Monday, November 26, 2018

နိုင်ငံခြားမှာမွေးတဲ့ခလေးတွေမှတ်ပုံတင်လုပ်ရင်

နိုင်ငံခြားမှာ မွေးတဲ့ကလေးတွေ မြန်မာနိုင်ငံလဝက အိမ်ထောင်စု စာရင်းဝင်ဖို့ 
၁ အိမ်ထောင်ဦးစီး လျှောက်လွှာ (အ်မ်ထောင်ဦးစီး နေရာမှာ ကိုယ်က အိမ်ထောင်ဦးစီးဆို ကိုယ်ပဲ တကယ်လို့ အဘိုးက အိမ်ထောင်ဦးစီးဆို အဘိုးလုပ်သူပါရမှာပါ 
၂ ဖခင် သို့ မိခင်ရဲ့ လျှောက်လွှာ( အဖေ အမေ အိမ်ထောင်စုစာရင်း မပေါင်းရသေးရင် အဖေဘက်ဝင်မလား အမေဘက်ဝင်မလား ) 
၃ ဖခင် မိခင် သားသမီးတွေရဲ့ passport copy
၎ မွေးစာရင်းမိတ္တူ (birth certificate) 
၅ မွေးစာရင်း နိုတြီ ဘာသာပြန် (English to myanmar ) လိုပါတယ်
၆ သက်ဆိုင်ရာ သံရုံးမှ ထောက်ခံစာ လိုအပ်ပါတယ် (ကြိုယူသွားပါ)
၇ လဝက မှ ထွေ၁ စာရွက်လိုအပ်ပါတယ် (ရပ်ကွက် ရုံးမှာ လက်မှတ်ထိုးခိုင်းရပါမယ်) 
၈ ရပ်ကွက်ထောက်ခံစာ 
၉ မြို့နယ်ဦးစီးမှူး၏ ထောက်ခံချက်
၁၀ ဖခင်ဖြစ်သူ၏ ခံဝန်ချက်
၁၁ မိခင်ဖြစ်သူ၏ ခံဝန်ချက်
၁၂ သက်သေ ၂ ယောက်၏ ထွက်ဆိုချက် သက်သေ ၂ ယောက်ရဲ့ မှတ်ပုံတင်မိတ္တူ 
၁၃ အိမ်ထောင်ဦးစီး ဖခင် မိခင်ရဲ့ မှတ်ပုံတင်မိတ္တူ
၁၄ အိမ်ထောင်စုစာရင်းမိတ္တူ
၁၅ လက်ထပ်စာချုပ်မိတ္တူ
၁၆ တရားရုံးမှာ ကျမ်းကျိန်လွှာ အဲဒါတွေအားလုံးကို မြို့နယ်ရုံးမှာ ပို့ရမှာပါ အဲဒီကမှ တိုင်းရုံး ရယ် နေပြည်တော်ရယ် ပို့မှာပါ နေပြည်တော်မှ အိမ်ထောင်စုစာရင်းဝင်ခွင့်ပြုပါတယ်ဆိုမှ ဝင်လို့ရမှာပါ 

တရားရုံးကျမ်းကျိန်လွှာနဲ့ သံရုံးထောက်ခံစာ မူရင်းပေးရပါတယ် 

ကိုယ်လုပ်တဲ့အချိန် အတွေ့အကြုံ သိပ်မရှိတော့ ဟိုဟာလို ဒီဟာလို ဖြစ်လို့ သူငယ်ချင်းကို နိုတြီ ပြန်ခိုင်း ကားနဲ့ ပို့ခိုင်း လုပ်လိုက်ရတာ စာစီစာရိုက်နဲ့ သုံးရက်ကြာသွားပါတယ် သိသမျှလေး မျှဝေပေးတာပါ 
ကာယကံရှင် ကလေးလဲ ကြည့်ပါတယ်
အိမ်ထောင်ဦးစီး 
အဖေ အမေ 

သက်သေ ၂ ယောက် လိုပါတယ်

No comments: