Saturday, March 11, 2017

ပိုက်ဆံရှိတိုင်းဘဏ်ဖွင့် လို့ ရလား ?

ဘဏ်ဆိုတာကိုယ့်ပိုက်ဆံချမ်းသာတိုင်းလုပ်မရဘူး။ ကိုယ့်ပိုက်ဆံက asset အတွက်ပဲလုပ်လို့ ရတာ။ အများကလာအပ်တဲ့ငွေ အပ်ငွေ နဲ့အလုပ်လုပ်ရတာ-- ဘဏ်တွေကပြည်သူတွေအပ်ငွေလာအပ်အောင်အမျိုးမျိုးဆွဲဆောင်ရတယ်-- အတိုးက ၂ မျိုးရှိတယ်။ အပ်ငွေပေါ်အတိုးက ၈%ဆိုပါစို့ -- ချေးငွေယူရင်ပေးရတဲ့အတိုးက ၁၃% -- အဲတော့ ဘဏ်က ခြားနားငွေ ၅% ပေါ်မှာမြတ်အောင်လုပ်ရတာ-- spread လိုဘဏ်အခေါ်ရှိတယ်-- ဘဏ်က လုံးကနဲခဲကနဲ ၅% ရတာမဟုတ်ဘူး။ reserve ထားရတဲ့ amount တွေရှိသေးတယ်--အားလုံးနှုတ်လိုက်ရင် တကယ့် margin ကျဉ်းကျဉ်းလေးပေါ်မှာ လုပ်ရတာပါ။အခု အတိုးယူမယ်ဆိုတဲ့
အသံတွေထွက်လာတော့ ဘဏ်တွေအနေနဲ့ deposit ရဖို့ နည်းနည်းခက်သွားနိုင်မလားစဉ်းစားစရာဖြစ်နေပါပြီ-- 
နိုင်ငံခြားမှာဘဏ်တိုးဆိုတာမဖြစ်စလောက်လေးဆိုတော့ small and medium investor တွေကစိတ်မဝင်ကြဘူး။ငွေတွေအမြောက်အများဘဏ်အပ်ငွေအနေနဲ့သွင်းရင်လည်း ငွေကြေးခဝါချမှု ဥပဒေအရစစ်ဆေးမေးမြန်းခံရနိုင်တယ်။ဒါကြောင့် တခြားနည်းလမ်းနဲ့ invest လုပ်ဖို့ စဉ်းစားမယ်။ကမ္ဘာ့ ရွှေ၊ရေနံ၊သီးနှံစသည့် commodities တွေဈေးဝင်ကစားနိုင်အောင် တရားဝင်ဖြစ်အောင်လုပ်ပေးပါလား ? အခုလည်းတချို့ on line နဲ့ကစားနေကြတာပါပဲ။ လောင်းကစားမဟုတ်ပါဘူး--commodity ပေါ်နိုင်ငံတကာဈေးကွက်ကျွမ်းကျင်မှုတွေလိုပါတယ်။ထွက်ပေါက်မရှိရင်လိမ်မဲ့ ကောက်မဲ့ကောင်တွေကြားဝင်လာနိုင်ပါတယ်။
ငွေအမြောက်အများလာအပ်ကြသူများရဲ့အတိုးပေါ်မှာအခွန်ကောက်ခံမယ်ဆိုတော့ဘယ်သူတွေများအပ့်ကြမလဲဆိုတာဆန်းစစ်ကြည့်ဖို့လိုနေပါပြီ။ မိဘဘိုးဘွားအခြေပစ္စည်းတွေရောင်းချပြီး ကျသင့်သောရောင်းခွန်ပေးပြီးသည့်သက်ကြီးရွယ်အိုပင်စင်စားများဘဏ်တိုးနဲ့ထိုင်စားမယ်ဆိုသူများအပ်နိုင်ပါတယ်။ အေးလေ-- သူတို့အတွက်ဘာတတ် နိုင်မှာလဲလို့--ရမဲ့ဝင်ငွေထဲကတော့ လျော့သွားနိုင်တာပေါ့။ နောက် corporate account နဲ့ call deposit ဖြစ်စေ saving account
ဖြစ်စေအပ်ထားကြသူများ--သူတို့ကတော့ အပြင်မှာအလုပ်လုပ်ရင် ဘဏ်တိုးလောက်တောင်မကိုက်ကြလို့ ဘဏ်လာအပ်ကြတာဖြစ်ပါတယ်။ စီးပွားရေးမကောင်းတဲ့အချိန် စီးပွားရေးကျဆင်းနေချိန်မှာလုပ်တတ်ကြပါတယ်။ဒါလည်းအခြားနိုင်ငံခြားဘဏ်တွေက corporate account တွေ saving ပြုလုပ်ခွင့်မပေးပါဘူး။
ဘဏ်တိုးပေါ်အခွန်ကောက်မယ်ဆိုရင်ငွေအမြောက်အများအပ်သူတွေသာမက ဘဏ်တွေလည်း deposit လျော့ကျတဲ့ ပြဿနာတွေကြုံရနိုင်ဖွယ်ရှိပါတယ်။ တိုင်းပြည် ဝင်ငွေတော့ တိုးလာနိုင်ပေမဲ့ အခြား side effect တွေဘာဖြစ်လာနိုင်သလဲဆိုတာစဉ်းစားလုပ်ဆောင်သင့်ပါတယ်။

No comments: