Tuesday, January 23, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

မြန်မာပေါင်းဆန်


မြန်မာနိုင်ငံတွင် အဆင့်မြင့် ပေါင်းဆန် parboiled riceထုတ်လုပ်ရေးသည်ပြည်ပဈေးကွက်ရှိနေသည့်အတွက်ဆန်စက်ပိုင်ရှင်များက၂၀၀၉ခုနှစ်နောက်ပိုင်းခေတ်မီပေါင်းဆန်စက်များကိုတည်ဆောက်လာခဲ့ကြပါသည်။အစပထမပိုင်း၌ပေါင်းဆန်ဈေးကွက်သည်နိုင်ငံတကာဆန်ဈေးကွက်တွင်အကန့်အသတ်နှင့်ရှိနေသောကြောင့်လွယ်လွယ်နဲ့အောင်မြင်လိမ့်မည်ဟု မ ထင်ခဲ့ပါ။ သို့သော် ပေါင်းဆန်နဲ့ပတ်သက်လာရင်မဆုတ်မနစ်ကြိုးပမ်းခဲ့သောပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။MRFကဒုတိယဥက္ကဌဦးသောင်းဝင်းဖြစ်ပါသည်။သူ၏ကြိုးပမ်းအားထုတ်မှုကိုတော့မှတ်တမ်းတင်ရပေမည်။မဆုတ်မနစ်သောယုံကြည်ချက်နဲ့ဆန်စက်ပိုင်ရှင်များအသင်းမှာစည်းရုံးဆောင်ရွက်နိုင်ခဲ့သောကြောင့်ယခုလိုအောင်မြင်မှုရရှိခဲ့သည်ဟုယုံကြည်ပါသည်။သူလည်းMAPCO မှာဒါရိုက်တာတစ်ဦးဖြစ်ပါသည်။  

လွန်ခဲ့သော၂၀၁၀ခုနှစ်လောက်ကဦးသောင်းဝင်းဟာပေါင်းဆန်ထုတ်လုပ်ဖို့ရူးသွတ်သူတစ်ဦးဖြစ်သည်ဟုထင်ခဲ့ပါသည်။ပွင့်ပွင့်လင်းလင်းပြောရရင်ကုန်သွယ်လယ်ယာအတွေ့အကြုံကိုအခြေခံပြီးစဉ်းစားခဲ့တာကြောင့်မောင်တိုင်ပင်သည်ဦးသောင်းဝင်းကိုရူးသွတ်ပါလားလို့ထင်မိခဲ့တာပါ။ အမှန်တော့ခေတ်ကပြောင်းနေပါပြီ၊ဆန်စက်လောကမှာကုန်သွယ်လယ်ယာ ၀ယ် သယ် သို ကြိတ် လုပ်ငန်းတွေနဲ့အတူဖြတ်သန်းခဲ့ရတဲ့ ဆန်စက်ပိုင်ရှင် ကြီးတွေနေရာမှာ လူငယ်ဆန်စက်လုပ်ငန်းရှင်များအစားထိုးဝင်ရောက်နေပြီဆိုတာသတိမပြုမိတာလည်းပါပါသည်။နောက်တစ်ယောက်ကတော့ ကိုမျိုးသူရအေးပါ။ဆန်စက်မျိုးရိုးပါပဲ။ပထမဆုံး   သူ့ပေါင်းဆန်စက်ကထုတ်လုပ်ခဲ့တဲ့exportပေါင်းဆန်အိတ်ကိုကိုယ်တိုင်ထမ်းပြီးအိမ်ကိုလက်ဆောင်လာပေးခဲ့ပါသည်။မောင်တိုင်ပင်လည်းမှန်တာပြောရရင်ပေါင်းဆန်ကိုအိမ်မှာထမင်းချက်မစားဘူးသေးပါ။ပေါ်ဆန်းစားရတာညည်းငွေ့ နေတာကြောင့် မနောသုခနဲ့ စပ်စားနေတဲ့အချိန် မှာပေါင်းဆန်ကိုစားကြည့်တော့ရှင်းရှင်းပြောရရင်ကြိုက်နှစ်သက်သွားပါသည်။ကိုမျိုးသူရအေး ကထမင်းချက်နည်းပါတစ်ခါတည်းပြောသွားတော့ rice cooker နဲ့ချက်ရတာ အဆင်ပြေပါသည်။မြန်မာစက်ပိုင်တွေအကြားမှာပေါင်းဆန်စက်ရူးသွတ်ခဲ့ ကြပြီးနောက် ၃-၄ နှစ်ကျော်လောက်ကြာလာတဲ့အခါမှာပေါင်းဆန်တစ်နှစ်ထုတ်လုပ်မှုကတန်ချိန်၎သိန်းနဲ့၂၀၁၅ကုန်မှာပေါင်းဆန်ထုတ်လုပ်နိုင်တဲ့ ဆန်စက် ၃၀ရှိနေပြီလို့ သိရပါသည်။

စပါးစိုက်ပျိုးထုတ်လုပ်မှုမှာစပါးအထွက်တိုးအောင်တစ်ဖက်တစ်လမ်းကဆောင်ရွက် နေသလိုဆန်အထွက်နှုန်း(recovery) တိုးဖို့လည်းလိုပါသည်။ပေါင်းဆန်ထုတ်လုပ်မှုကြောင့်ဆန်ပမာဏတိုးတက်လာပါသည်။ဒီအချက်ကိုသုံးသပ်ကြည့်ရင်စပါးအထွက်တိုးအောင်လုပ်သလိုမျိုးလို့ယူဆနိုင်ပါသည်။

