်နဲ့ခွဲပါတယ်--အနီ၊အဖြူ၊အ၀ါ၊အပြာ၊အစိမ်းနဲ့အနက်တို့ဖြစ်ပါတယ်---အတိုချုပ်ပြောရလို့ရှိရင်အနီကအလိုလိုသိတတ်တယ်၊အဖြူကဗဟုသုတပြည့်စုံတယ်၊အ၀ါကအပြုသဘောဆောင်တတ်တယ်၊အပြာကလေးလေးနက်နက်တွေးတတ်တယ်၊အစိမ်းကတီထွင်ကြံဆတတ်တယ်၊အနက်ကတော့အရာရာကိုသံသယအမြင်နဲ့ကြည့်တတ်တယ်။

အလုပ်တစ်ခုလုပ်ဖို့ team ဖွဲ့ရင်ဖြစ်စေ၊ management မှာ ဖြစ်စေ ဒီလူ ၆ ယောက်စလုံးပါဖို့လိုတယ်-----
အဲဒီထဲက အနက် black thinking hat ကိုစိတ်အ၀င်စားဆုံးပဲ--သူရဲ့ပြောဆိုချက်တွေ၊အတွေးအခေါ်အယူအဆတွေ၊စဉ်းစားပုံစဉ်းစားနည်းတွေဟာ သာမန်လူတွေနဲ့မတူဘူး--negative view လို့ပြောလို့ရမယ်---အဲဒီ လိုလူပါလာရင် team ခေါင်းဆောင်အတွက်စိတ်ရှုပ်စရာမဟုတ်ဘူး--
သူရဲ့ပြောဆိုချက်တွေကိုလိုက်လုပ်ချင်မှလုပ်--ဒါပေမဲ့ operation ကိုကိုင်တွယ်လုပ်ဆောင်တဲ့သူတွေကတော့ မှတ်သားထားရမယ်--သူရဲ့ negative point of view ကိုခေါင်းထဲမှထည့်ထားရမယ်--မောင်တိုင်ပင် career တစ်လျှောက်မှာ black thinking hat တွေကြုံခဲ့ဘူးပါတယ်--ပတမပိုင်းတော့စိတ်ပျက်ပါတယ်--နောက်တော့ဒီလိုလူမျိုး လိုတယ် ဆိုတာသိလာရတယ်---ကိုယ် ကိုလည်း six thinking hats ထဲက ဘယ် လိုလူလဲဆိုတာအရင် ဆန်းစစ်ထားဖို့ လိုပါတယ်--

စလုံးမှာ MRT စလုပ်မယ်ဆိုတော့ လီကွမ်ယူ ကဆောက်သင့်တယ်ဆိုတဲ့အတိုင်ပင်ခံအဖွ့ ကိုဖွဲ့ပေးတယ်--မဆောက်သင့်သေးပါဘူးဆိုတဲ့အတိုင်ပင်ခံအဖွဲ့ ကို လည်း ဖွဲ့ပေးတယ်--လေ့လာခိုင်းတယ်---အစိုးရအဖွဲ့ ကဒီအစီရင်ခံစာ ၂ ခုလုံးကိုဖတ်ပြီး ဆုံးဖြတ်ကြတယ်--နောက်ဆုံး MRT ကိုတည်ဆောက်မယ်လို့ဆုံးဖြတ်တော့ operation လုပ်မဲ့သူတွေကို မဆောက်သင့်သေးဘူးဆိုတဲ့ အစီရင်ခံစာကို ပေးဖတ်ပြီးမှတ်သားစေတယ်---သူတို့ထောက်ပြတာတွေကိုရှောင်လွဲလုပ်ဆောင်နိုင်ခဲ့တော့ငွေကြေးကုန်ကျမှုသက်သာတယ်-- မြန်မြန်ပြီးတယ်---အဲတော့ six thinking hats theory ဟာအရေးကြီးပါတယ်--နောက်မှ အရှည်ရေးပါအုံးမယ်------

ဒေါ်လာဈေးဘာကြောင့်တက်




(၁)အက်ဖ်အီးစီ ရုတ်သိမ်းလိုက်သော်လည်းအစိုးရဌာအချို့ သည် အက်ဖ်အီးစီ အစား အမေရိကန်ဒေါ်လာ ကိုပြောင်းလဲတောင်းနေသောကြောင့် ၀ယ်လိုအားအနည်းငယ်ဖြစ်ပေါ်နို်င်ပါသည်--MMK ကိုဘာကြောင့်မတောင်းကြရတာလဲ--

(၂)ပြည်ပပို့ကုန်တင်ပို့သူများသည်ရငွေအားလုံးနိုင်ငံတွင်းသို့ မသွင်းပဲနိုင်ငံခြားဘဏ်များ
တွင်ချန်လေ့ ရှိသောကြောင့် အမြဲတန်း supply side ဖက်တွင်အားနည်းနေနိုင်ပါသည်။သို့သော်ယခင်ကတည်းက ပိုကုန်မှရငွေအနည်းငယ်ကိုနိုင်ငံခြားဘဏ်များတွင်ချန်
ထားလေ့ရှိသောကြောင့် ယနေ့ဒေါ်လာဈေးတက်သည့်ကိစ္စနှင့်ပတ်သက်ချင်မှ ပတ်သက်နိုင်ပါမည်။

(၃)လွှတ်တော်ဥက္ကဌမှာ ဒေါ်လာဈေး ၁၀၀၀ ဖြစ်သင့်သည်ဟုဆိုထားရာအားလုံးက ၁၀၀၀ အထိရောက်နိုင်သည်ဟုspeculate လုပ်၍ မြန်မာငွေအစားဒေါ်လာ ကိုကိုင်ထားသောကြောင့် ၀ယ်လိုအားများနေခြင်းဖြစ်ပါသည်။

(၄)ဒေါ်လာဈေးတက်ခြင်းသည်ကုန်သွယ်မှု နှင့် သက်ဆိုင်ပါသည်။ သွင်းကုန်ပစ္စည်းအချို့ ကို လိုင်စင်မလိုပဲတင်သွင်းခွင့်ပြုထားသောကြောင့်လွတ်လွတ်လပ်လပ်တင်သွင်းနိုင်သည်ရှိရာ process များမြန်လာသောကြောင့် ဒေါ်လာ လိုအပ်ချက်မြင့်တက်လာခြင်းလည်းဖြစ်နို်င်သည်။

(၅) ပြည်ပပိုကုန်တင်ပို့သူများအနေဖြင့်ဒေါ်လာဈေးတက်လာသဖြင့်ပိုမိုအဆင်ပြေနိုင်သည်
ဟုယေဘူယျသုံးသပ်နိုင်သော်လည်းအိန္ဒိယကုန်သည်များသည် မြန်မာငွေဈေးကွက်
အခြေအနေကိုပါလေ့လာနေသောကြောင့် ပဲမျိုးစုံဈေးနှုန်းများလျှောချဝယ်ယူ
သောကြောင့် မြန်မာပို့ကုန်သမားများလည်းထင်သလောက်မကိုက်ကြပါ။ငါးပုဇွန်ပြည်ပပို့ကုန်သူများလည်းပြန်လည်ခေါင်းထောင်လာရန်ကြိုးစားနေဆဲဖြစ်ပါ
သည်။ဒေါ်လာဈေးတက်လာလျှင်ပို့ကုန်သမားများ ပိုမိုကိုက်သည်ဟုယေဘူဟျဆိုနိုင်သော်လည်း
ကုန်ဝယ်သူများကမြန်မာအခြေအနေကိုကြည့်ပြီးဈေးကစားနေကြသောကြောင့် ”အရည်အသွေး” ကောင်းအောင်ထုတ်လုပ်တင်ပို့မှသာ ဈေးနှိမ်မခံရနိုင်ပါ။

(၆) သွင်းကုန်တင်သွင်းသူများအနေဖြင့် ဒေါ်လာသည် တက်ရိပ်ရှိနေသောကြောင့်နောက်ပစ္စည်းတင်သွင်းသည့်အခါ ဒေါ်လာတက်ဈေးနှင့် မမိစေရန်ဒေါ်လာ ကို ကြိုတင်ဝယ်ထားရသောကြောင့် ၀ယ်လိုအားတက်ခြင်းဖြစ်ပါသည်။

(၇) ရင်းနှီးမြုပ်နှံမှုအပိုင်း တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတစ်စတစ်စ၀င်လာရာ ပုဂ္ဂလိက ပိုင်းမှ စက်ယန္တရားများ အမြောက်အများတင်သွင်းလာသောကြောင့် ဒေါ်လာဝယ်လိုအားတက်
လာခြင်းဖြစ်နိုင်ပါသည်။ infrastructure development ကိုထဲထဲဝင်ဝင်လုပ်နိုင်ရန်ဖြစ်ဟန်
တူပါသည်။

(၈) နိုင်ငံတကာငွေဈေးကွက်တွင်ဒေါ်လာဈေးတက်နေခြင်း၊ရွှေဈေးကျနေခြင်း၊စသည့်အခြေအနေများကြောင့်အနည်းနှင့်အများရိုက်ခတ်မှုရှိနိုင်ပါသည်။ အမေရိကန်မှ စိတ်ဝင်စားမှုပိုမိုပြသလာခြင်း၊ဂျပန်ဝန်ကြီးချုပ်လာရောက်လည်ပတ်ခြင်း၊စသည့် နိုင်ငံရေးပိုင်းတွင်တိုးတက်မှုများရှိလာသောကြောင့် ရင်းနှီးမြုပ်နှံမှုမှာနောက်ပိုင်း
တွင်ယခုထက်ပိုမိုခိုင်မာသွားနိုင်သောကြောင့် ၁၀၀၀ ကျပ်အထိပင်ရောက်နိုင်ပါသည်။

