တချို့ကမိမိပိုင်ငွေမရှိဘူး။ လုပ်ငန်းလုပ်ဖို့အကြံကောင်းဉာဏ်ေ ကာင်းတွေရှိတယ်။ လုပ်ရဲကိုင်ရဲတဲ့သတ္တိ
entrepreneurship စိတ်ဓါတ်ရှိတယ်။ လုပ်ငန်းသဘောကိုနားလယ်တယ်။မိမိ ကိုယ်ကိုယုံကြည်မှုရှိတယ်။အဲလို ပုဂ္ဂိုလ်မျိုးကဘဏ်တွေဆီက business plan တင်ပြပြီးငွေချေးယူလုပ်ငန်းအကော င်အထည်ဖေါ်မယ်။ငွေချေးယူတဲ့ အချိန်ကာလလွန်မြောက်လို့ သူတည်ထောက်ခဲ့တဲ့ business လုပ်ငန်းကြီးအောင်မြင်သွားတယ်ဆိုရင် rate of return ROR ကသူပေးရတဲ့အတိုးထက်အဆထောင်ပေါင်းများစွာဝင်ငွေရှိလာမယ်ဆိုရင်ငွေချေး ပြီးလုပ်ငန်းလုပ်တာအောင်မြင်တယ် လို့ ဆို နိုင်တာပေါ့။ဒါပေမဲ့ ဒိလိုအခွင့်အရေးမျိုး မြန်မာနိုင်ငံမှာယနေ့ထိမပေါ်ပေါ က်သေးဘူး။ကံကောင်းထောက်မစွာသူရဲ့  လုပ်ရည်
ကိုင်ရည်ကိုယုံကြည်သဘောကျတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးတစ်ယောက်ေ ယာက်ကအပေါင်မဲ့ငွေထုတ်ချေးမယ်ဆို ရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ ဖြစ်ခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ ဆိုလိုချင်တာကလုပ်ရည်ကိုင်ရည်ရှိတဲ့သူတစ်ယော က်အတွက်တရားဝင်ဆောက်ရွက်နိုင်တဲ့ အခွင့်အလန်းတွေအမြဲရှိနေစေချင် တာပါ။
အတွေ့အကြုံလေးတစ်ခုပြောပြပါရစေ။ လွန်ခဲ့သောနှစ် ၂၀လောက်ကလုပ်ရည်ကိုင်ရည်ရှိဟန် တူသောလူငယ်တစ်ယောက် စမ်းချောင်းနံမည်ကြီးလမ်းတစ်ခုက ခြံကြီးတစ်ခုမှာ ကန်ထရိုက်တိုက်(အဲဒီအချိန်ကကွန်ဒိုတွေခေတ်မစားသေးပါ ) သာဆိုသော်လည်းကွန်ဒိုပုံစံဆန် ဆန်ပါ။ မြေကြီးတူးစဉ်အချိန်ကစပြီးအကြမ်းထည်ပြီးချိန်ထိ မောင်တိုင်ပင်ခဏခဏရောက်တော့ ဒီတိုပ်ခန်းအားလုံးဟာစံချိန်စံညွှန်းမီတယ်ဆိုတာကိုယ်တိုင်သိနေပါတယ်။ ကြိုပွိုင့် ရှိနေတော့မောင်တိုင်ပင်လည်းဇနီး မဆုံးခင်ကဝယ်ထားတဲ့တိုက်ခန်းပြန်ရောင်းပြီး စရံပေးထားလိုက်ပါတယ်။အကြမ်းထည် ပြီးလို့ အတွင်းခန်းတွေဝင်တော့မဲ့အ
ချိန်မှာဘာကြောင့်မှန်းမသိကန် ထရိုက်ထွက်ပြေးသွားပါတယ်။ ၃-၄လ လောက်ပိုင်ရှင်တွေပြာကုန်ကြပြီးနောက် အခန်းဝယ်ထားသူတွေဆီကရစရာကျန်တဲ့ေ ငွတွေ ပြန်ကောက်ခံပြီးအချောထည်ကိုအပြီးသတ်နိုင်ခဲ့ပါတယ်။ အမှန်တော့ကန်ထရိုက်ဆီမှာငွေလွန် ထားသူတွေများများစားစားမရှိသော် လည်းဘာကြောင့်ဆက်မဆောက်ပဲထွက်ြေ ပးသွားလဲမသိပါ။ ဆိုလိုချင်တာက လုပ်ရည်ကိုင်ရည်ရှိတတ်တယ်လို့ ထင်ထားပေမဲ့တစ်ခါတစ်ခါ ဖေါက်တတ်တယ်ဆိုတာပါ။
အဲတော့ မြန်မာဘဏ်အချို့မှာ project based lending များလုပ်ဆောင်ခွင့်ပြုတော့မယ်ဆို ရင် အဲဒီဘဏ်မှာ risk management dept: တစ်ခုရှိသင့်ပြီး business plan တင်ပြလာတဲ့ project တွေကိုassessment လုပ်နိုင်မှာဖြစ်ပါတယ်။ risk management မှာ customer တွေရဲ့ competency ကိုတိုင်းတာ assess လုပ် နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ နောက် ဗဟိုဘဏ်အနေနဲ့ လည်း Credit Insurance Institution တစ်ခု ဖွဲ့  ဖို့  လိုတယ်။ ဥပဒေ ပြဌါန်း သတ်မှတ် ဖိုပ လည်း လိုတယ်။ ဒီ Institution မရှိလ့ ဘယ် ဘဏ်မှ မချေးရဲ ဘူး။project ကို phase by phase ဘယ်လို analyze လုပ်ရတယ်ဆိုတဲ့နည်းလမ်းတွေရှိပါ တယ်။ အောင်မြင်အောင်သေချာလုပ်နိုင်တဲ့ customer ကိုငွေထုတ်ချေးပြီးလုပ်ငန်းအဆင့် တိုင်းစီစစ်တဲ့ procedures တွေရှိပါတယ်။ မောင်တိုင်ပင်တို့အလုပ်လုပ်စဉ်က ADB, World Bank, IMF, OECF (Japan) စတဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ဆီကအစိုးရအနေနဲ့ငွေချေးပါတယ်။ငွေေ ချးပြီးဆန်စက်တည်ဆောက်ရေး၊ သိုလှောင်ရုံတည်ဆောက်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။ အဲဒီငွေရေးကြေးရေးအဖွဲ့အစည်းတွေ က ကျွမ်းကျင်သူတွေဟာ project appraisal team တွေ ၂-၃လ တစ်ခါ လုပ်ငန်းကိုလာရောက်စစ်ဆေးပါတယ်။ ပြီးဆုံးသွားရင် commissioning လုပ်ပြီး project completion certificate ရတဲ့နေကစပြီး စတင်လည်ပတ်ပါတယ်။ တချို့ တချို့သော ပရိုဂျက်တွေလည်း ဆီးသီးဗန်းမှောက်တာလည်းကြုံရဘူး ပါတယ်။ဒါကလည်းပရိုဂျက်ဒါရိုက်တာ နဲ့ team ရဲ့ consultant ပြေလည်ရင်ပြီးသွားတတ်ပါတယ်။ ပရိုဂျက်က consultant သုံးဖို့ဆိုပြီး အဆိုပါအချိန်က ခေတ်အစားဆုံး ပါဂျာရိုး ကားအသစ်တွေကိုပြည်ပကတင်သွင်း ဝန်ကြီးဌာန လွှဲပေးပြီးခပ်တည်တည်ယူသုံး ဇီးသီးဗန်းမှောက်တာမျိုးလည်းရှိ နိုင်ပါတယ်။ အဲတော့ ၃ ကျပ်တိုးယူယူ ၁၀တိုးယူယူ လုပ်တတ်ကိုင်တတ်ပြီး လုပ်ရဲကိုင်ရဲသူ ဆိုရင်အကျိုးအမြတ်ရှိအောင်လုပ်နို င်ပါတယ်။ အတိုးထိုင်ပေးနေရရင်တော့ မနိပ်ဘူးပေါ့ဗျာ--
entrepreneurship စိတ်ဓါတ်ရှိတယ်။ လုပ်ငန်းသဘောကိုနားလယ်တယ်။မိမိ
ကိုင်ရည်ကိုယုံကြည်သဘောကျတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးတစ်ယောက်ေ
အတွေ့အကြုံလေးတစ်ခုပြောပြပါရစေ။ လွန်ခဲ့သောနှစ် ၂၀လောက်ကလုပ်ရည်ကိုင်ရည်ရှိဟန်
ချိန်မှာဘာကြောင့်မှန်းမသိကန်
အဲတော့ မြန်မာဘဏ်အချို့မှာ project based lending များလုပ်ဆောင်ခွင့်ပြုတော့မယ်ဆို
No comments:
Post a Comment