နောက်တစ်ခုမှာမောင်တိုင်ပင်တို့အသက်အရွယ်တန်းတွေအားလုံးနားလည်ထားတာကparboiledriceကိုပြုတ်ဆန်လို့ဖြစ်ပါသည်။ကုန်သွယ်လယ်ယာရှိစဉ်က management မှာပြုတ်ဆန်ဆိုသော အမည် ကခေါ်ရတာနမိတ်မကောင်းသလိုမျိုးဖြစ်နေတော့နောက် ထုတ်လုပ်မှု process ကလည်းပြုတ်ခြင်း (soaking) ကိုမလုပ်တော့ပဲ ပေါင်းခြင်း (steaming) ကိုပဲလုပ်တာဆိုတော့ ပေါင်းဆန် လို့ပြောင်းခေါ်ကြရအောင်ဆိုပြီးပေါင်းဆန် လို့ပြောင်းခေါ်ခဲ့တာပါ။ ဆရာဦးတိုးကြည် လက်ထက်ကစပြီးခေါ်ခဲ့ပါသည်။ တကယ်တော့ ပေါင်းဆန်ဆို တဲ့ နံမည်ကလုပ်နည်းစနစ်နဲ့ ကိုက်နေသောကြောင့်လိုလိုလားလား ပြောင်းခေါ်ခဲ့ပါသည်။ ပြုတ်ဆန်ဆိုတာအနံ့ရှိပြီးအရောင်မညီညာဘူး၊ဒါကြောင့် ပေါင်းဆန် ဆိုတာ crystal rice, pearl rice လို့လည်းတစ်ဖက်ကပြောလို့ရပါသည်။

ပေါင်းဆန်သည် glycemic index 40 လောက်ပဲရှိပါ သည်။Emata white rice ဆိုရင်၈၀-၉၀ လောက်ရှိပါသည်။ index မြင့် ပါက ဆီးချိုသမားများနဲ့ မတည့်ပါ။brown rice basmati rice တို့လည်း glycemic index နိမ့်ပါသည်။ နောက်တစ်ခုက oil content အလွန်နည်းပါသည်။ နေ့စဉ်ဆန်စားနေသည့်အခါ အဆီဓါတ်လည်းပါသည့်အတွက် အဆီ စားနေသမျိုးဖြစ်နိုင်ကြောင်းအသည်းအထူးကုဆရာကြီးဒေါက်တာဦးခင်မောင်ဝင်းပြောတာကိုမှတ်သားဘူးပါသည်။ ဆန်အစားများရင် fatty liver ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ပေါင်းဆန် စား  လျှင် fatty liver ဖြစ်ရန်အခွင့်အလန်းနည်းသွားနိုင်ပါသည်။၃နှစ်အတွင်းပေါင်းဆန်ထုတ်လုပ်သောဆန်စက်များအစီအရီ ပေါ်လာ ပါသည်။သို့ဖြစ်၍ပြည်တွင်းကစားသုံးသူတွေ ပေါင်းဆန် ကိုပြောင်းလဲစားတတ်လာဖို့ promotion လုပ်ဖို့ လို နေပါပြီ။market research လုပ်ရပါမည်။ အရင်ဆုံး Facebook ထဲမှာ parboiled rice page ဖွင့်သင့်ကြောင်းအကြံပြုထားသော်လည်းရေးသူ သိပ်မတွေ့ရပါ။မောင်တိုင်ပင်တို့လည်းတတ်သမျှမှတ်သမျှတွေရေးပေးပါသည်။ဈေးကွက်ပေါက်ရန်အတွက်လုပ်ရန်အောက်ပါတို့ကိုစဉ်းစားမိပါသည်။

(၁) ကျန်းမာရေးရှုဒေါင့်ကဆန်ဖြူ လုံးတီးဆန် ထက်ဘယ်လိုကောင်းသလဲဆိုတာဖေါ်ပြရန်

(၂) product labeling ကိုသေချာလုပ်ရန်--ထမင်းချက်နည်းအပါအ၀င်ဖေါ်ပြပါ--ပေါင်းဆန်လုပ်ထားတဲ့ မူရင်းဆန်အမျိုးအစားဖေါ်ပြပါ--

(၃) ထုပ်ပိုးမှုကို ပထမတန်းစားလုပ်ပါ--၂ကီလို ၅ ကီလို ၁၀ ကီလိုစသည်ဖြင့် လုပ်ပါ။ထုပ်ပိုးမှုပစ္စည်းကို အကောင်းဆုံးအသုံးပြုပါ -- ကာလာ ၄ ရောင်ရိုက်ပါ။

(၄) ဆွေးနွေးပွဲအမျိုးမျိုး ပြုလုပ်ပါ။ MRTV 4 Skynet တို့မှာပြပါ။parboiled rice cookingကို OCEAN,City Martစသည့်ဈေးဝယ်စင်တာများမှာ သရုပ်ပြချက်ပြပါ--ထမင်းကိုမြည်းခိုင်းပါ--

(၅) research အနေနဲ့ cup rice ထမင်းကိုဗူးတွင်ထည့်ထားပြီးရေနွေးထဲနှစ်လိုက်ယုံနှင့်ပေါင်းဆန်ထမင်းပူပူ စားလို့ရအောင်စမ်းသပ်ကြည့်ပါ။တစ်နှစ်အတွင်းမြန်မာတွေ ပေါင်းဆန် စားလာရန်လုပ်ကြရပါမည်။

MRF, Rice Miller’s Association, MAPCO အားလုံးစုပေါင်း၍ ပေါင်းဆန် ကို ၃နှစ်လောက်အတွင်းအဆင့်မြင့်မြင့်ထွက်ပေါ်လာအောင်လုပ်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါသည်။

No comments: