မောင်တိုင်ပင်ဟာရန်ကုန်စင်ကာပူခရီးစဉ်ကို Myanmar National Airlines MNA ကိုစီးတာများပါတယ်။အခုလထဲ၅ ရက်နေ့သွားပြီး ၇ ရက်နေ့စင်ကာပူပြန်လာပါတယ်။အခုချိန်ဟာမောင်တိုင်ပင်အတွက်ဘာလုပ်လုပ်အထစ်အငေါ့တွေရှိနေတတ်တဲ့အတွက်အလုပ်လုပ်ရမှာကိုကြောက်နေပြီး ပဌါန်းကိုပဲမပျက်မကွက်ဖိရွတ်နေသလို ပုတီးကိုပဲအချိန်ရသရွေ့စိပ်နေပါတယ်။ မောင်တိုင်ပင်ပြန်ရတဲ့အကြောင်းက emergency operation လုပ်ခဲ့ရတဲ့ အိမ်က maid ကိုပြန်ပို့ပေးတာပါ။ခါတိုင်းခရီးစဉ်တွေမှာ ရန်ကုန်ကပြန်ရင် ညနေ၄:၁၅ UB 003 နဲ့ပြန်ပါတယ်။ on line booking တင်တော့ ဘယ်လိုတွေစိတ်များပြီးအပြန်ခရီးကိုသတိမထားမိလိုက်ပဲ မနက် ၇:၁၅ UB 001 ကိုနိုပ်လိုက်မိပါတယ်။ တော်တော်နဲ့သတိမထားမိပဲနောက်ရက်ကြမှ check လုပ်ကြည့် လိုက်တော့ UB 001 ဖြစ်နေရော-- ဆေးရုံကိစ္စလေးတွေလုပ်ဖို့ရှိနေသေးတော့ ညနေ ၄:၁၅ UB 003 ကိုonline ကနေပဲပြောင်းတော့ 50 SGD ထပ်ပေးလိုက်ရပါတယ်။အဆင်မပြေဖြစ်နေတတ်တာကိုပြောတာပါ။
ဒါနဲ့ ၅ ရက်နေ့ ချန်ဂီလေဆိပ်ဆင်းတော့ ပြဿနာရှုပ်နေမှာစိုးလို့ wheel chair တောင်မတောင်းခဲ့ပါဘူး။ maid ကိုစင်ကာပူကဆရာဝန်က အစာချေရည် bile ပိုက်ကိုဖြုတ်မပေးလိုက်ပါဘူး။ground Staff တွေကပိုက်တန်းလန်းနဲ့တွေ့တော့မေးတာမြန်းတာတွေလုပ်တောတာပေါ့။ကိုယ့်လက်မှာကိုင်ထားတဲ့ referral letter to Yangon General Hospital ကိုပြတယ်။နောက်သူတို့ပေးတဲ့ form ကိုဖြည့်တယ်။ Senior Ground Staff ကိုသေချာရှင်းပြရတယ်။ နောက်အဲဒီတူမလေးကပဲ အခုပေးထားတဲ့နေရာထက်ကောင်းတာရွှေ့ပေးမယ်ဆိုပြီး boarding pass တွေတောင်းတယ်။လေပျံရှေ့ ပိုင်း ၃ခုံတန်းမှာ အလယ်ခုံလွှတ်ပြီး ပြောင်းပေးတယ်။ကိုယ့်မြန်မာလေကြောင်းလိုင်းစီးတဲ့အကျိုးကျေးဇူးပဲ။ ပထမတော့ အမြဲတန်းအဆင်မပြေဖြစ်နေတတ်တော့တထိပ်ထိပ်နဲ့ပေါ့။ NUH ကပေးလိုက်တဲ့စာရွက်စာတမ်း၊ ဆေးတွေ dressing လုပ်တဲ့ surgical လုပ်တဲ့ပစ္စည်းတွေက luggage ထဲမှာ အကုန်ထည့်ထားတော့ လန့်တာပေါ့။ နောက်ဆုံး Senior Ground Staff တူမလေးက သူလုပ်စရာရှိတဲ့ Procedure တွေလုပ်ပြီး boarding pass ပြန်ထုတ်ပေးပါတယ်။ စလုံး ရန်ကုန်ခရီးကတော့ ခြေဆန့်လက်ဆန့် နဲ့ မြန်မာဘီယာလေး စုပ်ပြီး လိုက်လာတာပေါ့။
