Wednesday, August 31, 2011

စီးပွားရေးပဲ့တင်သံ

အားလုံးသိကြတဲ့ အတိုင်းစီးပွားရေးအသိုက်အ၀န်းထဲမှာအဓိကအော်နေကြတဲ့အ

ကြောင်းအရာကတော့ငွေရေးကြေးရေးနဲ့ အခွန်အခကိစ္စတွေပါပဲ။ ယမန်နေ့ က earning ဒေါ်လာ ၇၆၅အထိရောက်ခဲ့ပေမဲ့လည်းကုန်သည်လုပ်ငန်းရှင်တွေကြိုက်တဲ့

အနေအထားမရောက်သေးပါဘူး။ ကားတင်သွင်းခွင့်ပြုဖို့စဉ်းစားနေတဲ့အကြောင်း

သတင်းတွေဖြစ်ပေါ်နေပါတယ်။ တချို့ကလည်း ၀စ်သောက်ကားတွေကိုကားတန်ဖိုး (ဒေါ်လာ) ရဲ့ ၃ဆဒဏ်ရိုက်ပြီးခွင့် ပြုမယ်ဆိုတဲ့သတင်းကြောင့် အကွက် မြင်သူတွေကနယ်စပ်တွေမှာစိတ်ကြိုက်ကားတွေဝယ်ထားပြီးလမ်းခရီးမှာ သက်ဆိုင်

ရာတွေကိုပေးကမ်းပြီးရန်ကုန်နဲ့မြို့ကြီးတွေအရောက်သယ် ဖို့စီစဉ်နေကြပြီလို့လည်း

ကြားနေရပါတယ်။

နောက်တစ်ခုကစီးပွားကူးသန်း ၀န်ကြီးဌာန မှာယမန်နှစ်တွေက export အများဆုံး ပို့ခဲ့တဲ့ ကုမ္ဗဏီတွေကိုကားတင်သွင်းခွင့်ပေးမယ်၊ top 100 စာရင်း

တွေပြုစုထားပြီးပြီ ဆိုတဲ့သတင်းများလည်းပေါ်ထွက်လာခဲ့ပါတယ်။ top exporter ဆိုတာမလုပ်တာကြာပါပြီ။ အခမ်းအနားကြီးတွေနဲ့ လုပ်ရင် ဘေးကလူတွေ၊ကြားတဲ့လူတွေက ပြုံးစေ့စေ့ နဲ့ ကြည့်နေကြတာ မခံနိုင် လို့ပါ။ တချို့ကလည်းဒီ top exporter ကိုကားတွေသွင်းခွင့်ပေးမယ်ဆိုတဲ့

သတင်းတွေကိုမကြိုဆိုကြဘူး။ top exporters ဆိုရင်နယ်စပ်ကုန်သွယ်ရေးမှာဟန်

ပြလုပ်နေတာက ၉ ၀%လောက်ရှိတယ်၊အမှန်ပို့နေတာက ၁၀%လောက်ပဲရှိနိုင်မယ် လို့ပြောကြတယ်။ သူတို့လုပ်နည်းတွေကတရားမ၀င်ဘူးလို့ပြောလိုလည်းမရဘူး။

ဥပမာ ကျနော်က ပဲတီစိမ်း ဒေါ်လာ ၅သိန်းဖိုးလောက် တရုတ်ကို ပို့ချင်ရင် နယ်စပ်

ကုန်သွယ်ရေးကိုအထင်ကရလုပ်နေတဲ့ကုမ္ဗဏီကြီးနဲ့ညှိနိုင်း ရတယ်။ကုမ္ဗဏီကြီးက သဘောတူလက်ခံရင်ရင်နယ်စပ်ကုန်သွယ်ရေးရုံးနေပြည်တော်မှာလိုင်စင်

လျှောက်ပေးတယ်။ တရုတ်ဖက်မှာ ရှိတဲ့သူနဲ့လက်ဝါးရိုက်ထားတဲ့ကုမ္ဗဏီ

သို့မဟုတ်သူ့ကုမ္ဗဏီက မြန်မာဖက်ကသူ့ကုမ္ဗဏီထဲကို TT ဒေါ်လာထည့်ပေး

လိုက်တယ်။ အမှန်တော့သူ့ပိုက်ဆံနဲ့ TT ဒေါ်လာ ထည့်ပေးလိုက်တာပါ။ ပြည်ပပို့ကုန်လုပ်ငန်းလုပ်ကြတဲ့အခါမှာ ၂ ရင်း ရင်း ရတယ်ဆိုတာအဲဒါ

မျိုးဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးရုံးမှာ လိုင်စင်လျှောက်ရင်တစ်ဖက်

ဝယ်မဲ့ကုမ္ဗဏီကနေ TT လှမ်း ထည့်ပေးပြီးမှ လိုင်စင်ကိုထုတ်ပေးဖို့ဆက်

စဉ်းစားတယ်။ ကျနော်က ၂ရင်း မ ရင်းနိုင်ဘူးလေ။ကုမ္ဗဏီကြီး

ကပြည်ပတင်ပို့ရန်ပဲတွေလက်ဝယ်ရှိမရှိစစ်ဆေးမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ

လာမယ်ဆိုတဲ့အကြောင်း ကျနော်ဆီအကြောင်းကြားရင်ပဲတီစိမ်းတွေကို အစစ်ဆေးခံရဖို့ အဆင်သင့်ပြင်ဆင်ပေးထားရတယ်။

အဲတော့ကျနော်ပိုင်ပဲတွေကိုအဲဒီကုမ္ဗဏီကြီးအမည်ခံတင်ပို့ပေးလိုက်တော့ခံစားရ

တဲ့အကျိုးကျေးဇူးတွေက ကျနော် TT ကိုကြိုတင်မထည့် ရတဲ့ အတွက် ၂ရင်း မ ရင်းရတော့ဘူး။ ကုမ္ဗဏီကြီးရတဲ့ အကျိုးကတော့ အဝေးလွှဲ နဲ့ earning ဒေါ်လာ

အဟ ကိုသူစားတာဖြစ်ပါတယ်။ earning ဒေါ်လာ က ၇၆၅ ကျပ် export tax 2%

နှုတ် လိုက်ရင် ၇၅၀ ကျပ်ကျန်မယ်။ အဝေးလွှဲ က ၇၂၀ ကျပ်ဆိုတော့ အဟ ကျပ် ၃၀ ကို သူစားတာပေါ့၊ ဒေါ်လာ ၅သိန်းဖိုးဆိုရင် ကျပ် ၁၅၀ သိန်းလောက် one transaction အတွက်သူစားရတာပေါ့။ နယ်စပ်မှာ အဆက်အသွယ်ရှိ တဲ့ကုမ္ဗဏီကြီး တွေက export ပို့တယ် ဆိုတာနံမည်ခံပဲရှိတာ၊ ဒီလိုနဲ့ ဘာမှမလုပ်ပဲ ထိုင်စားနေတာ၊ most exporter ဆိုပြီးစာရင်းရယူရင်သူတို့နံမည်တွေက ထိပ်ဆုံးကပါနေမှာပဲ လို့ လုပ်ငန်းရှင်တွေကြားမှာ ပြောဆိုနေကြပါတယ်။ ဒါကအဝေးလွှဲနဲ့ earning ဒေါ်လာ အဟ ရှိနေရင်လုပ်စားကြတာ။ အဟ မရှိပဲနီးကပ်သွားရင်ကျနော်ကညှိနိုင်းပြီး

ကုမ္ဗဏီကြီးကိုတစ်ဒေါ်လာဘယ်လောက်ဆိုပြီးပေးရတယ်။ ဒီမှာ ပြောချင်တာက export အများဆုံးတင်ပို့သူဆိုရင် အင် တွေပဲဆိုတာကိုမိတ်ဆွေကပြောချင်တာပါ။

အော်--လုပ်တတ်တဲ့သူများကတော့ လက်တလုံးခြားလုပ်နေကြတာပဲနော်။

ဒီလိုဆိုရင် process လုပ်ငန်းစဉ်မှာ ဘာပြုပြင်မလဲ ? လုပ်လို့မရအောင်လိုက်

ပိတ်ဆို့မလား ? ဒီလိုနဲ့ ကုန်သွယ်ရေးပို့ကုန်သွင်းကုန်စည်းမျဉ်းစည်းကမ်းတွေဟာ ကြပ်သထက်ကြပ်၊ညပ်သထက်ညပ်လာကြပါ။ ပြောစမှတ်ရှိကြတယ်။ စည်းမျဉ်းစည်းကမ်းတွေသတ်မှတ် အခါပြန်ပြီး liberalization လုပ်တယ်

ဆိုပြီးပြန်ဖွင့်ပေးလျော့ပေးနဲ့လုံးခြာ လိုက်နေတာတော်တော်ကြာနေပါပြီ။ withholding tax လိုပေါ့ဗျာ။ အခုတော့ ဖြေလျော့ပေးလိုက်ပြန်ပြီ။ အစကတည်း

ကကောက်ခံသင့်သလား မသင့် လား ဆိုတာမစဉ်းစားခဲ့ကြဘူး။

စင်ကာပူသံရုံးမှာအခွန် ၁၀%ကနေ၂% ပြန်လည်သတ်မှတ် လိုက်တော့ လာစုံစမ်းသူတွေတရုန်းရုန်းပဲလို့ ကြားတယ်။ ဒါပေမဲ့ ကျေညာချက်ထုတ်ပြန်တဲ့

