Saturday, March 11, 2017

Facebook မှာကြိုက်ရင် like

Facebook ကိုစသုံးတာ ၂၀၀၉ခုနှစ်ကတည်းက--ဇူကာဘတ်ကိုကျေးဇူးတောင်တင်တယ်--ကိုယ်ကသာမန်ကာရှန်ကာသုံးတာမဟုတ်ဘူး--ကိုယ့် newsfeedပေါ်ရေးတင်ချင်တာရေးလို့ရတယ်။ဆဲချင်လည်းဆဲလို့ရတယ်။ ဖတ်ချင်တဲ့သူဝင်ဖတ်ကြလိမ့်မယ်။ ဇူကာဘတ်တို့ကတီထွင်ထားသေးတယ်-- like တဲ့comment တဲ့--အချို့ က သူတို့ရေးတာ တင်တာတွေနဲ့ပတ်သက်ပြီး like များများရချင်ကြတယ်။မောင်တိုင်ပင်သုံးတတ်ကာစကဒါတွေသိတောင်မသိဘူး--
တစ်ခုတော့ရှိတယ်--မောင်တိုင်ပင် wall ပေါ်မှာရေးချင်တာရေးမယ်--ဒါပေမဲ့ လူ့ ပတ်ဝန်းကျင်အတွက်အနှောက်ယှက်ဖြစ်စေနိုင်တာမျိုးတော့မရေးဘူး-- ပျော်စရာတွေရေးမယ်-- သူငယ်ချင်း အချင်းချင်း ဖဲ့ ကြမယ်--တစ်ယောက်နဲ့တစ်ယောက်ပိုစ်တွေတင်ရေးပြီး ဖဲ့ ကြတော့ တည်တည်တန့်တန့် လူငယ်တစ်ယောက်ကဦးလေးတို့ လေ ပါတယ်ဗျာဆိုပြီး အန်တယ် ဘလော့ တယ်။ မောင်တိုင်ပင်တို့ကလည်း ကိုယ့်အချင်းချင်းရေး ကြ ဖဲ့ ကြတာ နောက် သူကပဲ friends ဖြစ်ပါရစေဆိုပြီးလာအက်တာ ဆိုတော့သူငယ်ချင်းအကုန်လုံးက ၀ုန်း ပစ်လိုက်ကြတယ်။စိတ်မကောင်းပါဘူး။ တလောကပဲ ရန်ကုန် မှာဆုံးသွားရှာတယ်။ နောက်တစ်ယောက်ကလည်း မောင်တိုင်ပင် တို့ အချင်းချင်း ဖဲ့ ကြတာကိုတကယ်ထင်ပြီး ၀င်ပါလာတော့မင်းအသာနေဆိုလိုက်တော့မှ အန်ကယ်တို့ ကြားထဲ ဘယ်တော့မှမပါတော့ဘူးဆိုပြီးဝှောင်ဝှောင်ရှေးသွားတာ--မောင်တိုင်ပင် ဖဲ့ တာက သော်တာဆွေ ကငွေဥဒေါင်း တို့ သာဓု တို့ ကို ဖဲ့ သလိုမျိုး ဖစ်ရှင်သွင်းဖဲ့ ကြတာဆိုတော့ မခံချင်စရာလေ--နောက်တော့ မှတ်သွားပြီ-- ၀င်မပါတော့ဘူး။ ဒီလိုပဲ ဌာနက(နယ်စပ်) မိုးကျတစ်ယောက်ပဲနဲ့ တူတယ်။သူ တို့ဆရာ ကိုစံပြည့်ကပြောတဲ့ ဟာသ ကိုထမင်းစားရင်းDGတစ်ယောက်ကပြောပြတော့ မောင်တိုင်ပင် ကပြန်လည်ဆန်းသစ် ဖွဘုတ် တင် လိုက်တာဘာတွေမဟုတ်တာရေးတာလဲ ခင်ဗျားကြီး စိတ်ပုတီးနဲ့ ရိပ်သာဝင်နေဖို့ကောင်းတယ်ဆိုလား ဘာညာနဲ့ မန့် လိုက်တော့ (မောင်တိုင်ပင် friend list မှာ ပါသူ အပြင် ဌာနမှာတူတူလုပ်ခဲ့ဘူးသူဖြစ်ပေမဲ့ လည်း) မောင်တိုင်ပင်ချက်ချင်းပဲ ဘလော့ လိုက်တယ်။တကယ်တော့ဖွဘုတ် ဆိုတာ ကိုယ်ကြိုက်တာ ကို ဟုတ်တာရော မဟုတ်တာရော ရေးမယ် friends ဖြစ်သူတွေကကြိုက်ရင်ဖတ် မကြိုက်ရင်ကျော်သွား ပေါက်ကရရေးနေတာပဲဆိုပြီး ဘလော့ နိုင်တယ်။ ကိုယ့် friends list ကကိုယ်က အက် တာနည်းနည်းပါ။ သူတို့တွေလာအက်တာပဲရှိတယ်။ ဒါကတော့ မောင်တိုင်ပင် ရဲ့ ဖွဘုတ်ဥပဒေသ ပဲ။ ကြိုက်ရင်ဖတ် မကြိုက် ရင်ကျော်သွား-- လူ့ ဘ၀ကြီး ကတိုတိုလေးကိုယ်ကြိုက်တာတော့ဖွဘုတ်မှာ လုပ်ပါရစေ-- တစ်ခုခု လုပ်မိလို့ လားမသိ--ဖွဘုတ်က အရင် မောင်တိုင်ပင် အကောင့် ကိုတောင် ပိတ်ပစ် လိုက်တာခုထိပဲ-- အခုအကောင့် ကအသစ်--








No comments: