စပါးစေ့ကိုအခွံခွာလိုက်ရင်အထဲမှာလုံးတီးဆန်ရှိတယ်။ စပါးက၂ပိုင်းရှိတယ်လို့ပြောလို့ ရတယ်။တစ်ခုနဲ့လျော့တိလျော့ရဲချိတ်ဆက်ထားတြာ ဖစ်တယ်။ဒါကြောင့်စပါးခွံထိပ်နှ စ်ဖက်ကိုတနည်းနည်းနဲ့ဖိညှစ်လို က်ရင်လျော့ရဲစွာချိတ်ဆက်ထားတဲ့ စပါးခွံ၂ပိုင်းဟာကွာထွက်သွားပြီးအတွင်းကလုံးတီးထွက်လာတယ်။လုံးတီးအပေါ်ရံအလွှာဟာဖွဲနုတွေပါ ပဲ။ဆန်ကိုဆန်အချင်းချင်းပွတ်လို က်ရင်ဖြစ်စေ၊ကျောက်နဲ့ပွတ်လိုက် ရင်ဖြစ်စေဖွဲနုအလွှာကိုပွတ်တိုက် သလိုဖြစ်ပြီးဖြည်းဖြည်းချင်ကျွ တ်သွားပါလေရော။ ချုပ်ပြောရရင်ဆန်ဖြူနဲ့ဆန်ကွဲေ တွရရော။ဆန်ရဲ့ဓါတုဗေဒဖွဲ့စည်းမှုကိုလေ့ လာကြည့်ရင်ကော်ဓါတ်အများစုနဲ့အြ ခားပရိုတိန်း၊အဆီဓါတ်၊ဗီတာမင်ဘီဓါတ်အချို့တို့နဲ့ဖွဲ့စည်းတည်ေ ဆာက်ထားတာပါ။ကော်ဓါတ်ကိုအသေးစိ ပ်ထပ်မံပြီးခွဲခြားစိတ်ဖြာကြည့်ရင်အမိုင်လိုစ် amylose နဲ့ အမိုင်လိုပက်တင်း amylopectin ဓါတ်တွေပါဝင်တယ်လို့ဆိုနိုင်ပါ တယ်။ဆန်အမျိုးအစားတစ်ခုကိုလေ့လာ ကြည့်လို့ အမိုင်လိုစ်ပါဝင်မှုများနေရင်ဆန် ဟာထမင်းအဖြစ်ကျက်သွားရင် ဖွယ်တတ်ပါတယ်။ အမိုင်လိုစ်ပါဝင်မှုများနေရင် ထမင်းအဖြစ်ရောက်သွားရင် စေး တတ်ပါတယ်။ဆန်အမျိုးအစားတစ်ခု စားကောင်းခြင်း စားမကောင်ခြင်းတွေဟာအမိုင်လိုစ့် ဓါတ်ပါဝင်မှုအနည်းအများပေါ်တွင်သာမက ကစီဓါတ်စေးကပ်ခြင်းညီညွတ်မှု Gel consistency အပေါ်မှာလည်းမူတည်ပါတယ်။
ဆန်ရဲ့ ရူပအရည်အသွေးဟာအပေါ်ရံကြည့်လိုက် ရင်တူသယောင်ယောင်ရှိပေမဲ့ ဓါတုအရည်အသွေးကတော့အများကြီးကြွဲ ပားခြားနာနိုင်ပါတယ်။ အခုတလောဆန်အတုပေါ်တယ်ပေါ်တယ်ဆို ပြီး facebook ပေါ်မှာတင်လာတာတွေ့ပါတယ်။ဆန်အတု ဆိုတော့ ဆန်အကြောင်းအသေးစိပ်မသိကြသူတွေက ပလတ်စတစ်ဆန်လား-- ဆန်အတုလား-- ဆိုပြီးမိမိထင်ရာမြင်ရာတွေရေး ကြပါတယ်။တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ လောက်ပေါက်တဲ့ဆန်ကို ၂၅၀-၃၀၀ လောက်ပေါက်တဲ့ ဆန်နဲ့ရောစပ်နိုင်ပါတယ်။ရောစပ်ပြီး reprocessing plant မှာအဖြူပြန်ဖွတ်လိုက်ရင်ဆန်ဟာ homogenous တသားတည်းဖြစ်သွားနိုင်ပါတယ်။ အိပ်အလယ်လောက်နဲ့အောက်နားလောက် မှာခပ်ဆင်ဆင်တူတဲ့ဆန်အရောကိုထည့်-- အပေါ်မှာတော့အကောင်းစားဆန်ထည့်လို က်ရင် ဆန်အကောင်းစားဈေးနဲ့ရောင်းနိုင်ပါမယ်။ ကရိကထ ခံပြီးပလတ်စတစ်ဆန်လုပ်--ကော်ဓါ တ် ကိုဆန်စေ့ပုံစံဖြစ်အောင်လုပ် ဆိုတာတွေဟာ အင်မတန်မှ လက်ဝင်တဲ့အလုပ်တွေပါ--ဘယ်သူမှ မလုပ်ပါဘူး။ ဆန်အကောင်းစားနဲ့ ဆန်အညံ့စား ရုပ်လက္ခဏာအရ ခပ်ဆင်ဆင်တူတာကိုရွေး reprocessing လုပ်လိုပ်ရင်ရိုက်စား
ကောင်းကောင်းလုပ်လို့ရပါတယ်။ ဖွဘုတ်မှာတက်ရေးပြီး ဖွမနေကြပါနဲ့တော့-- ဆန်အတုဆိုရင် စီးပွားကူးသန်း စားသုံးသူရေးရာဦးစီဌာန သာသွားပြလိုက်တော့ -- ဆန်စပါးကျွမ်းကျင်သူတွေအများကြီးရှိတယ်။ သာမန်အဆင့်လူတွေနားလည်အောင်သာေ ရးထားတာ အသေးစိပ်သိချင်ရင် လှည်းကူးက အရင်အခေါ် ပီတီအေစီ သာသွားမေးလိုက်ကြတော့ ဆန်စပါးကျွမ်းကျင်သူတွေ အရှင်လတ်လတ်ကြီးတွေ ရှိနေသေးတယ်။ လေပါတယ်ကွာ-- ဆန်အတုတဲ့-- ထမင်းချက်လိုက်မှ သိတယ်တဲ့--
ဆန်ရဲ့ ရူပအရည်အသွေးဟာအပေါ်ရံကြည့်လိုက်
ကောင်းကောင်းလုပ်လို့ရပါတယ်။ ဖွဘုတ်မှာတက်ရေးပြီး ဖွမနေကြပါနဲ့တော့-- ဆန်အတုဆိုရင် စီးပွားကူးသန်း စားသုံးသူရေးရာဦးစီဌာန သာသွားပြလိုက်တော့ -- ဆန်စပါးကျွမ်းကျင်သူတွေအများကြီ
No comments:
Post a Comment