၁၆-၀၈-၂၀၁၁ နောက်ပိုင်းမှ အကြုံးဝင်တယ် လိုသံရုံးကပြောတော့ လူရှင်းသွား

ရောတဲ့။ စိတ်ပျက် လက်ပျက်နဲ့ပြန်ကုန်ကြမှာ ပေါ့။ ဒီနေရာမှာကျနော်မသိတာတစ်

ခုရှိနေပါတယ်။မြန်မာ နဲ့ double taxation agreement ထုတ်ထားတဲ့ နိုင်ငံ ၅ နိုင်ငံ

ဆိုလားရှိတယ် လို့သိရတယ်။စင်ကာပူနဲ့ ဗြိတိန် တို့  ပါတယ်။ ကျနော်ယောက်ဖက ဗြိတိန်နိုင်ငံမှာ double taxation agreement အရ မြန်မာသံရုံးကို taxမဆောင်ရ

ဘူး လို့သိရပါတယ်။ အခုစင်ကာပူမှာ ကြတော့လာအလုပ်လုပ်ကြသူအားလုံး ၂ နိုင်ငံအစိုးရတွေကို tax တွေပေးနေရတယ် လို့ သိ ရပါတယ်။ဘယ် လိုကွာခြားနေလို့လဲဆိုတာရှင်းရှင်းလင်းလင်းမသိရပါ။စင်ကာပူနေတဲ့သူတွေကတော့

informal sources တွေကနေငွေလွှဲပို့နေတာကိုကျေနပ်နေကြပါတယ်။ မြန်လည်းမြန်တယ်၊အိမ်တိုင်ရာရောက်လာပို့တယ်ဆိုတော့ဝန်ဆောင်မှုအတွက်ကျေနပ်စရာပါ။ ဒီဝန်ဆောင်မှုပေးနေသူတွေကိုတရားဝင်လုပ်ခွင့်ပေးလိုက်ရင်ကော ? ကျနော်တစ်ဦးတည်း အယူအဆကတော့ အခွန် ထက် data အချက်အလက် ကပို

အရေးကြီးမလား လို့ ပါ။

Sunday, August 28, 2011

ယနေ့ငွေကြေးပြဿနာနှင့်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့မှုများ

၂၀၀၈ခုနှစ်အောက်တိုဘာလ၊ သမ္မတ ဘွတ်ရှ်အစိုးရလက်ထက် အိမ်ရာပြဿနာပေါ်ပေါက်ခဲ့
သောကြောင့် Trouble Asset Relief Programme TARP ကိုစီစဉ်ဆောက်ရွက်ခဲ့ပြီး အစိုးရက
ဘဏ်များကိုကယ်တင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံကို ထုတ်သုံးစွဲခဲ့ ရပါတယ်။တ
ကယ်တော့ဒီငွေတွေကိုအမေရိကန်အစိုးရ ၀ါဇီလိုဌာနမျိုးမှာ ရိုက်နှိပ်ခဲ့ရတာပါ။ တစ်ဖန် သမ္မတ
အိုဘားမားလက်ထက်ရောက်တော့လည်းFannie Freddie လို ကုမ္ဗဏီမျိုးအတွက် bailout ဆက်
လုပ်ရတော့ အမေရိကန်ဒေါ်လာတွေရိုက်ထုတ်ရပြန်ရော။ အဲတော့အမေရိကန်ဟာ ဒေါ်လာစက္ကူ
တွေကို ဘီလီယံပေါင်းများစွာဆက်တိုက်လိုလိုရိုက်ထုတ်နေရတော့ ဒီဒေါ်လာတွေဟာကမ္ဘာ
အနှံ့အပြား ရောက်သွားတော့တာပါပဲ။ဒီအမေရိကန်တွေကြောင့် ကျနော်တို့တစ်တွေအားလုံး
ဒီအကျိုးဆက်ကို ခံစားနေရတာပါ။

ဒီဒေါ်လာတွေဟာ emerging markets တွေရှိတဲ့ အာရှနိုင်ငံတော်တော်များများကို ရောက် လာခဲ့
ပါတယ်။အာရှနိုင်ငံတော်တော်များများကလည်းဒီလိုရောက် လာလိမ့်ဆိုတာသိတော့ အကာအ
ကွယ်အစီအမံတွေလုပ်ထားကြပါတယ်။ ဒီအကြောင်း ကို၂၀၁၁ခုနှစ်မေလက UMFCCI ကို လာရောက်ခဲ့တဲ့ စင်ကာပူ Strait Capitals က Dr Wang Yut Fang ကလိုငွေပြမှုကိုဖြေရှင်းဖို့
အမေရိကန်ဟာဒေါ်လာငွေစက္ကူတွေကို ရိုက်ထုတ်နေတာကြောင့် နိုင်ငံတိုင်းလိုလိုဒေါ်လာလဲလှယ်
နှုန်းတွေကျဆင်းလျက်ရှိကြောင်းကိုထောက်ပြဆွေးနွေးခဲ့ပါတယ်။သူတို့နိုင်ငံမှာ ကာကွယ်ရေးအစီအမံတွေဆောင်ရွက်ထားပြီးဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကတွေကတော့ property market ကိုပြောင်းရင်းနှီးမြုပ်နှံနေတာကြောင့် စင်ကာပူမှာ condo, HDB flat တွေဈေးတက်ခဲ့တယ် လို့ ပြောပြပါတယ်။ ဒါကိုသိလို့စင်ကာပူ၊မလေးရှား၊
ထိုင်း၊ဖီလစ်ပိုင်တို့မှာလည်း ကြိုတင်ပြင်ဆင်ကြပါတယ်။ တစ်ခုမြန်မာထက်သာတာက သူတို့ဘဏ်တွေဟာဒေါ်လာဘယ်လောက်ဝင်သလဲထွက်သလဲဆိုတာကိုစာရင်းအင်းရှိတယ်၊သိနေကြတယ်၊တရားဝင်ပဲဝင်တယ်၊တရားဝင်ပဲထွက်တာကိုး၊ ကျနော်တို့မြန်မာကဒါတွေလုပ်ဖို့ပျက်
ကွက်ခဲ့တယ်။ ဒေါ်လာတက်တာကျတာမြန်မာနဲ့မဆိုင်သလိုလုပ်နေကြတယ်။

စာရေးသူတို့မြန်မာမှာတော့ဒေါ်လာ supply / demand ဘယ်လောက်ရှိသလဲဆိုတာမသိပါဘူး။
informal sources တွေကပဲအ၀င်အထွက်ရှိတော့ ဒီအကြောင်းပြောကြရရင်မှန်းဆပြီး ခန့်မှန်း
ပြောနေရတာပါ။ မြန်မာစီးပွားရေးအသိုက်အ၀န်းထဲမှာတော့ ဒေါ်လာ ၁သန်းလောက်အဝေး
လွှဲလုပ်ဖို့ ဘာမှမခဲယဉ်းဘူး လို့ပြောကြတာပဲ။ သွင်းကုန်ကိုကြည့်ပါ။ ပစ္စည်းကဒေါ်လာ၎သိန်း
လောက်ဈေးရှိနေပေမဲ့သွင်းကုန်လိုင်စင်တင်ရင်ဒေါ်လာ၁သိန်းလောက်ပဲတင်ပြကြတယ်။ ၃ သိန်းကိုအဝေးလွှဲ နဲ့ ပို့ပေးလိုက်တယ်။ ဘာလို့ဒီလိုလုပ်သလဲ ? နှစ်ကုန်ရင်အမြတ်တော်ကြေးပေး
ရတာနည်းချင်တယ်။ဒေါ်လာကို earning ဈေးထက်နိမ့်တဲ့ အဝေးလွှဲနှုန်းနဲ့ ၀ယ်ရတော့အတိုင်း
အတာတခုအထိသက်သာတယ်။ risk တော့ရှိတယ်။ ဒါပေမဲ့သက်သာတဲ့ငွေကလောက်လောက်
လားလားဆိုတော့စွန့်စားကြတယ်။ trust နဲ့ လုပ်ကြတယ်။အဲတော့ ကမ္ဘာ့နိုင်ငံတော်တော်များများ မှာဒီကိစ္စကိုကြိုတင်သိထားပြီးအကာအကွယ်လုပ်ထားတော့ မြန်မာလောက်မဆိုးဘူး
လို့ဆိုရမှာ ဖြစ်တယ်။ export tax ကိုဖြုတ်ပစ်ခဲ့တဲ့ ၁-၀ရ-၂၀၁၁ မှ ၂၄-၀၈-၂၀၁၁ အတွင်းဖြစ်
ပေါ်ခဲ့တဲ့ ကမ္ဘာ့ ငွေရေးကြေးရေးအခြေအနေတွေကြည့်ရအောင်။

ငွေကြေး ၁-၇-၂၀၁၁ ၂၄-၈-၂၀၁၁ ပြောင်းလဲမှု

Euro 0.6903 0.6916 (-) 0.19
Pound 0.6228 0.6070 (+)2.54
Yen 80.54 76.55 (+)4.95
Yuan 6.4663 6.3850 (+)1.70
Sing$ 1.2297 1.2059 (+)1.93
Rupee 45.1724 45.9950 (-)1.78
Baht 30.7814 29.9250 (+)2.80
Korea Wan 1069.52 1082.2400 (-)1.19
*KYATS 808 710 (+)12.13
@KYATS 812 680 (+)16.26
မှတ်ချက် *earning dollar ဈေးဖြစ်ပါတယ်။ @green notes ဈေး
တယ်။

