မြန်မာဆန်စပါးလုပ်ငန်းအခြေအနေ
လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း ၁၉၆၄ ခုနှစ်မှစ၍ ဆန်စပါး ရောင်းဝယ်ရေး မူဝါဒအသစ် ကျေညာသည်အထိ နှစ်ပေါင်း (၄၀) ကျော်အတွင်း နိုင်ငံတော်မှ မူဝါဒ အမျိုးမျိုးချမှတ်၍ ဆန်စပါးလုပ်ငန်းကို စီမံအုပ်ချုပ် လုပ်ကိုင်ခဲ့ပါသည်။ ဆန်စပါး လုပ်ငန်း နှင့်ပတ်သက်၍ အခြေခံအဆောက်အအုံ တစ်ချို့ တိုးတက် ဖြစ်ထွန်းလာခဲ့သော်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုစနစ်၊ ဆန်စပါးအရည် အသွေး၊ ဈေးကွက်ယှဉ်ပြိုင်မှုတို့နှင့်ပတ်သက်၍ ပြိုင်ဘက်နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ပါကစ္စတန်တို့နှင့်နှိုင်းယှဉ်လျှင်အတိုင်းအတာတစ်ခုအထိသာ တိုးတက်မှုရှိခဲ့ပြီးလုံးဝယှဉ်ပြိုင်နိုင်သည့်အနေအထားသို့ရောက်ရှိမလာခဲ့သည်ကိုလေ့လာတွေ့ရှိရပါသည်။ယနေ့ထက်တိုင်မြန်မာဆန်စပါးသည်အရည်အသွေးနှင့်ပတ်သက်၍လုပ်ကိုင်ရန်အများကြီးလိုနေသေးကြောင်းကိုဆန်စပါးနှင့်ပတ်သက်သူအများအပြားကအစဉ်တစိုက်ပြောဆိုထောက်ပြခဲ့ကြပါသည်။
လွန်ခဲ့သော ၁၉၈၀-၉၀ တစ်ဝိုက်က ထိုင်းဆန် (၂၅)မှတ်နှင့် မြန်မာဆန် (၂၅) မှတ် ဈေးကွာခြားချက်သည် အမေရိကန်ဒေါ်လာ (၂၀) ဖြစ်ပါသည်။ ထိုစဉ်က ဆန်စပါး လုပ်ငန်းစဉ်ယန္တရား (supply chain mechanism) သည် နိုင်ငံပိုင်ဖြစ်ပါသည်။ ကုန်သွယ် လယ်ယာမှတာဝန်ရှိသူများသည်မည်သည့်အတွက်ကြောင့် ဒေါ်လာ (၂၀) ကွာခြားရသည် ကို အဖြေရှာခဲ့ပါသည်။ ထူးခြားသည်က လွန်ခဲ့သော နှစ်ပေါင်း (၄၀) ကျော်က မြန်မာဆန် ပြည်ပတင်ပို့ရာ၌ ကြုံတွေ့ရသော ပြဿနာသည် ယနေ့တိုင်ရှိနေဆဲဖြစ်သည်ကို တွေ့ေ
နရ ခြင်းဖြစ်ပါသည်။အဆိုပါအချက်သည်နှစ်ပေါင်း(၄၀)လုံးလုံးဆန်အရည်အသွေးနှင့်ပတ်သက်၍မိမိတို့ဘာမှ လုပ်ကိုင်နိုင်ခြင်းမရှိသေးသည်ကို ညွှန်ပြနေသလားဟုပင် ကောက် ချက်ချ၍ ရနိုင်ပါသည်။၁၉၆၂ခုနှစ်ကမစ်ရှင်များစေလွှတ်၍လည်းတစ်ဖက်ဆန်ဝယ်နိုင်ငံရှိဆန်ကုန်သည်လုပ်ငန်းရှင်များနှင့်ဆွေးနွေးညှိနှိုင်းအဖြေရှာခဲ့သည့်အစီရင်ခံစာကိုဖတ်ရှု့လေ့လာခဲ့ရသည့်အခါတစ်ဖက်ကုန်သည်များကထောက်ပြပြောဆိုခဲ့သောပြဿနာများသည်ထိုအချိန်ကတွေ့ကြုံနေရဆဲဖြစ်သောပြဿနာများပင်ဖြစ်နေသည်ကိုထူးမခြားနားတွေ့ရပါသည်။စာရေးသူတို့သတိမပြုမိသည့်အချက်မှာမိမိတို့ပြိုင်ဘက်နိုင်ငံများသည် ဆန်အရည်အသွေးနှင့် ပတ်သက်၍အတော်အတန်အထိုက်အလျောက်awarenessရနေကြပြီဟုဆိုနိုင်ပါသည်။မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းကိုလေ့လာကြည့်ပါကအရည်အသွေးနှင့်ပတ်သက်၍အရေးကြီးသည်ဟု