(၉ ) ဗဟိုဘဏ်မှာ ဒေါ်လာလေလံပစ်ရာတွင်ယခင်က ၁ဒေါ်လာတက်ရန်အချိန်
ယူစောင့်ရသော်လည်း ယခုအခါ ၄ - ၅ဒေါ်လာအထိနေ့စဉ်အတက်ကြမ်းသဖြင့် ပြင်ပ ငွေဈေးကွက်ကလည်း လိုက်တက်ရပါသည်။ ပု၈္ဂလိကဘဏ်များမှဒေါ်လာတင်ဒါဝယ်ယူခြင်းသည် အဓိက deposit တက်လိုခြင်းကြောင့်ဖြစ်သည်။ ဘဏ်အသီးသီး မှ depositor များအနေဖြင့် ဒေါ်လာဈေးကစားနိုင်ရန်အခြေအနေ မပေးသေးပါ။ယခုတစ်ကြိမ် မှာ ဗဟိုဘဏ်သည် price leader
ဖြစ်နေပါသည်၊တစ်ရက်တွင် ၁၀ ဒေါ်လာအထိတက်ဘူးပါသည်။ ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာငွေဈေးကွက်၊ရွှေဈေးကွက်တို့ကိုသုံးသပ်ပြီးပြည်တွင်းဒေါ်လာဈေးကွက်
ကိုဈေးကစားကြည့်ဟန်တူပါသည်။သို့သော်သူ၏ transparency မဖြစ်မှု၊ ငွေကြေးကိစ္စများကိုကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့် ရန် အားနည်းနေမှု တို့ကြောင့် ဈေးကွက်အပေါ်ကစားနိုင်လောက်အောင်လွှမ်းမိုးနိုင်မှုအပိုင်းမှာအားနည်းပါသည်။ အစိုးရ ကဘာဖြစ်ချင်ပါသလဲ၊ ဈေးကွက်သဘောအရပဲဖြစ်ချင်တာလား၊ ဒေါ်လာဈေးတက်လာရင် ဘာကြောင့် ယခင် ကလို panic ဖြစ်နေကြပါသလဲ၊ market force supply and demandကိုလက်မခံလိုတာလား၊ဒေါ်လာဈေးအတက်အကျကြောင့်လက်ရှိ ကုန်ဈေးနှုန်းအပေါ်အနည်းနှင့်အများ ထိခိုက်မှုရှိပါသလား? ဒါတွေကိုပညာရှင်တွေသုံးသပ်ရမယ်--လက်တွေ့နဲ့ကိုက်တဲ့ဆောင်ရွက်မှုတွေလိုတယ်--သီအိုရီအတိုင်းဖြစ်မလာတဲ့လောကကြီးမှာ-----

ပေါ်ပင်လိုက်ကြမလား


ရန်ကုန်တိုင်းဂျာနယ်အတွဲ(ဂ)အမှတ်(၁၃)မှာမြန်မာ့ဆန်စပါးကဏ္ဍတိုးတက်ရေးအတွက်ကိုရီးယားက
အမေရိကန်ဒေါ်လာ၃.၅သန်းအကူအညီအဖြစ်ရိတ်သိမ်းချိန်လွန်နည်းပညာကူညီထောက်ပံ့ရေးစီမံကိန်း
(Project for the Post Harvest Technology Assistance Programfor the Myanmar Agricultural products)အတွက်ပေးမယ်လို့ဖတ်ရပါတယ်။ အခုနှစ်ပိုင်းမှာလယ်ဆည်ဝန်ကြီးမိန်ခွန်း၊နိုင်ငံတော်သမ္မတ
ကြီးမိန့်ခွန်း တွေမှာ လယ်ယာဏ္ဍ မှာ စပါးအထွက်တိုးဖို့ အကြောင်းအရာတင်မကတော့ဘူး၊ရိတ်သိမ်းချိန်
လွန်လုပ်ငန်းတွေလည်းအရေးပါကြောင်း၊စားကောင်းပြီးအရည်အသွေးမြင့်တဲ့ဆန်တွေဖြစ်ဖို့ လိုကြောင်း
တွေပြောလာပါပြီ။

ဒီနေ့ဒီအချိန်အခါမှာရိတ်သိမ်းချိန်လွန်နည်းပညာဆိုတာကိုတွင်တွင်သုံးလာနေကြတာကိုကြားတော့မောင်တိုင်ပင်စိတ်ထဲမှာပြုံးမိပါတယ်။လွန်ခဲ့သော၂၅နှစ် ကျော်လောက်ကမောင်တိုင်ပင်တို့အားလုံးလည်း
ဒီအကြောင်းအရာကိုပဲစားလည်းဒီစိတ်၊အိပ်လည်းဒီစိတ်နဲ့ ကရေဇီ ဖြစ်ခဲ့ ကြပါတယ်။လှည်းကူးမှာရှိတဲ့
ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနကို ၁၉၈၅ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ဂျပန်အစိုးရအကူ
အညီ (JICA) နဲ့တည်ထောင်ခဲ့ပေမဲ့ ဗြိတိန်အစိုးရဆီကအကူအညီလည်းယူဘူးတယ်၊အက်ဖ်အေအို
ဆီကလည်းအကူအညီအများကြီးရခဲ့တယ်။၈၅ခုနှစ်မှာတည်ထောင်ပြီး ၈၈ခုနှစ်အရေးအခင်းဖြစ်တော့
၃နှစ်လောက်ပဲအရှိန်ယူနေတုံးဗြုံးစားကြီးဖွံ့ဖြိုးတက်မှုဟာရပ်တန့်သွားခဲ့တယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့
ပဲအရှိန်မပျက်အောင်လုပ်ခဲ့ရပြီးယနေ့အချိန်ထိ ဌာနမှုးအဆက်ဆက်ဟာ ပီတီအေစီ ကိုမူရင်းအနေအ
ထားအတိုင်းရှိနေစေရန်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့မိခင်ကုန်သွယ်လယ်ယာကိုယ်တိုင်က ၂၀၀၃ ခု
ကစပြီးသူ့အခန်းကဏ္ဍဟာမှေးမှိန်လာခဲ့တာ ဒီကနေ့အချိန်အခါမှာပိုးစုန်းကြူးမီးအရောင်သာသာလောက်
ပဲရှိပါတော့တယ်။ဒီကနေ့အချိန်အခါမှာ အရန်ဆန်တို့၊ minimum support price တို့ပြန်ပြောနေကြတော့
တိုင်းပြည်ရဲ့ ဆန်စပါး မဟာဗျူဟာ ကိုဘယ်လိုနားလည်ရကောင်းမှန်းမသိတော့ဘူး။