အထက်ပါဇယားကိုကြည့် ရင် ဂျပန်ယန်းငွေတစ်ခုပဲ ၅%နီးပါးတက်ခဲ့ပါတယ်။ဒါကလည်းဂျပန်မှာ
ဆူနာမီဖြစ်ရပ်နဲ့ အဏုမြူဓါတ်ပေါင်းဖိုပြဿနာတွေကြောင့် လို့ပြောနိုင်ပါတယ်။ အားလုံးကိုမြန်မာ
ကျပ်နဲ့နိုင်းယှဉ်ကြည့် ရင် မြန်မာငွေတန်ဖိုးမြင့်တက်မှုက ၁၀%ကျော်မှာ ဖြစ်နေပါတယ်။ ကဲ ဒီရက်တွေမှာပဲ တခြား commodities တွေအခြေအနေကြည့် ကြ ရအောင်။

လန်ဒန်ဈေးကွက်မှာ ရွှေ က-------

1-7-2011 1497 ဒေါ်လာ/ရွှေတစ်အောင်စ
24-8-2011 1841 ဒေါ်လာ/ရွှေတစ်အောင်စ
ရာခို်င်နှုန်း 22.89 % (တက်)

ကမ္ဘာရေနံစိမ်း--------
Brent Crude

1-7-2011 111.75 ဒေါ်လာ/စည်
24-8-2011 109.24 ဒေါ်လာ/စည်
ရာခိုင်နှုန်း ၂.၂၅% (ကျ)

WTI crude

1-7-2011 94.67 ဒေါ်လာ/စည်
24-8-2011 85.26 ဒေါ်လာ/စည်
ရာခိုင်နှုန်း ၉ .၉ ၆% (ကျ)

မြန်မာရွှေဈေးကိုကြည့်ရအောင်------

၁-၇-၂၀၁၁ ၆၅၅၅၀၀ ကျပ်/ကျပ်သား
၂၄-၈-၂၀၁၁ ၆၈၇၀၀၀ ကျပ်/ကျပ်သား
ရာခိုင်နှုန်း ၄.၈၅%

အထက်ပါဇယားများအရ မြန်မာရွှေဈေးသည် ၅% ခန့်တက်နေချိန်မှာ ကမ္ဘာရွှေဈေး က ၂၂%ကျော်တက်ခဲ့ပါတယ်။ အဲတော့ မြန်မာရွှေ ဘယ် ကိုစီးဆင်းမလဲဆိုတာသိသာထင်
ရှားပါတယ်။ ပြည်တွင်းမှာ စီးပွားရေးကျ ချိန် ဖြစ်တော့ မြန်မာတွေရွှေမ၀ယ်နိုင်ကြပါ။ ရွှေ ကို လက်ဝတ်ရတနာအတွက်သာမက စီးပွားရေးအတွက် ဒေါ်လာ လိုအရေးပါနေပါပြီ။ တစ်ခုထင်ရှားသည်ကရွှေဈေးတက်ချိန်တွင်ဒေါ်လာဈေးကျသည်ကိုတွေ့ရပါတယ်။မြန်မာ
ရွှေဈေးက ကမ္ဘာရွှေဈေးနဲ့မချိတ်ဆက်ပဲပြည်တွင်းဈေးက နိုင်ငံတကာဈေးထက်လျော့ပါတယ်။
မြန်မာမှာရွှေလည်းထွက်ပါတယ်။ထိန်းချုပ်မှု မရှိပါဘူး၊ လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိပါတယ်။
မြန်မာရွှေဈေးကကမ္ဘာရွှေဈေးထက်နိမ့်နေတော့ နယ်စပ်ကိုစီးဆင်းသွားပါတယ်။အထူးသဖြင့်
တရုတ်နယ်စပ်ကိုပါ။ရွှေရောင်းလို့ရငွေဒေါ်လာကိုဟွန်ဒီနဲ့ ပြည်တွင်းထဲပြန်ပို့ပါတယ်။ဘယ်လောက်
ရောက်သလဲမသိနိုင်ပါ။ ရွှေအသင်းကတရား မ ၀င်ခန့်မှန်းတာကတော့ တစ်နှစ် ဒေါ်လာ သန်း ၂၀၀လောက်ရှိနိုင်တယ် လိုပြောပါတယ်။ ဒီလိုဝင်လာတာဟာ ဒေါ်လာ supply တစ်ခုပါပဲ။

ငွေရေးကြေးရေးအဖွဲ့အစည်းတွေက အစိုးရပိုင်တာကလွဲရင် အပြင်မှာ ဒေါ်လာ supply ဘယ်လောက်ရှိနေလဲဆိုတာ တိတိကျကျမသိကြပါဘူး။ ဒေါ်လာsupplyလာတဲ့ ဇစ်မြစ်တွေကအ
များကြီးရှိနေပါတယ်။ မြန်မာအလုပ်သမားတွေဘယ်လောက်ပြန်လွှဲနေသလဲ ဘဏ္ဍာအခွန်ကတိ
တိကျကျမသိပါ။လွှဲလို့လွယ်အောင်လည်းဖန်တီးမပေးထားပါဘူး။ အခွန်ကတော့အခုဆိုရင်သက်
သာသွားလို့တော်သေးရဲ့။ နိုင်ငံတကာဘဏ်ကနေလွှဲရင် ဘဏ်ကယူတဲ့လွှဲခ ကဈေးကြီးတယ်။
money changer ကလွှဲရင်သက်သာတယ်။ အစိုးရက ဘယ်လိုလုပ်ပေးရင်ရနိုင်သလဲ ? initiative ယူလုပ်ရမယ်ထင်တယ်။စင်ကာပူ Lucky Centre Shopping Mall အောက်မှာ ဖီလစ်ပိုင် maid တွေ တနင်္ဂနွေနေ့ ဆိုရင် money changer ကနေငွေလွှဲနေတာတရုံးရုံးပဲ။

အဲတော့ဒေါ်လာsupply ဘယ်လောက်ဝင်သလဲဆိုတာ နိုင်ငံတော်ကဘယ်လိုသိအောင်လုပ်မလဲ?
macro အဆင့်ငွေကြေးဆိုင်ရာပေါ်လစီ mechanism တစ်ခုတော့လိုနေပြီ။ စနစ်တကျထူထောင်မှု
မရှို၍အခု ထိန်းမနိုင်သိမ်းမရဖြစ်နေခြင်းဖြစ်ကြောင်းသိသာထင်ရှားလှသည်။ ဒီအချက် တွေ ရေးသားတင်ပြနေခြင်း ဟာဗဟိုဘဏ်ဒုဥက္ကဌပြောသလို ပေါက်လွှတ်ပန်းစား media တစ်ခုအနေနဲ့ ထောက်ပြပြောဆိုနေတာမဟုတ်ပါ။ နှစ် ၃၀ ကျော်အတွေ့အကြုံတွေပေါ်အခြေခံပြီး
ထောက်ပြပြောဆိုနေခြင်း ဖြစ်ပါတယ်။ macro level ငွေကြေးဆိုတာဗဟိုဘဏ်
တစ်ခုတည်းနဲ့ဆိုင် တာမဟုတ်ပါဘူး။ ဘဏ်တွေ၊စီးပွားရေးလုပ်ငန်းတွေ၊ပြည်သူတွေ
အားလုံးနဲ့ဆိုင်ပါတယ်။

ဒီအချိန်ဟာအမြန်တစ်ခုခုတော့ဆောင်ရွက်သင့်နေပြီ၊ ကျပ်နဲ့ပတ်သက်လို့တစ်ခုခုလုပ်သင့်ပြီ
လို့အားလုံးကမြင်ပါတယ်။ကဲ ဒေါ်လာdemand နဲ့ပတ်သက် လို့ဘာလုပ်သင့်သလဲ။ ဒေါ်လာ demand ဆိုတာ earning ဒေါ်လာပဲဖြစ်သင့်တယ်။ ဒါမှာမဟုတ်ရင်အပြင် ကအစိမ်းတွေဝင်
လာနိုင်တယ်။ အပြင်မှာ အစိမ်းကလည်းပေါ နေတယ်မဟုတ်လား။စက်မှုဇုန်က ထုတ်လုပ်တဲ့ကားတွေမမှန်မကန် လုပ်ထားတာကြောင့် ကျပ်သိန်း၁၀၀ ဒဏ်တပ်တဲ့အခါ မြန်မာငွေမသွင်းခိုင်းတော့ပဲearning ဒေါ်လာသွင်း ခိုင်းတာမျိုး ဟာကောင်းတဲ့အကြံဥာဏ်တစ်ခု
လို့မြင်ပါတယ်။ကျပ်ငွေနဲ့သွင်းရမဲ့ကိစ္စရပ်တွေမှာ ပြောင်းပြီး earning ဒေါ်လာ ပြောင်းသွင်းခိုင်း
သင့်နေပါပြီ။

ကျနော်တို့အားလုံးဈေးကွက်စီးပွားရေးစနစ်ဆောင်ရွက်နေချိန်မှာ လူလားမြောက် လာတာပါ။ ၂၃
နှစ်ကြာပါပြီ။ ကုန်သွယ်မှု၊ရင်နှီးမြုပ်နှံမှုအတွက်နိုင်ငံတကာကအသိအမှတ်ပြုသည့်ငွေလဲနှုန်းတစ်
ရပ်မရှိပဲ လက်တန်းတွေလုပ်နေကြတာပါ။ တခါတရံ မသိသားဆိးုရွားတာလား တမင် လုပ်တာလား ကိုယ်ကျိုးစီးပွားရှေ့တန်းတင်တာလား မသိနိုင်ပါ။ ငွေကြေးပေါ်လစီနှင့်ဘဏ္ဍာရေး
ပေါ်လစီကိုတစ်ခြားစီကျင့်သုံးခဲ့ခြင်း(သမ္မတကြီးပြောသည့်ဝန်ကြီးဌာနများ coordination ပိုင်းမှာ
အားနည်းခြင်း) ဥပမာ ပြရရင် ကျပ်ငွေတန်ဖိုးမြင့်တက်၍ပို့ကုန်လုပ်ငန်းများထိခိုက်နစ်နာနေချိန်
တွင်နိုင်ငံတော်အဆောက်အအုံများလေလံပစ်ပြီးပြည်တွင်းလှည့်ပတ်ငွေများကိုနိုင်ငံတော်မှပြန်
သိမ်းနေခြင်း များဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ပူပေါ်တစ်ပူဆင့် withholding tax 3.5%
ကောက်ခံခြင်းဖြစ်ပါတယ်။နောက်တစ်ခုကပြည်တွင်းမှာ ကျပ်ငွေရှားပါးချိန်မှာ နိုင်ငံတော်ဆောက် လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းခြင်းသည် public spending မရှိအောင် လုပ်ခြင်းပင်ဖြစ်ပါတယ်။
နေပြည်တော်ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်စဉ်က public spending လွန်စွာမြင့်တက်ခဲ့
ပြီးယခုအခါ နိုင်ငံတော်မှာရပ်ဆိုင်းခဲ့သဖြင့်ငွေလှည့်ပတ်မှုအပိုင်းတွင်တုံ့ဆိုင်းသွား ခဲ့ပါတယ်။

ကုန်သွယ်မှု လုပ်ငန်းတွင် ဟွန်ဒီ ခေါ်တရားမ၀င်ငွေလွှဲ လုပ်ငန်းကြီးသည်ခိုင်မာစွာအမြစ်တွယ်
နေပြီ ဖြစ်ပြီးပြဿနာပေါ်ပေါက်မှသာခဏတာကိုင်တွယ်ဖြေရှုင်းခဲ့ပါတယ်။ နိုင်ငံခြားငွေမည်မျှဝင် လာသည်မည်မျှထွက်သွားသည်ကိုမသိနိုင်၍ကျပ်ငွေတန်ဖိုး ကို ထိထိရောက်ရောက် တည် ငြိမ်
အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ယခုအခါမြန်မာသည် recession အဆင့်သို့တဖြည်းဖြည်း
ရောက် လာကာစီပွားရေးကို ထိခိုက်ရန်ခြမ်းခြောက်နေပြီဖြစ်ပါတယ်။

၅နှစ်ကျော်အတွင်းရရှိခဲ့သည့် ကုန်သွယ်မှု ပိုငွေသည် ဒေါ်လာဘီလီယံ နှင် ချီ၍ရှိခဲ့သော် လည်း
အဆိုပါဒေါ်လာများ ကို ကုန်သွယ်မှု၊ရင်နှီးမြုပ်နှံမှု၊ ငွေကြေးဈေးကွက်တည်ငြိမ်ရေး အပိုင်းတို့တွင်
ထိထိရောက်ရောက်စီမံခန့်ခွဲရန်ပျက်ကွက် ရခြင်းသည်ယနေ့ပေါ်ပေါက် ပြဿနာ၏အဓိက အကြောင်းဖြစ်သည် ဆိုရင်မမှား နိုင်ပါ။

Sunday, July 24, 2011

ငွေရေးကြေးရေးဂယက်ထမှု

blog မရေးတာကြာပြီလေ ဆိုပြီး blog ထဲဝင်လိုက်တော့ C Box မှာစော်စော်ကားကားဆဲဆိုရေးထားတာကိုတွေ့ လိုက် ရတယ်။ T T Sweet ရဲ့ blog မှာ လည်းအခုလိုအဖြစ်မျိုးကြုံရတယ် လို့ ရင်ဖွင့် ထားတယ်၊ blog လည်းဝင်နိုင်တယ်၊ ကွန်ပျူတာ မြန်မာစာ လည်း ကောင်း ကောင်းရိုက်နိုင်တယ် ဆိုတော့ ကောက်ချက် ချ ကြည့် ရ ရင် ပညာတတ်လူငယ် မြန်မာ ယောက်ျားလေး တစ်ယောက်ဖြစ် နိုင်ပါတယ်။ကိုယ့် blog မှာ လာဝင်ပြီး ဆဲတာ ထက် မြန်မာ လူငယ်လေးတွေအချို့ကြားမှာအင်မတန်မှအောက်တန်း

ကျတဲ့အပြုအမူမျိုးတွေရှိနေတာ ကို ၀မ်းနည်းဖွယ် ရာတွေ့ နေရတာ ကို စိတ်မကောင်းပါ။ ထားပါတော့ လေ၊ ဖတ်သူနဲ့ ရေးသူအကြား ဆက်သွယ် နိုင်တဲ့ C Box ကို blog ကနေဖြုတ် ခဲ့ ရပါတယ်။

အခုတလောအဆင်မပြေစရာတွေတော်တော်များများကြုံနေတယ်။ဒီအသက်အ

ရွယ်ရောက်မှတော့ ဒါမျိုးတွေ တွေ့ နေရ လိုစိတ်ပျက်အားငယ်တာမျိုးတော့

မဖြစ်တော့ ပါဘူး။ အတွေ့အကြုံကစကားပြောလာပြီလေ။ ရက်၁၀၀ ပြည့်သွားပြီ

ဖြစ်တဲ့ အစိုးရကိုလည်းအားမ လိုအားမရဖြစ်နေသူများထုကြထောင်းကြတာကို ကိုလည်း သတင်းတွေပလူပျံနေပါတယ်။အမေရိကန်မှာ ရက် ၁၀၀ ဆိုတာ အင် မတန် တာသွားပါတယ်။ change ဆိုရင် အများကြီး change ဖြစ်ပါတယ်။ ဒါပေမဲ့စစ်အစိုးရက အရင် ကဘာမှ မ လုပ်ခဲ့ ဘူးလေ။ အခုဒီမိုကရေစီ အစိုးရအနေနဲ့ လုပ်ရမှာ တွေ၊ပြောင်းရမှာ တွေ၊ structural adjustment တွေအများကြီး လုပ်ရမှာ။ ၀န်ကြီး ဌာနအလိုက်၊ ဌာနဆိုင်ရာတွေအလိုက်ပြောင်း

ရမှာ တွေ restructure လုပ်ရမှာ တွေ လုပ်နည်းစနစ်တွေပြောင်း ရမှာ တွေ၊ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အများကြီး အများကြီ ပါ။ ယုတ်စွအဆုံး ၀န်ကြီးဌာတွေက အလယ်အလတ်ဝန်ထမ်းတွေု ရဲ့လုပ် ကိုင်နိုင်စွမ်းအားအပိုင်းမှာ အားနည်းလျက်ရှိနေတာကို မြှင့် တင်ပေးဖို့ capacity building တွေအများကြီး လုပ်ကြရ အုံးမှာပါ။

တစ်နေ့ကအစည်းအဝေး တစ်ခုမှာတစ်ယောက်သောသူက၀န်ကြီးဌာနအတွင်း

ရှိနေတဲ့သူတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပုံစံ အတိုင်းဘယ် လို လုပ် လိုက်မယ် ဘာညာ ကို ဆွေးနွေးတော့ တာဝန်ရှိသူက အလယ်အလတ်ဝန်ထမ်းတွေရဲ့ capacity နဲ့ behaviour ကိုသိနေတော့ မဖြစ် နိုင်သေး ဘူး၊ တခြားနည်း လမ်းစဉ်းစားဖို့ ကို မနည်း ရှင်းပြ ရတယ်။နိုင်ငံခြားမှာ ပညာသင်၊နိုင်ငံခြားမှာ အလုပ်လုပ်နေခဲ့သူဖြစ်တော့မြန်မာဖြစ်ပေမဲ့ လက်ရှိ

ဌာနတွေက မြန်မာဝန်ထမ်းတွေအကြောင်းမသိပဲ့ဆန္ဒတွေမစော ဖို့တော့

လိုတာပေါ့နော်။ အဲတော့စာရေးသူတို့အားလုံးအများကြီးစိတ်ရှည် ဖို့ပြောချင်ပါတယ်။

ဂျပန်ဟာသဘာဝဘေးအန္တာရယ်တွေ မကြာခဏ ကြုံတွေ့နေရတာကြောင့် ပြည်တွင်းမှာစီးပွားဖွံဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့ အဟန့်အတားတွေ၊

စိန်ခေါ်မှုတွေ၊ ရှိနေပါတယ်။ လက်ရှိဂျပန်အစိုးရဟာ economic development outside Japan ဆိုတဲ့ စီးပွားရေးမူဝါဒကိုရဲရဲတင်းတင်းပဲ ချမှတ်ခဲ့ ပါတယ်။

