Sunday, February 26, 2012
ကိုယ်သေဖို့ပြင်ဆင်ပြီးပြီလား
Tuesday, February 21, 2012
မြေးနဲ့ အဖိုးကြားကသံယောဇဉ်


NTUC Day care ယူနီဖေါင်းနဲ့မြေးလေး
မောင်တိုင်ပင်ရဲ့ တစ်ဦးတည်းသောသမီးကမွေးထားတဲ့မြေးလေးကအခုဆိုရင် ၂ နှစ်ပြည့်ပြီ။မြေးလေးကစင်ကာပူမှာနေတော့မောင်တိုင်ပင်အတွက် virtually ပဲကွန်ပျူတာစကရင်ပေါ်မှာတွေ့ နိုင်တယ်လေ။မြေးလေးက၂နှစ်မပြည့်ခင်ကတည်းကNTUC Day Care ကိုသူ့အမေကပို့လိုက်တယ်။သူတုံးက ၈ မိုင်က ဒေါ်ရင်ဝိုင်းကျောင်းကို ၃နှစ်ခွဲပြည့်မှ ပို့ခဲ့တာ၊အဲဒီတုံးကမောင်တိုင်ပင်ဇနီးကထပ်ချပ်မခွာသမီးနောက်ကအမြဲလိုက်တယ်။ မြေးလေး ကိုသနားတော့ ကျောင်းစောစော ပို့ ရမလားဆိုပြီး သူအမေနဲ့စကားများရသေးတယ်။နောက်ဆုံးတော့ စင်ကာပူမှာ မွေးတဲ့ခလေး စင်ကာပူပုံစံနဲ့ပဲကြီးပြင်းရမှာ ပဲလေဆိုပြီးစိတ် ကိုဖြေပါတယ်။မောင်တိုင်ပင်ဇနီး ကွယ်လွန်သူ သူ့အဖွားသာရှိနေရင်ဘယ်ဒီလိုပစ်ထားမလဲ၊ရှင်ဖါသာနေချင်သလိုနေ၊ကျုပ်တော့ကျုပ်မြေးကိုပဲသွားထိန်းတော့မယ် လို့ ပြောမှာ လုပ်မှာ သေချာပါတယ်ဗျာ။ မြေးလေး ကလည်း တကယ်ပါပဲ၊ ပီယဆေးပါတယ်၊ cheerful ဖြစ်တယ်၊ ကိုယ့်မြေး မို့လို့ ပြောနေတာမဟုတ်ဘူး။သူ အတွက် ခလေးထိန်းကတစ်နှစ်ပဲထားနိုင်တယ်။စင်ကာပူမှာ ခလေးထိန်းထားရတာတော်တော်စရိတ်ကုန်တာပဲကိုး။ စင်းဒေါ်လာ၉၀၀လောက် လစဉ်ကုန်နေတော့ သူမိဘတွေကDay care ကိုပိုဖို့ပဲစဉ်းစားကြ တော့တာပေါ့။ ဒုတိယအခေါက်ဒီဇင်ဘာလ မှာ မောင်တိုင်ပင်စင်ကာပူရောက်သွားတော့မြေးလေးကကျောင်းစနေ နေ ပြီ။အဲဒီအချိန်ကခလေးထိန်းကလည်းရှိနေတော့ ကျောင်းကမနက် ၈နာရီခွဲ ကနေနေ့ လည် ၁၂နာရီ အထိတစ်ပါတ်လောက် ထား ခိုင်းတယ်။ကျောင်းကအိမ်ရှေ့မှာ ရှိတော့မောင်တိုင်ပင်မကြာခဏဆိုသလို (၇)ထပ်ကနေအောက်ဆင်းပြီးကျောင်းပြူတင်းပေါက်နေချောင်းချောင်းကြည့် ရတယ်၊ကျောင်းကခလေးတွေကိုတခါးပိတ်မထားဘူး၊မိဘတွေအဖိုးအဖွားတွေလာကြည့် လို့ရအောင်ပြူတင်းပေါက်လိုက်ကာကိုဖွင့်ထားတယ်။နောက်၈နာရီခွဲကနေ ညနေ၃နာရီထိ တဖြည်းဖြည်းအချိန်ကိုနောက်ဆုတ်ဆုတ်သွားမယ်လို့ကျောင်းကစီစဉ်တယ်လေ။ ကျောင်းမှာနေလည်အိပ်ရတယ်၊ဆရာမတွေကရေချိုးပေးတယ်၊ နေ့လည်စာကျွေးတယ်၊ အိမ်ကအစားအစာယူမလာရဘူး၊ စင်ကာပူတရုတ်လေးတစ်ယောက်ဆိုအိတ်ထဲမှာ ဘီစကွတ်တွေထည့်ထားပြီး ခိုးခိုးစားတယ်။ဆရာမတွေကအတင်းတော့မသိမ်းပါဘူး၊ သူကကိုယ်ခန္တာကြီးတော့ကျောင်းကကျွေးတာနဲ့မ၀ဘူးနဲတူတယ်။
အခုဆိုရင်မြေးလေးကသူ့ကိုမေမေနဲ့ဖေဖေ ကဘာကြောင့်တစိမ်းတွေလက်ထဲမှာ ထားခဲ့ ရတာလဲ လို့သူစိတ်ထဲမှာ တွေးချင်တွေးမှာ၊ ဒါကြောင့်လားမသိဘူး။ ညနေ၆ နာရီအမေ လာကြိုချိန်မှာ ငိုပြီးပျော်ပြီးထွက်လာတာဖြစ်တယ်။သူများခလေးတွေရဲ့အိမ်သားတွေက ၅နာရီလောက်ဆိုလာကြိုကြတော့သူစိတ်ထဲမှာတွေးချင်တွေးမယ်လေ၊ငါကိုဘာကြောင့် မေမေနဲဖေဖေကလာမကြိုရသေးတာလဲ? ခလေးကသူပိုင်ပစ္စည်းတွေ ကိုသိမ်းထားပြီးအမေအဖေ ကိုစောင့်နေတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ၊မောင်တိုင်ပင်စိတ်ပူပေမဲ့ ဘာတတ်နိုင်မှာ လဲ၊ ၂ပတ်လောက်စင်ကာပူမှာနေပြီးတော့မောင်တိုင်ပင်အတွေးပေါင်းစုံနဲ့မြန်မာပြည်ပြန်လာရတယ်။
မြန်မာပြည်ပြန် ရောက်တာနဲ့နဖူးပေါ်လက်တင်ခေါင်းပူအောင်ကိုပဲစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုချ လိုက်တယ်။အမေမရှိတော့တဲ့သမီး သူ့ကိုငါကူညီရမဲ့အချိန်ရောက်နေပြီ။ကူညီရတော့မယ် လို့ဆုံးဖြတ် လိုက်တယ်။သမီးကိုချစ်တာတစ်ခုတည်းတင်မဟုတ်ဘူးလေ၊မြေးအနှစ်ဆိုတာ လည်းပါတာပေါ့လေ၊သူအတွက်ကိုအဓိကစဉ်းစားတာပါ။ ဆုံးဖြတ်ပြီးချက်ချင်းလုပ်လို့မရသေးဘူး။ ပထမဆုံးစင်ကာပူမှာကြာကြာနေနိုင်ဖို့ long term pass လျှောက်ရမယ်။သမီးက PR ဖြစ်နေတော့သူကခေါ်လို့ရတယ်။ သမီး ကိုဖေဖေလာနေမယ်၊ lon term pass လျှောက်ပေးလို့ ပြော လိုက်တော့ သူလည်းဝမ်းသာအားရနဲ့ on line ကနေလျှောက်ပေးတယ်။ ၂ပါတ်လောက်အတွင်းရတယ်၊ကိုယ်တို်င်လာထုတ်ရမယ်ဆိုပြီး ဖုံးဆက်လာတယ်။ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးသားဖြစ်နေတော့ မောင်တိုင်ပင်နေပြည်တော်ပြေး----အလုပ်ကနေထွက်ခွင့်ပြုဖို့ နှုတ်ထွက်လွှာကိုလူကြီးဆီတင်----လူကြီးနဲ့တွေ့အခက်အခဲကိုပြောပြရတာပေါ့။ သူတို့လည်းတော်တော်ဗျာများသွားပုံ ရတယ်၊မောင်တိုင်ပင်နေရာအတွကလူစားကတော်တော်နဲ့မရဘူး။မောင်တိုင်ပင်ကလည်းဆုံးဖြတ်ထားပြီးပြီလေ၊ပင်စင်ယူထားပြီး ဖြစ်ပေမဲ့ ဒီအလုပ်မှာတော့ ပြန် လုပ်ပါဆို လို့ပြန်လုပ်ရတာလေ။ ပင်စင်ယူခဲ့တဲ့ နောက် ၃နှစ်လောက်လုပ်ပြီးပြီဆိုတော့ လူစားကို သူတို့ရှာရတော့တာပေါ့။မောင်တိုင်ပင် အတွက်စဉ်းစားပေးပါတယ်။ မတ်လ ကုန်ထိ လုပ်ပေးဖို့မေတ္တာရပ်ခံလာတယ်။ မောင်တိုင်ပင်လည်းမတတ်နိုင်ဘူး၊ ငြင်း လို့မှာ မရတာ၊ဒါနဲ့နောက်တစ်ခေါက်စင်ကာပူပြန် long term pass သွားထုတ်ပြီး မြေးလေး ကိုစိတ်မချတချနဲ့ ပဲထားပြီး ပြန်လာရတယ်။
မောင်တိုင်ပင်စင်ကာပူရောက်နေတုံးမြေးလေးကျောင်း ကို လိုက်သွားတယ်။ကျောင်းနေစဆိုတော့အများနဲ့လိုက်မလုပ်တတ်သေးဘူး၊ဆရာမတွေကခိုင်းရင်လုပ်ချင်မှ လုပ်တယ်။တာပေမဲ့ အခု၁လခွဲလောက်ကြာတော့ ဟုတ်နေပါပြီ။သူကျောင်း ကကျောင်းအုပ်ဆရာမကြီး ကမိဘတွေဆီကိုကျောင်းမှာ ဘယ် လိုနေတယ်ထိုင်တယ်ဆိုတာ ရီပို့ လုပ်ပါတယ်။ရီပို့ ကို အမေ လုပ်သူ က facebook တင်တော့ဖတ်ရပါတယ်။ စိတ်ထဲမှာကတော့တော်တော် ကိုပူပန်မိ ပါတယ်။ရင်ဖွင့်စရာအိမ်သူကလည်းမရှိတော့ညီမဆီသွားသွားရင်ဖွင့် ရတယ်။ အမြဲတန်း မြေးလေးကျောင်းမှာ အဆင်ပြေနေသလားဆိုတာတွေးတွေးနေတတ်တယ်။ ကိုယ်ဟာကို လည်းသိပါတယ်။အော် ငါ ဒီအရွယ်မှာ ၀ိပသာနာတရား အားထုတ်နေရမှာ ငါ့မြေး ငါ့မြေးဆိုပြီး ငါစွဲနဲ့ သက္ကာရဒိဌိ ၀င်နေပြီ လိုတော့သတိထားမိပါတယ်။ တာပေမဲ့ ကိုယ် ကပုထုဇဉ်လေ၊အခုတော့ အချိန်ကကုစားပြီးဖြစ်နေပေမဲ့ မြေးလေး ဆီသွားနေဖို့ပဲစိတ်ကရောက်နေတော့တယ်။ ကိုယ်အိမ်မှာ အချွေအရံသင်းပင်းနဲ့ ဇိမ်နဲ့နေနိုင်ပေမဲ့ စင်ကာပူ ကိုသွားပြီး ငါ ဘာ လို့များဒုက္ခ ခံနေ ရမှာ လဲလို့ကိုယ့်ကိုကိုယ် မေးမိတယ်။ ရန်ကုန်ကအိမ်ကိုလည်းစောင့်ရှောက်ရအောင်အဒေါ်ကြီးတွေနဲ့ ညှိ ရတာပေါ့။ နှစ်ပေါင်းများစွာနေလာတော့အိမ်သားလိုဖြစ်နေတော့ပူပန်စရာတော့မရှိဘူးပေါ့လေ။
အော် -- မြေး အဖိုး ကြားကသံယောဇဉ်ဆိုတာ မသေးလှပါလားနော်---မောင်တိုင်ပင်တို့နိုင်ငံမှာအင်တာနက်ကလည်းနှေးနေတော့ကောင်းတဲ့အချိန်စောင့်ပြီး မြေးနဲ့ အဖိုး skype မှာ နေ့တိုင်း တွေ့ကြတယ်။ညဆို ၉ နာရီ လောက်ပေါ့။သားမက်နဲ့ viber ချိတ်ထားတော့သူဆီလှမ်းသတိပေးရတယ်။ မြေး ကအဲဒီအချိန်ဆို ဖိုးဖိုး၊ဖိုးဖိုး ဆိုပြီး အဖေ ကိုကွန်ပျူတာဖွင့် ခိုင်းနေပြီ။ ကွန်နက်ရှင်ကောင်း လို့ skype ရရင် မြေးကခုန်ပေါက်ပြီးပျော်နေပြီ။ ဖိုးဖိုးကို လာပြီးအာဘွားလာပေးတယ်၊ ကွန်ပျူတာ စကရင် ကိုပေါ့၊ ကျောင်းမှာဆရာမတွေနဲ့ လုပ်တဲ့ Hi5 ကိုလည်းလာလုပ်တတ်တယ်။လက်ဝါးချင်းရိုက်ကြတာလေ။ အဖိုးနဲ့တွေ့ ရရင်ကွန်ပျူတာရှေ့မှာ ဂျွမ်းထိုးတော့တာပဲ။ ဘယ်ကတတ်လာတာလဲမသိဘူး၊ဂျွမ်းကောင်းကောင်း ထိုးတတ်တယ်။ ကွန်ပျူတာရှေ့မှာ ပြေးမယ်၊ခုန်မယ်၊ပေါက်မယ်၊ခလေးဘာဝပေါ့။ သူ့ ကိုဂရုစိုက်အောင်လို့---ညပိုင်းမှာစားစရာတစ်ခုခု ကိုစားတတ်တာကတော့အဖိုး ကို တူတာနဲ့တူတယ်။
စားစရာဆိုတာကွာစေ့လို snack မျိုးပေါ့။ သူအမေ က ဓါတ်ပုံဝါသနာပါတော့ SLR ကင်မရာကောင်းကောင်းဝယ်ထားတယ်။ အမေကဓါတ်ပုံဆရာ၊ သားကမော်ဒယ်ဘွိုင်း---- အိုင်တင်ကကောင်းကောင်းလုပ်တတ်တော့သူ ပုံထွက်တွေကတော်တော်ချစ်စရာကောင်းတယ်။ အဖိုးရဲ့ i pad2 ထဲမှာ မြေးလေးပုံတွေချည်းပဲ။ကင်မရာဆရာကတော့ သူ့ အမေ---သူ့အမေက လစဉ် ၁၇ ရက်တိုင်း မိသားစုပုံ ကိုရိုက်တယ်၊ သူ့ ပုံ ကိုရိုက်တယ်၊ ဖေ့ဘွတ်မှာ တင်တယ်၊ ဖေဖေါ်ဝါရီ လ၁၇ရက်နေ့ မှာ သူကိုမွေးတာလေ။ From birth to date မြေးလေး ဖွံဖြိုးတိုးတက်မှုမှတ်တမ်းတွေရှိတယ်။
မောင်တိုင်ပင်မြေးအတွက်ယခုလိုဆုံးဖြတ်ခဲ့တာကိုဘယ်လိုအကြောင်းအချက်နဲ့မှ နောက်ပြန်မဆုတ်နိုင်တော့ပါ၊ မောင်တိုင်ပင် အလုပ်လုပ်ခဲ့တာ လုပ်သက် က ၃၇ နှစ်ပါ။အခုထိအလုပ်ကိုလုပ်နိုင်ဖို့ ကျန်းမာနေတုံးပါ။ မောင်တိုင်ပင်လိုလူအတွက် ယခုလိုအချိန်မှာ opportunities တွေအများကြီးရှိနေပါတယ်။ ဟိုလူခေါ်ဒီလူခေါ်နဲ့-မောင်တိုင်ပင်အမြဲငြင်းနေရပါတယ်။ဒါပေမဲ့မိသားစုအတွက်ဒီအချိန်မှာ ရာနှုန်းပြည့် ပေးရမဲ့အချိန် လို့မောင်တိုင်ပင်ယူဆပါတယ်။
သင်ကောဒီလိုမျိုးအဖြစ်နဲ့ ကြုံရရင်ဘယ်လိုဆုံးဖြတ်ပါမလဲ ?
Friday, February 10, 2012
ဒေါ်လာဆိုရင်အသစ်မှ ကြိုက်တယ်
Sunday, January 22, 2012
ရွေ့မယ်ပြင်မယ်ပြောင်းမယ်
နိုင်ငံတော်မှာreformsနဲ့ပတ်သက်တဲ့ပြုပြင်ရေးဆောင်းပါးတွေရေးတာတွေ့တော့သူငယ်ချင်းကပြောတယ်။သိပ်ဆန္ဒမစောပါနဲ့၊တို့မှာခေါင်းဆောင်ကောင်း၂ယောက်ရှိနေပြီပဲ လို့ပြောပါတယ်။မှန်ပါတယ်၊ခေါင်းဆောင်
ကောင်း၂ဦးရှိနေယုံနဲ့ကျေနပ်နေလို့မရဘူးလေ။ပြည်သူအားလုံးပါဝင်ဆောင်ရွက်ကြ မှမောင်တိုင်ပင်
တို့ဖြစ်ချင်တဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာမှာမဟုတ်ပါလား။ မှန်တာပြောရရင်စောစောပိုင်းက
မောင်တိုင်ပင် တိုင်ပြည်အကြောင်းတွေးမိရင်စိတ်ဓါတ်တော်တော်ကျပါတယ်။ဒီမိုးဒီလေဒီလူတွေနဲ့ဘယ်
လိုမှ ကောင်းလာတော့မှာမဟုတ်ဘူးလို့ မှတ်ယူခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့အခြေအနေအရဆိုရင်
မောင်တိုင်ပင်မှားသွားပါပြီ။မောင်တိုင်ပင်အဖို့ ညအမှောင်ကျနေရာကနေ နံနက်ခင်း လင်းရောင်
ခြည် ကို မြင်ရသလိုမျိုးခံစားနေရပါပြီ။ မောင်တိုင်ပင်လိုမျိုးအားလုံးသောပြည်သူတွေလည်းခံစားနေရ
လိမ့်မယ်လို့ထင်ပါတယ်။ အဆိုးမြင်သမားတွေကလွဲ ရင်ပေါ့လေ။
မောင်တိုင်ပင်ရဲ့ ပရိသတ်တစ်ယောက်ကပြောတယ်။ကျနော်တို့နိုင်ငံမှာရထားခတွေဈေးတက်ရင်ဖြစ်စေ၊
လျှပ်စစ်မီတာခတွေဈေးတက်ရင်ဖြစ်စေ၊ဓါတ်ဆီတွေဈေးတက်ရင်ဖြစ်စေကာယကံရှင်ဌာနတွေကပြောကြ
တယ်၊ အခြားအာဆီယံနိုင်ငံတွေနဲ့တန်းတူဈေးတွေလိုက်တက်ရတာလို့-----မိုးကြိုးပစ်ထန်းလက်ကာလိုသ
လိုမျိုးပြောကြတယ်။ ကျနေိာတို့နိုင်ငံမှာအာဆီယံ (၆) နိုင်ငံကလူတွေလို (၀န်ထမ်း၊ပြည်သူ)ရပိုင်ခွင့်
တွေရပြီလား၊ခံစားခွင့်တွေရပြီလားလို့မေးချင်တယ်တဲ့။
ဒီအားမလိုအားမရပြောကြားချက်ကိုမောင်တိုင်ပင်အဖြေရှာကြည့်ပါတယ်။ ဒီအချက်ဟာအစိုးရအဖွဲ့ ရဲ့ လုပ်
နည်းလုပ်ဟန်၊စိတ်ပါဝင်စားမှုပေါ်မူတည် လိမ့်မယ်ထင်တယ်။စီးပွားရေး၊လူမှုရေးအပိုင်းတွေဖြစ်လို့စီမံ/စီးပွား
ဝန်ကြီးဌာနနဲ့ဆိုင်လိမ့်မယ်ထင်ပါတယ်။၁၉ ၈၃ခုနှစ်က မောင်တိုင်ပင် ဗြိတိသျှအစိုးရပညာတော်သင်
ဆုနဲ့ဗြိတိန်နိုင်ငံကို၂နှစ်ပညာဆည်းပူးခွင့်ရခဲ့ပါတယ်။ မောင်တိုင်ပင်စတိုင်ပင်ကိုBritish Council ကနေ
ပေးပါတယ်။ Lloyds ဘဏ် မှာ စာရင်းဖွင့်ခွင့်ရပြီးအဲဒီဘဏ်စာရင်းထဲ သို့လစဉ်စတိုင်ပင်ငွေကိုလွှဲပေး
ပါတယ်။ တစ်နှစ်ကုန် လို့နောက်တစ်နှစ်ကူးတဲ့လမှာ မောင်တိုင်ပင်ဘဏ်စာရင်းထဲကိုလွှဲပို့တဲ့ငွေဟာ
ယခင်လစဉ်ပို့တဲ့ငွေထက်တော်တော်ကိုပိုနေပါတယ်။ဒါနဲ့ ကျောင်းသားအချင်းချင်းမေးမြန်းကြည့်တော့ ဒီလိုပဲနှစ်တိုင်းလိုလိုစတိုင်ပင်တိုးပေးတတ် လေ့ရှိတယ်လို့ယေဘူယျ ပဲသိခဲ့ ရပါတယ်။
ဒါနဲ့စတိုင်ပင်တိုးပြီးနွေကျောင်းပိတ်ရက်လုပ်ငန်းခွင်လက်တွေ့ဆင်းတဲ့အခါဒေါ်အောင်ဆန်းစုကြည်အဲဒီတုံး
ကရှိနေတဲ့Oxford, Culham, Overseas Development Natural Resources Institute ကသုတေသန ဌာန မှာနွေကျောင်းပိတ်ရက် ၃ လ အလုပ်ဆင်းခဲ့ပါတယ်။ ဟိုတယ်နေစရိတ်၊စားစရိတ်၊ခရီးစရိတ်ကို
British Council ကရှင်းပေးပါတယ်။တစ်ရက်တော့ လန်ဒန်ကိုအကြောင်းကိစ္စပေါ် လာ
တော့ဆင်းချသွားပြီး British Council ကမောင်တိုင်ပင်ရဲ့ personal officer ကိုသွားတွေ့ပါတယ်။ လာရင်းကိစ္စ ကိုရှင်းလင်းပြီးတဲ့အခါ သူမနဲ့ အလ္လာပ သလ္လာပ ပြောကြရင်း မောင်တိုင်ပင် ရဲ့နေရေးထိုင်ရေးအခြေအနေ ကို သူမကအဆင်ပြေရဲ့ လားအခက်အခဲရှိ လားစသည်ဖြင့်မေးပါတယ်။ မောင်တိုင်ပင်က မရှိကြောင်းပြန်ဖြေပြီး ဒီလမှာ စတိုင်ပင် ကတော်တော်များများ တိုးသွားတဲ့အကြောင်း ကိုစပ်စုမိပါတော့တယ်။ အဲတော့မှာသူမက ရှင်းပြပါတယ်။
ဗြိတိန်မှာ နှစ်စဉ်နှစ်စဉ် လူမှုရေး၊စီပွားရေး နဲ့ ပတ်သက်တဲ့ survey တွေကိုတာဝန်ယူလုပ်နေတဲ့ဌာနတစ်
ခုရှိပါတယ်။ မြန်မာ က Central Statistical Organization CSO လိုမျိုးနဲ့တူတယ်။
အဆိုပါဌာနက အိမ်ဈေး၊မြေဈေး၊အိမ်ငှားခ၊ခရီးသွားလာစရိတ်၊သယ်သူပို့ဆောင်ခ၊ အဓိကအစားအသောက်ဈေးနှုန်းများ၊လူသုံးကုန်ပစ္စည်းဈေးနှုန်းများ၊စသည့် consumer price index (CPI) ကိုအပတ်စဉ်၊လစဉ်၊နှစ်စဉ်ကောက်ယူထားပြီး တစ်နိုင်ငံလုံးငွေဖေါင်းပွမှုကိုတွက်ချက်ပါတယ်။ပြီး
ရင်ဒီအချက်တွေကိုခြုံငုံ သုံးသပ်ပြီးတော့ စတိုင်ပင်ဘယ်လောက်တိုးသင့်တယ်၊ ၀န်ထမ်းလစာ
ဘယ်လောက်တိုးသင့်တယ်ဆိုတာ နှစ်မကုန်ခင်မှာ အစိုးရအဖွဲ ကိုထောက်ခံတင်ပြ ကြရပါတယ်။နှစ်စဉ်နှစ်စဉ်ဒီလိုတင်ပြတာရှိတော့သက်ဆိုင်ရာအစိုးရဌာနက၀န်ထမ်းတွေ၊ပုဂ္ဂလိကလုပ်ငန်းများ က၀န်ထမ်းတွေကိုလစာစရိတ်တွေတိုးပေးကြပါတယ်တဲ့။အဲဒီလိုတိုးပေးတဲ့ အခါ ရာခိုင်နှုန်းကမများဘူး၊မြန်မာနိုင်ငံ မှာ လို၁၀နှစ် နှစ်၂၀နေမှတိုးပေးတဲ့အခါကြတော့အစိုးရကလည်းဘတ်ဂျက်ကိုထိခိုက်
လောက်အောင်တိုးပေးရတော့ နင့် ကနဲပဲ။နည်းနည်းစီနှစ်စဉ် ငွေဖေါင်းပွမှုနှုန်း ကာမိအောင်တိုးတိုး ပေးသွားတော့ အစိုးရမှာ လည်းသိပ်ပြီးတော့ဘတ်ဂျက်ထိခိုက်လောက်အောင်အခြေအနေမျိုးမဟုတ်တော့ တိုးပေးရတဲ့အတွက် အစိုးရ မှာ လည်းနံမည်ကောင်းရနိုင်ပါတယ်။
အချိန်မနှောင်းသေးပါဘူး၊သက်ဆိုင်ရာအစိုးရ၀န်ကြီးဌာနတွေ ဒီစနစ် ကို ပြောင်းလဲလုပ် ကိုင်ဖို့အချိန်တွေအများကြီး ရှိနေပါတယ်။အလားတူပါပဲ၊ အများပြည်သူအတွက် လုပ်နေ ရတဲ့
လျှပ်စစ်၊မီးရထား၊ရေကြောင်း ပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ စက်သုံးဆီ၊ စတဲ့ဌာနတွေ လည်း အများပြည်သူ ကိုရောင်း ချတဲ့ မိမိ တို့ ရဲ့  ၀န်ဆောင်ခတွေ၊ products တွေရဲ့ ပြည်သူကိုရောင်းချ
သင့်တဲ့ ၀န်ဆောင်ခတွေ၊ပစ္စည်းဈေးနှူန်းတွေကို နှစ်စဉ်တွက်ချက်ပြီး တိုးမြှင့်သွားရင်ပေးရတဲ့သူမှာ လည်း
မထောင်းတာ၊အစိုးရအနေနဲ့ လည်းမနစ်နာတော့ဘူး။ အခုတော့ ဆိုရှယ်လစ်ခေတ် ကအရာရာ ကို subsidize လုပ်တဲ့ အကျင့်ကပါနေပြီး အစိုးရရောင်းတဲ့ ပစ္စည်း၊ပေးတဲ့ဝန်ဆောင်မှု ဆိုရင် “ပေါချောင်ကောင်း” လို့
သတ်မှတ်ကြတာအကျင့်ပါနေပါပြီ။ ရထားခတွေဈေးတက်တယ်၊ လက်ခံပါတယ်၊ ထိုက်တန်တဲ့ ၀န်ဆောင်မှုတော့ လိုချင်ကြပါတယ်။ ၀န်ဆောင်မှုတွေက မတိုးတက်လာတော့ ပြည်သူတွေက အားမလို အားမရဖြစ်တာအမှန်ပါ။ ရထားခတက်ရတာကလည်း အရင်ကမတက်ခဲ့ ရတော့ အရင်က အရှုံးပေါ် နေတာတွေအခုမှ ထေ နေရတယ်လေ။ ဒါတွေကိုတော့ ပြည်သူ့ တွေနားလယ်ပေးရမှာပါ။ ဒါပေမဲ့ စနစ်
( system) ကိုတော့မလွှဲမသွေ ပြင်ဆင်ရမှာပါ။မောင်တိုင်ပင်အကြံ ပြု ချက်ဟာတော်တော်မြင့်ပါတယ်။ညှိ
နိုင်းတိုင်ပင်ရမဲ့ဌာနတွေလည်းများပါတယ်။ အခုချိန်လောက်က စ ထားရင်မမှားပါဘူး။မြန်မာနိုင်ငံမှာအုပ်
ချုပ်ရေး၊စီးပွားရေး၊ဘဏ္ဍာရေးစတဲ့ အပိုင်းတွေမှာပြင်ရမှာ တွေ အများကြီးပါ။ ပြင်ဖို့စိတ်ပါ လာအောင်
ထောက်ပြပြောဆိုနေခြင်းဖြစ်ပါတယ်။
Wednesday, January 18, 2012
ကောင်းမွန်သောအုပ်ချုပ်ရေး (good governance)
ပြည်သူတွေရဲ့ လူမှုပတ်ဝန်းကျင်အသီးသီးမှာ reforms တွေ၊ changes တွေကိုနေ့စဉ်နှင့်အမျှ ကြားနေကြရမှာပါ။ သို့သော်လည်းအထက် အဖွဲ့အစည်း အဆင့်တွေမှာပဲ စိတ်အားထက်သန်မှုတွေရှိနေပြီး၊ပြောင်းမယ်၊ရွေ့မယ်၊လုပ်မယ်တကဲကဲဖြစ်နေပေမဲ့ပြည်သူတွေနဲ့ အမှန်တကယ်ထိတွေ့ဆက်ဆံနေရ တဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်းအဆင့်တွေမှာ ဒုံးရင်းဒုံးရင်းပဲရှိနေတာ တွေ့ရတော့ အစိုးရက ပြောတာတခြား၊ လုပ်နေတာတခြားပါလားလို့ ဝေဖန်မှုတွေ နားနဲ့မဆံ့ ကြားရပြီးအားမလိုအားမရဖြစ်နေ ကြပါတယ်။ တခြား မကြည့်ပါနဲ့ အောင်ထွဋ်မကွယ်လွန်ခင်ရေးခဲ့တဲ့ The Voice ဂျာနယ် ထဲက ”ဥပဒေနှင့်အညီ”ဆောင်းပါးမှာ”ခေတ်ပြောင်းစနစ်ပြောင်းဖြစ်နေသည်ကိုမယုံကြည်သောကြောင့်လုံးဝပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများအချုပ်အခြာအာဏာသုံးရပ်စလုံးတွင်အများအပြားရှိနေသည်ဆိုသောအချက်ဖြစ်ပါသည်” လို့ ရေးထားပါတယ်။ ဒါကိုဖတ်ရတော့ အာဏာ (၃)ရပ်ကို ကိုင်စွဲထား တဲ့ အထက်ပိုင်းအာဏာပိုင်အဆင့်မှာတောင် ပဋိပက္ခတွေရှိနေကြတာကို သိလိုက်ရတော့ တော်တော်ပဲရင်လေးမိပါတယ်။ တခါတရံ ” အော် ငါလည်း အသက် အရွယ်ကြီးရင့်နေပြီ၊ မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အရွယ်အပိုင်းအခြားနဲ့လုပ်ရမဲ့ အလုပ် တွေ ကန့်သတ်ထားတာရှိတော့ တတိယအရွယ်လွန်ဘ၀ကို ရောက်နေပြီ ” ဖြစ်တဲ့ မောင်တိုင်ပင်အဖို့ အသေတတ်အောင် ၀ိပဿနာအလုပ်ကိုပဲ ဦးစားပေးဖို့ ကောင်းနေပြီလို့ တွေးမိပါတယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်တာလေးတော့ သတိပေးရေးသားသင့်ပါလားလို့ အကြံလေးလည်း ပေါ်လာလို့ ရေးမိတာပါ။
Good governance ဖြစ်အောင်လုပ်ဖို့ဆိုတာ ဌာနဆိုင်ရာ အကြီးအကဲတွေတင် မကပါဘူး ၀န်ထမ်း၊ ပြည်သူတွေနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ ဆရာဦးအောင်သင်း ပြောခဲ့ဘူးတဲ့ အကြောင်းအရာလေးတစ်ခုကို မောင်တိုင်ပင် သတိရမိပါ တယ်။ ဆရာဦးအောင်သင်း ဟောပြောခဲ့တာကိုနားထောင်ဘူးတာမဟုတ်ပါ။Messengerဂျာနယ်မှာ ဆရာမောင်ဝံသရေးသားထားတဲ့ “တခါးဟောင်းကြီးရဲ့ တကျွိ ကျွိမြည်သံ“ ဆောင်းပါးကို ဖတ်ရပြီးကြိုက်သွားတာပါ။ နိုင်ငံခြားက စာရေးဆရာ တစ်ယောက် ရေးထားတာတဲ့။ ဘယ် နိုင်ငံလည်းတော့မသိဘူး။ စာရေးဆရာအိမ်ကတံခါးဟောင်းကြီးဟာ ဖွင့်လိုက်ပိတ်လိုက်လုပ်ရင် အမြဲ တကျွိကျွိ မြည်နေပြီး၊ သူအပါအ၀င် အိမ်သားတွေ မည်သူကမှ ပြင်ဖို့စိတ်မကူးကြပါဘူး။ အိမ်က ထွက်သွားရင် တံခါးမကြီးက တကျွိကျွိ မြည်လိုက်၊ ၀င်လာရင်လည်း တံခါးဟောင်းကြီးကတကျွိကျွိ မြည် လိုက်နဲ့ ပြင်ရကောင်းမှန်းမသိကြတော့ဘူး။ နောက်ဆုံးတံခါးဟောင်းကြီးဟာ ရိုးရိုးဖွင့်လို့ ပိတ်လို့ တောင်မရတော့ဘဲ တံခါးဘောင်ကို မ ပြီးမှ ပိတ်လို့ ဖွင့်လို့ရတော့တဲ့ အခြေအနေမျိုးအထိ ရောက်ခဲ့ပါတယ်။ ဒါနဲ့ ပဲနိုင်ငံခြားစာရေးဆရာဟာ ခရီးတစ်ခုကို ၄-၅ ရက်ကြာထွက်နေတုံး သူ့အိမ်သား တွေက တံခါးဟောင်းကြီးကို မပြင်မဖြစ်တော့တာမို့လို့ ပြင်လိုက်ရပါတယ်တဲ့။ စာရေးဆရာ ပြန်လာ တော့ တံခါးဟောင်းကြီးဖွင့် ၀င်လာတဲ့အခါ အရင်လိုတကျွိကျွိ မ မြည်တော့ဘဲ ပိတ်ရဖွင့်ရတာအလွယ်တကူလျှောကနဲလျှောကနဲ နဲ့ အဆင်ပြေ နေတာပေါ့။ ဒါပေမဲ့ နိုင်ငံခြားစာရေးဆရာဟာ တံခါးဟောင်းကြီး ဖွင့်ရပိတ်ရတာ အဆင်ပြေပြေ ဖြစ် နေတာကို မကြိုက်ချင်တော့ဘူး။ဟာတာတာနဲ့အပြစ်ရှိသလိုခံစားနေရတယ်တဲ့။ ခါတိုင်းလို တကျွိကျွိ မြည်နေတဲ့ တံခါးဟောင်းကြီးကို ဖွင့်ပြီးဝင်ချင် ထွက်ချင်လာတယ်။ တံခါးအဖွင့်အပိတ်မှာ တကျွိကျွိ မြည်အောင်လုပ်လို့လည်း မရတော့စာရေးဆရာဟာခက်ခဲတဲ့အဟောင်းရဲ့ဆွဲငင်အားထဲကရုန်းထွက်လို့မရသလိုခံစားလာရတယ်တဲ့။
ဒီလိုစိတ်ခံစားချက်တွေရလာပြီးတဲ့အခါ လူ့သဘာဝရဲ့ အကြောင်းအရာတစ်ခုကို ဖေါ်ထုတ်တွေ့ရှိသွားခဲ့တယ် လို့ ဆိုထားပါတယ်။
အဟောင်းမှာ ခေါက်ရိုးကျိုးအရိုးစွဲနေကြတဲ့လူသားတွေရဲ့ သဘာဝက အသစ်က ဘယ်လိုပဲ လွယ်ကူချောမွေ့တယ်ဆိုရင်တောင်မှ ခက်ခက်ခဲခဲဖြစ်ခဲ့တဲ့ အဟောင်းရဲ့ ဆွဲဆောင် မှုကနေ ရုန်းထွက်ဖို့တော်တော်ခက်ခဲပါလားလို့ စာရေးဆရာက ကောက်ချက်ချခဲ့တဲ့အကြောင်း ဆရာ ဦးအောင်သင်းက ဟောပြောခဲ့တယ်လို့ မောင်ဝံသရဲ့ ဆောင်းပါးမှာ ဖတ်ရပါတယ်။ ဒီအဆိုအမိန့်ဟာ ယခုအချိန်အခါနဲ့ ကိုက်ညီနေတယ်လို့ မောင်တိုင်ပင်ထင်ပါတယ်။ good governance ဖြစ်အောင် လုပ်ပါလုပ်ပါလို့ တဖွဖွပြောနေတဲ့ကြားထဲက ပြောင်းဖို့ပြင်ဖို့ မကြိုးစားကြဘဲ အရင်လုပ်ခဲ့ဘူးတဲ့ အတိုင်းပဲ လုပ်နေချင်နေကြတဲ့ အလယ်အလတ်နဲ့ အောက်ခြေ၀န်ထမ်း (အထက်ပိုင်းလည်း တချို့ပါနိုင်ပါတယ် )တွေဟာလုပ်ငန်းဆောင်ရွက်တဲ့ အခါ တံစိုးလက်ဆောင် လာဘ်မရမှာစိုးလို့ အပြင် လူ့သဘာဝအရ လုပ်နည်းအဟောင်းကိုပဲ ရုန်းထွက်ဖို့ခက်ခဲပြီး တ၀ဲလည်လည်ဖြစ်နေတတ်တဲ့ လူ့သဘာဝအကျင့်ဆိုးကြောင့် ဖြစ်ချင်ဖြစ်နိုင်တယ်လို့ မောင်တိုင်ပင်ရဲ့ အတွေးဟာ ပြောင်းလဲသွားခဲ့ရပါတယ်။
လက်ရှိဌာနတစ်ခုရဲ့ senior official တစ်ဦးနဲ့ မောင်တိုင်ပင် စကားပြောဆို ဆွေးနွေး ခဲ့ဘူးပါတယ်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က အုပ်ချုပ်ရေးနစ်ပြောင်းလဲဖို့ တဖွဖွပြောနေပေ မဲ့ အလယ်အလတ်၊ အောက်ခြေ၀န်ထမ်းတွေဟာ သူတို့အရင်လုပ်ခဲ့တဲ့ ပုံစံကိုပဲ လုပ်ကိုင်နေချင် ကြပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ ပုံစံကနေ ပြောင်းထွက်လာဖို့ကို တော်တော်ဝန်လေးနေကြပါ တယ်တဲ့။ ဒီလို mind-set မျိုးဟာ ညွှန်ကြားရေးမှူးအဆင့် အရာထမ်းတွေမှာတောင် ရှိနေတာကို အံသြစိတ်ပျက်ဖွယ်ရာ တွေ့နေရတယ်လို့ သူက ဆိုပါတယ်။ အမှန်တော့ ဒီအဆင့်တွေဟာပြည်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ မပြတ်တွေ့နေရတဲ့အဆင့်တွေဖြစ်တော့ တခါတရံမှာ သူတို့ရဲ့ လုပ်ရပ်တွေဟာ ပြင်ပလောကမှာ ရယ်စရာ၊ ဟားတိုက်စရာ ဖြစ်နေတာကိုလည်း သူတို့တစ် တွေ မသိကြတော့ သနားစရာကောင်းတဲ့ လူသားတွေဖြစ်မှန်းမသိ ဖြစ်နေရပါတယ်။ စဉ်းစားဆင် ခြင်သုံးသပ်နိုင်တဲ့ ဥာဏ်စွမ်းဥာဏ်စတွေ အရိပ်သုံးပါးကိုနားလည်တဲ့အသိဥာဏ်တွေ ဆိတ်သုန်းကုန်ကြတဲ့ လက္ခဏာတွေ တွေ့နေရလို့ တော်တော်ကို စိတ်ပျက်မိကြောင်း ပြောပြဘူးပါတယ်။
ဒီလို mind-set ရှိရတဲ့သူတွေဟာ အစိုးရ၀န်ထမ်းအဆင့်တွေမှာသာမက ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်နေကြတဲ့ ၀န်ထမ်းတွေမှာလည်း တွေ့နေရပါတယ်။ မောင်တိုင်ပင် ဘဏ် ကို ရောက်လာတော့ ပထမဆုံး သတိထားမိတာက ငွေကြေးနဲ့ စာရင်းဌာနဟာ ပြည်သူနဲ့ ထိတွေ့ဆက်ဆံရတဲ့ဌာနတွေ ဖြစ်နေတယ်ဆိုတာပါ။ သူတို့ရဲ့ office management စနစ် (သို့မဟုတ်) operation management ကို လေ့လာကြည့်ပါတယ်။ ဘဏ်ဆိုတာ risk management အရ ကိုယ့်အတွက် risk ကို cover ယူမိရင် public dealing ပြည်သူနဲ့ ဆက်ဆံ ရေးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ management system ကို ချောမွေ့သွား အောင် public dealing လည်း မပျက်ရအောင် streamlining ပြုလုပ်ခဲ့ပါတယ်။ သာမန် saving account တစ်ခု process လုပ်ချိန်ဟာ အရင် (၁၅)မိနစ် (၂၀)မိနစ်ကြာရာကနေ (၃-၅) မိနစ်အတွင်း process လုပ်လို့ရအောင် management ကို ပြင်ဆင်ဖို့အကြံပြုလိုက်ပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာအကြီးအကဲကိုယ်တိုင် ကွင်းဆင်းကြည့်ရှုပြီး၊ မိမိဌာနရဲ့ management process လုပ်ငန်းစဉ်မှာ ဘယ်အဆင့်တွေပြောင်းနိုင်တယ်၊ လျော့ချနိုင်တယ်ဆိုတာ စဉ်းစားတွေးခေါ် ပြီးအပြောင်းအလဲလုပ်သင့်ပါတယ်။ တစ်ဖက်ကလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက လုပ်ခဲ့တဲ့စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို ဖက်တွယ်ထားချင်နေမယ်ဆိုရင် လုပ်ငန်း ခွင် working enviroment ဟာ ပျော်စရာမကောင်းနိုင်တော့ပါ။ မောင်တိုင်ပင်ရဲ့ ဘဏ်မှာ slogan လေးတစ်ခု ချထားပါတယ် (တကယ်တော့ မောင်တိုင်ပင်ဟာ slogan တွေကို မုန်းပါတယ်၊ လူတွေ ကိုပညာမတတ်ဘူး၊လူလိုနားမလယ်ဘူးဆိုပြီး insult လုပ်ထားတယ်လို့ သဘောထား ပါတယ်။) ဒါပေမဲ့ ဒီ slogan ကို အများပြည်သူတွေ တွေ့နိုင်တဲ့နေရာမှာ မထားပါဘူး။ ၀န်ထမ်းတွေဖက်က ကြည့်ရင် မြင်နိုင်တဲ့နေရာမှာပဲ ထားပါ တယ်။ slogan က " လိုချင်တာကို ချောချောမောမော လုပ်ပေးလိုက်ခြင်းဖြင့် သူ၏ ပျော်ရွှင်မှု ကို ကိုယ်ကလည်း ရယူလိုက်ပါ " တဲ့။ ၀န်ထမ်းတွေကို ပီတိခံစားတတ်အောင် သတိပေးတဲ့ အနေနဲ့ ထားခိုင်းတာပါ။ insult လုပ်တယ်လို့ သဘောမထားပါ။ ၀န်ထမ်းနဲ့ ပြည်သူအပြန်အလှန်နွေးထွေးတဲ့ဆက်ဆံမှုကြောင့် ပျော်ရွှင်မှု တွေ အသီးသီးဖြစ်ပေါ် ပျံ့နှံ့သွားပြီး၊ လုပ်ငန်းခွင်ဟာ ပျော်စရာကောင်းအောင် ဖန်တီးယူတာပါ။
အဲဒီတော့ ၀န်ကြီးဌာနတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ civil society အဖွဲ့အစည်း တွေ၊ ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းတွေမှာရှိတဲ့ အကြီးအကဲတွေကို အကြံပြုချင်ပါတယ်။ (ဆရာလုပ်တာ မဟုတ်ပါ) ဌာန၊ အဖွဲ့အစည်းတွေရဲ့ လက်ရှိ office management ကို သုံးသပ် ကြည့်ပါ။ process လုပ်ငန်းစဉ်တွေ လေ့လာပါ။ security, risk တွေရှိ ရှိကောင်းရှိနိုင်ရင်တောင် အကောင်း ဆုံးလုပ်ငန်းအဆင့်တွေနဲ့ ဘယ်လိုကျော်လွှားလုပ်ကိုင်နိုင်တယ်ဆိုတာ လက်တွေ့လုပ်ကိုင်ကြည့်ပါ။ စမ်းသပ်ကြည့်ပါ။ မောင်တိုင်ပင် အသေချာဆုံးတစ်ခုကိုတော့ ပြောနိုင်ပါတယ်။ ဒီကနေ့ ဌာနတိုင်း၊ အဖွဲ့ အစည်းတိုင်းလိုလို အသုံးပြုနေကြတဲ့ office management တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေ တာ များပါတယ်။ ဒီကနေ အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ကြပါ။
မောင်တိုင်ပင် နောက်ဆုံးလုပ်ခဲ့တဲ့ အစိုးရဌာနမှာ day to day management ကို ပြင်ခဲ့တုံးက ကြီးမားသော အရှိန်အဟုန်နဲ့ ဆန့်ကျင်မှုကို ကြုံခဲ့ရဘူးပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း စိတ်ရှည်ရှည်ထားပြောင်းလဲနိုင်ခဲ့တော့ အစိုးရဌာနတွေထဲမှာ top management အနေနဲ့ စံထားခံရပါတယ်။ ဒီကနေ့ထိ အဲဒိဌာနဟာ သမားရိုးကျ office management ကနေ ထွက်လာပြီး၊ နိုင်ငံတကာစံချိန်နီးပါးလောက်တော့ ရှိနေဆဲ ဖြစ်ပါတယ်။ မောင်တိုင်ပင် ပြောလိုတာကတော့စောနကပြောခဲ့တဲ့ထူးဆန်းတဲ့လူ့သဘာဝအကြောင်းအရာတစ်ခုလိုအဟောင်းအဆွေးကိုသံယောဇဉ်ဖြစ်မနေသင့်တော့ပါ။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ office management တွေ မှာပဲတ၀ဲလည်းဖြစ်မနေသင့်ပဲ အသစ်အသစ်သော office management တွေပြင်ဆင်ပြောင်းလဲကျင်သုံးကြဖို့အချိန်ရောက်နေပြီဆိုတာကိုသတိမပြုမိကြတာလားမသိနိုင်တော့ပါ။
Monday, January 16, 2012
ရုံးစီမံခန့်ခွဲမှုစနစ်(office management system)
Saturday, December 31, 2011
ကားဆရာကြီး WHO(၂)
ရေးတာဖြစ်တဲ့အကြောင်းပြောပြီးပါပြီ။ ရေဒီယေတာမပါတဲ့ဖြစ်စဉ်အမှန်ကဒီလိုဒီလိုပါ။ မျောက်ဖြူစိုးမြင့်ကိုWHO ကကားတစ်စီးဝယ်ပေးလိုက်တယ်။မျောက်ဖြူကလည်းအဲဒီကားကိုသူတစ်ခါမှ မမောင်းဘူး၊ဒရိုင်ဘာနဲ့ပဲလွှဲထားတာ။ မျောက်ဖြူစီးနေတုံးထုံးစံအတိုင်းပွဲစားက၀ယ်ရောင်းကိုမြတ်နေပြီပြန်ရောင်း
ဖို့ဆွယ်တာပေါ့။ မျောက်ဖြူကလည်းကားကိုကြည့်တောင်မကြည့်ဘူး။WHOကိုရောင်းခိုင်းလိုက်တော့WHO ကပဲဦးစီးရောင်းရတာပေါ့။ ၀ယ်သူကိုစက်နှိုးပြနေတုံး heat ကတက်လာကော။ဒါနဲ့ WHO ကရှေ့ဖုံးဖွင့် မသိမသာကြည့်တော့ air con ရေဒီယေတာကပန်ကာမရှိတော့ဘူး။ဒါနဲ့စက်ပိတ်ထားလိုက်ပြီး မနက်ကြငွေချေကြမယ်ဆိုပြီး trick လုပ်ရတော့တာပေါ့။