ခရိုနီစီးပွားရေး


ခရိုနီများ ကို အလွှာအသီးသီးမှာ ရှိတဲ့ ပြည်သူများက အမြင် မကြည်လင်ကြပါဘူး။”ခရိုနီ” ကိုအင်္ဂလိပ်အဘိဓါန်မှာအဓိပ္ဗါယ်ဖွင့်ဆိုထားတာက" the practice of unfairly giving the best jobs to your friends when you are in a position of power( cronyism) "လို့ဖြစ်ပါတယ်။တချိန်ကအာဏရလူ
တန်းစားနဲ့စီးပွားရေးလုပ်ငန်းရှင်များအကြားယုံကြည်မှုပျက်ပြားခဲ့ပါတယ်။၂၀၀၄ခုနှစ်မတိုင်မီလောက်ထိပို့
ကုန်သွင်းကုန်လုပ်ငန်းကိစ္စတွေဟာအဆင်ပြေပြေချောချောမွေ့မွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးသမားတွေထဲမှာရှိတဲ့စုန်းပြူးတွေဟာအာဏာပိုင်တွေဆီကိုအမျိုးမျိုးသောသတင်းမှားတွေပို့ခဲ့တာကြောင့်ကုန်သွယ်မှုလုပ်ငန်းတွေမှာbarriersတွေတစ်ခုပြီးတစ်ခုပေါ်လာပြီးအများစုကလုပ်ငန်းဆောင်ရွက်တဲ့အခါအဆင့်တိုင်း
လိုလိုမှာ ကြပ်ညှပ်ကုန်ပါတယ်။ အာဏာပိုင်တွေနဲ့နီးစပ်တဲ့သူ ခရိုနီအုပ်စု ကတော့ special previliages တွေရကြတာကြောင့် ပုံမှန်လုပ်ငန်းစဉ်မှာမပါ ပါဘူး။အဲဒီခေတ်က၀န်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေ
တွေ့ကြလို့ barriers အကြောင်းပြောကြရင် ”ခင်ဗျားတို့ပဲသွားသွားပြောကြတာမဟုတ်လား”လို့ပြန်ပြောတာ
တွေကြားရတော့သူတို့ထဲမှာအထက်ကိုမျက်နှာလိုအားရသွားသွားတင်ပြသူတွေရှိနေပြီဆိုတာလုပ်ငန်းရှင်
တွေသိလာကြရော။ ဒါကိုလည်းယုံကြပြီး barriers တွေပေါ်လာတာမဟုတ်လား။

တိုင်းပြည်ထဲမှာရှိတဲ့လူတိုင်းမသိနိုင်တဲ့လုပ်ငန်းတွေ၊ ဒီလုပ်ငန်းအကျိုးရှိနိုင်တယ်ဆိုတာ လူအချို့သိနေသော်လည်း အထက်ကိုမပေါက်မရောက်နိုင်တဲ့အတွက်ဒီတိုင်းကြည့်နေရတဲ့လုပ်ငန်းတွေ---ဒီလုပ်ငန်းတွေကိုခရိုနီတွေပဲတိတ်တိတ်ဆိတ်ဆိတ်လုပ်ကိုင်ခွင့်ရကြပါတယ်။နေပြည်တော်ကြီးတည်
ဆောက်ချိန်တုံးကဒီသာဓကတွေကိုတွေ့ကြရမှာပါ။လုပ်ငန်းတော်တော်များများဟာသိသာမြင်သာထင်သာ
ဖြစ်အောင်လုပ်ပြီးပြိုင်ဆိုင်ကြရတာမဟုတ်ပါဘူး။ဒါပေမဲ့လည်းဒီလိုအဖြစ်အပျက်တွေဟာမဆန်းတော့ပါဘူး၊နို်င်ငံတကာမှာ လည်းအစိုးရလုပ်ငန်းကြီးတော်တော်များများကို အစိုးရယုံကြည်တဲ့သူတွေကိုပဲ limited tender ကန်သတ်တင်ဒါခေါ်ယူပြီး လုပ်ခိုင်းလေ့ရှိပါတယ်။