ပြည်ပနိုင်ငံတွေမှာ ဂျပန် တွေ ရင်းနှီး မြုပ်နှံ နေတာတော့ ကြာပါပြီ။အခုတခါမှာ

တော့ပေါ်လစီချမှတ် လုပ် ကိုင်တာဖြစ်တော့အာဆီယံနိုင်ငံတွေကဂျပန်

ရင်းနှီးမြုပ်နှုံ တွေ ကိုအလုအယက်ဆွဲဆောင်ခေါ်ယူနေကြပါတယ်။ အရာရာမှာအမြဲနောက်ကျလေ့ ရှိတဲ့မြန်မာ လည်းနောက်တော့ မကျဘူးနဲ့တူတယ်။ ထားဝယ်စီးပွားရေးဇုန်မှာ NIPPON STEEL လာမယ်

ဆိုတာသေချာသလောက်ဖြစ်နေပြီ လို့သတင်းကြားရပါတယ်။စာရေးသူတိုက

တော့ ရင်းနှီးမြှုပ်နှံမှုအကြောင်းစဉ်းစားရင် လျှပ်စစ်အကြောင်း ကရှေ့ဆုံးကပါ ပါ တယ်။ ထားဝယ်စီးပွားရေးဇုန် မှာ တော့ ကျောက်မီး သွေးကို အသုံးပြုမဲ့ power plant ပါရှိတယ် လို့သိရပါတယ်။ ကျောက်မီးသွေးကိုတော့ India ကနေတင်

သွင်း ပါမယ်။ဂျပန်က အာဆီယံနိုင်ငံတွေထက် India မှာ ရင်းနှီးမြုပ်နှံ ဖို့လိုလားတယ် လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဂျပန် ရင်း

နီုးမြုပ်နှံမှု SME တွေအတော်များများရှိနေပါပြီ။မြန်မာမှာ Asia Optical နဲ့ အထည်ချုပ်စက်ရုံတွေလောက်ပဲရှိနေတာပါ။ဂျပန် investment တွေဝင် လာဖို့ အလားအလာ တွေတွေ့နေရ လို့တစ်နည်းအားဖြင့်ဝမ်းသာနေရပါတယ်။

နောက်တစ်ခုစဉ်းစာမိတာကခုတလောမြန်မာနိုင်ငံမှာ ဘဏ်တိုးနှုန်းများနေတာ

ကြောင့် ပြည်ပ လုပ်ငန်းရှင်အချို့ မြန်မာဘဏ်များ တွင် ငွေလာအပ် ကြကြောင်း သတင်းတွေဖြစ်ပေါ် ခဲ့ ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ ကဘဏ်တိုးနှုန်းတွေ ကတော့ ------

Brunei 1% per annum

Hong Kong 0.15 – 0.8 %

Indonesia 4.5 – 6 %

Japan 0.03 – 0.05%

Malaysia 3.15%

Philippines 3.625%

Singapore 0.45%

India 9%

Vietnam 14%

China 2.5%

Thailand 2 – 2.5%

မြန်မာကတော့ ၁၂% ဖြစ်ပါတယ်။ ဘဏ်တိုးနှုန်းဟာတော်တော် စဉ်းစားရမဲ့ အချက်တွေရှိနေပါတယ်။ ငွေချေးသူတွေကတော့ အတိုးနှုန်း နဲနဲ နဲ့ ချေး လိုကြပါတယ်။ ငွေအပ်သူတွေကတော့ အတိုး များများ လို ချင်ပါတယ်။တကယ်တော့ ဘဏ်ဆိုတာ ငွေအပ်သူ depositors တွေရဲ့ငွေ

တွေနဲ့ ချေးရတာဖြစ်ပါတယ်။ အတိုးနှုန်း နည်း လို့deposit တွေပြန် ထုတ်သွားရင်ဘဏ်ဟာလဲပြိုသွား နိုင်ပါတယ်။loan deposit ratio ကို အမြဲတန်းစီစစ်ကြည့် ရှုနေရတာပါ။ နောက်တစ် ချက် က inflation နဲ့ လည်း ဆက်စပ်မှု ရှိနေ ပါတယ်။ နိုင်ငံခြားးကငွေတွေအများကြီး ၀င် လာဖို့ ဆိုတာ မဖြစ် နိုင်ဘူး လို့ တာဝန်ရှိ သူတွေက ယူဆကြပါတယ်။ပြင်ပကလူတွေကကော၊

ပညာရှင် အချို့ကကော မြန်မာနိုင်ငံ ဟာဂျပန်၊အမေရိက၊စင်ကာပူ၊

ဟောင်ကောင်၊မလေးရှား၊ စတဲ့ နိုင်ငံတွေနဲ့ informal money transaction ကိုဒေါ်လာ သန်းနဲ့ ချီ ပြီး အလွယ်တကူ လုပ် နိုင်တယ် လို့ ဆိုကြပါတယ်။ ဘယ်သူမှန်သလဲတော့ စာရေးသူမခန့်မှန်းတတ်တော့ပါ။ မြန်မာနိုင်ငံ ရဲ့ property market မှာ လည်း နိုင်ငံခြားသားတွေဝင်ရောက် ရင်းနှီးမြှုပ်နှံ ကြတယ် လို့ သတင်းတွေဖြစ်ပေါ်ခဲ့ ပါတယ်။ မှန်ပါတယ်ဈေး တွေကတော့ မကြား ဘူးတဲ့ဈေးတွေပါ။ ပြည်လမ်းပေါ် ကမြေနဲ့တိုက် ကို ပေါင်ပြီး ဘဏ်တစ် ခုဆီ ကချေးတာ ကျပ် ၆ ဘီ လီယံထုတ်ပေးလိုက်တယ် လို့ ပြင်ပမှာ

သတင်းတွေဖြစ်ပေါ်ခဲ့ တယ်။ 1 sq ft ကိုကျပ် ၅သိန်းနဲ့ တွက် ရင်အဲဒီမြေကွက် နဲ့ အိမ်ပေါက်ဈေး က ၂ ဧကလောက်ရှိတော့ ကျပ် ၅၀ ဘီလီယံ တန်တယ် လို့ ဆိုပါတယ်။ စာရေးသူတွေးမိတာက 1 sq ft ကို ကျပ် ၅ သိန်းကနေ ကျပ် ၁ သိန်းလောက်များကျသွားရင်ဘဏ်အနေနဲ့ risk တော်တော်များများရှိနေတယ် လို့ ဆို ရမှာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေတအားမာလာတော့ ဒီအချိန်မှာ ကျပ် ကို unification လုပ်ဖို့အကောင်းဆုံးအချိန် လို့ ဆိုကြပါတယ်။ တာဝန်ရှိသူတွေကတော့ IMF World Bank တို့နဲ့ ညှိ နိုင်းနေတယ် လို့ ဆိုပါတယ်။ unification မလုပ်ရင်

investment တွေမလာနိုင်ပါဘူး။ investment အကြောင်းပြောရင် ၁ဒေါ်လာ ၆ ကျပ်နဲ့ အပိုင်းကြရင် ရှုပ်ကုန်ရော။နိုင်ငံခြား ကလူတွေ နားမ လည်ကြဘူး။ ဒါကြောင့် ဒီအချိန်မှာ unification လုပ် ဖို့ လိုကို လိုနေပါပြီ။

သြဂုတ်လထဲမှာ macro economic development reforms အလုပ်ရုံဆွေးနွေးပွဲ ကိုနေပြည်တော် မှာ လုပ်ဖို့စီစဉ်နေတယ် လိုသတင်းကြားရပါတယ်။ reform ဆိုတဲ့ အတိုင်း ပြုပြင်ပြောင်းလဲဖို့ပဲပေါ့။ အရင် အလုပ်ရုံဆွေးနွေးပွဲ ထက် ပြင်ပကအထူး အာရုံစိုက်ခံရလိမ့်မယ် လို့ ထင်ပါတယ်။ potential investor တွေ လည်းဒီသတင်းကြားရင် စိတ်ဝင်စားကြမှာပါ။

လောဘ၊ဒေါသ၊မောဟတွေကြားမှာ ကျင်လည်နေတော့မြန်မြန်လွတ်မြောက် လိုပါပြီ။

Wednesday, June 29, 2011

နေပြည်တော်သွားတောလား

ဒီတစ်ခေါက်နေပြည်တော်သွားရတာတော်တော်ပင်ပမ်းတယ်။ အသွားရောအပြန်ကော မိုး ကသည်းထန်စွာရွာနေတော့ တစ်ချက်မှ မမှေးရဲဘူး။ မျက်လုံး၎ လုံး နဲ့ကားမောင်းရတာလေ။ ယာဉ်မောင်း ကမောင်း တာဆိုပေမဲ့ ကိုယ် ဘယ် မှေး ရဲမလဲ။ mileage ကျော်သွားရင် “ဟေ့ ၁၀၀ ပဲမောင်း “ဆိုပြီး အရှိန်လျှော့ခိုင်းရတယ်။ လမ်းညွှန်ဆိုင်းဘုတ် ကိုကြည့်မောင်း ခိုင်းရတယ်။ မိုးတွေသည်းပြီး ညပိုင်းမှောင်နေတော့ ကြောင်မျက်လုံးတွေလမ်းမအလယ်မှာ တတ် ထားတာ တော်တော်ကိုထောက်အကူရတယ်။ ကြောင်မျက်လုံးတွေကြည့်

