Friday, November 30, 2018

သူရဲနှင့်တွေ့ဆုံခဲ့ခြင်း


ဘဏ်မှာအမ်ဒီတာဝန်ယူစဉ်ကဆိုတော့ ၂၀၁၀--၁၁ ကလောက်ဖြစ်ပါလိမ့်မယ်--နေပြည်တော်မှာဘဏ်အသင်းအစည်းအဝေးလာတက်တာပါ။ ၁၂ နာရီလောက်ပြီးတော့ ဖုန်းတကောဝင်လာပါတယ်။အ

မှန်ကတော့ဘာမှမစားတော့ပဲရန်ကုန်ပြန်မလို့ပါပဲ--ဖုန်းက ဇော်ဝင်းဦးဆီကဝင်လာတာပါ--


ဆရာမျိုး-- " အစည်းအဝေးပြီးပြီလား--ကျနော်တို့တူတူပြန်ကြတာပေါ့--ထမင်းမစားရသေးဘူးမဟုတ်လား-- မြင့်မိုရ်နန်းဟိုတယ်ဘေးနားကယူနန်စားသောက်ဆိုင်လာခဲ့ပါ"


ဇော်ဝင်းဦးတို့ကလည်းသူ့မိတ်ဆွေတွေနဲ့တူူတူ သတ္တုတွင်းဝန်ကြီးဌာနကခေါ်တဲ့ ရွှေတူးဖေါ်ရေးတင်ဒါလာသွင်းကြတာပါ။ ဗလကြီးတို့ ရဲမြတ်စိုးတို့ လည်းပါကြပါတယ်--ဂျီအော်လော်ဂျီအုပ်စု ပေါ့--


ဒါနဲ့ယဉ်မောင်းမြင့်ဝင်းကိုဘုရားဖက်မောင်းခိုင်းလိုက်တယ်--နေ့လည် ၁၂:၃၀ လောက်ရှိနေပြီ--စါးသောက်ဆိုက်ရောက်တော့ ဘယ်သူမှမရောက်သေးဘူး။ ဇော်ဝင်းဦးနံမည်ပြောပြလိုက်တော့စားပွဲဝိုင်းတစ်ခုဆီခေါ်သွားတယ်။ အများစားတဲ့နေရာပဲ-- အခန်းလည်းရှိဟန်မတူဘူး။


နေပူထဲကလာတော့ရေကငတ်နေပြီ။သောက်ရေသန့် တစ်ပုလင်းမှာ လိုက်တယ်။ရေသောက်ပြီးစားပွဲထိုးကို toilet ဘယ်မှာလဲမေးလိုက်တော့ အဲဒီနောက်ကနေဝင်သွားပါဆိုပြီးညွှန် လိုက်တယ်။မောင်တိုင်ပင်လည်းသူညွှန်ပြတဲ့ကွေ့လေးကနေဝင်လိုက်တော့၂ခန်းတွဲအိမ်သာတစ်ခု အပြင်ဘက်မှာလက်ဆေးတဲ့ sink တစ်ခုရှိတယ်။ ဝင်ဝင်ခြင်းဘက်ကအိမ်သာကဖွင့်မရဘူး။ဘုသော့ပဲ။ ပိတ်ထားတယ်။တစ်ဖက်ကအိမ်သာကဖွင့်ယောင်လေးပြုထားတယ်။အသာလေးလှပ်ကြည့်လိုက်တော့လူတစ်ယောက်ဆောင့်ကြောင့်ထိုင်ပြီးအိမ်သာကမုတ်ကိုမျက်နှာအပ်နေတာတွေ့လိုက်ရတယ်။ပုဆိုးလည်းအကွက်ဝတ်ထားပြီးအင်းကျီက checker အကွက်ရောင်စုံ နဲ့တွေ့ လိုက်တော့ "ဟယ်" ဆိုပြီးနောက်ဆုတ် လိုက် တယ်--