လုပ်ငန်းရှင်တိုင်း ရကြတာမဟုတ်ပဲ အာဏာပိုင်တွေကခရိုနီဖြစ်လာမဲ့သူတွေကို
အရင်လုပ်ခဲ့ဘူးတဲ့လုပ်ငန်းအတွေအကြုံတွေပေါ်မှာအခြေခံပြီးလုပ်ငန်းတွေကိုပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင်လုပ်ငန်းရှင်တစ်ဦးလမ်းကိုကရော်ကမယ်ခင်းခဲ့တာကြောင့်ပြန်ရော်ရတဲ့အပြင်နံမည်မပျက်အောင်မနည်းလုပ်ခဲ့ရတယ်။ဒီအဖြစ်အပျက်တွေဟာသိသိသာသာကြီးဖြစ်ခဲ့တာဖြစ်ပါတယ်။အာဏာပိုင်တွေဘက်ကတော့စွမ်းဆောင်ရည်ပြည့်ဝတဲ့ယုံကြည်စိတ်ချရတဲ့တိုင်းရင်သားလုပ်ငန်းရှင်(ခရိုနီ)တွေကိုမွေးထုတ်နိုင်ခဲ့ တယ်လို့ဆိုပါတယ်။ပြည်သူတွေဘက်ကကြည့်ရင်ခရိုနီဖြစ်ပေမဲ့အစိုးရဘက်ကကြည့်ရင်နိုင်ငံတကာမှာ
ဝင်ဆန့်ပြီးလုပ်ငန်းစွမ်းဆောင်ရည်အပြည့်အ၀ရှိတဲ့တိုင်းရင်သားလုပ်ငန်းရှင်တွေလို့မြင်ပါတယ်။(တိုင်းရင်း
သားလို့သာဆိုတာပါ၊သူတို့အထဲမှာတရုတ်အနွယ်တွေတစ်မတ်သားငါးမူးသားရှိသူတွေအများကြီးပါနေပါ
တယ်)

အခုခေတ်ကအဘအဘမလုပ်တတ်ရင်စီးပွားရှာရတာမလွယ်ပါဘူး။ အဲတော့ခရိုနီအသေးစားတွေ၊အလတ်
စားတွေ၊အကြီးစားတွေပေါ်လာပြီးစီးပွားရေးသမားတိုင်းအာဏာပိုင်တွေနဲ့နီးစပ်အောင်ပေါင်းသင်းနေထိုင်ကြ
ရတာပါ။သူတိုထဲမှာ တောင်ပြောနေကြတာတွေရှိပါတယ်။ဝေးဝေးလည်းမနေနဲ့၊ နီးနီးလည်းမနေနဲ့၊ ခေါ်ရင်ကြားလောက်တဲ့နေရာကနေပါတဲ့မခေါ်မပြောမထိမတွေ့လို့ကတော့မရတာကိုး။ဒါပေမဲ့အနေမှန်ပြီး
အောင်မြင်တဲ့စီးပွားရေးသမားအချို့လည်းရှိပါသေးတယ်။ဒါပေမဲသူတို့လည်းနဲနဲတော့လုပ်ရသေးတယ်လိုနီးစပ်သူတွေကပြောပါတယ်။ဝင်လို့ကောင်းအောင်လုပ်ရတဲ့အခါအရင်တုံးကသီတင်ကျွတ်လောက်ပဲ“ဂါ”ကြ
တာပါ။အခုခေတ်တော့ခရစ်စမတ်၊နယူးရီးယား၊မြန်မာနှစ်သစ်ကူး၊တရုတ်နှစ်သစ်ကူး၊အကုန်လုံးထွေးပြီးဆိုင်ဆိုင်မဆိုင်ဆိုင်”ဂါ”ကြရပါတယ်။ မင်္ဂလာဆောင်တို့၊ happy birthdayတို့ကတော့အကောင်းဆုံးပေါ့။





တစ်ခါတုံးကလူတစ်ယောက်မောင်တိုင်ပင်ကိုပြောဘူးတယ်။ ဌာနတွေဟာကိုယ်ကပဲရှေ့နောက်မဆင်မချင် barriers တွေဖန်တီး ပြဌါန်းပြီးနောက် လူတွေအော်လာကြတဲ့အချိန်ကြတော့ ဖြေလျှောပေးတယ်ဆိုပြီး liberalise လုပ်လိုက်ပြန်ရော၊ ဒါနဲ့ပဲလုံးခြာလိုက်နေတာလို့ပြောဘူးတယ်။ အခုလာပြန်ပြီ--ပို့ကုန်သွင်းကုန်
လိုင်စင်မလိုတဲ့စနစ်တဲ့---တိုင်းပြည်တိုင်းနိုင်ငံတိုင်းမှာ trade statistic, trade data တွေရှိပါတယ်။ဒီ သတင်းအချက်အလက်တွေဟာတိုင်းပြည်ရဲ့ စီးပွားရေးနဲ့ဆိုင်ပါတယ်။