ပြီး အလိုက်သင့် လေးမောင်းရတယ်။ သတိပေးဆိုင်းဘုတ်တွေ၊အရှိန်လျှော့ ခိုင်းတဲ့ သတိပေး ဆိုင်းဘုတ်တွေဟာ ညအမှောင်မှာ မောင်းတဲ့ အခါတော်တော် အသုံးဝင်ပါတယ်။ တစ် ခုပဲကြောက် ရတယ်။လမ်းဘေးမချပဲ မီး မပါ ဘာမပါနဲ့ ကားရပ်ထားမှာ ကိုပဲစိုးရိမ် နေရတယ်။ ဒါကြောင့် လည်း

“ ဘာကြောင့် ရပ်ရပ် လမ်းဘေး ချရပ် “ သတိပေးဆိုင်း ဘုတ်တွေတွေ့နေတာပဲ။

ဒီတစ်ခေါက်လမ်းမပေါ်မှာ မော်တော်ဆိုင်ကယ်တွေ မတွေ့သေးဘူး လို့ ပြော မလို့ရှိ နေတုံးမော်တော်ဆိုင်ကယ်တစ်စီးမီးထွန်းပြီး လမ်းပြောင်း ပြန် မောင်း လာတာတွေ့ ရပါလေရော။ အဲဒီအချိန် မှာယာဉ်မောင်း ကကားတ စ်စီး ကိုကျော်တက် ဖို့ လုပ်နေတုံးတွေ့ တာဆိုတော့” ဟေ့ဟေ့ ဆိုင် ကယ် လမ်းပြောင်းပြန်စီး လာတယ်” လို့ အော်ရသေးတယ်။ တောသားတွေ တောကလှည်း လမ်းကြောင်းမှာ ဆိုင်ကယ်တွေကိုယ်စီ စီး နေ လို့ရပေမဲ့လမ်းမကြီးပေါ်တက်လာကာစည်းမရှိ ကမ်း မရှိ တော လမ်း လို စီးနေလို့ ကတော့ အမြန် မောင်း လာတဲ့ ယာဉ်တွေ အတွက်အန္တာရယ်အတော်များပါတယ်။ ဆိုင်ကယ်သိမ်းမယ် ဆိုတာတောင် ဂရုမစိုက်၊ မကြောက်မရွံ စီး နေကြဆဲပါပဲ။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သို တစ် လ ၂ခေါက်လောက် တော့ အသွားအပြန်ရောက်ပါတယ်။ဒါ

ပေမဲ့ နေပြည်တော် မှာ နေရတာလုံးဝမပျော်ပါ။ တစ်ခါတစ်ရံ အပင်ပမ်းခံပြီး နေ့ချင်းပြန်တောင်သွားခဲ့

တယ်။ ဘာကြောင်ဒီ လိုဖြစ်ရတာလဲ လို့ အကြိမ်ကြိမ်စဉ်းစားမိတယ်။ ကျနော် တို့်နိုင်ငံမှာ မြေတွေပေါတော့ စက်ရုံဆောက်ရင်ဖြစ်စေ၊ ရုံးဆောက်ရင်ဖြစ်စေ ကျယ်ကျယ်ဝန်းဝန်း နဲ့မြေဧရိယာတော်တော်များများ ကို

ယူလေ့ရှိတယ်။ ယခုလည်းနေပြည်တော်ရပ်ကွက်တွေဟာ အတော် ကို ဧရိယာကျယ်ဝန်းတဲ့ အတွက် တစ်နေရာနှုင် တစ်နေရာတော်တော် လှမ်းပါတယ်။ ၀န်ထမ်းတွေနေတဲ့ လူနေတဲ့ရပ်ကွက်မှာလည်း ပါသင့်တဲ့ infrastructure တွေသိပ်မ တွေ့ ရဘူး။ လူနေတိုက်ခန်းတွေ အနီးအနားမှာ 7 eleven လိုဆိုင်မျိုး၊ hawker centres လိုမျိုး၊ စာအုပ် vedio အငှား ဆိုင် လိုမျိုး၊ မရှိဘူး။poly clinic လိုဆေးခန်း မရှိဘူး။ ကော်ဖီ လက် ဘက် ရည်ဆိုင်တွေတော့ အခုနည်း နည်း ပါးပါးတွေ့ လာရတတ်တယ်။

စင်ကာပူမှာ HDB apartment တွေဆောက် ရင် wet market တို့ ထမင်းဟင်းစားစရာမျိုးစုံ ဆိုင်တို့ အသေးအမွှား လူသုံးကုန် ရောင်းတဲ့ ဆိုင် တို့ ပါပြီသားပဲ။ကျန်းမာရေးအတွက် poly clinic လိုဆေး ခန်း မျိုး ကမနီးမဝေးမှာ ရှိပြီးသားပါ။ အခုတော့စဆောက် ခါစက လူနေတိုက်ခန်းပဲ

ဆောက် ပေးပြီး နေသူတွေအဆင်ပြေစေရေးအတွက် လူမှုရေးနဲ့ သက် ဆိုင်တဲ့ လုပ်ငန်းတွေ၊ဆိုင်တွေ တစ် ခုမှ မပါဘူး။ စောစောပိုင်းက၀န်ထမ်း မိသားစုထဲက ဆိုင်ဖွင့် ရောင်း ရင်တောင် လိုက် ပိတ် ခိုင်း အရေးယူ ခိုင်းတယ် လို့ အရင် ကကြားရပါတယ်။ ဆေးခန်းဖွင့် ရင်တောင် အရေးယူတယ် လို့ ကြား ရပါတယ်။ စဉ်းစားကထဲကိုကတပ်ရင်း တွေကမိသားစုအိမ်ယာလိုင်းတွေ လိုစဉ်း စားခဲ့ တယ် နဲ့ တူပါတယ်။ဘဏ် က ကိုယ်တပည့် တွေတွေ့တော့ ဘယ်မှ လည်းသွားစရာမရှိဘူး၊ ရုံးပိတ်တုံး စားစရာဝယ်မထားမိရင် တစ်ပတ်လုံးငတ်ပေတော့ပဲတဲ့။ သွားရပြန် ရင် လည်း ဘတ်စ်ကားကနေရာတကာမရောက် ခရီးစရိတ် ကအတော်ထောင်းတယ်တဲ့။ တစ်ခုကောင်းတာတော့ ရှိတယ်။ လိုင်း၂၀ လောက်ရှိတဲ့ TV လိုင်းတွေကြောင့် ရုံးနားရက် အတွင်း အိမ်မှာအပမ်းဖြေစရာတစ်ခုတော့ ရှိနေပါတယ်။

စာရေးသူရောက်ဘူးတဲ့ နိုင်ငံခြား က administrative capital တစ် ခုအကြောင်းပြော ချင်ပါတယ်။တောင်အာဖရိကနိုင်ငံက ပီတိုရီးယားမြို့တော်ပါ။ ဂျိုဘတ် လို့ခေါ်တဲ့ ဂျိုဟန်နာဘတ်စ် မြို့ ကတော့ စီးပွားရေး မြို့တော်ပါ။ လူရှုပ်တွေလည်း တော်တော်များများရှိတယ်။ ပီတိုရီးယား နဲ့ ဂျို ဘတ် ကိုဆက်သွယ် ဖေါက် ထားတဲ့ highway လမ်းမ ကြီးကတော်တော်ကောင်းပါတယ်။ လမ်းမှာတောတောတော့ မရှိဘူး။ နွားစားကျက် grazing land တွေပဲရှိတယ်။ဒါပေမဲ့တော်တော် ကိုရှုခင်းကောင်း ပါတယ်၊ တောင် တက်တောင်ဆင်းတွေ နဲ့ ရန်ကုန် နေပြည်တော် လမ်း လိုပါပဲ။

ဂျိုဘတ် ကနေပီတိုရီးယား ကိုသွားတာ Sunday နေ့ ရုံး ပိတ်ရက်ပါ။ မြို့ တော် ကို ရောက် တော့ လမ်းတွေအား လုံးဟာကားတွေ ရှင်း လင်းနေတာပါပဲ။ သိရတာကတော့ ပီတိုရီးယား ကို တောင်အာဖရိကသား ကြေးရေတတ်တွေက အပန်းဖြေ မြို့တော်လိုသဘော ထားပြီး second homes တွေတော်တော်များများရှိကြပါတယ်။ weekends တွေမှာ လာအနားယူကြပါတယ်။ ဒီ လိုပုံစံမျိုးခပ်ဆန်ဆန် ဆွစ်ဇာလန်မှာ ကြုံဘူးတယ်။ ဂျနီဗာ ကို အိမ်နီး ချင်း

သြစ်တြေးလျား ကလာအလုပ်ကြတာများတယ်။ weekend ဆိုရင်အိမ်ပြန်ကြကော၊ ဒါကြောင့် weekend ဆိုရင် ဂျနီဗာ မှာ tourists နဲ့ ဆိုင် တွေပဲ ရှိတယ် လို့ ပြော စမှတ်ရှိ ကြပါတယ်။

ပီတိုရီးယားကိုကြည့် ရင်နေချင့်စဖွယ် မြို့တော်ပါ။နေပြည်တော် လည်း အဲဒီ လိုပါပဲ။ ဒါပေမဲ့ နေပြည်တော်မှာ နေသူတွေ ဘာကြောင့် မပျော် ကြတာလဲ။ entertainment မရှိ လို့ လည်း မဟုတ်ဘူး။ထိုက်သင့် သလောက် တော့ အခုဆို ရှိနေတာပဲလေ၊ တစ်ချို့ ကတည်းရခိုရတာ အရမ်း ကသီ လင်တနိုင်တယ် လို့ပြောကြတယ်။ ဈေးကြီး တဲ့ဟိုတယ်တွေတော့ အများကြီး ပါ။ ဈေးသင့်တင့် တဲ့ စည်ပင် ဟိုတယ်

ဆိုတာလဲတည်း ချင်တဲ့ သူကများနေပြီး သိတယ်မဟုတ် လား ဆိုင်ရာ ပိုင် ရာတွေ နဲ့ ဆိုတော့ booking လုပ် ရတာကအစ ခက်ပါတယ်။နောက်တစ် ခုက public transport ပါ။ ၂၀၀၆ ကစရေတွက် ရင်၅နှစ် နီး ပါးရှိပါပြီ။

နေရာတိုင်း ကို ဈေး သက်သက်သာသာနဲ့ရောက်မဲ့ ဘတ်စ်ကားလိုင်းတွေအတော်နည်း တာကို တွေ့ ရပါတယ်။ ညနေ ၆ နာရီကျော်သွား ရင် ရုံးတွေဖက်သွားတဲ့ လမ်းမှာခြောက်ကပ်နေတာပဲ တွေ့ ရမယ်။ တခါတရံစဉ်းစားမိတယ်၊ ရန်ကုန် စီးပွားရေးမြို့တော်မှာ ဆိုင်ကယ် မစီး ရဘူး ကန့် သတ်ထားတယ်။ နေပြည်တော်မှာ တော့ ဆိုင် ကယ်တွေ ပေါမှ ပေါ ပါပဲ။ ဆိုင်ကယ် မစီး ရ လို့ များ လုပ် ချ လိုက် လို့ ကတော့ ကိစ္စကြီး ငယ် နဲ့ လာ တဲ့ သူတွေ အတွက် Transport လုံးဝ ခက်သွားမှာ ပါ။ဆိုင်ကယ်တွေရှိနေ လို့ အသွားအလာ အဆင်ပြေနေကြတာပါ။ အရင် ကပုလင်းနဲ့ ပုံးထောင်ထားတဲ့ private gas station တွေ မတွေ့ ဘူး၊ အခုတွေ့ နေရပြီ။

စာရေးသူတိုငယ်စဉ် RIT မှာ အဆောင်နေတော့ လူတစ်ယောက်နှစ်ယောက် ပဲပါ လည်း ဘတ်စ်ကားတွေကအင်းစိန်လမ်းပေါ်မှာ ပြေးဆွဲ နေကြပါတယ်။အခုအဲဒီအစဉ်အလာပျောက်သွားပြီး အုံနာခရဖို့ ပဲအသဲအသန်မောင်းနေကြတာဆိုတော့ ရန် ကုန်မြို့ က ဘတ်စ် ကားစပယ်ယာအပေါက် ဆိုးတာဟာဟိုး လေးတကျော်ကျော်ပါပဲ။ RIT ကျောင်း သားဘ၀ က နောက်ဆုံး ကားနဲ့ အချိန် ကိုက် ပြီးမြေနီကုန်းမှာ အချိုစုံမကြာခဏဘတ်စ်ကားစီးသွားစားတဲ့ အခါ နောက်ကျတဲ့ အတွက် နောက် ဆုံးကား လွတ် ရင် ကြို့ ကုန်း အထိခြေလျှင်ပြန် ကြရတာ ကို သူငယ် ချင်း တို့ သတိရနေကြမှာ ပါ။

လူမရှိ လည်းအရှုံးခံပြေးဆွဲမဲ့ ဘတ်စ် ကားနေပြည်တော် မှာ လိုပါတယ်။ ဇိမ်ခံလို့ ရနိုင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ပြီး မြန်မာ tycoons တွေ လာနေ လို့ ရပါတယ်။ ဒါပေမဲ့ ရှိတယ် လို့ မကြား မိသေးပါဘူး။ လူလတ်တန်းစားတွေစား နိုင်တဲ့ Food court လိုဟာမျိုးရုံးတွေနား မှာ ရှိနေဖို့ လိုပါတယ်။ မြန်မာ

ပြည်မှာ သက် သာဆိုင်ဆိုတာဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိရှိနေဆဲဖြစ်ပါတယ်။ အခု လည်း ရှိနေပါတယ်။သက်လည်းမသက်သာပါဘူး။ စားတာတော့ နည်း နည်း နဲ့ ကောင်းကောင်းစားချင် ကြမှာ ပါ။

တစ်ခုသတိထားမိတာရှိတယ်။ မြန်မာမိသားစု တွေဟာ ထမင်းဟင်းချက်စားရတာ ကို တန် ဖိုးထားကြတယ်။ dining out လုပ်ချင် ရင် နေ့ တိုင်း လုပ် နိုင်ဖို့ အခြေအနေတွေပေးပေမဲ့ နိုင်ငံခြား မှာ တောင် မြန်မာ တွေ အိမ် မှာ ပဲချက် စားကြတာများပါတယ်။ထမင်းချိုင့် ရုံး ကို ယူတာလည်း မြန်မာ မှာ ပဲများမယ် ထင်တယ်။ Food နဲ့ ပတ် သက် ပြီးရွေးချယ်စရာများများ မရှိတာ၊ ဈေး နှုန်း ကြီး မြင့် တာ၊ လခ ကနည်းတာ ဒါတွေဟာ ကအဓိကအချက်တွေ ဖြစ် လိမ့် မယ် ထင်တယ်။

နေပြည်တော် က အပြန်မှာ ညစာ စား ဖို့ ကအချိန် ကစောနေသေးပေမဲ့ ၁၁၅ မိုင်က Feel Express မှာ ၀င်စားဖို့ ဆုံးဖြတ် လိုက် ပါတယ်။ညစာ ကို light food ပဲစားနေကြဆိုတော့ ပြည် ထမင်း သုတ် မှာ လိုက်တယ်။ပြည် ထမင်း သုတ်နဲ့ လိုက် ဖက်မဲ့ ကြက်သွန် ခရမ်းချဉ်သီး အချဉ် ရယ် ဆတ်သားခြောက် ရယ် ထပ်မှာ ပါတယ်။

တော်တော် စားကောင်း တော့ တစ်ပုဂံကုန်သွားရောပဲ။ Feel Express က တခြား ဆိုင်တွေနဲ့ ယှဉ် ရင် တော်တော်ရောင်း ကောင်း ပုံရပါတယ်။ Food variety လည်း စုံစုံလင်လင် ရှိပံ့ ရပါတယ်။ အိမ်သာ ကိုတော့ စပယ် ရှယ် လုပ်ထားပါတယ်။မြန်မာ တွေ ညစ်ညစ် ပတ်ပတ်နေတတ် တာ ကို Feel ပိုင် ရှင် ကသတိပြုမိ ပုံရပါတယ်။ အိမ်သာတွေကိုဝန်ထမ်း ၂ ယောက် လောက် ကပင် တိုင် ရှင်း နေတာတွေ့ ရပါတယ်။ အပြန် ခရီး မှာ မှောင် လည်းမှောင် မိုး ကလည်း သဲသဲမဲမဲ ရွာနေတော့ ထမင်း လုံးဘယ်စီဝံ့မလဲ၊ မျက် လုံး ကို ဖြဲကြည့် ပြီး ယာဉ်မောင်း ကို ကူညီမောင်းပေး လာတာ ရန်ကုန် နား နီးမှ ပဲ မိုး ကတိတ် သွားတော့တယ်။

Wednesday, June 1, 2011

စီပွားရေးရာထွေရာလေးပါး

မြန်မာနိုင်ငံ၌ အစိုးရသစ်ကို ရွေးကောက်တင်မြှောက် ဖွဲ့စည်းပြီးနောက် စီးပွားရေးတံခါးဖွင့်မှုများရှိပါက နေရာဦး ဖျာခင်းနိုင်ရန် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းအသီးသီးမှ မန်နေဂျာများဟာ ရင်းနှီးမြှုပ်နှံရန် အဆိုပြုပုံစံ အမျိုးမျိုးကို ကိုင်စွဲပြီး၊ မြန်မာနိုင်ငံကို ရောက်လာလျက် ရှိနေပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်များရဲ့ အားနည်းချက် များကို အခွင့်ကောင်းယူကာ တစ်နပ်စားအကြံနဲ့ ရွှန်းရွှန်းဝေအောင် ပြောဆိုလုပ်ကိုင်ကြမှာကို စိုးရိမ်မိပါတယ်။ ဒါပေမဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်အများစုကတော့ တခါသေဘူး ပျဉ်ဘိုးနားလည်တဲ့သူ၊ ခဲမှန်ဘူးတဲ့ စာသူငယ်များ ဖြစ်ကြလေတော့ သတိနဲ့ပြောဆို တုန့်ပြန်ကြတာကို တွေ့ရပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံမှာလည်း ဌာနတိုင်းလိုလိုမှာ အပြောင်းအလဲများ လုပ်နေပြီလို့ ကြားရပါတယ်။ ကုမ္ပဏီ မှတ်ပုံတင်ရင် ကြာတယ် ကြာတယ်လို့ ဆိုပေမဲ့ အခုမေလ (၁၈)ရက်နေ့ နောက်ပိုင်းကစပြီး လိုအပ်တဲ့စာရွက်စာတမ်း ပြည့်စုံရင် ၃ နာရီ ပဲ ကြာပါတော့တယ်လို့ လုပ်ငန်းရှင်များ ဝမ်းသာအားရပြောကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဟောင်း သက်တမ်းတိုးရာမှာ တော့ မမြန်သေးဘူးလို့ ဆိုကြပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ Board of Directors မှာ ပါဝင်တဲ့ members တွေနဲ့ ပါတ်သက်ပြီး ရဲစခန်းက betting လိုက်တဲ့အခါ မေးတတ်ဖို့လိုတယ်။ မဆိုင်တာတွေကိုမေးတော့ ကုမ္ပဏီတွေ ကသိကအောက် ဖြစ်ကြရတယ်လို့ ကြားပါတယ်။ ဒါကြောင့် ဘာမေးဘာမေးဆိုပြီး criteria သတ်မှတ်ပေးသင့်တယ်လို့ ပြောကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တုန့်ပြန်ချက်တွေပါ။ ဘာဘဲပြောပြောအရင်က ကုမ္ပဏီမှတ်ပုံတင်ရင်ကြာတယ်ဆိုတဲ့ သမားရိုးကျ သတင်းဟာ မဟုတ်တော့ဘူးဆို တာ ပြန့်နှံ့သွားဖို့ လိုပါတယ်။