ရန်ကုန်ရောက်တော့ လူနာပါလာတဲ့အတွက်လေပျံက နောက်ဆုံးမှ ဆင်းလိုက်ပါတယ်။အရင် T2 ကနေ T1 ကိုလမ်းလျှောက်လာရတာ အဝေးကြီးပဲ။ immigration မှာ မကြာဘူး။ ပစ္စည်းရွေးတော့ တော်တော်များများကရွေးပြီးသွားပြီ။ကိုယ့် suitcase တွေကိုလက်ကိုင်မှာ မမှားအောင်ဖဲကြိုးအနီလေး ချည်ထားတယ်။ကိုယ့်အိတ်ကတစ်ခါမှမသုံးရသေးဘူး။ အိတ်တွေတက်ပြီး ထွက်လာတော့ maidလေးက " အဘအိတ် သော့ လည်းမရှိတော့ဘူး" လို့ပြောတော့ အိတ်ကလုံးဝသော့မရှိတော့ဘူး။အိတ်က သော့ခုံ combination lock ကော အပြင်သော့ပါခတ်ထားတာသေချာပါတယ် ဆိုပြီး Zip ဆွဲဖွင့်ကြည့်တော့ ခလေးအင်္ကျီအဟောင်းတွေ အထုတ်တွေနဲ့ထုတ်ထားတယ်။ကိုယ့်အိတ်အရောင်ကော ဖဲကြိုးချည်ထားပုံကော တူတူပဲဆိုတော့ ငါ့အိတ်ထဲကပစ္စည်းတွေယူပြီး အစုပ်ပလုပ်တွေထည့်ပေးလိုက်တယ်လို့ ထင်တာပေါ့။ဒါနဲ့ MNA ရဲ့ lost baggage ကိုသွားစုံစမ်းပါဆိုတော့ လေဆိပ်ထဲပြန်ဝင်ရပါတယ်။ MNA ကလူငယ်တစ်ယောက် က baggage မှားသွားတယ်တဲ့ တူတယ် လို့ပြောပြီး tag တွေကိုစစ်ပါတယ်။ lost baggage က လူငယ်အမျိုးသား၂ ယောက်နဲ့ အမျိုးသမီး ၁
ယောက်ပါ။အိတ်ထဲမှာ NUH ကပေးလိုက်တဲ့ ဆေးရုံးသုံး ဆေးတွေ docs တွေပါနေတော့ ပြန်ရဖို့ လိုတယ်လို့ ခလေးတွေကိုရှင်းပြရပါတယ်။ တော်တော်လေးကို ကူညီပါတယ်။ စင်ကာပူ ဖုံးပဲ tag မှာတွေ့ လို့ စင်ကာပူထိ ချက်ချင်းဆက်ပါတယ်။ စင်ကာပူကနေ ရန်ကုန်ဖုံး ရတော့ မှားယူသွားတဲ့ သူနဲ့ အဆက်အသွယ်ရပြီး လေဆိပ်မှာ ပြန်လာလဲဖို့ပြောပေးပါတယ်။တော်တော်ကြာကြာစောင့် လိုက်ရတော့ မှားယူသွားသူက အိတ်လေးဆွဲရောက်လာပါတယ်။ Eminent အိတ် အရောင်တူ အရွယ်တူ Marking လုပ်ထားတဲ့ ဖဲကြိုးနီလည်းတူ နေပါတယ်။ကိုယ့်အိတ်ကတော့ ကျကျနန သော့ခတ်ထားတာပါ။ ရန်ကုန် ကMNA staff ( lost baggage )ကခလေးတွေကိုလည်း ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောပြီးဝန်ဆောင်နှုအတွက် ပီတိဖြစ်စွာထွက်လာခဲ့ပါတယ်။အခု စင်ကာပူပြန်ရောက်ပြီး တစ်ပတ်ကျော်ကြာမှ Facebook ကို တင်ကျေးဇူးတင်ကြောင်းရေးပေးလိုက်ပါတယ်။ MNA ဝန်ဆောင်မှု အတွက်ယုံမှားသံသယဖြစ်စရာမလိုပါ။
No comments:
Post a Comment