ရေးချင်ရာရာ


အခုတလောခေါင်းထဲမှာရေးချင်တာတွေအများကြီးဖြစ်နေပါတယ်။နိုင်ငံတော်သမ္မတကြီးပြောဆိုခဲ့တဲ့ clean government နဲ့ good governance တွေလည်းပါတယ်။ ဒေါ်လာငွေကြေးကိစ္စ၊ ဆန်စပါးကိစ္စ၊ဘဏ်တွေကိစ္စ၊မက်ကရိုစီးပွားရေးကိစ္စ အားလုံးပါပါတယ်။အများပြောကြ
တာတွေလည်းအမျိုးမျိုးပဲ။ အချို့ ကတော့သေချာလေ့ လာပြီးပြောတယ်။ အချို့ က လက်တန်း
ပြောကြတယ်။ အားလုံးကတော့ဖြစ်စေချင်တဲ့စေတနာပါတယ်။အချို့ လည်းကိုယ်ကျိုးစီးပွားတွေ
ပါချင်ပါမယ်။

သန့်ရှင်းသောအစိုးရနဲ့ပတ်သက်ပြီးဝန်ထမ်းပိုင်းကလုပ်ရမှာ တွေများပါတယ်။အထက်ပိုင်းက
လူကြီးတွေကတော့ဌာနဖွဲ့စည်းပုံ structure ပြောင်းဖို့ကအစ၀န်ထမ်းတွေစိတ်နေသဘောထား
တွေပြောင်းလဲလာအောင်လုပ်ဖို့အထိစဉ်းစားဆောင်ရွက်နေကြပါတယ်။ အလယ်အလတ်နဲ့
အောက်ခြေ၀န်ထမ်းတွေကတော့ဒုံရင်းဒုံရင်းပါပဲ။ ပါးစပ်ပါတော့စားရမယ်ကွဆိုပြီးခေတ်ပြောင်းနေ
ပြီဆိုတာကိုတမင်မေ့လျော့ထားကြပါတယ်။ပင်စင်ယူပြီးprivate sectorပြောင်းလုပ်တော့ငါအရင်
လိုမဟုတ်တော့ဘူးဆိုပြီးကိုယ့်ကိုကိုယ်သတိပေးပါတယ်။နေရာတကာမှာမျက်နှာ ကို အတတ်နိုင်ဆုံးပြုံးချိုစွာထားပြီးဆက်ဆံပြောဆိုဆောင်ရွက်ပါတယ်။ ဘန်းစကားအရ အာရကေမ
ပါရင် ဘာမှမရပါဘူး၊ ရေမလောင်းရင် ဘာမှ မဖြစ် လာပါဘူး။ အံ့သြစရာကောင်းတာကဗြောင်
တောင်းတာပါ။ သူအတွက်တင်မကပါဘူး။မိမိအထက်ကဘယ်သူဘယ်ဝါဌာနဖွဲ့စည်းပုံပါလူကြီး
တွေကိုရေရွတ်ပြီးဘာအရက်ပုလင်းဆိုပြီတော့တောင်းတော့တာပါ။ တချို့ ကလည်းနောက်တယ်။
ဂါရ၀ပြုတယ်တဲ့။ ရှစ်ရာခုနှစ်ဆယ်လိုလည်းခေါ်တယ်။ နောက်တစ်ခုကလက်ဆောင်ပဏ္ဍာဆက်
သရတယ်။ ခြင်း (hamper)လို့ လည်းပြောကြတယ်။ နောက် Blue, Green, Gold, Black နဲ့ Red
လို့လည်းခေါ်ကြတယ်။ရန်ကုန်မြို့ မြေနီကုန်း ကမခင်အေးဆိုင်ကြီးပွားသွားတာ ဂါရ၀ ပစ္စည်းတွေ
နဲ့ပါ