စာရေးသူ တစ်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဗလူဘက်က ကျပ်သိန်း (၄ဝဝဝ-၅ဝဝဝ)လောက်တန်ဖိုးရှိတဲ့ လုပ်ငန်း တစ်ခုကို လုပ်နေသူတစ်ဦးနဲ့ စကားပြောကြည့်ရာ သူ့အနေနဲ့ ကုမ္ပဏီမဖွဲ့နိုင်တော့ သူများကုမ္ပဏီနံမည်ခံပြီး စီးပွားရေးကို လျှောက်လုပ်နေရတယ်လို့ ပြောပါတယ်။ သားသမီးတွေက လူငယ်ဘွဲ့ရပညာတတ်တွေပါ။ ဒါနဲ့ စာရေးသူက အဆိုပါ ပုဂ္ဂိုလ်ကို ကုမ္ပဏီထောင်ဖို့ မျိုးဆက်သစ်လူငယ် သားသမီးတွေကိုခိုင်းဖို့ တိုက်တွန်းလိုက်ပြီး၊ export ကို ကိုယ်တိုင်လုပ်ဖို့ ပြောခဲ့ပါတယ်။ သူက ပြန်ပြောတာကတော့ ''ကုမ္ပဏီထောင်ဖို့ဆိုတာ အချိန်အများကြီးကုန်တဲ့အပြင် ငွေလည်းတော်တော်ကုန်တယ်''လို့ ကြားလို့ပါလို့ ပြန်ပြောပါတယ်။ စာရေးသူက ကုမ္ပဏီထောင်ဖို့လိုတဲ့ စာရွက်စာတမ်းတွေကတော့ အဲ့ဒါတွေပဲ။ ကိုယ်တိုင်ရုံးပြင် ကန္နားမသွားချင်ရင် ဝန်ဆောင်မှုလုပ်ငန်း လုပ်ပေးနေတဲ့ ကုမ္ပဏီတွေရှိတယ်။ မှန်မှန်ကန်ကန်လုပ်ကိုင်ပေးတဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပါလို့ အကြံပြုခဲ့ပါတယ်။

စကားမစပ် စာရေးသူတို့နိုင်ငံမှTrade in serivice လို့ခေါ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလုပ်ငန်းတွေကို အများအမြင်မှာတော့ ''ပွဲစား''တွေလို့ မြင်ကြပါတယ်။ လာရောက်ဆက် သွယ်တဲ့ သူတွေထဲမှာလည်း ''ဝန်ဆောင်မှုလုပ်ငန်း''တန်ဘိုးကို သိတဲ့သူရှိသလို တခိျု့က ဝန်ဆောင်ခအတွက် သတ်မှတ်ကြေး ပေးရမှာကို နှမျောတွန့်တိုကြတယ်။ ဒီအချိန်မှာ ကုမ္ပဏီမှတ်ပုံတင်ဖို့ ဝန်ဆောင်ခပေးနေတဲ့ ကုမ္ပဏီတွေလည်း သူတို့ရဲ့ ''ဝန်ဆောင်ခ'' တွေ လျှော့ယူဖို့ ကောင်းနေပါပြီ။ နေပြည်တော် ခဏခဏမသွားရတော့ဘူး မဟုတ်လား ၊

ကုမ္ပဏီမှတ်ပုံတင်တာကို on line နဲ့လုပ်လို့ရအောင်တောင် ကြိုးစားနေပြီလို့ သတင်းကြားသိရပါတယ်။ ဒါကလည်း အင်မတန်မှ တိုးတက်တဲ့အမြင်ပါ။ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ ''on line '' နဲ့လုပ်လို့ ငါတို့လုပ်ငန်းတော့ ''အ''သွား တော့မှာပဲလို့ မမြင်ပါနဲ့။ ပိုပြီးတော့ လုပ်ငန်းတွေသွက်လက်မြန်ဆန်လာမှာ ဖြစ်တယ်လို့ ယုံကြည်ပါ။ ပို့ကုန်သွင်းကုန် လိုင်စင်ကို on line ကနေ လျှောက်လို့ရအောင် ဒီလိုပဲလုပ်ခဲ့ကြတာပါ၊ D form ကလည်း အဲ့ဒီလိုပါပဲ။ အခုဆိုရင် အဆင်ပြေနေပါပြီ။

on line က ငွေသွင်းနိုင်အောင် လုပ်ပေးဖို့ပဲ ကျန်ပါတော့တယ်။

အစပိုင်းမှာ ပြောခဲ့တဲ့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာကိုလာပြီး model ပုံစံအမျိုးမျိုးနဲ့ ဖက်စပ် လုပ်ငန်းတွေ တင်ပြဆွဲဆောင်လုပ်ကိုင်ဖို့ တာစူနေတာကို သတိနဲ့ ဆက်ဆံဆောင်ရွက်ကြဖို့ ပြောလိုပါတယ်။ တလောက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး countrywise risk analysis တွေရှာဖွေတင်ပြဖို့ countrywise rating တွေ ရှာဖွေတင်ပြဖို့ ပြောခဲ့ပါတယ်။ ငွေအရင်းအနှီးကြီးမားတဲ့ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေမှာ ရင်းနှီးမြှုပ်နှံသူတွေဖက်က ပြည်တွင်းမှာ ဘယ်လိုဆောင်ရွက်သလဲဆိုတာ စီးပွားရေးလုပ်ငန်းရှင် အငယ်စား၊ အလတ်စားတွေ မသိကြပါဘူး။ သူတို့ကလည်း သူတို့လုပ်ငန်း အများသိမှာစိုးလို့ လှိျု့လှိျု့ဝှက် ဝှက် လုပ်ကြပါတယ်။ စပ်စပ်စုစုနဲ့ မေးမြန်းသူတွေလောက်သာ အပေါ်ရံသိကြပါတယ်။ ဒီကုမ္ပဏီတွေကလည်း ဖေါ်ထုတ်မပြော ကြပါဘူး။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုလာရင် သူတို့ရဲ့ management ပုံစံ တွေ့ ရ ပါ မယ်။ technology-know-how တွေ ရလာမယ်။ အလုပ်သမားပိုင်းမှာ စည်းကမ်း၊ စနစ်ကျနစွာ ဆောင်ရွက်တတ်တဲ့ အသိတရားတွေရလာမယ် (ဒီနေရာကို နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ပြည်တွင်းမှာတောင် အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာ၊ တင်စီးတာတွေ မရှိဖို့ လိုပါတယ်။)နောက်တစ်ခု အကြံပြုချင်တာက ပြည်တွင်းလုပ်ငန်းရှင်များအနေနဲ့ မိမိဖက်စပ်ပူးပေါင်းဆောင်ရွက် လိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်အားလုံးကို (ဘယ်နှစ်နှစ်နဲ့ အရင်းကျေနိုင်မယ်ဆိုတာကအစ နောက်ဘယ်လောက် ထိ တိုးချဲ့နိုင်မယ်ဆိုတာအဆုံး)ပြုစုထားဖို့ လိုပါတယ်။ investment proposal ကိုလည်း သပ်သပ်ရပ်ရပ် သေသေသပ်သပ်နဲ့ ပြုစုထားသင့်ပါတယ်။ power point presentation လည်း လိုအပ်ရင် ပြုစုထားသင့်ပါတယ်။ စာရေးသူ ဘာကြောင့်ပြောရသလဲဆိုရင် တွေ့ရသမျှ အလတ်စား ပြည်ပလုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာ ဘယ်အပိုင်းကို ရင်းနှီးမြှုပ်နှံရင် ကောင်းမလဲဆိုတဲ့ မေးခွန်းကိုပဲ အမြဲမေးခံနေရလို့ပါပဲ။ သူတို့နဲ့ တွေ့တဲ့အခါ မြန်မာငွေ exchange rate ကိစ္စ လတ်တလော ဖြစ်ပျက်နေမှုကို တတ်နိုင်သမျှ ရှင်းပြပါတယ်။ သူတို့အားလုံး လက်ခံသလိုလိုရှိပေမဲ့ အပြည့်အဝ နားမလယ်ကြပါ။ သံသယနဲ့ပဲ လက်ခံကြပါတယ်။ ဒါကြောင့် ဒီအချက်ဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုလို့ စာရေးသူ ခံစားနားလည်ရပါတယ်။