မှတ်ယူ လုပ်ကိုင်နေသူ များရှိသကဲ့သို့ အရည်အသွေးကို လောလောဆယ် အလေးပေးလုပ်ရန်မလိုသေးဟုယူဆသူများလည်းရှိနေပါသည်။ပုဂ္ဂလိကများကဆန်စပါးလုပ်ငန်းကိုကိုင်တွယ်နေသော်လည်းအရည်အသွေးကိုဦးစားမပေးနိုင်ကြခြင်းမှာstakeholders များကသူအပိုင်းနှင့်သူလုပ်နေကြပြီးဆက်စပ်မှုအပိုင်းတွင်အားနည်းနေသောကြောင့်များလားဟုယူဆမိပါသည်။တခြားမကြည့်ပါနှင့်စိုက်ပျိုးရေးဌာနသည်စပါးအထွက်တိုးရေးကိုပဲဇောင်းပေးလုပ်ကိုင်လိုကြပြီး end use ဖြစ်သည့်အရည်အသွေးကောင်းမွန်သောဆန်ထွက် လာရေးသည်၎င်းတို့လုပ်ငန်း၏ဦးစားပေးအစီအစဉ်တွင်ပါချင်ပါမည်မပါချင်လည်းမပါနိုင်ပါ။တစ်ဧကစပါးတင်း၁၀၀ကျော်ထွက်ရေးသာလျှင်၎င်းတို့ဦးစားဖြစ်ချင်ဖြစ်သည်ကိုတွေ့ရပါသည်။အရေအတွက်ကိုပဲကြည့်သင့်သေးသည်ဟုယူဆသူများလည်းရှိနေပါသည်။စာရေးသူတို့နိုင်ငံသည်အရည်အသွေးနှင့်ပတ်သက်ပြီး ရပ်မနေဘဲ ပြိုင်ဖက်နိုင်ငံများနှင့်ယှဉ်ကာ တိုးတက်ဖွံ့ဖြိုးအောင်လုပ်နိုင်ခဲ့လျှင် ယနေ့ နိုင်ငံတကာဆန်ဈေးကွက်၌ ထိုင်းနှင့် ဗီယက်နမ် (၂၅) မှတ်ဆန်နှင့် မြန်မာ (၂၅) မှတ် ဆန်ဈေးသည် အမေရိကန်ဒေါ်လာ ၁၀ဝ၊ ဒေါ်လာ ၄၀ အသီးသီး ကွာခြားနေ သည့် အဟ ကို ကျဉ်းမြောင်းပစ်နိုင်လိမ့်မည် ဟုယုံကြည်ပါသည်။
မြန်မာဆန်စပါးလုပ်ငန်းနှင့်ပတ်သက်သည့် မူဝါဒသည် ပြည်တွင်းဆန် ဈေးနှုန်း တည်တည်ငြိမ်ငြိမ် ရှိရေးနှင့် ပြည်တွင်းပိုလျှံမှသာ ပြည်ပသို့တင်ပို့ခွင့်ပြုရေးကို အစဉ် တစိုက်ဦးတည်ခဲ့ပါသည်။ အရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ စီးပွားရေးတွက်ချေ ကိုက်မှုရှိရေးစသည့်အချက်များမှာ ဦးစားပေးအဆင့်တွင် မပါဝင် ပါသဖြင့် စီးပွားရေး ပညာရှင်အများအပြားက မြန်မာဆန်စပါးလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် စဉ်းစား ပြောဆိုဆွေးနွေးကြရာတွင် competitiveness နှင့် comparative adventages များအပေါ် အခြေခံပြီး လုပ်ကိုင် သင့်ကြောင်း ထောက်ပြပြောဆိုခဲ့ခြင်း များရှိပါသည်။