ဝယ်သူကိုမနက်ကြထပ်သွားပြတော့ air con ကိုခဏပဲဖွင့်ပြတယ်။ဒါနဲ့ငွေချေပြီးတော့မျောက်ဖြူကိုပြောပြလိုက်တယ်။မျောက်ဖြူစစ်ကြည့်တော့သူဒရိုင်ဘာက
ပန်ကာတစ်လုံးဖြုတ်ရောင်းစားထားတာ။ ဒါပေမဲ့ WHO ကပွဲစားပီပီအရွှီးကောင်းတော့ ဘာပြသာနာမှမဖြစ်ပဲအရောင်းအ၀ယ်တဲ့သွားတယ်။မျောက်ဖြူလည်း mech 72 အုပ်စုကို one table ကျွေးလိုက်ရတယ်။(မောင်တို်င်ပင်မပါပါ) အဲတော့ WHO ဟာMech 72 သူငယ်ချင်းတွေအတွက် ကားနဲ့ပတ်သက်လာရင်အားကိုးရပါတယ်။ သူဆီကသတင်းရတာကတော့ကားနဲ့ပတ်သက်လာရင်အလိမ်အကောက်တွေများနေကြောင်းသတိပေးပါတယ်။ ဘတ်တာတွေ ကိုကြည့် ရင် အသိခင်မင်းရင်းနှီးသူတွေကပဲဘတ်တာဖြစ်တဲ့အတွက်သတိထားဖို့သူကပြောပါတယ်။ တစိမ်းဆိုရင်လူတွေကသတိထားပေမဲ့ လူရင်းဆိုရင်နဲနဲပေါ့တာပေါ့လေ။ ယခုနေမှာ ကားဈေးကခန့်မှန်းရတော်တော်ခက်တယ်၊ သူကအမှန်အကန်ရောင်းဈေးကိုပြောနိုင်တယ်။အ၀ယ်မှားနိုင်တယ်လေ၊ကားဈေးကကမောက်ကမဖြစ်နေတာမဟုတ်လား။
ဒါနဲ့မင်္ဂလာဆောင်မှာမြဘူးနဲ့ဘဏ်တွေအကြောင်းပြောဖြစ်ကြတယ်။ တစ်နေ့က UMFCCI က Programme Advisor Prof: Lex Rieffel နဲ့ဆွေးနွေးခဲ့တာတွေ
သူကိုပြောပြလိုက်တယ်။လွန်ခဲ့တဲ့အပတ်က ဗဟိုဘဏ်ကအတိုးနှုန်းချလိုက်တဲ့အကြောင်းရောက်သွားတော့ ဒုတိယအကြိမ် ရုတ်တရက်ချလိုက်တာဟာ မောင်တိုင်ပင်တို့လို ဘဏ်လုပ်ငန်းချည်းသက်သက်လုပ်တဲ့သူတွေအဖို့တော်တော်ကသောင်းကနင်းဖြစ်သွားပါတယ်။ မတ်လ၃၁အထိလုပ်ငန်းprojection ကဆွဲ
ထားပြီးသားဆိုတော့ အကုန်ပြန်တွက်ချက်လျာထားရတာပေါ့။ အတိုးနှုန်းလျော့သွားတာကောင်းတယ်၊ အာရှဒေသအတွင်းမှာ မြန်မာနိုင်ငံကအတိုးနှုန်းများနေ
တယ်။သူများနိုင်ငံကငွေတွေလာထည့်ထားနိုင်တယ်ဆိုတဲ့အယူအဆကြောင့်လည်းအတိုးနှုန်းလျော့ တာကိုကြိုက်ကြတာပါ။ဒါကယေဘူယျအမြင်-- Prof Lex
Rieffel ကတော့အဲလိုမမြင်ဘူး။ တရုတ်စီးပွားရေးတရှိန် ထိုး တိုးတက်လာတဲ့အချိန်၊ဗီယက်နမ် စီးပွားရေးတက်လာတဲ့ အချိန် တွေတုံးက ဘဏ်အတိုးနှုန်းက high interest rate မှာပါတဲ့။ high interest rate မှာ စီးပွားရေးတိုးတက်အောင်လုပ် ဖို့အခြေအနေအပေးဆုံးပဲတဲ့။ ဒါသူပြောသွားတာ။ ဘဏ်တွေကိုကြည့်ရင်အပ်ငွေ deposit တွေများနေပြီးလူတွေဟာ စီးပွားရေးမလုပ်တော့ပဲဘဏ်တွေမှာ လာ လာ ထားနေတာကြောင့် ဘဏ်တိုးတွေ
လျှော့ပစ်ရတယ်လို့ ဆိုပါတယ်။မောင်တိုင်ပင်တို့ဘဏ်ဟာ အပ်ငွေ deposit ရအောင်မနည်းကိုစည်းရုံးနေရပါတယ်။ loan deposit ratio က ၈၀% ထက်မကျော်ရတဲ့အတွက် ခိုင်မာတဲ့ချေးငွေဖြစ်သော်လည်း မချေးနိုင်ပါဘူး ခင်ဗျာ။ ။အဲတော့ deposit အပ်ငွေကိုချိန်ဆနေရပါတယ်။ မောင်တိုင်ပင် တို့ကဘဏ် လုပ်ငန်းကိုပဲသက်သက်လုပ်တာလေ။
Prof Lex Rieffel ကိုမောင်တိုင်ပင်အလွန်သိချင်တဲ့ မေးခွန်းတစ်ခု မေး ခဲ့ပါ တယ်။ အမေရိကမှာ ဖြစ်စေ၊ ဂျပန်မှာ ဖြစ်စေ၊ ဥရောပမှာ ဖြစ်စေ၊ အာဆီယံမှာ ဖြစ်စေ banker တွေဟာတခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ပါသလား၊ သို့မဟုတ် စီးပွားရေးလုပ်နေသူတွေဟာ banker ဖြစ်ခွင်ရရှိပါသလားဆိုတဲ့မေး
ခွန်းလေးပါ။ သူအဖြေက ရှင်းပါတယ် ” No ” တဲ့။ banker တွေကို တခြားစီးပွားရေးလုပ်ကိုင်ခွင့် မပြုပါဘူးတဲ့။ banker ဟာ banker only ပါပဲ။ မောင်တိုင်ပင် ဟာဒီအချက်နဲ့ပတ်သက်ပြီး ယ ပက်လက် တစ်ယောက်ကိုမေးကြည့်တော့လည်းဟုတ်ပါတယ်တဲ့။ မောင်တိုင်ပင်တို့ နိုင်ငံမှာဘာကြောင့်စီး
ပွားရေးသမားတွေ banker ဖြစ်လာပါသလဲ ? ဘာကြောင့် အတိုးနှုန်းတွေ နှစ်ကြိမ်ဆက်တိုက်နီးပါး ချ ရပါသလဲ ? မောင်တိုင်ပင် မဖြေနိုင်ပါဘူး၊ Prof Lex Rieffel လည်းမဖြေနိုင်ပါဘူး၊ပုခုံးပဲတွန့်ပြပါတယ်။
HAPPY NEW YEAR !