အင်ဂျင်နီယာကောင်စီ


တနေ့သ၌ကန်တော်မင်ဟိုတယ်မှာထမင်းစားရင်း သူငယ်ချင်း မြင့်ဖေ နှင့် Mech 72 အုပ်စု တို့ သည် မြန်မာ အင်ဂျင်နီယာကောင်စီ အကြောင်းခေါင်းစဉ် ကိုတစ်ယောက်တစပေါက်ဆွေးနွေးကြပါသည်-- မောင်တိုင်ပင်က အင်္ဂလန်က Chartered Engineer အကြောင်းကိုပြောပြပါသည်--Master ဘွဲ့ပြီးသည်နှင့် supervisor အကြံပြုချက်အရ Institute of Agricultural Engineer တွင် member လျှောက်ပါသည်--ပထမ Associate Member အဆင့်ပေးပါတယ်-- နောက် ၁၉၉၂ တွင် member အဆင့်သိြုှ့မှင့်  တင်ပေးပါတယ်--အဲဒီနောက် အင်္ဂလန The Engineers Council သို့် Chartered Engineer လျှောက်ပါသည်-- Stage 1 ကိုခွင့်ပြုခဲ့ပါသည်-- Stage 11 သည် အင်္ဂလန် The Engineers Council နှင့်ဆက်သွယ်ပြီး interview လုပ်ခံရပြီးမှ ရမည်ဖြစ်ပါသည်--အင်္ဂလန်သို့နောက်တစ်ကြိမ်သွားရန် ငွေကြေးထောက်ပံ့မည့် သူမရှိ၍မသွားရောက်နိုင်ခဲ့ပါ--မောင်တိုင်ပင် အသက် ၆၅ ရှိပါပြီ--အလုပ်လည်းမလုပ်တော့ပါ--မောင်တိုင်ပင် business card နောက်မြီး တွင် BE,MSc(AgrE),MIAgrIE,CEng လည်း မပါ ပါ-- ဒါပေမဲ့ professional institution တွေကအသိအမှတ်ပြုလက်မှတ်ဟာလည်း ဘွဲ့လက်မှတ်လိုပဲအရေးပါ ပါတယ်--AEC ဖြစ်လာရင် အာဆီယံ ကအင်ဂျင်နီယာတွေမြန်မာကိုလှိမ့်ဝင်လာပါလိမ့်မည်-- မြန်မာအင်ဂျင်နီယာလူငယ်တွေအတွက် အင်ဂျင်နီယာကောင်စီ ဟာ အမှန်လိုအပ်ပါတယ်--professional အသိအမှတ်ပြုလက်မှတ်ဟာလည်းထမင်းစားလက်မှတ်တစ်ခုဖြစ်ပါတယ်--အတွေ့အကြုံလေးတစ်ခုပြောပရစေ--စလုံးကအင်ဂျင်နီယာတစ်ယောက်ကပြောပါတယ်-- မြန်မာ welders တွေလုပ်ငန်းလုပ်တာအရမ်းသေသပ်ပြီး လက်ရာအရမ်းကောင်းတာပဲတဲ့--ဒါပေမဲ့သူတို့မှာ professional certificate မရှိကြဘူး-- မြန်မာအစိုးရ က ကျောင်းတစ်ခုထောင်ပြီး international institution တစ်ခုခု နဲ့ accredition လုပ်ရင်ရတာပဲ တဲ့-- ဘာဖြစ်သလဲဆိုတော့သူလောက်မတော်တဲ့ "ဖ" တစ်ယောက် certificate ရှိတော့သူ့အပေါ်ရောက်နေရောတဲ့-- ကိုယ်ပေါင်ကိုလှန်မထောင်းချင်လို့ပါ-- ခင်ညွှန့်မောင်သောင်း အောင်သောင်း တို့လက်တွေထဲမှာ စနစ်တွေအကုန်ပျက်ကုန်တာကို မပြောချင်တော့----ပြောချင်တာက. professional certificate ဟာအရေးကြီးပါတယ်--track record ကောင်းရင် registration လုပ်ယုံနဲ့ ရနိုင်မှာပါ-

အာဏာရှင်စနစ်၏သားကောင်များ


မောင်တိုင်ပင်သည်နေပြည်တော်မှာ၂ ပတ်လောက်ပဲအများဆုံးရုံးထိုင်ဘူးပါတယ် များသောအားဖြင့် နေပြည်တော်ကိုအစပထမပိုင်းမှာ လေပျံ နဲ့သွားပါတယ် မှတ်မိကြမှာပါ လေတပ်ကလေပျံ အစုတ်လေး-- ၁ နာရီခရီးမှာ ရွတ်လိုက်ရတဲ့ ဘုရားစာ ကုန်ရောပဲ -- ဒေါက်တာအေးမောင်ဟန်နဲ့ခဏခဏ ဆုံတယ် " ကိုမျိုးရေ တစ်ခေါက်တော့ပြီး သွားပြန်ပီ" ဆိုပြီး အချင်း ချင်းဟာသလုပ်ပြောပေမဲ့ စိတ်ထဲမှာတော့ကြောက်သား-- သေမင်းတမန်လမ်းကြီးဖွင့်တဲ့အချိန် နဲ့ကိုက်ပြီးမောင်တိုင်ပင် တို့ ၀စ်သောက် ကားတစ်စီး ရလိုက်တယ် -- ကား က တိုယိုတာ ချေဆာပါ---ကားကို ကျိုင်းတုံမှာသွားယူရမှာ--ဓါတ်ပုံပို့လိုက်တော့ ကားသချိုင်းထဲကထုတ်လာတဲ့ ကားလားတောင်ထင်မိတယ် --- တိုတို ပြောပါရစေတော့ -- တပြည့်တွေကောင်းတော့ အသင့်မောင်းလေး ရန်ကုန်ရောက်လာတယ်-- သိတဲ့အတိုင်း အင်ဂျင်နီယာပီပီ စိတ်မချတာတွေ အကုန်လဲ-- တာယာကအစ ဘရိတ်အဆုံး -- အဲဒီတုံးကတော့ လေပျံ မစီး ရတော့ လို့ ဝမ်း ကိုသာနေတာပေါ့-- မြန်မာပြည်မှာ ဟိုင်းဝေး ဆိုတာ မမောင်းဘူး သေးဘူး ၁၀ မိုင် ၂၀ မိုင်လောက်ပဲ ကိုယ်တိုင်မောင်းကြည့်ပြီး ဒရိုင်ဘာ ကိုပဲမောင်းခိုင်းတယ်-- ဒါပေမဲ့ ဒီကောင် လှုပ် မရအောင် ကိုယ် က ဘေးမှာအမြဲထိုင်လိုက်တယ်--- ကျွဲရိုင်း ၂ ဗူးဝယ်တယ် ၇၀ မိုင်လောက်မောင်းပြီးရင် ဆရာ တပြည့် ကျွဲ ရိုင်းကိုယ်စီနဲ့-- မိုင်လစ်ကိုလည်းအမြဲကြည့်နေရတယ် ကီလို ၈၀ - ၁၀၀ ကြားပဲ မောင်းရတယ်-- ကျော်သွား ရင် ဟေ့ ကောင်အရှိန်လျှော့ ပြောရကော-- ၂ ယောက်လုံး ခါးပတ် ပတ်ရတယ် -- ဒရိုင်ဘာ ကကွမ်းမစား အရက်မသောက်တတ်တော့ ကျွဲ ရိုင်းနဲ့ထိန်းရတယ်-- ရန်ကုန်ကနေထွက်ရင် ၁၀၅ မိုင် ကို ၂ နာရီပဲ ဘယ်အချိန်အရောက်ဆိုပြီး အချိန်သတ်မှတ်ပေးလိုက်တယ် (၁၁၅ မိုင်မပေါ်သေးဘူး ) တခြားလူကြီးတွေလို နောက်ခန်းကထိုင် အိပ် လိုက် လို့ မရဲပါဘူး-- လမ်းအမှတ်အသားတွေကြည့် အရှိန်လျော့ ခိုင်းရတယ်-- နွားဖြတ်လိမ့်မယ်-- အရှိန်လျှော့-- စတာတွေ ဘေးကတဖွဖွပြောလာရတာ ဘယ်ဇိမ်ရှိပါမလဲ-- ဘဏ် ကိုပြောင်းတော့ ဒရိုင်ဘာ ပါခေါ်သွားတယ်-- ဂရင်းတိုက်ဂါး တရုတ်ကားအနီ နဲ့ခေါက်တုန့်ခေါက်ပြန်သွားလိုက်တာအခေါက်ပေါင်း ရာချီ ရှိ လိမ့်မယ်ထင်တယ်--- ဘယ်ဖက်ကလာလာ မပျက်မကွက် လုပ်တဲ့အလုပ်ကတော့ ဆိုင်ရာပိုင်ရာတွေကို စောင့်ရှောက်တော်မူဖို့သူတို့ကိုအပ်
နှံခြင်းပါပဲ--ရန်ကုန်ဖက်ကဆိုရင် မှော်ဘီ ဘိုးဘိုးကြီး နေပြည်တော်ဘက်က ဆိုရင် လယ်တွင်းကိုးခရိုင် အပိုင်စားတွေကို စိတ်ထဲမှာ အပ်ပါတယ်ဆိုပြီး ခရီး စခဲ့တာချည်းပါ--- ကားပျက်တာ ဘီးပေါက်တာ အင်စီဒင့် ဖြစ်လုနီးပါ တွေ တခါမှ မဖြစ်ခဲ့ဘူးပါ -- မှတ်မှတ်ရရ ချေဆာ တုံးက ရေဆူလို့တစ်ခါရပ်ရဘူးပါတယ် -- ရေတိုင်ကီ အဖုံးပြင်လိုက်တော့ အိုကေသွားရော--- ဒီလမ်းဟာ တစ်လျောက်လုံးတသမတ်တည်း
မောင်း လို့မရပါဘူး-- အရင် က ကားစုတ်တွေပဲ
ဆိုတော့သတိထားမောင်းပါတယ်-- အခုတော့ ကားတွေကကောင်းလာတော့ အားထားလာတယ် --မှားပါတယ် --သူတိုအပေါ်လုံးဝယုံကြည်အားထား လို့မဖြစ်ဘူးဆိုတာ အမြဲနှလုံးသွင်းပါလေ-- မှန်တာပြောရရင် လမ်းကတော့အဆင့်မ မှီဘူးးဆိုတာသေချာပါတယ်-- code of standard အတိုင်းလိုက်နာတည်ဆောက်
ထားခြင်းမဟုတ်တာကတော့သေချာပါတယ် --စစ်တပ် ဂျီအီးဆိုတာ military နဲ့ဆိုင်တဲ့လမ်းကြမ်းလောက်ပဲအတွေ့အကြုံရှိတာ -- ဒီလိုမျိုးခေတ်မီလမ်း ကို သူတိုဆောက်ဘူးတာမှ မဟုတ်တာ -- ဆောက်လုပ်ရေးကတော့ အတွေ့အကြုံ နည်းပညာတွေ ရှိပေမဲ့ ရှစ်လုံး ရဲ့ရေပါတာပဲ လိုချင်တယ်ဆိုတဲ့အမိန့်အောက်မှာလုပ်ရတော့ ---ဒီလိုပဲညံ့ဖျင်းတဲ့ စီမံ ခန်ခွဲမှုအောက်မှာ ပြည်သူတွေဟာ သားကောင်တွေဖြစ်နေအုံးမှာပါပဲ-------