ဆန်စပါးလုပ်ငန်းရှင်အများစုသည် တိကျခိုင်မာမှုရှိသော မပြောင်းမလဲရှိသော သိသာထင်သာ မြင်သာသော ဆန်စပါးမူဝါဒ (Rice Policy) မျိုးကို လိုလားပြီး ပြည်တွင်းဆန်ဈေးနှင့် ဆက်စပ်မထားသည့် ဆန်ပြည်ပတင်ပို့သည့် လုပ်ငန်းကိုသာ လုပ်ကိုင်ရန်မျှော်မှန်းထားကြပါသည်။အလုံးစုံကိုချုံငုံသောဆန်စပါးမူဝါဒကိုယနေ့တိုင်မရေးဆွဲနိုင်ခြင်းမှာမည်မျှပင်public private partnership စကားများပြောဆိုနေသည့်တိုင်မည်
သည့်အပိုင်းကအားနည်းနေသည်ကိုအမြန်သုံးသပ်၍ဆန်စပါးမူဝါဒတစ်ရပ်ပေါ်လာအောင်လုပ်ဆောင်သင့်ပါပြီ--ကဲဘယ်သူဦးဆောင် လုပ်မလဲ ?
ဆန်စပါးလုပ်ငန်းသည်နည်းပညာပိုင်းက၈၀%ခန့်ပါဝင်ပြီးစီမံ အုပ်ချုပ်ကွပ်ကဲမှုက ၂၀% လောက်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဆန်စပါးလုပ်ငန်းကို (၂) ပိုင်း ခွဲခြားနိုင်သည်။ဆိုရှယ်လစ်ခေတ်ကအထွက်တိုးရေး အရေအတွက် ပိုမို လာရေးကိုသာလျှင် ဦးစား ပေး ခဲ့ ကြသည်။ ထို့ကြောင့်လည်း တိုးတက်လာသော လူဦးရေ နှုန်းနှင့် လိုက်လျောညီထွေရှိသော ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်လာအောင် လုပ်နိုင်ကိုင်နိုင်ခဲ့ကြပါသည်။ သို့သော် အရေအတွက်နှင့် အရည် အသွေးတို့ကို ဆက်စပ် ပြီးမလုပ်ကိုင်ခဲ့ကြပါ။အဆိုပါအချက်နှင့်ပတ်သက်ပြီးစာရေးသူယူဆချက်မှာအဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်မှု(Institutional Structure)နှင့် သက်ဆိုင်လိမ့်မည်ဟုထင်ပါသည်။ အခြားနိုင်ငံများ၌စိုက်ပျိုးရေး(production) နှင့်ရောင်းဝယ်ရေး (Marketing) တို့ကို Integrationဖြစ်အောင်ပေါင်းစည်းထားသည်ကိုတွေ့ရပါမည်။
မြန်မာနိုင်ငံတွင်ယခင်ကဆန်စပါးနှင့်ပတ်သက်ပြီးစိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးကိုသီးခြားဝန်ကြီးဌာနများအနေဖြင့်ဖွဲ့စည်းထားခဲ့ပါသည်။မြန်မာနိုင်ငံ၌စိုက်ပျိုးထုတ်လုပ်ရေးအပိုင်းသည်အားကောင်းသော်လည်းရိတ်သိမ်းချိန်လွန်အပိုင်း၌လွန်စွာအားနည်းခဲ့သည်။အကျိုးဆက်သည်အရည်အသွေးညံ့ဖျင်းသောဆန်များဆယ်စုနှစ်နှစ်စုလောက်အတွင်းဈေးကွက်၌အမြောက်အများတွေ့လာရခြင်းပင်ဖြစ်သည်။သို့သော်လွန်ခဲ့သောဆယ်စုနှစ်ပိုင်းလောက်ကစ၍စိုက်ပျိုးထုတ်လုပ်မှုသာမကရိတ်သိမ်းချိန်လွန်အပိုင်းကိုပါအလေးထားလာကြောင်းတွေ့မြင်နေရ၍ပါဝင်ပတ်သက်နေသူStakeholdersများအသိအမြင်ကြွယ်ဝလာမှုအပေါ်အသိအမှတ်ပြုရမည်ဖြစ်ပါသည်။အဆိုပါဆယ်စုနှစ်ပိုင်းလောက်ကစပါးရိတ်သိမ်းစဉ်ကာလအ
တွင်းထုတ်ဝေခဲ့သည့်နေ့စဉ်ထုတ်သတင်းစာများတွင်တောင်သူလယ်သမားများအားစပါးကိုစနစ်တကျရိတ်သိမ်းနယ်လှေ့အခြောက်ခံရန်၊ဆန်ကြိတ်ထွက်နှုန်းကိုထိခိုက်စေမည့်လုပ်ဆောင်ချက်များကိုရှောင်ရန်သိပ္ပံနည်းကျကျ၊လက်တွေ့ကျကျပညာပေးလာနိုင်ခြင်းသည်တိုးတက်မှုတစ်ရပ်ဟု ဆိုရပေမည်။
အာရှရှိ ဆန်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်စေ၊ ဆန်ဝယ်ယူတင်သွင်းသော နိုင်ငံဖြစ်စေ၊ အစိုးရ ၏ ပါဝင်စွက်ဖက်မှုသည် အနည်းနှင့်အများရှိနေကြမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆန်သည် အာရှတိုက်ရှိ အာရှနိုင်ငံသားများ၏ လူမှုစီးပွားဘဝ များနှင့် သက်ဆိုင်နေခြင်းကြောင့်ဖြစ်သည်။ အချို့နိုင်ငံ များက နိုင်ငံရေးသီးနှံသဖွယ် သဘောထားကြပါသည်။ အချို့နိုင်ငံများ၌ အစိုးရကသာ လုံးဝချုပ်ကိုင်လိုကြ သည်။ အချို့က ပုဂ္ဂလိကအပိုင်းမှ အထိုက်အလျောက် လုပ်သာကိုင်သာရှိစေရန် လမ်းဖွင့်ပေးထား တတ်၏။ယေဘူယျအားဖြင့်ဆန်စပါးလုပ်ငန်းကိုအကန့်အသတ်ဖြင့်သာဖွင့်ပေးလေ့ရှိသည်ကိုသဘောပေါက်နားလည်ထားရန်လိုအပ်ပါသည်။
သို့သော်မူဝါဒနှင့်လုပ်ပုံကိုင်ပုံနည်းစနစ်များသည်သိသာမြင်သာ(Transparency)ဖြစ်လျှင်အကောင်းဆုံးဖြစ်ပါသည်။သို့မှသာတစ်ဦးပေါ်တစ်ဦးယုံကြည်မှုရှိလာပြီးပြဿနာတစ်စုံတစ်ရာပေါ်လာသည့်အခါဝိုင်းဝန်းအဖြေရှာသွားနိုင်မည်ဖြစ်ပါသည်။မြန်မာနိုင်ငံ၌ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ရန်အခြေအနေကောင်းများရှိနေသည်ဟုမောင်တိုင်ပင်ထင်မြင်မိပါသည်။အဆိုပါအချက်သည်သိသာထင်ရှားသောကြောင့်ယခုအခါဆန်စပါးလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများလာခြင်းဖြစ်သော်လည်းဆန်စပါးသည်ဈေးကွက်ကျယ်ပြန့်စွာရှိပြီးနိုင်ငံတကာပေါက်ဈေးအပေါ်အခြေခံနေသည့်အတွက်အခြားလယ်ယာထွက်ကုန်သီးနှံများနှင့်မတူညီသည့်အချက်ကိုအစဉ်အမြဲသတိပြုရန်လိုပါလိမ့်မည်။
No comments:
Post a Comment