ဗုဒ္ဓဟူးနေ့က မြေးကြီး French class အချိန်ပို 4 to 5 pm ရှိတာကြောင့် သူ့ကျောင်းမှာ အဆာပြေ high tea ကျွေးဖို့ မောင်တိုင်ပင် ကျောင်းဆင်းချိန် ၃နာရီခွဲ မတိုင်ခင်အရောက်သွားရတယ်--သူ့အတန်းကိုရှာတော့ တွေ့ပါပြီ-- ကျောင်းသားတွေအကုန်လုံးမျောက်ရှုံး အောင်ဆော့ နေလိုက်ကြတာ--အရည်နဲ့ မုန့်စားဖို့ တစ်ဟဲ့တည်း ဟဲ့နေလိုက်ရတာ -- ဒီကောင်က အစားကလည်းနှေး ကစားချင်လိုက်တာကလည်း ပြာလို့ --သူ့ဆရာမ က class ၄နာရီစမယ် မစခင် wash your hands wash your face လို့ပြော လိုက်မှသူ့အတန်းထဲက ထွက်ပြီး canteen မှာ သွားထိုင်နေရတယ်--သူ့အတန်းဖေါ် မြန်မာကလေးရဲ့အဖွားလည်း maid နဲ့အတူလာစောင့်နေတယ်--
သူ့ဆရာမကပြောတယ် -- ခလေးတွေကိုစာတွေနဲ့ပိနေအောင်သူတို့ ကျောင်းကမလုပ်ဘူး-- ကျောင်းမှာစာသင်ရတာကိုပျော်အောင် လုပ်ထားတယ် တဲ့ ဟုတ်တယ် K2 တုံးကနဲ့တော့ကွာ တယ်-- ဒီကောင်ကျောင်းသွားရမှာကိုပျော်နေတယ် K2 တုံးကလို ဂျီ မကျတော့ဘူး--ခလေးတွေPsychology ကိုကျေညက်တာပေါ့နော်----
No comments:
Post a Comment