မောင်တိုင်ပင်ထင်တာကလူတစ်ယောက် အရက်မူးလွန်ပြီးလာအန်နေတယ်လို့ ထင်တာ-- တစ်ဖက်အိမ်သာကလည်းပိတ်ထားတော့ အသာလေးပဲအသံမပြုပဲ သူထွက်အလာကိုစောင့်နေတာပေါ့ -- စက္ကန့်၂၀လောက်ကြတော့ အဲဒီညာအိမ်သာဖက်ကို တစ်ခါပြန်ကြည့် လိုက်တော့ စောန က အန်နေတယ်လို့ထင်တဲ့ လူမရှိတော့ဘူး။ နောက်ဖက်ဘေးဖက်ကလည်းထွက်စရာအပေါက် မရှိဘူး--ဘယ်ပျောက်သွားပါလိမ့်ဆိုပြီးအိမ်သာထဲဝင်လိုက်တော့ ထူးခြားတာတစ်ခုဖြစ်တယ်။ကြက်သီးထသွားတယ်။သေးအရမ်းပေါက်ချင်နေလို့ပဲဖြစ်လိမ့်မယ်လို့ ကိုယ်ဟာကိုမှတ်လိုက်ပြီး ကမုတ်အဖုံးကိုလှန်သေးပေါက်ပစ်လိုက်တယ်။သေးပေါက်ချင်တာကြာနေတော့ တော်တော်နဲ့ မကုန်ဘူး။ အမြန်ရေဆွဲပြီး စိတ်ထဲမှာ သို့လောသို့လောနဲ့ စားပွဲဝိုင်းရှိရာပြန်လျှောက်လာခဲ့ရတယ်။ ဘယ်သူမှမရောက်ကြသေးဘူး-- ဖန်ခွက်ထဲကျန်တဲ့ရေ ကိုကမန်းကတန်းသောက်ချ လိုက်ပြီး ဆန်းကစ် အအေးတစ်ဘူးမှာလိုက်တယ်။


အင်း-- ငါကံနိမ့်နေပြီ-- ဒါကြောင့်သူရဲနဲ့တွေ့ လိုက်တာပဲ လို့စိတ်ထဲမှာတွေးနေမိတယ်။ ဇော်ဝင်းဦးတို့စုစု တို့ သူငယ်ချင်းတွေလည်းရှေ့ဆင့်နောက်ဆင့်ရောက်လာကြတယ်။ နေပူထဲကလာတော့ရေ

ပုလင်းမှာသောက်ပြီး အိမ်သာကိုတစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြတယ်။ ဘာမှပြောသံဆိုသံလည်းမကြားရဘူး။ ရွှေလေလံ အတွေ့ အကြုံတွေပဲတစ်ယောက်တစ်ပေါက်ပြောကြပေမဲ့ စိတ်ထဲမှာ

တော့ ငါသူရဲခြောက်ခံရတာလား ဆိုတာပဲတွေးနေနေမိတော့တယ်။


နေပြည်တော်က အိမ်အပြန် လမ်းမှာ ဒရိုင်ဘာမြင့်ဝင်းကို မင်းအိမ်သာဝင်သေးလားလို့မေးတော့ သူဝင်တဲ့ အိမ်သာကတခြားတစ်ဖက်မှာရှိနေတာ။ မောင်တိုင်ပင်လည်းမနေ နိုင်တော့ ဘူး။ ငါသူရဲခြောက်ခံရသလားမသိဘူးဆိုပြီးပြောတော့ဒီကောင်လဲဘာပြန်ပြောရမှန်းမသိဘူး။ ညဖက်အိမ်ပြန်ရောက်တော့ မနေနိုင်ဘူး--ဇော်ဝင်းဦးဆီဆက်ပြောတော့ သူတို့ လင်မယား ၂ ယောက်ကအဲဒီမှာ toilet မဝင်ကြဘူး။ စုစု ကတော့အယ်ဒီစားသောက်ဆိုင်ရှေ့ယောင်လို့တောင်ဖြတ်မလျှောက်တော့ဘူး။ စုစုကကိုယ်လိမ်မပြောဘူးဆိုတာယုံတယ်လေ--နောက်နေပြည်တော် ခဏခဏရောက်ပေမဲ့ တစ်ခါမှပြန်မရောက်တော့ဘူး။ ဆိုင်လည်းမန္တလေးပြောင်းသွားပြီ လို့ ကြားတယ်--


အမလေး-- ကြောက်ထှာ


မောင်တိုင်ပင်

၁၆-၀၅-၂၀၁၇


No comments: